Chapter 172
အိမ်ပြန်ခြင်း
───────
"ဘယ်လိုဖြစ်ပြီး ချယ်ရီပန်းပင်တောအုပ်ကပြာကျသွားရတာလဲ"
အပြင်ကထိုမြင်ကွင်းကိုမြင်တဲ့ယွီရွေ့ကလည်းတုန်လှုန်ချောက်ချားသွားကာ"မီးကြောင့်လား"
"ငါလည်း ဘယ်သိမလဲ"
ဖူဟွားကခေါင်းသာခါပြလိုက်ပြီး"အရင်ဆုံးပြန်ရအောင် ဒီလိုကိစ္စကြီးက...."
သူမကပြောရင်း လင်းရုဖေးကိုစိတ်ပူနေတဲ့အကြည့်ဖြင့်ကြည့်လိုက်မိသည်။
သို့ပေမဲ့ လင်ရုးဖေးကစကားတစ်လုံးမှမဟဘဲ သူ့အရှေ့ကမီးကျွမ်းနေတဲ့ချယ်ရီပန်းပင်တောအုပ်ကိုသာတိတ်တိတ်လေးစိုက်ကြည့်နေပြီး အကြာကြီးနေတော့မှပဲ လေသံအေးအေးဖြင့်ပြောလိုက်သည်။
"သွားရအောင်"
အိမ်ပြန်ရောက်လာလို့ပျော်နေတဲ့အပျော်တွေအားလုံးက ထိုမြင်ကွင်းကြောင့်ပျောက်သွားလေသည်။သူတို့သွားနေတဲ့လမ်းမှာ ရထားလုံးထဲလေထုအခြေအနေကအတော်လေးတင်းမာနေသည်။ယွီရွေ့ကလင်းရုဖေးရဲ့စိတ်အခြေအနေပြေလျော့စေရန်ရယ်မောစရာတစ်ခုပြီးတစ်ခုကိုပြောနေပေမဲ့လည်း လင်းရုဖေးကလိုက်မရယ်ပေ။သူကရထားလုံးထောင့်ကိုမှီပြီးမျက်လုံးမှိတ်ထားကာစကားလုံး၀မပြောပေ။
ယွီရွေ့ကစကားပြောတာကိုရပ်လိုက်ပြီးဖူဟွားကိုအထိတ်အလန့်ဖြင့်ကြည့်လိုက်မိသည်။
လင်းပျန့်ယွီသည် သူမတို့ ယခုတစ်ခေါက်ပြန်မလာခင်က ပြန်လာပါက တောင်အောက်ခြေကိုရောက်လျှင်ကြိုပြောရန်သူတို့ကိုညွှန်ကြားထားလေသည်။ သို့ပေမဲ့ လင်းပျန့်ယွီနဲ့တခြားသူတွေကိုအံအားသင့်သွားအောင်လုပ်မည်ဟုကြံကာ သူတို့ဘယ်နေရာမှာလဲဆိုတာကိုထုတ်မပြောခဲ့ပေ။အရင်တုန်းကတော့ ဖူဟွားက ယင်းကိုထူးဆန်းနေတယ်လိုထင်ပေမဲ့လင်းရုဖေးအနှစ်သက်ဆုံးဖြစ်သည့်ချယ်ရီပန်းပင်တောအုပ်ကယခုလိုမျိုးဖြစ်နေတာကိုမြင်မှပဲ လင်းပျန့်ယွီရဲ့ကောင်းစေချင်တဲ့သဘောထားကိုသူမသိသွားရသည်။လင်းပျန့်ယွီကသူညီလေး၀မ်းနည်းမှာဆိုးတာကြောင့်သူသာသူတို့ကိုလာခေါ်ပါကထိုကိစ္စကိုဖုံးထားနိုင်မည်ဟုတွေးထားပုံရသည်။သို့ပေမဲ့ ယခုတော့ပြောပြဖို့နောက်ကျသွားပြီဖြစ်သည်။လင်းရုဖေးက ချယ်ရီပန်းပင်တောအုပ်ရဲ့စိတ်သောကရောက်စရာပုံကိုမြင်ပြီးသွားပြီဖြစ်လေ၏။
