Chapter 176
ထိုနှစ်တွေကကိစ္စရပ်များ
───────
ကုရွှမ်းတုက ခါးသက်သက်ပြုံးလိုက်လေ၏။ယခုတွင် ထိုအရာများက ဤအဆင့်ထိရောက်လာ၍ သူက ဝူအောင်းအား စတင်ပြီးအားကျလာရသည်။သူသာ သူဆန္ဒရှိသည့်အတိုင်းလုပ်နိုင်ပါက ဤအခြေအနေတွင်ရှိနေလိမ့်မည်မဟုတ်ချေ။သူ၏ဆရာတူညီလေးအား နားလည်ပေ၏..ဝူအောင်းသည် ကောင်းကင်ဘုံအုပ်ချုပ်သူအား ပြန်လည်အသက်သွင်းရန် မဟာတည်ဆောက်ပုံအား ဖျက်ဆီးနိုင်ပေသည်။
ထို့ကြောင့် ကုရွှမ်းတုက လိမ်လိုက်ရသည်။သူက ကောင်းကင်ဘုံအုပ်ချုပ်သူမှာသေသွားပြီဖြစ်ပြီး သူ၏ဝိဥာဥ်မှာလည်း သူနှင့်အတူ ပျောက်ကွယ်သွားကြောင်းပင်။သူက တည်ဆောက်ပုံမှာ ကောင်းကင်ဘုံအုပ်ချုပ်သူချန်ထားခဲ့သည့် တစ်ခုတည်းသောအရာဖြစ်ကြောင်း ဝူအောင်းက တည်ဆောက်ပုံနှင့်ပတ်သတ်ပြီး တခြားအတွေးများမရှိစေရန် ထပ်ပြောလိုက်ရသည်။
ဝူအောင်းက ဤသည်အားကြားသော် ရူးနှမ်းသွားသလိုမျိုးဖြစ်သွားရကာ ကုရွှမ်းတုအားသတ်ရန် ကြိုးစားလုနီးနီးဖြစ်လာ၏။သူ့မျက်လုံးထဲတွင်ဖြင့် ဤဆရာတူအစ်ကိုက မုန်းစရာကောင်းသည့်လူလိမ်တစ်ယောက်ပင်။သူသာ မဟာဆည်ဆောက်ပုံအကြောင်းအား သူ့ကိုစောစောလေးပြောပြခဲ့ပါက ကောင်းကင်ဘုံအုပ်ချုပ်သူအား ထိုသို့မလုပ်ရန် သူ့ဘဝအားသုံး၍ပင် တားလိုက်မည်ဖြစ်သည်။
ဤသို့ဖြင့် ဆရာတူညီအစ်ကိုနှစ်ယောက်မှာ ဆက်ဆံရေး ပျက်ပြယ်သွားရသည်။
ထိုကိစ္စများပြီးနောက် အချိန်အကြာကြီး ကုရွှမ်းတုမှာဝူအောင်းအား မမြင်ရတော့ဘဲ ဝူအောင်းမှာလည်း ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားပုံရ၏။ကောင်းကင်ဘုံအုပ်ချုပ်သူက မူလတွင် သူတည်ရှိနေရခြင်း၏အကြောင်းရင်းဖြစ်သော်လည်း ယခုတွင်မူ သေသွားသဖြင့် သူ့တွင်အသက်ရှင်သန်လိုစိတ်မရှိတော့ချေ။
ကုရွှမ်းတုသည်လည်း ဝူအောင်းနည်းတူခံစားရသော်ငြား သူက ဝူအောင်းထက် ကံပိုကောင်းပါသေး၏။သူက လက်ထဲတွင် တုန်ဟီနေသည့် တာ့ဟန်ကိုကြည့်လိုက်ရင်း ခါးသက်သက်ပြုံးမိချေ၏။
