အပိုင်း ၁၈၈
Viewers 37k

Chapter 188
ကိုယ့်ရဲ့တစ်ဦးတည်းသော မင်းလေးနဲ့အတူ { ဇာတ်သိမ်းပိုင်း }

───────

ကုရွှမ်းတုသည် လင်းရုဖေးမှ သူ့အားအကြီးအကဲဟုခေါ်သည်အား ကြားရန်မည်မျှကြာမည်မှန်းမသိချေ။သူက လက်ဖဝါးအရွယ်မှပိုကြီးလာရန် ရက်ဘယ်လောက်လိုသေးလဲမသိ၍ပင်။ 

ဝိဥာဥ်ထောက်ပံ့သစ်သားအနီးတွင်နေရသည့်ကာလကအတွင်း ကုရွှမ်းတု၏ဝိဥာဥ်သည်လည်း ပိုပိုပြီး တည်မြဲလာ၏။သို့သော်လည်း သူက လက်ဖဝါးအရွယ်ရောက်ပြီးကတည်းက ထပ်မကြီးလာတော့သော်ငြား သူ့မှတ်ဥာဏ်က ဖြေးဖြေးချင်း ပြန်လည်ရရှိလာဆဲဖြစ်သည်။ဤမှတ်ဥာဏ်များက ရှုပ်ထွေးနေဆဲဖြစ်သော်လည်း သူက လင်းရုဖေးအကြောင်းနှင့်ယခင်ကကြုံတွေ့ခဲ့ရသည်များကိုပါ သတိရလာ၏။  

လင်းရုဖေး၏ခွန်းလွန်မှထွက်သွားမည့်အစီအစဥ်က လည်း တစ်ယောက်ချင်းစီ၏အမြင်ပေါ် မူတည်သွားရလေပြီ။

လင်းပျန့်ယွီနှင့်အခြားသူများက သူတို့၏ညီအငယ်ဆုံးလေး ဖိတ်ကြားစာများဆက်ပို့မည့် တောင်းဆိုချက်အား စိုးရိမ်နေကြသည်။သူတို့က ဖူဟွားထံမှ လင်းရုဖေးလမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရသည်တို့အား စနည်းနာနေကြသည်။ယင်းက မိသားစုများဆီ ဖိတ်ကြားစာများမပို့ပေးမီ ရှစ်ဆယ့်တစ်မျိုးသော[1]အခက်အခဲများကြုံတွေ့ရသည့် လှည့်စားလိုက်ပြန်ပေးဆပ်လိုက် ပြသနာဇာတ်ထုတ်တစ်သီတစ်သန်းကြီးရဲ့အကြောင်းတွေပင်။  

လင်းပျန့်ယွီက ဤသည်အား နားထောင်ပြီးသောအခါ သူကအလွန်စိတ်မကောင်းဖြစ်စွာဖြင့်ရေရွတ်၏။

"ရှောင်ကျို့...မင်းအတွက် ဖိတ်ကြားစာတွေပို့ပေးရတာက အတော်လေး ခက်ခဲမယ့်ပုံပဲ..ငါပဲကျန်တဲ့ဟာတွေကူပို့ပေးပြီးတော့ မင်းက ခွန်းလွန်မှာပဲနေလိုက်ရင်ရော...." 

လင်းရုဖေးက လင်းပျန့်ယွီအား ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။

"ဒုတိယအစ်ကို..ဒါတွေအကုန်လုံးက တိုက်ဆိုင်သွားရတာပါ..အစ်ကို ဖိတ်ကြားစာတွေပို့တဲ့အခါတုန်းက တစ်ခုမှမကြုံခဲ့ရဘူးလို့ ပြောနေတာများလား" 

လင်းပျန့်ယွီက ခေါင်းခါပြလိုက်ကာ:"မတူဘူးလေ" 

