အပိုင်း ၁၇၉
Viewers 37k

Chapter 179
 နှစ်ပေါင်းရာချီအချိန်က

───────

နှစ်ဦးသား နှစ်ရာပေါင်းအချို့ခန့် အတူရှိနေကြသည်က ယောင်ကွမ်းတိုက်ကြီးမှာ မဟာတည်ဆောက်ပုံမှအကျိုးကျေးဇူးများရရှိခဲ့ပြီး နှစ်ရာပေါင်းများစွာ ကြီးပွားတိုးတက်ခဲ့သည့် အတောအတွင်းအထိပင်။ 

ထို့နောက် ကုရွှမ်းတုက ကျင့်ကြံခြင်းအဆင့်ကိုးမှအဆင့်တစ်ဆယ်ထိ ရောက်သွားကာ အရင်ကောင်းကင်ဘုံအုပ်ချုပ်သူထက်ပင် သာလွန်သွားလေ၏။ 

သူက အဆင့်တစ်ဆယ်သို့ရောက်သွားသော် သူလုပ်ခဲ့သည့်ပထမဆုံးအရာသည်ကား ပုအယ်သို့တည့်တည့်သွားပြီး မိစ္ဆာဘုရင်အား ခေါင်းဖြတ်ရန်ဖြစ်သည်။ထောင်သောင်းချီသော မိစ္ဆာများက ဤမြင်ကွင်းအား သူတို့၏ကိုယ်ပိုင်မျက်စိနှင့် တိုက်ရိုက်မြင်တွေ့ခဲ့ရသည်။သူတို့က အနီရောင်ဝတ်ဆင်ထားသည့် ဓါးသမားတစ်ယောက်က ဓါးသုံးချောင်းအား လွယ်ထားလျက် လေထဲသို့တက်လှမ်းကာ ဓါးယမ်း၍ ခေါင်းတစ်ခုအား မြေပေါ်သို့ခုတ်ချလိုက်သည်အား စောင့်ကြည့်ခဲ့ကြရသည်။ 

ယောင်ကွမ်းသို့ မရေမတွက်နိုင်သည့် နာကျင်မှုအား ယူလာပေးခဲ့သည့် ဤခေါင်းသည်ဖြင့် ပေါ့ပါးလှကာ ဓါးသွားတစ်ခုလောက်ပင် မလေးချေ။ 

ကုရွှမ်းတုက ခေါင်းအားကြည့်လိုက်ရင်း သာမန်ကာလျှံကာပင် ဘေးသို့လွှင့်ပစ်လိုက်ကာ လေထဲသို့ပြန်တက်လှမ်းသွားလေ၏။ထောင်သောင်းချီသော မိစ္ဆာများက သူ့နောက်ကျောအား ကြည့်ရင်း အားလုံးတိတ်ဆိတ်နေမိကြသည်။ 

ထိုအရာပြီးသည့်နောက် ရှည်ကြာပြီးလှပသည့် အချိန်ကာလတစ်ခုဖြစ်ခဲ့သည်။ 

ကုရွှမ်းတုက တာ့ဟန်အားယူကာ စီရင်စုတစ်ခွင် လှည့်လည်သွားလာပေတော့သည်။သူက ရွှမ်းတုထံ ပြန်သွားခဲ့ပြီး သူနေထိုင်ခဲ့ဖူးသည့် နေရာများအား မြင်တွေ့ခဲ့ရလေ၏။သူက ချုန်းလုံသို့ သွားခဲ့ပြီး တောင်တန်းများပေါ်မှ ချိတ်ဆွဲထားသည့် မျှော်စင်များအား တွေ့ခဲ့ရသည်။သူက ပုအယ်သို့သွားလိုက်ပြီး ထိုတစ်ဝက်နှင်းကျပြီး တစ်ဝက်ကြည်နေသည့် ကျွန်းပေါ်တွင် တာ့ဟန်နှင့်အတူ ကတိကဝတ်တစ်ခုထားခဲ့လေ၏။သူတို့က မရေမတွက်နိုင်သည့် နွေဦး၊ဆောင်းဦး၊ဆောင်းရာသီ၊နွေရာသီတို့အား မြင်ခဲ့ကြရသည်။သူတို့က ဘယ်တော့မှ ထပ်ပြီးခွဲခွာကြရလိမ့်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြလေ၏။သူက သူ့အားမထိတွေ့နိုင်ရင်တောင် ပွေ့ဖက်မထားနိုင်ရင်တောင်...နှစ်ဦးသားမှာ ဆက်နွယ်ထားပြီးဖြစ်၍ တခြားအရာများ မလိုအပ်တော့ချေ။  