တည်ဆောက်ပုံအတွက် ကောင်းကင်ဘုံအုပ်ချုပ်သူ၏ခန္ဓာအား ပေးလိုက်ရသော်ငြား အနည်းဆုံးသူ၏ဝိဥာဥ်မှာ အကောင်းပကတိရှိနေသေး၏။သို့သော်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူဝိဥာဥ်ထဲတွင်ရှိနေသည့် ဓါးဆန္ဒသည်ဖြင့် သိပ်သည်းလွန်းချေသည်။သူ၏ရုပ်ခန္ဓာက မသေသေးသဖြင့် ပြန်လည်ဝင်စားခြင်းစက်ဝန်းအတွင်းသို့ မဝင်ရောက်နိုင်ဘဲ သေမျိုးလောကထဲတွင်သာ တဖြေးဖြေးကွယ်ပျောက်သွားရလေ၏။သွားခွင့်မပြုနိုင်ခဲ့သည့် ကုရွှမ်းတုက ယင်းအကြောင်းတွေးကာ နောက်ဆုံး၌ အမှားမရှိနည်းလမ်းတစ်ခုအား စဥ်းစားမိလေ၏။ခန္ဓာအားမရွှေ့ရဘဲ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဝိဥာဥ်အား ဓါးသွားထဲတွင်ထားလိုက်မည်ဖြစ်ပြီး ဓါးအားဝိဥာဥ်ကိုပံ့ပိုးပေးရန်သုံးမည်ဖြစ်ကာ ကောင်းကင်ဘုံအုပ်ချုပ်သူအား သူ၏ဝိဥာဥ်ကိုအကောင်းပကတိဖြစ်စေရန်အတွက်ပင်။
ဓားသွားထဲဝင်ရောက်လာသည့် ဝိဥာဥ်က အသိစိတ်မရှိကာ ကလေးသာသာပင်။ကုရွှမ်းတုမှာ နှလုံးကွဲကြေရသော်လည်း ပျော်ရွှင်နေ၏။နှလုံးကွဲကြေရခြင်းက သူ့ချစ်သူက ဤသို့ဖြစ်သွားရသည်အား မြင်လိုက်ရ၍ဖြစ်ပြီး ပျော်ရွှင်ရသည်က အနည်းဆုံးအနေနှင့် သူ့အားလုံးဝဆုံးရှုံးလိုက်ရသည်မဟုတ်၍ပင်။
ကောင်းကင်ဘုံအုပ်ချုပ်သူ မထွက်သွားမီ သူက ကုရွှမ်းတုအား အရာများစွာအကြောင်း သင်ထားပေးခဲ့ပြီး မိစ္ဆာများကိုချေမှုန်းရန်အတွက် ကောင်းကင်ဘုံအုပ်ချုပ်သူနေရာတွင် အစားထိုးဝင်ပေးရန် တောင်းဆိုခဲ့သည်။မှန်ကန်သည့်အရာများလုပ်ဆောင်ပြီး သူ့အတွက် ကမ္ဘာလောကအားကာကွယ်ပေးရန် ပြောခဲ့လေ၏။
ကောင်းကင်ဘုံအုပ်ချုပ်သူ၏နှလုံးသားက အလွန်ကြီးမားလွန်း၍ ကမ္ဘာလောကတစ်ခုလုံးအားထိန်းထားနိုင်သော်လည်း ကုရွှမ်းတု၏နှလုံးသားမှာ သေးငယ်လွန်းကာ လူတစ်ယောက်ကိုသာ ထိန်းထားနိုင်သည်။သူတို့၏ကတိကြောင့်အတွက်ဆိုသော်ငြား ကုရွှမ်းတုမှာအနီရောင်ဝတ်စုံအား ဝတ်ဆင်ထားဆဲဖြစ်ကာ တဖြည်းဖြည်း ယင်းက သူ့အကြိုက်ဖြစ်လာ၏။
