အပိုင်း ၁၈၄
Viewers 37k

Chapter 184

 နောက်ထပ်နွေဦး

───────


အကျိုးဆက်အနေနှင့် အရေမထူလှသည့် ရှန်ဝူချွေ့မှာ ရှက်သွားရကာ မျက်နှာထက်သကြားနီရောင်သန်းသွားချေ၏။နောက်ဆုံးတော့ လင်းမင်ကျစ်လည်း ထပ်ပြီးရပ်ကြည့်မနေနိုင်တော့၍ လက်ဆန့်လိုက်ပြီး လင်းဝေရွေ့အားပြန်ဆွဲခေါ်လိုက်ရသည်။အံကြိတ်လိုက်ရင်း သူမအား ဘာကြောင့်များ မိန်းကလေးတစ်ယောက်နှယ် သီးသီးသန့်သန့်မနေနိုင်ပါသနည်းဟု မေးလာ၏။လင်းဝေရွေ့က ဖြူစင်ရိုးသားမှုအပြည့်နှင့် ရိုးရှင်းစွာပြန်ဖြေလာသည်က သူမကအရမ်းသီးသန့်ဆန်ခဲ့ဖူးသည်ဟုပင်။သူမက သီးသန့်မနေတော့မှသာ ယခုအချိန်တွင် ရှန်မိသားစုနှင့်လက်ထပ်မည့်ကိစ္စရှေ့ဆက်၍ရမည်ဖြစ်ကြောင်း...အခြားတစ်စုံတစ်ခုအားပြောချင်သေးပါသော်လည်း လင်းမင်ကျစ်၏ရက်စက်သည့်မျက်လုံးများအားသတိထားမိသွား၍ အမြန်ပါးစပ်ပိတ်လိုက်ရကာ ရိုးသားသည့်ပုံလေးပြန်ဖြစ်သွားသည်။

သူမသိပါသည်... သူမသာ ထပ်ပြီးပါးစပ်ဟလာပါက ကြာပွတ်နှင့်အရိုက်ခံရတော့မည်ဖြစ်ကြောင်းကို။ 

ချယ်ရီပန်းပွင့်ပင်လေးက အိမ်ဝန်းထဲ၌ ထောင်ထောင်လေးရှိနေကာ ပြန်လည်ဖြေကြားလာခြင်းမရှိပေ။လင်းရုဖေး၏အသံက အလွန်နူးညံ့ကာ လေထုသည်လည်း သဟဇာတဖြစ်နေ၏။ 

မျက်တောင်တစ်မှိတ်စာအတွင်း နှစ်သစ်အကြိုကာလသို့ရောက်လာလေပြီ။ဝမ်ယောင်က လင်းရုဖေးကိုယ်အား အရင်ကဒဏ်ရာများပျောက်ကင်းသွားမသွား သေချာစေရန်လာစစ်ဆေးလာ၏။သို့သော်လည်း သူ့လက်ပေါ်၌ထွက်သွားစေချင်မိသည့် အကျည်းတန်ဒဏ်ရာများက အများအပြားရှိနေဆဲပင်။ 

လင်းရုဖေးက ထိုအရာများအား ဂရုကောင်းကောင်းမထားချေ။မည်သို့သော ဓါးသမားမျိုးက သူတို့ကိုယ်ပေါ်၌ ဒဏ်ရာမရှိဘဲနေမည်နည်း။ 

နှစ်ကူးပွဲတော်သည်ကား ပွဲကြီးတစ်ခုဖြစ်ကာ အမြဲတစေငြိမ်သက်နေသည့် ခွန်းလွန်သည်လည်း တက်ကြွမှုနောက် လိုက်ပါလေသည်။ဤနှစ်တွင် အရာများစွာဖြစ်ပွားခဲ့၍ ကောင်းမွန်သည့်နှစ်အားဆင်နွှဲရန်အချိန်ဖြစ်သည်။ 

လင်းပျန့်ယွီက စကားပါးထား၍ ခွန်းလွန်တစ်ကြောလုံးမှာ သေချာပေါက် ပျော်ပါးရန်စိတ်အားထက်သန်နေကြသည်။အနီရောင်မီးအိမ်ကြီးကြီးများနှင် ပြတင်းပေါက်ပန်းပွင့်များ[1]က အိမ်တော်၏တံစက်မြိတ်နှင့် ထောင့်နေရာတိုင်းတွင် ချိတ်ဆွဲထားကြသည်။လင်းဝေရွေ့က လက်ထဲတွင် ဗျောက်အိုးများနှင့်မီးရှူးမီးပန်းများအား တစ်နေရာရာမှရလာခဲ့ကာ သူမက နှစ်ကူးညတွင် အချိန်ကောင်းလေးရှိချင်၍ဟု ပြောလာ၏။  

