အပိုင်း ၁၇၈
Viewers 37k

Chapter 178
နှစ်ပေါင်းရာချီအချိန်က

───────


“တကယ်ပါ"ဤသည်က သူက သူ့အားပေးခဲ့သည့် ကတိပင်။

သူက ဤကလေးမှာ ကြောက်လွန်း၍အကာအကွယ်လိုနေ၍ဟုသာ ထင်လိုက်သော်လည်း ဤကလေးက ထိုကတိအား နှစ်ရာပေါင်းများစွာ မှတ်မိနေမှန်း မသိခဲ့ပါချေ။  

ကုရွှမ်းတုနှင့် ဝူအောင်းအား ပျိုးထောင်ခဲ့ရသည့် နေ့ရက်များက သူ့ဘဝအတွက် အပျော်ရွှင်ရဆုံးနေ့ရက်များပင်။ကလေးနှစ်ယောက်စလုံးက သိပ်ဝင်စားဖွယ်ကောင်းပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏ ငြီးငွေ့ဖွယ်ဘဝကြီးဆီ ပျော်ရွှင်မှုအများအပြား ယူလာပေးလေ၏။သူက သူတို့အား ဓါးရေးသင်ပေးရုံသာမက ရေးတတ်ဖတ်တတ်ရန်လည်း သင်ပေးကာ ဒူးလောက်ပင်ရှိသည့်ကလေးများ အရွယ်မှ သူ့ထက်ပိုအရပ်ရှည်လာသည့် အရွယ်ထိ ကြီးထွားလာကြသည်အား စောင့်ကြည့်ခဲ့လေသည်။ 

စိတ်မကောင်းစရာက ကမ္ဘာကြီးမှာ သူတို့အား အချိန်အများကြီး မပေးခဲ့၍ပင်။ 

ထိုနှစ်က သူနှင့်ကုရွှမ်းတုတို့ ခံစားချက်ချင်းဖလှယ်ကြသည်က ကုရွှမ်းတုမှာ အသက်နှစ်ဆယ်ရှိပြီဖြစ်၏။ကုရွှမ်းတုက ထူးထူးချွန်ချွန်မွေးဖွားလာသည်ဖြစ်ပြီး ပင်ကိုအရည်အသွေးမှာလည်း အထက်မြက်ဆုံးဖြစ်သည်။သူက ထိုနှစ်တွင် အသက်နှစ်ဆယ်ပြည့်ခဲ့ပြီး ကျင့်ကြံခြင်းအဆင့်ရှစ်သို့ပင် ရောက်လေပြီးဖြစ်သည်။ကောင်းကင်ဘုံအုပ်ချုပ်သူက အဆောတလျင်ကိစ္စများကြောင့် အဝေးသို့တစ်နှစ်ခန်ရောက်နေပြီး သူပြန်လာသောအခါ ကုရွှမ်းတုမှာ အတော်လေးထူးဆန်းနေသည်ဟုခံစားရလေရာ တစ်နှစ်ဆိုသည့်အချိန်အတွင်း သူ့လက်ထဲတွင်ပင် အလိုလိုက်ခံနရေဆဲဖြစ်သည့် ကလေးက ကြီးကောင်ပေါက်အရွယ်သို့ ရောက်လာ၏။ 

ကုရွှမ်းတုက ဝူအောင်းထက် ပိုမိုခန့်ညားကာ သူ၏စိတ်ဆန္ဒများက ဝူအောင်းထက် ပိုမိုခိုင်မာလေ၏။ဝူအောင်းက ကောင်းကင်ဘုံအုပ်ချုပ်သူအား သူ့မိသားစုဝင်ကဲ့သို့ လိုချင်သော်ငြား ကုရွှမ်းတုသည်ကား တစ်ခြားအရာတစ်ခုအား စိတ်အားထက်သန်ပေ၏။သူက ယင်းအားတောင့်တနေ၍ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကမ္ဘာတစ်ခုလုံးအပါအဝင် နွေဦးလေညင်းလေးက အရာများအား စိုစွတ်စေသကဲ့သို့ လုပ်ဆောင်တော့ပေတော့သည်။   