သူနောက်ဆုံးကျင့်ကြံခြင်းအဆင့်တစ်ဆယ်ရောက်သည့်နေ့၌ သူကိုယ်တိုင် ပုအယ်သို့ဝင်ရောက်ပြီး မိစ္ဆာဘုရင်အားခေါင်းဖြတ်သတ်ခဲ့လေ၏။ထိုအချက်က ပုအယ်တစ်ခွင်အား ဖရိုဖရဲမှုကြီးစွာ ကြုံတွေ့ခဲ့စေသည်။မိစ္ဆာများတွင် ခေါင်းဆောင်မရှိတော့သည့်အပြင် ယောင်ကွမ်းသို့ကျုးကျော်မည့်ရည်ရွယ်ချက်ပါ ဆုံးရှုံးသွားရလေသည်။ယောင်ကွမ်းရှိလူများမှာ တိုက်ပွဲများထပ်မရှိတော့ဘဲ နှစ်ရာပေါင်းများစွာ ငြိမ်းချမ်းပျော်ရွှင်ကြရလေသည်။
ကုရွှမ်းတုမှာ ကောင်းကင်ဘုံအုပ်ချုပ်သူအသစ် ဖြစ်လာ၏။
သို့သော်လည်း အဆုံးတွင် သူ့က သိမ်မွေ့သည့်အကျင့်စရိုက်အား မသင်ယူနိုင်ခဲ့ပေ။အရာများစွာ လုပ်ဆောင်သောအခါတွင်လည်း သူ့စိတ်ရင်းနှင့်သာလုပ်ခဲ့လေ၏။အကျိုးဆက်အနေနှင့် မတူညီသောလူများ၏မျက်လုံးထဲဝယ် ကောင်းကင်ဘုံအုပ်ချုပ်သူမှာ အတော်လေး ကွဲပြားနေ၏။တချို့က သူသည် ရန်လိုပြီးကြောက်စရာကောင်းသည်ဟု ထင်ကြကာ တခြားသူများကမူ သူ့တွင် သိမ်မွေ့နူးညံ့သည့်စရိုက်ရှိသည်ဟု ထင်ကြလေ၏။
ကုရွှမ်းတုက တာ့ဟန်အား ဂရုတစိုက် မြောက်လိုက်သည်။ယခုတွင် သူက ကျင့်ကြံခြင်းအဆင့်တစ်ဆယ်ရောက်နေပြီဖြစ်ကာ လောကရှိမည်သူကမျှ သူ့အားထိခိုက်အောင်မလုပ်ရဲချေ။သို့သော်လည်း စိတ်မကောင်းစရာက ဓါးဝိဥာဥ်အား သီးခြားမဖွဲ့စည်းနိုင်ခဲ့ခြင်းပင်။ယင်းက သူ့အားစကားသာပြောနိုင်ပြီး သူ့အားမပွေ့ဖက်နိုင်ပေ။သို့သော်လည်း ကုရွှမ်းတုက အများကြီးဂရုစိုက်မနေပါချေ။သူချစ်သည့်သူက
ဝိဥာဥ်ဖြစ်ရုံသာမက ဘာကြီးပဲဖြစ်နေပါစေ ကြိုက်နေမြဲသာ။
သူ၏ကျင့်ကြံခြင်းအဆင့်တစ်ဆယ်အား ထပ်ပေါင်းလိုက်ပြီး ရက်အနည်းငယ်အတွင်း ဟင်းလင်းပြင်သို့တက်လှမ်းနိုင်မည်ဖြစ်ပြီး မသေမျိုးအဖြစ်ခုန်ကူးနိုင်မည်ဖြစ်ကာ မသေမျိုးလောကသို့ရောက်ရှိနိုင်မည်ပင်။ယင်းတွင် သူ့ဘဝ၏ချစ်ရသူအား မြင်တွေ့ရရန်အတွက် အကောင်အထည်ဖော်ရန် နည်းလမ်းရှိချင်ရှိပေလိမ့်မည်။
ထိုအတွေးများနှင့် ကုရွှမ်းတုက ကျင့်ကြံခြင်းတွင် ပို၍လုံ့လစိုက်လာခဲ့ပါသော်လည်း မည်သူသိမည်နည်း....။
“ဒါပေမယ့် တက်လှမ်းတော့မယ့်အချိန်ကျ အဲ့ဒီနေ့ရဲ့မိုကြိုးအပြစ်ဒဏ်က ပုံမှန်ထက် အဆတစ်ရာလောက်ပြင်းထန်လိမ့်မယ်မှန်း ဘယ်သူသိခဲ့မှာလဲ"