လင်းမင်ကျစ်က ဤတစ်ကြိမ်တွင်ဖြင့် ဘဝင်မကျဖြစ်မနေတော့ကာ လင်းဝေရွေ့အနည်းငယ်အထီးကျန်နေသည့်ပုံဖြစ်နေသည်အား သတိထားမိသွားသော် သူက လင်းဝေရွေ့မှာ ရှန်မိသားစုနှင်လက်ထပ်လိုက်ပါက သူမ၏ဤအကျင့်တို့ပျောက်ကွယ်သွားပေမည်ဟု ပြောလိုက်လေ၏။  

လင်းဝေရွေ့က နှာမှုတ်လိုက်သော်ငြား မည်သည်မျှပြန်ဖြေမလာချေ။ 

“ပြောင်းလဲမယ်..ဘာလို့ပြောင်းလဲမှာလဲ"

လင်းပျန့်ယွီက ထူးမခြားသည့်နှယ် မှတ်ချက်ပေးလိုက်သည်။

"ခွန်းလွန်ဂိုဏ်းရဲ့နောက်ခံနဲ့ဆို ဝေရွေ့ကိုတစ်ယောက်ယောက်က အနိုင်ကျင့်လာရဲမှာကို စိုးရိမ်နေတာလား" 

လင်းမင်ကျစ်က သက်ပြင်းချလိုက်ကာ:"ငါက ဝေရွေ့ကိုတစ်ယောက်ယောက်က အနိုင်ကျင့်လာမှာကို မစိုးရိမ်ဘူး..ဝေရွေ့က အခြားတစ်ယောက်ယောက်ကို အနိုင်ကျင့်နေမှာစိုးတာ...မင်း ရှန်ဝူချွေ့ရဲ့အကျင့်ကို မသိတာလဲမဟုတ်ဘူး...သူကဝေရွေ့နဲ့ဆုံခဲ့ရတာကြောင့် ဒါက သူ့ရဲ့ကံကောင်းမှုလား ဘေးဒုက္ခလားမသိတော့ဘူး"

သူနှင့်လင်းပျန့်ယွီတို့က လင်းဝေရွေ့နှင့်ရှန်ဝူချွေ့တို့က အသက်ချင်းဆက်နွယ်ထားပြီဖြစ်သည်အား မသိသေး၍ ရှေးဆန်သည့်ရှန်မိသားစု၏သားအတွက် သေချာပေါက် ကရုဏာသက်နေကြလေ၏။အမှန်တွင်ဖြင့် ဝူရွေ့ကဲ့သို့ခက်ခဲလှသည့်မိန်းကလေးတစ်ယောက်နှင့် ဆုံခဲ့ရခြင်းက နှစ်တစ်ရာအတွင်းမှာ ဆုံဆည်းရန်ခက်ခဲလှသည့်မိန်းကလေးမျိုးပင်။ 

လင်းဝေရွ့က တစ်ခစ်ခစ်ရယ်ကာ လင်းမင်ကျစ်အားမျက်ခုံးပင့်ပြလေ၏။သူမက ပြဇာတ်လေးအားကြည့်နေသည့် လင်းရုဖေးအား ဖက်လိုက်ကာ ဆိုသည်။

"လာပါ ရှောင်ကျို့ရယ်..ဒီလူအိုကြီးနှစ်ယောက်နဲ့ စကားမပြောကြရအောင်..အပြင်ထွက်ပြီး မီးပန်းဖောက်ကြမယ်" 

လင်းရုဖေးက ပြုံးလိုက်ပြီးခေါင်းညိမ့်ပြလာ၏။ 

နှစ်ကူးအကြိုနေ့တွင် နှင်းများကရပ်သွားသော်ငြား ကောင်းကင်နှင့်မြေကြီးက ဖြူဖွေးနေဆဲပင်။လင်းရုဖေးက ခြုံထည်တစ်ခုဆွဲခြုံထားရင်း နှင်းထဲတွင်ရပ်နေကာ မီးပန်းဖွားလေးများအား မော့ကြည့်နေသည်။လင်းဝေရွေ့က ရယ်မောနေပြီး အစေခံမလေးများနှင့်စနောက်နေကာ မီးပန်းများက အလှဆုံးဖြစ်ကြောင်းပြောနေကြ၏။ 

သို့သော်လည်း လမ်းတစ်ဝက်အရောက် လင်းရုဖေးက သူ့နှလုံးသားထဲတွင် တစ်ခုခုခံစားလိုက်ရ၍ ထိုဦးတည်ချက်အား စိုက်ကြည့်လိုက်သော်ငြား မည်သူမျှမတွေ့ရပေ။သူစိတ်ထင်နေခြင်းသာဖြစ်မည်ဟု တွေးလိုက်ပြီး ထိုလူ၏အကျင့်အရ ပြန်လာမည်မဟုတ်ကြောင်းစဥ်းစားမိလေ၏။သို့သော်လည်း ထိုတစ်စုံတစ်ယောက်က ထောင့်နားလေးတွင် ကိုယ်ကိုကျုံ့ထားရင်း တစ်ဒိတ်ဒိတ်ခုန်နေသည့်နှလုံးသားအား ဖုန်းဖိလိုက်ကာ ရေရွတ်လိုက်သည်။