ကုရွှမ်းတုက သူသည် တာ့ဟန်နှင့် ဤကဲ့သို့နေရလိမ့်မည်ဟု တွေးမိသည်နှင့် ကောင်းကင်ကြီးက သူ့ထံမှ ထပ်ပြီးဆွဲထုတ်သွားပြန်၏။ 

အဆင့်တစ်ဆယ်သို့ ရောက်သွားပြီးနောက် သူက ဟင်းလင်းပြင်အား တက်လှမ်းနိုင်တော့မည်ဖြစ်ကာ မသေမျိုးလောကအား တက်သွားပေတော့မည်။ဤသည်က ကျင့်ကြံသူတိုင်း ဆန္ဒအရှိဆုံးအရာတစ်ခုပင်။ကုရွှမ်းတုတွင် မသေမျိုးလောကသို့ တက်လှမ်းလိုသည့်ဆန္ဒမရှိသော်လည်း ကောလဟာလများအရ ကောင်းကင်ဘုံလောက၌ ဓါးဝိဥာဥ်အား ရုပ်ခန္ဓာတစ်ခုပေးခွင့်ပြုထားသည့် နည်းလမ်းတစ်ခုရှိသည်ဟု ကြား၍ သူသည်လည်း ဤအကြံအား လက်သင့်ခံလိုက်ရခြင်းပင်။  

သို့သော်လည်း မိုးကြိုးအပြစ်ဒဏ်ဆင်းသက်လာစဥ် ကုရွှမ်းတုက တစ်ခုခုမှားနေပြီဖြစ်ကြောင်း သဘောပေါက်သွားချေ၏။ 

မိုးကြိုးမှာ ပြင်းထန်လွန်းရကာ သူသည်လည်း လုံးဝမခုခံနိုင်ချေ။သူက မှော်ဝင်ရတနာများအားလုံးအား သုံးဖူးသော်လည်း ကိုးဆယ့်ကိုးခုထိသာ ပိတ်ထားနိုင်၏။တစ်ရာခုမြောက်မိုးကြိုးသည်ကား အားအပြင်းဆုံးပင်။သူလဲကျတော့မည့်ပုံဖြစ်သွားသည်နှင့် ကုရွှမ်းတုက သူ့ဝိဥာဥ်အား အစိတ်စိတ်အမွှာမွှာအဖြစ် အဆုံးသတ်လိုက်ရရုံသာ တတ်နိုင်သည်။သို့ဆိုရင်တောင် သူက တာ့ဟန်အား သုံးရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ထို့အစား သူကသေသည်ထိကာကွယ်သွားချင်သည့်ဟန်ဖြင့် ဓါးအား လက်ထဲဝယ် ပွေ့ပိုက်ထားလေ၏။ 

ဓားဝိဥာဥ်မှာ နှစ်ထောင်ချီရှင်သန်နိုင်၍ သခင်သေသွားရင်တောင် အသစ်တစ်ယောက်ရှာနိုင်ပေ၏။ကုရွှမ်းတုက သူ့အားသူကိုယ်တိုင်မမြုပ်နှံရက်ချေ။သူက နောက်ဆုံးလက်ကျန်ခွန်အားကို သုံးလိုက်ပြီး ဓါးရိုးထက်၌ အနမ်းတစ်ပွင့်ခြွေလိုက်သည်။ 

