Chapter 191
အချပ်ပို-၂။ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၂]
____
သူက ထိုလူနှစ်ယောက်အား ဆင့်ခေါ်လိုက်ရန် လက်အောက်ငယ်သားများ ခိုင်းလိုက်သည့်အချိန်အား အခွင့်ကောင်းယူပြီး ဧကရာဇ်မှာ ရွှမ်ချင်းအား ထိုင်စရာနေရာပြင်ပေးရန် တစ်ယောက်ယောက်အား ခိုင်းလိုက်လေ၏။
သိပ်မကြာမီမှာပင် အစောင့်များက နူးနူးညံ့ညံ့မိန်းကလေးတစ်ယောက်နှင့် တောက်ဓမ္မဝတ်ရုံဝတ်ဆင်ထားသည့် လူအား ခေါ်လာသည်။နှစ်ဦးသား ရွှမ်ချင်းအား မြင်သော် သတိလစ်မတတ်ဖြစ်သွားလေ၏။
ထိုမိန်းကလေး၏သွင်ပြင်က အရမ်းမလှပသော်ငြား သူမ၏သနားစရာကောင်းသည့် ပုံစံလေးက ပိုရှုမြင်ချင်စရာဖြစ်သွားစေသည်။ထိုစဥ် တခြားသူကမူ ရွှမ်ချင်းအား သတိအနေအထားနှင့်ကြည့်နေ၏။
“ဆရာတော် ..ငါကိုယ်တော် မင်းနဲ့ကျင့်လွင်ရင်းနှီးတာကို သိပေမယ့် သူ့ကို ဒီကိစ္စကြောင့် အလိမ်ခံနေရတယ်လို့ ထင်တယ်"
ဧကရာဇ်၏အသံက ငြင်းလို့မရနိုင်သည့် အဓိပ္ပါယ်နှင့်အတူ အေးစက်နေကာ:"ဒါကြောင့် သူမက ယုန်ဝိဥာဥ်ဟုတ်သလား မဟုတ်ဘူးလားဆိုတာ ဆရာတော် သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်မယ်လို့မျှော်လင့်တယ်"
သွယ်ဝိုက်ပြောလိုက်သည်က ရွှမ်ချင်းမှာ ပုဂ္ဂိုလ်ရေးကြောင့် အမှန်တရားအား တမင်သက်သက် ဖုံးကွယ်ထားပြီး ဥပဒေအားမချိုးဖောက်သင့်ကြောင်းပင်။
ရွှမ်ချင်းက ခေါင်းညိမ့်ပြလိုက်၏။
သူက ထလိုက်ပြီး ထိုလူနှစ်ယောက်ဆီသို့ ဦးတည်သွားလိုက်ကာ သေသေချာချာ အကဲခတ်လေ့လာလိုက်သည်။သူက မျက်မှောင်ကြုတ်လိုက်ကာ ဆိုလိုက်သည်။
"ဒီကိုယ်တော် မိစ္ဆာချီဓါတ်ကို ခံစားရတယ်"
အခန်းထဲရှိ အသက်ရှူသံများက ချက်ချင်း လေးပင်သွားကြ၏။
“မိစ္ဆာချီ.."
