Chapter 182
ဘ၀အသစ်
───────
“သွေးအများကြီးဆုံးရှုံးထားတာ မင်းရဲ့အသက်ကိုတောင် ထိခိုက်တော့မလို့.."
လင်းပျန့်ယွီက သက်ပြင်းချလိုက်ပြီး:"ဝမ်ယောင်ပြောတာက မင်းဖြေးဖြေးချင်း အားပြန်ပြည့်အောင် လုပ်နိုင်ရုံပဲတဲ့"
လင်းရုဖေးက ဆိုလိုက်သည်။
"နာလည်ပါပြီ"
လင်းပျန့်ယွီက တစ်ခုခုပြောချင်ပါသော်လည်း သူ့ကိုယ်သူဟန့်တားလိုက်ရသည်။အများစုသည်ဖြင့် သူက လင်းရုဖေးအား ထိုနေ့ကအကြောင်း မေးချင်သည်ပင်။သို့သော်လည်း လင်းရုဖေးက ခက်ခဲသည့်အခြေအနေတွင်ရှိနေ၍ သူက သူတို့အား မည်သို့ရှင်းပြရမှန်းမသိချေ။ယင်းက သူ့တွင်ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်ရှိနေသည် ဟုပြောရမည်တော့ မဟုတ်တန်ရာ။ထို့အပြင် သူသည်လည်း သူ့တပည့်ရင်းများက သူတို့ကြားတိုက်ခိုက်နေကြသည်အား မြင်တွေ့ခဲ့ရသည်ဟု။
လင်းရုဖေးက သူ့အကြည့်အောက် မမြင်ရသလိုသာလုပ်နေမိ၏။လင်းပျန့်ယွီက လင်းရုဖေး၏စိတ်အား နားလည်သွား၍ထင် သူက ထိုကိစ္စအား မေးမလာတော့ချေ။
သုံးယောက်သား လင်းရုဖေးအား တစ်ခဏမျှစကားပြောခဲ့ကြပြီးနောက် သူတို့က သူပြန်ပြီးမောပန်းနွမ်းနယ်လာသည်အား သတိထားမိသွားသော် သူ့အားနားခွင့်ပေးပြီး ပြန်ဖို့ရာထကြရန် ဆုံးဖြတ်လိုက်သည်။
လင်းရုဖေးက စွတ်ပြုတ်အား သောက်လိုက်ပြီး တစ်ခဏမျှအိပ်စက်ခြင်းသို့ ပြန်ဦးတည်လိုက်သည်။အိပ်စက်ပြီးနောက် သူက အိပ်ရာမှထလာပြီး ကုယွီအားကိုင်ကာ သနားစဖွယ်ချယ်ရီပန်းပွင့်ပင်လေးအား ကြည့်ရန် ဝန်းထဲသို့သွားလိုက်သည်။
ချယ်ရီပန်းပွင့်ပင်လေးက ထိုနေရာ၌ ရှိနေဆဲဖြစ်ပြီး ပန်းပွင့်များနှင့် အပင်ငယ်လေးများအလယ် သတိထားမိစရာတစ်ကွပ်မျှမရှိနေချေ။လင်းရုဖေးက ယင်း၏အကိုင်းများအား ထိလိုက်ပြီး သူ့အကြည့်က လက်ထဲရှိ ကုယွီဆီမလှမ်းလိုက်မီအထိ ကျန်ရှိနေသော အရွက်ခြောက်များကိုသာ ထိနေမိ၏။
ကုယွီက အများကြီးပြောင်းလဲမသွားပေ။လင်းရုဖေးက ယင်းအား စိုက်ကြည့်ရင်းမှ အပြုံးဖွဖွပြုံးလိုက်မိသည်။သူက ဓါးသွားအား ဖြေးဖြေးချင်းထုတ်လိုက်သည့်အခါ ဓါးသွားက ဓါးအိမ်မှ တဝီဝီမြည်ပြီးထွက်လာ၏။နှင်းဖြူရောင်ဓါးသွားက မြေကြီးပေါ်ရှိအလင်းကွက်ထံ ထိုးထွက်သွားကာ လင်းရုဖေးက ဓါးသွားအား သူ့လက်ချောင်းလေးနှင့် ဖွဖွပုတ်လိုက်ရင်း ဖြေးညင်းစွာ မေးလိုက်သည်။
"မင်းက အဲ့ဒီမှာလား"
မည်သူမျှ ဖြေကြားလာခြင်းမရှိပေ။
