Chapter 177
"မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြစေချင်လား"
ဝူအောင်းက မေးလာ၏။
"ဘာလဲ"
ကုရွှမ်းတုက ဆိုလာသည်။
"ငါ ဆရာနဲ့အတူရှိတုန်းက သူ့အချစ်ကိုအရင်ဆုံး ဝန်ခံခဲ့တာ ဆရာပဲ"
ဝူအောင်းမှာ တောင့်ခဲသွားရလေ၏။
ကုရွှမ်းတုက ပုခုံးတွန့်လိုက်ပြီး:"မင်းအဲ့ဒါကို မမျှော်လင့်ထားဘူးလို့ လောင်းရဲတယ်"
ဝူအောင်းမှာ ဒေါသကြောင့် ထခုန်လုနီးနီးပင်။သူ့နဖူးကြောများက ပွင့်ထွက်မတတ်ဖြစ်လာရကာ ဓါးအားဆွဲထုတ်လိုက်ရင်း ကုရွှမ်းတုအား တစ်ချက်နှစ်ချက်လွှဲယမ်းလိုက်လေ၏။
ကုရွှမ်းတုက ဤသည်အားမြင်သော် ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ပြီး:"မင်း ..အာ မင်း ..အာ အမြဲတမ်း မင်းကကျင့်ကြံနေဖို့လောက်ပဲသိပြီး ကာမပုံတွေကိုတောင် မကြည့်ရဲတာကို ဘယ်လိုလုပ်ပြီး ဒီအရာတွေကို နားလည်မှာလဲ ...ငါနဲ့ဆရာရဲ့နှလုံးသားက ဆက်နွယ်ထားပြီးဖြစ်နေပြီ ဒါကြောင့် မိစ္ဆာကောင်လေး မင်းက ဘယ်အချိန်ထိများ ငါတို့ကို အတိုက်အခံလုပ်နေမှာလဲ"
ဝူအောင်းမှာ ဒေါသထွက်လွန်း၍ မူးမေ့မတတ်ဖြစ်လာရသည်။သူသာ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်အား ကိုင်ထားဆဲမဟုတ်ပါက ဆက်ပြီးလှုပ်ရှားလာခဲ့မည်ပင်။ကျေနပ်နေသည့်အကြည့်ဖြင့် ကုရွှမ်းတုကြောင့် ဤဆက်ဆံရေးတွင် ဝူအောင်းမှာ သူ၏ဆရာတူအစ်ကိုအား ဘာမျှမလုပ်နိုင်ကြောင်း မြင်နိုင်ပေ၏။
လူနှစ်ဦးစကားပြောနေချိန်တွင် မြေပြင်တုန်ခါနေသည်လည်း တစ်စတစ်စ ကြီးမားလာ၏။သူ့နေရာ၌ ရေးဆွဲထားသည့် တည်ဆောက်ပုံက မျက်စိကျိန်းဖွယ် အနီရောင်အလင်းတန်းအား ဖြာထုတ်လာကာ တည်ဆောက်ပုံမျက်လုံးမရှိသည်ကြောင့် တည်ဆောက်ပုံက ယိုယွင်းလာမည်အား စောင့်ကြည့်နေရသည်။
ကုရွှမ်းတုက ပြုံးလိုက်လေ၏။
သူက နောက်လှည့်လိုက်ပြီး "ရှောင်ကျို့"ဟုခေါ်လိုက်ကာ အခန်းကိုဖြတ်၍ လှမ်းလိုက်ပြီး ကျောက်ခေါင်းတလားထဲသို့ ဝင်သွားလေ၏။ထို့နောက် သူ့ခန္ဓာကိုယ်က အနီရောင်အလင်းတန်းများ စတင်ဖြာထွက်လာပြီး တည်ဆောက်ပုံရှိရာ လမ်းတလျှောက် စတင်ပျံ့နှံ့သွားလေသည်။
လင်းရုဖေးက ဤအရာအားလုံးအား အံသြတကြီးဖြစ်စွာကြည့်နေပြီးမှ တိုးတိုးဖွဖွနှင့် ခေါ်လိုက်မိ၏။