လင်းရုဖေးက သူ့အစ်ကိုအကြီးဆုံးအား ကြည့်လိုက်လေသည်။ 

သို့သော်လည်း လင်းမင်ကျစ်လည်း ခေါင်းယမ်းပြလာကာ တည်တည်ငြိမ်ငြိမ်ဖြင့် သူသည်လည်း လမ်းတစ်လျှောက် အလွန်အေးဆေးလှကာ ကြုံခဲ့ရသည့် ပြဿနာအရှိဆုံးအရာသည်ကား မိစ္ဆာအသေးစားအချို့ အမျိုးသမီးများအား အခွင့်ကောင်းယူရန်ကြိုးစားနေခြင်းသာ။မည်သူမျှ လင်းရုဖေး၏ခစီးစဥ်လောက် ပြသနာထောင်ချီပေါများမနေချေ။ 

လင်းရုဖေးက စိုက်ကြည့်လိုက်ပြီး သူကအနည်းငယ် မယုံသင်္ကာဖြစ်စွာဖြင့်:"ဒီလိုမျိုးကြည့်ကြည့်မှ ကျွန်တော်က ပြသနာကြယ်လေးဖြစ်နေပါလား"

သူက ရှဲ့ကျစ်ယောင်ထံအလည်သွားစဥ်ကစ၍ သူဘယ်နေရာသို့သွားသွား အမြဲတစေ မတော်တဆမှုတွေဖြင့်သာကြုံသည်။ 

လင်းပျန့်ယွီက အမြန်ပင် သူ့မိသားစု၏ကျားပေါက်လေးအား ပြန်လည်ချေပပြီးဆိုလိုက်၏။

"ရှောင်ကျို့က ဘယ်လိုလုပ်ပြီး ပြဿနာကြယ်လေးဖြစ်မှာလဲ..ရှောင်ကျို့ကံက သိပ်မကောင်းတော့ အိမ်တော်ဆီအလည်သွားတိုင်း မတော်တဆကြုံကြိုက်သွားရုံလေးကို"

သို့သော်လည်း အဆုံးတွင်ဖြင့် ဖိတ်ကြားစာများပို့ပေးရခြင်းက အလွန်အန္တရာယ်များလှ၍ သူ့အတွက် ထိုသို့လုပ်လိုက်သည်က ပိုကောင်းပေမည်။ 

လင်းရုဖေးက တစ်ခဏမျှသေချာစဥ်းစားနေသော်လည်း နောက်ဆုံး လင်းပျန့်ယွီ၏တောင်းဆိုချက်အား ငြင်းပယ်လိုက်ကာ သူ့ကိုယ်တိုင်ပင် ဖိတ်ကြားစာသွားပို့ပေးမည်ဟု တောင်းဆိုလိုက်သည်။လင်းပျန့်ယွီက သူ့အားထပ်ပြီးဖျောင်းဖျ၍မရတော့သည်အား မြင်ပြီးနောက် လက်မြောက်လိုက်ရကာ ဘေးတွင်သာတိတ်တိတ်လေးသွားထိုင်နေ၏။ 

လင်းမင်ကျစ်လည်း သက်ပြင်းချမိလေသည်။သူက အနည်းဆုံး လင်းပျန့်ယွီထက် ပိုပြီးအသိမ်းသွင်းကောင်းလေ၏။သူက လင်းရုဖေးသာ အမှန်ပင်သွားချင်ပါက အရာရာဂရုစိုက်ရမည်ဖြစ်ပြီး သူ့ဘဝအား အရင်ဆုံးရှေ့တန်းတင်ထားရန်နှင့် အမှတ်တမဲ့မနေရန်အား ကူကယ်ရာမဲ့ပြောလာသည်။

လင်းရုဖေး....က သဘောတူလိုက်ကာ လင်းမင်ကျစ်နှင့်အတူ ခရီးချိန်အား စီစဥ်လေ၏။  

ထို့ပြီးနောက် သူက သူ၏ဒုတိယအစ်ကိုထံ ခေါင်းလှည့်လိုက်ပြီး ချော့မော့ရန်ကြိုးစားလေသည်။လင်းပျန့်ယွီက စိတ်ဆိုးနေသော်လည်း သူ့မိသားစုလေး၏ချစ်ရသူညီအငယ်ဆုံးလေးအား ခံစားခွင့်မပေးနိုင်တော့ပေ။