ကောင်းကင်ဘုံအုပ်ချုပ်သူက လက်ဖက်ရည်သောက်ရသည်အား ကြိုက်၍ သူ (GXD)က ကိုယ်တိုင်အပြင်ထွက်ပြီး ယူခဲ့ပေ၏။ကောင်းကင်ဘုံအုပ်ချုပ်သူက ချယ်ရီပန်းပွင့်လေးများအား ကြိုက်နှစ်သက်၍ သူက ချယ်ရီပန်းပွင့်ပင်လေးများအား မိုင်ထောင်ချီစိုက်ထားမည်ဖြစ်ပြီး မသိလိုက်စွာနှင့်ပင် ကောင်းကင်ဘုံအုပ်ချုပ်သူက မကြာမီ သူ့လက်ထဲရောက်လာပေလိမ့်မည်။သူ့အချစ်အား ဖွင့်ဟဝန်ခံနေချိန်တွင်တောင်မှ အစပျိုးသူက ကောင်းကင်ဘုံအုပ်ချုပ်သူပင်သာ။ကောင်းကင်ဘုံအုပ်ချုပ်သူက တွန့်ဆုတ်နေတတ်သူမဟုတ်သည့်အတွက် သူ့ကိုယ်ပိုင်ခံစားချက်များအား သိရှိပြီးနောက် ကုရွှမ်းတုအား တည့်တည့်ပြောလိုက်ပေသည်။   

သေချာပေါက် သူသည်လည်း ကုရွှမ်းတုစက်ဆုပ်သွားမည်စိုး၍ သူ့အသံက အနည်းငယ်တွန့်နေခဲ့သည်။သူက ကုရွှမ်းတုအား မရှိသင့်သည့် အတွေးများရှိနေမိ၍ ကုရွှမ်းတုသာ ရွံရှာသွားပါက သူထွက်သွားလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့လေ၏။

ဤသည်အား ကြားပြီးနောက် ကုရွှမ်းတုမှာ အားရဝမ်းသာဖြစ်သွားမည်အား မည်သူကသိမည်နည်း။သူက ချက်ချင်းပင် ပွေ့ဖက်မည့်ဟန် လက်ဆန့်လိုက်ရင်း သူ့အား သည်းကြီးမည်းကြီးနမ်းလိုက်မိသည်။  

ဤသည်က သူတို့နှစ်ဦး၏ ဇာတ်လမ်းအစပင် ဖြစ်လေ၏။ 

လင်းရုဖေးက ဤပြင်းထန်သည့်ခံစားချက်များကြောင့် နက်နက်ရှိုင်းရှိုင်း ခံစားလာရကာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာသို့ ပြန်ရောက်သွားသည့်နှယ် ဖြစ်သွားရချေ၏။  

သို့သော်လည်း မည်သည့်အရာမှ ပြီးပြည့်စုံမနေချေ။ဤဘဝမျိုးက သူတို့အတွက် ကြာရှည်မခံချေ။မိစ္ဆာများက ယောင်ကွမ်းသို့ ကျူးကျော်လာသောအခါ ကမ္ဘာလောက၏အသက်များစွာ ဆုံးရှုံးရပြီး ကောင်းကင်ဘုံအုပ်ချုပ်သူလည်း နောက်ဆုံးရပ်ကြည့်မနေနိုင်တော့ပေ။ 

ဤသည်က နာကျင်ရသည့် မှတ်ဥာဏ်များပင်။လင်းရုဖေးတောင်မှ ကုရွှမ်းတု၏ ဝမ်းနည်းဖွယ်ညှိနှိုင်းပြောဆိုနေသည်အား ကြားရလေ၏။သူက သူ့အား ရက်အနည်းငယ်ခန့် စောင့်၍ရနိုင်မလားဟုပင် ပတောင်းဆိုနေခဲ့သည်။သူက တည်ဆောက်ပုံမျက်လုံးဖြစ်လာရန်အတွက် ကျင့်ကြံခြင်းအဆင့်ကိုးသို့ ရောက်သည့်အချိန်လေးအထိပင်။  

ထိုအတွေးများက ယတိပြတ်ပင် ငြင်းပယ်ခံရလေ၏။ 

“ရွှမ်းတု...မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အဲ့ဒီထိမရောက်သေးဘူး..ငါတို့လည်း နောက်ထပ်စောင့်လို့မရနိုင်တော့ဘူးလေ....."

