အပိုင်း ၁၈၇
Viewers 37k

Chapter 187
 သူလေးပေါက်စ 

───────

လင်းရုဖေးက အသံထွက်ပြီး မေးလိုက်မိသည်။

"သူရော" 

“အရုပ်ကလေးလား"

ဖူဟွားက လင်းရုဖေးမေးလိုက်သည်အား သိလိုက်ကာ:"ယွီရွေ့က အခုလေးတင် လတ်လတ်ဆတ်ဆတ် စွံပလွံကိတ်[2]ဖုတ်လာလို့ သူ့ကိုနည်းနည်းကျွေးဖို့ ခေါ်သွားတယ်" 

လင်းရုဖေး : "အို့....." 

ဖူဟွားက မေးလိုက်သည်။

"သခင်လေး..ဘာဖြစ်လို့ပါလဲ" 

လင်းရုဖေးက မေးလာ၏။

"မနေ့ညက ငါ့ကိုဘယ်သူအထဲပို့ပေးခဲ့တာလဲ" 

ဖူဟွားက ပြန်ဖြေသည်။

"ကျွန်မနဲ့ယွီရွေ့လေ..ကျွန်မတို့ သခင်လေးအပြင်မှာအိပ်ပျော်နေတာတွေ့လိုက်လို့ အထဲသွင်းပေးခဲ့တာ" 

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။သူ၏မနေ့ညကမှတ်ဥာဏ်က ပြတ်ပြတ်သားသားမရှိသော်လည်း သူကဇဝေဇဝါဖြစ်နေသေး၏။သို့သော်လည်း ဤထင်မြင်ချက်များကလည်း ဇဝေဇဝါနိုင်ပေသည်။သူက သူ့နားထဲတစ်ယောက်ယောက်က တီးတိုးပြောလိုက်သည်အား ကြားလိုက်ရဟန်ရှိသော်ငြား သေချာပြန်စဥ်းစားလိုက်ရာ သူကြုံတွေ့ခဲ့ရသည့်အရာအားလုံးက အိပ်မက်တစ်ခုသာသာဖြစ်နေသကဲ့သို့ များများစားစားမမှတ်မိနိုင်ပေ။ 

လင်းရုဖေးက အမူးပြေစွပ်ပြုတ်အား သောက်လိုက်ပြီးနောက် အဆုံးတွင်ခေါင်းကိုက်သက်သာသွားသည့်နှယ် ခံစားရသည်။ထကာဆေးကြောသန့်စင်ပြီးနောက် အပြင်ဘက်ထွက်လာခဲ့ရာ ကုရွှမ်းတုက စွံပလွံကိတ်အားကိုင်ထားရင်း ပျော်ရွှင်စွာတည်ခင်းနေသည်အား သတိပြုမိသွားလေ၏။ဝိဥာဥ်ထောက်ပံ့သစ်သားအားမှီခိုထားသော်ငြား ကုရွှမ်းတုခန္ဓာကိုယ်က ပိုပြီးကြီးထွားလာရမည့်အစား သူက လက်ဖဝါးအရွယ်အစားမျှပင်ရှိနေဆဲဖြစ်သည်။သို့သော်ငြား လက်မအရွယ်သာသာဖြစ်နေသည်ထက်စာပါက ယင်းက ပိုကောင်းပေ၏။စင်စစ် ယခုသူက သူ့အးမတော်တဆထိခိုက်သွားမည်အား စိုးရိမ်စရာမလိုတော့ချေ။ 

ဖူဟွားနှင့်ယွီရွေ့တို့က တစ်ဖက်တစ်ချက်စီတွင်ရပ်နေကြ၏။သူတို့က ကုရွှမ်းတုအား မိခင်တစ်ယောက်က ချစ်ခင်ရသည့်သားငယ်လေးအား ကြည့်သည့်နှယ် ကြင်ကြင်နာနာကြည့်နေကြ၍ လင်းရုဖေးမှာ အော်ရယ်လုနီးပါးပင်။ 

စွန်ပလွံကိတ်က လတ်လတ်ဆတ်ဆတ်ဖုတ်ထား၍ အရသာလည်း အလွန်ကောင်းမွန်၏။ကုရွှမ်းတုက ဤသို့အစာသွပ်မုန့်များအား ကြိုက်နှစ်သက်သော်ငြား သူက အရွယ်မကြီးလှ၍ သူ့စားစရာအရွယ်ကလေးကလည်း သေးသေးလေးဖြစ်သည်။တစ်ပိုင်းဝက်မျှစားပြီးနောက် သူက ချက်ချင်းပင် စွံပလွံကိတ်အားချထားလိုက်ကာ အစာအိမ်အားအုပ်ပြီး နာကျင်ကြောင်းဆိုကာငိုလာ၏။  

လင်းရုဖေးက အံ့အားသင့်သွားရကာ အပြေးအလွှားသွားချီလိုက်ရကာ ဘယ်နေရာမှာများ မသက်မသာဖြစ်နေလို့လဲဟု မေးလိုက်ရသည်။ 

