အပိုင်း ၁၇၄
Viewers 38k

Chapter 174
 ခေါင်းတလားထဲ၀ယ်

───────

“မင်းသေချာပေါက် နောင်တရလိမ့်မယ်..."

ကုရွှမ်းတုက မျက်လုံးပိတ်ထားလိုက်ကာ "သူက ဘယ်လိုလူမျိုးလဲ မင်းနားမလည်သေးဘူးလား..ငါတောင် သူ့ကိုထိန်းမထားနိုင်ခဲ့ရင် မင်းလည်း လုပ်နိုင်မှာမှာမဟုတ်ဘူး" 

ဝူအောင်းက စိတ်လှုပ်ရှားလာကာ:"ပိတ်စမ်း..ပိတ်ထားစမ်း ပိတ်ထားလိုက်စမ်း"

သူက ကုရွှမ်းတု၏စကားလုံးများက ဝူအောင်းအပေါ် ဒေါသထွက်သွားစေရသော်လည်း သူက"ပိတ်ထားစမ်း"ဟုသာ သုံးကြိမ်ဆက်တိုက် အသံကျယ်ကျယ်အော်လိုက်လေ၏။

ထို့ပြင် သူက လင်းရုဖေးအားထပ်ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ရှူးရှူးရှဲရှဲဖြစ်နေပုံဖြင့် "လင်းကုန်းဇီ...သွား.သွား..သွား..လက်ကိုအဲ့ဒီပေါ်ထားလိုက်...မင်း ငါ့ကိုကတိပေးထားတယ်လေ" 

လင်းရုဖေးတွင်လည်း အခြားရွေးချယ်စရာမရှိ၍ ဝူအောင်းစကားများအား လိုက်နာရုံသာတတ်နိုင်သည်။သူက ရှေ့သို့ခြေလှမ်းလှမ်းလိုက်ပြီး သူ့လက်အား တည်ဆောက်ပုံပေါ်သို့ တွန့်ဆုတ်ဆုတ်ဖြင့် ဖိထားလိုက်ရသည်။ 

သူ့လက်အား ယင်းအပေါ်ဖိလိုက်သည်နှင့် သူ့အားပြင်းပြင်းထန်ထန်ရိုက်ခတ်လာလိမ့်မည်လို့ မည်သူကထင်မည်နည်း။တည်ဆောက်ပုံက အောက်ခြေမဲ့ တွင်းနက်ကြီးနှယ် သူ့ကိုယ်ထဲရှိ ဓါးဆန္ဒအား လောဘတကြီးစုပ်ယူနေ၏။ 

“အား...."

ကံကောင်းစွာနှင့် ဤဖြစ်စဥ်က အရမ်းတိုတောင်းလွန်းနေခဲ့သည်။လင်းရုဖေးက အပြည့်အဝမတုံ့ပြန်နိုင်သေးမီတွင် သူက အားနည်းလာပြီး သူ့ကိုယ်မှာလည်း မြေပေါ်သို့ ပစ်လဲကျလုနီးနီးပင်။ကုရွှမ်းတုက ဤသည်အား မြင်သော် သူက လင်းရုဖေးအား ဖမ်းပေးချင်လာ၏။သို့သော်လည်း သူက အားပျက်မတတ်ဖြစ်နေသည့် လင်းရုဖေး၏ကိုယ်အား ဖမ်းပေးလိုက်သူ ဝူအောင်းထံမှအတားခံလိုက်ရကာ ထိုသူက အေးစက်စက်ပြောလာ၏။

"သူနဲ့ဝေးဝေးမှာနေ" 

ကုရွှမ်းတုက ဒေါသတကြီး ရယ်မောလိုက်ကာ:"မင်းကအဲ့လိုပြောဖို့ ဘောင်ဝင်ရဲ့လား" 

ဝူအောင်းက ပြန်ဖြေလာ၏။

"ဘာလို့ငါက ဘောင်မဝင်ရမှာလဲ လူတိုင်းက မင်းလိုဆရာကိုလှည့်ဖျားတတ်တဲ့ ညစ်ပတ်တဲ့အတွေးရှိပြီးတော့ မျိုးရိုးစဥ်ဆက်ဖျက်ဆီးတတ်တဲ့ လူကိုကြိုက်မယ်လို့ မင်းထင်လား" 

ကုရွှမ်းတုက လက်ပိုက်ထားလိုက်ကာဟ"ဘယ်လောက်ညစ်ပတ်နေပါစေ ကိစ္စမရှိဘူး သူက အဲ့ဒါကိုကြိုက်နေတုန်းပဲ" 

ဝူအောင်းက စူးစူးဝါးဝါးအော်လိုက်ကာ:"အဲ့ဒါ မင်းသူ့ကိုတွန်းအားပေးလိုက်လို့လေ" 

ကုရွှမ်းတုက မေးလာ၏။

"ငါသူ့ကို တွန်းအားပေးခဲ့မှန်း မင်းဘယ်လိုသိလဲ" 

ဝူအောင်းက ဆိုသည်။

"မဟုတ်ရင် သူကဘယ်လိုလုပ် သဘောတူမှာလဲ" 

