အပိုင်း ၁၇၃
Viewers 37k

Chapter 173
 ခေါင်းတလားထဲ၀ယ်

───────

ထိုညက လင်းရုဖေးမှာကောင်းကောင်းအိပ်မပျော်နိုင်ချေ။နောက်တစ်နေ့၌ ပျောက်သွားပြီဖြစ်သည့် အဖျားက ပြန်ရောက်လာပြန်သည် ယခုတစ်ကြိမ်၌ လင်းပျန့်ယွီနှင့်သူ၏အခြားမွေးချင်းများကပါ သူ့အားပြန်စိတ်ပူလာရသည်။ဝမ်ယောင်က သူ့အားစစ်ဆေးရန် အကြိမ်ပေါင်းများစွာလာပြီး ဂရုတစိုက်ကြည့်ရှုပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်ရင်း လင်းရုဖေးက အစိုးရိမ်လွန်နေသောကြောင့်သာ ဖျားနေခြင်းဖြစ်ကြောင်းပြောလာ၏။ 

ဤသည်အား ကြားပြီးနောက် လင်းပျန့်ယွီမှာ လင်းရုဖေးအား ဝမ်းနည်းစေသည့်လူအား မေးလာသည်။

လင်းရုဖေးက ခေါင်းသာခါပြကာ သူ့အားပြန်မဖြေချေ။ 

အစက လင်းပျန့်ယွီက မေးခွန်းများအား ဆက်မေးချင်ပါသော်လည်း ဝမ်ယောင်မှအခန်းအပြင်သို့ဆွဲခေါ်သွားလေ၏။အပြင်ဘက်တွင် သူက လင်းရုဖေးမပြောချင်ပါက တွန်းအားမပေးရန် မှာကြားနေသည်။လင်းရုဖေး၏ဆိုးဆိုးဝါးဝါးစိတ်အခြေအနေကြောင့် ဖျားသွားရတာဖြစ်ပြီး သူသာ ဆက်ပြီးသူ့အားတွန်းအားပေးနေပါက သူ့အခြေအနေအား ပိုဆိုးစေသလိုဖြစ်သွားပေလိမ့်မည်။သမားတော်က ထိုသို့ပြောနေ၍ လင်းပျန့်ယွီမှာအရှုံးပေးလိုက်ရုံမှတစ်ပါး ရွေးစရာမရှိချေ။ 

လင်းရုဖေးက ဖျားနာနေသော်လည်း ကုရွှမ်းတုကိစ္စအကြောင်း အမြဲတွေးနေကာ ပြန်လည်ကာင်းမွန်နိုင်မည့် နှလုံးသားလည်းမရှိသေးပေ။စစချင်းတွင် ဝူအောင်းက လင်းရုဖေးအားသက်သာလာစေရန် အစီအစဥ်ဆွဲကာ ပြောလာသော်ငြား လင်းရုဖေးက သူ၏ရည်ရွယ်ချက်အား သိပြီးနောက်ငြင်းဆန်လိုက်သည်။ 

“ကျွန်တော်ဘယ်အချိန်မှ နေကောင်းလာမယ်ဆိုတာ မသိဘူး..ဒါကြောင့် ထပ်ပြီးမစောင့်ချင်တော့ဘူး"

လင်းရုဖေးက ထိုသို့ပြောလိုက်ရင်း ချောင်းနိမ့်နိမ့်ဆိုးလိုက်လေ၏။

“အကြာကြီးမစောင့်ချင်တော့ဘူးဆိုတာ သေချာလား"ဝူအောင်းက မေးသည်။ 

“မစောင့်ဘူး..ငါလုပ်မှာမဟုတ်ဘူး"

လင်းရုဖေးက ဆိုလိုက်ကာ:"ခင်ဗျားဘာလုပ်ချင်နေတာလဲ..ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းသာပြော" 

ဝူအောင်းက သက်ပြင်းချလိုက်ပြီး:"ဒါဖြင့် ဒီညငါမင်းဆီလာခဲ့မယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူကလှည့်ထွက်သွားလေ၏။ 