"ကံကောင်းလို့ ငါ့ကိုမမြင်သွားတာ"  

သူ့ဘေးတွင်ရပ်နေသည့် အနက်ရောင်နှင့်လူက အမူအရာမဲ့ဖြစ်နေသော်ငြား နှစ်ဦးသားအချိန်အကြာကြီးအတူတူရှိခဲ့ဖူး၍ သူက အနက်ရောင်နှင့်လူ၏စိတ်ထဲရှိသည်အား မြင်လိုက်ရကာ စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောဆိုလာ၏။

"ငါမကြောက်ဘူးနော်...ဒါ.."

သူမျက်လုံးများက မှေးကျဥ်းသွားရကာ :"သူငါ့ကိုအပြစ်တင်လာမှာပဲစိုးတာ..." 

“သူက လုပ်လာရင်ရော"အနက်ရောင်နှင့်လူက မေးလာ၏။ 

“သူလုပ်မှာမဟုတ်ဘူး"

သူက ခါးသက်သက်ရယ်မောကာ:"သူက အရမ်းသဘောကောင်းတယ်...သူက ဘယ်လိုလုပ်ပြီးငါ့ကိုအပြစ်တင်နိုင်မှာလဲ" 

မီးရှူးမီးပန်းများက ကောင်းကင်ယံတွင် တစ်ခုပြီးတစ်ခုပေါက်ကွဲနေ၏။

လင်းရုဖေးက မီးပန်းများကိုကြည့်လိုက်သော်ငြား ရုတ်တရက်တစ်စုံတစ်ရာအား သတိရသွားကာ ပြုံးလိုက်ပြီး:"မမ...ကျွန်တော့်အတွက် နည်းနည်းလောက်ချန်ထားပေး..ကျွန်တော်အိမ်ဝန်းထဲပြန်တဲ့အခါ လွှတ်ချင်လို့" 

လင်းဝေရွေ့က ရုပ်တည်ကြီးဖြင့်ဆိုလာ၏။

"နင်ပြန်သွားတဲ့အခါမှ ဘာလို့သူတို့ကိုလွှတ်ချင်ရတာလဲ"

သူမက သံသယဖြစ်စွာမေးလိုက်ပြီး:"ရှောင်ကျို့.အခုဆို မင်းရဲ့အိမ်ဝန်းထဲမှာ ချစ်ရသူအတွက်ရွှေအိမ်တစ်ခု[2]ရှိနေတာလား...မင်းအရင်က ဒီလိုမျိုးမှ မလုပ်ခဲ့ဘူးတာ" 

လင်းရုဖေးက အိမ်ဝန်းထဲတွင်နေရသည်အား မကြိုက်လှ၍ အခုတလော အပြင်ထွက်ခဲလေ၏။သူမ သူ့အားသွားရှာသည့်အခါတိုင်း သူမက ချယ်ရီပန်းပွင့်ပင်ရှေ့တွင်ရပ်နေသည့်သူ့ပုံစံ၊ပေါင်းရှင်းကာ ရေလောင်းရင်း သို့မဟုတ် ပန်းဖူးလေးအား အပြုံးဖျော့ဖျော့နှင့်စိုက်ကြည့်နေသည့် သူ့အားတွေ့ရပေ၏။ချယ်ရီပန်းပွင့်ပင်ကလည်း အလွန်အမင်းထူးဆန်းလေသည်။အခြားသော ချယ်ရီပန်းပွင့်ပင်များက နွေဦးတွင်ပွင့်ကြသော်ငြား ဤတစ်ခုသည်ဖြင့် ဆောင်းရာသီမှအဖူးထွက်လာပြီး အပင်တစ်ပင်လုံး၏ထိပ်တွင်ချိတ်တွဲနေကာ အပွင့်အပွင့်လာချေ။လင်းရုဖေးကသာ သူမအား မထိရန်ပြောမထားပါက ထိုအရာအားခူးလိုက်ချင်စိတ်တဖွားဖွားဖြစ်နေသည်မှာ ကြာပြီဖြစ်၏။ 

လင်းဝေရွေ့ပြောပြသည်အား နားထောင်ပြီးနောက် လင်းရုဖေးက ပြန်လည်ချေပခြင်းမရှိကာ ဖုံးကွယ်ထားသည့်အပြုံးနှင့်:"ဟုတ်တယ်..အိမ်ထဲမှာ ပုန်းနေတဲ့အလှလေးတစ်ယောက်ရှိတယ်"  

