အပိုင်း ၁၈၃
Viewers 37k

Chapter 183
 နောက်ထပ်နွေဦး

───────


ဝူအောင်းက သူ၏နောက်ဆုံးအသက်တစ်ရှိုက်အနေနှင့် မြေပြင်ပေါ်လှဲနေ၏။သူ၏ဝမ်းဗိုက်က ထျန်းရှောင်မှ ထိုးဖောက်ခံထားရကာ ယခုမူ ဒဏ်ရာအဟကြီးဖြစ်နေသည်။ဒဏ်ရာက သိပ်မကြီးလှသော်ငြား အချွန်နက်၍ သွေးများအဆင်မပြတ် တပွတ်ပွတ်ထွက်ကျနေ၏။သို့သော်လည်း ဝူအောင်းတွင် သွေးစီးကျနေသည်အား ရပ်လိုက်လိုစိတ် တစ်စိုးတစ်စဥ်းမျှမရှိပါချေ။သူက မျက်လုံးအပြူးသားနှင့် ခေါင်းထက်ရှိ ကောင်းကင်ကြီးအား တိတ်တဆိတ်ကြည့်နေမိသည်။ 

ကောင်းကင်ယံက မှောင်လာပြီဖြစ်ကာ ညလေသည်လည်း တဖြူးဖြူးဖြစ်လာ၏။သွေးများစွာဆုံးရှုံးထားရ၍ သူက အတော်လေး အေးစက်စက်ဖြစ်လာသည်အား ခံစားလိုက်ရသည်။သူ့လက်ထဲတွင် ခွေနေသည့် မြွေမည်းလေးကလည်း သူ့သခင်၏တဖြေးဖြေးမူမမှန်လာသည့် အသက်ရှူသံအား အာရုခံမိသွား၍ထင် ဝူအောင်းလက်ထဲလျှောက်သွားလာနေပြီး သတိပေးနေသည်။ဝူအောင်းက နားလည်သဖြင့် သူ့ခန္ဓာကိုယ်ချောချောလေးအား ဖွဖွပုတ်ပေးနေ၏။သူ့မျက်လုံးများက မှေးသွားချင်ချင်ဖြစ်နေကာ ပင်ပန်းနေသည့်ပုံပြလာသည်။

ဖြစ်ပျက်ခဲ့သည့်အရာတိုင်းက သူမျှော်လင့်ထားသည်နှင့် အတော်လေးကွာခြားပေ၏။ကောင်းကင်ဘုံအုပ်ချုပ်သူက ကုရွှမ်းတု၏ချစ်သူဖြစ်စေ...တာ့ဟန်တွင်အချည်ခံထားခြင်းဖြစ်စေ အစမှအဆုံးထိ သူ့ဆန္ဒအတိုင်းသာ။သူ့အတွေးများက သူ့ဆန္ဒရှိသည့်အတိုင်းသာဖြစ်၏။သူ့မှတ်ဥာဏ်များပြန်ရသွားသည့် လင်းရုဖေးတောင်မှ ဘာမျှပြောလာခြင်းမရှိသော်လည်း ထိုမျက်လုံးထဲ၌ စိတ်ပျက်မှုအရိပ်အရောင်အား ခံစားလိုက်ရသည်။ 

သူက သူ့အား စိတ်ပျက်စေသည်...သူလုပ်ခဲ့သည့်အရာအားလုံးအား စိတ်ပျက်လှသော်ငြား အပြစ်တင်စကားများပြောလာခြင်းမရှိကာ အများဆုံးအနေနှင့် သူ့အား ဝမ်းနည်းတကြီးကြည့်ရုံလေးသာ။ 

ဝူအောင်းက သူ့မျက်လုံးများအား လက်မောင်းဖြင့်ကာလိုက်ရင်း စိတ်အားငယ်ွာ ငိုရှိုက်နေမိ၏။သူက ဤနေရာတွင် တစ်ယောက်တည်းသေသွားနိုင်သည်က သူက ဤနေရာတွင် တစ်ယောက်တည်း မွေးဖွားလာခဲ့၍ပင်။ 