သူ့ကို ဒီညလာရှာမယ်လား..။

လင်းရုဖေးမှာ ဤဝူအောင်းဘာလုပ်ချင်နေမှန်း မသိသော်ငြား ကျေနပ်ဖွယ်ကောင်းသည်အရာတစ်ခုခုလို့တော့မထင်ချေ။

သူက ခုတင်ပေါ်တွင်လှဲနေပြီး ဤအကြောင်းအား တစ်ခဏမျှစဥ်းစားနေမိသည်။သူ့လက်လေးဖြင့် ခါးထက်ရှိကုယွီအား ဖွဖွလေးပုတ်လိုက်ရင်း သူ့စိတ်ငြိမ်သွားစေရန် ပြုလိုက်လိုက်သည်။ 

အမှောင်ယံပြီးနောက် ဝူအောင်းက လင်းရုဖေးအား ကတိပေးထားသည်အတိုင်း လာရှာလေ၏။မူလက လင်းရုဖေးမှာ သူက အထဲသို့ဝင်လာနိုင်လိမ့်မလား စိုးရိမ်နေမိသည်က တကယ်တမ်းမှာ သူက ဤရက်အနည်းငယ်အတွင်း ဖျားနာနေသောကြောင့် လင်းပျန့်ယွီမှာ သူ့ကျန်းမာရေးအား စိုးရိမ်နေ၍ သူ့ဝန်းထဲတွင်နေနေ၍ဖြစ်သည်။သို့စေကာမူ ဝူအောင်းမှာ လင်းပျန့်ယွီအား အလွယ်လေးကျော်ဖြတ်နိုင်ကာ သူ့အခန်းထဲသို့ တွန်းဝင်လာသည်။

ဝူအောင်းက ထိုသို့လုပ်နိုင်တယ်ဆိုတည်းက သူ့ကျင့်ကြံခြင်းမှာ သေချာပေါက် လင်းပျန့်ယွီထက် အများကြီးမြင့်နေလို့ပင်။လင်းရုဖေးက ဤသည်ကို နားလည်သွားသော် သူသည်လည်း လင်းပျန့်ယွီအား ပြောလိုက်မည့်အကြံကို ငြိမ်းသတ်လိုက်ရလေသည်။  

ကုရွှမ်းတုက ပြောဖူးသလိုပင် ဝူအောင်းမှာ တစ်ခုခုလုပ်တော့မည်ဆိုပါက အချုပ်အချယ်မရှိပေ။ လင်းရုဖေး၏မျက်နှာထက်တွင်သာ ကူကယ်ရာမဲ့တို့ဖြင့်သာပြည့်နှက်နေလေ၏။

သူက အကြောင်းပြချက်အားမသိသော်လည်း အဆုံးတွင်ဖြင့် လင်းရုဖေးသည်လည်း သူ၏ဒုတိယအစ်ကိုအား မပတ်သတ်စေချင်ပေ။  

ဝူအောင်းက "ငါ့ကိုခွင့်လွှတ်ပေးပါ"ဆိုပြီးပြောလိုက် ကာ လင်းရုဖေး၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်လေ၏။

သူ့ကြည့်ရသည်မှာ အနည်းငယ်ရှက်သွေးဖြာသွားပုံရကာ ပါးမို့မို့ထက်၌ အနီရောင်တို့ဖြန့်ကျက်သွားလေသည်။လင်းရုဖေးက အခြားအရာများအကြောင်းစဥ်းစားနေ၍ ဝူအောင်း၏ထူးထူးဆန်းဆန်းအမူအရာအား သတိမထားမိချေ။ဝူအောင်းက သူ့အားကိုင်ထားရင်း သူ့ဓါးနှင့်ပျံသန်းလိုက်လေသည်။ 