"ရွှမ်းတု"
သို့သော်လည်း သူ၏ရွှမ်းတုသည်ဖြင့် မျက်လုံးပိတ်ထားလေပြီးဖြစ်ကာ နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်သွားချေပြီ။
လင်းရုဖေးက မူမမှန်သကဲ့သို့ ခံစားလိုက်ရပြီး ကျောက်ခေါင်းတလားထံ သွားလိုက်သော်ငြား ဝူအောင်းက တားလာ၏။
ဝူအောင်းက ဆိုသည်။
"လင်းကုန်းဇီ"
လင်းရုဖေးက သူ့အားကြည့်ကာ ခါးသက်သက်ပြုံးလိုက်ပြီး:"ဝူအောင်း သူသာနိုးလာလို့ကတော့ ကောင်းကင်ဘုံအုပ်ချုပ်သူက မင်းကိုဘယ်လောက်တောင်အပြစ်တင်နေမလဲဆိုတာ တွေးမိရဲ့လား"
ဝူအောင်းက တည်တည်ငြိမ်ငြိမ်ဆိုလာ၏။
"ငါ သူအပြစ်တင်မှာမကြောက်ဘူး"
သူက လက်ထုတ်လာ၍ လင်းရုဖေး၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်ကာ ပြုံးလိုက်ပြီး:"လင်းကုန်းဇီ လာပါ"
သူ့အသံက ညင်သာနေသော်လည်း တင်းတင်းဆုပ်ကိုင်ထားပြီး လင်းရုဖေးအား ကောင်းကင်ဘုံအုပ်ချုပ်သူဘေးသို့ တွန်းပို့နေ၏။
ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်၌ သူ့မျက်လုံးများမှာပိတ်ထားချေ၏။စစချင်း၌ သူက သာမန်လူတစ်ယောက်နှင့် ကွာခြားနေခြင်းမရှိပေ။
ဝူအောင်းက သူ့ဆံပင်လေးအား နူးနူးည့ညံ့ပွတ်သတ်လိုက်ရင်း သူ့ရင်အုံထက်မှ အဆောင်နှစ်ခုအား ဆွဲထုတ်လိုက်ကာ:"မော့ချန်းရှန် တည်ဆောက်ပုံကို တပ်လိုက်တော့"
ရုတ်တရက် မော့ချန်းရှန်က ဘယ်နေရာမှပေါ်လာသာသည် မသိချေ။ယင်းက အနှီဝူအောင်းမှာ သူ့အိတ်ကပ်ထဲ၌ တစ်ခုခုရှိနေပုံရကာ ကုရွှမ်းတု ရှုပ်ရှုပ်ထွေးထွေးလုပ်လာမည်စိုး၍ဖြစ်နိုင်၏။သို့သော်လည်း ယခုတွင် ကုရွှမ်းတုက တည်ဆောက်ပုံမျက်လုံးအဖြစ် တွန်းအားပေးခံထားရ၍ သူ့အား မည်သူမှထပ်တားမလာနိုင်တော့ပေ။
ဓားဆန္ဒကုန်ခန်းနေသော လင်းရုဖေးက မြေပြင်ပေါ်ထိုင်ချလိုက်ပြီး အားနည်းစွာဖြင့်သူ့ဘေးရှိခေါင်းတလားအား တိတ်တဆိတ်ကြည့်နေမိ၏။တဖက်တွင်လည်း ဝူအောင်းမှ အမိန့်ပေးခံနေရသည့် မော့ချန်းရှန်က ခေါင်းညိမ့်လိုက်ပြီး သူ့လက်ထဲရှိလိမ္မော်နီရောင်များနှင့် တည်ဆောက်ပုံအား ရေးဆွဲနေ၏။
လင်းရုဖေးက ရုတ်တရက်မေးလာ၏။
"မင်းမော့ကျောက်ချိုင်ကို သတိရနေတုံးပဲလား"