သူ၏မိဘများက စောစောထွက်သွားကြ၍ သူတို့ပုံစံကိုတောင်မှ မမှတ်မိတော့ကာ ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့အားမမွေးစားလိုက်မီအထိ သူ့ဘဝကြီးက ဖရိုဖရဲပင်။ကောင်းကင်ဘုံအုပ်ချုပ်သူ၏သွင်ပြင်လေးက ဖရိုဖရဲကံကြမ္မာကြီးအား ဖွင့်ထုတ်ပစ်ကာ သူ့အားနွေးထွေးလှသည့်နေရောင်ခြည်လေးအား ယူလာပေးခဲ့ပြီး သူတွေးထားခဲ့သည်က သူတစ်နေ့ချန်ထားခဲ့ရသည့် အချိန်ထိ သူသည် အလင်းရောင်ကမ္ဘာကြီးထဲတွင် တစ်သက်လုံးရှိနေရတော့မည်ဟုပင်။ 

သတိတရားတို့က တဖြေးဖြေးစွန်းထင်းလာရကာ ဝူအောင်းက သူ့ခန္ဓာကိုယ်အား တွန့်လိမ်လိုက်ရင်း မျက်လုံးပိတ်လိုက်ရာ သူ့မိခင်၏ကိုယ်ထဲသို့ပြန်ရောက်သွားသည့်ခံစားချက်မျိုးဖြင့် ပွေ့ဖက်ထားခံရသည့်ခံစားချက်မျိုးပေးလေ၏။ဝူအောင်းက မျက်လုံးများပိတ်ထားလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

အချိန်အတော်ကြာပြီးနောက် ဝူအောင်းက အိပ်မက်မှတစ်ဖန် နိုးထလာ၏။မျက်လုံးများ ဖွင့်ကြည့်လိုက်ရာ ပထမဆုံးတွေ့လိုက်ရသည့်အရာက မီးတောက်နေသည့် မီးပုံလေးဖြစ်ပြီး သူ့နောက်ကျောအားသူ့ဘက်လှည့်ထားသည့် တိတ်တဆိတ်ပုံရိပ်တစ်ခုက မီးပုံဘေးထိုင်နေ၏။ဝူအောင်းက အားတင်းထလိုက်ချင်ပါသော်လည်း ဝမ်းဗိုက်ရှိဒဏ်ရာကြောင့် နာကျင်သွားရ၍ တစ်ချက်အော်လိုက်မိသည်။သူက သေသေချာချာကြည့်လိုက်ရန် ခေါင်းငုံ့လိုက်ရာ မယုံနိုင်စွာနှင့် သူ့ဒဏ်ရာက ကုသထားပြီးဖြစ်ကြောင်းတွေ့လိုက်ရသည်။နည်းလမ်းက အတော်လေး မသေသပ်ဖြစ်နေသော်လည်း အနည်းဆုံးသွေးတိတ်အောင်လုပ်ထားနိုင်၏။ 

“ဘယ်...ဘယ်သူက ငါ့ကို ကယ်ထားတာလဲ"ဝူအောင်းက အံ့အားသင့်စံာ မေးလိုက်မိ၏။ 

မည်သူမှ ဖြေကြားမလာခဲ့ချေ။မော့ချန်းရှန်က မီးပုံဘေးတွင် ထိုင်နေပြီး သူ့မျက်လုံးနက်နက်များက မှုန်မှိုင်းနေဆဲဖြစ်ကာ သူ့မေးခွန်းအား တုန့်ပြန်လာခြင်းမရှိချေ။ 

သို့သော်လည်း ဤနေရာ၌ သူတို့နှစ်ယောက်တည်းသာ ရှိလေသည်။သူ့ကိုကယ်ထားသည့်သူက သေချာပေါက် အဖြေတစ်ခုသာ ရှိလေ၏။ဝူအောင်းက မယုံနိုင်သည့်အကြည့်အား ပြမိလေသည်။သူက မော့ချန်းရှန်အား မကောင်းဆိုးဝါးတစ်ကောင်အား စိုက်ကြည့်နေသကဲ့သို့ ကြည့်နေမိသည်။သူက မော့ချန်းရှန်အား အသက်သွင်းနိုင်ခဲ့ပါသော်လည်း မော့ချန်းရှန်၏ဝိဥာဥ်အား မခေါ်သွင်းခဲ့၍ အချက်ကျကျပြောရပါက မော့ချန်းရှန်က ကြိုးဆွဲရာကနေရသည့် ရုပ်သေးရုပ်လေးသာ ဖြစ်နေသင့်ပါသော်လည်း မည်သို့များ ရုပ်သေးရုပ်က သူ့အား ကယ်တင်နိုင်ပါသနည်း။  

