အပိုင်း ၁၉၀ (Extra)
Viewers 37k

Chapter 190
အချပ်ပို-၁။ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၁] 

____


တာ့ကျင့်ရှိနွေဦးမိုးသည်ကား အလွန့်အလွန်သည်းထန်ပေ၏။ 

ဝါးခမောက်ဆောင်းထားသည့် ဘုန်းကြီးတစ်ဦးက အစိမ်းရောင်ခင်းထားသည့် ကြမ်းပြင်ထက် လျှောက်လှမ်းလာသည်။ကြည်လင်သိပ်သည်းလှသည့် မိုးစက်များက တိုက်ခတ်လာပြီး သူ၏အဝတ်နားစလေးများအား စိုစွတ်စေ၏။ရုတ်တရက် ကျောက်တုံးကဲ့သို့ ခပ်မာမာအရာတစ်ခုက ဘုန်းကြီး၏ခမောက်အား ပစ်လာခဲ့ရာ သူခေါင်းမော့ကြည့်လိုက်သည်နှင့် ခေါင်မိုးထပ်တွင် ထိုင်နေသည့် ပြုံးနေသည့်မင်းသားအား တွေ့လိုက်ရချေသည်။

“ဆရာတော်ရွှမ်ချင်း ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ"

ထိုမင်းသားက ဘုန်းကြီးအားကြည့်ရန် ကိုယ်ကိုယိုင်ထားရင်းမှ လက်တစ်ဖက်တွင်မူ သေရည်ခွက်တစ်ခွက်ကိုင်ထားပြီး တစ်ခြားတစ်ဖက်တွင်ဖြင့် စိတ်ဝင်စားမှုကြီးကြီးနှင့် ငွေခဲလေးအား ချိန်ကြည့်နေ၏။ယင်းက ယခုလေးတင် ဘုန်းကြီး၏ခမောက်အား ပစ်လိုက်ရန် သုံးသည့် ပစ္စည်းလေးနှင့်တူပေသည်။

ဘုန်းကြီးက သူ့အားမော့ကြည့်လိုက်ရာ မိုးစက်အချို့က သူ့မျက်တောင်များထက် သက်ဆင်းလာ၏။သူက မျက်တောင်ခတ်လိုက်စဥ် မိုးရေများက ရေစက်လေးများသဖွယ် ပါးပေါ်သို့ကျဆင်းသွားသည်။စစချင်း၌ ယင်းက မျက်ရည်လေးများနှင့် တူနေပြီး မင်းသားက ဤမြင်ကွင်းအား ကြည့်ရှုမိသောအခါ သူက တစ်ခစ်ခစ်ရယ်မောလိုက်ကာ သူ့အားအော်ခေါ်လိုက်သည်။

"ဘုန်းကြီး ခင်ဗျားသောက်ချင်လား"  

ထိုဘုန်းကြီးက ခေါင်းခါပြလိုက်ကာ သူက ထိုအရာများနှင့်မထိတွေ့ချင်ပါကြောင်း ပြောလိုက်လေသည်။ 

“ဒါဖြင့် လာပါ ထိုင်ပြီး ကျုပ်နဲ့ခဏလောက် စကားပြောကြတာပေါ့"

ထိုမင်းသား၏လက်ချောင်းထိပ်လေးများက သေရည်ခွက်အား ချိတ်ကိုင်ထားရင်း ပျင်းပျင်းရိရိဆိုလာ၏။

"မိုးတိတ်သွားရင် နန်းတော်ကို ခေါ်သွားပေးမယ်လေ" 

ထိုဘုန်းကြီးက လက်အုပ်ချီလိုက်ပြီး ဖြေးဖြေးချင်းခေါင်းညိတ်ပြလိုက်သည်။

ခေတ္တမျှကြာပြီးနောက် ထိုဘုန်းကြီးက မင်းသားအရှေ့ပြန်ပေါ်လာပြီး သူ၏ကောက်ရိုးခမောက်အား ချွတ်လိုက်လေသည်။သူ့ပုခုံးများက မိုးရေကြောင့်စိုစွတ်နေသော်ငြား သူဂရုမစိုက်ချေ။သူက ကောက်ရိုးဝတ်ရုံအား ဘေးသို့ထားလိုက်ကာ မင်းသားအရှေ့သွားထိုင်ရန် လျှောက်သွားလိုက်သည်။ 

