Chapter 185
သူလေးပေါက်စ
───────
ဤလူပေါက်စလေးက ကုရွှမ်းတုနှင့် ခုနစ်ဆယ်သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းခန့်ဆင်သော်လည်း သူ၏အစိတ်အပိုင်းလေးများက ပိုပြီးနူးညံ့လေ၏။ရှင်းရှင်းလင်းလင်းပင် သူက ကုရွှမ်းတုအသေးစားလေးဖြစ်သည်။လင်းရုဖေးက သူ၏အသွင်အပြင်အား ဂရုတစိုက်လေ့လာလိုက်ကာ လက်ဆန့်ပြီးဖွဖွလေးပုတ်လိုက်မိသည်။လူသေးသေးလေးက လင်းရုဖေးပုတ်လိုက်သည့်ဒဏ်အား မခံနိုင်၍ မြေပေါ်သို့ကျသွားလေ၏။မော့ကြည့်လိုက်ချိန်တွင် သူက လင်းရုဖေးအား မကျေနပ်သည့်အမူအရာအားပြလာပြီး တစ်ခဏအကြာ၌ သူက စတင်မြည်တမ်းပြီးငိုကြွေးတော့သည်။
လင်းရုဖေးက သူငိုသွားသည်အားမြင်သော် ချက်ချင်းပင် အထိတ်တလန့်ဖြစ်သွားရကာ သူ့လက်ချောင်းလေးများနှင့် ဂရုတစိုက်ချီမလိုက်ရင်း ပြောလိုက်လေ၏။
"မငိုနဲ့တော့..မငိုနဲ့တော့နော်..မငိုပါနဲ့တော့ ရွှမ်းတုရယ်.."
ကုရွှမ်းတုအသေးစားလေးက လင်းရုဖေးလက်ချောင်းလေးအား ပိုက်လိုက်ပြီး မကျေနပ်သည့်အကြည့်ဖြင့် လင်းရုဖေးလက်ချောင်းအား ကိုက်လိုက်လေ၏။သို့သော်လည်း သူကသေးလွန်း၍ အားအများကြီးလည်းမပါကာ အကုတ်ခံလိုက်ရသလိုပင်ခံစားရ၏။
လင်းရုဖေးက သူ့ကြောင့်သဘောကျသွားရကာ:"မင်း ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ"
သူက ဤစကားလုံးမျာအား ပြောပြီးသည့်နောက် နှလုံးသားထဲတွင်အနည်းငယ်နာကျင်သွားရသည်။အဆုံးတွင်ဖြင့် ယင်းက ဝိဥာဥ်တစ်ခုက ရုပ်ခန္ဓာမှကွဲထွက်သွားသည့်အကျိုးရလဒ်တစ်ခုကြောင့်သာ ဖြစ်နိုင်လေ၏။သို့သော်လည်း ယခုအခြေအနေက ကောင်းကင်ဘုံအုပ်ချုပ်သူထက်စာပါက ပိုကောင်းရသည်က အပြင်ဘက်ဝန်းထဲရှိ သာမန်ဟုထင်ရသည့် ချယ်ရီပန်းပွင့်ပင်က ကုရွှမ်းတု၏အသက်သွေးကြောဖြစ်ပြီး ကုရွှမ်းတု၏ဝိဥာဥ်ကိုလည်း ထောက်ပံ့ပေးနိုင်၏။
ဤပေါက်စလေးက လင်းရုဖေးလက်ထဲတွင် ကိုင်ထားကြည့်မှသာ သေးလွန်းကြောင်းခံစားရလေ၏။သို့သော်လည်း ဖူဟွားနှင့်ယွီရွေ့တို့က အသံအားကြားလိုက်ရ၍ ကြည့်ရန်ဝင်လာကြ၏။ထို့နောက်တစ်ချက်ကြည့်လိုက်ရာ သူတို့က လက်မအရွယ်လူသေးသေးလေးက လင်းရုဖေးဆံပင်ထဲတွင် ရှက်ကိုးရှက်ကန်းပုန်းနေသည်အား သတိပြုမိသွားလေ၏။သူတို့ဝင်လာသည်အား မြင်သွားသော် သူက ခေါင်းလေးထုတ်ပြီးကြည့်လာသည်။