ဝူအောင်းက ထိုသို့သောသံသယများနှင့် စဥ်းစားမိချေ၏။ 

မော့ချန်းရှန်ကား နှုတ်ဆိတ်နေဆဲဖြစ်သည်။နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်နေပါသော်လည်း လေထုက ငြိမ်သက်နေပြီး သူတို့ရှေ့က မီးပုံလေးကသာ တစ်ကျွတ်ကျွတ်မြည်သံပေးလာ၏။ 

“မင်းက ငါ့ကိုကယ်ခဲ့တဲ့သူလား"ဝူအောင်းက ခါးသက်သက် ပြုံးကာမေးလိုက်လေ၏။ 

မော့ချန်းရှန်ကား စကားမဆိုလာခဲ့ချေ။ 

“ငါ့ကိုကယ်ခဲ့ရတာ ဘာအကြောင်းကြောင့်လဲ"

ဝူအောင်းက ရေရွတ်လိုက်သည်။

"သူက ငါ့ကိုထပ်မလိုချင်တော့ဘူး" 

မော့ချန်းရှန်သည်ကား ဝူအောင်းအား မလှုပ်မယှက်တိတ်တိတ်လေးကြည့်နေဆဲပင်။ 

ဝူအောင်းက တစ်ခဏမျှတိတ်ဆိတ်သွားပြီး ရုတ်တရက် စကားစလာ၏။

"မင်းရှီးလျန့်တောင်ဆီ သွားပြီးတွေ့ချင်လား" 

တုန့်ပြန်လာခြင်းမရှိဆဲပင်။

ဝူအောင်းက အနည်းငယ် စိတ်ပျက်သွားရကာ သက်ပြင်းဖွဖွချရင်း တီးတိုးဆိုလာ၏။

"ကျောက်ချိုင်လို့ခေါ်တဲ့ မင်းရဲ့ခွေးကိုလေ...ရှီးလျန့်တောင်မှာ မြုပ်ထားတာ" 

သူက မော့ချန်းရှန်မှာ တိတ်ဆိတ်နေမြဲဖြစ်မည်ဟု ထင်ခဲ့သော်ငြား တစ်ခဏ၌ သူက သေးငယ်လှသော်လည်း အတန်အသင့်ကြားနိုင်သည့် အသံက"ကောင်းပြီ"ဟုပြောလိုက်သည်အား ကြားလိုက်ရမည်ဟု မည်သူကထင်မည်နည်း။ 

ဝူအောင်းက အလွန်အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး:"မင်းအခု စဥ်းစားနိုင်ပြီလား" 

မော့ချန်းရှန်က သို့သော်လည်း သူက သူ့အားပထမဆုံးတွေ့ဖူးသည့် အချိန်တုန်းကနှင့် အတူတူပင်။သူ့မျက်လုံးများက အလင်းရောင်ကင်းမဲ့နေပြီး စိတ်ဝိဥာဥ်လမ်းကြောင်းအား မမြင်နိုင်ချေ။

ယင်းက အခုလေးတင် ပြောလိုက်သည့် "ကောင်းပြီ"ဆိုသည့် စကားလုံးက သူ့ပါးစပ်မှထွက်လာခြင်း မဟုတ်သကဲ့သို့ပင်။ 

ဝူအောင်းက ပြုံးလိုက်မိပြီး ထိုအပြုံးက အနည်းငယ်ခါးသက်သက်နိုင်၏။

သို့သော်လည်းအဆုံးတွင် သူကပြုံးလိုက်ပြီး:"သွားကြမယ်...ငါမင်းကို..တွေ့ဖို့ခေါ်သွားပေးမယ်.."  


xxxxxxxxxxxxxx 


ဆောင်းဦးလေက နွေဦးလေညင်းနှင့် အတော်လေး ဆင်တူ၏။ယင်းက နွေဦးအပူဓါတ်လေးနှင့် ကွာခြားရုံသာဖြစ်ပြီး အတွင်းတွင် အေးမြမှုပါး သယ်ဆောင်လာသည်။

စက်တင်ဘာလမှ အောက်တိုဘာလထိ ပုစွန်လုံးများစားရသည့်ရာသီက ပြန်ရောက်လာပေ၏။ပုစွန်လုံးများက မိုင်ပေါင်းရာချီဝေးသည့် ရေကန်ကြီးမှသယ်ပို့လာသည်ဖြစ်ပြီး အရသာမှာ အလွန်ကောင်းမွန်သော်ငြား အေးစက်နေဆဲဖြစ်၍ လင်းရုဖေးက လိုအပ်သည်ထက်ပိုမစားနိုင်ချေ။ 