သူတို့ခွန်းလွန်ဂိုဏ်းကိုလာနေတဲ့လမ်းမှာဖူဟွားကလင်းပျန့်ယွီဆီသူတို့ပြန်ရောက်ပြီဆိုတဲ့အကြောင်းအမြန်သတင်းပို့လိုက်သည်။လေတိုက်နေတဲ့တောင်ပေါ်လမ်းအတိုင်းသွားရင်း တောင်အ၀င်၀ကိုရောက်တော့ အပေါက်၀မှာသူတို့ထင်ထားတဲ့အတိုင်း
လင်းပျန့်ယွီကစောင့်နေလေသည်။
လင်းရုဖေးရဲ့ရထားလုံးကိုမြင်တော့မျက်နှာကချက်ချင်းပြုံးသွားကာ"ရှောင်ကျို့"ဟုသူကလှမ်းခေါ်လိုက်သည်။
လင်းရုဖေးက သူ့ဒုတိယအစ်ကိုအသံကိုရထားလုံးထဲကနေကြားတော့သူမျက်နှာပေါ်က၀မ်းနည်းပူဆွေးနေတဲ့အမူအယာမှာ ပျောက်ကွယ်သွားပြီး ကန့်လန့်ကာကိုမကာပြုံးပြလိုက်သည်။
"ဒုတိယအစ်ကို"
ရထားလုံးရပ်လိုက်သည်နှင့် လင်းရုဖေးကရထားလုံးပေါ်ကနေခုန်ဆင်းလိုက်သည်။လင်းပျန့်ယွီကသူ့ကိုတွေ့တာနဲ့ သေသေချာချာစေ့စေ့စပ်စပ်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။
"ဘယ်လိုဖြစ်ပြီး ပိန်သွားရတာလဲ"
လင်းရုဖေးက ချောင်းနှစ်ချက်လောက်ဆိုးလိုက်ကာ"ကျွန်တော်အမြန်ရောက်ချင်ဇောနဲ့ပြန်လာတော့ ပင်ပန်းပြီးဖျားသွားလို့ပါ"
"ဘာလို့ဒီလောက်အလျင်လိုနေရတာလဲ"
လင်းပျန့်ယွီကမေးလိုက်သည်။
"ပြန်လာရင် ငါ့ကိုကြိုတင်ပြောလို့ပြောထားတယ်မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့တောင်အ၀င်၀ကိုရောက်မှ လာပြောရတာလဲ"
သူက ထိုစကားကိုပြောနေရင်း ဖူဟွားနှင့်ယွီရွေ့ကိုအပြစ်တင်သည့်အကြည့်ဖြင့်ကြည့်လိုက်၏။
"ဒုတိယအစ်ကို သူတို့ကိုမဆူပါနဲ့ အစ်ကို ကိုမပြောပြခိုင်းတာကျွန်တော်ပါ"
လင်းရုဖေးအပြုံးတစ်ခုဆင်မြန်းလိုက်ပြီး"အစ်ကိုတို့ကို အံဩသွားအောင်လို့ပါ"
လင်းပျန့်ယွီကပြောလေသည်။
"မင်းပြန်လာတာကိုကအံအားသင့်စရာကိစ္စပဲကို"
သူကဆက်ပြီး"သွားကြစို့ စားဖို့ပြင်ပြီးပြီ မင်းပြန်လာတာကိုငါတို့စောင့်နေကြတာ"
လင်းရုဖေးကမေးလိုက်သည်။
"အစ်ကိုကြီး ဘယ်မှာလဲ"
လင်းပျန့်ယွီကသက်ပြင်းချလိုက်ပြီး"ဒီရက်ပိုင်း ခွန်းလွန်ဂိုဏ်းမှာတစ်ခုခုဖြစ်သွားတော့ သူအလုပ်ရှုပ်နေတယ် သူ့ကိုစိတ်ပူစရာမလိုဘူး စားတဲ့အချိန်ရောက်ရင်သူပြန်လာလိမ့်မယ်"