“မတွေ့ရတာကြာပြီ"

ဘုန်းကြီးက ပြုံးလိုက်သည့်အခါ သူ၏အသွင်သဏ္ဌာန်က နူးနူးညံ့ညံ့ပုံလေးဖြစ်သွားပြီး မျက်လုံးများမှေးမှေးလေးများနှင့် ချောမောနေ၏။ဤသို့ကြည့်လိုက်လေခြင်းက ကြင်နာသည့်ဓါတ်ခံအား အတော်လေးပေးစွမ်းနေသည်။သို့သော်လည်း မင်းသားကမူ သူ၏ဤပုံစံအား သဘောမကျပါချေ။ လက်ကိုစောင်းလိုက်ပြီး သေရည်ခွက်အား ဘုန်းကြီးအပေါ်လောင်းချလိုက်လေ၏။ဘုန်းကြီးမှာ သူ၏ရုတ်တရက်အပြုအမူကြောင့် အံ့အားသင့်သွားရကာ မင်းသားအားမော့ကြည့်လိုက်မိသည်။

သူက မင်းသား၏လုပ်ရပ်အား အဖြေရှာမရဖြစ်နေသဖြင့် မေးလိုက်မိ၏။

"အရှင်မင်းသား" 

“ကျုပ်နာမည်ပဲခေါ် "

ပိုင်ထျန်းရွေ့က သူ့အားကြည့်လိုက်ကာ မျက်နှာတည်တည်ဖြင့် ပြောလာ၏။ 

ရွှမ်ချင်းက သက်ပြင်းချလိုက်ကာ:"ပိုင်ကုန်းဇီ" 

“စိတ်ပျက်စရာပဲ"

ပိုင်ထျန်းရွေ့က ထိုသေရည်ခွက်အား ဘေးသို့လွှင့်ပစ်လိုက်လေ၏။သေရည်ခွက်မှာ စားပွဲအောက်သို့လိမ့်သွားပြီး ကြမ်းပြင်ပေါ်ကျသွားလေသည်။တကျွတ်ကျွတ်မြည်သံထွက်လာသော်လည်း ကွဲသွားခြင်းမရှိချေ။

"သေရည်က ခင်ဗျားကိုယ်ပေါ်ရောက်သွားကတည်းက ကန့်သတ်ချက်ကို ချိုးဖောက်ပြီးပြီလို့ ယူဆလိုက်မယ်"  

ရွှမ်ချင်းမှာ ပိုင်ထျန်းရွေ့အား ဆိတ်ငြိမ်စွာသာ ကြည့်နေ၏။ 

ပိုင်ထျန်းရွေ့က စိတ်မတင်မကျဖြစ်နေဟန် ကျွတ်သတ်လိုက်ပြီး:"ဟုတ်ပါပြီ ဟုတ်ပါပြီ ..ကျုပ်ခင်ဗျားကို နောက်နေတာပါ မတွေ့ရတာကြာတာတောင်မှ ခင်ဗျားက ဘယ်လိုများ ပိုပိုပြီး ပျင်းစရာကောင်းလာရတာလဲ"

သူက ဤသို့ပြောနေရင်း မေးထောက်လိုက်ကာ မျက်လုံးများမှေးကျဥ်းလိုက်လေ၏။ 

ရွှမ်ချင်း၏ ပိုင်ထျန်းရွေ့အား နားလည်ပုံအရဆို သူက ဤမျက်နှာပုံစံဖြစ်သွားရခြင်းက သူစိတ်ဆိုးသွားသည်ဟု ဆိုလိုခြင်းပင်။သို့သော်လည်း ပိုင်ထျန်းရွေ့က လှည့်စားတတ်သည့် အကျင့်ရှိ၍ မရေအတွက်နိုင်သော အကြောင်းပြချက်များဖြင့် စိတ်ဆိုးတတ်သောကြောင် ယခုအချိန်၌ ရွှမ်ချင်းမှာ ထိုင်၍သာစောင့်နေခြင်းပင်။  

သူပြန်ပြုံးပြလာပြီး မေးလာသည်အထိ ပိုင်ထျန်းရွေ့စိတ်ဆိုးသည်က တစ်ခဏမျှနှင့် သေချာပေါက်လုံလောက်ပေ၏။

"ကျုပ်အစ်ကိုတော်က ခင်ဗျားကို အဲ့ဒီကိစ္စအကြောင်း သေချာပြောပြထားလား"  

ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။

"အများစုလောက်ပါ" 

ပိုင်ထျန်းရွေ့က မေးလာ၏။

"ဘာလုပ်နိုင်မလဲ" 

“သိဖို့အတွက် သွားကြည့်ဖို့လိုသေးတယ်"

ရွှမ်ချင်းက ဆိုလိုက်သည်။

"အမျိုးသမီးက အခုဘယ်မှာလဲ" 

ပိုင်ထျန်းရွေ့က ဖြေလာ၏။

"နန်းတော်ထဲမှာ အကျဥ်းချထားတယ် ခင်ဗျားသိပါတယ် ကျုပ်ခမည်းတော်က သူမသာ ယုန်ဝိဥာဥ်တကယ်ဖြစ်နေရင် ရက်နည်းနည်းလောက်ကြာတာနဲ့ သူမခေါင်းကိုဖြတ်လိမ့်မယ်လို့ ပြောခဲ့တာ"

သူက ပြုံးလိုက်ပြီး :"ကျုပ်အစ်ကိုတော်ကလည်း သောကရောက်ရလွန်းလို့ သူ့မျက်လုံးတွေက ယုန်ထက်တောင် ပိုနီနေတယ် ..ဒါပေမယ့် ခင်ဗျားသာ အမြန်အပြီးသတ်ဖို့ အနှောင့်အယှက်ပြုနေတယ်ဆိုရင်တောင်မှ နေရာကောင်းရှိပါသေးတယ်" 

ရွှမ်ချင်းက ပြန်ဖြေသည်။

"လမ်းမှာ ကိစ္စလေးအချို့ရှိနေလို့ ကြန့်ကြာနေရတာပါ"

ပိုင်ထျန်းရွေ့က မေးလာ၏။

"ဘာကိစ္စလဲ" 

ရွှမ်ချင်းက ပြုံးလိုက်ပြီး"ကိစ္စဟောင်းတစ်ခုပါ" 

ပိုင်ထျန်းရွေ့က ဆက်မေးပြန်သည်။

''ဘယ်သူ့ ကိစ္စဟောင်းလဲ"

သူက ရွှမ်ချင်းအား စိုက်ကြည့်နေရင်းမှ သူ့အသံမှာ အောက်ခြေသို့ရောက်သွားချင်သည့်နှယ် အကျဥ်းအကျပ်ထဲရောက်အောင်ပိတ်လှောင်နေ၏။ 

ဤရန်မူနေသည့် ပိုင်ထျန်းရွေ့အား မျက်နှာချင်းဆိုင်နေသည့် ရွှမ်ချင်းမှာမူ ဒေါသထွက်နေသည့် အရိပ်အရောင် တစ်စိုးတစ်စဥ်းမျှမရှိချေ။သူက ဝတ်ရုံမှထွက်လာသည့် သေရည်နံ့လှိုင်လှိုင်တို့အား တရှုံ့ရှုံ့အနံ့ခံလိုက်ပြီးနောက် သက်ပြင်းအသာချကာ ပြန်ဖြေလိုက်သည်။

"အတိတ်မှာတွေ့ခဲ့တဲ့ မိတ်ဆွေဟောင်းပါ" 

ပိုင်ထျန်းရွေ့က မေးသည်။

"အို့ ခင်ဗျားမှာ မိတ်ဆွေရှိတယ်လား" 

ရွှမ်ချင်းက ပြုံးလိုက်ကာ:"မိတ်ဆွေနည်းနည်းလေးတောင်မရှိတဲ့သူရဲ့ လောကကြီးက ကျယ်ပြောလွန်းပါတယ်" 

ပိုင်ထျန်းရွေ့က ပြန်ဖြေသည်။

"ခင်ဗျားမှန်တယ်"