ကုရွှမ်းတုက လက်၀ါးနှစ်ဖက်ကိုဖြန့်ကာပုခုံးတွန့်လိုက်ပြီး"ချစ်သူနှစ်ယောက် ချစ်ကျွမ်းဝင်ခြင်း ဆိုတဲ့ စကားစုက နားလည်ဖို့ မခက်ခဲဘူးမလား" 

ဝူအောင်းက ပြန်၍လှောင်ရယ်လိုက်ချင်ပါသော်လည်း သူ့နောက်ရှိဖုန်ထူနေသည့် ရာစုနှစ်ကြာနေသည့် ကျောက်တံခါးက အသံကျယ်ကြီးနှင့် ဖြေးဖြေးချင်းဖွင့်လာ၏။လရောင်တောက်တောက်အောက်တွင် မရေမတွက်နိုင်သည့် ဖုန်မှုန့်များက ကခုန်နေပြီး အထဲတွင်လှည့်ပတ်နေသည့် လေသည်လည်း ပျက်စီးနေသည့်အရိပ်အရောင်တို့ထုတ်လွှတ်နေ၏။ဝူအောင်းက လင်းရုဖေးအား တွဲကူ၍ အထဲသို့ဦးတည်သွားပြီး ကုရွှမ်းတုက အနောက်ကနေသာလိုက်ပါနိုင်၏။

"ဝူအောင်း..မင်းတကယ်ကိုရူးနေပြီပဲ" 

ဝူအောင်းသည်လည်း သူ့ကိုမနှောင့်ယှက်တော့ချေ။ 

ကျောက်တံခါးထဲ ဝင်သွားပြီးနောက် နှစ်ဖက်စလုံး၌ အကွေ့အကောက်များသည့် ကျောက်ခင်းလမ်းများရှိရာ လမ်းကျယ်ကြီးရှိလေ၏။ကုရွှမ်းတုနှင့် ဝူအောင်းက ဝင်သွားပြီးနောက် သူတို့က တစ်ခုခုအား နှောင့်ယှက်မိမည်စိုးသည့်နှယ် စကားမပြောကြတော့ချေ။ဝူအောင်းမှအတွဲခံထားရသည့် လင်းရုဖေးမှာ သူ့အပေါ်သို့ အချိန်တိုင်း တကြည့်ကြည့်နေသည့် ကုရွှမ်းတု၏အကြည့်အား ခံစားနေရပြီး ထိုအကြည့်က သောကနှင့်ဒေါသတို့ပါဝင်နေ၏။ယင်းက အကယ်၍များ သူသည် ဝူအောင်းအားရိုက်နိုင်ရန် အခွင့်အရေးတစ်ခုရှိပါက အခုချက်ချင်းပင် ထလုပ်လိုက်မည့်ဟန်။ 

လမ်းကြောင်းလေးမှာ ရှည်လျားကာ သူတို့သုံးဦးသား ဖြေးဖြေးချင်းလျှောက်နေရသည်မှာ အဆုံးမဲ့လျှောက်နေရသကဲ့သို့နှယ်။လင်းရုဖေးက လမ်းတစ်ဝက်တွင် မျက်လုံးပိတ်ထားလိုက်မိသည်။သူက မရေမရာဖြစ်နေကာ သူတို့သွားနေသည့်နေရာအား တိတိကျကျနားမလည်ချေ။  

သူက ကျော်သွားတော့မည်ဟု စဥ်းစားလိုက်သည်နှင့် ဝူအောင်း၏ခြေလှမ်းများက ရပ်သွားချေ၏။ 

ကုရွှမ်းတုသည်လည်း သူ့ဘေးတွင်ရပ်လိုက်ကာ တစ်ချိန်တည်းမှာပင် နှစ်ဦးသားမျက်လုံးများက လမ်းကြောင်းအဆုံးရှိ ကျောက်လုံးအိမ်တစ်ခုသို့ ကျရောက်သွားလေ၏။ကျောက်လုံးအိမ်မှာ အလွန်ကြီးမားပြီး နံရံလေးခုစလုံးအပေါ် တွင်ရေးထိုးထားသည့် တည်ဆောက်ပုံများရှိလေသည်။တုန်လှုပ်စရာအကောင်းဆုံးအရာက အလယ်တည့်တည့်ရှိ ကျောက်ခေါင်းတလားကြီးကြီးတစ်လုံးပင်။ 

“သူက ဒီထဲမှာလား"ဝူအောင်းက အသံဖျော့ဖျော့ဖြင့် မေးလာ၏။

ကုရွှမ်းတုအား မေးလိုက်သည်ထက် သူ့ကိုယ်သူပြောလိုက်သည်က ပိုမှန်မည်။ 

ကုရွှမ်းတုသည်လည်း ဖြေမလာတော့ချေ။နှစ်ဦးသား ကျောက်ခေါင်းတလားကြီးအား စိုက်ကြည့်နေရင်း တောင့်ခဲသွားကြရသည်။ 