သူက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချကာ:"ရှောင်ကျို့က ကြီးလာပြီ..ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှိလာပြီ..ဒီအစ်ကိုက မင်းကိုထပ်ပြီးမတားနိုင်တော့ဘူး..အပြင်ဘက်ခရီးသွားတဲ့အခါ ကျေးဇူးပြုပြီးပိုပြီးဂရုစိုက်ပေး...မင်းသာထိခိုက်သွားရင် မိသားစုက ရင်ကျိုးရလိမ့်မယ်" 

လင်းရုဖေးက နာခံစွာပင်သဘောတူလိုက်လေ၏။ 

ဇွန်လကုန်ဆုံးသွားသည်နှင့် နွေရာသီအစောပိုင်းသို မကြာမီရောက်လာတော့မည်။လင်းရုဖေးက သူ၏ခရီးဆောင်အိတ်အား ပြင်ဆင်ပြီးသည်နှင့် မြင်းပေါ်သို့တက်လိုက်လေသည်။လက်မအရွယ်ကုရွှမ်းတုလေးကလည်း လက်ရှိသူ့ရင်အုံထဲပုန်းနေကာ ခေါင်းလေးအား ပြူတစ်ပြူတစ်ထုတ်လာရင်း အပြင်လောကကြီးအား သိချင်စိတ်အပြည့်နှင့်ကြည့်လာ၏၊ဤတစ်ကြိမ်တွင်လည်း ဖူဟွားနှင့်ယွီရွေ့တို့က လိုက်ခဲ့ချင်ပါသော်ငြား လင်းရုဖေး၏သဘောထားက ခိုင်မာကာ မည်သို့ဆိုဆိုငြင်းဆန်လေသည်။သူပြောခဲ့သည်က သူက ပေါ့ပေါ့ပါးပါး[2]သာ ခရီးထွက်ချင်သည်ဟုပင်။ထပ်ပြောရသော် ဖိတ်ကြားစာများ သိပ်မကျန်တော့၍ သူတိ့အားပို့ပေးပြီးသည်နှင့် ပြန်လာမည်ဖြစ်သည်။ 

“သခင်လေး..စောစောပြန်လာရမယ်နော်"

သူ့အစေခံမလေးများက လင်းရုဖေးအား ဝမ်းနည်းတကြီးကြည့်ကာ ငိုလေ၏။လင်းရုဖေးက သူတို့အား အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါပြီ" 

မြင်းက ဇက်ကြိုးအားဆွဲလိုက်သည်နှင့်ခုန်သွားကာ ခွန်းလွန်အောက် တောင်ကြောလမ်းတစ်လျှောက် ကဆုန်ပေါက်ဆင်းသွားလေ၏။ 

အတိတ်ကပြာကျခဲ့ရသည့် ချယ်ရီပန်းပွင့်တောကမူ ယခုတွင် စိမ်းလန်းစိုပြည်နေသည်။မူလသွင်ပြင်ပြန်ဖြစ်လာသည်က သိပ်မကြာလိုက်သလိုပင်။ 

ရှောင်ရွှမ်းလေးသည်ကား အနည်းငယ် အိပ်ချင်နေပေ၏။မျက်လုံးများပွတ်လိုက်ရင်း လင်းရုဖေးရင်အုံထက် တိုးဝှေ့ကာ ဘောလုံးလေးတစ်လုံးနှယ်ကွေးလိုက်ပြီး အိပ်ပျော်သွားတော့သည်။လင်းရုဖေးက သူ့စိတ်ထဲအကြိမ်ပေါင်းများစွာချထားသည့် အစီအစဥ်အတိုင်းအမြန်အဆန်သွားရင်း အလုပ်ရှုပ်နေပေ၏။ 