အဆုံးတွင်ဖြင့် ရွှမ်ချင်းမှာ တစ်ခုခုပြောရန် တွန့်ဆုတ်နေ၏။ 

သူတို့က မိုးတိတ်သည်အထိ စောင့်နေသော်လည်း နွေဦးမိုးမှာ ရပ်မည့်ဟန်မရှိချေ။ပိုင်ထျန်းရွေ့က ထွက်ခွာမည့်အကြောင်း တစ်ခွန်းမျှဟမလာ၍ ရွှမ်ချင်းက အကြောင်းအရာအား ရှေ့ဆက်ရန်ခက်ခဲကြောင်း သိလိုက်ရသည်။သူက သူတစ်ခွက်ပြီးတစ်ခွက်သောက်နေသည်အား စောင့်ကြည့်နေရုံသာ။ရွှမ်ချင်းက ဤမင်းသား၏သေရည်သောက်နိုင်စွမ်းအား ယခင်ကမြင်ဖူးလေ၏..သူက ကောင်းကောင်းသောက်နိုင်သူတစ်ယောက်ပင်။ဤများစွာသောက်စရာများကတောင် သူ့အားမူးမသွားစေလိမ့်မည်မဟုတ်။ 

ထို့ကြောင့် သူဆက်သောက်နေက ဤနွေဦးမိုးရပ်ပြီးကောင်းကင်ယံမှောင်လာသည်အထိသာ။ 

တည်းခိုခန်းအပြင်မှ ရထားလုံးတစ်ခုရောက်လာပြီး ပိုင်ထျန်းရွေ့က ယင်းအား သတိထားမိသွားသော် လက်ထဲရှိအရက်ခွက်အား ချလိုက်ပြီး အဝတ်များအား ခါကာ ထရပ်လိုက်လေ၏။

"သွားကြစို့" 

ရွှမ်ချင်းက ထရပ်လိုက်သည်။ 

ပိုင်ထျန်းရွေ့က သူ့အားစွေကြည့်လိုက်ပြီးနောက် အပြုံးလေးနှင့်ဆိုလာ၏။

"ဒါပေမယ့် ခင်ဗျား အရှင်မင်းကြီးနဲ့မတွေ့ခင် ဘုန်းကြီး ခင်ဗျား ကျုပ်အဆောင်ဆီလာသင့်တယ်" 

ရွှမ်ချင်းက မေးလိုက်မိသည်။

"ဘာလို့" 

ပိုင်ချန်းရွေ့က ပြန်ဖြေလာ၏။

"ခင်ဗျားက သေရည်နံ့တွေထွက်နေတာ ဒီလိုပုံစံအတိုင်း ကျုပ်ခမည်းတော်ကို သွားတွေ့ရင် နည်းနည်းမလေးစားရာကျမနေဘူးလား"

သူက ရယ်ရယ်မောမောဖြင့် ရွှမ်ချင်း၏နားနားထိ လှမ်းလာကာ တိုးတိုးကပ်ပြောလာ၏။

"ဒီသေရည်နံ့ ခင်ဗျားသတိထားတာ အကောင်းဆုံးပဲ ..မဟုတ်ရင် သူတို့က ခင်ဗျားကို မူးနေတဲ့ဘုန်းကြီးအနေနဲ့ပဲ ဆက်ဆံလိမ့်မယ်"

ထိုအကြည့်နှင့် အသံနေအသံထားက မကောင်းသည့်အရာများလုပ်ပြီးသွားကာ ကျေနပ်နေသည့်ကလေးတစ်ယောက်နှင့် တူလေ၏။ 

ရွှမ်ချင်းမှာ အမြဲတစေ ကလေးများအား နားလည်၍ သူကပြုံးရုံသာပြုံးလိုက်ပြီး သိမ်မွေ့သည့်အမူအရာနှင့် ကောင်းပါပြီ ဟုသာပြောလိုက်လေသည်။ 

ရထားလုံးက ရှေ့သို့လမ်းတောက်လျှောက်သွားနေပြီး အစောင့်အကြပ်အပြည့်နှင့် နန်းတော်မြို့တံခါးအားဖြတ်ကာ နန်းတော်ထဲသို့ ဝင်လေ၏။  

ပိုင်ထျန်းရွေ့မှာ ရွှမ်ချင်းအတွက် အဝတ်အစားသစ်များ အမြန်ရှာလိုက်ချေသည်။စစချင်း၌ ရွှမ်ချင်းက ပုံမှန်အဝတ်အစားများဟု ထင်လိုက်သော်လည်း ဝတ်ပြီးသည့်နောက် ဘုန်းကြီးအဝတ်အစားများဖြစ်မှန်း သတိထားမိသွားသည်။ယင်းတို့က အဖြူရောင်အဖြစ်ပြောင်းသွားသည်မှလွဲ သူ၏ကိုယ်ဟန်နှင့်တစ်ထပ်တည်းကျနေ၏။ 