“ကိုယ့်အစာအိမ်နာတယ်"

ကုရွှမ်းတုက သူ့ဗိုက်လေးအား ထိုးပြလိုက်ရင်း ညည်းညူလာ၏။ 

လင်းရုဖေးက တစ်ချက်ကြည့်ရန် သူ့အင်္ကျီများပင့်တင်လိုက်ရာ ဤပေါက်စလေးက သူ့ဗိုက်များဖောင်းကားသွားသည်ထိစားထားသည်အား ရှာတွေ့သွားရကာ သူ့အသံက အနည်းငယ်ကူကယ်ရာမဲ့ဖြစ်သွားရပြီး:"သူဘယ်လောက်တောင် စားပြီးပြီလဲ" 

“တစ်ပိုင်းဝက်"

ယွီရွေ့က ဘေးမှပြန်ဖြေလိုက်သည်။

"ကျွန်မသူ့ကို စောင့်ကြည့်နေတာ...သူ့ကိုထပ်ပြီးမစားစေရဲတော့ဘူး" 

“တစ်ပိုင်းဝက်လား..."

ဖူဟွားက မေးလိုက်သည်။

"သူအခုလေးတင် တစ်ပိုင်းဝက်စားခဲ့တာမဟုတ်ဘူးလား"  

ယွီရွေ့:"ဟမ်..." 

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်မိကြသည်။ကုရွှမ်းတုက ဒေါသခိုးဝေထွက်နေသည်က သိသိသာသာပင် သူကအများကြီးစားမိ၍ဖောင်းကားသွားရခြင်းကြောင့်ပင်။လင်းရုဖေးတွင်လည်း ရွေးချယ်စရာမရှိတော့၍ ထိုနှစ်ယောက်အား အစာကြေဆေးများယူလာခိုင်းလိုက်ကာ ကုရွှမ်းတု၏ဗိုက်ကလေးအား အသာပွတ်ပေးရလေ၏။ကုရွှမ်းတုက အရွယ်သေးသေးလေးဖြစ်၍ ဗိုက်ပူပူလေးနှင့်ပုံစံက အလွန်ချစ်စရာကောင်းကာ ရယ်စရာလေးဖြစ်နေသည်။လင်းရုဖေးက ခွန်အားကိုထိန်းညှိနေရပြီး သူ့ဗိုက်ကလေးအားပွတ်သတ်ပေးပြီးနောက်မှသာ သူ့အားမထိခိုက်စေတော့ချေ။သူက မျက်လုံးတွေကိုပွတ်သတ်ရင်း သူအိပ်ချင်ပြီဖြစ်ကြောင်း တတွတ်တွတ်ပြောလာ၏။ 

လင်းရုဖေးက နောက်ထပ်ဝိဥာဥ်ထောက်ပံ့သစ်သားအား ယူလိုက်ကာ သူ့အားဘေးတွင်အိပ်စေ၏။သူက စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းမချလိုက်မီ စောင်ခြုံပေးလိုက်လေသည်။ကုရွှမ်းတုနှင့်ပတ်သက်သည့် အတိတ်ကသံသယများက နောက်ကျကျန်နေပြီးဖြစ်ကာ သူ(GXD)၏မှတ်ဥာဏ်များတဖြေးဖြေးပြန်ရလာပါသော်လည်း သူ(GXD)၏ကိုယ်က မြန်မြန်ဆန်ဆန်ပြန်ကောင်းမလာသေး၍ ထိုညကဖြစ်ပျက်ခဲ့သည်က သူ၏မူးနေ၍ ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်နိုင်ပေ၏။ 

လင်းဝေရွေ့မင်္ဂလာဆောင်ပြီးသည့်နောက် ခွန်းလွန်က ပိုပြီးအထီးကျန်လာသော်ငြား ကံကောင်းစွာနှင့် လင်းရုဖေးက ကျင့်သားရနေ၍ အချိန်အများစုအား အိမ်ဝန်းထဲတွင်သာ နေ၏။သို့သော်လည်း ရံဖန်ရံခါ ရာသီဥတုလေးကောင်းပါက သူက တောင်အောက်ဆင်းပြီး ချယ်ရီပန်းပွင့်တောအား ကြည့်စမြဲပင်။  

တည်ဆောက်ပုံမှထပ်တိုးအထောက်အပံ့များနှင့် ဤချယ်ရီပန်းပွင့်တောက အလွန်မြန်ဆန်စွာကြီးထွားလာ၏။လအနည်းငယ်ခန့်အလုပ်လုပ်လိုက်သည်နှင့် အစိမ်းရောင်ကိုင်းများထွက်လာပြီး အရွက်များပင်ထွက်လာချေ၏။သို့ဆိုရင်တောင် ပွင့်စေချင်ပါက နွေဦးနှင့်ဆောင်းဦးပတ်လည်လောက်ထိ စောင့်ရပေဦးမည်။လင်းရုဖေးက ကုရွှမ်းတုအား ချယ်ရီပန်းပွင်တောဆီခေါ်သွားကာ သူကေတာအုပ်လေးအား အမှန်ပင် သဘောကျပါသော်ငြား ကုရွှမ်းတုက ဤနေရာအား ငြင်းဆန်နေ၏။အထဲသို့ဝင်လိုက်စဥ် သူကစတင်ငိုယိုလာပြီး လင်းရုဖေးအား ချက်ချင်းပြန်ထွက်ရန် ပူဆာလေတော့သည်။