သူ့တွင်အခု ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်ရှိနေသော်လည်း လင်းရုဖေး၏ဘဝက များစွာပြောင်းလဲမသွားချေ။သူက ဒဏ်ရာများသက်သာရန် နေ့စဥ်နေ့တိုင်း ဆေးသောက်နေရပြီး အမြဲလိုလိုအားလပ်နေ၏။  

သေချာပေါက်လုံလောက်သည်က ချယ်ရီပန်းပွင့်ပင်ရှည်မျောမျောလေးက အမှန်ပင် ထူးခြားလာ၍ပင်။ကုရွှမ်းတု၏ဝိဥာဥ်က ယခုတွင် ထိုအထဲ၌နေနေပြီး လွင့်ပျယ်သွားလိုစိတ်မရှိရုံသာမက အားပြည့်နေပုံရ၏။လင်းရုဖေး၏ဦးနှောက်က သူ့အားပြန်လည်ဝင်စားရန် နည်းပေါင်းများစွာ ဝင်လာသော်လည်း စစလုပ်လိုက်သင့်သည်က အရင်ဦးစွာ သင့်တော်သည့်ခန္ဓာကိုယ်အား ရှာရန်ဖြစ်သည်။ အထူးပစ္စည်းများနှင့်လုပ်ထားသည့် ခန္ဓာကိုယ်မဟုတ်ပါကလည်း ကုရွှမ်းတုအား ထည့်၍မရနိုင်မှာစိုး၍ပင်။ 

လင်းရုဖေးက ပစ္စည်းများအား ရှာရမည့်နေရာအကြောင်း စိုးရိမ်နေဆဲဖြစ်သည်နှင့် တစ်နေ့ သူဆေးကြောနေရင်း ရုတ်တရက်မော့လိုက်ရာ မှန်ထဲရှိသူ့ကိုယ်သူအား ကြည့်လိုက်မိသည်။ 

ဤမှန်က လင်းဝေရွေ့က သူ့အားလက်ဆောင်ပေးထားသည့်တစ်ခုဖြစ်ပြီး သာမန်ကြေးနီမှန်များထက် ပိုမိုကြည်လင်လေ၏။ထိုအထဲရှိ သူ၏ရောင်ပြန်က အကောင်းဆုံးအချက်ဖြစ်ကာ လင်းရုဖေးက ခေါင်းမော့လိုက်သည်နှင့် သူ့မျက်လုံးထဲ တစ်ခုခုမူမမှန်ဖြစ်နေသည်အား သတိထားမိသွားသည်။ယင်းက သူ့မျက်လုံးထဲတွင် ကူးခတ်သွားလာနေသည့် ပန်းရောင်ချယ်ရီပန်းပွင့်ဖတ်လေးပင်။လင်းရုဖေးက စစချင်း၌ သတိလစ်မတတ်ဖြစ်သွားကာ အပျော်လွန်သွားချေ၏။သူက ခေါင်းမော့လိုက်ပြီး မျက်လုံးများအား ဖုန်းလိုက်ရင်း....သူက ကုရွှမ်းတု၏ခန္ဓာအတွက် အသုံးပြုရမည့်အရာအား သိသွားချေပြီ။

ကုရွှမ်းတုက ယခုအချိန်၌ အကိုင်းပေါ်တွင်ရှိနေဆဲဖြစ်၏။ဆောင်းဦးနှောင်းပိုင်းရောက်လာ၍ အရာပအားလုံးခြောက်သွေ့ကြကုန်ပြီး ယခုအချိန်၌ ပန်းဖူးပေါက်စလေးသာ အကိုင်းတွင်ထီးထီးကျန်နေ၏။ 

ဖူဟွားနှင့်ယွီရွေ့တို့ပင် အတော်လေးထူးဆန်းသည့်ဖြစ်စဥ်ဟု ခံစားမိလိုက်ကြကာ ပြောလိုက်သည်က:"ဒီချယ်ရီပန်းပွင့်က နွေဦးမှာမပွင့်ဘဲနဲ့ ဆောင်းဦးမှာပွင့်တာလား...တကယ်တမ်း အဲ့တာက ဇီးပန်းပွင့်မဟုတ်ဘူးမလား" 