သူတို့နှစ်ယောက်က လမ်းတစ်လျှောက်စကားပြောရင်းအထဲကို၀င်သွားကြသည်။လင်းပျန့်ယွီကလင်းရုဖေးလမ်းတစ်လျှောက်တွေ့ခဲ့တဲ့လူတွေနှင့်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအကြောင်းကိုမေးလေသည်။သို့ပေမဲ့ အဓိကကလင်းရုဖေးကိုတစ်ယောက်ယောက်ကများအနိုင်ကျင့်ခဲ့ရင်သူကလင်းရုဖေးအစား သူတို့ကိုလက်စားချေရန် ကူညီနိုင်ဖို့မေးမြန်းနေခြင်းဖြစ်သည်။ ယင်းကိုလင်းရုဖေးကကကြားတော့ရယ်မောလိုက်ကာသူရဲ့ဒုတိယအစ်ကိုစိတ်ပူစရာမလိုကြောင်းပြောလိုက်သည်။
သူကအနိုင်ကျင့်မခံရပေမဲ့လည်း သူကသာပြန်ပြီးလူအနည်းအကျဉ်းကိုအနိုင်ကျင့်ခဲ့တယ်လေ။
သို့ပေမဲ့ လင်းပျန့်ယွီကလင်းရုဖေးကိုကြည့်လိုက်ပြီးနောက် ရုတ်တရတ်ပြောလာသည်။
"ရှောင်ကျို့မရီချင်ပဲ ရီပြစရာမလိုပါဘူး"
လင်းရုဖေးက တောင့်တင်းသွားရသည်။
"တောင်အောက်ကချယ်ရီပန်းပင်တောအုပ်ကိုမကာကွယ်နိုင်တာဒုတိယအစ်ကိုရဲ့အပြစ်ပါ"
နောက်ဆုံးတော့လည်း ထိုခေါင်းစဉ်ကိုကျော်သွားဖို့မဖြစ်နိုင်ပေ။ ထို့အစား လင်းပျန့်ယွီကိုကြည့်ရတာစိတ်မကောင်းဖြစ်နေပုံရသည်။
"အဲ့ဒီနေ့က တစ်ချို့ကိစ္စလေးတွေလုပ်စရာရှိလို့ခွန်းလွန်ကနေထွက်သွားတာ သတင်းကြားလို့ပြန်လာတဲ့အချိန်ကျတော့ ချယ်ရီပန်းပင်တောအုပ်ကတော်တော်များမီးလောင်လို့ပါသွားပြီ"
လင်းရုဖေးက"ဘယ်လိုဖြစ်ပြီးတော့ မီးလောင်သွားရတာလဲ"ဟုမေးလိုက်သည်။
"တစ်ယောက်ယောက်က တမင်တကာမီးရှိူ့သွားတာ"
လင်းပျန့်ယွီကသူ့သွားတွေကိုတင်းတင်းစေ့လိုက်ပြီး"မီးကလည်း စိတ်ဝိညာဉ်မီးတောက်ဆိုတော့ရိုးရိုးရေနဲ့ငြိမ်းလို့မရဘူး ဒါကြောင့်မြို့ထဲကမသေမျိုးတွေလည်းဘာမှလုပ်လို့မရဘူး ခွန်းလွန်ကသတင်းရတော့ ချယ်ရီပန်းပင်တောအုပ်ကဘယ်လောက်မှမကျန်တော့ဘူး"
လင်းရုဖေးကမေးလိုက်သည်။
"ပြီးတော့ မျောက်အုပ်ကောဘယ်လိုနေလဲ"
သူ့ကိုစရတာကြိုက်တဲဲ့ရွှေရောင်မျောက်ဘုရင်တစ်ကောင်အားသတိရသွားလေသည်။
လင်းပျန့်ယွီကသက်ပြင်းချလိုက်ကာ"မျောက်တွေကအဆင်ပြေတယ် သူတို့ကဉာဏ်ကောင်းတယ် မီးလောင်တာမပြန့်ခင်သူတို့ကထွက်ပြေးသွားတယ်လေ သူတို့ကအခုတော့အခြားတောင်ထွတ်တွေဆီကိုရောက်သွားပြီထင်တယ် ချယ်ရီပန်းပင်တောအုပ်လည်းမရှိတော့ ကြည့်ရတာသူတို့တွေပြန်မလာလောက်တော့ဘူး"