ကုရွှမ်းတုက အတော်ကြာမှ သက်ပြင်းအသာချလိုက်မိပြီး"မင်းအဲ့ဒါကို တကယ်လုပ်ချင်တာလား...သူ့ရဲ့နောက်ဆုံးဆန္ဒကိုဆန့်ကျင်သွားရင်တောင် သူ့ကိုနာကျင်စေရင်တောင် မင်းဒါကိုဆက်လုပ်ချင်နေတုန်းလား" 

“သူက ဘာကြောင့် နာနာကျင်ကျင်ခံစားနေရမှာလဲ"

ဝူအောင်းက ကုရွှမ်းတုအား အထူးတဆန်းကြည့်လိုက်ကာ:"ငါသူ့ကို ကယ်နေတာလေ..သူပျော်သွားသင့်တယ်မဟုတ်လား" 

ကုရွှမ်းတုက လှောင်ရယ်လိုက်ပြီး:"ဒါက သူ ဘာလို့ငါ့ကိုကြိုက်ပြီး မင်းကိုမကြိုက်ရတဲ့အကြောင်းပြချက်ဖြစ်နိုင်တယ်" 

“အဓိပ္ပာယ်မရှိတာတွေ"

ဝူအောင်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"သူက မင်းကိုကြိုက်တယ်လား..မင်းသာ သူ့ကို အရင်ဆုံးအခွင့်ကောင်းမယူခဲ့ရင် သူက ဘယ်လိုများ မင်းကိုကြိုက်မှာလဲ" 

ကုရွှမ်းတုက မေးလာ၏။

"ငါက တစ်ယောက်ယောက်ကို အခွင့်ကောင်းယူခဲ့တယ်လား"

သူက လင်းရုဖေးအား တစ်ချက်ကြည့်လိုက်ပြီးနောက် အားတင်းပြုံးလိုက်ကာ :"ငါ့အတွက် ဒါကိုပြောလိုက်ဖို့အတော်လေး မသင့်တော်ပေမယ့် သူမဟာတည်ဆောက်ပုံကို အခြေအကျခင် ငါတို့ဆက်ဆံရေးကို ကြေငြာပြီးပြီဆိုတာ မင်းကိုပြောသင့်တယ်လို့ငါထင်တယ်"  

ဝူအောင်းက စူးစူးဝါးဝါးအော်ဟစ်ပြန်သည်။

"မဖြစ်နိုင်တာ" 

ကုရွှမ်းတုက သက်ပြင်းချလိုက်ပြီး "မင်းယုံသည်ဖြစ်စေ..မယုံသည်ဖြစ်စေ..မင်းသဘောပဲ" 

ဝူအောင်းက ဆိုလာ၏။

"မင်းသာ သူနဲ့ဆက်ဆံရေးကို အတည်ပြုခဲ့ရင် ဘာကြောင့်များ မင်းသူ့ကို အစတည်းက မတားခဲ့ရတာလဲ"  

“ငါသူ့ကို ရပ်ဖို့မကြိုးစားခဲ့ဘူးလို့ မင်းထင်နေတာလား"

ကုရွှမ်းတုအသံက လှောင်ပြုံးလေးဖြင့် နူးညံ့နေသော်ငြား သူ့အသံထဲတွင်ဖိနှိပ်၍ပင်မထားနိုင်သည့် နာကျင်မှုအား လူတိုင်းကြားနိုင်သေးပေ၏။

"ငါသူ့ကိုတားဖို့ ငါ့ဘဝကို သုံးခဲ့လုနီးနီးပဲ..ဒါပေမယ့် သူကနားမထောင်မှတော့ ငါဘာလုပ်နိုင်မှာတဲ့လဲ" 

လင်းရုဖေးက ဝူအောင်းနှင့်ကုရွှမ်းတုတို့၏စကားဝိုင်းအား နားထောင်နေရင်း တိတ်ဆိတ်သွားရလေ၏။သူက ဤမတိုင်မီ အဖျားပျော့ပျော့ခံစားနေရကာ ယခုတွင်မူ သူ့ကိုယ်ထဲရှိ ဓါးဆန္ဒကြောင့် အားနည်းနေပြီး အသက်ရှူကြပ်မတတ်ခံစားနေရသည်။သို့သော်လည်း ကုရွှမ်းတုစကားများက သူ့ရင်ဘတ်အား ပေါ်လိုက်ပျောက်လိုက်ဖြစ်အောင် ဒဏ်ရာဖွဖွဖြစ်စေကာ ဝူအောင်းပြောလိုက်သည့် အရာကိုစဥ်းစားနေ၏။ဝူအောင်းက ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် အတော်လေးရင်းနှီးသည်ဟုပြောလေ၏။

ကုရွှမ်းတုက သူ့အားရှာခဲ့ရသည့် အကြောင်းပြချက်သည်လည်း ဤအရာကြောင့်များဖြစ်နိုင်မလား။ 