မော့ချန်းရှန်က တုံ့ပြန်ပြောဆိုမလာခဲ့ချေ။
“သူသေသွားပြီ"
လင်းရုဖေးက ညင်ညင်သာသာပြောလိုက်၏။
"သူက အမြဲတမ်းမင်းကိုအသက်ရှင်စေချင်ခဲ့ပြီးတော့ မင်းခေါင်းကိုလည်း သူနဲ့အတူနေရာတိုင်းယူသွားခဲ့တာ..ဒါပေမယ့် အဆုံးမှာတော့ သူက သူကိုယ်သူအသက်ပေးလိုက်ရတာနဲ့ပဲ အဆုံးသတ်သွားရတယ်လေ သူကတကယ်တော်တဲ့ခွေးတစ်ကောင်ပါ"
မော့ချန်းရှန်၏လှုပ်ရှားမှုက ခဏတာရပ်တန့်သွားသော်ငြား အနီးကပ်စစ်ဆေးကြည့်လိုက်ရာ လင်းရုဖေးစိတ်ထင်နေခြင်းသာ ဖြစ်ပုံရ၏။ယင်းက အတော်လေးမှန်ပေသည်။တကယ်တမ်းတွင်ဖြင့် ဝူအောင်းအသက်သွင်းလိုက်သည့်အရာက သူ၏ရုပ်ခန္ဓာတစ်ခုသာသာပင်။ဝိဥာဥ်မရှိသည့် ခန္ဓာတစ်ခုက...မည်သို့များစိတ်ခံစားချက်ရှိနေနိုင်မည်နည်း။
လင်းရုဖေးက စိတ်ပျက်မှုအချို့နှင့်အတူ တွေးတောစဥ်းစားနေမိ၏။
****
ဝူအောင်းက လင်းရုဖေး မော့ချန်းရှန်အား စကားပြောနေသည်ကို စိတ်ထဲမထားသည်က သူကိုယ်တိုင်အသက်သွင်းထားသည့် ဤအလောင်းကောင်အပေါ်၌ ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ချက်အပိုရှိနေ၍ပင်။မော့ချန်းရှန်၏ သေသေချာချာ ဆွဲချက်ကြောင့် ကြက်သွေးနီရောင်အတုံးလေးက မြေပြင်ပေါ်၌ ပြီးပြည့်စုံသည့် တည်ဆောက်ပုံတစ်ခုဖြစ်လာ၏။ဝူအောင်းက ဘေးတွင်ရပ်နေပြီး လက်ထဲတွင် ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်အား ဂရုတစိုက်ကိုင်ထားရင်း တည်ဆောက်ပုံပြီးရန် စောင့်ကြည့်နေသည်။
တည်ဆောက်ပုံ၏နောက်ဆုံးရိုက်ချက်အား ရေးဆွဲပြီးနောက် လင်းရုဖေးမှာ ခါးသက်သက်ပြုံးသင့်လား စိတ်သက်သာရာရသွားသင့်လား မသိတော့ချေ။ဝူအောင်း၏လေသံက ယဥ်ကျေးနေသော်ငြား သူ့အပြုအမူများက ငြင်းဆန်ရန် လွယ်ကူမနေချေ။သူက သူ့အား တည်ဆောက်ပုံထဲသို့ အားထည့်ခေါ်သွားကာ သူ့ကိုယ်နှင့်အဆောင်အား ချည်တွဲထားပေ၏။
“လင်းကုန်းဇီ တည်ဆောက်ပုံက အသက်ဝင်လာရင် မင်းရဲ့ဝိဥာဥ်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ကိုယ်ထဲ ဝင်သွားလိမ့်မယ်"
ဝူအောင်းက ပြုံးလိုက်ပြီး :"အဲ့ဒီအချိန်ရောက်ရင် မင်းရဲ့မှတ်ဥာဏ်တွေကိုပြန်ရရုံတင်မကဘူး မင်းရဲ့အားနည်းတဲ့ကိုယ်အတွက်လည်း စိုးရိမ်စရာမလိုတော့ဘူး"