သူကလင်းရုဖေးကိုစိတ်မကောင်းဖြစ်စွာကြည့်လိုက်ပြီး"ရှောင်ကျို့ တောင်းပန်ပါတယ်"
လင်းရုဖေးက အားတင်းပြုံးပြလိုက်ပြီး"မီးကိုဒုတိယအစ်ကိုရှိူ့တာမှမဟုတ်တာ ဘာလို့ဒုတိယအစ်ကိုက တောင်းပန်နေရတာလဲ"
သူကအားတင်းပြုံးလိုက်ပြီး"ထားလိုက်ပါတော့ အဲ့ဒီအကြောင်းမပြောနဲ့တော့ ဒုတိယအစ်ကို ဒီရက်တွေအတွင်းခွန်းလွန်မှာဖြစ်ပျက်သွားတဲ့စိတ်၀င်စားစရာကိစ္စတွေကိုသာမြန်မြန်လေးပြောပြ"
သို့နှင့်ပင်၊ လင်းပျန့်ယွီကလည်းယခုဖြစ်နေတဲ့စိတ်၀င်စားဖို့ကောင်းတဲ့ကိစ္စတွေအကြောင်းပြောပြပေးတာကြောင့် နောက်ဆုံးလေထုကခုနတုန်းကလောက်မတင်းမာတော့ပေ။
မိသားစုညစာစားပွဲက အလွန်ကိုခမ်းနားကြီးကျယ်လှကာဟင်းပွဲတွေအားလုံးကလည်း လင်းရုဖေးအကြိုက်များဖြစ်သည်။၀မ်ယောင်လည်းလာပြီးတော့လင်းရုဖေးရဲ့ခန္ဓာကိုယ်ကိုသေသေချာချာစစ်ဆေးပေးသွားသည်။သူကခန္ဓာကိုယ်အလေးချိန်နည်းနည်းကျသွားတယ်လို့ပြောပေမဲ့ သူက အရင်ကထက်တော့ပိုပြီးကျန်းမာလာသည်။
သူကလင်းပျန့်ယွီကိုစိတ်မပူဖို့နှင့်ညွှန်ကြားထားတဲ့အားဆေးတွေကိုသောက်ပြီးရင်သူပြန်ကောင်းသွားလိမ့်မည်ဟုပြောလိုက်၏။
လင်းရုဖေးက စားချင်သောက်ချင်စိတ်ရှိမနေပေ။ သို့ပေမဲ့သူရဲ့မိသားစုစိတ်မကောင်းဖြစ်သွားမှာစိုးတာကြောင့်သူကအတတ်နိုင်ဆုံးကြိုးစားပြီးပါးစပ်ထဲကိုထည့်နေရသည်။
သို့သော် လင်းပျန့်ယွီက ယင်းကိုမြင်လေသည်။သက်ပြင်းသာချလိုက်ပြီး သူကလင်းရုဖေးခေါင်းကိုပွတ်လိုက်ကာရှောင်ကျို့မစားချင်ရင်စားစရာမလိုဘူးဟုပြောလိုက်သည်။လင်းမင်ကျစ်ကမျက်မှောင်ကြုတ်လိုက်ပြီး ရှောင်ကျို့ကိုဘယ်သူကအနိုင်ကျင့်လိုက်လို့မပျော်တာလဲဟုမေးလာသည်။
"အဲ့ဒါတွေအားလုံးက မီးရှိူ့သွားတဲ့ကောင်ကြောင့်ပဲ"
လင်းပျန့်ယွီကပြောနေရင်းမှအံတင်းတင်းကြိတ်လိုက်ကာ"ငါ သူ့ကိုဖမ်းမိရင် အရှင်လတ်လတ်အရေခွံခွာပစ်မယ်"
"ဒီလူကသာမာန်လူတစ်ယောက်မဟုတ်မှာစိုးတယ် သူဘာလို့မီးလာရှိူ့ရတာလဲဆိုတာကိုတော့ငါမသိဘူး"
လင်းမင်ကျစ်ကစိတ်ပျက်လက်ပျက်ဖြင့်ပြောလာသည်။
"ချယ်ရီပန်းပင်တောအုပ်ထဲမှာအဖိုးတန်တာလဲမရှိပါဘူး ဒါကိုတကယ်နားမလည်နိုင်ဘူး အဲ့ဒါကိုဘာနဲ့များလုပ်ထားလို့အဲ့လောက်အထိလုပ်သွားရတာလဲ"
