အပိုင်း ၁၇၅
Viewers 37k

Chapter 175
 ထိုနှစ်တွေကကိစ္စရပ်များ

───────


ဝူအောင်းမှာ စုန်းမျိုးနွယ်စုမှ တစ်စုံတစ်ယောက်ဖြစ်ပြီး ကလေးဘဝတည်းကပင် မျိုးနွယ်စုမှထွက်မသွားဖူးချေ။ 

သို့သော်ငြား ထိုနှစ်များက ယခုအချိန်နှင့်ယှဥ်သော် အလွန်ကွာခြားသွားပေ၏။ထိုအချိန်က ယောင်ကွမ်းမဟာတည်ဆောက်ပုံအား အခြေမချရသေးကာ ယောင်ကွမ်းတိုက်ကြီးမှ နတ်ဆိုးများထံမှ အသက်ရှင်သန်နိုင်ရန်မှာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ခဲ့ပေ။ဝူအောင်းသည်လည်း နောက်ခံကောင်းကောင်းမရှိသည့် သာမန်စုန်းမျိုးနွယ်စုဝင်တစ်ယောက်သာသာဖြစ်၏။တစ်ယောက်ယောက်ကသာ သူနှင့်ပတ်သက်သည့် ထူးထူးခြားခြားအရာအား တမင်သက်သက်ရှာလိုပါက သူ့မိဘများ စောစောစီးစီးသေသွားခြင်းသာ ရှိပေလိမ့်မည်။  

ထိုနေ့များတွင် မိဘမရှိဘဲအသက်ရှင်ချင်နေမိသည့် ကလေးတစ်ယောက်အတွက်က အလွန်ခက်ခဲသည့်အရာပင်။သူတို့ရင်ဆိုင်ရသည့် အခက်အခဲများက နတ်ဆိုးများသာမက ဆာလောင်မှုနှင့်အေးစက်မှုများပင်။နှစ်ပေါင်းရာချီဖြတ်ကျော်ပြီးသော်လည်း ဝူအောင်းမှာ ကောင်းကင်ဘုံအုပ်ချုပ်သူနှင့်ဆုံခဲ့သည့်နေ့ကို ပြတ်ပြတ်သားသားမှတ်မိနေဆဲပင်။ယင်းက အေးစက်သောဆောင်းရာသီနံနက်ခင်းတစ်ခုမှာပင်။ 

ထိုနေ့က အလွန်အေးစိမ့်နေကာ ဝူအောင်းက မြစ်ဆီသို့စောစောသွားရလေ၏။သူက သောက်ရေရရန် တွင်းတစ်ခုလုပ်ချင်နေခဲ့သည်။သို့သော်လည်း မြစ်ပေါ်ရှိရေခဲထုကြီးက ထူလွန်းလှသည်။ယင်းအပေါ်ကြိမ်ဖန်များစွာ ထုနေပါသော်လည်း ချိုးဖောက်၍မရနိုင်ချေ။သူ၏အစာအိိမ်အား မဖြည့်တင်းရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်၍ ဆာလွန်း၍တုန်ယင်နေသည်။ဝူအောင်းက သူ့မျက်ရည်များအား သုတ်လိုက်မိသည်။အံတင်းတင်းကြိတ်ရင်း သိပ်မထက်လှသည့် ဓါးတစ်ချောင်းယူလိုက်ကာ ရေခဲမွေ့ရာကြီးအား နည်းနည်းချင်းလှီးဖြတ်နေမိသည်။များမကြာမီ သူ့ကိုယ်လေးက တစ်စတစ်စ အေးအေးလာကာ လှုပ်ရှားမှုများလည်း တောင့်ခဲလာရသည်။ပါးမို့မို့ထက်ခိုတွဲနေသည့် မျက်ရည်စက်များက ပြင်းထန်သည့်အအေးဒဏ်ကြောင့် ရေခဲစလေးများသဖွယ် သိပ်ခဲသွားလေ၏။ဝူအောင်းက သူ့ကိုယ်ပိုင်အားအင်လေး မြန်ဆန်စွာလွင့်ပျယ်လာသည်အား ခံစားလိုက်ရ၍ ရေခဲပြင်ထက် ရေခဲသတ္တဝါလေးသဖွယ် လှဲချလိုက်ရင်း အသက်ဖွဖွရှူလိုက်ရသည်။  