“ဘယ်မှာလဲ..ဘယ်မှာလဲ"

လင်းဝေရွေ့က စိတ်အားထက်သန်စွာ မေးလေတော့သည်။

"ငါကျ ဘာလို့မမြင်ရတာလဲ" 

လင်းရုဖေးက တည်တည်ငြိမ်ငြိမ်ဖြင့်ပင်:"ခန့်ညားတဲ့လူပဲမြင်နိုင်တယ်..ဒုတိယအစ်ကို မြင်ခဲ့တယ်မို့လား" 

“ငါမြင်ခဲ့တယ်"

လင်းပျန့်ယွီက ဝမ်းနည်းတကြီးပြောလာ၏။

သူက သေချာပေါက် လင်းရုဖေးပြောနေသည့်အကြောင်းအား သိလေသည်။

လင်းဝေရွေ့က သူတို့က သူမအားတစ်ခုခုဖုန်းကွယ်ထားသည်ဟု ပြောရင်း စူးစူးရှရှကြည့်လာ၏။

လင်းရုဖေးက လက်ယမ်းပြလိုက်ရင်း သူအိပ်ချင်နေပြီဖြစ်၍ အရင်ဆုံးပြန်နှင့်တော့မည်ဖြစ်ကြောင်း ဆိုလိုက်သည်။ထို့နောက် သူက လှည့်ထွက်လာကာ သူ့အားအနောက်မှအော်နေသည့်လင်းဝေရွေ့အား ထားရစ်ခဲ့လေ၏။  

အိမ်ဝန်းထဲသို့ မီးရှူးမီးပန်းများယူလာပြီး လင်းရုဖေးမှာ ချယ်ရီပန်းပွင့်ပင်လေးဆီသို့ လျှောက်သွားလိုက်သည်။သူက အရင်ဦးစွာ နှုတ်ဆက်လိုက်ပြီး ယနေ့က နှစ်သစ်ဖြစ်သည်ဟု ပြောလိုက်သည် ။အပြင်ဘက်၌ အလွန်သက်ဝင်တက်ကြွနေပြီး သူက မီးပန်းအချို့ယူလာခဲ့သည်က သူ့အားပြရန်ဖြစ်သည်။ထို့ကြောင့် သူက ဗျောက်အိုးအား မီးညှိလိုက်ပြီး အိမ်ဝန်းထဲ၌ နွေးထွေးသည့်လိမ္မော်ရောင်အလင်းတန်းတစ်ခုပေးလာသည်အား စောင့်ကြည့်နေမိ၏။

_

လင်းရုဖေး၏ပါးမို့မို့များက အလင်းရောင်ကြောင့် လင်းလက်နေပြီး:"ကျွန်တော် ခင်ဗျားကိုလွမ်းနေပြီ" 

နှင်းပွင့်များက ကောင်းကင်ယံမှကျလာပြီး လင်းရုဖေး၏မျက်တောင်ပေါ်သို့ ကျလာ၏။

ခံစားချက်က အနည်းငယ် အေးစက်စက်နေ၍ သူကမျက်မှောင်ကြုတ်လိုက်ပြီး သူ့အသံတွင် ကူကယ်ရာမဲ့သက်ပြင်းအချို့ပါလာကာ:"အဲ့ဒီနှစ်ရာချီတုန်းက ခင်ဗျား ဘယ်လိုများဖြေသိမ့်နိုင်အောင်လုပ်ခဲ့တာလဲ" 

ထိုမိုင်ပေါင်းရာချီသော ချယ်ရီပန်းပွင့်တော၏အလယ် သူ့တွင်စကားပြောစရာလူမရှိချေ။ကုရွှမ်းတုက ထိုမမြင်ရသည့်အနာဂတ်အား စောင့်နေရုံသာတတ်နိုင်၏။ထိုနေ့က တာ့ဟန်ကအစိတ်စိတ်အမွှာမွှာကွဲသွားကာ ပျောက်ကွယ်သွားလုနီးနီးဖြစ်သွားစဥ် ကုရွှမ်းတုက ကောင်းကင်ဘုံသို့တက်လှမ်းသွားနိုင်ပါသော်ငြား သူ့ဝိဥာဥ်အား ထိန်းသိမ်းထားချင်မိရုံနှင့် သူ့ကိုယ်ပိုင်ခန္ဓာအား လွတ်လပ်ခွင့်ပေးလိုက်သည်။သူက ခွန်းလွန်ဂိုဏ်း၏အငယ်ဆုံးသားအနေနှင့် အောင်အောင်မြင်မြင်ပြန်လည်ဝင်စားလာပြီး ကုရွှမ်းတုက သူ၏ကြာရှည်သောစောင့်ဆိုင်းနေမှုအား လင်းရုဖေးမွေးဖွားလာသည်အား မြင်ပြီးမှသာ အဆုံးသတ်လေ၏။ 