လင်းပျန့်ယွီကလည်းခေါင်းညိတ်ပြလေသည်။
စားသောက်လို့ပြီးတော့ လင်းပျန့်ယွီက လင်းရုဖေးပင်ပန်းနေမှာဆိုးတာကြောင့်မြန်မြန်လေးပြန်ပြီးအနားယူရန်ပြောလေသည်။
အချိန်အတော်လေးကြာတော့ လင်းရုဖေးကသူရဲ့ခြံ၀န်းလေးထဲကိုပြန်ရောက်လာကာ ပိန်ပါးသွယ်လှနေတဲ့ချယ်ရီပန်းပင်လေးတစ်ပင်ခြံ၀င်းထဲမှာစိုက်ထားတာကိုတွေ့လိုက်ရသည်။သူကချယ်ရီပန်းပင်ဆီကိုလျှောက်သွားပြီး၎င်းရဲ့အကိုင်းအခတ်တွေကိုညင်ညင်သာသာလေးကိုင်လိုက်ကာ အကြီးအကဲဟုခေါ်လိုက်သည်။
သို့ပေမဲ့ ကုရွှမ်းတုကပေါ်မလာသေးပေ။သူ့ရဲ့တည်ရှိမှုကလင်းရုဖေးရဲ့စိတ်ရောဂါကြောင့်လိုလိုပင်၊ယခုစိတ်ရောဂါလည်းပျောက်ကင်းသွားတော့ သူကို့လည်းမမြင်ရတော့ပေ။
ချယ်ရီပန်းပင်တောအုပ်ကမရှိတော့ပေမဲ့ ဤပျိုးပင်လေးတစ်ပင်တော့ကျန်နေသေးသည်။လင်းရုဖေးကအပင်ကိုရေလောင်းပြီးတဲ့နောက် အနားယူရန်အခန်းသို့ပြန်လာခဲ့လိုက်သည်။
သူတို့က ယနေ့လင်းရုဖေးပြန်ရောက်မယ်ဆိုတာမသိပေမဲ့ ခြံ၀င်းကသန့်ရှင်းနေဆဲဖြစ်ပြီးတစ်ယောက်ယောက်ကအချိန်အကြာကြီးထိန်းသိမ်းထားတယ်ဆိုတာကိုသူပြောနိုင်လေသည်။ခြံ၀င်းထဲမှာပေါင်းပင်တစ်ပင်မှရှိမနေသည့်အပြင် ပရိဘောဂတွေပေါ်မှာဖုန်မှုန့်တစ်မှုန်တောင်ရှိမနေပုံက လင်းရုဖေးသည် ဤနေရာကဘယ်တုန်းကမှထွက်မသွားသည့်အတိုင်းပင်။
ဆောင်းဦးနှောင်းပိုင်းကိုရောက်လာတာကြောင့် ရာသီဥတုကအေးလာပြီး ညဘက်တိုက်တဲ့လေကပိုပြင်းလာသည်။
လင်းရုဖေးက အိပ်လို့မပျော်တာကြောင့် သူ့ ပြတင်းပေါက်ဘေးမှာထိုင်ပြီးကြည့်နေမိသည်။သူနေရာကနေ အပြင်ကိုကြည့်လိုက်တာနှင့် သေးငယ်လှတဲ့ချယ်ရီပန်းပင်ကလေတိုက်တာကြောင့်တုန်ယင်နေပြီး သေးသွယ်လှတဲ့အကိုင်းအခတ်တွေသနားစရာကောင်းစွာလှုပ်ခါနေတာကိုတွေ့လိုက်ရ၏။
"ဝူအောင်း" လင်းရုဖေးကလှမ်းခေါ်လိုက်သည်။
ဝူအောင်းကသူနားမှာရှိနေလားဆိုတာမသိပေမဲ့ သူကအရမ်းအဝေးကြီးမှာတော့မဟုတ်လောက်ပေ။
သူ ဝူအောင်းကိုအော်ခေါ်ပြီးတဲ့နောက် အနက်ရောင်အရိပ်တစ်ခုကသူ့ခြံ၀န်းထဲပေါ်လာပြီးပြန်ဖြေလေသည်။
"လင်းကုန်းဇီ"
သူသည် လင်းရုဖေးကသူ့နာမည်ကိုခေါ်ဖို့မမျှော်လင့်ထားတာကြောင့်သူ့အသံကနည်းနည်းအံဩနေပုံရသည်။