ဝူအောင်း၏အသံက ဆိုးယုတ်သည့်သရဲတစ်ကောင်နှယ် ချောက်ချားဖွယ်ကောင်းလာကာ:"မင်းက အဲ့ဒါကိုမခုခံနိုင်ခဲ့ဘူးလေ အန္တရာယ်အောက်မှာဆို မင်းဝိညာဥ်လွင့်ပျယ်သွားတော့မလိုဖြစ်သွားတာနဲ့ မင်း တကယ်ကြီး ကောင်းကင်မိုးကြိုးဒဏ်ကိုကာဖို့ တာ့ဟန်ကိုသုံးခဲ့တာ..တာ့ဟန်ကကွဲကြေသွားတော့ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဝိဥာဥ်ကလည်း ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်..ကုရွှမ်းတု မင်းက စကားကိုမြှောက်ပင့်ပြီးပြောနေပေမယ့် မင်းလုပ်ခဲ့တဲ့အရာတွေက စိတ်ပျက်စရာတွေကြီးပဲ"
ကုရွှမ်းတုမှာ ပြန်ဖြေလာခြင်းမရှိကာ ဝူအောင်းအား ထူးမခြားစွာကြည့်နေ၏။
ဝူအောင်းက ကျိတ်ရယ်လိုက်ပြီး:"မင်းက ကောင်းကင်မိုးကြိုးကြောင့် ထိခိုက်သွားပြီး မင်းရဲ့အသွေးအသားတွေလည်း ပျက်စီးသွားတယ်..အဲဒီနောက် မင်းက ချယ်ရီပင်ထိပ်မှာနေရုံကလွဲရွေးစရာမရှိခဲ့ဘူး...မင်းက လင်းရုဖေးနဲ့ရင်းနှီးလာပြီးတော့ သူကရုပ်ခန္ဓာကို ပြန်ရှာပြီးရဖို့ ကူညီပေးခဲ့တယ်"
ကုရွှမ်းတုက ဖြေးညင်းစွာပြောလာ၏။
"အဲ့ဒီ့မှာ အမှန်တရားတစ်ချို့ရှိတယ်"
“ကြည့်ပါလား..သူပြန်မချေပရဲဘူးလေ..လင်းကုန်းဇီ"
ဝူအောင်းက စိတ်ခံစားချက်ပြင်းလာရပြီး:"မင်းနောက်ဆုံးတော့ နားလည်သွားသင့်တယ် ဒီကုရွှမ်းတုက ဘယ်လိုလူမျိုးလဲဆိုတာ"
လင်းရုဖေးက သို့သော်ငြား ထူးမခြားစွာ တုန့်ပြန်လာ၏။
"ကျွန်တော်က သူဘယ်လိုလူမျိုးဆိုတာမသိပေမယ့်လည်း ခင်ဗျားကတော့ ကောင်းတဲ့သူမဟုတ်မှန်းပဲသိတယ်"
ဝူအောင်း၏မျက်နှာမှာ တောင့်ခဲသွားလေ၏။
လင်းရုဖေးက ဆိုသည်။
"ကုရွှမ်းတုက ကောင်းကင်အပြစ်ဒဏ်ကို ခံနိုင်ဖို့ တာ့ဟန်ကိုသုံးကတည်းက သူကဒဏ်ရာပြင်းပြင်းရသွားရင်တောင် မသေမျိုးအဖြစ်ကို တက်သွားလို့ရသေးတယ်လေ ဘာလို့သူက ဒီနေရာမှာပေါ်လာရပြီး ဒီလိုသနားစရာအခြေအနေရှိနေရတာလဲ ..အခုဆိုသူက ကမ္ဘာပေါ်မှာ ကျင့်ကြံခြင်းအဆင့်တစ်ဆယ်ရှိတဲ့ တစ်ဦးတည်းသောသူပဲလေ..."