လင်းရုဖေးက ဝူအောင်းဆုံးဖြတ်ထားပြီးသားမှန်း သိ၍ သူတစ်ခုခုပြောလိုက်ရင်တောင်မှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။အဆုံးတွင်ဖြင့် သူက ပါးစပ်ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။ဝူအောင်းက ရယ်မောလိုက်ကာ မော့ချန်းရှန်အား လက်ဟန်ခြေဟန်ပြလိုက်၏။မော့ချန်းရှန်က နားလည်သွားပြီး တည်ဆောက်ပုံဘေးသို့ လျှောက်သွားလေသည်။သူ၏အနက်ရောင် ဝိဥာဥ်ကင်းမဲ့နေသည့် မျက်လုံးတစ်စုံက လင်းရုဖေးအား တိတ်တဆိတ်ကြည့်နေပြီးနောက် ဝူအောင်းက ဂါထာတစ်ပုဒ်အား ရွတ်ဆိုလိုက်သည်။သိပ်မကြာမီ လင်းရုဖေးအောက်ရှိ တည်ဆောက်ပုံက အနီရောင်အလင်းတန်းများ ထုတ်လွှတ်လာ၏။ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်က လင်းရုဖေးဘေးတွင် လှဲနေကာ ယင်းက လင်းရုဖေးအတွက် သူ၏ပုံစံအား မြင်ဖူးသည့်ပထမဆုံးအကြိမ်လည်းဖြစ်၏။သူတို့၏ပုံစံများက ဆင်တူနေခြင်းမရှိသော်လည်း ကိုယ်ရောင်ကိုယ်ဝါများက အတော်လေးရင်းနှီးနေသည်ဟု ခံစားရစေသည်။ထိုအချိန်က ဝူမင်က သူ့အားတွေ့သည်နှင့် ကောင်းကင်ဘုံအုပ်ချုပ်သူအား သတိရသွားသည်က အံ့သြဖွယ်မရှိချေ။
တည်ဆောက်ပုံ၏အလင်းတန်းက ပိုပိုပြီး မျက်စိကျိန်းဖွယ်ဖြစ်လာသည်နှင့် လင်းရုဖေးမှာ သူ့ကိုယ်မှ တစ်ခုခုအား အဆက်မပြတ်ဆွဲထုတ်နေသကဲ့သို့ ခံစားရကာ တစ်ချိန်တည်းမှာပင် သူ့ကိုယ်မှ အပူဓါတ်နှင့်အပူရှိန်တို့အား ဖယ်ထုတ်ပစ်နေသလိုပင်။သူက အနည်းငယ် ပင်ပန်းလာရပြီး မျက်ခွံများမှာလည်း လေးလာကာ မသိလိုက်စွာနှင့် သူ၏အသိတရားသည်လည်း တဖြေးဖြေး လွင့်စင်သွားလေ၏။
သူ့ဘေးရှိဝူအောင်းက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ဘာအော်လိုက်သည်အား လင်းရုဖေးမှာ ရှင်းရှင်းလင်းလင်းမကြားနိုင်တော့ချေ။
သေဆုံးဆဲအခြေအနေတွင် လင်းရုဖေးမှာ ကုရွှမ်းတု၏မျက်နှာအား မြင်လိုက်ပုံရ၏။ကုရွှမ်းတုက သူနှင့်မျက်စောင်းထိုးနေရာတွင် ရပ်နေပြီး သူ့အား ဖွဖွလေးပြုံးပြလာလေဟန်။လင်းရုဖေးက အားစိုက်ကာ လက်ဆန့်လိုက်ရင်း ညင်ညင်သာသာခေါ်လိုက်လေ၏။
"ရွှမ်းတု...."
