Chapter 171
အိမ်ပြန်ခြင်း
───────
သူတို့အရင်တုန်းကတွက်ချက်မှုအရဆိုရင် သူတို့နေ့ကော ညကောအမြန်ခရီးဆက်မည်ဆိုပါက သူတို့ခွန်းလွန်နယ်မြေကိုရက်၂၀ခန့်ကြာရင်ရောက်လိမ့်မည်ဖြစ်သည်။ကံဆိုးတာက လင်းရုဖေးရုတ်တရတ်ကြီးထဖျားတာကြောင့်ခရီးကအရှိန်လျော့လိုက်ရသည်။လင်းရုဖေးဘယ်လိုပဲပြောပြော ဖူဟွားနှင့်ယွီရွေ့ကသူကိုဆက်ပြီးအပင်ပန်းမခံခိုင်းတော့ပေ။နောက်ဆုံး လင်းရုဖေးကရွေးချယ်စရာမရှိဘဲ နေ့ဘက်မှာခရီးဆက်ပြီးညဘက်ရောက်ရင်အနားယူကာသူတို့ရဲ့အိမ်ပြန်ခရီးကိုအရှိန်လျော့ချလိုက်ရသည်။
ဝူအောင်းက ယင်းကိုစိတ်ထဲမထားဘဲ လင်းရုဖေးကိုကျန်းမာရေးဂရုစိုက်ရန်သာပြောလေသည်။သို့သော်လင်းရုဖေးစိတ်ထဲကုရွှမ်းတုသာရှိတာကြောင့် စောစောပြန်ချင်နေသည်။
ယခုလိုမျိုး နေ့ဘက်မှာအမြန်သွားပြီး ညဘက်တွေတည်းခိုဆောင်မှာအနားယူကာ ရပ်လိုက်ခခရီးသွားလိုက်လုပ်နေရာမှ နောက်ဆုံးတော့သူတို့တွေတဖြည်းဖြည်းဖြင့်ခွန်းလွန်နှင်နီးလာချေပြီ။
တစ်ညမှာတော ပျောက်နေတာကြာပြီဖြစ်တဲ့ချီယွီကရုတ်တရတ်ကြီးပေါ်လာလေသည်။သူကပါးစပ်ထဲမှာကြောင်ပေါက်စလေးကိုကိုက်ချီထားတုန်းဖြစ်ပြီး ကြောင်ပေါက်စလေးကအရင်ကထက်စာရင်အတော်လေးကြီးလာကာလင်းရုဖေးကိုမြင်ချိန်တွင် အတော်လေးစိတ်လှုပ်ရှားနေပြီး လင်းရုဖေးကိုဖက်ခိုင်းချင်နေသည့်ပုံရသည်။
လင်းရုဖေးက ကြောင်ပေါက်စလေးကိုမတွေ့ရတာကြာပြီဖြစ်တာကြောင့် နည်းနည်းလောက်လွမ်းနေတာဖြစ်သည်။သူကလက်ဆန့်ပြီးအကောင်ပေါက်လေးကိုသူ့လက်ထဲခေါ်လိုက်ပြီးသူရဲ့ပိုးသားသမျှနူးညံတဲ့အမွှေးပွလေးတွေကိုပွတ်သပ်လိုက်သည်။
ချီယွီကမူလင်းရုဖေးကိုခေါင်းစခြေဆုံးကြည့်လိုက်ကာမျက်လုံးကိုမှေးကျဥ်းလိုက်ပြီးနောက်အရေးတကြီးမေးလာလေသည်။
"ဘာလို့မင်းအလေးချိန်အများကြီးကျသွားရတာလဲ"
"ငါ အလေးချိန်ကျသွားလို့လား"လင်းရုဖေးကမေးလိုက်သည်။
"အင်း"ချီယွီကမေးလိုက်သည်။
"မင်း နှိပ်စက်ခံထားရတာလား"
လင်းရုဖေးက ရီမောလျက်"ဒီအတိုင်းအတော်လေးနေမကောင်းဖြစ်သွားလို့ပါ"
ချီယွီ "ငါပြန်တော့မယ်"
လင်းရုဖေးကအံဩသွားကာ"မင်းအခုပြန်တော့မလို့လား"
"အင်း ဒီကောင်ကမင်းကိုအရမ်းမှီခိုလွန်းတာမှန်ပေမဲ့ မင်းကသူရဲ့အဖေရင်းမဟုတ်တာကိုတော့ သိတဲ့အရွယ်ရောက်ပြီလေ"
ချီယွီကသမ်းဝေလိုက်ပြီးနောက် သူ့ရဲ့ရှေ့ခြေဖဝါးတွေကမြေကြီးပေါ်ရှိထောက်ကာ ပျင်းရိစွာသူခန္ဓာကိုယ်ကိုဆန့်လိုက်သည်။