နှစ်စဥ်နှစ်တိုင်း ဆောင်းရာသီဆိုသည်က အခက်ခဲဆုံးအချိန်ပင်။ဤဆိုးဝါးလှသော ရာသီ၌ သေဆုံးသူများမရေမတွက်နိုင်အောင်ရှိကာ မကြာမီ၌သူသည်လည်း တစ်ယောက်အပါအဝင်ဖြစ်လာပေလိမ့်မည်။နောက်နှစ်နွေဦးရောက်သည့်အခါ၌ သူ့ကိုယ်သည်ကား မြစ်ထဲသို့နစ်မြုပ်လာမည်ဖြစ်ပြီး ငါးစာများဖြစ်လာပေမည်။ဝူအောင်း၏အသက်ရှူသံက ထိုခဏ၌ လျင်မြန်စွာတိုးလျော့သွားကာ သတိလစ်မေ့မျောမတတ်ဖြစ်နေခါနီးအချိန်တွင် သူ့နားထဲ၌ ခြေသံများအား ကြားလိုက်ရလေ၏။သူ၏လက်ကျန်ခွန်အားအား အသုံးပြုကာ ဝူအောင်းက ခေါင်းအားခက်ခက်ခဲခဲမြောက်ကြည့်လိုက်ရသည်။ သူက ခရီးသွားတစ်ဦးအား တွေ့လိုက်ရသည့်တစ်ခဏ သူမသေခင်လေးအခွင့်ကြုံသွားရသည့် ပုံရိပ်ယောင်တစ်ခုဟုသာ ထင်လိုက်လေ၏..သူက အနီရောင်ဝတ်ဆင်ထားသောလူတစ်ယောက်အား တွေ့လိုက်ရခြင်းပင်။ထိုလူက ဒူးကွေးလိုက်ရင်း တိတ်တဆိတ်လက်လှမ်းလာပြီး သူ့ပါးစုန့်ထက်မှရေခဲမှုန်များအား အသာအယာသုတ်ပေးလာသည်။ 

“မင်းဘာလို့ဒီရောက်နေရတာလဲ"

ထိုလူ့အသံက အလွန်ပျော့ပျောင်းနေ၏။အလွန်ပျော့ပျောင်းနေကာ နွေဦးနေခြည်လေးသဖွယ် နွေးထွေးလွန်းလှသည်။

"သနားစရာကောင်းလိုက်တဲ့ ကောင်လေး" 

ဝူအောင်းက ထိုလူ၏ဝတ်ရုံအနားစွန်းလေးအား နောက်ဆုံးသော မျှော်လင့်ချက်လေးသဖွယ် ဆုပ်ကိုင်ရန် အားစိုက်လိုက်ရှာ၏။သူ၏အေးခဲနေသော နှုတ်ခမ်းမည်းမည်းလေးများက တုန်ယင်လာသော်ငြား စကားဆိုနိုင်ခြင်းမရှိချေ။ 

ထိုလူက သူ၏ဆိုလိုရင်းအား နားလည်သွားပုံရကာ လက်နွေးနွေးလေးများအား သုံးလိုက်ပြီး ဝူအောင်းအားထူပေးလိုက်သည်။ဝူအောင်းက ထိုလူ၏ရင်ဘတ်မှ နွေးထွေးမှုအား ခံစားလိုက်ရကာ ကျေနပ်ဖွယ်အပြုံးတစ်ခုပြသရင်း မျက်လုံးများမှိတ်ချလိုက်ပြီး စိတ်သက်သာရာရသွားသည့်နှယ် အသက်ရှူမိချေ၏။ယင်းသာ ပုံရိပ်ယောင်သက်သက်ဖြစ်ပါက သူကဤကဲ့သို့သေသွားရရင်တောင်မှ ပျော်ရွှင်ဖွယ်အရာတစ်ခုပင်။  

သို့သော်လည်း ဝူအောင်းက မသေခဲ့ပဲ ကောင်းကင်ဘုံအုပ်ချုပ်သူက ကယ်တင်ထားပေ၏။သူက ကယ်တင်ထားခံရရုံမက ကောင်းကင်ဘုံအုပ်ချုပ်သူ၏အမည်အောက်တွင်ပင် တပည့်တစ်ယောက်ဖြစ်လာလေသည်။ 