လင်းရုဖေးက ယင်းမှာ နွေဦးတွင်လုံလုံလောက်လောက်မပွင့်ခဲ့ရ၍ ဆောင်းဦးအတွက် ပြင်ဆင်နေရခြင်းဖြစ်သည်ဟုပင် နောက်ပြောင်လိုက်လေ၏။ 

ဖူဟွားနှင့် ယွီရွေ့က ထူဆန်းနေသည်ဟုခံစားရဆဲဖြစ်သော်ငြား အများကြီးမတွေးကြပေ။သို့သော်လည်း လင်းပျန့်ယွီက တစ်ခုခုအား မှန်မှန်ကန်ကန်နည်းလမ်းအတိုင်း သတိထားမိသွားရာ လင်းရုဖေးအား ထိုအဖူးက လင်းရုဖေးနှင့်တစ်ခုခုပတ်သက်နေပါသလားဟု မျက်မှောင်ကြုတ်လျက်မေးလာ၏။ 

လင်းရုဖေးက ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပြီး လင်းပျန့်ယွီအား အချို့အကြောင်းအရာများ ပြောပြလိုက်သည်။သေချာပေါက် သူက ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် တည်ဆောက်ပုံအကြောင်း ချန်လှပ်ထားမည်ဖြစ်သည်။သူက စွမ်းအားကြီးသည့် အကြီးအကဲတစ်ယောက်နှင့်တွေ့ဆုံခဲ့ရကာ ထိုအကြီးအကဲက သူ့အားဓါးတစ်ချောင်းပေးခဲ့ပြီး ဓါးသိုင်းနည်းပညာအားသင်ပေးခဲ့ကြောင်း ပြောလိုက်သည်။သို့သော်ငြား နောက်ပိုင်းတွင် ထိုအကြီးအကဲက ကိစ္စအချို့ကြုံတွေ့ရပြီး သူ့ဝိဥာဥ်က အခုချယ်ရီပန်းပင်တွင် ပြန်လည်ဝင်စားသွားရသည်ဟုပင်။ 

လင်းပျန့်ယွီက ထိုအရာအား ကြားသည်နှင့် မျက်မှောင်ကြုတ်ပြီးမေးလာ၏။

"ဒါဖြင့် အဲ့ဒီအချိန်က သူက ငါ့ကိုရည်ရွယ်ချက်ရှိရှိခလုတ်တိုက်အောင်လုပ်ခဲ့တာပေါ့"  

လင်းရုဖေးက လင်းပျန့်ယွီပြောနေသည့်အကြောင်းအား နားမလည်သွားမီအထိ တစ်ခဏမျှအေးခဲသွားရသည်။

သူက ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ရင်း:"အစ်ကိုကလည်း...ဘာမဟုတ်တာလေးအတွက်ကိုငြင်းခုန်မနေပါနဲ့" 

လင်းပျန့်ယွီက အေးစက်စက်နှာမှုတ်လိုက်ရင်း မျက်လုံးများမှေးကျဥ်းလိုက်ကာ:"ငါသူနဲ့သေချာပေါက် ငြင်းခုန်နေမှာမဟုတ်ဘူး"

လင်းရုဖေး:"......"

ဘာလို့များ အစ်ကို့ရဲ့အသံက အရမ်းယုံချင်စရာကောင်းမနေရတာလဲ..။ 

လင်းပျန့်ယွီ၏နာကြည်းနေသည့်ပုံစံအား မြင်ပြီးနောက် သူ့တွင် ဤအကြီးအကဲအကြောင်း ဝေဖန်ချက်များစွာရှိနေပုံရ၏။အဆုံးတွင် သူကလင်းပျန့်ယွီကိုယ်တွင်းမှမီးအား ငြိမ်သက်သွားစေရန် သူ့အားအချိန်အတော်ကြား ကြင်ကြင်နာနာနှင့်စိတ်ရှည်ရှည်ထားပြီး ဖျောင်းဖျရသည်။

သို့သော်လည်း လင်းပျန့်ယွီက ဤ"နာမည်ကြီးပါသည်"ဆိုသည့်သူ၏အကြီးအကဲနှင့်ပတ်သတ်ပြီး ဝေဖန်ချက်များရှိဆဲဖြစ်ကာ လောကတွင်အတွေ့အကြုံမရှိသေးသည့် သူ့ညီငယ်လေးအား လှည့်စားသွားသည်ဟုသာ ထင်နေပေ၏။ 