သို့သော်ငြား ကုရွှမ်းတုက မလုပ်ရက်ပါက တာ့ဟန်သည်လည်း မည်သို့များ ဆန္ဒရှိမည်နည်း..။လင်းရုဖေးက ကောင်းကင်ထက်၌ လျှပ်စီးကြောင်းများနှင့်အတူ မိုးခြိမ်းသံတစ်ညံညံနှင့် တိမ်မည်းမည်းကြီးများအား တွေ့လိုက်ရချေ၏။

မိုးစက်မိုးပေါက်များကျလာကာ ကုရွှမ်းတု၏ဆံပင်များအား စိုစွတ်စေသည်။သူက ခေါင်းစောင်းလိုက်ရာ မိုးရေစက်တို့က မေးစေ့အောက်ထိ လျှောကျသွားပြီးမျက်ရည်များသဖွယ် ဖြစ်လာသည်။

လျှပ်စီးကြောင်းက ပြန်လက်လာ၏။နောက်မှ ကောင်းကင်နှင့်မြေကြီးအား တုန်လှုပ်သွားစေနိုင်သည့် အရှိန်အဟုန်နှင့် မိုးကြိုးဆက်ဆက်တို့ လိုက်ပါလာသည်

ကောင်းကင်ဘုံအပြစ်ဒဏ်သည်ကား အလင်းတန်းကြောင်းအဖြစ် စုစည်းသွားလေ၏။မကြာမီကျလာတော့မည်အား မြင်ပြီးနောက် ကုရွှမ်းတုမှာ မြဲမြဲဆုပ်ကိုင်ထားသည်အား ပြေလျော့လိုက်ကာ တာ့ဟန်အား သူ့လက်ထဲကနေ မြေပေါ်သို့ ကျသွားစေချင်ခဲ့သည်။သို့သော်လည်း ယခုတစ်ကြိမ်၌ တာ့ဟန်က သူကိုယ်တိုင်ဓားအိမ်မှထွက်လာပြီး အေးစက်သည့်အလင်းတန်းနှင့်အတူ ကုရွှမ်းတုခေါင်းပေါ်သို့ လှဲကျင်းလိုက်လေသည်။  

“မဟုတ်...ဘူး...."

စူးရှသည့် အော်သံနှင့်အတူ မိုးကြိုးကကျလာပြီး နှင်းဖြူရောင်ဓါးလေးက အများစုအား ကြံ့ကြံ့ခံပေးထားသော်လည်း ယင်းက အပိုင်းပိုင်းဖြစ်ကာ အမည်းရောင်ပြာမှုန့်များအဖြစ် မေ့လျော့ခြင်းမြစ်ထဲစီး၀င်ပျောက်ကွယ်သွားလေ၏။

မှတ်ဥာဏ်သည်ကား ထိုနေရာတွင်အဆုံးသတ်သွားသော်ငြား လင်းရုဖေးက ကုရွှမ်းတု၏စူးစူးရှရှမြည်တမ်းလိုက်သည်အား ဝိုးတဝါးကြားနေရဆဲဖြစ်ပြီး သောကကြောင့်ကြေကွဲဖွယ် အော်ငိုသံများလည်း ပါချေသည်။

ဤအချက်၌ လင်းရုဖေးမှာ သူကျောက်ခေါင်းတလားထဲသို့ လှဲချလိုက်စဥ် ကုရွှမ်းတုတွင် ဘာကြောင့်သူ့မျက်လုံးထဲ၌ ဝမ်းနည်းဖွယ်အပြုံးရှိနေသည်အား နားလည်သွားချေ၏။ 