“ယို့...ဘာလေးလဲ"ယွီရွေ့က အံ့အားသင့်စွာ မေးလာ၏။
“အဲ့ဒါလေးက ဟိုချယ်ရီပန်းပွင့်ကနေ စိတ်ဝိဥာဥ်တစ်ခုဖြစ်လာတာလေးလား"
ဖူဟွားက ချက်ချင်းပင် စားပွဲပေါ်တွင်ရှိနေသည့် ပွင့်အာနေသည့်အဖူးလေးအား သတိထားမိသွားလေ၏။
“အဲ့တာ...ငါ့မိတ်ဆွေတစ်ယောက်ပါ"
လင်းရုဖေးက ရယ်မောလိုက်ပြီး:"သူ့ရုပ်ခန္ဓာက ထိခိုက်သွားတော့...ဝိဥာဥ်ပဲကျန်ခဲ့ပြီး အကြောင်းတစ်ချို့ကြောင့် သူက ဒီလိုလေးဖြစ်သွားရတာ"
“ဒီလိုလေးကလည်း....ချစ်စရာကောင်းလိုက်တာ"
ယွီရွေ့က အရုပ်သေးသေးလေးအား ကြည့်လိုက်ကာ ပန်းရောင်ကြယ်လေးများက သူမမျက်စိထဲမှ ရုတ်တရက်ထွက်ပြူလာ၏။ယင်းက သူမမှာ အပြင်းပြေးသွားပြီးဖက်ထားလိုက်ချင်သည့်နှယ်။
ကုရွှမ်းတုက လူစိမ်းများအား အလွန်အမင်းထိတ်လန့်နေ၍ လင်းရုဖေးဘက်သို့ အမြန်မှီချလိုက်လေ၏။လင်းရုဖေးက သူ့အား ရင်အုံထဲသို့အသာအယာထည့်လိုက်ရင်း ဆိုလိုက်သည်။
"သူက ကြောက်နေတာ မခြောက်မိစေနဲ့လေ"
ထိုသို့အပြောခံလိုက်ရသော်ငြား ဖူဟွားနှင့်ယွီရွေ့တို့က လူသေးသေးလေး၏ တုံးလုံးလေးဖြစ်နေသည့်လက်မောင်းလေးများနှင့်လက်ကလေးများအားမြင်ရ၍ ပျော်နေကြဆဲဖြစ်ကာ ချက်ချင်းပင် အပ်နှင့်အပ်ချည်ကြိုးအား ဆွဲထုတ်လာကြပြီး သူ့အတွက် အဝတ်သေးသေးလေးများ ချုပ်ပေးလာကြ၏။ထိုမိန်းကလေးနှစ်ယောက်က ကုရွှမ်းတုအား အရုပ်လေးတစ်ရုပ်နှယ် ဆက်ဆံနေကြခြင်းဖြစ်နိုင်သည်။
အဝတ်ကလေးများ ဝတ်ပေးပြီးသည်တွင် ကုရွှမ်းတုက လှမ်းထွက်လာပြီး သူ့ပုံစံက နိုးလာကစဥ်လောက် ကြောက်ရွံ့နေပုံမပေါ်ချေ။ထို့အစား သူက ပတ်ပတ်လည်ရှိအရာရာတိုင်းအား သိချင်နေ၏။ဘယ်ပြန်ညာပြန်ကြည့်လိုက်ပြီး ဆော့နေကာ ဆော့နေရင်းမှ ရုတ်တရက်တရှုံ့ရှုံ့ငိုလာပြန်၏။ပြောရမည်က ဤသည်က လင်းရုဖေးအတွက် ကုရွှမ်းတု၏ကျို့ပဲ့လွယ်သည့်ပုံစံလေးအား မြင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ကာ သူက အသည်းကွဲနေစဥ်မှာပဲ သူကအတော်လေးချစ်စရာကောင်းသည်အား ရှာတွေ့သွားလေ၏။သူက သူ၏မျက်နှာသေးသေးလေးအား ထိကြည့်ကာ မေးလိုက်သည်။
"ဘာလို့ ငိုနေရတာလဲ"
ကုရွှမ်းတုက သူ့ဗိုက်ကလေးအား ထိပြလိုက်ပြီး လင်းရုဖေးအား မကျေနပ်သည့်အကြည့်နှင့်ကြည့်လာ၏။
