အပိုင်း ၁၈၆
Viewers 37k

Chapter 186
 သူလေးပေါက်စ 

───────

သို့သော်လည်း လင်းရုဖေးအား ပိုပြီးစိတ်ပူစေသည့်အရာက ကုရွှမ်းတုက အတိတ်ကနေ့ရက်တို့အား သတိရသေးပုံမပေါ်၍ပင်။သူ၏သတိအခြေအနေက မှုန်ဝါးဝါးဖြစ်နေသေး၍ မူလက သူ့စိတ်အခြေအနေက တစ်သက်လုံးဤသို့ဖြစ်သွားမည်အား စိုးရိမ်မိသည်။သို့သော်လည်း သူကတစ်နေ့ ကုရွှမ်းတုကြောင့်နိုးလာရကာ ကုရွှမ်းတုက သူ့လက်ချောင်းလေးအား ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး ကလေးသံလေးဖြင့်:"ရှောင်ကျို့"ဟုခေါ်လာမည်အား မည်သူကသိမည်နည်း။ 

လင်းရုဖေးက အံ့အားသင့်သွားရကာအော်ခေါ်လိုက်မိသည်။

"ရွှမ်းတု"

သူ့နာမည်အား အခေါ်ခံလိုက်ရ၍ သူကတစ်ခုခုအား မှတ်မိသွားရပေမည်။ 

သို့သော်လည်း ကုရွှမ်းတုက ဤစကားလေးနှစ်လုံးကိုသာ သိလေ၏။

"ရှောင်ကျို့လို့......" 

လင်းရုဖေးက အလျင်မလိုပါချေ။သူ့ခေါင်းလေးအားပုတ်လိုက်ရင်း ဆာနေ၍ပါလားဟု မေးလိုက်ရာ ကုရွှမ်းတုက ခေါင်းညိမ့်ပြလာ၏။ဤနေ့မှစကာ ကုရွှမ်းတု၏အခြေအနေက တဖြေးဖြေးတိုးတက်လာပြီး သူ့နာမည်ရင်းအား သတိရသွားရုံမက အချို့မှတ်ဥာဏ်များလည်း ပြန်ရလာသည်။သို့သော်လည်း ဤမှတ်ဥာဏ်များက အတော်လေးရှုပ်ထွေးပြန့်ကျဲနေဆဲပင်။အချိန်ကြာသွား၍ထင် ကောင်းသည့်မှတ်ဥာဏ်များနှင်ဆိုးသည့်မှတ်ဥာဏ်များက လတ်တလောတွင် အတူတူရောနှောနေ၏။ 

သူက ကောင်းသည့်အရာများအား အမှတ်ရသွားသော် ကုရွှမ်းတုက ပျော်ရွှင်လာပြီး ရှောင်ကျို့ဟုခေါ်လာပြီး သူ့အား ထိုမြို့တွင်ရောင်းသည့် အရုပ်ပုံသကြားလုံးလေးများက အလွန်အရသာရှိလှ၍ နောက်ထပ်တစ်ခုစားချင်ကြောင်းဆိုလာ၏။သူက မကောင်းသည့်အရာများအား အမှတ်ရသွားသော် သူက တစ်ရှုံ့ရှုံ့ငိုလာပြီး သူ့အားထပ်ပြီးထားမသွားရန် ငိုပြီးပြောတတ်သည်။ထိုသည်က သူထပ်ပြီးနောက်ထပ်နှစ်တစ်ရာစောင့်ရမည်စိုး၍ဖြစ်မည်။ထိုချယ်ရီပန်းပွင့်တောက အလွန်ကြီးမားပြီး ကျန်ရစ်ခဲ့သောအခါ ပိုပြီးအေးစက်အထီးကျန်ဆန်ခဲ့၏။သူက ဘာမှမလုပ်နိုင်သော်လည်း စောင့်ပြီးရင်းစောင့်ကာ ဆောင်းရာသီတွင် ဘယ်တော့မှမပွင့်သည့် ချယ်ရီပန်းပွင့်လေးအား စောင့်နေရသလိုပင်။ 