အနည်းဆုံးအနေနှင့် ဤတစ်ကြိမ်၌ သူက ကျန်နေခဲ့ရသူမဟုတ်ကာ သူ၏ချစ်ရသူပြန်ဝင်စားသည်အား စောင့်ရန်အတွက် ချယ်ရီပန်းပွင့်တောထဲဝယ် နှစ်ပေါင်းတစ်ရာခန့် ထပ်ပြီး မစောင့်ရတော့ချေ။ထပ်ပြီးခွဲခွာရသည်အတွက် စိတ်ပျက်နေမည့်အစား သူက ကြာရှည်ငြိမ်းချမ်းစွာ အိပ်မောကျသွားရန် ပိုလိုလားပေ၏။ 

အမှောင်ထုက ပြီးပြည့်စုံစွာ လွင့်ပျယ်သွား၍ လင်းရုဖေးက သူ့မျက်လုံးများအား ဖြေးညင်းစွာဖွင့်လိုက်လေသည်။သူက သူမျက်လုံးဖွင့်လိုက်သည်နှင့် ဝူအောင်းအားတွေ့ရလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ၏အရိပ်အရောင်ကိုပင် မတွေ့ခဲ့ချေ။ထို့အစား တစ်ယောက်ယောက်က ဤနေရာ၌ အခုလေးတင်တိုက်ခိုက်ထားသည့်နှယ် မြေပြင်က ရှုပ်ပွနေ၏။ 

လင်းရုဖေးက မြေပြင်မှ ခက်ခက်ခဲခဲထလိုက်ရာ သူက ဘေးရှိကောင်းကင်ဘုံအုပ်ချုပ်သူ၏ခန္ဓာကိုယ်အား တွေ့လိုက်ရလေ၏။လက်ရှိ၌ သူ့တွင်ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်အားလုံးက ရထားလေပြီးဖြစ်၍ သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်က ဘေးတွင်လှဲနေဆဲဖြစ်ကြောင်း တွေ့သွားသော် မတုန့်ပြန်နိုင်အောင်ပင် ဖြစ်သွားရချေသည်။

ဘာဖြစ်သွားတာလဲ...။

ဝူအောင်းရဲ့အစီအစဥ်တိုင်းသာဆို သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်ထဲ ဝင်သွားသင့်သည်မဟုတ်ပါလား။

ဘာလို့ ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်ပဲ ရရှိသွားခဲ့ရတာလဲ..။ 

လင်းရုဖေးမှာ ခွန်အားအနည်းငယ်ရှိနေသေး၏။သူက သူ့အတွေးများအား ချင့်ချိန်နှိုင်းဆမိသည်နှင့် အပြင်ဘက်မှ တိုက်ခိုက်နေသံများအား ကြားလိုက်ရသည်။သူက အနည်းငယ် တောင့်ခဲသွားရပြီး ထော့နဲ့ထော့နဲ့လျှောက်သွားလိုက်ရာ မည်းမှောင်နေသည့်မျက်နှာနှင့် ဘေးတွင်ရပ်နေသော ဝူအောင်းအား တွေ့လိုက်ရချေ၏။ပုံရိပ်နှစ်ခုက ကောင်းကင်တစ်ခွင် တုန်ဟီနေပြီး ယင်းက သေချာပေါက် လင်းပျန့်ယွီနှင့် မော့ချန်းရှန်တို့ပင်။  

“ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်..."

ဝူအောင်းက လင်းရုဖေးနိုးနေသည်အား မြင်သော် အံ့အားသင့်သွားဟန်ပြလာ၏။သူက လင်းရုဖေးဘေးသို့ လျှောက်လာပြီး တုန်ယင်နေသောအသံနှင့် ဤစာကြောင်းအား အော်ပြောလာသည်။ 

လင်းရုဖေးက နှုတ်ခမ်းတင်းတင်းစိထားရင်း အသံနိမ့်နိမ့်နှင့် ပြန်ဖြေလာ၏။

"ဝူအောင်း..."

သူက ဝူအောင်းအား မြင်သောအခါ မြစ်ဘေးတွင်သေတော့မည့်ဟန် အေးခဲမတတ်ဖြစ်နေသော ထိုကလေးအား သတိရလာ၍ အပြစ်တင်ရမည့်စကားလုံးများကလည်း နှုတ်ခမ်းထက်၌ သက်ပြင်းဖွဖွအဖြစ်သာ ကူးလူးသွားချေ၏။

"ငါ တောင်းပန်ပါတယ်..." 

“ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်....."

ဝူအောင်းက အော်ငိုလိုက်ရင်း သူ့စကားလုံးများထွက်ကျကာ မွန်းကြပ်လုနီးနီးဖြစ်လာသည်။  

“မင်းအဲ့ဒီလို မလုပ်ခဲ့သင့်ဘူး"

လင်းရုဖေးက အနည်းငယ် မောပန်းနေ၏။တကယ်တမ်းတွင်ဖြင့် သူ၏အသိစိတ်အားလုံးက ရှုပ်ထွေးနေသည်။ရှုပ်ပွနေသည့် မှတ်ဥာဏ်အားလုံးက သူ့ဦးနှောက်ထဲသို့ တစ်တန်းတည်းစုဆုံလာပြီး သူက ထိုအရာအားလုံးက အပြည့်လက်ခံနိုင်သည့် အချိန်မရှိသေး၍ပင်။အတိတ်ကိုသိရှိပြီးနောက် ဝူအောင်းအား ရွံရှာစက်ဆုပ်မိသည်ကလည်း စိတ်မသန့်ဖြစ်မှုများနှင့်ကိုယ့်ကိုကိုယ်အပြစ်တင်နေမှုများနှင့်သာ ရောထွေးသွားလေ၏။  

“ကျွန်တော်က ဆရာ့ကို တစ်ကြိမ်လောက်ထပ်ပြီး မြင်ချင်ရုံလေးပါပဲ"ဝူအောင်းက နာနာကျင်ကျင် ရေရွတ်လိုက်၏။ 

“မင်းငါ့ကို တွေ့ရရင်တောင်မှ ဘာဖြစ်သွားမှာမို့လို့လဲ...ငါက ငါမဟုတ်တော့ဘူးလေ"

လင်းရုဖေးက သက်ပြင်းချလိုက်ပြီး"ငါ့နောက်ဆုံးနာမည်က အခု လင်းဖြစ်သွားပြီးတော့ ငါက လင်းမိသားစုရဲ့သားအငယ်ဆုံး...မင်းရဲ့ ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်မဟုတ်တော့ဘူး" 

ဝူအောင်း:"ကျွန်တော်သိတယ် ကျွန်တော်သိတယ်..."

သူက သူသိတယ်လို့သာ ပြောနေသော်လည်း သူ့မျက်နှာနေထားကမူ အတွေးတို့ နစ်မြောနေဆဲပင်။ 

လင်းရုဖေးက မော့ချန်းရှန်နှင့်လင်းပျန့်ယွီတို့ တိုက်ခိုက်နေဆဲဖြစ်သည့် လေဟာနယ်ထဲသို့ မော့ကြည့်လိုက်လေ၏။သူက ဝူအောင်းက မည်သို့များ မော့ချန်းရှန်အား အမြင့်ဆုံးအခြေအနေသို့ စီမံထားသည်ကိုမသိ၊ တိုက်ခိုက်ရာတွင် သူ့လှုပ်ရှားမှုများက ရက်စက်နေ၏။လင်းပျန့်ယွီက သူ့အားမထိခိုက်စေချင်ဖြစ်နေ၍ တစ်ခဏအတွင်း နှစ်ဦးကြားတိုက်ပွဲအခြေအနေမှာ စိုးရိမ်စရာဖြစ်လာသည်။

“ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်...ကျွန်တော် မေးခွန်းတစ်ခုလောက်ပဲ မေးချင်ရုံပါ"

ဝူအောင်းက အံတင်းတင်းကြိတ်ထားရင်း တုန်ယင်နေကာ:"အဲ့ဒီကုရွှမ်းတု...သူက ဆရာ့ကိုလိမ်ခဲ့သလား"