လင်းရုဖေးက ချက်ချင်းနားလည်သွားလေသည်။သူက အမြန်ပင် ဖူဟွားနှင့်ယွီရွေ့တို့အား အစားအစာအချို့ပြင်လာပေးရန် ပြောလိုက်သည်။သူက ကုရွှမ်းတုစားချင်သည့်အရာအား မသိ၍ အရာအားလုံးအားအနည်းငယ်စီပြင်ထားခိုင်းလိုက်ပြီး ကုရွှမ်းတုအားရွေးစေရန် ယူလာခိုင်းလိုက်သည်။ကုရွှမ်းတုက ထမင်းထိပ်ပိုင်းအား ခက်ခက်ခဲခဲကုတ်ယူလိုက်၏။သူက လက်သေးသေးလေးနှင့် ထမင်းဆုပ်သေးသေးလေးလုံးလိုက်ပြီး အနည်းငယ်ကိုက်စားလိုက်ကာ လေချဥ်တက်လိုက်ရင်း ဗိုက်ပြည့်သွားသလိုခံစားရသွားသည်။သူက မျက်လုံးများကိုပွတ်လိုက်ကာ အိပ်ချင်သည့်ပုံပြလာ၏။လင်းရုဖေးက ဤသည်အားမြင်သော် သူ့အားဂရုတစိုက်အောက်ချပေးလိုက်ပြီး ချယ်ရီပန်းပွင့်ထဲပြန်ထည့်ပေးလိုက်သည်။ကုရွှမ်းတုချယ်ရီပန်းပွင့်ထဲဝင်သွားသည့်အချိန် ပွင့်ချပ်လေးက ပြန်ပိတ်သွားပြီး ကုရွှမ်းတုအား ရစ်ပတ်ထားလိုက်လေသည်။
လင်းရုဖေးက ကုရွှမ်းတု၏ဝိဥာဥ်အား ပျိုးထောင်ရန် အချိန်တစ်ချို့ယူရလိမ့်မည်ဟု သိသော်လည်း သူကအလျင်မလိုချေ။ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်များပြန်လည်ရရှိပြီးသည့်နောက် သူ့ကိုယ်ထဲရှိအံ့ဖွယ်ဓါးဆန္ဒနှင့်ဆိုင်သည့် နည်းလမ်းတစ်ခုရသွား၍ အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူပြန်ပြီးထိခိုက်စေမည်အား စိုးရိမ်စရာမရှိတော့ချေ။သူက အချိန်ယူနေသရွေ့ မကြာမီ အရင်အဆင့်အား ချိုးဖျက်နိုင်တော့မည်ပင်။
ဤအရုပ်ပေါက်စလေးကြောင့် မူလက အပြင်မထွက်ချင်သည့် လင်းရုဖေးက ယခုတွင်လုံးဝပျောက်ကွယ်သွားလေ၏။လင်းပျန့်ယွီနှင့်အခြားသူများက သူတို့က လင်းရုဖေးအား ရက်အနည်းငယ်မမြင်ရ၍ ဘာဖြစ်နေမှန်းမသိကြချေ။ထို့ကြောင့် သူတို့ကတစ်ချက်ကြည့်ရန်လာသော်ငြား အိမ်ထဲမဝင်မီ ကလေးရယ်သံအားကြားလိုက်ရချေ၏။လင်းဝေရွေ့၏မျက်လုံးများပြူးကျယ်သွားရကာ သူမက စိတ်လှုပ်ရှားစွာဖြင့် ဆိုလာ၏။
" ကျွန်မရဲ့ရှောင်ကျို့လေးက အရွယ်ရောက်လာပြီးတော့ တစ်နေရာရာက မိန်းကလေးတစ်ယောက်ကိုများ လှည့်စားခဲ့တာလား..ပြောချင်တာကလေ..တကယ်တမ်းကျ သူလည်း နှစ်ဆယ်နဲ့နှစ်အချို့ရှိနေပြီဆိုတော့ ..လက်ထပ်ရမယ့်အရွယ်လည်း ရောက်နေပြီ..."