ဤနှစ်၏ချမ်းအေးလှသောရာသီက မြန်မြန်ရောက်လာကာ ပထမဆုံးနှင်းက နိုဝင်ဘာလလယ်တွင် ကျလေသည်။ 

လင်းရုဖေးမှာ နှင်းတစ်ဖြောက်ဖြောက်ကျသံကြောင့်နိုးမလာမီအထိ အိပ်ပျော်နေဆဲဖြစ်လေ၏။သူနိုးလာသည်နှင့် အရင်ဆုံးလုပ်သည့်အရာက ခြုံထည်ဝတ်ဆင်ကာ ဝန်းထဲရှိချယ်ရီပန်းပွင့်ပင်သို့ သွားကြည့်ရန်ဖြစ်သည်။ 

နှင်းလွှာပါးပါးလေးက အဖူးလေးပေါ်၌ စုတင်နှင့်ပြီးလေသည်။လင်းရုဖေးက သူ့လက်ချောင်းလေးများနှင့် နှင်းများအား သပ်ချလိုက်ပြီး ဖူဟွားနှင့်ယွီရွေ့တို့အားခေါ်ကာ ချယ်ရီပန်းပွင့်ပင်လေးအတွက် နှင်းကာလေးတစ်ခုလုပ်ရန် ဝါးနှင့်သစ်တုံးလေးများအား ယူခိုင်းလိုက်သည်။ 

ဖူဟွားက ဆောက်နေစဥ်အတွင်း လင်းရုဖေးအား အထဲဝင်ပြီးအဝတ်ထူထူဝတ်ရန် တတွတ်တွတ်ပြောနေ၏။သို့သော်လည်း လင်းရုဖေးက ရပ်နေဆဲဖြစ်ကာ သူ မအေး၍ပါ ဟုသာပြောလေသည်။ 

“ပြီးတော့ သခင်လေးက မအေးဘူးလည်းပြောသေး..နှာခေါင်းထိပ်လေးတွေက ခဲပြီးရဲနေပြီ"

ဖူဟွားက အပြစ်တင်လိုက်သည်။

"သခင်လေး....မြန်မြန်သွားပါတော့..ပြန်ပြီးမဖျားသွားစေနဲ့လေ" 

အဆုံးတွင်ဖြင့် လင်းရုဖေးတွင်လည်း ရွေးချယ်စရာမရှိတော့၍ အထဲသို့ပြန်ဝင်လိုက်ရုံသာတတ်နိုင်သည်။သူက ပြန်ထွက်လာသော် ဝါးဘောင်လေးက တပ်ပြီးချေ၏။ 

လင်းရုဖေးက ချယ်ရီပန်းပွင့်ပင်လေးရှိ နှင်းပွင့်များအား အသာအယာသပ်ချနေသည်။ဖူဟွားက လင်းရုဖေးအအေးမိမည်စိုး၍ မူလက သူမကိုယ်တိုင်သာလုပ်ပေးချင်ပါသော်လည်း လင်းရုဖေးက တားလာ၏။ 

“ငါလုပ်လိုက်မယ်"လင်းရုဖေးက ပြုံးပြလိုက်သည်။

သူ၏လက်ချောင်းထိပ်လေးများက အပင်ကိုယ်ထည်အား ဖွဖွလေး ထိဆင်းလိုက်ရာ သူ့ထိလိုက်သည်ကြောင့် အဖူးလေးတုန်သွားသည်အား မြင်သော် အသည်းယားယံသလိုမျိုးဖြစ်လာသဖြင့် လင်းရုဖေးက ဆို၏။

"နွေဦးထိစောင့်ရင် ပွင့်လာမှာလား" 

ချယ်ရီပန်းပွင့်လေးက သေချာပေါက် ဖြေကြားလာနိုင်မည်မဟုတ်။ 

“မင်းပွင့်ဖို့ဆုံးဖြတ်ထားရင် အဖူးနည်းနည်းလောက်ထပ်ပွင့်သင့်တယ်လေ"

လင်းရုဖေးက သက်ပြင်းချလိုက်ပြီး:"နောက်ဆုံးနွေဦးကလိုမျိုး သောကရောက်အောင်မလုပ်နဲ့"  