ဤသည်က လင်းရုဖေးက ဝူအောင်းဓါးအား မြင်ဖူးသည့်ပထမဆုံးအကြိမ်ဖြစ်ကာ ယင်းက ပုံမှန်ဓါးများနှင့်လည်း မတူပါချေ။ဓါးသွားက အနက်ရောင်ရှိပြီး မိုးမခရွက်လေးနှယ် ရှည်မျောမျောလေးရှိနေကာ ယခင်က ဝူအောင်းအားရစ်ခွေထားသည့် မြွေနက်ကြီးသည်လည်း လင်းရုဖေးအား မြင်ပြီးနောက် စိတ်လှုပ်ရှားနေ၏။ယင်းကို သူက လင်းရုဖေးမကြိုက်မှာစိုးနေသဖြင့် ဝူအောင်းက လက်ဆန့်လိုက်ပြီး မြွေရှည်ကြီးအား ရင်အုပ်ထဲဝယ်ထည့်လိုက်ကာ အကြိမ်အနည်းငယ်ခန့် အပြစ်တင်လိုက်ပြီး ခေါင်းလေးပင်ပြခွင့်မပေးတော့ချေ။  

နှစ်ဦးသားမှာ ခွန်းလွန်တောင်တစ်ကြောလုံး လိုက်ပါလာကြပြီး မြင့်မားလှသော တောင်တန်းထိပ်များအထိ ပျံသန်းသွားကြပေ၏။ 

ခွန်းလွန်မှာ အလွန်ကြီးမားကာ တောင်တန်းများလည်း ထူထပ်ပေသည်။ယင်းက ဆောင်းဦးနှောင်းပိုင်းရောက်နေသော်လည်း တောင်တန်းပေါ်ရှိသစ်ပင်အများစုက ရွှေဝါရောင်သန်းနေ၏။စစချင်းအကြည့်မှာပင် ယင်းတို့က ခမ်းနားလှသည့်ခြုံလွှာများသဖွယ် အပေါ်စီးမှကြည့်နေသူတို့အဖို့ အံ့အားသင့်ဖွယ်မြင်ကွင်းအား ပေးစွမ်းနေသည်။ယင်းက မှောင်နေလင့်ကစား ယနေ့ညလမင်းက ကြီးမားတောက်ပနေကာ နေ့အလင်းသဖွယ် ဘေးပတ်ဝန်းကျင်တွင်တလက်လက်ဖြာနေ၏။  

“ဘယ်လောက်ကြာမှာလဲ"

လင်းရုဖေးက မေးလိုက်သည်။

"ခင်ဗျားကျွန်တော့်ကို ဘယ်ဆီခေါ်သွားနေတာလဲ" 

“ငါတို့ရောက်တဲ့အခါ မင်းသိလိမ့်မယ်"

ဝူအောင်းက ဆိုသည်။

"အမြန်ကြီးမသွားနိုင်ဘူး..လေတိုက်နေတာ မင်းကဖျားနေတုန်းလေ" 

လင်းရုဖေးက မျက်မှောင်ကြုပ်လိုက်ပြီး ဤဝူအောင်းက ဝိရောဓိများပေါင်းစည်းထားသည်ဟု ခံစားလိုက်ရသည်။ 

ဝူအောင်းက ယခုအချိန်တွင် လင်းရုဖေး၏ထင်မြင်ချက်အကြောင်း ဂရုမစိုက်သော်လည်း ယခုတွင် သူသည်လည်းတွန်းအားပေးခံနေရ၍ သူ့မျက်နှာမှာလည်း အတော်လေး မည်းမှောင်နေ၏။ 

သူက ဓါးသွားပေါ်ဘယ်လောက်ကြာကြာ သွားလာနေမှန်းမသိသော်ငြား လင်းရုဖေးအိပ်ပျော်မလိုဖြစ်ကာ သမ်းဝေလိုက်သည်နှင့် ဝူအောင်းက နောက်ဆုံးရပ်လိုက်လေ၏။ 

“ခွန်းလွန်တောင်တွေက အဆက်မပြတ်ပဲ...နဂါးသွေးကြောလိုမျိုးပဲ[1]"

