Chapter 189[ Main Story End
ကိုယ့်ရဲ့တစ်ဦးတည်းသော မင်းလေးနဲ့အတူ { ဇာတ်သိမ်းပိုင်း }
───────
နှစ်ဦးသား စကားဆက်ပြောနေစဥ် ကုရွှမ်းတုက ဘေးတွင်စားသောက်နေ၏။
လင်းပျန့်ယွီက နားထောင်ပြီးသွားသည်နှင့် သူက လက်ညှိုးထိုးပြလာကာ"ဒါဖြင့် သူကရော.."
လင်းရုဖေးက ဆိုသည်။
"သူ...သူက အတော်လေးကြီးလာခဲ့တာလေ"
သူက လင်းပျန့်ယွီအား ကုရွှမ်းတုအတွက် ရုပ်ခန္ဓာတစ်ခုဖွဲ့စည်းပေးရန် ထွက်သွားသည်ဖြစ်ကြောင်း မပြောရဲ၍ ကြုံရာဆင်ခြေတစ်ခုရှာလိုက်ရင်း ရောထွေးသွားအောင်လုပ်လိုက်သည်။
သို့သော်လည်း လင်းပျန့်ယွီက လွယ်လွယ်လေးအရူးလုပ်လို့ရသည့်သူမျိုး မဟုတ်ပါချေ။သူ့မျက်လုံးများအားမှေးကျဥ်းလိုက်ပြီး အေးစက်စက်ဆိုလာ၏။
"တကယ်တမ်း သူဘယ်လောက်ကြီးလာလာငါဂရုမစိုက်ဘူး..သူက မင်းရဲ့ချစ်သူဘယ်လိုဖြစ်လာလဲ ဆိုတာကိုပဲ ဂရုစိုက်တာ"
လင်းရုဖေးမှာ ပြောစရာစကားမရှိဖြစ်သွားရသည်။သူက ခါးသက်သက်ပြုံးလိုက်ပြီး သူ၏ဒုတိယအစ်ကိုအား ကြည့်လိုက်မိသည်။
"ရှောင်ကျို့..ငါစိတ်ကောင်းမရှိဘူးဆိုပြီး အပြစ်တင်မနေနဲ့..မင်းက ငယ်သေးတယ် ကျန်းဟူရဲ့အန္တရာယ်တွေကို သိပ်မသိဘူး..ဒီကျန်းဟူကလူတွေက ရက်စက်ယုတ်မာကြတယ်..သူတို့လှည့်စားရတာအကြိုက်ဆုံးလူတွေက မင်းလိုမျိုး လောကကြီးအကြောင်းဘာမှမသိတဲ့ ကုန်းဇီလေးတွေပဲ"
လင်းပျန့်ယွီက လင်းဝေရွေ့အား လက်ထပ်ရန်ပြီးပို့ပေးကတည်းက မပျော်မရွှင်ဖြစ်နေပြီးဖြစ်ရာ ယခုလင်းရုဖေးကလည်း နောက်တစ်ယောက်ခေါ်လာပြီဖြစ်၍ သူလုံးဝသည်းမခံနိုင်တော့ချေ။
"ဒီက ကုန်းဇီ..မင်းနာမည်က ဘာပါလဲ..မင်းဘယ်ကလဲ"
ကုရွှမ်းတုက ပြောင်ပြောင်ရှင်းရှင်းပင် ပြန်ဖြေလာ၏။
"ကျုပ်နာမည် ကုရွှမ်းတု..မိဘနှစ်ပါးလုံးသေပြီ.. ကျုပ်က အခုလှည့်လည်သွားလာနေတဲ့ ဓါးသမားတစ်ယောက်ပါ"
“အို့..မင်းလည်း ဓါးကိုင်တယ်ပေါ့"
လင်းပျန့်ယွီက မေးလိုက်သည်။
"ငါတို့နှစ်ယောက်လုံး ဓါးကိုသဘောကျမှတော့ ..မင်းနဲ့ငါ ဓားရေးယှဥ်ကြရင်ရော..."