ဧကရာဇ်၏အသံက အေးစက်သွားကာ:"ဆရာတော် သေချာရဲ့လား"
“သေချာပေါက် ...ဒီဆရာတော် မှားစရာမရှိပါဘူး"ရွှမ်ချင်းကပြုံးကာပြောလိုက်လေ၏။
“ဒါဖြင့် ကိုယ်တော်တို့ အဲ့ဒါကို ဘယ်လိုပုံဖော်ကြမလဲ"ဧကရာဇ်က မေးလာ၏။
ရွှမ်ချင်းက ဘာမှမပြောနိုင်မီ တောက်ဓမ္မကိုယ်တော်က ရယ်မောလိုက်ကာ"အရှင်မင်းကြီး ..စိတ်မပူပါနဲ့ ကျုပ်မှာ မိစ္ဆာက သူ့မူလပုံစံပြအောင်လုပ်လို့ရတဲ့ နည်းလမ်းရှိတယ်"
ဧကရာဇ်က မေးလိုက်၏။
"အို့ ..ဘာနည်းလမ်းများလဲ"
တောက်ဓမ္မကိုယ်တော်က ရုတ်တရက် ဘယ်ကနေမသိ သွေးရောင်လွှမ်းသည့် အဆောင်တစ်ခုအား ထုတ်လာ၏။ရွှမ်ချင်းက ဤအဆောင်အား ဖြတ်ခနဲမြင်လိုက်စဥ် သူ့မျက်လုံးများက တဖြေးဖြေးကျဥ်းမြောင်းသွားလေသည်။သူက ပြောရန်ပြင်လိုက်သည်နှင့် တောက်ဓမ္မကိုယ်တော်က ကျယ်ကျယ်လောင်လောင်ဂါထာရွတ်လိုက်ပြီး အမြန်နှုန်းနှင့် ထိုအဆောင်က ပိုင်ကျင့်လွင်၏ချစ်သူဆီသို့ ကပ်သွားလေ၏။ထိုမိန်းကလေးက စိတ်ရှုပ်ထွေးသွားပုံရကာ အဆောင်က သူမပေါ်ရောက်သွားသည်နှင့် တခဏကြာ၌ စူးစူးဝါးဝါးအော်ဟစ်တော့သည်။သူမက မြေကြီးပေါ်လူးလွန့်နေရင်းမှ သူမကိုယ်က ရုတ်တရက်ကျုံ့ကျုံ့လာပြီး လူတိုင်း၏မြင်ကွင်းထက်၌ သူမမှာ နှင်းဖြူရောင်ယုန်လေးဖြစ်သွားရလေ၏။
ကြည့်ရှူနေကြသည့် လူတိုင်းက ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားကြကာ အထူးသဖြင့် ဧကရာဇ်ပင်။
သူက စားပွဲခုံအား ရိုက်ချလိုက်ပြီး ဒေါသတချောင်းချောင်းထွက်လာရကာ:" ဒါတကယ်ကြီး ယုန်ဝိဥာဥ်ပဲ..ပိုင်ကျင့်လွင် မင်းလုပ်ခဲ့တာကို ကြည့်လိုက်စမ်း"
“အရှင်မင်းကြီး .ခဏ"
အခြေအနေတစ်ခုလုံးက မကြာမီ အတည်တကျဖြစ်သွားမည်အား မြင်ပြီးနောက် ရွှမ်ချင်းမှာ ဖြစ်ပျက်နေသည်အား ရပ်လိုက်ရန် ချက်ချင်းပြောလိုက်ရသည်။သူ၏လေသံက ခါတိုင်းကဲ့သို့ နူးညံ့နေကာ ပေါက်ကွဲမတတ်ဖြစ်တော့မည့် လေထုအား ချက်ချင်း ငြိမ်သက်သွားစေ၏။
ဧကရာဇ်က ဆိုသည်။
"ဆရာတော် ရွှမ်ချင်း တခြားဘာများပြောချင်ပါလို့လဲ"
ရွှမ်ချင်းက ပြုံးလိုက်ကာ:"ဒီဆရာတော်က အဲ့ဒီအဆောင်ရဲ့အသုံးပြုပုံကို မသိပေမယ့် မိစ္ဆာကို ဒီလိုနည်းလမ်းနဲ့ ပုံဖော်ပြတာက အတော်လေး စိတ်မချရပါဘူး"
တောက်ဓမ္မကိုယ်တော်က ရွှမ်ချင်း၏ဇာတ်မြစ်အား မသိပါချေ။သူက အေးစက်စက်ပြုံးလိုက်ရင်း မေးလိုက်သည်။
"ဒီကဆရာတော်..ခင်ဗျားပြောတာ ဒီနည်းလမ်းက ယုံကြည်လို့မရဘူးပေါ့လေ..ဒါဖြင့် ခင်ဗျား မိစ္ဆာတွေကို ပုံဖော်ပြလို့ရတဲ့ အခြားနည်းလမ်းရှိလားဆိုတာ သိချင်မိတယ်"
ရွှမ်ချင်းက ပြန်ဖြေလာ၏။
"သေချာပေါက် ရှိတာပေါ့"
တောက်ဓမ္မကိုယ်တော်က မေးလာသည်။
"ဘာနည်းလမ်းပါလဲ"
ရွှမ်ချင်းက ဆိုသည်။