သူတို့က တစ်နှစ်ခန့် တစ်ယောက်နှင့်တစ်ယောက် သိပင်မသိကြသော်လည်း ဤခံစားချက်မျိုးက နှစ်ပေါင်းတစ်ရာအတွင်းကြုံရသည့် အရှုပ်အထွေးမှတ်ဥာဏ်များရှေ့၌ အလွန်ပါးလွှာလွန်းပေ၏။လင်းရုဖေးက ကုရွှမ်းတုအား မေးခွန်းနည်းနည်းလောက်မေးချင်ပါသော်လည်း စကားလုံးများက သက်ပြင်းတစ်ချက်ဖြင့် အဆုံးသတ်လိုက်ရချေ၏။  

ကုရွှမ်းတုက ဆိုလာ၏။

"ငါမင်းကို မတားနိုင်မှန်း ငါသိတယ်..ဘာပဲဖြစ်ဖြစ် မင်းကဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါသူ့အတွက် စကားနည်းနည်းလေးလောက် ပြောချင်လို့"

သေချာပေါက် သူက လင်းရုဖေးအား ရည်ညွှန်းနေခြင်းပင်။ 

ဝူအောင်းက ကုရွှမ်းတုအား သံသရဖြစ်စွာကြည့်လိုက်ပြီး:"မင်း ဘာလုပ်ဦးမလို့လဲ"  

ကုရွှမ်းတုက ဆိုသည်။

"ငါက မင်းကိုမရိုက်နိုင်မှတော့ ငါဘာများလုပ်နိုင်မှာတဲ့လဲ...ငါသူ့ကိုစိတ်ငြိမ်စေဖို့ စကားနည်းနည်းပြောချင်ရုံလေးပါ" 

ဝူအောင်းက တစ်ခဏမျှတုန့်ဆိုင်းနေသော်လည်း သဘောတူလိုက်လေသည်။သူက ကုရွှမ်းတုအား ပြဿနာမရှာရန်ပြောလိုက်ပြီး မဟုတ်ပါက သူလည်း သူ့အားနူးညံ့မနေတော့ပေ။

ကုရွှမ်းတုက သူ့စကားများအား ရယ်မောလိုက်ပြီး :" သူနိုးလာတဲ့အခါ မင်းကိုအပြစ်တင်မှာစိုးလို့မဟုတ်လား..ဒါမင်းဘာလို့အခုအထိနူးညံ့နေရတာလဲဆိုတာပဲ"

ဝူအောင်းက အေးစက်စက်ဖြင့်"ဟမ့်"ခနဲမြည်လိုက်ပြီး လင်းရုဖေးအား ကုရွှမ်းတုလက်ထဲပြန်ပေးလိုက်လေ၏။ 

နောက်ဆုံးတွင် လင်းရုဖေးက ကုရွှမ်းတု၏လက်မောင်းထဲသို့ အဆွဲခေါ်ခံလိုက်ရသည်။

ကုရွှမ်းတုက လက်ဆန့်လာ၍ လင်းရုဖေးဆံပင်လေးအား ပုတ်လိုက်ကာ ပြုံးလိုက်ပြီး:"ရှောင်ကျို့..မတွေ့တာကြာပြီနော်"

သူ့လက်ကလေးက နောက်ဆုံးတွင်အနွေးဓါတ်ကလေးရလာပြီဖြစ်ပြီး အစပိုင်းတုန်းကကဲ့သို့ အေးစက်မနေတော့ချေ။လင်းရုဖေးတွင် အားအနည်းငယ်ရလာပြီး သူ့အားမှေးကြည့်လိုက်ရုံသာ တတ်နိုင်၏။ 

“ရှောင်ကျို့အတွက် ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ်"

ကုရွှမ်းတုက ချော့မြူလိုက်ပြီး"ဒါတွေအားလုံးနဲ့ မင်းကိုပတ်သက်စေခဲ့မိတဲ့ ကိုယ်အမှားတွေပါပဲ"

သူက လင်းရုဖေး၏လက်ချောင်းထိပ်လေးအား ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းပါးလေးများက တင်းတင်းစိထားကာ:"ရှောင်ကျို့..အဲ့ဒါတွေပြီးလို့ ဘာပဲဖြစ်လာပါစေ..မင်းကိုယ့်ကို အပြစ်မတင်ရဘူးနော်" 

လင်းရုဖေး၏နှလုံးသားက အေးစက်သွားရကာ တိုးတိုးလေးမေးလိုက်မိသည်။

"ခင်ဗျား...ဘာလုပ်တော့ မလို့လဲ" 

ကုရွှမ်းတုက ဆိုသည်။

"ကိုယ်အဲ့ဒါကို ထပ်မစမ်းကြည့်ချင်တော့ဘူး" 

လင်းရုဖေးက စိတ်ရှုပ်သွားရကာ:"ဘာကို ထပ်စမ်းကြည့်ရမှာလဲ" 