လင်းရုဖေးက နားထောင်ပြီးသွားသော် သူ့နှလုံးသားက ဆိုးဆိုးဝါးဝါးနာကျင်လာ၏။သူက သူလေးအား လက်မောင်းထဲပွေ့ပိုက်ထားလိုက်ပြီး ဂရုတစိုက်ချော့မြူနေမိသည်။ကုရွှမ်းတုက ငိုပြီးရင်းငိုနေကာ မျက်တောင်ကော့ကော့လေးများက မျက်ရည်ပေါက်ကြီးများစွန်းထင်းနေပြီး ယင်းက အိပ်ပျော်မသွားမီအထိပင်။လင်းရုဖေးက သူ့ဆံပင်လေးအား ဖွဖွလေးသပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"မငိုပါနဲ...ကျွန်တော် ခင်ဗျားကိုတစ်ယောက်တည်း ထပ်ပြီးမချန်ထားခဲ့တော့ဘူးနော်" 

မျက်တောင်တစ်ခတ်စာအတွင်း ဇွန်လက ရောက်ရှိလာပြီး လင်းဝေရွေ့လက်ထပ်မည့်နေ့လည်း ဖြစ်၏။ခွန်းလွန်နှင့် ပတ်လည်ရှိဆယ်မိုင်အကွာတွင် အနီရောင်တောက်တောက်များ ဆင်ထားလေသည်။

လင်းပျန့်ယွီက ကန့်လန့်ဖြတ်မီးခွက်နှစ်ခုအား ကြည့်လိုက်ကာ သူတို့ညီမငယ်လေး၏လက်ထပ်ပွဲအခမ်းအနားအား လုပ်ဆောင်ပေးနေ၏။သူ့အဖေက တံခါးပိတ်ကျင့်ကြံခြင်းမှထွက်မလာသေး၍ သူ့အစ်ကိုကြီး အကြီးအကဲခုံတွင်ထိုင်ရပြီး စုံတွဲမှကမ်းပေးသည့် လက်ဖက်ရည်အား သောက်ပေးရလေသည်။  

မင်္ဂလာအိပ်ခန်းသို့ပို့ပေးပြီးနောက် အသက်ဝင်တက်ကြွနေသည့်စားသောက်ပွဲကြီးစတင်လာ၏။ 

ဤသည်က ကောင်းသည့်အရာဖြစ်သော်လည်း လင်းဝေရွေ့ဘက်ကမိသားစုအနေနှင့် လင်းရုဖေးမှာ နှလုံးကွဲကြေရဆဲပင်။သူက သာမန်ကာလျှံကာမျှ တစ်ခုခုစားလိုက်ပြီး စားသောက်ပွဲမှထွက်လာကာ နားနားနေနေနေရန် တိတ်ဆိတ်သည့်နေရာလေးအားရှာလိုက်၏။ကုရွှမ်းတုက သူ့အင်္ကျီလက်မှအပြင်ဘက်သို့တွယ်တက်လာပြီး ယခုလေးတင်မှနိုးလာသည့်ပုံပေါ်သည်။သူ့မျက်လုံးလေးများအား ပွတ်သပ်လိုက်ရင်း ဘာကြောင့်များ ရှောင်ကျို့မပျော်မရွှင်ဖြစ်နေရပါသလဲဟု မပီတပီအသံလေးနှင့် မေးလာသည်

“ကျွန်တော်အစ်မလက်ထပ်သွားတာမြင်ရတာ ဘယ်လိုလုပ်ပြီး မပျော်ဘဲနေမလဲ"လင်းရုဖေးက ဆိုလိုက်သည်။ 

“ဒါပေမယ့် ရှောင်ကျို့က မပျော်ဘူးလေ"

ကုရွှမ်းတုက သူ့ခေါင်းလေးအား စောင်းလိုက်ပြီး တိုးတိုးလေးပြောလာ၏။

"ရှောင်ကျို့မပျော်ဘူးဆိုတာ ငါသိတယ်"  

“မပျော်တာမဟုတ်ပါဘူး..ဝမ်းနည်းသွားမိရုံပါ"

ထို့နောက် လင်းရုဖေးက သက်ပြင်းချလိုက်ပြီး:''မမက အခုဆိုရှန်မိသားစုဝင်ဖြစ်တော့မှာ.,.သူမပြန်လာလည်ဖို့က ဘယ်လောက်ကြာမှလည်းဆိုတာ ကျွန်တော်မသိတော့ဘူး....ရွှမ်းတု ဗိုက်ဆာနေပြီလား...". 