ဝူအောင်းက သူ့ခြေထောက်အား ထိုးပြလိုက်ကာ:"ဒီနေရာက တစ်သောင်းသောနဂါးတွေစုဆုံပြီး များပြားလှတဲ့ စိတ်ဝိဥာဥ်စွမ်းအင်တွေအရှိဆုံးနေရာပဲ..အဲ့ဒါက မဟာတည်ဆောက်ပုံကို အခြေတည်ဖို့အတွက် သင့်လျော်တယ်"

သူက ဤစကားလုံးများအား ခက်ခက်ခဲခဲအဆုံးသတ်လိုက်ရကာ လင်းရုဖေးအားကြည့်ရန် ခေါင်းလှည့်လိုက်လေ၏။ 

လင်းရုဖေးက မေးလိုက်သည်။

"ခင်ဗျားကျွန်တော့်ကို ခွန်းလွန်ရဲ့မဟာတည်ဆောက်ပုံဆီ ခေါ်လာပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ" 

ဝူအောင်းက သဘောတကျပြုံးလိုက်ပြီး လင်းရုဖေးနားမလည်နိုင်သည့် တစ်ခုခုအား ပြောနေ၏။

"တစ်ကြိမ်လောက် ထပ်ပြီး သူ့ကိုမြင်ချင်တယ်" 

သူက လင်းရုဖေးနှင့်အတူစီးမျောလိုက်ပြီနောက် ကျောက်တံခါးလေးလေးရှည်ရှည်ကြီးက လင်းရုဖေးရှေ့သို့ပေါ်မလာမီအထိ မရပ်တန့်ပေ။ကျောက်တံခါးလေးလေးကြီးက မြင့်မားလှပြီး လေထုပါးပါးလေးမှထွက်ကာ တောထဲမှထွက်ပေါ်လာမည့်နှယ် ယင်းကအတော်လေးရုတ်ချည်းဆန်နေကာ ထူးဆန်းနေ၏။ 

ဝူအောင်းကမူ အံ့အားသင့်မနေချေ။သူက ထရပ်လိုက်ပြီး လက်ဆန့်လိုက်ကာ တစ်ခုခုအားရှာဖွေနေသကဲ့သို့ ကျောက်တံခါးအား ဂရုတစိုက်ထိလိုက်လေ၏။လင်းရုဖေးက သူ့နောက်မှရပ်လိုက်ပြီး မျက်မှောင်ဖွဖွမကြုံ့လိုက်မီ သူ့လုပ်ဆောင်ချက်များအား သေသေချာချာကြည့်နေသည်။

"ခင်ဗျား ဘာလုပ်နေတာလဲ" 

ဝူအောင်းက ပြန်ဖြေမည့်အစား မေးလာ၏။

"လင်းကုန်းဇီ..ခွန်းလွန်ဂိုဏ်းကို တည်ထောင်တဲ့အချိန်ကိုသိပါသလား" 

လင်းရုဖေးက ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်ကလား..." 

“ဟုတ်တယ်...လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်ကတည်းက.."

ဝူအောင်းက ဆိုသည်။

"ခွန်းလွန်က အားပြင်းတဲ့ မိစ္ဆာသားရဲတွေပေါတဲ့ တိုက်ကြီးနှစ်ခုကြားထဲမှာရှိတာ...ဒါက လူတွေမနေနိုင်တဲ့ နေရာပဲ.မဟာတည်ဆောက်ပုံ ကိုအခြေတည်ပြီးမှပဲ လူတွေက တဖြေးဖြေးကြီးပွားတိုးတက်လာခဲ့ကြတာ..ခွန်းလွန်ဂိုဏ်းကိုလည်း အဲ့ဒီအချိန်တဝိုက်မှာပဲ တည်ထောင်ခဲ့တာ"

သူက လင်းရုဖေးအားကြည့်ရန် ခေါင်းလှည့်လိုက်ပြီး:"ကျန်တဲ့လူတွေက မဟာတည်ဆောက်ပုံဘယ်မှာလဲဆိုတာ မသိဘူး..ပြီးတော့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်တည်းကပဲ ဘာကြောင့်ခွန်းလွန်တောင်ပေါ် ခွန်းလွန်ဂိုဏ်းထောင်ရတဲ့အကြောင်း သိတာ" 