ယခုတွင်မူ သူ့တွင် ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်အား ရထားပြီးပြီဖြစ်၍ ကုရွှမ်းတု၏ကိုယ်အား တည်ဆောက်ရန်လိုအပ်နိုင်သည့်အရာအား တိတိကျကျသိသွားပြီဖြစ်သည်။ထို့ကြောင့်ယခုအကြိမ်၌ သူ၏ပန်းတိုင်က ဖိတ်ကြားစာများပေးပို့ရန်သာမက ပစ္စည်းများစုဆောင်းရန်လည်းဖြစ်သည်။သို့သော်လည်း အဆုံးတွင်ဖြင့် သူသည်လည်း ထိုနှစ်က စွမ်းအားကြီးသည့်ကောင်းကင်ဘုံအုပ်ချုပ်သူမဟုတ်တော့ပေ။သူက စွမ်းအားမရှိသည့် ခွန်းလွန်တောင်ရှိလင်းမိသားစု၏အငယ်ဆုံးသားလေးသာဖြစ်၏။ထို့ကြောင့် ဤခရီးက ခက်ခဲကာအန္တရာယ်များနိုင်သဖြင့် လင်းရုဖေးအနေနှင့် ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိချေ။သို့သော်လည်း သူ့လက်ထဲတွင်အိပ်ပျော်နေသည့် ပေါက်စလေးအား ငုံ့ကြည့်လိုက်ရင်း နှလုံးသားထဲရှိဝမ်းနည်းမှုက နှုတ်ခမ်းထက်အပြုံးတစ်ခုအသွင်ပြောင်းသွားလေ၏။ 

မည်သို့ခက်ခဲသည့်အရာများဖြစ်နေပါစေ သူလုပ်မည်ဖြစ်သည်။သူ့အား နှစ်တစ်ရာခန့်အချိန်အကြာကြီးစောင့်နေခဲ့ရသည့် ကုရွှမ်းတုကဲ့သို့ပင်။ 

အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားကာ လျှပ်တစ်ပြက်အတွင်းမှာပင် ဓါးသိုင်းပြိုင်ပွဲသို့ရောက်လာပေ၏။ 

[ t/n: နာနိ... Σ(っ °Д °;)っတိုလိုက်တာ. LRFရဲ့ခရီးအကြောင်းမျှော်လင့်ထားတာကို သူ ကုရွှမ်းတုရဲ့ခန္ဓာကိုယ်ကို ဘယ်လိုဖွဲ့စည်းပေးမလဲလို့လေ..ဒါပေမယ့် ခန့်မှန်းရသလောက်..မပါတော့ဘူး ]

ခွန်းလွန်ဓားသိုင်းပြိုင်ပွဲက လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ခွန်လွန်တောင်တစ်ခုလုံးကျင်းပသည့် ပွဲကြီးတစ်ခုလည်းဖြစ်ပေ၏။ပြိုင်ပွဲမစမီ ခွန်းလွန်တောင်ပေါ်နှင့်တောင်အောက်တွင် အသက်ဝင်နေသည့်မြင်ကွင်းတစ်ခုရှိလေသည်။

လင်းပျန့်ယွီက များစွာသောမိသားစုတို့မှသားများအား လက်ခံနေရ၍ မနက်စောစော ခွန်းလွန်တပည့်အချို့နှင်အတူ ဂိတ်တံခါးဆီသို့ ဦးတည်သွားလေ၏။သူ၏မျက်လုံးများက တောင်ဂိတ်တံခါးဆီသို့သွားလာနေသည့် လက်ပွေ့ရောင်းသူများအား လှည့်ပတ်ကြည့်ရှူလိုက်ရင်း တစ်ခုခုအကြောင်းစဥ်းစားမိသွားသည်နှင့် သူ့ပုခုံးအား တစ်ယောက်ယောက်က လှမ်းပုတ်လာသည်။လင်းပျန့်ယွီက သူ့နောက်မှတစ်ယောက်ယောက်ရောက်နေမှန်း မခံစားခဲ့ရ၍ ထိတ်လန့်သွားလေသည်။သတိလစ်မတတ်ဖြစ်သွားရင်း သူကလှည့်ကြည့်လိုက်ရာ အပြုံးမျက်နှာလေးတစ်ခုအား တွေ့လိုက်ရသည်။ 

“ရှောင်...ကျို့...."