''ဒီလောကမှာ မိစ္ဆာတွေလူပုံစံအတုခိုးဖို့ နည်းလမ်းများစွာ ရှိပေမယ့် စိတ်အချရဆုံးက နည်းလမ်းတစ်ခုပဲရှိတယ်"
တောက်ဓမ္မကိုယ်တော်က တစ်ခုခုအား ခံစားမိသွားပုံပေါ်ပြီး ချက်ချင်း မလွယ်မကူဖြစ်နေပုံပြလာ၏။ရွှမ်ချင်းက အပြုံးလေးဖြင့် မေးလိုက်လေသည်။
"ဒီက မသေမျိုးဆရာက ဒီကိုယ်တော်ပြောလိုက်တဲ့ နည်းလမ်းကို မသိချင်ဘူးလား"
တောက်ဓမ္မကိုယ်တော်က သူ့ကိုယ်သူ အားတင်းတည်ငြိမ်စေလိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်ကာ:''ဘာနည်းလမ်းများလဲ"
ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
"မိစ္ဆာက သေပြီဆိုတာနဲ့ သေချာပေါက် လူပြောင်းလို့မရတော့ဘူးလေ သူ့မူလပုံစံကို အတိအကျပြန်ဖြစ်သွားမှာပဲ"
သူ၏အသံက ရေကဲ့သို့တည်ငြိမ်နေသော်လည်း ထွက်လာသည့်စကားလုံးများက လူကို ချမ်းစိမ့်သွားစေ၏။
"ခင်ဗျားသာ ကွဲပြားမှုကိုမပြောပြနိုင်တဲ့ တစ်ယောက်ယောက်နဲ့ ကြုံရရင် အဲ့ဒီလူရဲ့ခေါင်းကိုဖြတ်လိုက်ရုံပဲပေါ့ ဒါဖြင့် သူတို့လူလား မိစ္ဆာလား သိမှာပေါ့"
“ဖြစ်တော့ဖြစ်နိုင်ပေမယ့် တကယ်လို့များ ခင်ဗျားမှားသွားရင်....."
တောက်ဓမ္မကိုယ်တော်က ချက်ချင်း ရွှမ်ချင်းကိုကြည့်နေရင်းမှ အေးစိမ့်စိမ့်ဖြစ်လာရ၏။သူ့အရှေ့မှ နူးညံ့ပုံရသည့် အနှီဘုန်းကြီးထံမှ ထိုသို့စိတ်ဆန္ဒပြင်းပြင်းပေးနေမှန်း သိပ်မသိသော်လည်း သူက ဆက်ပြောလိုက်သည်။
"ခင်ဗျားသာ မှားသွားရင် လူ့ဘဝက မြက်တစ်ပင်[1]လိုပဲဖြစ်လာမှာမဟုတ်ဘူးလား"
သို့သော်လည်း ရွှမ်ချင်းက ထူးမခြားစွာ တုံ့ပြန်ပြောဆိုလာ၏။
"မသေမျိုးဆရာ...ခင်ဗျားစကားတွေက အတော်လေး ပြင်းထန်နေပြီ..ဘဝနဲ့သေခြင်းတရားက အဲ့လောက်ထိ အရေးမပါဘူး နောက်ဆုံးသောပျော်ရွှင်မှုကို စောစောလေးရယူနိုင်တာက ဆိုးတဲ့အရာတော့မဟုတ်ဘူးလေ"...သူက ဤသို့ပြောနေရင်း ခါးထက်ရှိဓါးအား ဆွဲထုတ်လိုက်တော့၏။
****
စာရေးသူမှာ ပြောစရာရှိတယ်~
ကျွန်ုပ်ရဲ့အချိန်တွေကို အပို...တွေရေးဖို့ပဲယူနေရတယ်[2]
─────────────────────────────────────────────────
[1]ဒေသိယစကား:မြက်ရိတ်သလို လူသတ်နေတာပါ(ပြောချင်တာက နိုင်ငံရေးသမား တစ်ယောက်က သူ့ပြည်သူတွေရဲ့ အသက်ကို လုံးဝဂရုမစိုက်ဘဲ ပြုမူနေတာမျိုး)
[2]english လိုကျအဓိပ္ပါယ်ကောက်လွဲနိုင်ပေမယ့် ဆိုလိုရင်းက(တစ်ခုခု လုပ်နေတာပါ)တရုတ်စကားမှာဆို တစ်ခုခုလုပ်နေတာလို့ ပြောတဲ့အခါအသုံးများကြတယ်(english လိုကျ သဒ္ဒါနည်းလမ်းမကျပေမယ့်)ဒါကြောင့် (ပျော်ရွှင် နေတယ်)ဆိုတာက (အပိုတွေ)ဆိုတာက စာရေးသူက အချပ်ပိုတွေရေးနေတယ်လို့ ပြောချင်တာပါပဲ(ပိုနေပေမယ့်လို့)
___
Translated By IQ-Team.