ကုရွှမ်းတုက ခေါင်းခါပြလိုက်ပြီး စကားပြောနေတာရပ်လိုက်လေ၏။

___

လင်းရုဖေးက သူ့အား စိတ်ပျက်စွာကြည့်လိုက်၏။သူက ကုရွှမ်းတုနှင့်ဝူအောင်းက ဘာလုပ်တော့မည်အား မသိသော်ငြား ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် ဆက်စပ်နေမည်ဟု ယုံကြည်လေသည်။အရာရာက ဤအထိရောက်လာနေမှဖြင့် လင်းရုဖေးမည်မျှတုံးအပါစေ သူကအတော်လေးထူးကဲသည်အား နားလည်သင့်ပေ၏...သို့သော်လည်း သူ၏တည်ရှိမှုက ထိုနှစ်ယောက်အတွက် ကိရိယာတစ်ခုသာသာပဲလား...။လင်းရုဖေး၏အထုံးအဖွဲ့က ပိုမိုတင်းကျပ်လာသော်ငြား အရှက်ရစရာစကားတစ်ခွန်းမျှမပြောခဲ့ချေ။သူက အားလျော့စွာနှင့် သူ့မျက်လုံးများအား တစ်ဖန်ပြန် ပိတ်ထားလိုက်လေ၏။ 

ဝူအောင်းက လက်ဆန့်ပြီး လင်းရုဖေးအား ပြန်ပေးရန် ကုရွှမ်းတုအား အချက်ပြလိုက်လေ၏။ကုရွှမ်းတုက လင်းရုဖေးအား ဝူအောင်းလက်ထဲမထည့်လိုက်မီ တစ်ခုခုပြောလိုက်လေသည်။ 

“စလိုက်ကြရအောင်"

ဝူအောင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး လင်းရုဖေးအား အပြုံးလေးနှင်ကြည့်လိုက်ကာ"လင်းကုန်းဇီ..မကြောက်ပါနဲ့..မကြာခင်ပြီးသွားမှာပါ" 

လင်းရုဖေးက ဘာမျှပြောဆိုမနေတော့ချေ။ 

ဝူအောင်းက လင်းရုဖေးအား ကျောက်တုံးခေါင်းတလားဆီသို့ သယ်သွားလေ၏။သူက ခေါင်းတလားဆီသို့ရောက်သည်နှင့် လင်းရုဖေးအား မြေပေါ်သို့ညင်ညင်သာသာချလိုက်ကာ ခေါင်းတလားအဖုံးအား ဖွင့်လိုက်လေသည်။ 

ခေါင်းတလားအဖုံးက မြေတုန်သွားသည့်အသံနှင့် မြေပေါ်သို့ လေးလေးလံလံကျသွားပြီး ဝူအောင်းက လင်းရုဖေးအား ဂရုတစိုက်ပြန်ထူပေးလိုက်ပြီး"မတွေ့တာကြာပြီနော်"

သူက ခေါင်းတလားထဲရှိလူအား နှုတ်ဆက်လိုက်လေ၏။ 

ခေါင်းတလားထဲတွင် လှဲနေသည် ရုပ်ရည်ချောမောသည့် အနီရောင်ဝတ်စုံနှင့်လူအား ကြည့်လိုက်ရုံသာ။ထိုလူ့မျက်နှာက ချောမောကာ အနွေးဓာတ်ကလေးကဲ့သို့ပင်။သူက ခေါင်းတလားထဲ၌ ငြိမ်ငြိမ်သက်သက်လှဲလျောင်းနေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေ၏။ 

“ဆရာ..ကျွန်တော် အရမ်းလွမ်းနေခဲ့ရတာ"

ဝူအောင်းက သူ့အားကြည့်ရုံကြည့်နေသော်လည်း မျက်ရည်များ ပြိုစီးကျလာ၏။သူက ဒေါသထွက်လာပြီး ပိုပိုပြောချင်သော်ငြား သူ့ပါးစပ်အား ဖွင့်၍ပင်မရနိုင်ချေ။  

လင်းရုဖေးက ကုရွှမ်းတု၏မျက်နှာသွင်ပြင်အား တိတ်တဆိတ်လေ့လာလိုက်သည်။ကုရွှမ်းတုက ပြင်းထန်နေပုံဖြစ်နေသော်လည်း ဝူအောင်းလောက်ဝမ်းနည်းမနေချေ။သူက သိပ်မသိသာနေသည့် လင်းရုဖေး၏အကြည့်အား သတိထားနေပုံပေါ်ကာ နှုတ်ခမ်းထောင့်လေးများက စက်ဝန်းသဖွယ်ကွေးညွတ်သွားရင်း လင်းရုဖေးအား အပြစ်ကင်းသည့်အပြုံးလေးပြလာ၏။  

“ခင်ဗျားကျွန်တော့်ကို ဘာလုပ်ချင်မှန်း ကျွန်တော်မသိပေမယ့် အနည်းဆုံးတော့ ရှင်းရှင်းလင်းလင်းပြောပြသင့်တယ်လေ"

လင်းရုဖေးက ဝူအောင်းစကားအား အေးစက်စွာဖြတ်ပြောလိုက်ရသည်။

"ကျွန်တော်သေရမယ်ဆိုရင်တောင် နားလည်ပြီးမှပဲသေခွင့်ပေးသင့်တယ်" 