ကောင်းကင်ဘုံအုပ်ချုပ်သူက မကြာခဏပြန်လာတတ်ပြီး လက်စလက်နပင်မရှိဘဲ ထွက်သွားတတ်သည်။ကောင်းကင်ဘုံအုပ်ချုပ်သူ၏တပည့်ဖြစ်လာရန်က ကြုံတောင့်ကြုံခဲကံကြမ္မာတစ်ခုဖြစ်လေသည်။ဝူအောင်းသည်ကား မည်သို့ကျေနပ်ခြင်းခံရမည်အား သိလေ၏။သူက မူလ၌ဘာမျှမရှိ၍ သူလိုချင်သည့်အရာများလည်း များများစားစားမရှိချေ။သို့သော်ငြား ယင်းက သူဖမ်းဆုပ်ထားသည့်အရာတစ်ခုခုဖြစ်နေသရွေ့ မည်သည်တို့ဖြစ်နေပါစေ သူက သွားခွင့်ပြုနိုင်မည်မဟုတ်။ 

ကောင်းကင်ဘုံအုပ်ချုပ်သူက သိမ့်မွေ့လှပြီး သူ၏တပည့်များကိုလည်း ချစ်ခင်လေ၏။သူ့တွင် တပည့်နှစ်ယောက်သာရှိလေ၏ တစ်ယောက်က ကုရွှမ်းတုဖြစ်ကာ အခြားသူသည်ဖြင့် ဝူအောင်းပင်။

သို့သော်ငြား ထိုတပည့်နှစ်ယောက်တွင် မတူညီသည့် စရိုက်များရှိလေ၏။ကုရွှမ်းတုက ခေါင်းမာပြီး ပွင့်ပွင့်လင်းလင်းရှိကာ အံ့အားသင့်ဖွယ် ဥာဏ်နီဥာဏ်နက်များ ထုတ်လေ့ရှိသည်။ဝူအောင်းမှာမူ မည်းမှောင်နေတတ်ပြီး ဘာသိဘာသာနေတတ်ကာ စကားပြောမပြေပြစ်၍ လူအများနှင့်ဆက်ဆံရေးကျဲလေသည်။တစ်ယောက်ယောက်ကသာ သူတို့နှစ်ဦးကြား တူညီသည့်အရာတစ်ခုခုကိုပြပါဆိုလျှင် ယင်းက လက်ဝါးကြီးအုပ်ထားချင်သည့် သူတို့၏ကြောက်မက်ဖွယ်စိတ်ဆန္ဒများသာ ဖြစ်နေမည်မှာ သံသယမရှိချေ။ 

ဤတပည့်နှစ်ယောက်ကြောင့် ကောင်းကင်ဘုံအုပ်ချုပ်သူမှာ တတိယမြောက်တပည့်အား လက်မခံခဲ့ချေ။ 

အခြေမချရသေးသော ထိုအချိန်က ဤသို့ဤနှယ် ကောင်းကင်ဘုံအုပ်ချုပ်သူက ကလေးနှစ်ယောက်အား ဂရုတစိုက်ပျိုးထောင်ပေးခဲ့ရသည်။သူက သူတို့နှစ်ယောက်အား ဓါးရေးသင်ပေးခဲ့ကာ သုံးဦးသားမှာ တစ်ယောက်နှင့်တစ်ယောက် မှီခိုအားထားခဲ့သည်။ထိုသို့သာအမြဲဖြစ်နေခဲ့ပါက ကောင်းချီးတစ်ခုပင်။သို့သော်ငြား ကောင်းကင်က လူ့အလိုမလိုက်ချေ။ကောင်းကင်ဘုံအုပ်ချုပ်သူ၏ ရိုးရိုးရှင်းရှင်းအတွေးတစ်ခုက ဤလူသုံးဦး၏ကံကြမ္မာကြောင့် ပြောင်းလဲခဲ့ရလေ၏။ 