လင်းပျန့်ယွီက သူ၏ယုံကြည်စိတ်ချထား၍မရနိုင်ထားသည် ညီမငယ်အား စိုက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက်ကာ တံခါးအား တွန်းဖွင့်လိုက်လေ၏။
သို့သော်လည်း အထဲဝင်ပြီးနောက် သူတို့မှာ အမှန်ပင် ကလေးတစ်ယောက်အား သတိထားမိသွားရသည်အား မည်သူသိမည်နည်း။သို့သော်လည်း ဤကလေးက သာမန်ကလေးများနှင့်အလွန်ခြားနားကာ လက်မအရွယ်ပင်ရှိ၏။သူက အခုလင်းရုဖေး၏လက်ပေါ်ရပ်နေပြီး သူ့ခေါင်းထက်ကြီးသော သစ်သီးအားကိုင်ထားကာ တစ်တိတိကိုက်စားနေ၏။သူတို့ဝင်လာသည်အားမြင်သော် ရှိန်သွားသည့်အကြည့်အား ပြလာပြီး ချက်ချင်းပင်ကိုယ်ကိုကျုံ့လိုက်ကာ လင်းရုဖေးအင်္ကျီလက်ထဲသို့ ဝင်သွားလေသည်။
“ဝိုး...ဘာလေးလဲ"
လင်းဝေရွေ့၏မျက်ခုံးများ မြောက်ပင့်တက်လာကာ:"ရှောင်ကျို့..ဘယ်ကနေ ဒီလိုချစ်စရာအရုပ်လေး ရခဲ့တာလဲ"
လင်းရုဖေးက ခါးသက်သက်ရယ်လိုက်ရင်း လင်းဝေရွေ့နှင့် လင်းပျန့်ယွီအား ဖူဟွားနှင့်ယွီရွေ့တို့ကိုပြောပြထားသည့်အကြောင်းကိုပင် ပြောရပေဦးမည်။သို့သော်လည်း ထိုနှစ်ဦးက ဤသည်အားကြားပြီးနောက် မျက်နှာထက် ထူးဆန်းသောအမူအရာများရှိလာပြီး လင်းဝေရွေ့က မေးလာ၏။
"ဒါဖြင့် ဒီအကြီးအကဲရဲ့ဝိဥာဥ်ကို ထောက်ပံ့ပေးဖို့ ဘာလိုတာလဲ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
'ဝိဥာဥ်ထောက်ပံ့သစ်သားနဲ့က အကောင်းဆုံးပေါ့..ဒါပေမယ့် ခွန်းလွန်ဂိုဏ်းမှာက အဲ့လိုအရာမျိုးမရှိတဲ့ပုံပဲ"
“မရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ"
လင်းဝေရွေက အပြုံးလေးနှင့် ဆိုလိုက်သည်။
"နင် ကံကောင်းသွားတယ်..လွန်ခဲ့တဲ့ရက်တွေတုန်းက ရှန်မိသားစုက ခန်းဝင်လက်ဆောင်တွေလာပို့ပေးထားတာနဲ့ကြုံသွားတာ..အဲ့ဒီအထဲမှာ ဝိဥာဥ်ထောက်ပံ့သစ်သားတစ်ပိုင်းလေးပါလာတာက အရမ်းတိုက်ဆိုင်သွားတာပဲ...ဒါက နင်လိုချင်တာမှန်းမသိဘူးလေ..ငါနဲ့လိုက်ပြီးတစ်ချက်ကြည့်ကြည့်ပေါ့"
လင်းရုဖေးမျက်လုံးများမှာ ပြူးကျယ်သွားပြီး"တိုက်ဆိုင်လိုက်တာ.."