သူက ကုရွှမ်းတုအား ကြည့်လိုက်ပြီးနောက် နူးနူးညံ့ညံ့ဆက်ပြောလာ၏။
"ရွှမ်းတု..ခင်ဗျားက ကျွန်တော်မှတ်ဥာဏ်တွေပြန်မရသေးရင်ရော ...ခင်ဗျားက ကျွန်တော်ကို ကြိုက်နေဦးမှာလား"
ကုရွှမ်းတုက ဖွဖွလေးပြုံးပြလာ၏။
သူက လင်းရုဖေးခေါင်းလေးအား ပုတ်လိုက်ပြီး သူ့လေသံထဲ၌ ကူကယ်ရာမဲ့နေဟန်ဖြင့်:"တုံးလိုက်တဲ့ရှောင်ကျို့ ဘယ်အချိန်ကများ ကိုယ် မင်းမှတ်ဥာဏ်တွေကို ပြန်ရစေချင်ခဲ့လို့လဲ မင်းက မင်းပဲလေ မင်းမှာ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့မှတ်ဥာဏ်တွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ်ကျေနပ်တယ် ..ဖြစ်နိုင်ရင်လေ ကိုယ်မင်းကို ဘဝတစ်လျှောက်လုံး သေချာပေါက် ကာကွယ်ပေးချင်တာလေ မင်းလေးက ခွန်းလွန်ဂိုဏ်းရဲ့ အချစ်ခံရဆုံးကုန်းဇီလေးအနေနဲ့ ပျော်ရွှင်စေချင်လို့ပေါ့...ကိုယ်ဘယ်လိုလုပ်ပြီး မင်းကို အခြားအရာတွေ ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ပြုနိုင်ရမှာလဲ စိတ်မကောင်းစရာ....."
စိတ်မကောင်းစရာက သူတွက်ချက်နေစဥ်မှာပင် ဝူအောင်းဆိုသည့် ဤမူမမှန်ကောင်အား လွဲသွားရခြင်းပင်။သူမူလက ဝူအောင်းသည် သူ့ရင်ထဲတွင် ဒေါသတို့သာရှိနေသည်ဟု ထင်ခဲ့သော်လည်း နှစ်ရာပေါင်းများစွာကြာပြီးတောင် သူက ကောင်းကင်ဘုံအုပ်ချုပ်သူအား ပြန်အသက်သွင်းရန်ကြိုးစားနေဆဲဖြစ်ကြောင်း မမျှော်လင့်ထားခဲ့ပေ။ယခုအချိန်တွင်ဖြင့် ပုအယ်၏ခုနစ်ယောက်မြောက် ဘုရင်သည်လည်း ပေါ်လာပြီးဖြစ်ကာ သူ့တွင်လည်း သူ၏ကျင့်ကြံခြင်းအဆင့်တစ်ဆယ်မရှိသေးချေ။မဟာတည်ဆောက်ပုံသာ ရုတ်တရက် ကျိုးပျက်သွားပါက သေမျိုးလောကကြီး နောက်ထပ်ကြောက်မက်ဖွယ် အခြေအနေမျိုး ထပ်ရှိလာမည်စိုးမိသည်။
သို့သော်လည်း ဝူအောင်းက သိသိသာသာပင် ထိုအရာများအား ဂရုစိုက်မနေချေ။ကောင်းကင်ဘုံအုပ်ချုပ်သူသာမရှိပါက သူက ထိုမြစ်ရေအေးအေးပေါ်၌ လွန်ခဲ့သောအချိန်များစွာကတည်းက သေသည်ထိအေးခဲနေမည်ဖြစ်သည်။သူက လူတစ်ယောက်အတွက် နေထိုင်ပြီး လူတစ်ယောက်တည်းအတွက်ပင်။သူက သူ့အား နောက်ထပ်တစ်ကြိမ် ပြန်တွေ့ချင်ရုံလေးတင်။ သူမရှိပါက သူကဖုန်မှုန့်တစ်ခုသာသာဖြစ်၏။