မီးရှူးမီးပန်းများက လွင့်ပျယ်သွားပြီး အိမ်ယာဝန်းထဲတွင် တစ်ဖန်ပြန်တိတိဆိတ်သွားချေသည်။လင်းရုဖေးက ပန်းဖူးလေးဆီသို့ လျှောက်သွားလိုက်ရင်း ဖွဖွပွတ်သပ်ရန်လက်ဆန့်လိုက်၏။အဖူးလေးက နူးညံ့နေပြီး လင်းရုဖေးကသူ့လက်ချောင်းထိပ်လေး၌ တဆတ်ဆတ်တုန်လာသည်အား စောင့်ကြည့်နေရင်း နူးနူးညံ့ညံ့ပြောလိုက်သည်။

"မကြာခင် ပြန်ဆုံကြမယ်" 

လေညင်းလေးက တိုက်ခတ်လာပြီး အကိုင်းများက သူပြောသည့်စကားအား ခေါင်းညိမ့်ပြလာသည့်နှယ် ယိမ်းပြလာ၏။ 

ဆောင်းရာသီပြီးသွားသည်နှင့် နွေဦးသို့ပြန်ရောက်လာမည်ဖြစ်သည်။

သို့သော်လည်း ယခုနှစ်ဆောင်းရာသီက ခါတိုင်းထက် ပိုကြာပုံရပြီး မတ်လရောက်မှသာ နှင်းများက တဖြေးဖြေးအရည်စပျော်လာ၏။  

အရာအားလုံးက ပြန်လည်အသက်ဝင်လာကြရာ မြက်ပင်များနှင့်သစ်ပင်များက အညွှန့်သစ်ပေါက်လာကြပြီး တစ်ညတွင်းမှာပင် ချစ်စဖွယ်စိမ်းစိမ်းလေးများက ထိုသစ်ပင်အကိုင်းမှထွက်လာ၏။လင်းရုဖေးက သူ၏အချစ်ဆုံးကလေးငယ်က သွားပေါက်လာသည်အား မြင်လိုက်သကဲ့သို့ ယင်းအားထိရန်လက်မြောက်လိုက်ကာ အပြုံးလေးနှင့်ဆိုလိုက်သည်။

"နောက်ဆုံးတော အညွှန့်ထွက်လာပြီပေါ့" 

ချယ်ရီပန်းပွင့်ပင်လေးက သေချာပေါက်စကားပြောနိုင်မည်မဟုတ်ပေ။ 

အိမ်ဝန်းထဲရှိ အခြားသောမြက်ပင်များနှင့် သစ်ပင်များကလည်း အမြန်အဆန်ပင် အစိမ်းရောင်သန်းလာကြ၏။ရက်နည်းနည်းခန့် အလုပ်ပေးလိုက်သည်နှင့် နှင်းလွှမ်းသည့်မြေကြီးပြင်က မြေကြီးမည်းမည်းများအဖြစ် ပြန်ရောက်သွားကာ ရက်အနည်းငယ်အကြာ၌ အမည်းရောင်မှသည် အစိမ်းရောင်လှိုင်လှိုင်ဖုံးသွားလေသည်။

လင်းရုဖေးက အိမ်ဝန်းထဲ၌ထိုင်ပြီး လင်းပျန့်ယွီနှင့်ကျားကစားနေရာမှ သူက:"ဒီနေ့က သာယာတဲ့နေ့ပဲ. ရှောင်ကျို့ ငါနဲ့အတူတောင်အောက်ဆင်းပြီး လှည့်ပတ်မသွားချင်ဘူးလား" 

လင်းရုဖေးမှာ အနည်းငယ်တုန့်ဆိုင်းနေမိ၏။ 

“မြို့ထဲက ကွေ့ဟွားပန်းတွေ ပွင့်ကုန်ပြီတဲ့"

လင်းပျန့်ယွီက ဆိုလိုက်သည်။

"ခူးပြီးပေါက်စီထဲလိပ်ထည့်ကြရင် ကောင်းမယ်" 

လင်းရုဖေးက လင်းပျန့်ယွီ၏အခိုင်အမာဖျောင်းဖျပြောဆိုနေမှုအားမြင်၍ သဘောတူလိုက်ရသည်။အဆုံးတွင် ဖူဟွားက သူမ၏မြင်းကိုယူလာပေးပြီး လင်းရုဖေးအတွက် ခြုံထည်ထူထူအား ယူလာပေးလေသည်။

လင်းရုဖေးက မြင်းပေါ်တက်စီးလိုက်ကာ အပြင်ဘက်သို့ဦးတည်သွားသည်နှင့် တောင်တန်းဂိတ်တံခါးက အလွန်အလုပ်ရှုပ်နေမှန်း သတိထားမိသွားလေ၏။ 