လင်းပျန့်ယွီက အံ့သြတကြီး အော်ခေါ်လိုက်သည်။ 

“ဒုတိယအစ်ကို"

ယင်းက အမှန်ပင် လင်းရုဖေး၏အသံဖြစ်သည်။သူက အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ အပြုံးအပြည့်မျက်နှာလေးနှင့်တောင်မှထွက်သွားစဥ်က ဝတ်သွားခဲ့သည့်ခြုံထည်ကိုပင် ဝတ်ဆင်ထားလေ၏။ 

လင်းပျန့်ယွီက မေးလိုက်သည်:''ဘာလို့ ပြန်လာမယ့်အချိန်ကို မပြောထားတာလဲ..ငါမင်းကို အရင်ကပို့လိုက်တဲ့စာရလိုက်တယ်မဟုတ်လား..ဘာလို့ငါ့စာကိုရတဲ့အချိန် ပြန်မဖြေခဲ့တာလဲ..ဘယ်တွေများသွားနေခဲ့လို့ ပြန်လာတာ အရမ်းကြာနေရတာလဲ..."မေးခွန်းများတသီတသန်းကြီးမေးလာသည်က လင်းပျန့်ယွီ၏ပူပန်သောကတို့အား ပြနေလေ၏။ 

လင်းရုဖေးက ရယ်မောလိုက်ကာ:"စိတ်မပူပါနဲ့..အကောင်းတိုင်းပြန်လာတယ်မဟုတ်လား"

သူက မျက်တောင်ခတ်ပြလိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော်နဲ့အတူ တစ်ယောက်ယောက်ကိုလည်း အပြန်ခေါ်ခဲ့တယ်" 

လင်းရုဖေး၏ရှက်ကိုးရှက်ကန်းမျက်လုံးလေးများမှ လင်းပျန့်ယွီက တစ်ခုခုခံစားမိလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် မေးလိုက်မိသည်။

"တစ်ယောက်ယောက်ကို အပြန်ခေါ်ခဲ့တယ် ဟုတ်လား...ဘယ်...ဘယ်...မိသားစုက သမီးပျိုလေးလဲ" 

“မိန်းမပျိုလေးမဟုတ်ဘူး"လင်းရုဖေးက ဖြေလိုက်သည်။ 

“ဒါဖြင့် ဘာလဲ"လင်းပျန့်ယွီက မေးလာ၏။ 

“ကုန်းဇီတစ်ယောက်"

ဆုံးဖြတ်ချက်အချို့ကြောင့်ရှက်သွေးဖြာနေသည့်အသံနှင့် လင်းရုဖေးက လက်ဆန့်လာပြီး တစ်ယောက်ယောက်အား ဆွဲထုတ်ပြလာသည်။ယင်းက သူ့နောက်တွင် အကြာကြီးရပ်စောင့်နေသည့်တစ်ယောက်ဖြစ်ကာ သူက မိတ်ဆက်ပေးလိုက်၏။

"ဒုတိယအစ်ကို...ဒါကျွန်တော့်ချစ်သူကုရွှမ်းတုတဲ့" 

လင်းပျန့်ယွီ၏မျက်လုံးများပြူးကျယ်သွားရကာ အချိန်တော်ကြာသည်ထိ စကားမပြောနိုင်တော့ချေ။ 

ဤကုရွှမ်းတုသည်ကား ယခင်က သိသိသာသာပင် လက်ဖဝါးအရွယ်လူသေးသေးလေးဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ အရွယ်ရောက်သည့်ပုံပန်းသဏ္ဌာန်အဖြစ် ကြီးထွားလာချေပြီ။အနီရောင်တောက်တောက်ဝတ်စုံအား ဝတ်ဆင်ထားကာ သူ့အားအပြုံးလေးနှင့်ကြည့်လာ၏။သူ၏သွင်ပြင်က အမှန်ပင် ကောင်းမွန်လှကာ ကျဥ်းမြောင်းလှသည့်ဖီးနစ်မျက်ဝန်းတစ်စုံက လခြမ်းလေးသဖွယ် ကွေးညွတ်သွားလေ၏။ယင်းက အမှန်ပင် နွေဦးပန်းပွင့်လေးများအရောင်သွေးလေးခြယ်နေသည့်နှယ်။