ရွှမ်ချင်းက အဝတ်အစားလဲနေစဥ် ပိုင်ထျန်းရွေ့က ဘေးမှကြည့်နေသည်။သူက တစ်ခုခုအား တတွတ်တွတ်ပြောနေပြီး ယင်းကအလွန်တိုးတိတ်နေသော်ငြား ရွှမ်ချင်းက ကြားနေရဆဲပင်။ 

ပိုင်ထျန်းရွေ့ပြောလိုက်သည်က ထိုအဖြူရောင်မှာ သူနှင့်အလွန်လိုက်ဖက်သည်ဟူ၍ပင်။ 

ရွှမ်ချင်းက သို့သော်ငြား စကားတစ်ခွန်းမျှဆိုလာခြင်းမရှိချေ။သူ့အဝတ်အစားများလဲပြီးနောက် ပိုင်ထျန်းရွေ့အား သူထွက်ခွာရန်အသင့်ဖြစ်နေကြောင်း ပြသည့်အနေနှင့် အော်မီတော်ဖော်ဟု ရွတ်ဆိုလာသည်။ 

ပိုင်ထျန်းရွေ့က ရွှမ်ချင်းအတွက် လမ်းပြပေးရန် လှည့်ထွက်လာ၏။နှစ်ဦးသား ရှေ့တောက်လျှောက် စင်္ကြလမ်းရှည်အတိုင်း လိုက်လာကြပြီး လမ်းတစ်လျှောက်တွင် ထိုစင်္ကြက အနီရောင်နန်းတွင်းမီးအိမ်များ ချိတ်ဆွဲထားဆဲဖြစ်ကြောင်း သူသတိထားမိသွားလေ၏။ယင်းက နှစ်သစ်မှစ မဖြုတ်ရသေးပုံဖြစ်နိုင်သည်။သို့သော်လည်း ယခုအချိန်၌ အနီရောင်က အသက်ဝင်နေဟန်မရှိကာ ထို့အစား အထီးကျန်နေပုံဖြစ်နေရှာသည်။ 

အချိန်အတန်ကြာ လျှောက်သွားပြီးသည့်နောက် သူတို့ကနောက်ဆုံး၌ လက်ရှိဧကရာဇ်၏စာကြည့်ဆောင်အပြင်ဘက်သို့ ရောက်လာ၏။ပိုင်ထျန်းရွေ့က တစ်ယောက်ယောက်အား သူတို့ရောက်နေကြောင်း သတင်းပို့ပေးရန်ခေါ်လိုက်ပြီး ရွှမ်ချင်းနှင့်အတူ အပြင်၌ ရပ်စောင့်နေလိုက်သည်။ 

“ဆရာတော် ရွှမ်ချင်း ..အရှင်မင်းကြီးက ခင်ဗျားကို ဖိတ်ခေါ်နေပါတယ်"နန်းတော်စောင့်တစ်ယောက်က ဧကရာဇ်ထံအမှုထမ်းပြီးနောက် မကြာမီ သတင်းပို့လာ၏။ 

နှစ်ဦးသား အတူတူဝင်လိုက်ကြပြီး ဧကရာဇ်နှင့်အတူ ဘေးတွင်မျက်နှာမည်းမည်းနှင့် ထိုင်နေသည့် ပိုင်ကျင့်လွင်ကိုပါ တွေ့လိုက်ရသည်။ပိုင်ကျင့်လွင်က ရွှမ်ချင်းရောက်လာသည်အား သတိထားမိသွားသော် သူ့မျက်နှာသွင်ပြင်က တဖြေးဖြေးသက်သာရာရသွားသော်ငြား မကြာမီထပ်ပြီး ခပ်ထန်သွားပြန်၏။

ဧကရာဇ်က အရင် နှုတ်ဆက်လာလေသည်။

"ဆရာတော် ရောက်လာပြီပေါ့"

ရွှမ်ချင်းက ပြုံးလိုက်ကာ:"ဒီကိုယ်တော်က လမ်းမှာကိစ္စလေးအချို့ကြောင့် နှောင့်နှေးသွားရပြီး နည်းနည်းနောက်ကျပြီးမှ လာရတယ် ...အရှင်မင်းကြီး ဒီကိုယ်တော်ကို အပြစ်မတင်ဖို့ မျှော်လင့်မိပါရဲ့" 