လင်းဝေရွေ့က ပြန်ဖြေလိုက်သည်။
''ဟုတ်တယ်..တကယ်ကြီး တိုက်ဆိုင်သွားတာပဲ"
ရှန်မိသားစု၏ခန်းဝင်လက်ဆောင်က အလွန်အဖိုးထိုက်တန်လှပြီး အထဲတွင်လည်း မရေမတွက်နိုင်သည့် ရတနာများပါရှိလေ၏။လင်းဝေရွေ့က သဘောလောက်သာကြည့်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ဝိဥာဥ်ထောက်ပံ့သစ်သားအား မြင်လိုက်သည်။ဤပစ္စည်းက အလွန်ရှားပါးကာ သမားရိုးကျသုံး၍လည်းမရနိုင်၍ လင်းဝေရွေ့က ကောင်းကောင်းအမှတ်ရနေခြင်းပင်။သူမက လင်းရုဖေးအတွက် လက်သုံးဖြစ်လာမည်ဟု မမျှော်လင့်ထားရုံသာ။
လင်းရုဖေးက ခေါင်းညိမ်လိုက်ပြီး လူသေးသေးလေးအား ပန်းဖူးထဲပြန်ထားလိုက်ကာ သူနှင့်လင်းဝေရွေ့က အပြင်သွားလိုက်ဦးမည်ဖြစ်ပြီး မကြာမီပြန်လာမည်ဟု သူ့အားပြောလိုက်လေ၏။သူက သူ၏ဒုတိယအစ်ကိုကိုလည်း သူ့အားမျက်ခြေမပြတ်စောင့်ကြည့်ထားပေးရန် ညွှန်ကြားလိုက်ပြီး ပေါက်စလေးအား မြေပေါ်သို့ကျသွားခွင့်မပေးလိုက်ရန် ပြောထားရသည်။
လင်းပျန့်ယွီ၏မျက်နှာက ခန့်မှန်း၍မရနိုင်ဖြစ်နေသော်လည်း သူက ပြုံးပြကာ ခေါင်းညိမိ့ပြလာ၏။
"ကောင်းပြီ"
လင်းရုဖေးနှင့်လင်းဝေရွေ့တို့ထွက်သွားပြီးနောက် လင်းပျန့်ယွီက မျက်လုံးများမှေးကျင်းလိုက်ကာ သူ့ရှေ့မှပေါက်စလေးအား စိုက်ကြည့်လိုက်သည်။သူက ယခင်က လင်းရုဖေးဘေးတွင်တစ်ခုခုရှိနေမှန်း သိနေသော်လည်း ထိုအရာကဘာဖြစ်မည်မှန်း တိတိကျကျမသိထားချေ။ယခုမူ ဤအရှုပ်အထွေးကြီးအားဖြေချပြီးနောက် သူ့ရှေ့ကဤပေါက်စလေးက ထိုနှစ်က ချယ်ရီပန်းကိုင်းနှင့် သူ့အားခလုတ်တိုက်သွားရန် တမင်သက်သက်လုပ်လိုက်သူဖြစ်မည်ဟု ယုံကြည်လေ၏။
“မင်းလည်းတစ်နေ့ ဒီလိုမျိုးအဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ"
လင်းပျန့်ယွီက လူသေးသေးလေးက သူ့အောက်တွင် သစ်သီးအားဝါးစားရန် ရုန်းကန်နေရသည်အား သတိထားမိသွားသော် သူကကျိတ်ရယ်လိုက်ပြီး သူ့လက်ချောင်းနှင့်ဖွဖွလေးတွန်းပေးလိုက်သည်။သူက အားမထည့်လိုက်သော်ငြား လူသေးသေးလေးက နူးညံ့လွန်း၍ မြေပေါ်သို့တည့်တည့်အတွန်းခံလိုက်ရသည်။သစ်သီးသည်လည်း စားပွဲထောင့်စွန်းသို့ လိမ့်သွားလေ၏။လူသေးသေးလေးက တစ်ခဏမျှစိတ်ရှုပ်သွားရကာ သူ့အားကြည့်ရန်ခေါင်းလှည့်ပြီး တုန့်ပြန်မလိုက်မီမှာပင် သူ့မျက်လုံးများမှ မျက်ရည်ကြီးများ
အမြန်စုပြုံလာပြီး ပါးစပ်ဖွင့်လိုက်ပြီးနောက် အော်ငိုလေတော့၏။
"အူး...ဝါး......."