“ထပ်မငိုနဲ့တော့..ထပ်မငိုနဲ့တော့နော်"

လင်းရုဖေးက သူ၏ပေါက်စလေးအား ချော့မြူလိုက်ရင်း:"ကျွန်တော်တို့ အထဲကိုထပ်မသွားတော့ဘူးလေ..မငိုနဲ့တော့"

“ဝူး...ဝူး...ဝူး...."

ပေါက်စလေးက ပါးပေါ်မှမျက်ရည်သွင်သွင်စီးကျလာပြီး လင်းရုဖေးလက်အား တွယ်ကပ်နေ၏။သူက သေလောက်အောင်မတရားခံရသည့်ပုံပေါ်နေကာ သူ့ပါးစပ်မှ ရှောင်ကျို့ကမကောင်းဘူး ရှောင်ကျို့ကမကောင်းဘူးဟုသာ တတွတ်တွတ်ပြောနေ၏။   

“ရှောင်ကျို့က ဘယ်လိုမကောင်းတာလဲ"လင်းရုဖေးမှာ ကူကယ်ရာမဲ့ဖြစ်သွားရသည်။ 

“ရှောင်ကျို့က ကိုယ့်ကိုဒီမှာထားခဲ့တာ"

ကုရွှမ်းတုက ဒေါသထွက်လာကာ:"ဒါကြောင့် ကိုယ့်စောင့်နေခဲ့တယ်...ကိုယ်စောင့်နေခဲ့တယ်...ကိုယ်စောင့်နေခဲ့တယ်လို့...ကိုယ်သူ့ကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ထင်ခဲ့တာ"  

လင်းရုဖေး၏နှလုံးသားက ထိုစကားလုံးများကြောင့် တင်းကျပ်သွားရကာ ဤအကြောင်းအားမစဥ်းစားရန် သူ့ကိုယ်သူအပြစ်တင်လိုက်လေ၏။သူ၏အကြိုက်နှစ်သက်ဆုံးသော ချယ်ရီတောအုပ်လေးက ကုရွှမ်းတု၏ဝမ်းနည်းဖွယ်ရာဖြစ်လာမည်အား မမျှော်လင့်ထားခဲ့ချေ။သူက သူ့ခေါင်းထိပ်လေးအား နမ်းလိုက်ပြီး ကုရွှမ်းတုအား ထပ်မငိုတော့ရန်နှင့် ဤနေရာသို့ထပ်လာတော့မည်မဟုတ်ကြောင်းစိတ်သက်သာရာရစေမည့်စကားလုံးများအား ဆက်ပြောပေးလိုက်ရသည်။ 

“မင်း ကိုယ့်ကို အကြီးအကဲလို့ခေါ်ရင်း မငိုတော့ဘူး"

သူက အမှန်ပင် ဤအကြောင်းအား ခေါင်းမာစွာမှတ်မိနေဆဲဖြစ်ပြီး လင်းရုဖေးအား စိတ်မရှည်စွာကြည့်လာမည်အား မည်သူကထင်မည်နည်း။ 

လင်းရုဖေးက ရယ်မောလိုက်ကာ:"ခင်ဗျားကို အကြီးအကဲလို့ခေါ်စေချင်လား..ဒါဖြင့်မြန်မြန်ကြီးလာတော့"

သူက ဆက်ပြောလိုက်သည်။

"ခင်ဗျားကြီးလာရင် မင်းလိုချင်တဲ့အခါတိုင်း အကြီးအကဲလို့ခေါ်ပေးမယ်"  

ကုရွှမ်းတုပေါက်စလေးက သူ့လက်သီးဆုပ်လေးများအား ဖြန့်ကာ ပုခုံးတွန့်ပြလာ၏။ 

[ t/n: ငါမလုပ်နိုင်တော့ဘူး ကိုယ့်လူတို့..ဒီအပိုင်းက အရမ်းချစ်စရာကောင်းလွန်းတယ် (*≧︶≦) ]


**** 


စာရေးသူမှာပြောစရာရှိတယ်~

လင်းရုဖေး : ဒါ ကျွန်တော့်မိတ်ဆွေလေ..မင်းတို့တွေသူကို တုတုလို့ ခေါ်နိုင်တယ်.... 

ကုရွှမ်းတု : ?????? 



───────────────────────────────────────────────── 

[1]မင်္ဂလာဓလေ့ထုံးတမ်းတစ်ခုပါ ..မကောင်းတဲ့ကံတွေ ဖယ်ထုတ်ပစ်ပြီး ကံကောင်းမှုတွေယူလာပါစေဆိုတဲ့ အယူအဆတစ်ခုပါနော်  


[2]စွံပလွံကိတ်  

___


Translated By IQ-Team.