ပတ်ပတ်လည်ရှိ တည်ဆောက်ပုံအလင်းတန်းက မျက်စိကန်းလောက်အောင် တောက်ပနေကာ လင်းရုဖေး၏အသိစိတ်သည်လည်း အမှောင်ထုထဲနစ်မြုပ်သွားလေသည်။
သူက ဘယ်လောက်ကြာသွားသည်မသိသော်လည်း အဆုံးမဲ့အမှောင်ထုကြီးက စတင်လာပြီး အလင်းတန်းလေးအား ရိပ်ခနဲပြလာ၏။လင်းရုဖေးက ဤအကွဲရာလေးမှ ပိန်ပိန်သေးသေး ကလေးတစ်ယောက်အား တွေ့လိုက်ရသည်။
ထိုကလေးမှာ ပိန်ပါးပြီးသေးငယ်လှကာ ညစ်ပတ်နေသည့် လမ်းကြားထဲတွင် အစာရှာရင်း ကုန်းပြီးငုံ့နေ၏။သူ၏တည်ရှိမှုအား သတိထားမိသွားပြီးနောက် သူကခေါင်းမော့လာကာ သေစေနိုင်လောက်သည့် အကြည့်နှင့်သူ့အား ကြည့်လာသည်။လင်းရုဖေးက အသံတစ်ခုထွက်လာသည်အား ကြားလိုက်ရသည်။အသံက ထူးဆန်းနေသင့်သော်လည်း အတော်လေးရင်းနှီးနေသည်ဟု ခံစားရကာ သူ့အသံနှင့်ဆင်၏။
ထိုအသံက ပြောလာသည်။
"ပေါက်စလေး...စားစရာတစ်ခုခုလိုချင်လား"
ထိုကလေးက လင်းရုဖေးအား စိုက်ကြည့်နေပြီး ပြင်းပြင်းထန်ထန်ခေါင်းခါပြကာ အနီးသို့လှမ်းလာရန် ငြင်းဆန်နေ၏။
“တကယ်ကြီး မလိုချင်ဘူးလား"ထိုအသံက ရယ်သံစွက်လာ၏။
သူက ကလေးငယ်၏ ရှက်ကိုးရှက်ကန်းပုံစံလေးအား ကြည့်ကာ:"အဲ့ဒါ ငါအခုလေးတင် ဝယ်ခဲ့တဲ့ အသားလုံးလေ...အရသာရှိတယ်"
ထိုကလေးက ခေါင်းခါနေဆဲဖြစ်သော်ငြား သူ၏တုန်ခါနေသည့် အစာအိမ်က သူ၏ဆာလောင်မှုအား ပြသနေ၏။သူ၏ဗိုက်ကမြည်သံအား ကြားပြီးနောက် ထိုကလေး၏မျက်နှာထက် ရှက်ရိပ်သန်းသွားလေသည်။သူက ထရပ်လိုက်ပြီး လှည့်ကာ ချက်ချင်းပြေးထွက်သွားချင်မိသည်။သို့သော်လည်း နှစ်လှမ်းမျှပြေးပြီးနောက် တစ်ခုခုပေါ် ခလုတ်တိုက်မိသွားပြီး မြေကြီးပေါ် လဲကျသွားလေ၏။နားထောင်ကြည့်ရုံနှင့် သူက ယင်းမှာနာကျင်လှကြောင်း ပြောနိုင်ပေသည်။
ဤကလေးမှာ လေး ငါးနှစ်မျှသာ ရှိသေးပုံရပြီး ဂရုစိုက်မှုအား လိုအပ်နေသေးသည့် အရွယ်ပင်။ဤသို့လဲကျသွားခြင်းက အတော်လေး ပြင်းထန်ပုံရသော်ငြား အော်ငိုမလာဘဲ မြေကြီးပေါ်မှ တိတ်တဆိတ်ထလာ၏။သူက ဂရုတစိုက်နှင့် မျက်လုံးရဲရဲလေးများအား ပွတ်လိုက်ရင်း ထော့နဲ့ထော့နဲ့နှင့်ထွက်သွားချင်နေခဲ့သည်။