ဝူအောင်း:"လင်းကုန်းဇီ...မကြောက်ပါနဲ့..မင်းသေချာပေါက် သေမှာမဟုတ်ပါဘူး"

သူက စိတ်လျှော့လိုက်ကာ"မစိုးရိမ်ပါနဲ့"

လင်းရုဖေးက မေးသည်။

"ကျွန်တော်မသေရင် ခင်ဗျားဘာလုပ်ဦးမလို့လဲ" 

ကုရွှမ်းတုက ဖြေးဖြေးချင်း ပြောပြလာ၏။

"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့အသက်ကို ယောင်ကွမ်းမဟာတည်ဆောက်ပုံမျက်လုံးအနေနဲ့သုံးခဲ့တာ...ယောင်ကွမ်းမဟာတည်ဆောက်ပုံကို ထိန်းသိမ်းထားဖို့ဆို ကိုယ်ခန္ဓာက ပျက်စီးသွားပေမယ့်လည်း ဝိဥာဥ်က ရှိနေတုန်းပဲလေ..ကိုယ်က ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဝိဥာဥ်ကိုဆက်ထိန်းသိမ်းထားဖို့ ဓါးသေတ္တာထဲက ဓါးနှစ်ဆယ့်လေးချောင်းလုံးသုံးခဲ့ရတယ်...အခုဆိုရင် တာ့ဟန်၊ရွှမ်ချင်းနဲ့ ကုယွီက ဓါးနှစ်ဆယ့်လေးချောင်းလုံးမှာ ကျန်ခဲ့တဲ့ဓါးတွေပဲ..ကျန်တဲ့ဓါးတွေက အကုန်ပျောက်ဆုံးသွားခဲ့ပြီ" 

လင်းရုဖေးက ရုတ်တရက် တစ်ခုခုအား နားလည်သွားရကာ:"ဘယ်..ဘယ်လိုလုပ် ကျွန်တော်က ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ကြီးမြတ်တဲ့ဝိဥာဥ်နဲ့ ဆက်စပ်နေရတာလဲ" 

“သေချာပေါက် ဆက်စပ်နေတာပေါ့"

ဝူအောင်းက ပြုံးလိုက်ပြီး လင်းရုဖေး အချိန်ကြကြာကတည်းက ရှာတွေ့ထားသင့်သည့် အမှန်တရားအား ပြောလာ၏။

"လင်းကုန်းဇီ..မင်းက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ကြီးမြတ်တဲ့ဝိဥာဥ်ပြန်ဝင်စားလာတာပဲ" 

လင်းရုဖေးမွေးသည့် ထိုနေ့က ကြီးမြတ်သည့်နမိတ်အမြင်အာရုံတစ်ခု ပွင့်ခဲ့လေ၏။ညနေလေညင်း၌ ထောင်သောင်းချီသည့် ငှက်များက ဖီးနစ်ငှက်အသွင်ပြောင်းသွားကာ ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဝိဥာဥ်က အသက်ဝင်လာသည့် သင်္ကတသဖွယ်။  

ကမ္ဘာပေါ်က လူတိုင်းက နမိတ်အမြင်အာရုံအကြောင်းသိကြသော်လည်း သူတို့က ဘာကိုဆိုလိုမှန်းမသိကြပေ။စိတ်မကောင်းစရာက လင်းရုဖေ၏ရုပ်ခန္ဓာက ကောင်းကင်ဘုံအုပ်ချုပ်သူဝိဥာဥ်၏ ဆန်းကြယ်သည့် ဓါးဆန္ဒအား ခံနိုင်ရည်အားနည်းလေကာ ရလဒ်အနေဖြင့် ကာလကြာရှည်ဖျားနာပြီး ဓါးရေးမလေ့ကျင့်နိုင်အောင်ပင်။ကုရွှမ်းတုပေါ်လာပြီး နောက်ပိုင်းမှသာ လင်းရုဖေး၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက တိုးတက်လာခဲ့ခြင်းပင်။ 

လင်းရုဖေးက တွေဝေစွာနှင့် နားထောင်နေမိ၏။သူက ကောင်းကင်ဘုံအုပ်ချုပ်သူနှင့် ဆက်စပ်နေမည်ဟု အချိန်အကြာကြီး မှန်းဆထားခဲ့သော်လည်း မည်သို့များ သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏နောက်တစ်ဘဝဟု ထင်ထားပါမည်နည်း။ထပ်ပြောရသော် သူက အစမှအဆုံးထိ ကုရွှမ်းတုသာ ကောင်းကင်ဘုံအုပ်ချုပ်သူဟု ထင်ခဲ့သော်လည်း အခြားသော ကောင်းကင်ဘုံအုပ်ချုပ်သူမှာ သူကိုယ်တိုင်ဖြစ်နေမည်ဟု

မည်သို့မှမမျှော်လင့်ထားခဲ့ပေ။  

“ဒါကြောင့် လင်းကုန်းဇီ..မင်းကြောက်စရာမရှိဘူး ငါက ဓါးဆန္ဒကို ခံနိုင်ရည်ရှိတဲ့ ခန္ဓာတစ်ခုကို မင်းအတွက် ကူရှာပေးမလို့ပါ"

ဝူအောင်းက ဆိုသည်။

"မင်းသာ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ကိုယ်ထဲရောက်သွားလို့ရှိရင် အရင်က ဘာဖြစ်ခဲ့လဲဆိုတာ မင်းမှတ်မိသွားလိမ့်မယ်..အချိန်ကျလာရင်..." 