ကုရွှမ်းတုက မေးလာ၏။ "ရွှမ်းတုလား..." 

လင်းရုဖေး : "အင်း...."

ကုရွှမ်းတုက မေးလိုက်သည်။

"ရှောင်ကျို့က ကိုယ့်ကို ဘာလို့ အကြီးအကဲလို့ထပ်မခေါ်တော့တာလဲ"

သူက အံကြိတ်လိုက်ရင်း နှုတ်ခမ်းဆူလိုက်ကာ:"ရှောင်ကျို့က ကိုယ့်ကို အကြီးအကဲလို့ခေါ်တာထပ်ကြားချင်တယ်"

ပေါက်စလေးက ကလေးသံလေးအားသုံးကာ ကျိုးကြောင့်မသင့်သည့် စကားလုံးများပြောလာသည်က အတော်လေး အံ့သြဖွယ်ကောင်းလှသည်။

လင်းရုဖေးက အော်ရယ်လိုက်ကာ လက်ဆန့်လိုက်ပြီး ပါးစုန့်လေးအား အသာလေးညစ်လိုက်ကာ:"ခင်ဗျားပုံစံလေးကိုလည်း ကြည့်ဦး..ခင်ဗျားက ကျွန်တော်ကိုအကြီးအကဲလို့ခေါ်စေချင်သေးတာလား" 

“ဒါပေမယ့် အဲ့ဒါရှောင်ကျို့က ကိုယ့်ကိုခေါ်နေကျလေ"

ကုရွှမ်းတုက လက်မခံနိုင်ဖြစ်နေပြီး မသဲမကွဲငြင်းခုန်လာ၏။

"ရှောင်ကျို့က ပြောင်းလဲသွားပြီ...ကိုယ့်ကိုထပ်မကြိုက်တော့ဘူး"  

လင်းရုဖေးက ဆိုလိုက်သည်။

"ခင်ဗျားကြီးလာတဲ့ထိ စောင့်ပါဦး" 

ကုရွှမ်းတုက ပါးစုန့်လေးပေါ်မှ မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာသည်ထိ တရှံ့ရှုံ့ငိုတော့၏။သူ၏လက်ရှိသွင်ပြင်အား ကောင်းကောင်းနားလည်သောကြောင့် သူသာဤနည်းဖြင့် တစ်ခုခုတောင်းဆိုပါက ရင်အနာရလွန်းသဖြင့် ဖူဟွားနှင့်ယွီရွေ့တို့ကတောင်းဆိုသမျှလိုက်လျောပေးလေ၏။သို့သော်လည်း လင်းရုဖေးက ယင်းအား အကြာကြီးအသားကျနေပြီးဖြစ်၍ ပြုံးလိုက်ပြီးသူ့နှာခေါင်းလေးအား ညစ်လိုက်ကာ ဆိုလိုက်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ..ထပ်မငိုနဲ့တော့ ..မင်းကြီးလာပြီလေ..ဘာလို့ငိုနေရသေးတာလဲ..ရှက်စရာကောင်းတယ်ဆိုတာ မသိဘူးလား" 

“မရှက်ဘူး"

ကုရွှမ်းတုက စိတ်အားငယ်သွားသည့်အသံဖြင့်:"ရှောင်ကျိူ့က ကိုယ့်ကိုသဘောမကျမှတော့ ကိုယ်လည်းရှက်နေမှာမဟုတ်ဘူး"

ထိုသို့ပြောလိုက်ပြီးနောက် သူက လင်းရုဖေးအား တစ်ကြိမ်ပြန်ကြည့်လိုက်ပြီး:"ရှောင်ကျို့က ကိုယ့်ကိုသဘောမကျဘူးလား"  