သို့သော်လည်း နှစ်ဦးသား တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်ရင်း ရက်စက်သည့်အရိပ်အရောင်တို့အား နှစ်ယောက်စလုံး၏ မျက်၀န်းများအတွင်းတွေ့လိုက်ကြရသည်။သို့သော်လည်း ကုရွှမ်းတုမျက်လုံးထဲမှ ရက်စက်မှုကဖြင့် လင်းပျန့်ယွီစိတ်ထင်နေခြင်းသာဖြစ်ပြီး မျက်တောင်တစ်ချက်ခတ်ကာ သူက ဖြူဖြူစင်စင်ပုံစံလေးနှင့် ခေါ်လိုက်လေသည်။

"ယောက်ဖ" 

“ဘယ်သူက မင်းယောက်ဖလဲ"လင်းပျန့်ယွီက အံတင်းတင်းကြိတ်ကာ ဓါးဆွဲထုတ်လုနီးနီးပင်။ 

ကုရွှမ်းတုသည်လည်း သူ့၏ခါးခါးသီးသီးဖြစ်နေမှုအား စိတ်ထဲမထားကာ မျက်လုံးများကျဥ်းမြောင်းလိုက်ရင်း ခပ်တန်းတန်းသာပြုံးပြလိုက်သည်။ 

လင်းရုဖေးက လင်းပျန့်ယွီတစ်ယောက် စိတ်ခုသွားမည်စိုး၍ သူက ပင်ပန်းနေပြီဖြစ်တာကြောင့် အရင်ဆုံးနားလိုက်ချင်ကာ နောက်မှဤအကြောင်းပြောတော့မည်ဖြစ်ကြောင်း ဆိုလာ၏။လင်းပျန့်ယွီက နက်နက်နဲနဲစဥ်းစားနေသော်လည်း အဆက်အသွယ်မရဖြစ်နေသည်မှာကြာပြီးနောက် လင်းရုဖေးအားတွေ့လိုက်ရသော် သူ့တွင်လည်း အတင်းအကျပ်လုပ်မည့်နှလုံးသားမရှိချေ။သူပင်ပန်းနေသည်ဆိုသည်အား ကြားပြီးသည်တွင် အနားယူလိုက်ရန်ပြောလိုက်ပြီး ကုရွှမ်းတုအား ကြင်နာခြင်းကင်းမဲ့သည့် အကြည့်တစ်ချက်သာပေးလိုက်သည်။ 

ကုရွှမ်းတုက ဖြူဖြူစင်စင်ပုံစံလေးနှင့်ကြည့်လာပြီး လက်ဖြန့်ပုခုံးတွန့်ပြလိုက်၏။ 

လင်းရုဖေးက နှစ်ဦးသားရန်ထဖြစ်မည်စိုး၍ အမြန်ပင် သူ့အား ခေါ်ထုတ်သွားရသည်။ 

ယနေ့တွင် လင်းပျန့်ယွီက တစ်ယောက်မှ ကျေနပ်သည့်မျက်နှာပုံစံမပေးပါချေ။သူက ဧည့်သည်တော်များလာနေသည်အား မြင်နေရင်တောင်မှ နှုတ်ခမ်းထောင့်လေးများဆွဲထားရုံလောက် ပြုံးသည်ဆိုရင်လောက်သာပြုံးပြနေလေ၏။ဘေးမှကြည့်နေသူများကလည်း ခွန်းလွန်တွင်ကိစ္စကြီးတစ်ခုဖြစ်နေရမည်ဟု တီးတိုးတီးတိုးပြောနေကြသည်၊ မဟုတ်လျှင် ဘာကြောင့်များ အမြဲတစေဖော်ရွေနေတတ်သည့် လင်းမိသားစု၏ဒုတိယသားက ဤပုံစံဖြစ်နေရပါသနည်း။  