ခွန်းလွန်က ဝေးလံလှကာ ဓါတ်ဝတ္ထုပစ္စည်းကင်းမဲ့သည့်နေရာဖြစ်နေ၍ အခြေချရန် နေရာကောင်းမဟုတ်ချေ။သို့သော်ငြား လင်းရုဖေးက ခွန်းလွန်ဂိုဏ်းက ကောင်းကင်ဘုံအုပ်ချုပ်သူမှ အခြေတည်ထားသည့် တည်ဆောက်ပုံနှင့်အတော်လေးဆက်စပ်နေမည်ဟု ထင်မထားခဲ့ချေ။  

ဝူအောင်းက ဤသို့ပြောနေရင်းမှ သူ့မျက်လုံးများကတောက်တောက်ပပ ဖြစ်စွာ လည့်ပတ်ကြည့်လိုက်လေ၏။ယင်းက သူရှာနေသည့်အရာအား နောက်ဆုံးရှာတွေ့သွားသည့်နှယ်။သူ့လက်များဖြင့် အားပြင်းပြင်းထုတ်လိုက်ရာ ကျောက်တံခါးက ဝုန်းခနဲပွင့်သွားပြီး ကျောက်တံခါးထိပ်၌ သွေးနီရောင်တည်ဆောက်ပုံတစ်ခုလွှာထားပေ၏။ 

ဝူအောင်းက လှည့်၍ကြည့်ကာ လင်းရုဖေးအား ပြောလိုက်လေသည်။

"လင်းကုန်းဇီ..ဒီကိုလာ" 

လင်းရုဖေးက တွန့်ဆုတ်တွန့်ဆုတ်နှင့် ရှေ့သို့လှမ်းလာ၏။ 

ဝူအောင်းက ညွှန်ကြားလိုက်လေသည်။

"မင်းအဲ့ဒီအပေါ်ကို လက်တင်လိုက်" 

လင်းရုဖေးက ဆိုလိုက်ချေ၏။

" ကျွန်တော် အဲ့ဒီအပေါ်ကို လက်တင်လိုက်နိုင်ပေမယ့် အရင်ဆုံး ကုရွှမ်းတုရဲ့နှလုံးကို ပြန်ပေးရမယ်" 

ဝူအောင်းက အေးခဲသွားရကာ ဒေါသတကြီးကြိမ်းမောင်းတော့သည်။

"မင်း ...ဒီအချိန်မှာတောင် ဘယ်လိုများ သူ့အကြောင်းကို တွေးနေနိုင်သေးတာလဲ" 

လင်းရုဖေးသည်လည်း ဝူအောင်း၏ဒေါသအား ဂရုစိုက်မနေချေ။သူက နှစ်ကြိမ်ခန့်ချောင်းဆိုးလိုက်ပြီး တည်တည်ငြိမိငြိမ်ဆိုလိုက်လေ၏။

"ကျွန်တော်တို့ အရင်က သဘောတူထားသလိုမျိုးမဟုတ်ဘူးလား...ကျွန်တော်ဒီကိုရောက်နေပြီမို့လို့ ပြန်သွားဦးမယ်လို့ထင်နေတာလား..အဲ့ဒါအပြင် ကျွန်တော်သာ အဲ့ဒီအပေါ်လက်တင်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ....မတော်လို့များ ဒီလိုမျိုးသာ ကျွန်တော်သေသွားလို့ ခင်ဗျားက ကတိဖျက်လိုက်ရင်ရော.."  