“ဘိုးဘေးလေးရယ်...ကျွန်တော်က ဘယ်လိုလုပ်ပြီး ခင်ဗျားကိုသဘောမကျဘဲနေနိုင်ရဲမှာလဲ"

လင်းရုဖေးက ရယ်မောလိုက်ပြီး:"လာပါ...ပြန်သွားကြရအောင်" 

သူက ကုရွှမ်းတုအားချီလိုက်ပြီး နှစ်ဦးသား စားသောက်ပွဲဆီသို့ ပြန်ပြီးဦးတည်သွားလိုက်သည်။ 

လင်းပျန့်ယွီက လက်ရှိတွင် ရှန်ဝူချွေ့အား သောက်ခိုင်းနေသော်ငြား လင်းမင်ကျစ်က ပါဝင်ခြင်းမရှိချေ။သူက ဘေးတွင်သာ တစ်ကိုယ်တည်းသောက်နေ၏။သူ၏အရှိန်အဝါနှင့်သွင်ပြင်က အခြားသူများအား ရှေ့တိုးပြီးအတူပါဝင်လာရန် တွန့်ဆုတ်စေမိ၏။သူ့ညီငယ်လေးဖြစ်သူ လင်းရုဖေးသာလျှင် ပြုံးလိုက်ပြီး သူ့အနားသွားထိုင်ကာ ဆိုလိုက်သည်။

"အစ်ကိုကြီး..ဖြေးဖြေးပေါ့ အများကြီးမသောက်လိုက်နဲ့ဦး" 

“အများကြီးမသောက်ပါဘူး"

လင်းမင်ကျစ်က လင်းရုဖေးအား သတိထားမိသွားသော် သူ့မျက်နှာက တဖြေးဖြေးနူးညံ့လာကာ:''ငါ ဒီနေ့ပျော်နေရုံမို့..ခွက်နည်းနည်းလောက်သောက်ပြီးတာနဲ့ ရပ်လိုက်တော့မှာ" 

သူက သူပျော်နေပါသည်ဟုသာ ပြောသော်လည်း သူ့မျက်နှာထက် ပျော်ရွှင်မှုအား မတွေ့ရချေ။ 

ယင်းက မျှော်လင့်ထားသော်ငြား တကယ်တမ်းတွင်ဖြင့် သမီးတစ်ယောက် လက်ဆက်သွားသော် ထိုမိသားစု၏အမေဘက်က ခံစားရလေ၏။လင်းပျန့်ယွီက ပြုံးနေသော်ငြား ရှန်ဝူချွေအား အတင်းအကျပ်သောက်ခိုင်းချင်စိတ်အား ထိန်းမထားတော့ချေ။သနားစရာရှန်ဝူချွေ့လေးက မျက်နှာနီနေပြီဖြစ်ကာ ငြင်းဆန်ရန်ခေါင်းခါနေဆဲဖြစ်သော်ငြား လင်းပျန့်ယွီက သူ့လည်ပင်းအားဖက်လိုက်ပြီး သူ့လည်ချောင်းထဲသို့ နောက်ထပ်တစ်ခွက်လောင်းချလိုက်သည်။နောက်ဆုံးတော့ လင်းမင်ကျစ်မှာ ထပြောလိုက်ရပြီး လင်းပျန့်ယွီအား တော်လောက်ပြီဖြစ်ကြောင်း ပြောလိုက်ရသည်။ဝေရွေ့က စောင့်နေပြီဖြစ်၍ သူသာ အမူးသမားအား သွားပို့ပါက ဝေရွေ့က သေချာပေါက်မပျော်မရွှင်ဖြစ်သွားလိမ်မည်ပင်။ 

လင်းပျန့်ယွီက သူ့စကားများအား သေချာစဥ်းစားလိုက်ပြီးနောက် သူက သူမအတော်လေးပျော်ရွှင်ရကာပြုံးပျော်နေမည်ဖြစ်ကြောင်း ယုံကြည်သောကြောင့် သူ့ကိုယ်သူ ဟန့်တားလိုက်ပြီး ရှန်ဝူချွေ့ပုခုံးအား ပုတ်လိုက်ကာ:"ဆက်လုပ် ဆက်လုပ်..ငါကတော့ မင်းတို့နဲ့ထပ်မကစားတော့ဘူး..ငါနဲ့အတူသောက်ဖို့ တစ်ယောက်ယောက်သွားရှာတော့မယ်"