ပြောသင့်သည့်စကားများ ပြောပြီးသည်တွင် ဝူအောင်း၏မျက်နှာသွင်ပြင်သည်လည်း တဖြေးဖြေးအေးစက်လာသည်။သူက လက်ဆန့်လိုက်ပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်အား ကျောက်ခေါင်းတလားအပြင်ဘက်သို့ ထုတ်လိုက်သည်။
ပတ်ပတ်လည်ရှိ ကျောက်တုံးကျောက်စလေးများက တည်ဆောက်ပုံမျက်လုံးမှလာသည့် တုန်ခါမှုအား ခံစားလိုက်ရဟန်ရှိကာ ထိန်းမရစွာ စတင်တုန်ခါလာသည်။မကြာမီ သူတို့ခြေထောက်အောက်ရှိ မြေကြီးသည်လည်း တုန်ခါလာ၏။
ကုရွှမ်းတုက ချက်ချင်းပင် ဒူးထောက်လိုက်ပြီး လင်းရုဖေးလက်လေးအား ဆုပ်ကိုင်လိုက်လေ၏။ယခုတွင် သူ့မှာ ခန္ဓာရှိနေပြီဖြစ်၍ သူ့လက်တွင်လည်း အပူဓါတ်ရှိနေသည်။ထိုသို့ တင်းမာနေသည့်လေထုအောက်တွင်ပင် သူကပြုံးနေပြီး လင်းရုဖေးဆံနွယ်ပေါ်ရှိ အမှိုက်ကလေးအား ဖယ်ရန်လက်လှမ်းလာသည်။
ကုရွှမ်းတုက ဆိုလာသည်။
"ကိုယ်တကယ် ရှောင်ကျို့ကို အရမ်းသဘောကျတယ်"
သူက တိုးတိုးလေးပြောလာ၍ လင်းရုဖေး၏နှလုံးသားလေး အလွန်နာကျင်သွားရကာ:"အကြီးအကဲ.."
“အထူးသဖြင့် ရှောင်ကျို့က ကိုယ့်ကိုအကြီးအကဲလို့ခေါ်တဲ့အခါပေါ့"
ကုရွှမ်းတုက ဆက်၍ဆိုသည်
"စိတ်မကောင်းတာကလေ ကိုယ်ကမင်းအနောက်ဆက်မလိုက်နိုင်တော့တာပဲ"
သူက တောင်းပန်သည့်အပြုံးလေးပြလာပြီး"ကိုယ်ရှောင်ကျို့ကြီးလာတာကို မစောင့်ကြည့်နိုင်တော့လို့ တကယ်စိတ်မကောင်းဘူး"
လင်းရုဖေးက တစ်ခုခုအားအာရုံခံမိကာ ကုရွှမ်းတုအား ဖက်ထားလိုက်ပြီး သူ့အသံကဆိုးဆိုးဝါးဝါးတုန်ယင်နေကာ:"ကုရွှမ်းတု ခင်ဗျားဘာလုပ်တော့မလို့လဲ"
ကုရွှမ်းတုက ခေါင်းမော့၍ လှည့်ကြည့်လိုက်သည်။
ယခုအချိန်၌ ဝူအောင်း၏စိတ်အာရုံအလုံးစုံက ကောင်းကင်ဘုံအုပ်ချုပ်သူအပေါ်တွင်သာရှိနေ၍ ဘေးတွင်ရှိနေသည့် ကုရွှမ်းတုနှင့်လင်းရုဖေးအား သတိမထားမိချေ။
ကုရွှမ်းတုက ပြုံးလိုက်ပြီး"ရှောင်ကျို့ မှန်းကြည့်ပါလား"
“မဟုတ်....."
လင်းရုဖေးမျက်လုံးများပြူးကျယ်လာရကာ:"မလုပ်ပါနဲ့...”
ကုရွှမ်းတုက မေးသည်။
"ရှောင်ကျို့ သည်းမခံနိုင်တော့ဘူးမလား"
ပြီးနောက် သူကသက်ပြင်းချလိုက်ပြီး:"တကယ်တော့ ကိုယ်လည်းသည်းမခံနိုင်တော့ဘူး....ဒါက.."