ဝူအောင်း၏မျက်နှာသွင်ပြင်က မှောင်မည်းနေ၏။လင်းရုဖေးစကားများအား နားထောင်ပြီးနောက် သူကပြန်လည်ချေပခြင်းမပြုခဲ့ချေ။သူက ရင်အုံထဲမှကြေးနီရောင် သစ်သားသေတ္တာတစ်ခုအား ထုတ်လိုက်ပြီး အထဲထဲတွင်ရှိသည့်အရာအား ပြရန် ဖွင့်ပြလိုက်လေ၏။ 

ယင်းက အမှန်ပင်နှလုံးသားပြည့်ပြည့်တစ်ခုဖြစ်သော်လည်း မယုံနိုင်ဖွယ်အကောင်းဆုံးအရာက ထိုနှလုံးသားမှာ ခက်ခက်ခဲခဲခုန်နေ၍ပင်။လင်းရုဖေးက လက်ထုတ်၍ ယူလိုက်ကာ သေသေချာချာကြည့်လိုက်သည်။ 

ဝူအောင်းက ဆိုလာ၏။

"အခု အဆင်ပြေသွားပြီ မလား"

“အင်း.."လင်းရုဖေးက ခေါ်လိုက်သည်။

"အကြီးအကဲ ခင်ဗျားရှိနေလား" 

မည်သူမျှ ဖြေဆိုမလာခဲ့ချေ။ 

လင်းရုဖေးမှာအနည်းငယ် စိတ်ပျက်သွားမိသည်။သူက ကုရွှမ်းတုဤနေရာတွင်မရှိဘူဟု တွေးလိုက်မိသည်နှင့် ကုရွှမ်းတု၏အသံပျော့ပျော့လေးက သူ့ဘေးမှပဲ့တင်ထွက်လာ၏။ယင်းက ပျောက်ကွယ်သွားတော့မည့်နှယ် တိုးတိုးလေးဖြစ်နေသော်လည်း လင်းရုဖေးမှာ ရှင်းရှင်းလင်းလင်းကြားလိုက်ရချေသည်။

"ကိုယ် ဒီမှာ" 

လင်းရုဖေးက အံ့အားသင့်သွားမိပြီး "အကြီးအကဲ" 

သူက သေတ္တာအား စိတ်လှုပ်တရှားဖွင့်လိုက်ပြီး သု့လက်ထဲရှိနှလုံးသားအား ကမ်းပေးလိုက်ကာ "ခင်ဗျားနှလုံးသား...ခင်ဗျားအဲ့ဒါကိုပြန်ယူနိုင်သေးလား" 

ကုရွှမ်းတုက ဆိုလာ၏။

"ကိုယ် စမ်းကြည့်ကြည့်မယ်" 

အချိန်အတော်ကြာပျောက်ကွယ်သွားပြီးနောက် သူက လင်းရုဖေးရှေ့သို့တစ်ဖန်ပြန်ပေါ်လာ၏။လင်းရုဖေးက သူ၏လက်ကြည်ကြည်လေးက ခုန်နေသည့်သွေးနီရောင် နှလုံးသားအား ဖုန်းဖိထားကာ အားဖွဖွလေးနှင့် လက်ထဲသို့ဖျစ်ညစ်လိုက်သည်အား မြင်လိုက်ရသည်။နောက်ခဏကြာ၌ ခုန်နေသည့်နှလုံးသားပေါ်ရှိအနီရောင်လေးက ကုရွှမ်းတုကိုယ်ထဲသို့ ပြန့်ဝင်သွားကာ သူ့အသွေးအသားထဲသို့ အရှိန်ပြင်းပြင်းနှင့်ပြည့်ဝင်သွားလေ၏။သို့စေကာမူ ကုရွှမ်းတုအသွေးအသားက သူ့ကိုယ်ထဲသို့ပြန်လည်တည်ဆောက်သောအခါ ဘေးတွင်တိတ်တဆိတ်ရပ်နေသည့် ဝူအောင်းက သူ့ဓါးအား အိမ်မှချွတ်လိုက်ပြီး ကုရွှမ်းတုကို ထိုးဖောက်လိုက်လေ၏။ 

ကုရွှမ်းတုက ယင်းအားမျှော်လင့်ထားသည့်နှယ် တစ်ချိန်တည်းမှာပင် ခါးထက်ရှိရွှမ်ကျန်းအား ထုတ်လိုက်သည်။ဓားသွားနှစ်ခုက ချွင်ခနဲအသံမြည်ကာ ဆုံမိသွားရလေသည်။ 

“မတွေ့ရတာကြာပြီနော်..ကုရွှမ်းတု"