လင်းရုဖေးက သူ့အားဖြတ်ပြောလိုက်သည်။

"ယောင်ကွမ်းမဟာတည်ဆောက်ပုံက အဲဒီမှာ ရှိနေဦးမှာလား"  

ကုရွှမ်းတုက ဆိုသည်။

"တည်ဆောက်ပုံမျက်လုံးသာ ပျက်စီးသွားရင် အဲ့ဒါက ထပ်ပြီးရှိတော့မှာမဟုတ်ဘူး" 

ဝူအောင်းက မခံမရပ်နိုင်ဖြစ်စွာ ပြောလာ၏။

"တိတ်စမ်း. .သူက ယောင်ကွမ်းအတွက်အများကြီး လုပ်ပေးပြီးပြီ..သူက နောက်ဆုံးသူ့ခန္ဓာကို ပြန်တွေ့သွားတော့ရော ဘာဖြစ်လဲ..ငါက အဲ့ဒီမော့ချန်းရှန်နဲ့ စမ်းသပ်ကြည့်ပေမယ့် ကံမကောင်းစွာနဲ့ သူ့ဝိဥာဥ်က အသက်ရှင်နေတဲ့ကိုယ်ထဲမှာ ကြာကြာမနေဘူး..အခုဆို ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ခန္ဓာနဲ့ လင်းကုန်းဇီရဲ့ဝိဥာဥ်တို့ ပေါင်းထည့်လိုက်ရင် ...ငါသေချာပေါက် ကောင်းကင်ဘုံအုပ်ချုပ်သူကို ပြန်ရှင်အောင်ခေါ်နိုင်တယ်"  

ကုရွှမ်းတုက မေးသည်။

"မင်းဘာလို့အရမ်း သွေးဆူနေရတာလဲ..ငါမင်းကို ဆူတောင်မဆူရသေးဘူးလေ"

သူက ပြုံးလိုက်ပြီး:"မင်းအဲ့ဒါအကြောင်း သေချာစဥ်းစားဖူးလား..ကောင်းကင်ဘုံအုပ်ချုပ်သူသာ နိုးလာပြီး သူခက်ခက်ခဲခဲကြိုးစားထားခဲ့ရတဲ့ မဟာတည်ဆောက်ပုံက မင်းကြောင့်ပျက်စီးသွားတာကို တွေ့လိုက်ရင် သူက မင်းကိုပြုံးပြလာဦးမယ်လို့ ထင်နေတာလား" 

ဝူအောင်းက အထင်တသေးဆိုလာ၏။

"အဲ့တော့ဘာဖြစ်လဲ..ငါဂရုမစိုက်ဘူး"  

ကုရွှန်းတုက ဆိုပြန်သည်။"မင်းသာ တကယ်ဂရုမစိုက်ခဲ့ရင် မင်းအဲ့လိုမျိုးမလုပ်ခဲ့သင့်ဘူး" 

“ကုရွှမ်းတု...မင်းအဲ့အကြောင်း ဘယ်သူ့ကိုလာပြောနေတာလဲ"

ဝူအောင်းက ဒေါသထွက်လာရကာ;"မင်းသူ့ကို ပထမနေရာမှာ သိမ်းမထားနိုင်ပေမယ့် မင်းသူ့ကို မင်းအတွက်ထပ်သေစေချင်နေတာမလား..ထပ်ပြီးရင်း ထပ်ပြီး ဘယ်နှစ်ကြိမ်လောက်များ မင်းသူ့ကို မင်းအတွက်အနစ်နာခံစေချင်နေတာလဲ" 

ကုရွှမ်းတုက အေးစက်စက်ရယ်မောလိုက်ပြီး"မင်းဘာကိစ္စ ဒါကို လာပြီး ဂရုစိုက်နေတာလဲ" 

ဤစကားလုံးများက အတော်လေး ရှင်းမပြနိုင်ဖြစ်နေကာ လင်းရုဖေးသည် သူတို့အား နားမလည်နိုင်တော့ချေ။ 

ဝူအောင်းက လင်းရုဖေး၏ဘာမှမသိဖြစ်နေသည့် အမူအရာအားကြည့်ရင်း ကုရွှမ်းတုထံ ညွှန်ပြကာ သရော်ပြုံးပြုံးလိုက်ပြီး:''လင်းကုန်းဇီ..မင်းတကယ်တော့ ဘာမှမသိပါဘူး..ကောင်းကင်ဘုံအုပ်ချုပ်သူသေသွားတော့ သူ့ရဲ့ ရုပ်ခန္ဓာပျက်စီးသွားပေမယ့် စိတ်ဝိဥာဥ်ကတော့ ရှိနေသေးတယ် ..ဒါပေမယ့် ဘယ်သူသိမှာလဲ ဒီကုရွှမ်းတုက အရိုင်းအစိုင်းရည်ရွယ်ချက်နဲ့ ဒီကိစ္စကို ငါ့မသိအောင်ဖုန်းကွယ်ထားပြီး ဝိဥာဥ်ကို တိတ်တိတ်လေး သိမ်းထားခဲ့တာ....." 