“ရွှမ်းတုလား"လင်းရုဖေးက ပြန်ခေါ်လိုက်၏။
တုန့်ပြန်လာခြင်းမရှိဆဲပင်။
လင်းရုဖေးက မျက်မှောင်ကြုတ်ပြီး တစ်ခဏမျှစဥ်းစားပြီးနောက် သက်ပြင်းချကာ တိုးတိုးပြောလိုက်၏။
"အကြီးအကဲလား"
ဓားသွားက တဝီဝီမြည်လာပြီး လင်းရုဖေး၏ခေါ်သံအား တုန့်ပြန်လာ၏။လင်းရုဖေးက အောက်နှုတ်ခမ်းအား ရှက်ကိုးရှက်ကန်း ကိုက်လိုက်ကာ လေသံနိမ့်နိမ့်လေးဖြင့် အပြစ်တင်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကိုဒီအချိန်မှာတောင် စချင်နေသေးတယ်"
ကုယွီက နားမထောင်ပေ။
လင်းရုဖေးက လက်မြှောက်၍ ကုယွီနှင့်ချယ်ရီပန်းပွင့်ပင်လေးအား ညင်ညင်သာသာ ထိလိုက်သည်။များမကြာမီတွင် ကုယွီထက်မှ အလင်းရောင်ဖျော့ဖျော့ထွက်လာပြီး ချယ်ရီပန်းပွင့်ပင်ဆီသို့ ဦးတည်သွားလေသည်။လင်းရုဖေးက ဤမြင်ကွင်းအား မြင်သော် စိတ်သက်သာရာရသွားဟန် သက်ပြင်းလေးလေးပင်ပင်ချလိုက်ပြီး ရေရွတ်လိုက်၏။
"ကံကောင်းလို့ ကျွန်တော် ခင်ဗျားကိုကြိုပြီးပြန်ခေါ်ထားနိုင်လို့မဟုတ်လို့ကတော့ ဝူအောင်းသာ အသက်တစ်ရှိုက်အတွင်း အကုန်လုံးကို မီးရှို့ပစ်လိုက်ရင် ...ကျွန်တော်တို့တော့ ဒုက္ခကြီးကြီးရောက်တော့မှာပဲ"
[ t/n: သူက ချယ်ရီပန်းပွင့်ပင်ကို ပြောတာပါနော် ဘာလို့ဆို WAက တောင်ခြေက တောအုပ်တစ်ခုလုံးကို မီးရှို့ခဲ့လို့ပါ ]
တောက်ပနေသည့် မီးလုံးက သေးငယ်လှသည့်ချယ်ရီပန်းပွင့်ပင်လေးပေါ် ကျသွားကာ ပန်းဖူးလေးအဖြစ်ပြောင်းသွားလေ၏။အကိုင်းဗလာပေါ်မှ ယင်းက ကြီးမားစွာ ရုတ်တရက်ထွက်လာပုံပေါ်သည်။
လင်းရုဖေးက အဖူးလေးအား သူ့လက်ချောင်းထိပ်လေးများနှင့် ထိလိုက်ရာ အဖူးလေးက တုန့်ပြန်သည့်အနေနှင့် ဆတ်ခနဲတုန်လာ၏။
လင်းရုဖေးက ပန်းဖူးလေးအား နူးညံ့ချိုသာစွာကြည့်လိုက်ရင်း ငုံ့လိုက်ပြီးအနမ်းဖွဖွလေး မပေးဘဲမနေနိုင်မိပေ။အဖူးလေးက အေးစက်နေသော်လည်း အနည်းငယ်နွေးနေကာ ကုရွှမ်းတုက လင်းရုဖေး၏လက်အားဆုပ်ကိုင်ထားဖူးသည့် အချိန်တုန်းကလိုပင်။
“ခင်ဗျား အချိန်ယူပါ..အလျင်မလိုဘူး"
လင်းရုဖေးက ဆိုလိုက်သည်။
"ကျွန်တော်တို့မှာ အချိန်အများကြီးကျန်သေးတယ်..ဖြေးဖြေးချင်းစောင့်လို့်ရတယ်"
သူက ဤသို့ပြောရင်း သစ်ပင်ကိုယ်ထည်အား ပြန်ပုတ်လိုက်ပြီး သူ့အသံထဲတွင် ညင်သာသောအပြုံးလေးကရောဆွတ်နေကာ:"ကုရွှမ်းတု...ကျွန်တော် ခင်ဗျားကို"အကြီးအကဲ"လို့ ပြန်ခေါ်ရင် ခင်ဗျားအတွက် ကြားရတာ အရင်လိုကျေနပ်နေဦးမှာလား"