ထိုသည်က ကောင်းကင်ဘုံအုပ်ချုပ်သူ သူ့အားပြောခဲ့သည့်အရာဖြစ်သော်ငြား လင်းရုဖေးက ဤသည်က ဆင်ခြေတစ်ခုသာဖြစ်ကြောင်း သိလေ၏။

ကုရွှမ်းတုပင် ခံနိုင်ရည်မရှိနိုင်ပါက ကောင်းကင်ဘုံအုပ်ချုပ်သူလည်း ခံနိုင်ရည်ရှိပါ့မလား။

အဆုံးတွင်ဖြင့် သူက သူကိုယ်တိုင်ပျိုးထောင်ခဲ့ရသည့် ကလေးက ကမ္ဘာလောကကြီးအကျိုးအတွက် ကျောက်ခေါင်းတလားကြီးထဲတွင် အိပ်နေရမည့်အဖြစ်အား မကြည့်ရက်နိုင်၍ဖြစ်လေ၏။သူ့အား ကောင်းကင်ဘုံအုပ်ချုပ်သူဟု ခေါ်ကြသဖြင့် သေချာပေါက် သူက ဤနာမည်၏တန်ဖိုးအား တာဝန်ယူသင့်ပေသည်။ 

အဆုံးတွင်ဖြင့် ကုရွှမ်းတုက နောက်ဆုံးသဘောတူလိုက်ရသည်။

ထိုကာလ၌ သူဘယ်လောက်များ နာနာကျင်ကျင် ခံစားနေရရှာမည်နည်း။လင်းရုဖေးသည်လည်း ပြောမပြနိုင်ချေ။အတိုချုပ်ပြောရသော် သူက သူ့အားထပ်မြင်ရသည့်အခါ၌ သူ့ခန္ဓာကိုယ်က အရက်နံ့အား သယ်ထားရသကဲ့သို့ပင်။အရက်နံ့သည်ကား တစ်ခါတစ်ရံပြင်းသွားလိုက် တစ်ခါတစ်ရံ သင်းသင်းလေးဖြစ်သွားလိုက်နှင့် ဖြစ်နေသော်ငြား မည်သို့ဆိုစေ လူတစ်ယောက်အား မူးမသွားစေပေ။ 

မဟာတည်ဆောက်ပုံက ခွန်းလွန်ပေါ် နည်းနည်းချင်း အခြေချနေကာ ယင်းက သေဆုံးမည့်အချိန်အား နောက်ပြန်ရေတွက်နေသကဲ့သို့ပင်။ 

နှစ်ပေါင်းတစ်ရာကြာပြီးတောင်မှ လင်းရုဖေးသည်လည်း ဤရက်စက်မှုအား ခံစားနေရလေသည်။ကုရွှမ်းတု သူ့မျက်စိရှေ့ပေါ်လာသည့် အချိန်တိုင်း ဂရုမစိုက်ဟန်ဆောင်နေခဲ့၏။သို့သော်လည်း ဤသို့အားတင်းပြီးပြုံးနေရသည်က ငိုယိုပြီးအသနားခံနေသည်ထက် ပို၍နာကျင်ရသည်။ကောင်းကင်ဘုံအုပ်ချုပ်သူက ကမ္ဘာကြီးအား ဤသ်ို့ဖြစ်သွားခွင့်မပြုနိုင်ဖြစ်နေရပြီး သူ့ကိုလည်း သွားခွင့်မပြုနိုင်ချေ။သို့သော်လည်း အဆုံးတွင်ဖြင့် သူက နှစ်ခုထဲမှတစ်ခုအား ကောက်ရွေးလိုက်ရရုံသာ။ 