ကောင်းကင်ဘုံအုပ်ချုပ်သူက နတ်ဆိုးများ၏ကျူးကျော်ဝင်ရောက်ခံရခြင်းအား အဆုံးသတ်ရန်အလို့ငှာ ယောင်ကွမ်းမဟာတည်ဆောက်ပုံအား အခြေချချင်ခဲ့၏။စစချင်း၌ ဤအရာက ထိခိုက်မှုမရှိဘဲအကျိုးကျေးဇူးတစ်ရာခန့်ပင်ရသည်ဟု ထင်ရသည်။သို့သော်ငြား လက်တွေ့တွင်ဖြင့် သူတို့ရင်ထဲတွင် ကောင်းကောင်းသိကြလေသည်...ဤတည်ဆောက်ပုံအား လုပ်ဆောင်ချင်ပါက အထူးတည်ဆာက်ပုံမျက်လုံးအားရှာရမည်ဖြစ်ကာ ကောင်းကင်ဘုံအုပ်ချုပ်သူက သူ၏အသားကို တည်ဆောက်ပုံလုပ်ဆောင်ရန်အတွက် တည်ဆောက်ပုံမျက်လုံးအဖြစ်အသုံးပြုချင်ခဲ့ကြောင်းပင်...။ 

ထိုအချိန်က ကုရွှမ်းတုမှာ ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် နှလုံးသားချင်းဆက်နွယ်နှင့်ပြီးဖြစ်လေ၏။သူတို့က ဝူအောင်းမပျော်မရွှင်ဖြစ်သွားမည်စိုး၍သာ သူ့အားမပြောပြထားခြင်းပင်။ဝူအောင်းက ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် သူ၏ဆရာတူအစ်ကိုကြား အထူးဆက်ဆံရေးအား မသိသော်လည်း ဤယောင်ကွမ်းမဟာတည်ဆောက်ပုံ၏ဆိုလိုရင်းအား ရှင်းရှင်းလင်းလင်းသိလေ၏။သို့စေကာမူ အရာအားလုံးအား သူသိသွားသည့်အချိန်၌ နောက်ကျသွားလွန်းချေပြီ။ကောင်းကင်ဘုံအုပ်ချုပ်သူက ခွန်းလွန်တောင်ပေါ်၌ အတန်ကြာကတည်းက တည်ဆောက်ပုံအား တိတ်တဆိတ်ချထားပြီးဖြစ်နေကာ တည်ဆောက်ပုံမျက်လုံးသာ လွဲချော်သွားတာမျိုးမဖြစ်ပါက ယင်းကအသက်သွင်းခံရနိုင်၏။  

“မင်းဘာလို့သူ့ကို မတားခဲ့ရတာလဲ"

ဤသည်က ဝူအောင်းနားမလည်နိုင်သည့် တစ်စုံတစ်ရာဖြစ်လေ၏။သူက အဆုံးစွန်ထိ ရမ်းကားနေမိကာ သူရင်ကွဲမတတ် ထိန်းမရနိုင်ကာမုန်းတီးစက်ဆုပ်နေမိသည်။

သူက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော်ငြား စကားလုံးတိုင်းအား ညစ်ထုတ်လာရင်း:"သူသာ တည်ဆောက်ပုံတပ်ချင်ရင် နောက်ထပ်နှစ်ရာနည်းနည်းလောက်စောင့်နေသင့်တယ်လေ..ငါက ပိုမြင့်တဲ့ကျင့်ကြံခြင်းအဆင့်တွေရောက်သွားတဲ့အခါ သူနဲ့အစားထိုးလိုက်ရင် ပိုကောင်းမသွားဘူးလား" 

ကုရွှမ်းတုက သူ့အားနက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး အေးအေးဆေးဆေးပြောလာ၏။

"ငါကြိုးစားခဲ့တယ်"