ခွန်းလွန်ရှိဆောင်းရာသီက ကြာရှည်ပြီးတိတ်ဆိတ်လေ၏။တောင်ခြေက ပိုပြီးနွေးထွေးသည်ဆိုသော်ငြား လင်းရုဖေးက ထိုအောက်သို့မဆင်းချင်ပေ။ခွန်းလွန်သို့ပြန်လာပြီးနောက် သူက မြို့ထဲအလည်သွားသော်လည်း သွားသည့်အချိန်တိုင်း သူကခြောက်သွေ့နေသည့်ချယ်ရီပန်းပွင့်တောအုပ်အား ဖြတ်သွားရ၍ပင်။ဆောင်းကုန်ပြီးနောက် ချယ်ရီတောအုပ်ပေါ်နှင်းကျလာပြီး နှင်းဖြူများနှင့်မြေကြီးမည်းမည်းခြောက်ခြောက်များက အညိုဖျော့ရောင်အသွင်ပြောင်းသွား၏။လင်းရုဖေးက နေရာတွင်ပင် တစ်ခဏကြာရပ်နေကာ လှည့်ထွက်သွားပြီး ထိုအချိန်မှစ တောင်အောက်သို့ထပ်မဆင်းတော့ချေ။  

ဖူဟွားက လင်းရုဖေးစိတ်ထဲရှိသည်အား သိနေသဖြင့် မဖျောင်းဖျရဲချေ။သို့သော်လည်း သူမက လင်းရုဖေး အအေးမိမည်စိုး၍ ကျောက်မီးသွေးမီးဖိုများစွာဖိုလိုက်ပြီး အခန်းထဲရှိမီးစာများအားလုံးကိုပင် မီးရှို့ပစ်လိုက်လေ၏။ 

အခန်းလေးက သူအနွေးထည်တစ်ထပ်တည်း ဝတ်ထားရုံနှင့်နွေးနေသော်ငြား လင်းရုဖေး၏ခန္ဓာကိုယ်က အားနည်းလှ၍ ကျောက်မီးသွေးမီးဖိုအပူဓာတ်များလွန်း၍ ပိုပိုလောင်ကျွမ်းလာလေလေ သူပိုပြီးချောင်းဆိုးလာလေလေဖြစ်သည်။ 

လင်းရုဖေးက တစ်နေ့လုံးအပြင်ဘက်ထွက်နေရသည်အား ကြိုက်သဖြင့် ဖူဟွားနှင့်ယွီရွေ့တို့မှာ လင်းရုဖေးအတွက် သူနဲ့နီးနီးကပ်ကပ်သယ်သွားရန် ရေနွေးအိတ်များစွာလည်း ကြိုသွားရချေ၏။ 

ဒီဇင်ဘာလတွင် နှင်းထူထူကျလာ၍ လောကတစ်ခွင်ဖုံးလွှမ်းသွားချေသည်။ 

လင်းရုဖေးက ထီးကိုင်ထားပြီးလက်ထဲတွင်ရေနွေးအိတ်များနှင့် အိမ်ဝန်းထဲတွင်ရပ်ပြီး ချယ်ရီပန်းပွင့်ပင်အား စကားပြောနေ၏။သူပြောနေသည်က ယနေ့ ရှန်ဝူချွေ့က မင်္ဂလာကိစ္စနှင့်လာမည်ဖြစ်ကြောင်းပင်။လင်းဝေရွေ့မှာ ပျော်လွန်း၍ထမင်းတောင် အနည်းငယ်ပို၍စားမိလေ၏။ရှန်ဝူချွေ့က ခန်းဝင်လက်ဆောင်များအကြောင်းပြောလာသော်ငြား လင်းဝေရွေ့ဤကလေးမက တံတောင်ဆစ်တင်လိုက်ကာ ရှန်ဝူချွေ့ပုခုံးပေါ် လက်မောင်းနှင့်ပွေ့ဖက်လိုက်လေ၏။သူမက သူတို့တွင်ဆက်ဆံရေးကောင်းကောင်းရှိသည့်အတွက် ခန်းဝင်လက်ဆောင်ဆိုသည်က ဘာများလိုပါသနည်း။သူက သူမအား အနမ်းပေးလိုက်ရုံနှင့် သူမကချက်ချင်းလက်ထပ်လိမ့်မည်ဖြစ်သည်ဟုပင် ဆိုလာသေး၏။

_____

Translated By IQ-Team.