လင်းရုဖေးက မေးလိုက်မိသည်။

"မင်းပြောတာ ငါလား" 

“သေချာပေါက် မင်းမဟုတ်ဘူးပေါ့..အဲ့ဒါထက် အဲ့ဒီဓါးက တာ့ဟန်လို့ခေါ်တယ်"

ဝူအောင်းက ထိတ်လန့်ဖွယ်အမှန်တရားအကြောင်း ပြောပြနေသည်။

"အတိတ်တုန်းက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ဓါးသေတ္တာထဲမှာ ဓါးနှစ်ဆယ့်လေးချောင်းရှိတယ်..နောက်ပိုင်းမှာ သူတို့တွေပျက်စီးသွားပြီး တာ့ဟန် ရွှမ်ကျန်းနဲ့ကုယွီပဲကျန်ခဲ့တာ..ဒီကုရွှမ်းတုက တကယ်တမ်း ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ဝိဥာဥ်ကို ယူပြီး တာ့ဟန်ထဲ တိတ်တိတ်လေးပေါင်းထည့်ထားတာပဲ...ကောင်းကင်ဘုံအုပ်ချုပ်သူက တာ့ဟန်ရဲ့ ဓါးဝိဥာဥ်ဖြစ်လာအောင်လို့လေ" 

ကုရွှမ်းတုက လေပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး;"ငါသာ အဲ့ဒါကို မလုပ်လိုက်ရင် ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ဝိဥာဥ်က ပျောက်ကွယ်သွားလိမ့်မယ်...မင်းမှာအခြားနည်းလမ်းတွေရှိတယ်လို့ ငါ့ကိုပြောနေတာလား" 

ဝူအောင်းက ဆိုသည်။

"သိသိသာသာပဲ..မင်းသာ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ အသားကိုစားလိုက်ရင်..မင်းက လုပ်နိုင်....." 

“တိတ်စမ်း"

ကုရွှမ်းတုက ပိတ်ဟောက်လိုက်သည်။

"မင်းဘာမှမသိဘူး..သူဒီမဟာတည်ဆောက်ပုံကို အခြေတည်ဖို့ ဘယ်လောက်အားစိုက်ထုတ်လိုက်ရတယ်ဆိုတာ မင်းသိရဲ့လား..ဟုတ်တယ် ..ဘယ်သူက သူ့နောက်အချိန်တိုင်း လိုက်ချင်နေမှာလဲ..ဒါပေမယ့် မင်းအဲ့ဒါကို တာဝန်ယူနိုင်တယ်..ငါမလုပ်နိုင်ဘူး"

သူက ဆူပူဟိန်းဟောက်နေခြင်းအား အဆုံးသတ်လိုက်ပေမယ့် မျက်လုံးများကမူ ဒေါသကြောင့်နီရဲနေဆဲပင်။

"ဝူအောင်း..သူ ငါတို့ကိုထားခဲ့လို့ မင်းမကျေနပ်ဘူးဆိုတာ ငါသိပါတယ်..ဒါပေမယ့် ကောင်းကင်ဘုံအုပ်ချုပ်သူက မူလက ကောင်းကင်မင်းကြီးပဲ..သူ့ကို ဒီနာမည်ပေးလိုက်ကတည်းက....."  

“မင်းဘာမှနားမလည်ပါဘူး"ဝူအောင်းက ပြင်းပြင်းထန်ထန်ပြန်၍ဆူပူပြီး သူ့အသံသည်လည်း တုန်တုန်ယင်ယင်ငိုသံတို့ လှိုက်စွက်လာကာ"ငါသူ့ကို ကောင်းကင်ဘုံအုပ်ချုပ်သူမဖြစ်စေချင်ဘူး..ငါသူ့ကို ငါ့ဆရာပဲဖြစ်စေချင်တာပါ..သူမရှိရင် ငါ ဝူအောင်းက ...ဘာမှ..မဟုတ်ဘူး.."

ထို့ပြင် သူ့အသံက ရုတ်တရက်ပိုတိုးလာပြီး"ငါ..ငါ တကယ်ကို သူ့ကိုလွမ်းတယ်" 


**** 

စာရေးသူမှာပြောစရာရှိတယ်~


ကုရွှမ်းတု : တစ်ယောက်တည်းနေတာကြာတော့ လွယ်လွယ်လိမ်လို့ရတယ်လေ..  

လင်းရုဖေး : အကြီးအကဲက တစ်ယောက်တည်းဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ 

ကုရွှမ်းတု : ရာစုနှစ်အနည်းငယ်လောက်ပါပဲ 

လင်းရုဖေး : ......... 

─────────────────────────────────────────────────