"ကျွန်တော်ခွန်းလွန်ကိုရောက်ပြီဆိုတော့"
လင်းရုဖေးကမေးလိုက်သည်။
"ဘယ်မှာလဲခင်ဗျားရဲ့ကတိ"
ဝူအောင်း"လင်းကုန်းဇီ အလောတကြီးမဖြစ်ပါနဲ့ ကျွန်တော်ကိစ္စပြီးတာနဲ့ ပစ္စည်းကိုလက်ထဲထည့်ပေးပါမယ်"
လင်းရုဖေး"ခင်ဗျားစကားကိုပြတ်မရုတ်သိမ်းဖို့ ကျွန်တော်မျှော်လင့်ပါတယ်"
"သေချာပေါက်ပေါ့ ကျွန်တော်ရဲ့စကားကိုပြန်မရုတ်သိမ်းပါဘူး"
ဝူအောင်းကသူ့ကိုလင်းရုဖေး ထိုကိစ္စကိုသာပြောလာမယ်လို့မထင်ထားတာကြောင့်သူနည်းနည်းလောက်စိတ်ပျက်သွားရပြီး"အဲ့ဒီအရာကကျွန်တော်အတွက်အရေးမပါတဲ့ပစ္စည်းတစ်ခုပဲ ကျွန်တော်ယူထားလည်းအလကားပါပဲ"
လင်းရုဖေးက"အင်း"ဟုအသံပြုလိုက်သည်။
"လင်းကုန်းဇီ တစ်ခုခုပြောစရာရှိသေလား"ဝူအောင်းကမေးလာသည်။
လင်းရုဖေးကမျက်လုံးကိုပင့်ပြီးသူ့ကိုကြည့်လိုက်သည်။ဝူအောင်းကအမှောင်ထဲမှာရပ်နေတာကြောင့်သူရဲ့မျက်နှာကိုကောင်းကောင်းမမြင်ရပေမဲ့ လင်းရုဖေးကသူ့အသံထဲမှနေမျှော်လင့်နေတဲ့အရိပ်အမြွက်ကိုကြားနေရသည်ည်။
သူကဘာကိုမျှော်လင့်နေတာလဲ။
သံသယအချို့လင်းရုဖေးစိတ်ထဲရှိလာတာကြောင့်"ဝူအောင်း ကျွန်တော်တို့အရင်တုန်းကတစ်ယောက်နဲ့တစ်ယောက်သိကျွမ်းခဲ့ကြဖူးလား"
ဝူအောင်းကတိုးတိုးလေးပြောလာသည်။
"မသိဘူး"
လင်းရုဖေးကစူးစမ်းသည့်ပုံဖြင့်"အဲ့ဒါဆို ကျွန်တော်ကိုမုန်းလား"
ဝူအောင်း"သေချာပေါက်မမုန်းဘူး"
လင်းရုဖေး "ခင်ဗျား တောင်အောက်ခြေကချယ်ရီပန်းပင်တောအုပ်ကိုမီးရှိူ့လိုက်တာလား ခင်ဗျား မီးရှိူ့လိုက်တာမှတ်လား"
ဝူအောင်းအသံကတိတ်ကျသွားသည်။
ဝူအောင်းကပြန်ဖြေသည်။
"ဟုတ်တယ် ငါမီးရှိူ့လိုက်တာ"
လင်းရုဖေးကခါးသက်စွာပြုံးလိုက်မိသည်။သူက သူ့ကိုတစ်ခုခုပြောချင်ပေမဲ့ ပြောပြလည်းအလကားသာဖြစ်လိမ့်မည်ပင်။
ဒီဝူအောင်းရဲ့ခွန်အားကပဟေဠိတစ်ခုလိုပင်၊သူ့နောက်ကလိုက်ပြီးတောင်ပေါ်တက်လာတောင်မှ ကျင့်ကြံရေးအဆင့်၈ရှိတဲ့လင်းပျန့်ယွီကသူ့တည်ရှိမှုကိုရှာမတွေ့ပေ။ ယခုလိုလူမျိုးက ချယ်ရီပန်းပင်သစ်တောကိုမီးလောင်တိုက်သွင်းချင်ပါက လွယ်ကူသည့်ကိစ္စဖြစ်ပြီး လင်းပျန့်ယွီလည်းဘာမှတတ်နိုင်မည်မဟုတ်ပေ။