လင်းရုဖေးက မျက်လုံးအပြူးသားနှင့်စိုက်ကြည့်မိကာ သူ့အားဖျောင်းဖျရန် အမြန်ပါးစပ်ဖွင့်လိုက်ရသည်။သူက စီစဥ်ထားသည့် စကားလုံးကောင်းကောင်းလေးများပြောပြီးသည့်နောက်ဆုံး လင်းပျန့်ယွီအား ဤစိတ်ကူးမှတားလိုက်နိုင်ပေ၏။သို့သော်လည်း သိသာစွာပင် လင်းပျန့်ယွီက လိုလိုလားလားမရှိလှချေ။ လင်းရုဖေးသာ သူ့အားမတားလိုက်ပါက သေချာပေါက် ထျန်းရှောင်အားထုတ်ပြီး ဤမိမစစ်ဖမစစ်ကောင်အား တစ်ချက်တည်းနှင် ခုတ်သတ်လိုက်မည်ပင်။
လင်းရုဖေးက စိတ်သက်သာရာရသွား၍ သက်ပြင်းရှည်ကြီးမချမီ လင်းပျန့်ယွီအား မပြန်ခင် စိတ်ပျော်သွားရန်လုပ်ပေးလိုက်ရသည်။
ကုရွှမ်းတုကမူ ရယ်ရယ်မောမောဖြင့် လင်းရုဖေး၏ခါးလေးအား အနောက်မှသိုင်းဖက်ကာ လည်တိုင်လေးထက်တိုးဝှေ့ပွတ်သပ်လာလေ၏။
လင်းရုဖေးက သူ့အားကြည့်ရန် ခေါင်းလှည့်လိုက်ပြီး :"စိတ်တော့မဆိုးသွားဘူးမို့လား"
ကုရွှမ်းတု၏စိတ်အခြေအနေက အတော်လေး ကောင်းမွန်မနေကာ သူ့အားမကျမနပ်ဖြစ်စေသည့်သူများကလည်း အဆုံးသတ်ကောင်းမည်မဟုတ်ချေ။
“ကိုယ်က ဘာလို့စိတ်ဆိုးသင့်တာလဲ"
ကုရွှမ်းတုက မေးလိုက်သည်။
"တစ်ယောက်ယောက်က ရှောင်ကျို့ကို ပျက်စီးသွားမှာကိုစိုးရိမ်နေရင် ပျော်သင့်တယ်လေ"
လင်းရုဖေးက တွန့်ဆုတ်ဆုတ်ဖြင့်:"တကယ်လား"
“တကယ်ပေါ့"
ကုရွှမ်းတုက တည်တည်ငြိမ်ငြိမ်ဖြင့်ဆိုလိုက်သည်။
"ကိုယ်စိုးအရိမ်အဆုံးအရာက ရှောင်ကျို့ခံစားရမှာကိုပဲ"
လင်းရုဖေး၏နှလုံးသားလေးမှာ ပျော့ပျောင်းသွားရကာ ခေါင်းလှည့်၍ သူ့ဆံပင်ထိပ်လေးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလိုက်သည်။
လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ဤဓါးပြိုင်ပွဲက ပုံမှန်ထက် အသက်ဝင်နေ၏။ဤဓားပြိုင်ပွဲက ရင်းနှီးသည့်လူများနှင့်ပြည့်နေ၍ လင်းရုဖေးလည်း သွားစကားပြောနှုတ်ဆက်ရပေသည်။
သူက လျိုရုကုန်းအား လော့ရှန်နှင့်အတူတွေ့လိုက်ရပြီး ဖူယွီကမူ မော့မော့အားလက်တွဲထားသည်ကိုလည်း တွေ့လိုက်ရကာ မမြင်ရသည်မှာကြာပြီဖြစ်သည့် ရွှမ်ချင်းကိုလည်း တွေ့လိုက်ရသေးသည်။
ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်ဖြင့် လင်းရုဖေးမှာ ရွှမ်ချင်းက တစ်ခါတုန်းက ကောင်းကင်ဘုံအုပ်ချုပ်သူ၏မိတ်ဆွေဟောင်းဖြစ်ကာ ကမ္ဘာလောကတွင် ကောင်းကင်ဘုံအုပ်ချုပ်သူနှစ်ယောက်ရှိသည်ဆိုသည့် လျို့ဝှက်ကိစ္စအားလည်း သိပေ၏။သို့သော်လည်း ရွှမ်ချင်းက ဤကိစ္စအကြောင်းပြောလာခြင်းမရှိဘဲ လင်းရုဖေးနှင့်ကုရွှမ်းတုအား တွေ့သည်နှင့် နှစ်ဦးစလုံးအား ဦးညွတ်ကာ ဆိုလာသည်။