တာ့ကျင့်မြို့ရှိ တိုက်ပွဲက အရာတစ်ခုလုံးအား အလှည့်အပြောင်းဖြစ်လာပေ၏။ 

မရေမတွက်နိုင်သော လူသားများက မိစ္ဆာများကြောင့် အသက်ဆုံးရှုံးရလေ၏။ကောင်းကင်ဘုံအုပ်ချုပ်သူက မိစ္ဆာများအားနှိမ်နင်းရန် ရှိသမျှအားစိုက်ကြိုးပမ်းခဲ့သော်လည်း သေဆုံးသူများက ပြန်မလာနိုင်တော့ချေ။ 

အားကြီးသောလူနှင့် တိုက်ခိုက်သောအခါ အားနည်းသူများက ဒဏ်ခံရသည်ဟု ပြောရပေမည်။တာ့ကျင့်ရှိတိုက်ပွဲကြီးပြီးနောက် အရာအားလုံးနီးပါးပျက်စီးဆုံးရှုံးသွားကြရသည်။သူကြည့်လိုက်သည့်နေရာတိုင်း အကောင်းပကတိဖြစ်နေသည့် အဆောက်အအုံတစ်ခုမှမရှိချေ။ကလေးများက ငိုနေကြကာ အိမ်ရှင်မများက အော်ဟစ်မြည်တမ်းနေကြပြီး ပြင်းပြင်းထန်ထန်ထိခိုက်သွားသည့် ကျင့်ကြံသူများကလည်း နာကျင်မှုကြောင့် ငြီးငြူနေကြရင်း ကမ္ဘာလောကကြီးတစ်ခုလုံးက ဒုက္ခဘုံကြီးနှယ် ဖြစ်နေ၏။ 

သို့သော်လည်း ဤသည်က အစသာရှိသေးသည်။နောက်ပိုင်းတွင် မိစ္ဆာများ၏လှုပ်ရှားမှုများက ပိုပိုစိတ်လာ၏။ မိစ္ဆာဘုရင်က ဟင်းလင်းပြင်တွင် အပေါက်ကြီးတစ်ခု ဖောက်လိုက်ပြီး နောက်ဝင်ပေါက်တစ်ခုသည်ကား တာ့ကျင့်ဖြစ်လာပေလိမ့်မည်။ 

ကောင်းကင်ဘုံအုပ်ချုပ်သူက ကျင့်ကြံခြင်းအဆင့်ကိုးရှိသော်လည်း သူတို့တစ်ယောက်ချင်းစီအား ကာကွယ်မပေးနိုင်ချေ။ 

“ထပ်ပြီးစောင့်နေလို့ရတော့မှာမဟုတ်ဘူး"

သူက ကလေးတစ်ယောက်အလောင်းအား စိုက်ကြည့်လျက် ကုရွှမ်းတုအား ပြောလိုက်လေ၏။ 

ကုရွှမ်းတုက အားတင်းပြုံးလိုက်ပြီး:"နည်းနည်းလောက် စောင့်ပါဦး..ကျွန်တော်သာ မင်းလောက်တော်လာရင်.....ကျွန်တော့်ကို သွားခွင့်ပေးလိုက်ပါ..." 

အတိအကျပင် ကောင်းကင်ဘုံအုပ်ချုပ်သူက ငြင်းဆန်လေ၏။ယခုအကြိမ်၍ သူက တစ်ခါမျှ တစ်ကိုယ်ကောင်းဆန်ချင်နေမိသည်။

ခွန်းလွန်က နေရာကောင်းတစ်ခုဖြစ်လေ၏...တောင်တန်းများ အဆက်မပြတ်သွယ်တန်းနေပြီး ထောင်သောင်းချီသော နဂါးသွေးကြောများ စုဆုံရာနေရာလည်း ဖြစ်လေ၏။စိတ်မကောင်းစရာက ယင်းမှာ ယောင်ကွမ်းနှင့် ပုအယ်တို့နယ်နိမိတ်ဆုံရာ မိစ္ဆာများပေါများပြီး လူနေမပျော်သည့် နေရာတွင်တည်ရှိနေခြင်းပင်။ကောင်းကင်ဘုံအုပ်ချုပ်သူက မဟာတည်ဆောက်ပုံအား ဤနေရာတွင်ချထားရန်ရည်ရွယ်ထားပြီး မဟာတည်ဆောက်ပုံလုပ်ဆောင်ရန်အတွက် သူ့အသားအား တည်ဆောက်ပုံမျက်လုံးအနေဖြင့်သုံးလိုက်မည်ဖြစ်သည်။  