ယင်းက စကားလုံးလေး ငါးခုသာ ဖြစ်သော်လည်း နောက်ကွယ်၌ သွေးနှင့်မျက်ရည်ဘယ်လောက်များများ ဖုံးကွယ်ထားမှန်း မသိကြချေ။သူနှင့်ကောင်းကင်ဘုံအုပ်ချုပ်သူတို့က တောင်ပိုင်းတစ်လျှောက်လုံးသွားခဲ့ကြကာ မရေမတွက်နိုင်သော အသက်ဝိဥာဥ်များ၏ ပျက်စီးဝမ်းနည်းဖွယ်အခြေအနေများအား မြင်တွေ့ရပြီး ကောင်းကင်ဘုံအုပ်ချုပ်သူအား ဆုံဖြတ်ချက်မှန်ကြောင်းပြနေသည်က တာ့ကျင့်မြို့ရှိတိုက်ပွဲကြီး၌ဖြစ်လေ၏။နတ်ဆိုးများက လေကိုဖြတ်၍ရောက်လာကြကာ ကောင်းကင်ဘုံအုပ်ချုပ်သူက မရေမတွက်နိုင်အောင်သတ်ဖြတ်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း မြို့ထဲရှိလူများက အသတ်ခံနေရဆဲဖြစ်ပြီး သူ၏မိတ်ဆွေများစွာလည်းထိခိုက်ဒဏ်ရာရကုန်ကြသည်။

သူတို့က သာမန်လူများဖြစ်နေ၍ နတ်ဆိုးများကိုသတ်လိုက်ရင်တောင်မှ ပြန်လည်အသက်သွင်းလို့ရနိုင်မည်မဟုတ်တော့ပေ။တိုက်ပွဲကြီးပြီးနောက် နှစ်ထောင်ပေါင်းများစွာတည်ထောင်ထားသည့် ရှေးဟောင်းမြို့တော်ကြီးတစ်ခုက မီးလောင်တစပြင်ကဲ့သို့နှယ်ကျန်ရှိလေတော့သည်။  

တိုက်ပွဲကြီးပြီးနောက် ကောင်းကင်ဘုံအုပ်ချုပ်သူက ကလေးတစ်ယောက်ငိုသံအားကြားလိုက်ရလေ၏။သူနှင့်ကုရွှမ်းတုက အသံလာရာနောက်လိုက်လာကြရာ ကလေးမလေးတစ်ယောက်က သူမမိဘများ၏အလောင်းပုံပေါ်လှဲနေလျက် ကူကယ်ရာမဲ့မြည်တမ်းငိုကျွေးနေသည်အား မြင်လိုက်ရချေသည်။ကောင်းကင်ဘုံအုပ်ချုပ်သူက ရှေ့သို့သွားကာ ကလေးအားချီလိုက်ရန်ပြင်သော်ငြား သေလုဆဲဆဲဖြစ်နေသော နတ်ဆိုးတစ်ကောင်က ရုတ်တရက်ပေါ်လာပြီး မိန်းကလေးအား ပါးစပ်အပြည့်မြိုချလိုက်လေ၏။ကောင်းကင်ဘုံအုပ်ချုပ်သူက ဓါးဆွဲယမ်းကာ မိစ္ဆာ၏ဝမ်းဗိုက်ကိုဖွင့်ခွဲလိုက်သော်လည်း ထိုမိစ္ဆာ၏အစာအိမ်ထဲ၌ ကြောက်မက်ဖွယ်တိရစ္ဆာန်အဆိပ်ရည်များနှင့်ပြည့်နေကာ မိန်းကလေးငယ်လေးက အသက်မရှိတော့ချေ။ 

ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့ရှေ့မှကလေးငယ်၏အလောင်းအား မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ တစ်ခဏမျှစိုက်ကြည့်နေခဲ့၏။

ကုရွှမ်းတုက အနည်းငယ်စိတ်ပူလာရကာ သူ့လက်ကလေးအား ဆုပ်ကိုင်ရန်လှမ်းလိုက်လေသည်။အချိန်အတော်ကြာပြီးသည့်နောက် ကောင်းကင်ဘုံအုပ်ချုပ်သူက ခေါင်းလှည့်လိုက်ပြီး နွေးထွေးသောလေသံနှင့် ဆိုလာသည်။

"ရွှမ်းတု..ငါတို့ထပ်ပြီးစောင့်လို့မရတော့ဘူး" 

ကုရွှမ်းတု "ဆရာ..." 

“ငါတို့ထပ်ပြီးစောင့်လို့မရတော့ဘူး"

ကောင်းကင်ဘုံအုပ်ချုပ်သူက ဆိုပြန်သည်။

"ငါက ဒီနေ့မှာပဲခွန်းလွန်ဆီ အမြန်သွားလိုက်မယ်..မဟာတည်ဆောက်ပုံကိစ္စက နှောင့်နှေးလို့မရဘူး" 

ကုရွှမ်းတု "အဲ့လိုဆိုရင်တောင်မှ..ဆရာမလုပ်သင့်..."