"မတွေ့ရတာကြာပြီနော်"
“မတွေ့တာကြာပြီ"
လင်းရုဖေးက ပြုံးလိုက်ပြီး"ဆရာတော်ရွှမ်ချင်းက ဘာလို့ ရုတ်တရက်ကြီး ဒီဓါးပြိုင်ပွဲကိုတက်ချင်ခဲ့တာပါလိမ့်"
ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။
"ကိုယ်တော်က မိတ်ဆွေဟောင်းတွေကို လွမ်းမိရုံလေးပါ...အချိန်ကျပြီထင်လိုက်လို့ သူတို့ကို လာပြီးတွေ့ချင်ခဲ့တာ"
လင်းရုဖေးက ဆိုလိုက်သည်။
"ဆရာတော်က အချိန်ကောင်းမှာရောက်လာခဲ့တာပဲ"
ခွန်းလွန်က ဧည်သည်တော်များအားလုံးအတွက် အကောင်းစားစားသောက်ပွဲကြီးပြင်ထားပေးသော်လည်း လင်းရုဖေးက ထိုင်စရာရှာလိုက်သည်နှင့် အခြေအနေ အတော်လေးမူမှန်ဖြစ်နေကြောင်း သိသွားလေသည်။သူက ယခုနှစ်အတွင်းမမြင်ရသေးသည့် အသိအကျွမ်းဟောင်းများက ဝန်းရံနေကြပြီး သူ့အား စိုက်ကြည့်နေကြခြင်းပင်။
လျိုရုကုန်းက ထရပ်လိုက်သည့် ပထမဆုံးသူပင်။သူက အပြုံးလေးနှင့်ကမ်းပေးလာပြီး သူကခွက်မြောက်ပြီး ခွက်ချင်းတိုက်လိုက်ကာ ပြောလိုက်သည်က လင်းကုန်းဇီဆွဲပေးလိုက်သည့် လော့ရှန်း၏ပုံတူပန်းချီအတွက် အရမ်းဝမ်းမြောက်မိပြီး ထိုပန်းချီအားကြည့်လိုက်သည့်အခါတိုင်း အိပ်ပျော်ရန်ခက်ခဲသည်ထိ စိတ်ထဲထင်ကျန်နေကြောင်း ပြောလာသည်။
အခြားသူများမမြင်နိုင်သော်ငြား လင်းရုဖေးက ရှင်းရှင်းလင်းလင်းမြင်နိုင်ပေ၏။လျိုရုကုန်း၏နောက်တွင် ညတိုင်းကလေးငိုနေသည်အား ရပ်သွားစေရန်ပင်အကျည်းတန်လှသည့်ပုံဖြင့် ရင်းနှီးသည့်ပုံရိပ်နှင့် လူထွားကြီးတစ်ဦးရှိနေ၏။အဆုံးထိ သူက စိတ်မသန့်ဖြစ်နေဆဲပင်။ထို့ကြောင်ပြန်မဖြေလိုက်တော့ဘဲ ခွက်မြောက်ပြီး သေရည်သာမော့သောက်လိုက်သည်။
ဖူယွီလည်းရောက်လာသည် မော့မော့က သူ့ဘေးတွင်ထိုင်နေပြီး ယခုမူ ဆယ်ကျော်သက်အရွယ်လေးပင် ဖြစ်နေ၏။သူက ဖူယွီနောက်လိုက်နေရ၍ထင် သူ့မျက်နှာထက် ခပ်တုံးတုံးပုံစံမရှိတော့ချေ။ဖူယွီက ဘာမျှပြောမလာပဲ ခွက်မြောက်ပြီးသာသောက်လိုက်လေသည်။လင်းရုဖေးက ဘယ်လိုလုပ်ပြီး မျက်နှာသာမပေးဘဲနေနိုင်မည်နည်း။ထို့ကြောင့် သူက နောက်တစ်ခွက်ပြန်သောက်လိုက်သည်။