သူက တောင်အောက်ဆင်းသည့်လမ်းသို့ ဆက်သွားလိုက်သည်နှင့်မကြာမီ ထိုချယ်ရီပန်းပွင့်တောသို့ဖြတ်ရမည်ပင်။လင်းရုဖေး မူလက ဝမ်းနည်းဖွယ်ခြောက်သွေ့မြေကြီးအား တွေ့ရလိမ့်မည်ဟုထင်ထားခဲ့သော်လည်း သူက မြင်ကွင်းသို့ရောက်သည်နှင့် ခြောက်သွေ့မြေကြီးမရှိတော့ကာ သူ့နေရာ၌ သစ်တောအုပ်အုပ်ကလေး တွေ့ရလိမ့်မည်ဟု မည်သူသိမည်နည်း။သို့သော်လည်း ယခုတောအုပ်လေးက တိုသည့်အပိုင်းတွင်ရှိနေပြီး အပင်ပေါက်ကလေးဖြစ်ပုံရ၏။တစ်ချို့သော အပွင့်ပွင့်ပြီးသားချယ်ရီပန်းပင်များ ပြိုးပြိုးပျက်ပျက်လက်နေ၍ ပတ်ဝန်းကျင်နေရာနှင့်ယှဥ်သော် ပြင်ပကမ္ဘာကနေရာကဲ့သို့ဖြစ်နေသည်။

လင်းရုဖေးက အံ့အားသင့်သွားပုံပြလိုက်ပြီး လင်းပျန့်ယွီအား ဤအကြောင်းမေးလာ၏။ 

လင်းပျန့်ယွီက ဆိုလာ၏။

"ရှောင်ကျို့က ချယ်ရီပန်းပင်တွေကြိုက်တာသိတော့ မီးလောင်နေတဲ့ချယ်ရီပန်းပွင့်တွေကို ရှင်းလင်းပြီး အစေ့သစ်စိုက်ဖို့ လူလွှတ်ခဲ့တယ်..သူတို့ကြီးထွားဖို့လိုအပ်တဲ့တည်ဆောက်ပုံကြီးကြီးတစ်ခုဖြည့်လိုက်ပြီး ရက်အနည်းငယ်မှာပဲ အဲ့ဒီချယ်ရီပန်းပွင့်တွေက ကြီးထွားသင့်ပေမယ့် ပွင့်ဖို့ကျ နှစ်အချို့လောက်ကြာလာတယ်လေ..ဒါပေမယ့် ငါထင်ခဲ့တာက သိပ်မကြာလောက်ဘူးလို့ဆိုပေမယ့်..." 

လင်းရုဖေးက မေးလိုက်သည်။

"ဒါဆို အဲဒီ ချယ်ရီပန်းပွင့်ပင်တွေကရော" 

လင်းပျန့်ယွီက ပြုံးရင်းဆိုသည်။

"ငါမသိဘူး ဒါပေမယ့် ပူပြင်းခြောက်သွေ့နေတဲ့မြေကြီးနဲ့ ဆက်စပ်နေတဲ့ ဒီနေရာဆီဆင်းလာတော့ ရုတ်တရက်ကြီး ချယ်ရီပန်းပွင့်ပင်တွေအများကြီးရှိနေတာ တွေ့လိုက်ရတယ်.....သူတို့အကုန်လုံးကလည်း ပွင့်ကုန်ကြပြီ..ဒါကြောင့် ထူးဆန်းနေပေမယ့်လို့..သူတို့ကို ဒီအတိုင်းထားခဲ့လိုက်တာ..." 

လင်းရုဖေးက မျက်တောင်ခတ်လိုက်လေသည်။သူက တစ်ခုခုအား နားလည်သွားပုံရကာ ခေါင်းညိမ့်ပြီးပြုံးပြလိုက်သည်။

မြို့ကလေးက ခါတိုင်းကဲ့သို့ အသက်ဝင်နေပြီး ကွေ့ဟွားပင်များကလည်း မနှစ်ကကဲ့သို့ အဖူးများအုံလိုက်ထုတ်ပေးနေ၏။လင်းပျန့်ယွီက သစ်ပင်ပေါ်တက်လိုက်ပြီး ကွေ့ဟွားအပွင့်အား လက်အပြည့်ခူးနေစဥ် လင်းရုဖေးက သူတို့အားဖမ်းရန် အဝတ်အိတ်နှင့် အောက်တွင်ရပ်စောင့်နေသည်။ညီအစ်ကိုနှစ်ယောက်မှာ လူတိုင်း၏အကြည့်ခံနေရပြီး ကမ္ဘာကြီးကဇောက်ထိုးဖြစ်နေဟန်ပင်။ 