သူက ခါးသက်သက်ပြုံးလိုက်ပြီး:"ဒါလုပ်ရမယ့်သူက အမြဲတမ်းရှိတယ်"
သို့သော်လည်း သူက နောက်ကျန်နေခဲ့ရမည့်သူ ထပ်မဖြစ်ချင်တော့ချေ။
အချိန်တိုင်း အတူတူပင်။အချိန်တိုင်း..။ကောင်းကင်ဘုံအုပ်ချုပ်သူက မဟာတည်ဆောက်ပုံကိုအခြေချပြီး... တာ့ဟန်က မိုးကြိုးအပြစ်ဒဏ်ကိုတားလိုက်သောအခါ သူ့အတွက်ကွဲအက်သွားရချေ၏။လင်းရုဖေး၏ဝိဥာဥ်အား ပြန်လည်ဝင်စားခွင့်ထဲဝင်သွားစေရန်အလို့ငှာ သူ၏ကျင့်ကြံခြင်းအလုံးစုံအား ဖြန့်ကျက်လိုက်ပြီး ချယ်ရီပန်းပွင့်တောထဲတွင်သာ ကပ်နေနေခဲ့ရပြီး သူ၏မွေးဖွားမှုအား တိတ်တိတ်လေးစောင့်နေခဲ့ရသည်။
နှစ်ပေါင်းတစ်ရာသည်ကား လူအများအား အပြစ်ပေးနေသည့် ဓါးတုံးတစ်လက်နှင့်တူပြီး ကုရွှမ်းတုသည်လည်း အပြစ်ပေးခံနေရသဖြင့် အလွန်နာကျင်ခံစားခဲ့ရသည်။သူက ထပ်ပြီးမစောင့်ချင်တော့ကာ နောက်တွင်ကျန်နေရစ်ခဲ့မည်ကိုလည်း စိုးလှသည်။ဤအရာမျိုးအား တစ်ကြိမ်တွေကြုံဖူးသည်က လုံလောက်သော်ငြား ဒုတိယအကြိမ်ထိ ကြုံရသည်က တိုက်ဆိုင်လွန်းလှချေ၏။သူသာ တတိယအကြိမ်ကြုံရပါက အမှန်ပင်ရူးသွားလိမ့်မည်ဖြစ်သည်။
“ကိုယ် တစ်ကြိမ်လောက်တော့ တစ်ကိုယ်ကောင်းဆန်ပါရစေ"
ကုရွှမ်းတုက ရေရွတ်လာသည်။ "နော်"
လင်းရုဖေးက ပါးစပ်ဟရန်ပြင်လိုက်သော်လည်း သူ့နှုတ်ခမ်းများက အခြားတစ်စုံဖြင့် တံဆိပ်ခတ်ခြင်းခံလိုက်ရသည်။ကုရွှမ်းတုက သူ့အား ပြင်းပြင်းပြပြ နမ်းရှိုက်နေ၏။ထိုအနမ်းက ပူပြင်းလွန်းကာ ကုရွှမ်းတုက လင်းရုဖေးအား သူ့ကိုယ်ထဲသို့ ဆွဲသွင်းချင်နေသည့်နှယ်။လင်းရုဖေးမျက်လုံးများက အရည်လဲ့လာရကာ တဖြေးဖြေးအသက်ရှူကျပ်လာသည်။
အနမ်းရှည်ကြီးပြီးသွားပြီးနောက် နှစ်ယောက်သား၏အသက်ရှူသံများက အနည်းငယ် မတည်မငြိမ်ဖြစ်လာ၏။အဆုံးတွင်ဖြင့် လင်းရုဖေးမှာမျက်ရည်စများနှင့်ပင်။သူ့လက်ချောင်းလေးများက ကုရွှမ်းတု၏အင်္ကျီလက်အား ကိုင်ဆွဲထားကာ သွားခွင့်ပေးရန်ငြင်းဆန်နေ၏။