မုန့်မိသားစု၏အကြီးဆုံးသားနှင့် ရှဲမိသားစု၏ရှဲကျင်းရှန့်တို့ရောက်လာသဖြင့် တစ်ယောက်ပြီးတစ်ယောက်၊ တစ်ခွက်ပြီးတစ်ခွက် သောက်နေမိ၏။လင်းရုဖေးက ကောင်းကောင်းမသောက်နိုင်သူဖြစ်၍ သိပ်မကြာမီ သူ့ပါးလေးများက အနီရောင်သန်းကာ သတိတရားတို့ဝေဝါးလာသည်။သို့သော်လည်း သူတို့က နောက်ဆုံးအချိန်အတော်ကြာပြီးမှ အတူတူရှိလာနိုင်၍ လင်းရုဖေးအား မည်သို့များ သွားခွင့်ပေးနိုင်မည်နည်း။အဆုံးတွင် လင်းရုဖေးက ခေါင်းတစ်ခုလုံးမူးနောက်သွားရသည်။ကုရွမ်းတုက ဖြစ်စဥ်တစ်ခုလုံးအား အပြုံးလေးနှင့်စောင့်ကြည့်နေက လင်းရုဖေးအံကြိတ်ပြီးနှုတ်ခမ်းမဆူလာမီအထိဖြစ်၏...ယင်းက မီးအား မြစ်၏တစ်ဖက်ကမ်းမှစောင့်ကြည့်နေသလိုပင်[3]။ သူက သောက်စရာများအား ကူငြင်းပေးလိုက်ပြီး လင်းရုဖေးအား ထူလိုက်ကာ စားသောက်ပွဲကြီးမှထွက်လာခဲ့တော့သည်။
လင်းရုဖေးက မူးနေကာ သူ့ပါးလေးများက ကြက်သွေးရောင်သန်းနေ၏။သူက ကုရွှမ်းတုပုခုံးပေါ်မှီလိုက်ရင်း ထပ်မသောက်နိုင်တော့ကြောင်း ရေရွတ်လာသည်။
ကုရွှမ်းတုက မေး၏။
"မင်းထပ်မသောက်နိုင်တော့ဘူးဆိုတာ သေချာလို့လား"
လင်းရုဖေးက သူ့အား ရီဝေဝေကြည့်လိုက်ပြီး ပြင်းပြင်းထန်ထန်ခေါင်းညိမ့်ပြလိုက်သည်။
“ဒါဆို ထပ်မသောက်နဲ့တော့လေ"
ကုရွှမ်းတု၏လေသံလေးက ချော့မြူနေဟန်။
နှစ်ဦးသား ခြံဝန်းထဲသို့ ပြန်ဦးတည်လာကြရင်း လင်းရုဖေးအား အိပ်ရာပေါ်သို့ အသာချပေးလိုက်သည်။
ကုရွှမ်းတုက သူ့အားကြည့်လိုက်ပြီး:"ဒီနှစ်တွေက မင်းအတွက် ခက်ခဲခဲ့မှာပဲ"
လင်းရုဖေးကမူ သူ့စကားများအား ပြန်လည်ဖြေကြားမလာတော့ချေ။
သူက လက်ဆန့်လိုက်ပြီး ကုရွှမ်းတု၏ခါးအား တင်းတင်းဖက်ကာ:"ကျွန်တော် တောင်းပန်ပါတယ်"
ကုရွှမ်းတုက မေးလိုက်မိသည်။
"မင်းကဘာအတွက် တောင်းပန်ချင်ရတာလဲ"
လင်းရုဖေးက ဆိုသည်။
"ခင်ဗျားဖြတ်ကျော်ခဲ့ရတာတွေကိုကြုံခဲ့ရမှ ခင်ဗျားဘယ်လောက်ခံစားရခဲ့မှန်း နားလည်သွားခဲ့ရတယ်"
ကုရွှမ်းတုက ခပ်ဟဟရယ်မောလိုက်ကာ:"ဒါတွေအကုန်လုံးက အတိတ်ကပါ"
လင်းရုဖေးက ရေရွတ်လိုက်သည်။
"တကယ်လား"
“သေချာတာပေါ့"
သူက သူလေး၏ဆံပင်အား ဆွဲ့ဆန့်ပေးနေရင်းမှ ညင်ညင်သာသာပြုံးလိုက်ကာ:"ပြဿနာအသေးလေးတွေရှိခဲ့ပေမယ့် ကိုယ်အခု တကယ်ကို ပျော်ပါတယ်"
“ပြသနာအသေးလေးတွေ ဟုတ်လား"လင်းရုဖေးက မော့ကြည့်လာ၏။
သူက စကားမဆုံးမီမှာပင် ရုတ်တရက် တံခါးခေါက်သံထွက်လာသည်။
တံခါးခေါက်သံက တစ်ချက်ချင်းထွက်လာသည်ဖြစ်ပြီး ကုရွှမ်းတုက လက်ဖြန့်ပုခုံးတွန့်ပြလိုက်ကာ"ကြည့်လေ"