ဤသို့ပြောရင်း သူက သေရည်ကရားအားသယ်ပြီးထွက်သွားကာ သူနှင့်အတူဆက်သောက်မည့် နောက်ထပ်ကံဆိုးရှာမည့် လူအား ရှာနေလေ၏။ 

ကျင့်ကြံခြင်းအဆင့်ရှစ်ရှိသည့် လင်းပျန့်ယွီကဲ့သို့လူမျိုးက လုံးဝမူးသွားချင်နေသည်က ဖြစ်နိုင်ဖွယ်မရှိချေ။လင်းရုဖေးကလည်း ခွက်အနည်းငယ်ခန့်သောက်လိုက်သော်လည်း သူက ကုရွှမ်းတုသူ့အားသောက်ရန်ပေးခဲ့ဖူးသည့် စိမ်းပြာရောင်သေရည်ချိုင့်အား သတိရသွားလေ၏။အချိန်အတော်ကြာပြီးတာတောင်မှ လင်းရုဖေးက ထိုချိုင့်၏အရသာအား မှတ်မိနေဆဲပင်။သို့သော်လည်း ကံမကောင်းသည်က သေရည်အရသာကောင်းပါသော်လည်း မူးယစ်သွားသည်က အံ့အားသင့်ဖွယ်ဖြစ်ပြီး ခွက်အနည်းငယ်သောက်ပြီးသည်နှင့် လင်းရုဖေးက အတော်အတန်ရီဝေလာရသည်။ထိုကောင်းမွန်လှသည့်သေရည်အား သောက်ဖူးသွား၍ အခြားသေရည်အမျိုးအစားများအားသောက်ကြည့်သော် ရေသောက်နေရသလိုပင်ခံစားရသည်။နောက်ပိုင်း သူကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်များပြန်ရသွားသည့်အခါမှ လင်းရုဖေးက ဤသေရည်မှာ ကောင်းကင်ဘုံအုပ်ချုပ်သူက ကုရွှမ်းတုအတွက် ရှားပါးသည့်ဆေးဘက်ဝင်အပင်များသုံးပြီး အထူးလုပ်ပေးထားသည်ဖြစ်၍ ယခုတွင် ယင်းအား အသစ်ချက်ရန်ခက်ခဲလှကြောင်း နားလည်သွားရသည်။ 

လင်းရုဖေးက သေရည်ခွက်အား ပွတ်သပ်နေရင်းမှ အတွေးများစွာ ခေါင်းထဲဝင်လာ၏။  

ကုရွှမ်းတု၏ဝိဥာဥ်သာ အဆင်သင့်ဖြစ်လုနီးနီးရှိနေပါက သူ့ခန္ဓာကိုယ်အားဖွဲ့စည်းရန်အလို့ငှာ ပစ္စည်းများရှာရန် ခွန်းလွန်မှပြန်ထွက်သွားမည်ဖြစ်ပြီး ကျန်သည့်ဖိတ်ကြားစာများကိုလည်း လမ်းတွင်ပို့ပေးခဲ့မည်ဖြစ်သည်..။ 

ယင်းအား စဥ်းစားကြည့်ရင်း လင်းရုဖေးက နည်းနည်းချင်းသောက်နေရာမှ များစွာသောက်ပြီးလက်စသတ်လိုက်သည်။သူ၏ပါးဖျော့ဖျော့လေးက အနီရောင်သန်းလာပြီး မျက်လုံးများကလည်း မှေးခနဲဖြစ်လာ၏။လင်းမင်ကျစ်က ယင်းအား အာရုံစိုက်မိသွား၍ သူက လက်အောက်ငယ်သားများအား ဆင့်ခေါ်ကာ လင်းရုဖေးအား သူ့ဝန်းထဲသို့ပြန်ပို့ပေးရန်စေခိုင်းလိုက်သည်။