ဝူအောင်းကမေးလိုက်သည်။
"လင်းကုန်းဇီက ကျွန်တော်ကိုအပြစ်တင်နေတာလား"
လင်းရုဖေးကသက်ပြင်းချလိုက်ပြီး"ခင်ဗျားကိုကျွန်တော်ကအပြစ်မတင်ရင် ဘာလုပ်ရမှာလဲ ခင်ဗျားကိုကျွန်တော်က ထပြီးရိုက်ရမှာလား"
သူကလက်ကိုခါပြလိုက်ပြီး"ခင်ဗျားသွားလို့ရပြီ"
ဝူအောင်းကဆက်ပြီး"လင်းကုန်းဇီကကျွန်တော့်ကိုဒီနေရာကိုဆင့်ခေါ်တာ ဒါပြောဖို့အတွက်လား"
လင်းရုဖေး"အဲ့လိုမှမဟုတ်ရင် ကျွန်တော်က ခင်ဗျားကိုဘာကိစ္စပြောရမှာလဲ"
ဝူအောင်းကသက်ပြင်းတစ်ခုပေါ့ပေါ့ပါးပါးချလိုက်ကာ"လင်းကုန်းဇီ ချယ်ရီပင်းပန်တောအုပ်လေးပဲဟာကို ဘာလို့အရမ်းစိတ်ဆိုးနေရတာလဲ မင်းကြိုက်တယ်ဆိုရင် နောက်ထပ်မိုင်ပေါင်းရာကျော်ရှည်တဲ့ချယ်ရီပန်းပင် တွေ မင်းကိုအစားပြန်စိုက်ပေးမယ် ဟုတ်ပြီလား"
လင်းရုဖေးရဲ့အပြုံးကပျောက်ကွယ်သွားရပြီး"မလိုဘူး"
သူကဝူအောင်းပြန်ပြောတာကိုပင်မစောင့်တော့ဘဲ ထရပ်လိုက်သည်။ဝူအောင်းကသူရဲ့လှုပ်ရှားမှုများကို ပန်းပုရုပ်ထုအတိုင်းရပ်ကြည့်နေသည်။
လင်းရုဖေးကသူကိုဂရုမစိုက်ဘဲ အိပ်ယာသို့တစ်ယောက်ထဲပြန်သွားလိုက်သည်။သူကတရေးတမောအိပ်ဖို့မျက်လုံးကိုမှိတ်လိုက်သည်။ သို့ပေမဲ့ သူကနိုးတစ်၀က် မနိုးတစ်၀က်ဖြစ်နေချိန်တွင် ပေါ်မလာတာရက်အနည်းငယ်လောက်ရှိနေသည့် ကုရွှမ်းတုကိုမြင်လိုက်ရသည်။သို့ပေမဲ့ကုရွှမ်းတုရဲ့ပုံစံအသွင်အပြင်ကအရင်ရက်တွေတုန်းကနဲ့ယှဉ်လိုက်ပါကအတော်လေးမှေးမှိန်နေကာ အရိပ်ပါးပါးလေးသာကျန်တော့သည်။
လင်းရုဖေးရဲ့နှလုံးသားမှာတင်းကျပ်သွားရကာ သူအိပ်နေရာမှာဆတ်ခနဲနိုးလာလေသည်။သို့ပေမဲ့ သူနိုးလာပြီးကုရွှမ်းတုကိုလှည့်ပတ်ကြည့်ချိန်တွင်ရှာလို့မတွေ့တော့ပေ။ပြီးနောက် သူနောက်တစ်ကြိမ်ထပ်ကြည့်လိုက်တော့မှ ပြတင်းပေါက်အပြင်မှာယခုထိရပ်နေသေးတဲ့ဝူအောင်းကိုတွေ့လိုက်ရသည်။
သူ အခုထိမထွက်သွားသေးဘူးလား။
ဘယ်လိုဖြစ်ပြီးသူကအရမ်း၀မ်းနည်းနေတဲ့ပုံပေါက်နေရတာလဲ။သေချာပေါက် ချယ်ရီပန်းပင်တောအုပ်မီးလောင်သွားလို့ ၀မ်းနည်းရမဲ့လူကသူလေ။ဘယ်လိုဖြစ်လို့ဒီဝူအောင်းကလည်း နည်းနည်း၀မ်းနည်းနေတယ်လို့ထင်နေရတာလဲ။
___
Translated By IQ-Team.