သူကထရပ်လိုက်ပြီးနောက် တံခါးသွားဖွင့်ပေးလိုက်သည့်အခါ မျှော်လင့်ထားသလိုပင် တံခါးအပြင်ဘက်တွင် မျက်နှာမည်းမည်းဖြင့်ရပ်နေသည့် လင်းပျန့်ယွီအား တွေ့လိုက်ရသည်။
"မင်းဘာလို့တံခါးပိတ်ထားတာလဲ...ရှောင်ကျို့က မူးနေတာ သူမူးနေတုန်း အခွင့်ကောင်းမယူလိုက်နဲ့"
ကုရွှမ်းတုက သူ့ဝေဖန်ချက်ကြောင့် မရယ်ဘဲမနေနိုင်ဖြစ်သွားရလေ၏။
လင်းရုဖေး၏ပါးမို့မို့လေးက အနီရောင်သန်းသွားကာ သူ့ဒုတိယအစ်ကိုအား ဘာဖြစ်လို့လဲ ကော ဟု အမြန်ဖြတ်မေးလိုက်ရသည်။
____
လင်းပျန့်ယွီက ဒေါသတကြီးပြောလာသည်။
"ဒါက...ဒါက မသင့်တော်ဘူးလေ..မင်းတို့အတူရှိချင်ရင်တောင်မှ မင်းတို့လက်ထပ်ထားမှလေ"
ကုရွှမ်းတုက ဆိုလိုက်သည်။
"ဒါဖြင့် မနက်ဖြန်ကျရင် ခင်ဗျားဆီ ကျွန်တော် ခန်းဝင်လက်ဆောင်တွေပို့ပေးဖို့ လာမယ်လေ အဆင်ပြေလား"
လင်းပျန့်ယွီက ကြိမ်းမောင်းလိုက်သည်။
"မင်းကဘာလို့ ခန်းဝင်လက်ဆောင် ပို့ရမှာလဲ....... "
ကုရွှမ်းတုက အမှန်ပင် ဂရုမစိုက်ကာ:"ကောင်းပြီလေ..ဒါဖြင့် မနက်ဖြန်ကျရင် ရှောင်ကျို့ကို ခန်းဝင်လက်ဆောင်တွေပို့ပေးဖို့ တောင်းဆိုလိုက်မယ်"
သူ့နှုတ်ခမ်းထောင့်လေးများက ကွေးညွတ်သွားရကာ အသာ ရယ်မောလိုက်ပြီး"ယောက်ဖ..ဒေါသကြီးတာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်နော်"
လင်းရုဖေးက သူ့ဘေးမှဗလာဖြစ်စွာ ခေါင်းညိမ့်ပြရင်း ပြောလာသည်က:"ဒုတိယအစ်ကို..စိတ်မဆိုးပါနဲ့ ..ကုရွှမ်းတုက ယောက်ဖကောင်းတစ်ယောက်ဖြစ်လာမှာပါ"
လင်းပျန့်ယွီက သူတကယ်ကြီး ဒေါသချောင်းချောင်းထွက်လာမိ၏။တံခါးအားပြင်းပြင်းထန်ထန်ရိုက်လိုက်ပြီးနောက် သူ့မျက်လုံးမှမျက်ရည်များထွက်သည်ထိ နေရာမှာတင် ရပ်ပြီးရယ်နေသည့် ကုရွှမ်းတုအား ချန်ထားခဲ့လေတော့သည်။
သူက အိပ်ရာဘေးသို့ပြန်လှည့်လိုက်ပြီး လင်းရုဖေး၏မေးအားမလိုက်ကာ နွေးထွေးညို့ငင်နေသည့်လေသံလေးဖြင့် မေးလိုက်သည်။
"ရှောင်ကျို့က ကိုယ်နဲ့လက်ထပ်ဖို့အတွက် ခန်းဝင်လက်ဆောင်အနေနဲ့ ဘာကိုပေးမယ် ရည်ရွယ်ထားလဲ"
လင်းရုဖေးသည် သူက ကောင်းကင်ဘုံအုပ်ချုပ်သူအား လက်ထပ်ချင်ပါက သေချာပေါက်သေမျိုးအချက်အလက်များအား သုံးနိုင်မည်မဟုတ်ကြောင်း အကျိုးသင့်အကြောင်းသင့် ပြန်ဖြေလာ၏။ထိုအရာက ကောင်းကင်ဘုံအုပ်ချုပ်သူ၏အကြိုက်ဆုံးဖြစ်ရမည်ဟု။
ကုရွှမ်းတုက မေးလိုက်သည်။
"နမူနာအနေနဲ့.."