မဟာတည်ဆောက်ပုံအခြေကျပြီးသွားသည်နှင့် ကျင့်ကြံခြင်းအဆင့်ခုနစ်အောက်နိမ့်သော မိစ္ဆာများမှာ ယောင်ကွမ်းအား ဝင်လာနိုင်တော့မည်မဟုတ်ချေ။ကျင်ကြံခြင်းအဆင့်ခုနစ်၏ အထက်တွင်ရှိသည့် မိစ္ဆာများအတွက်မူ အရေအတွက်နည်းလွန်း၍ အမှန်ပင် ဝင်ရောက်လာပါကလည်း ခုခံတားဆီးနိုင်မည့် အခြားကျင့်ကြံသူများ ရှိသေးသဖြင့် အနည်းဆုံးတာ့ကျင့်၏အခြေအနေဆိုးမျိုးလည်း ထပ်ပြီးဖြစ်ပွားလာလိမ့်မည်မဟုတ်ပေ။ 

အရာအားလုံးအား အစီအစဥ်တကျဖြစ်သွားသော်ငြား လူအများစုက မသိရှိခဲ့ချေ။နောက်ဆုံးတစ်ခဏမှသာ ကောင်းကင်ဘုံအုပ်ချုပ်သူက ဝူအောင်းအား ပြောပြလေ၏၊ 

မျှော်လင့်ထားသကဲ့သို့ပင် ဝူအောင်းက ဤသတင်းအားကြားသော် သူက နှလုံးကွဲခါနီးသည့်အထိ ဖြစ်သွားရလေ၏။သူက အော်ငိုလိုက်ရင်း ကောင်းကင်ဘုံအုပ်ချုပ်သူအား ထိုသို့မလုပ်ရန် တောင်းပန်လာသည်။

“ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်.....ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်...ကျေးဇူးပြုပြီးမသွားပါနဲ့နော်...."

ဝူအောင်းက သူ့အင်္ကျီအနားစလေးအား ခပ်ဖွဖွဆွဲထားလိုက်သည်က သူကောင်းကင်ဘုံအုပ်ချုပ်သူနှင့် ဆုံတွေ့ခဲ့ရသည့် ကလေးဘဝအချိန်တုန်းကလိုပင်။သူ၏မျက်နှာက ထိတ်လန့်မှုအပြည့်ဖြစ်နေပြီး သူက ကလေးတစ်ယောက်အနေနှင့် နှင်းတောထဲချန်ထားခံရပါက အေးခဲပြီးသေတော့မည့်အခါတုန်းကနှယ်။

"ကျွန်တော် အဲ့ဒါကိုလုပ်ပါရစေ..ရက်နည်းနည်းလောက်ပဲပေးပါ..ကျင့်ကြံခြင်းအဆင့်ကိုးထိရောက်နိုင်မှာပါ ..အဆင့်ကိုးရောက်သွားရင် အဲ့ဒီတည်ဆောက်ပုံရဲ့ မျက်လုံးအနေနဲ့သွားလို့ရပြီ...ကောင်းကင်ဘုံအုပ်ချုပ်သူအရှင်..."  