သူက ထပ်ပြီးဖျောင်းဖျချင်နေသေး၏။ 

ကောင်းကင်ဘုံအုပ်ချုပ်သုက မျက်ခုံးများတွန့်ကြုတ်လိုက်ပြီး သူ့ခေါင်းအားပုတ်ပေးလာ၏။သူက ကောင်းကင်ဘုံအုပ်ချုပ်သူထက် ပိုရှည်လာသော်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့အား အရွယ်မရောက်သေးသည့်ကလေးတစ်ယောက်နှယ် ဆက်ဆံနေဆဲပင်။

"ရွှမ်းတု..ငါဒီလိုထပ်ဖြစ်လာမှာကို မမြင်ချင်တော့ဘူး" 

ကုရွှမ်းတုမှာ ပြောစရာစကားတို့မဲ့သွားရလေ၏။ 

“ငါ မင်းနဲ့ဝူအောင်းတို့လိုမျိုးကလေးတွေကို ထပ်မမြင်ချင်တော့ဘူး"

ကောင်းကင်ဘုံအုပ်ချုပ်သူက သက်ပြင်းရှည်ကြီးချလိုက်ပြီး:"ထပ်ပြီးမစောင့်ချင်တော့ဘူး" 

ကုရွှမ်းတု၏ရင်ဘတ်က တစ်စုံတစ်ခုအပေါ်ဆို့နစ်လာရသကဲ့သို့ စိတ်ခံစားချက်ပြင်းထန်လာရကာ:"နည်းနည်းလောက်ထပ်စောင့်လိုက်ရအောင်လေ..ကျွန်တော်သာ ဆရာ့လောက်တော်လာရင် ကျွန်တော့်ကိုသွားခိုင်းပါ ဟုတ်ပြီလား.."

ကောင်းကင်ဘုံအုပ်ချုပ်သူ တစ်ကြိမ်ပြောဖူးသည်က သူ(GXD)မှာ ဥာဏ်ကြီးရှင်ပါရမီရှင်တစ်ယောက်ဟူ၍ပင်။နှစ်ဆယ်ကျော်ကျော်အရွယ်ကတည်းက သူ၏ကျင့်ကြံခြင်းအဆင့်မှာ အဆင့်ရှစ်သို့ရောက်သွားလေ၏။သူ့အား နောက်ထပ်နှစ်ငါးဆယ် သို့မဟုတ် နှစ်သုံးဆယ်သာပေးလိုက်ပါက သေချာပေါက်ကျင့်ကြံခြင်းအဆင့်ရှစ်အားကျော်သွားမည်ဖြစ်ပြီး မဟာတည်ဆောက်ပုံမျက်လုံးအဖြစ် ကောင်းကင်ဘုံအုပ်ချုပ်သူနေရာတွင် အစားထိုးလို့ရမည်ဖြစ်သည်။  

သို့ရာတွင်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူက အပြုံးတုလေးဖြင့်ငြင်းဆန်လေသည်။

"မရဘူး"  

ကုရွှမ်းတုက ဖွင့်ဟမိ၏။ "ဘာလို့လဲ" 

ကောင်းကင်ဘုံအုပ်ချုပ်သူက သက်ပြင်းချလိုက်ပြီး:"တုံးလိုက်တဲ့ရွှမ်းတု မင်းတောင်အဲ့တာကိုသည်းမခံနိုင်ရင် ငါကရောသည်းခံနိုင်မယ်လို့ထင်နေတာလား" 

ကုရွှမ်းတုက နေရာမှာတင် တောင့်တောင့်ကြီးရပ်နေမိ၏။  

“ငါတစ်ကြိမ်လောက်တော့ တစ်ကိုယ်ကောင်းဆန်ပါရစေနော်"

သူက ကလေးငယ်အား ချော့ပြောနေသည့်အသံကလေးနှင့် ပြောလာကာ:"တစ်ကြိမ်ပဲလေ" 