သူ့အလုပ်ကိစ္စများပြီးစီးပြီးနောက် လင်းပျန့်ယွီက လင်းရုဖေး၏အိမ်ဝန်းလေးသို့ တည့်တည့်ဦးတည်သွားလေ၏။သို့သော်လည်း သူဝင်လိုက်သည်နှင့် လင်းရုဖေးက ကုရွှမ်းတုနှင့်တစ်ခုခုစားနေမှန်း သတိပြုမိသွားလေသည်။သူက ထိုနှစ်ယောက်၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ့ဓါးထျန်းရှောင်အား စားပွဲပေါ်သို့ရိုက်ချလိုက်ပြီး မှောင်မိုက်စွာ ဆိုလာ၏။

"ငါရှင်းပြတာလိုချင်တယ်" 

လင်းရုဖေးက ပြန်ဖြေသည်။

"ဒုတိယအစ်ကို မစိုးရိမ်ပါနဲ့ ဖြေးဖြေးချင်းပြောပြပေးမှာပါ"  

သူ့စကားလုံးများအား သေချာချိန်ဆရင်း လွန်ခဲ့သည့်နှစ်အနည်းငယ်တွင်း သူကြုံခဲ့ရသည့်အရာများအား ပြောပြလိုက်သည်။ခွန်းလွန်မှထွက်သွားပြီးနောက် သူက ကျန်သည့်ဖိတ်ကြားစာများအား ပို့ပေးပြီးသည်တွင် သူက အပြီးသတ်ပို့ပေးပြီးပြီးချင်း ပြန်လာရန်စီစဥ်ထားခဲ့သည်။သို့သော်လည်း မမျှော်လင့်ထားသည့်အရာတစ်ခုခုက လမ်းတွင်ဖြစ်ပွားခဲ့လေ၏။သူက အိမ်ပြန်လမ်းတစ်ဝက်အရောက် မကောင်းသည့်စိတ်ထားရှိသည့် ကျင့်ကြံသူတစ်ဦးနှင့်ဆုံခဲ့ရကာ လျှို့ဝှက်နယ်ပယ်ထဲသို့ ကျသွားရသသည်။သူက နောက်ဆုံးမလွတ်မြောက်မီအထိ ထိုနေရာထဲတွင်အချိန်အတော်ကြာနေထိုင်ခဲ့ရပြီး နောက်ပိုင်း ကိုယ်ရေးကိုယ်တာအကြောင်းများအတွက် သူ့အား အချိန်မီပြန်လာနိုင်စေမည့် ပုအယ်သို့သွားလိုက်ရလေ၏။သူ့ခရီးလယ်လောက်တွင် သူ့အားပြန်လာရန်နှောင့်နှေးစေမည့် ကိစ္စများရှိခဲ့၍ပင်။သူ့ပြောခဲ့သည့်စကားလုံးများက အနည်းငယ်သာဖြစ်ပြီး စင်စစ် ပြောပြချက်တစ်ခုသာဖြစ်သော်ငြား သူ့လေသံမှကြားဖို့ရာမခဲယဥ်းလှသည်က သူရင်ဆိုင်ခဲ့ရသည့် အခက်အခဲများပင်။လင်းပျန့်ယွီက နားထောင်နေရင်း သူ့နှလုံးသားနာကျင်ခဲ့ရသည်။လင်းရုဖေးက ခွန်းလွန်တွင်မွေးဖွားခဲ့ပြီး လူငယ်ဘဝကတည်းက ထိုသို့နစ်နာချက်များအား မခံစားဖူးခဲ့၍ပင်။  

သူက ခေါင်းမော့လိုက်ပြီး လင်းရုဖေးအား ဂရုတစိုက်ကြည့်ကာ လင်းရုဖေးကိုယ်က ယခင်ကထက် ပိုမိုကောင်းမွန်လာပုံရပါသလား ဟုရှာကြည့်လိုက်လေ၏။အနည်းဆုံးအနေနှင့် သူ့အသက်ရှူသံက ဆယ်ကျော်သက်အရွယ်တုန်းကလောက် အားမနည်းတော့ပေ။ 

_____

Translated By IQ-Team.