“မသွားနဲ့ဦး...ကလေး"
လင်းရုဖေးက သူ့အား တားရန် သူကိုယ်တိုင်လက်ဆန့်လာသည်အား တွေ့လိုက်ရသည်။
သူက လက်ထဲရှိအသားလုံးအား ကလေးထံပေးလိုက်ကာ:"မင်း ဘာတွေကြောက်နေတာလဲ..မင်းကိုအဆိပ်ခတ်ထားမှာ စိုးလို့လား"
“ခင်ဗျားတွေးနေတာ ကျွန်တော်သိတယ် ခင်ဗျား မကောင်းတဲ့လူ ..ကျွန်တော် ခင်ဗျားရဲ့အစာကို စားမှာမဟုတ်ဘူး"ထိုကလေးက အော်ပြောလာ၏။
တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် သူက ခပ်အုပ်အုပ်ရယ်မောလိုက်မိပြီး သူ့လက်အား ချကာ အသားလုံးအား အကြီးကြီးကိုက်ပြီး မြိုမချမီ:"အခု မင်းမစိုးရိမ်တော့ဘူးမို့လား"
ထိုကလေးမှာ အေးခဲသွားချေ၏။
“မင်းနာမည်က ဘယ်သူလဲ"
သူက သူ့အားမေးလိုက်သည်။
"မင်းရဲ့မိဘတွေရော ဘယ်မှာလဲ"
အဆုံးတွင်ဖြင့် ထိုကလေးမှာ ဆာလောင်နေ၏။သူက မျက်စိရှေ့ထပ်ပေါ်လာသည့် အသားလုံးအား စိုက်ကြည့်ရင်း သူ့ဗိုကိထဲထိ မျိုချပစ်လိုက်ချင်သည်အား မဟန့်တားနိုင်ဖြစ်နေရသည်။ကောင်းကင်နှင့် လူသားကြားတိုက်ပွဲအောက်၌ သူက နောက်ဆုံးလက်ဆန့်လာကာ ကိုက်ထားသော အသားလုံးအားယူလိုက်ပြီး သနားစဖွယ် တတိတိကိုက်စားနေ၏။
သူက ကိုက်နေရင်း ဝိုးတိုးဝါးတား ပြန်ဖြေလာသည်:''ကျွန်တော့်မှာ နာမည်ရော....မိဘရော မရှိဘူး"
လင်းရုဖေးမှာ ကလေးကဘယ်သူဖြစ်မှန်းနှင့် အသံပိုင်ရှင်ကိုလည်းချက်ချင်းနားလည်သဘောပေါက်သွားပြီး ဤသည်က ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် ကုရွှမ်းတုကြား တွေ့ဆုံမှူလေးပင်။ဤသည်က ကောင်းကင်ဘုံအုပ်ချုပ်သူ၏ မှတ်ဥာဏ်ဖြစ်လေ၏။လင်းရုဖေးက သူယခင်က မမြင်ဖူးခဲ့ရသည့် ကုရွှမ်းတုပုံစံလေးအား လောဘတကြီးကြည့်နေမိသည်။
ကောင်းကင်ဘုံအုပ်ချုပ်သူက လေသံပျော့ပျော့လေးနှင့် မေးလိုက်သည်။
"မင်းငါနဲ့အတူ သွားချင်လား"
ထိုကလေးက မေးလာ၏။
"ဘယ်ကိုလဲ"
ကောင်းကင်ဘုံအုပ်ချုပ်သူက ပြန်ဖြေလာ၏။
"ယောင်ကွမ်းကိုပေါ့"
ထိုကလေးက သူ့အား သံသယဖြစ်စွာကြည့်လိုက်ပြီး:"ဝေးလွန်းတယ် ပင်လယ်ကိုလည်း ဖြတ်ရဦးမှာ ခင်ဗျား အဲ့ဒီကို ဘယ်လိုသွားမလဲ"