ကံကောင်းစွာနှင့် လင်းရုဖေးမှာ ထိုကိစ္စများအကြောင်း ဂရုမစိုက်ပါချေ။အိတ်ပြည့်သွားသည်နှင့် နှစ်ဦးသား အိမ်ပြန်ခဲ့ကြသည်။ 

လင်းရုဖေးက လင်းပျန့်ယွီနှင့် ယနေ့နေ့လည်စာအတွက် အစားအစာအကြောင်း ဆွေးနွေးနေကြပြီး သူတို့က ညနေခင်း၌ပေါက်စီစားကြတော့မည်ဖြစ်၍ နေ့လည်စာအတွက်တစ်ခုခုကြုံရာစားလိုက်သင့်ကြောင်းပင်။လင်းဝေရွေ့က မကြာမီလက်ထပ်တော့မည်ဖြစ်၍ ရှန်ဝူချွေ့က ဇွန်လနှောင်းပိုင်းတွင် ခန်းဝင်လက်ဆောင်များပေးရန်လာမည်ဟု ပြောထားသဖြင့် ထိုအချိန်ရောက်သည်နှင့် ခွန်းလွန်က သေချာပေါက် ထိုအရာအား လုပ်နိုင်ပေလိမ့်မည်။ 

လင်းဝေရွေ့၏မင်္ဂလာဆောင်ကိစ္စရောက်သော် လင်းရုဖေးက နှလုံးကွဲမတတ်နာကြင်ရသော်လည်း တစ်ချိန်တည်းမှာပင် စိတ်သက်သာသွားရသည်။သို့သော်လည်း အဆုံးတွင် လင်းဝေရွေ့အတွက် ယင်းကကောင်းသည့်အရာတစ်ခုပင်။နှစ်ဦးသား အဝေးတွင် စကားပြောနေကြရင်း အူလိုက်သည်းလိုက်ပြုံးနေကြပြီး ပြောနေကြသည်က မိန်းကလေးတစ်ယောက် အရွယ်ရောက်လာပါက သူမအား အိမ်တွင်ဆက်မထားနိုင်တော့ကြောင်းပင်...အာ...။

သူတို့က အိမ်ဝန်းထဲပြန်ရောက်သောအခါ လင်းပျန့်ယွီက ကွေ့ဟွားအပွင့်အား ယူလိုက်ကာ ဖူဟွားနှင့်ယွီရွေ့တို့အား ဝေခြမ်းပေးရန် လွှတ်လိုက်သည်။လင်းရုဖေးက အိမ်ဝန်းထဲသို့ ခါတိုင်းလိုပင်ဝင်လာပြီး ပန်းဖူးလေးအား ကြည့်မည်ပြင်လိုက်သော်ငြား အကိုင်းများက ဗလာဖြစ်နေပြီး မည်သည်မျှရှိမနေမှန်း ရုတ်တရက် သတိထားမိသွားလေ၏။  

လင်းရုဖေးက အထိတ်တလန့်စပြီးမရှာလိုက်မီ ဤမြင်ကွင်းအား အချိန်အကြာကြီး အံ့သြတကြီးကြည့်နေမိသည်။သို့သော်လည်း မြက်ပြင်ပေါ်ထိရှာပြီးနောက် ပန်းဖူးလေး၏အရိပ်အရောင် မမြင်ရ၍ လင်းရုဖေးက တုန်လှုပ်ချောက်ချားမှုဖွံ့ဖြိုးလာ၏။

သူက အမြန်အော်ခေါ်လိုက်သည်။

"ဖူဟွား...ဖူဟွား..." 

“သခင်လေး...ဘာဖြစ်လို့ပါလဲ"

ဖူဟွားက လင်းရုဖေး၏အထိတ်တလန့်ခေါ်သံကြောင့် တုန်လှုပ်သွားရသည်။ 

လင်းရုဖေးက မေးလိုက်သည်။

"တစ်ယောက်ယောက် အိမ်ဝန်းထဲ ဝင်လာသေးလား" 

ဖူဟွားက ပြန်ဖြေလာ၏။

"ဘယ်...ဘယ်သူမှဝင်မလာပါဘူး..သခင်လေး..ဘာဖြစ်လို့လဲ" 

လင်းရုဖေးက စိတ်အားထက်သန်စွာနှင့် အလျင်စလိုဖြစ်နေပြီး:"ပန်းဖူးဘယ်မှာလဲ...ချယ်ရီပင်ပေါ်က ပန်းဖူးဘယ်မှာလဲ" 

ဖူဟွားမှာ လင်းရုဖေးက ဤကိစ္စကြောင့် အထိတ်တလန့်ဖြစ်လာမည်ဟု မျှော်လင့်ထားပုံမရ၍ အေးခဲသွားရကာ:"အို့...သခင်လေး ...သခင်လေးပြောနေတဲ့ ပန်းဖူးလေးက အခုလေးတင် လေတိုက်ခံလိုက်ရပြီ...မြေပေါ်ကျနေတာ တွေ့လိုက်လို့ ကောက်ပြီးတော့ သခင်လေးအခန်းထဲက စားပွဲပေါ်ထားထားလိုက်တာ"