လင်းရုဖေးက ရှက်ကိုးရှက်ကန်းပြုံးကာ သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီး"နမူနာအနေနဲ့ ကျွန်တော်ဆိုရင်ရော"
“ကောင်းတာပေါ့"
ကုရွမ်းတုက ကိုယ်ကိုစောင်းလိုက်ပြီး သူ့နှုတ်ခမ်းထက် အနမ်းတစ်ပွင့်ခြွေကာ:"ဒါဆို...အတည်နော်"
____
ပြီး ပါ ပြီ...။
----------------
(t/n:) ပြီးတော့ ဒါက main storyရဲ့ဇာတ်သိမ်းပါနော်..။အဆုံးထိသွားလိုက်ရလို့ ဂုဏ်ယူပါတယ်..ဒါပေမယ့် စိတ်မပူပါနဲ့ ဒါပြီးရင် အချပ်ပို ၁၄ပိုင်းရှိပါသေးတယ်နော်..။သူတို့ကို နောက်ရက်မှာ အကုန်ထုတ်ပေးမှာမို့ အကြာကြီးမစောင့်ရပါဘူး..။ CBUaWSကိုဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်မိပါကြောင်း❤
****
စာရေးသူမှာပြောစရာရှိတယ်~
ဒါက အဆုံးပဲ။ဒီကာလတစ်လျှောက်လုံးက နောက်ကလိုက်ပါပေးခဲ့ကြတဲ့မင်းတို့လေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ကိုယ်က အကြောင်းအရာအမျိုးမျိုးစမ်းကြည့်ဖူးချင်နေတာ..ကူးပြောင်းတာကနေ..စိတ်ဝိဥာဥ်ဆိုင်ရာတွေရယ်...သူ့ကနေ လယ်စိုက်ပျိုးခြင်းတွေ..တိုင်းရင်းရိုးရာတွေထိ။မင်းတို့တွေနဲ့အတူမို့ အရမ်းအရမ်း ပျော်ခဲ့ရတယ်လို့ နောက်ထပ်စာအုပ်တစ်ခုမှာ တွေ့ကြမယ်နော်။အားစိုက်ထုတ်ပြီး တစ်ယောက်တစ်ယောက်ချင်း နမ်းပေးမယ်[3]အချပ်ပိုတွေက နေ့စဥ်လာမှာတော့မဟုတ်ဘူး..ကြိုကြားကြိုကြားတင်ပေးပါမယ်နော်။
─────────────────────────────────────────────────
[1] ဒီနေရာမှာပြောထားတာက အတွက်အချက်ဇယား(9×9=81)လိုမျိုး။ရိုးရိုးလေးပြောထားတာက သူက(ကိုးအမြောက်ကိုး)စိန်ခေါ်မှု ရှစ်ဆယ့်တစ်ခုလောက် ဖြတ်ကျော်ရမယ်။( ခဏထားလိုက်ဖို့ကို ခက်တဲ့စိန်ခေါ်မှုလို့ပြောချင်တာပါ)
[2]လုပ်ငန်းတာဝန်မရှိဘဲ ခရီးသွားတာပါ
[3] ဒေသိယစကား:တခြားသူတွေတိုက်ခိုက်ပြီးလို့မောပန်းလာတဲ့အထိ တိုက်ပွဲထဲဝင်ဖို့ နှောင့်နှေးနေတာပါ
____
Translated By IQ-Team.
[ ကဲကဲ Main Story လေးကတော့ Happy Ever After ဆိုပြီး ပြီးသွားပြီနော် ချစ်တို့! အခု Extra လေးကိုဆက်လက်ဖတ်ရှုပေးကြပါဦးနော်😗 ]