ကုရွှမ်းတုက လင်းရုဖေး၏မျက်ရည်စလေးများအား နမ်းရင်းဖယ်ရှားလိုက်ကာ မျက်တောင်စိပ်စိပ်လေးပေါ်သို့ အနမ်းတစ်ပွင့်တင်လိုက်ပြီး:"ကိုယ် ရှောင်ကျို့မလုပ်စေချင်တာ သိပေမယ့် မဟာတည်ဆောက်ပုံသာ ကျိုးပျက်သွားရင် ခွန်းလွန်မှာဘာဖြစ်လာမယ်ဆိုတာ ရှောင်ကျို့တွေးမိရဲ့လား"
ခွန်းလွန်မှာ ယောင်ကွမ်း၏နယ်နမိတ်ဖြစ်ပြီး တည်ဆောက်ပုံကျိုးပျက်သွားသည်နှင့် ပထမဆုံးဒဏ်ခံရမည်က ထိုနေရာဖြစ်၏။ ဤနေရာတွင်နေထိုင်သည့် သာမန် သေမျိုးများပင်မဆိုထားနှင့်ခွန်းလွန်ဂိုဏ်းပင်အထိနာမည်ဖြစ်သည်။
လင်းရုဖေးမျက်လုံးများက တဖြေးဖြေး မှောင်မိုက်လာ၏။
ကုရွှမ်းတုက ထရပ်လိုက်ပြီး ကျောက်ခေါင်းတလားဆီသို့ လျှောက်သွားသည်။ယခုအချိန်၌ ဝူအောင်းက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်အား ထုတ်ထားပြီးဖြစ်၍ ကုရွှမ်းတုအား အေးစက်စက်မျက်လုံးများနှင့်ကြည့်နေ၏။
ကုရွှမ်းတုက ဂရုစိုက်ခြင်းမရှိဘဲ သူ့အား လက်ယမ်းပြလိုက်ပြီး:"ငါ့ကိုကြည့်မနေနဲ့ မင်းကိုတောင်းပန်ရမယ့် အချို့အရာလေးတွေရှိလို့"
ဝူအောင်းက သရော်ပြုံးပြုံးလိုက်လေသည်။
ကုရွှမ်းတုက ဆိုသည်။
"ဒါပေမယ့် ဒါက မင်းရဲ့ရစ်တတ်တဲ့ အကျင့်ကြောင့် မဟုတ်ရင် မင်းကိုဖုန်းကွယ်မိခဲ့မှာမဟုတ်ဘူး"
သူက သက်ပြင်းချလိုက်ပြီး"ငါလည်း ငါတို့ဆရာတူညီအစ်ကိုတွေ ဒီနေ့လိုအခြေအနေထိ ရောက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"
ဝူအောင်းက အံတင်းတင်းကြိတ်လိုက်ရင်း:“ဆန်ကုန်မြေလေးကောင် မင်းသာ သူအားနည်းနေတုန်း ဆရာ့ကိုမလိမ်လည်ခဲ့ရင် သူဘယ်လိုလုပ်ပြီး မင်းနဲ့အတူရှိသွားရမှာလဲ"
သူက ဤသို့ဆိုလိုက်ရင်း လင်းရုဖေးထံထိုးပြလိုက်ကာ:"လင်းကုန်းဇီက ဘာမှမသိဘူး ဒါကြောင့် မင်းက သူ့ကိုရှုပ်ထွေးသွားအောင်ဖို့ မင်းရဲ့ရုပ်ရည်အလှတရားတွေကို သုံးခဲ့တာလေ"
ကုရွှမ်းတုက ယင်းအားတွေးလိုက်မိသည်။သူက အကြောင်းအရာများက ဤအထိရောက်လာပြီးကတည်းက ဆက်ပြီးဖုန်းထားရန် မလိုတော့သည့်ပုံရှိသဖြင့် သူကအပြုံးလေးနှင့် ဆိုလိုက်သည်။
"မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြစေချင်လား"
ဝူအောင်းက မေးလာ၏။
"ဘာလဲ"
ကုရွှမ်းတုက ဆိုလာသည်။