ကောင်းကင်ဘုံအုပ်ချုပ်သူက ပြုံးလိုက်ပြီး:"သေချာပေါက် အဲ့ဒီကို ပျံပြီးသွားမှာပေါ့"
သူက လက်မြောက်လိုက်သည့်အခါ သူ့နောက်ကျောရှိ ဓါးသေတ္တာကြီးက အသံမြည်လာကာ နှစ်ဆယ့်လေးချောင်းသော ဓါးများက လေထဲပတ်လည်ဝန်းရံလာ၏။ကလေးငယ်က ဤမြင်ကွင်းအား မြင်သော် မျက်လုံးများ တဖြေးဖြေးပြူးကျယ်လာပြီး သူ့အစောင့်အကြပ်ထားမှုများကလည်း ပြုတ်ပြတ်ကျကုန်၏။
သူက ကောင်းကင်ဘုံအုပ်ချုပ်သူဘေးသို့ အမြန်ပြေးသွားရင်း ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဝတ်ရုံအနားစအား ဆုပ်ကိုင်လိုကိကာ:"မသေမျိုးပဲ ..ကြီးမြတ်တဲ့မသေမျိုး ..ကျွန်ေတာ် ဆန္ဒရှိပါတယ် ကျွန်တော် ခင်ဗျားနဲအတူသွားဖို့ ဆန္ဒရှိပါတယ်"
သူ့မျက်လုံးများက မျက်ရည်များဖြင့်ပြည့်နေပြီး:''ကျွန်တော်ဘာပဲလုပ်ရလုပ်ရ ဆန္ဒရှိပါတယ် ..ကျေးဇူးပြုပြီး ကျွန်တော့်ကို ခင်ဗျားနဲ့အတူ ခေါ်သွားပေးပါ"
“ကောင်းပြီ"
ကောင်းကင်ဘုံအုပ်ချုပ်သူက ပြုံးလိုက်ပြီး "ဒါဖြင့် ငါ့ဆီလာ"
သူက ကုန်း၍ ထိုလက်သေးသေးလေးများအား ကိုင်လိုက်လေ၏။
လင်းရုဖေးက သူ့လက်ထဲဝှက်ထားသည့် အထိအတွေ့ကို ခံစားမိလေသည်။ကုရွှမ်းတုက ကလေးအရွယ်သာရှိသေး၍ လက်ကလေးများက သေးငယ်ကာ နူးညံ့ပြီး ဓားရေးလေ့ကျင့်မှုကြောင့်မှရသည့် အသားမာများလည်း မရှိကာ တင်းတင်းကိုင်ထား၍ ချွေးများစေးကပ်ကပ်ဖြစ်နေသော်ငြား စိတ်အနှောင့်အယှက်မဖြစ်မိချေ။
သူက သူ့အားကိုင်ထားရင်း ရှေ့သို့လျှောက်လိုက်ကာ နူးနူးညံ့ညံ့မေးလာ၏။
"မင်းအဖေရဲ့ မျိုးရိုးနာမည်က ဘာလဲ..မင်းမှတ်မိလား"
ကလေးက ခေါင်းခါပြကာ သူမမှတ်မိကြောင်း တိုးတိုးလေးပြောလာသည်။
“ဒါဖြင့် မင်းငါ့ရဲ့မျိုးရိုးနာမည်ကို ယူရလိမ့်မယ်"
သူက ပြောလိုက်သည်။
"ငါ့ရဲ့မျိုးရိုးနာမည်က ကု..ပြီးတော့ မင်းက ရွှမ်းတုတိုက်ကြီးမှာမွေးလို့ မင်းကို ကုရွှမ်းတုလို့ခေါ်မယ်"
“ကုရွှမ်းတုလား"
ကလေးက ရှုပ်ထွေးသွားပုံရကာ မေးလာ၏။
''အဲဒီနာမည်က ကောင်းပါ့မလား"
“ကောင်းတာပေါ့"