“ငါကိုယ်တော်က ဘယ်လိုလုပ်ပြီး ဆရာတော်ကို အပြစ်တင်နိုင်မှာလဲ"

ဧကရာဇ်က ဆိုလိုက်သည်။

"အခုတစ်ကြိမ် ငါကိုယ်တော် ဆရာတော်ကို ဒီလာဖို့ဖိတ်ကြားရတာက တောင်းဆိုစရာလေးတစ်ခုရှိလို့ပါ" 

ရွှမ်ချင်းက ဆိုလာသည်။

"အရှင်မင်းကြီး ..ကျေးဇူးပြုပြီး ပြောပါ" 

ဧကရာဇ်က လတ်တလော မြေပြင်ပေါ်ဒူးထောက်နေသည့် ပိုင်ကျင့်လွင်အား ထိုးပြရင်း အေးစက်သည့်လေသံနှင့် ဆိုသည်။

"ငါကိုယ်တော်ရဲ့သားက လှပတဲ့အမျိုးသမီးတစ်ယောက်ကို လက်ထပ်ချင်နေတယ် ..ဒါပေမယ့် မသေမျိုးဆရာတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး အဲ့ဒီအမျိုသမီးကို ယုန်ဝိဥာဥ်လို့ ပြောခဲ့တာ...."

သူ၏မျက်နှာသွင်ပြင်က အလွန်အေးစက်နေပြီး သူ့အသံထဲတွင် ဒေါသလှိုင်းတို့အား ကြားနိုင်ပေ၏။

"အဲ့ဒီနှစ်တွေတုန်းက တာ့ကျင့်မှာရှိတဲ့ မိစ္ဆာတွေရဲ့လက်ချက်ကြောင့် မရေမတွက်နိုင်တဲ့လူများစွာ သေခဲ့ရတာ...ကောင်းကင်ဘုံအုပ်ချုပ်သူကိုပဲ ကျေးဇူးတင်ရမယ် ငါကိုယ်တော်တို့ကို ကယ်တင်ပေးခဲ့လို့..အခု ငါကိုယ်တော်ဘယ်လိုလုပ်ပြီး ယုန်ဝိဥာဥ်တစ်ကောင်နဲ့ အင်ပါယာသွေးသားကို ညစ်ညမ်းခွင့်ပြုရမှာလဲ"  

ရွှမ်ချင်းက ပြုံးလိုက်ပြီး သူ၏ပုံစံကမူ ပေါ့ပေါ့ပါးပါးဟန်ရှိကာ:''ဒီကိုယ်တော်က အဲ့ဒီမသေမျိုးဆရာက အခုဘယ်မှာဆိုတာ သိချင်ပါတယ်" 

ဧကရာဇ်က ဆိုလာ၏။

"နန်းတော်ထဲမှာပါ" 

ရွှမ်ချင်းက ပြန်ဖြေမလာမီ တစ်ခဏမျှချင့်ချိန်စဥ်းစားနေရင်း:"လူမမြင်ရဘဲ ဒီကိုယ်တော်က ဆုံးဖြတ်လို့မရပါဘူး..ဒီလိုဆိုရင်ရော..အရှင်မင်းကြီး မသေမျိုးဆရာနဲ့ အမျိုးသမီးကို ဒီကိုအတူတူဆင့်ခေါ်ပေးရင်ရော ဘယ်လိုပါလဲ" 

“ကောင်းပါပြီ"

လက်ယမ်းလိုက်ရင်း ဧကရာဇ်က သူ၏ငယ်သားများအား ထိုလူနှစ်ယောက်ကို ဤနေရာသို့ ခေါ်လာခဲ့ပေးရန် ပြောလိုက်လေ၏။ 

ရွှမ်ချင်းက နန်းတော်ထဲတွင် နေထိုင်နေသည့် မသေမျိုးဆရာအား လေ့လာရန် ထပ်မေးလာ၏။သူ၏ဇာတ်မြစ်က အတော်လေး ကို့ရိုးကားယားနိုင်သော်လည်း သူ့တွင် အရည်အချင်းအချို့ရှိနေပုံရ၍ပင် မဟုတ်ပါက ဧကရာဇ်မှာ သူ့စကားများဖြင့် အလိမ်ခံရလိမ့်မည်မဟုတ်။

__

Translated By IQ-Team.