လင်းပျန့်ယွီက အသေးလေးငိုသံကြောင့် တုန်လှုပ်သွားကာ အထိတ်တလန့်ဖြင်;"ဘာလို့ငိုနေတာလဲ..ငါမင်းကိုမရိုက်ဘူးလေ"
လူသေးသေးလေးက သူ့အားကြည့်ရန် လျစ်လျူရှုထားကာ ဆက်သာငိုနေ၏။
လင်းပျန့်ယွီက မကျေမနပ်ဖြစ်စွာ သူ့အားဖော်လိုက်၏။
"ဟေ့...မင်းတမင်သက်သက်လုပ်နေတာမို့လား"
လူသေးသေးလေးက ဟမ့် ခနဲလုပ်လိုကပြီးနောက် ဆက်ငိုနေမြဲပင်။
"ဝူး...ဝူး...ဝူး......."
လင်းပျန့်ယွီက နောက်ဆုံးသူ့ရည်ရွယ်ချက်အား နားလည်သွားကာ အံတင်းတင်းကြိတ်ပြီး:''မင်း ရည်ရွယ်ချက်ရှိရှိလုပ်နေတာပဲ"
အသေးလေးက လင်းပျန့်ယွီအား လျစ်လျူရှုလျက်သာနေပြီး သူ့ကိုယ်ပိုင်မူနှင့် ဆက်ငိုနေမြဲပင်။လင်းပျန့်ယွီက သူရည်ရွယ်ချက်ရှိရှိလုပ်နေမှန်းသိသော်လည်း ဘာမှမတတ်နိုင်ပေ။သူက အကောင်သေးသေးလေးဖြစ်ပြီး သူ့အားရိုက်လိုက်ရင်လည်း လက်မခံနိုင်ဖွယ်ဖြစ်ရပေမည်။ထပ်ပြောရသော် ဤဟာလေးက သူ့ညီလေး၏အဖိုးတန်ရတနာလေးဖြစ်နေဆဲဖြစ်ကာ လင်းရုဖေးပြန်လာပြီးဤမြင်ကွင်းအား မြင်သွားရင်ဖြင့်...လင်းပျန့်ယွီမှာ ချက်ချင်း ခေါင်းကိုက်လာရသည်။
လင်းရုဖေးနှင့် လင်းဝေရွေ့တို့က ဝိဥာဥ်ထောက်ပံ့သစ်သားအား ယူပြီးပြန်လာခဲ့ကြသည်။သူတို့ဝင်လာသောအခါ မျက်လုံးများဖောင်းနေသည့် ကုရွှမ်းတုနှင့် သူ့ဘေးတွင်လက်ပိုက်လျက် မျက်နှာမည်းမှောင်စွာ ထိုင်နေသည့်လင်းပျန့်ယွီအား တွေ့လိုက်ရလေ၏။ လင်းရုဖေးက ကုရွှမ်းတုက ဝမ်းနည်းစွာငိုနေသည်အား မြင်သွားသော် အမြန်ပင် သူ့အားလက်ထဲထည့်လိုက်ရန် ရှေ့သို့ပြေးသွားလိုက်ကာ နေ့းထွေးသည့်လေသံလေးနှင့် မေးလိုက်သည်။
"ဘာလို့ငိုနေရတာလဲ"
ကုရွှမ်းတုက မျက်လုံးများပွတ်လိုက်ပြီး လင်းပျန့်ယွီအား ညွှန်ပြလိုက်လေ၏။
“ငါနဲ့ဘာမှမဆိုင်ဘူး..."