သူက ပြောလိုက်ကာ:"မက်မွန်ပန်းပွင့်ရဲ့ မိန်းကလေးနာမည်က ဟုန်ယွီလေ..,ယောကျ်ားလေးနာမည်က ရွှမ်းတုပေါ့"
သူက စိတ်ကောင်းဝင်နေကာ တောက်တောက်ပပပြုံးလိုက်ပြီး:"ငါတို့ မင်းရဲ့အိမ်နာမည်ကို ကုထောင်ဟွား[1]လို့ ပေးလိုက်ရင်ရော"
ထိုကလေးက ဆိုလိုက်၏။
"ဟုတ်ပြီ ဟုတ်ပြီ"
ဤသည်က သူတို့၏ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏ အမှတ်မိနေဆုံးသော မှတ်ဥာဏ်တစ်ပိုင်းတစ်စလေး ဖြစ်သည်။
မရေမတွက်နိုင်သည့် နှစ်များစွာမှ ချန်ထားခဲ့သည့် ခြေရာများက အပိုင်းအစလေးများ ဖြစ်ကာ လင်းရုဖေးခေါင်းထဲအပြည့် ဝင်လာ၏။သူက နာကျင်လွန်း၍ တိုးတိုးဖွဖွငိုလိုက်မိသော်ငြား ခံနိုင်ရည်ရှိဆဲဖြစ်ကာ သူ့အပေါ်သို့ ဒီရေများ ဆေးကြောခွင့်ပြုထားလေသည်။
ယခုတစ်ကြိမ် သူဝူအောင်းအား တွေ့ခဲ့ရသည်က ရေခဲလွှာပေါ် သနားစဖွယ်တွေ့ခဲ့ရခြင်းပင်။ဝူအောင်းက ကုရွှမ်းတုထက် ပိုပိန်ကာ အေးခဲ၍နီနေသော မျက်နှာအား အပေါ်လွှာဖြင့် ပတ်ထားလေ၏။သူ့နှုတ်ခမ်းများက မည်းနေပြီး နည်းနည်းသာနောက်ကျသွားပါက မြစ်ပေါ်တွင်သေသွားမည်ဖြစ်သည်။သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏လက်အား ကိုင်ထားရင်း ငိုရှိုက်နေကာ မေးလာ၏။
"ကျွန်တော့ကို တစ်ယောက်တည်း ချန်ထားတော့မလို့လား"
“မဟုတ်ပါဘူး"
သူက ဝူအောင်းအား ထွေးပွေ့လိုက်ပြီး သူ့ကိုယ်အားအနွေးဓာတ်ပေးလိုက်ကာ:"ငါမင်းကို ဒီနေရာမှာ မထားခဲ့ပါဘူး"
“ခင်ဗျား တကယ်ကြီး ကျွန်တော့်ကို မထားခဲ့ဘူးပေါ့"
ဝူအောင်းက သူ့ခေါင်းကို စောင်းကာ သူ့အား ညိုးင
ယ်စွာကြည့်လိုက်ပြီးး:"ဒီမှာအရမ်းအေးလွန်းတယ် ကျွန်တော်က တစ်ယောက်တည်း ကြောက်စရာကြီး"
______
စာရေးသူမှာပြောစရာရှိတယ်~
ကုရွှမ်းတု : မင်းဘာပဲဖြစ်လာဖြစ်လာ အမြဲတမ်း မင်းကိုချစ်နေမှာပါ
လင်းရုဖေး : တကယ်လား
ကုရွှမ်းတု : တကယ်ပေါ့...မင်းပြာမှုန့်ဖြစ်သွားရင်တောင် ကိုယ်မင်းကိုမှတ်မိနေဦးမှာလေ
လင်းရုဖေး : ...........ဘာလို့များ ကျွန်တော်က ခင်ဗျားကျိန်ဆဲနေတယ်လို့ ခံစားနေရတာလဲ
Translated By IQ-Team.