ဝူအောင်းက သွားကြိတ်လိုက်ပြီး သူ့အသံသည်လည်း မုန်းတီးစက်ဆုပ်လွန်း၍ သွေးစိမ်းရှင်ရှင်ထွက်နေသည့်နှယ်။ 

“မတွေ့ရတာကြာပြီနော်"

ကုရွှမ်းတုအသံသည်လည်း အေးစက်နေကာ:"မင်းမသေသေးဘူးလား" 

“သေမှာလား...မင်းသေသွားရင်တောင်မှ ငါသေမှာမဟုတ်ဘူး"

တစ်ခဏကြာ၌ ဝူအောင်းက ချက်ချင်း ဓါးချလိုက်ကာ လင်းရုဖေးအား အပြုံးလေးနှင့်ကြည့်လိုက်ပြီး "လင်းကုန်းဇီ ..ကျွန်တော်မင်းကို ကတိပေးထားတဲ့ဟာလေ..ကျွန်တော်လုပ်ပြီးသွားပြီမို့ အခုကျေးဇူးပြုပြီး..."

သူက ကျောက်တံခါးဆီသို့ ရွေ့သွားလိုက်ပြီး လင်းရုဖေးအား လက်ဟန်ခြေဟန်နှင့် ဖိတ်ခေါ်နေ၏။  

“ရှောင်ကျို့..မသွားပါနဲ့"

ကုရွှမ်းတုက သူ့အားတားရန် ရှေ့သို့လှမ်းလိုက်ချင်ပါသော်လည်း ဝူအောင်းက လက်ဆန့်လိုက်ပြီး တားလိုက်လေ၏။ 

လင်းရုဖေးက ခါးသက်သက်ပြုံးလိုက်ကာ "အကြီးအကဲ ..ကျွန်တော်မသွားချင်ရင်လည်း ခင်ဗျားသူ့ကို ရိုက်နိုင်လို့လား" 

ကုရွှမ်းတုက မျက်မှောင်ကြုတ်လိုက်မိသည်။သူ့ကိုယ်က သက်သာလာကာစဖြစ်ကာ အလွန်အားနည်းနေဆဲဖြစ်၍ သေချာပေါက် ဝူအောင်းအား ရိုက်နိုင်လိမ့်မည်မဟုတ်။သူက တစ်ခုခုပြောချင်သော်ငြား ဝူအောင်းက အေးစက်စက်လေသံနှင့် စကားစဖြတ်လိုက်လေ၏။

"ကုရွှမ်းတု..မင်းနောက်ထပ်တစ်ခွန်းလောက် ပြောရဲတာနဲ့..မင်းနှလုံးကိုပြန်ထုတ်ပစ်လိုက်မယ်" 

ကုရွှမ်းတုက အံကြိတ်လိုက်ပြီး:"ဝူအောင်း ရူးနေတာရပ်လိုက်တော့" 

“ရူးနေတာ"

ဝူအောင်းက သူ့စကားများအား ရယ်မောလိုက်ပြီး စက်ဆုပ်နေသည့်အသံနှင့် စူးစူးရှရှပြောလိုက်ကာ:"ငါသာ ရူးသွားရင် လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက ရူးပြီးပြီပေါ့ ..ကုရွှမ်းတု လူလိမ်ကောင် ဘိုးဘေးတွေထိဖျက်ဆီးပြီး ငါတို့ဆရာကို သစ္စာဖောက်ခဲ့တဲ့ကောင်က ဘယ်သူ့ကိုအရူးလို့လာခေါ်နေတာလဲ"    

ကုရွှမ်းတုက သူ့အား အေးစက်စက်ကြည့်လိုက်ပြီး:"ငါ မင်းဘာလုပ်တော့မယ်ဆိုတာသိတယ်..မင်းနောင်တရလိမ့်မယ်နော်" 

ဝူအောင်းက ဆိုလာ၏။

"နောင်တ...ဟီးဟီး..ငါက ဘယ်လိုများနောင်တရနိုင်မှာလဲ"

_____

Translated By IQ-Team.