လင်းပျန့်ယွီက ပြန်လည်ချေပလိုက်သည်။
"ငါသူ့ကို ဒီအတိုင်း ထိလိုက်ရုံလေးတင်"
ကုရွှမ်းတုက အမှန်ပင်နီသွားရှာသည့် သူ့ပါးလေးအား ထိုးပြလာ၏။သူက လင်းရုဖေးအား အနိုင်ကျင့်ခံလိုက်ရသည့်နှယ် မကျေနပ်သည့်အကြည့်လေးနှင့် ကြည့်လာသည်။လင်းရုဖေးက ရုတ်တရက်အော်ရယ်လိုက်မိသည်။သူက လင်းပျန့်ယွီ၏အကျင့်အား ကောင်းကောင်းသိလေ၏...သူက အလွန်မာနကြီးသည်ဖြစ်၍ ထိုအရုပ်သေးသေးလေးအား သေချာပေါက်အနိုင်သွားကျင့်မည်မဟုတ်ပေ။သူက သူ(LRF)သိချင်နေသကဲ့သို့ သိချင်နေမည်ဖြစ်၍ လက်လှမ်းရင်း အနည်းငယ်တို့လိုက်ခြင်းသာ ဖြစ်နိုင်၏။သို့သော်လည်း သူမသိလိုက်သည်က လူသေးသေးလေးက အလွန်အားနည်းပြီးနူးညံ့လှ၍ ရိုးရိုးတို့လိုက်သည်နှင့် သူ့အားငိုသွားစေခြင်းကိုပင်။လင်းရုဖေးက သူ့စိတ်ထဲရှင်းရှင်းလင်းလင်းသိလိုက်၍ မည်သည်မှပြောဆိုမလာချေ။နောက်ဆုံး၌ သူက ပေါက်စလေးအား ကြင်ကြင်နာနာပွတ်သပ်ပေးလိုက်ရင်း အငိုရပ်သွားသည်ထိ ချော့မြူပေးလိုက်ရသည်။
လင်းရုဖေးက လူသေးလေးအား ချော့မြူနေစဥ် လင်းပျန့်ယွီက ဘေးတွင် ဝမ်းပန်းတစ်နည်းကြည့်နေသည်က လင်းဝေရွေ့အား ရယ်မောစေပြီးမေးလိုက်မိသည်။
"ဒုတိယအစ်ကို..မျက်နှာကဘယ်လိုဖြစ်နေတာလဲ"
လင်းပျန့်ယွီက စိတ်ပျက်စွာ ကျွတ် တစ်ချက်စုတ်သတ်လိုက်ရင်း:"ကောင်းတာတစ်ခုမှမရှိဘူး"
လင်းဝေရွေ့က အကျယ်ကြီးအော်ရယ်မိတော့၏။
ဝိဥာဥ်ထောက်ပံ့သစ်သားနှင့် ကုရွှမ်းတု၏ဝိဥာဥ်အခြေအနေက ပိုပြီးတည်မြဲလာ၏။လင်းရုဖေးက သူ့ခန္ဓာကိုယ်က ဝိဥာဥ်တည်မြဲမှုကြောင့် တဖြေးဖြေးပိုကြီးလာသည်အား တွေ့ရှိသွားလေသည်။စစချင်း၌ သူက လက်မအရွယ်သာရှိသေးသော်လည်း ယခုတွင်မူ လက်ဖ၀ါးအရွယ်ခန့်ကြီးလာပြီဖြစ်သည်။ဖူဟွားနှင့်ယွီရွေ့တို့က နေ့စဥ်အခြေခံလုပ်ငန်းလေးများနှင့် အားလပ်နေကြ၍ ကုရွှမ်းတုဝတ်ရန် အဝတ်အစားလေးများကိုပါ ချုပ်လုပ်ပေးလာကြသည်။သူတို့ပုံစံအားကြည့်လိုက်ခြင်းအားဖြင့် သူတို့က ကုရွှမ်းတုအား အရုပ်ကလေးတစ်ရုပ်နှယ် ဆက်ဆံနေကြခြင်းဖြစ်နိုင်၏။
____
Translated By IQ-Team.