ကောင်းကင်ဘုံအုပ်ချုပ်သူက သူကလေးဘဝတုန်းကလိုပင် သူ့ခေါင်းလေးအား ပုတ်ပေးလိုက်သော်ငြား ယခုတစ်ကြိမ်တွင်ဖြင့် ကောင်းပြီဟုမပြောခဲ့ပေ။ 

ယောင်ကွမ်းမဟာတည်ဆောက်ပုံက အခြေတည်ပြီးလေပြီ။တည်ဆောက်ပုံမျက်လုံးက ကျောက်ခေါင်းတလားထဲသို့ဝင်သွားကာ အသားရှိနေသော်လည်း ဝိဥာဥ်မရှိချေ။

ကုရွှမ်းတုက ဝိဥာဥ်အား တိတ်တိတ်လေးသိမ်းထားသော်လည်း ဝူအောင်းအား ဤအကြောင်းကို မပြောရဲချေ။ကောင်းကင်ဘုံအုပ်ချုပ်သူအား ယခုလေးတင် ဆုံးရှုံးထားရသည့် ဝူအောင်းက ရူးသွားလုနီးနီးဖြစ်သွား၍ပင်။ဤတည်ဆောက်ပုံသာ ကောင်းကင်ဘုံအုပ်ချုပ်သူကိုယ်တိုင် အခြေမတည်ခဲ့ပါက ဖျက်ဆီးလိုက်ပြီးရင်တောင်မှ ကောင်းကင်ဘုံအုပ်ချုပ်သူအား ပြန်ခေါ်၍မရနိုင်တော့သဖြင့် သူကကြိုရွေ့ထားရခြင်းဖြစ်သည်။  

ယင်းက ခန္ဓာကိုချန်ထားခဲ့၍ ကောင်းကင်ဘုံအုပ်ချုုပ်သူ၏ဝိဥာဥ်က ပြန်ဝင်စား၍မရနိုင်ကာ မကြာမီလွင့်ပျောက်သွားတော့မည်ဖြစ်၏။ကုရွှမ်းတု၌ အမှန်ပင် အခြားရွေးစရာမရှိချေ။သူက ဝိဥာဥ်အား တာ့ဟန်ထဲသို့ပို့လိုက်ပြီး ဂရုတစိုက်ထိန်းထားရုံသာ တတ်နိုင်သည်။ဤသည်က နောက်ထပ်မှတ်ဥာဏ်တစ်ခုဖြစ်သည်။စစချင်း၌ ယင်းက မပီမပြင်ဖြစ်နေပြီး ပြတ်တောင်းပြတ်တောင်းပုံရိပ်များသာ ပေါ်လာ၏။ယင်းက သူ၏အသိစိတ်တို့ တဖြေးဖြေးထွက်ပြူလာသည့် နောက်ပိုင်းမှသာဖြစ်သည်။

“ဒါက ထောင်ဟွားလေ"

ကုရွှမ်းတုက သူ့ချစ်သူယခင်က သင်ပေးခဲ့သည့်အတိုင်း သူ့ချစ်သူအား ပြန်သင်ပေးနေ၏။

"အဲ့ဒါ ကျွန်တော့်နာမည်" 

“ထောင်ဟွား.."

ဓါးဝိဥာဥ်က စိတ်ရှုပ်ထွေးသွားပုံရကာ:"မင်း နာမည်လား" 

“ဟုတ်တယ် ပြီးတော့ မှတ်ထား..ကျွန်တော့်နာမည်က ကုရွှမ်းတု"

သူက သူ့အားမထိတွေ့နိုင်သော်ငြား ကြည့်ရုံလေးနှင့်ကျေနပ်နေ၏။

"မက်မွန်ပန်းပွင့်ရဲ့ အမပွင့်ကို ဟုန်ယွီလို့ခေါ်ပြီး အဖိုပွင့်ကို ရွှမ်းတုလို့ခေါ်တယ်..ကျွန်တော်က ကုရွှမ်းတုလေ" 

“အဲ့တာ ကောင်းတယ်"ဓါးဝိဥာဥ်က ရေရွတ်လိုက်၏။ 

“ဟုတ်တယ်..ကောင်းတယ် ..ဟုတ်တယ်မို့လား"

ကုရွှမ်းတုက ပြုံးလိုက်ရင်း:"ကျွန်တော်လည်း ဒီနာမည်ကြိုက်တယ်" 

ခင်ဗျားပေးခဲ့တဲ့ တစ်ခုခုဖြစ်နေသရွေ့ ကျွန်တော်အမြဲတမ်းကြိုက်နေမှာပါ။

__

Translated By IQ-Team.