လူတိုင်းသိကြသည်က ထိုချယ်ရီပန်းပင်က သူတို့သခင်လေး၏ရတနာဖြစ်၍ သေချာပေါက် ပန်းဖူးလေးသည်လည်း ပါမည်ဟု။သူမက ပန်းဖူးလေး ဘာကြောင့်ရုတ်တရက်ကြွေကျရသည်အား မသိသော်လည်း သူမသခင်လေးက သေချာပေါက် နှလုံးကွဲကြေသွားမည်ဟု သိလိုက်၍ ဖူဟွားက သတိထားမိသွားချင်းချင်းကောက်ပြီး လင်းရုဖေးအခန်းထဲ ထားပေးရခြင်းပင်။  

လင်းရုဖေးက ဤစကားလုံးများအား ကြားသော် အခန်းထဲသို့ အမြန်ပြေးမဝင်သွားမီ စိတ်သက်သာရာရသွားဟန် သက်ပြင်းရှည်ကြီးချမိလေ၏။ထို့အစား သူက စားပွဲပေါ်တွင် အကောင်းပကတိရှိနေသည့် ပန်းဖူးလေးအား အမှန်တကယ်တွေ့လိုက်ရပြီး ယင်းက မြေပေါ်သို့ကျသွားပြီးပြီဖြစ်သောကြောင့် ပန်းဖူးလေးပေါ် ဖုန်စအချို့ဖုံးနေ၏။

လင်းရုဖေး ယင်းအား လက်ထဲသို့ သေချာယူလိုက်ပြီး ဖုန်များအား ဖွဖွသုတ်ပေးလိုက်ပြီး"ဘာလို့ အရမ်းမြန်ရတာလဲ" 

လင်းရုဖေးလက်ထဲတွင်ရှိနေသည့် အဖူးလေးက သားလောင်းအား အူတိုင်မှထုတ်လိုက်သည့်နှယ် ရှိနေ၏။ 

လင်းရုဖေးက အပြင်ဘက်ရှိ နွေဦးအရောင်တို့အား ကြည့်လိုက်ရင်း တစ်ခစ်ခစ်ရယ်မောလိုက်ပြီး:''ဒါဆို ကြည့်ရတာ..နွေဦးရောက်ပြီဆိုတော့...အချိန်ကျပြီပဲ"

သူက မျက်လုံးများဖွင့်လိုက်ကာ လက်ချောင်းထိပ်လေးနှင့် ဖွဖွပွတ်သတ်မိလိုက်သည်။သူက မျက်ရည်များကျနေပြီး ထိုမျက်ရည်များက ပန်းရောင်ရောနေသည်အား သတိထားမိသွား၏။လင်းရုဖေးက မျက်လုံးများအား ပြန်ဖွင့်လိုက်ရာ ချယ်ရီပန်းပွင့်ဖတ်လေးက သူ့မျက်လုံးမှ အမွှေးတောင်လေးနှယ်ကျလာပြီး အဖူးလေး၏ထိပ်ပေါ်သို့ တိတ်တဆိတ်သက်ဆင်းသွားလေ၏။

ပန်းဖူးလေးနှင့် ချယ်ရီပန်းပွင့်ဖတ်လေးတို့က ထိတွေ့မိသောအခါ အနည်းငယ်တုန်ခါသွားပြီး ပွင့်ဖတ်လေးက ဖြေးဖြေးချင်းပွင့်လာ၏။ထိုကဲ့သို့ပင် အဖြူရောင်အူတိုင်လေးပြလာပြီး အူတိုင်လေးအလယ်၌ အဝတ်ဗလာနှင့် လူသေးသေးလေးရှိနေ၏။လူသေးသေးလေးက လင်းရုဖေး၏အကြည့်အား သတိထားမိသွားပုံရကာ မှုန်ဝါးဝါးနှင့် သူကမျက်လုံးများကိုဖွင့်လာရင်း ငိုသံသေးသေးလေးပေးလာ၏။  


───────────────────────────────────────────────── 



[1]ပြတင်းပေါက်ပန်းပွင့် ရဲ့ဥပမာပါနော် (သူတို့က ဒီဇိုင်းအမျိုးမျိုးလာတယ်) 


[2]ချစ်ရသူကိုဖုန်းထားတဲ့ ရွှေအိမ်လေး:ချစ်သူကို ဖွက်ထား/သိမ်းထားသလိုမျိုး

_____

Translated By IQ-Team.


[ ၀ူး၀ူး၀ူး...နောက်ဆုံးတော့ ကုရွှမ်းတု ပုကျိလေးထွက်လာပြီ I can'tttttttt! ]