ရာသီဥတုက ယနေ့တွင်ကောင်းမွန်၍ ကောင်းကင်ယံက မှောင်မိုက်သွားသည်နှင့် ကြယ်တာရာအပြည့်ဖြစ်နေသည့် ကောင်းကင်ကြီးအား မြင်တွေ့နိုင်ပေ၏၊လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့တို့အကူအညီနှင့် အိမ်ထဲဝင်လာရသော်လည်း အနားယူပြီးအိပ်ရန်ငြင်းဆန်လာသည်။ခြံဝန်းထဲသို့တရွတ်တိုက်သွားလိုက်ရင်း သူက အဖော်မဲ့နေရှာသည့် ချယ်ရီပန်းပွင့်ပင်အားကြည့်လိုက်ကာ သူနှုတ်ဖျားမှ စကားစမြည်ပြောလာ၏။သူဘာများပြောနေလဲ မသိပါသော်ငြား ကြည့်ရသည်မှာ ကုရွှမ်းတုအား ပြောပြချင်သည့်အကြောင်းများစွာရှိ၍ ယခုတွင်မူ သူကယင်းတို့အား တစ်ပြိုက်နက်တည်းပြောနေပုံပေါ်သည်။ 

စကားပြောရမောပန်းလာ၍ သူက ပြန်လှည့်လိုက်ပြီး အိမ်ဝန်းထဲရှိ ထိုင်ခုံတွင် တစ်ရေးမှေးရန် လှဲချလိုက်သည်။လေအဝှေ့၌ သူ့နောက်မှတစ်ယောက်ယောက်က ညင်ညင်သာသာဖက်လာပြီး နားနားတိုးတိုးလေးကပ်ပြောလာသည်။

"ကိုယ်အရင်က ဘာလို့များမသိခဲ့တာပါလိမ့်...ရှောင်ကျို့က အချစ်ကြောင်းပြောတဲ့နေရာမှာတော်တယ်ဆိုတာ...." 

လင်းရုဖေးက မျက်လုံးဖွင့်ချင်ပါသော်လည်း သူ့မျက်ခွံများက ကော်ကပ်ထားသည့်နှယ်ပိတ်ထား၍ ပြန်မဖွင့်နိုင်တော့ပေ။တစ်ခဏမျှရုန်းကန်ကြည့်ပြီးနောက် သူက အရှုံးပေးလိုက်ပြီး သူကဝန်ခံသွားရသည့်အနေနှင့် နှစ်ကြိမ်ခန့်အသံပေးလိုက်လေ၏။ 

တုန်နေအောင်ချစ်မြတ်နိုးဟန် တခစ်ခစ်ရယ်သံ တိုးတိုးဖွဖွက အနောက်မှလိုက်လာ၏။တစ်ယောက်ယောက်က ညအအေးဓတ်အားကာကွယ်ရန် သူ့ကိုယ်ပေါ်သို့ အပေါ်ဝတ်ရုံလွှာတစ်ခုလွှားပေးလာသည်။

နောက်တစ်နေ့မနက်၌ လင်းရုဖေးက အခန်းထဲတွင် အိပ်ရာနိုးလာသည်။အရက်နာကျနေ၍ သူက ဆိုးဆိုးဝါးဝါးခေါင်းကိုက်နေပြီး လက်ရှိအိပ်ရာပေါ်ထိုင်နေရင်း အံကြိတ်ကာ ဖူဟွားနှင့်ယွီရွေ့တို့အား အော်ခေါ်လိုက်သည်။ 

“သခင်လေးမနေ့ညက အများကြီးသောက်ခဲ့တာလေ"

ဖူဟွားက အမူးပြေစွပ်ပြုတ်အား သယ်လာပြီးနောက် သူမက ဤအတွက်အချိန်ကြာပြင်ဆင်ထားသည့်နှယ် ပြုံးပြလာပြီး:"အခုတော့ ဆိုးဆိုးဝါးဝါးခေါင်းကိုက်ပြီပေါ့..မြန်မြန်လေး ..အမူးပြေစွပ်ပြုတ်လေးသောက်လိုက်ပါ"

____


Translated By IQ-Team.