ကုရွှမ်းတုက ဘာမျှထပ်မပြောနိုင်တော့ချေ။သူက ထိုလူသား၏စိတ်ဓါတ်အား ကောင်းကောင်းသိလေ၏။စစချင်းတွင် သူ့ပုံစံက တည်ငြိမ်ကာပေါ့ပေါ့ပါးပါးဟန်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြောရခက်ပေ၏။တခြားသူမည်သို့ပြောနေပါစေ သူ့စိတ်အား ပြောင်း၍မရနိုင်တော့ပေ။ 

သူတို့ဆုံခဲ့ရသည့်အချိန်မှစ၍ ဤခွဲခွာရခြင်းဖြစ်စဥ်က ကံစီမံရာအတိုင်းပင်။ကုရွှမ်းတုလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ယင်းအားလက်ခံလိုက်ခြင်းသာ။ သူ့အားလေးစားလွန်းတာကြောင့် သူ့နှလုံးသားနာကျင်နေရင်တောင်မှ သူ့စိတ်အာရုံစုစည်းပြီး အားတင်းပြုံးထားရုံသာတတ်နိုင်၏။ 

သူတို့က ဝူအောင်း၏စိတ်အားသိနေ၍ ကုရွှမ်းတုနှင့်ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့အားဤအကြောင်းကြိုမပြောထားရဲချေ။ဝူအောင်းသိသွားသည့်အချိန်၌ အရာအားလုံးမှာ မြေကြီးလက်ခတ်မလွဲသည့် နိဂုံးတစ်ခုဖြစ်လာ၏။ 

“မင်းဘာလို့ငါ့ကို မပြောပြခဲ့ရတာလဲ ..ကုရွှမ်းတု မင်းမုန်းစရာကောင်းတဲ့ လူလိမ်ကောင်.."

ကောင်းကင်ဘုံအုပ်ချုပ်သူအား စိတ်ဆိုး၍မရနိုင်၍ ဝူအောင်းမှာ ဒေါသအားလုံးအား ကုရွှမ်းတုအပေါ်ပုံချမိတော့သည်။သူက သားရဲကောင်ကြီးတစ်ကောင်နှယ် ဖြစ်နေကာ မျက်လုံးများမှာလည်း မုန်းတီးမှုအပြည့်နှင့်နီရဲနေ၏။

"မင်းအဲ့ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာမို့လား..မင်းတမင်လုပ်တာမို့လား"  

ကုရွှမ်းတုက ဝူအောင်းအား တိတ်တဆိတ်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြန်ဖြေလာ၏။

"ဟုတ်တယ်..ငါတမင်လုပ်လိုက်တာ" 

“သူ့ဝိဥာဥ်ဘယ်မှာလဲ"

ဝူအောင်းက အော်လိုက်ရင်း:"ငါတို့သာ သူ့ဝိဥာဥ်ကိုရှာနိုင်ရင် သူ့ကိုပြန်အသက်သွင်းလို့ရတယ်..ဟုတ်တယ် ပြန်အသက်သွင်းလို့ရတယ် စုန်းမျိုးနွယ်စုမှာ အဲ့လိုနည်းလမ်းရှိရမယ်.."

သူက တစ်စီစီရေရွတ်နေကာ မျက်နှာအမူအရာမှာလည်း ရူးသွပ်သွားသည့်နှယ်။ 

ကုရွှမ်းတုက သူ့အားမျက်မှောင်ကြုတ်လိုက်ပြီး:"မင်းဘယ်လိုလုပ်ပြီး သူ့ကိုပြန်အသက်သွင်းမလို့လဲ" 

ဝူအောင်းက ဆိုလာ၏။

"ငါတို့သူ့ရဲ့ ရုပ်ခန္ဓာကိုရှာလိုက်နိုင်သရွေ့အဲ့တာမှာ ဝိဥာဥ်ပြန်ထည့်လို့ရတယ်..ဆရာကပြန်လာနိုင်လိမ့်မယ်" 

ကုရွှမ်းတုက မေး၏။

"မဟာတည်ဆောက်ပုံကရော" 

ဝူအောင်းက ထူးမခြားသလိုဖြေလိုက်သည်။

"မဟာတည်ဆောက်ပုံက ငါနဲ့ဘာလုပ်ရမှာလဲ"

_____


Translated By IQ-Team.