ကောင်းကင်ဘုံအုပ်ချုပ်သူက ကုရွှမ်းတု၏ဆရာဖြစ်စဥ်က သေချာပေါက် ကုရွှမ်းတုအား "အကြီးအကဲ"ဟုခေါ်ရန်က မဖြစ်နိုင်ပေ။အချက်ကျကျပြောရသော် ဓါးဝိဥာဥ်များက ကုရွှမ်းတုထက် အသက်ကြီး၍ သူတို့အား နာမည်ခေါ်ရလေ၏။သို့သော်လည်း နောက်ဆုံး လင်းရုဖေးထံရောက်လာသောအခါ ကုရွှမ်းတုက သူ့ထံမှအခွင့်ကောင်းကြီးကြီးယူသွားလေ၏။
သူက ကုရွှမ်းတုအား"အကြီးအကဲ"ဟု စစခေါ်စဥ်က ကုရွှမ်းတုမျက်နှာတစ်မျိုးဖြစ်သွားသည်က အံ့သြစရာမရှိချေ။ယခု သူကဤအကြောင်းတွေးနေရင်း သူက တိတ်တိတ်လေးကျေနပ်နေနိုင်၏။
သို့သော်လည်း ယခုကုရွှမ်းတု၏ဝိဥာဥ်က ပန်းဖူးလေးသာဖြစ်နေ၍ လင်းရုဖေးမှာ ယင်းအား ဘာမှမလုပ်နိုင်ကာ သူ့အား ဆူ၍လည်းမရနိုင်ပေ။တစ်ခဏမျှတွေးတောစဥ်းစားပြီးသည့်နောက် သူက အခန်းဆီသို့သာ ပြန်သွားကာ ခုံကိုရွှေ့လိုက်ပြီးနောက်ချယ်ရီပန်းပွင့်ပင်အောက်ထိုင်ရင်း တစ်မှေးမှေးလိုက်လေ၏။
ယနေ့အပြင်ဘက်ရှိ နေမင်းကြီးက သာသာယာယာရှိကာ ဆောင်းဦးရာသီချိန်ခါဝယ် လန်းဆန်းလျက်ရှိသည်။မအေးလွန်းသဖြင့် လင်းရုဖေးမှာ မိန်းမောရင်းအိပ်မောကျသွားရသည်။သို့သော်ငြား ဤသို့ဖြစ်နေချိန် သူ့နှာဖူးအား ခပ်ဖွဖွထိလိုက်သည်အား ခံစားလိုက်ရသော်လည်း သူ့ကိုယ်ပေါ်မှခြုံလွှာထူထူကြီးမှလွဲ ဘာမျှမတွေ့ရချေ။ဖူဟွားနှင့်ယွီရွေ့တို့က သူအအေးမိမှာစိုး၍ထင် သူ့အား ဂရုတစိုက်ခြုံထားပေးခဲ့ချေ၏။
အနည်းငယ်မှောင်လာပြီဖြစ်၍ ဖူဟွားက သူ့အား အစားစားရန်အတွက် အထဲဝင်ရန် လာခေါ်သည်။
လင်းရုဖေးက ခုံတန်းလေးမှ ထရပ်လိုက်လေသည်။သူက သမ်းဝေလိုက်ရင်း ပျင်းပျင်းရိရိအကြောဆွဲလိုက်ကာ ချယ်ရီပန်းဖူးလေးအား ကြည့်လိုက်ပြီး အပြုံးလေးနှင့်နှုတ်ဆက်လိုက်သည်။
"မနက်ဖြန်တွေ့ကြမယ်"
လေညင်းလေးက တိုက်ခတ်လာပြီး ချယ်ရီပန်းပွင့်ပင်က လင်းရုဖေး၏နှုတ်ဆက်စကားအား တုန့်ပြန်သည့်နှယ် အကိုင်းများအား လှုပ်ခါပြလာ၏...
မနက်ဖြန်တွေ့ကြမယ်..။
မနက်ဖြန်က နေ့ကောင်းလေးတစ်ခု ဖြစ်နိုင်မလားပဲ...လင်းရုဖေးက တွေးလိုက်မိသည်။ထိုအချိန်ရောက်သည်နှင့် သူက ချစ်ရသူချယ်ရီပန်းပွင့်လေး၏ဘေးတွင် တစ်ရေးမှေးလိုက်ပေမည်။
[ t/n: ဒန် ဒန့် ဒန်န်န်န်န်န်န်....အဆုံးသတ်တော့မှာလား... ( ̄y▽, ̄)╭ ]
─────────────────────────────────────────────────
[1]ဒီလိုပန်းကန်လေး
___
Translated By IQ-Team.