သူက လင်းရုဖေး၏မျက်နှာနေထားမှ အဖြေကိုရချင်သည့်နှယ် လင်းရုဖေးအား စိတ်ပါးထက်သန်စွာကြည့်လိုက်၏။ထို့နောက် သူ့အားစကားဆက်ပြောရန်ခွန်အား ပေးလိုက်သည်နည်းလမ်းတစ်ခုတည်းက ဤအဖြေဖြစ်လေသည်။

“မဟုတ်ဘူး"

လင်းရုဖေးက ခါးသက်သက်ပြုံးလိုက်ပြီး:"ဒီသုံးဘဝလုံးမှာ သူနဲ့ငါက ချစ်သူတွေပဲ..တာ့ဟန်က သူ့ကြောင့်ပျက်ဆီးသွားတာမဟုတ်ပေမယ့် ကောင်းကင်ဘုံကပ်ဘေးကို အလိုအလျောက် ခုခံပေးခဲ့တာ...ဒီဘဝမှာ သူလည်း ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ကိစ္စအကြောင်း မပြောဖူးဘူး"  

ဝူအောင်းက လင်းရုဖေးအား အံ့သြတကြီးကြည့်လိုက်ပြီး:"ကောင်းကင်ဘုံအုပ်ချုပ်သူ..သူ့ကိုအပြစ်မတင်ဘူးလား" 

လင်းရုဖေးက ခေါင်းခါပြလာ၏။ 

“ကျွန်တော့်ကိုရော..."ဝူအောင်းက ရယ်ချင်ငိုချင် ဖြစ်နေ၏။

သူက သူ့လက်များအားကြည့်လိုက်ရင်း အားစိုက်ထားရသည့်လေသံနှင့် မေးလာသည်။

"ကျွန်တော့်ကိုရော..ကျွန်တော် ဒီအရာတွေအကုန်လုပ်ခဲ့ပြီးမှတော့ ကောင်းကင်ဘုံအုပ်ချုပ်သူအရှင် ..ကျွန်တော့်ကို အပြစ်တင်မလို့လား"  

လင်းရုဖေးက သူ့အား တွန့်ဆုတ်စွာကြည့်လိုက်မိပြီးနောက် ဝူအောင်း၏စိတ်အခြေအနေက တစ်ခုခုမှားနေမှန်း အာရုံခံမိသွား၏။ 

မျှော်လင့်ထားသကဲ့သို့ပင် တစ်ခဏအကြာ၌ ဝူအောင်း၏မျက်နှာထက် ကြမ်းရမ်းသည့်အပြုံးတစ်ခု လွှမ်းလာပြီး:"နှစ်ပေါင်းသုံးရာ..နှစ်ပေါင်းသုံးရာတဲ့..အာ ...ငါဘာတွေများ စောင့်နေမိတာလဲ..ငါက နောက်ကျကျန်နေတုန်းပဲလေ....."

ပြီးနောက် ထိုအေးစက်လှသော မြစ်ရေထဲခုန်ချပစ်လိုက်လေ၏။ 


**** 


စာရေးသူမှာ ပြောစရာရှိတယ်


လင်းရုဖေး : ကျွန်တော့်မျိုးရိုးနာမည်က ကု..ခင်ဗျားကလည်း ရွှမ်းတုတိုက်ကြီးမှာမွေးတော့ ဒီလိုဆို... 

ကုရွှမ်းတု : 0.0 

လင်းရုဖေး : ခင်ဗျားကို ကုတာ့လု[2]လို့ ခေါ်ရမယ်။ 

ကုရွှမ်းတု : ? ??????? 

───────────────────────────────────────────────── 


[1]နည်းစနစ်ကျကျပြောရရင် ..ထောင်ဟွားက မက်မွန်ပန်းပွင့်လို့ ဆိုလိုပေမယ့် englishခေါင်းစဥ်က "ချယ်ရီပန်းပွင့်"ဆိုတဲ့အတွက်..အမ်..ဟုတ်တယ် :)

[2]တာ့လုက တိုက်ကြီးကိုပြောတာပါနော်

____

Translated By IQ-Team.