"မဟုတ်ရင် ငါ သူ့ကိုဒီနေရာမှာထားခဲ့ပြီးတော့ ပစ်သွားလောက်ပြီ"
လင်းရုဖေးကသက်ပြင်းသာချလိုက်ကာ"နည်းနည်းတော့နှမြောစရာကောင်းတယ် ငါကမင်းကို ငါရဲ့နေရာမှာ လိုက်တည်းခိုင်းဦးမလို့ကို"
ချီယွီကပြန်ဖြေလေသည်။
"ထားလိုက်ပါတော့ မင်းသွားနေတဲ့နေရာကိုကြည့်ရတာ တဖြည်းဖြည်းနဲ့အဲ့ဒီကြီးမားတဲ့ဖွဲ့စည်းပုံနဲ့ပိုပိုနီးလာပြီလေ ငါက နတ်ဆိုး..ရှေ့ဆက်ပြီးတော့မသွားရဲတော့ဘူး"
လင်းရုဖေးကမေးလိုက်သည်။
"ကြီးမားတဲ့ဖွဲ့စည်းပုံအစီအရင်... မင်းပြောချင်တာကောင်းကင်အုပ်ချုပ်သူ ချခဲ့တဲ့ကြီးမားတဲ့ယောင်ကွမ်းဖွဲ့စည်းပုံကိုပြောတာလား"
သူအခုမှတစ်စုံတစ်ရာကိုသတိရသွားသည်ပုံဖြင့်ရုတ်တရက်မျက်လုံးများပြူးကျယ်သွားရသည်။
"ဟုတ်တယ်လေ"
ချီယွီကလင်းရုဖေးကိုထူးဆန်းသည့်ပုံဖြင့်ကြည့်လိုက်ကာ"မင်း ဒါလေးတောင်မသိဘူးလား"
"ငါမသိဘူး"
လင်းရုဖေးက ခေါင်းသာခါပြလိုက်ပြီး"လူတွေအားလုံးသိထားတာက ကြီးမားတဲ့ဖွဲ့စည်းပုံကယောင်ကွမ်းတိုက်ကြီးမှာလို့ ဒါပေမဲ့ ဘယ်နေရာမှာလဲဆိုတာအတိအကျမသိကြဘူး ကြည့်ရတာအဲ့ဒါကိုလူတွေဖျက်ဆီးမှာကိုတားလို့ရအောင်လို့....."
ဖွဲ့စည်းပုံက နတ်ဆိုးတွေကိုသာခုခံပြီး နတ်ဆိုးတွေက ယင်းနှင့်နီးလေလေ သက်ရောက်မှုများလေဖြစ်သည်။ထို့ကြောင့် ဖွဲစည်းပုံကိုဖျက်ဆီးနိုင်တာက လူသားတွေသာရှိပေသည်။ ထို့ကြောင့် ကောင်းကင်ဘုံအုပ်ချုပ်သူကဖွဲ့စည်းပုံကဘယ်နေရာမှာရှိလဲဆိုတာကိုမပြောကြားခဲ့ပေ။
ချီယွီ"ကောင်းပြီ ဒါဆိုငါသွားပြီနော်"
"ခဏလေး"လင်းရုဖေးကအော်ပြောလိုက်သည်။
"ငါအခုထိမင်းဆီမှာအကြွေးတစ်ခုကျန်သေးတယ်လေ မင်းအခုချိန်မှာမပြောချင်ဘူးလား"
ချီယွီကခေါင်းကိုဆတ်ခနဲထောင်လိုက်ကာ"ငါ အခုတော့မင်းကိုတောင်းဆိုစရာမရှိသေးဘူး ငါ့နောင်ရေး အတွက်ချန်ထားလိုက်မယ်လေ ပြောမရဘူးလေ မင်းကအင်အားကြီးတဲ့လူတစ်ယောက်ဖြစ်လာရင်လည်းဖြစ်လာမှာပေါ့"
လင်းရုဖေးကရီမောလိုက်ကာ"မဟုတ်ဘဲ ငါသေသွားရင်ကော"
ချီယွီကလင်းရုဖေးကိုမျက်နှာသေဖြင့်ကြည့်လိုက်ပြီး"အဲ့ဒီလိုဆိုတော့လည်း ငါရှုံးသွားတယ်လို့ပဲမှတ်လိုက်မယ်"
သူကလင်းရုဖေးလက်ထဲကအကောင်ပေါက်လေးကိုသူပါးစပ်နဲ့ကိုက်ယူလိုက်ကာပြတင်းပေါက်ပေါ်ကိုအမြီးတယမ်းယမ်းဖြင့်ခုန်တက််လိုက်သည်။အကောင်ပေါက်လေးရဲ့မျက်လုံးကလင်းရုဖေးကိုအစကနေအဆုံးထိကြည့်နေပြီး ထိုမျက်လုံးတွေထဲမခွဲခွာချင်သည့်စိတ်တွေကအတော်လေးကိုသိသာလေသည်။
ကြည့်ရတာကိုယ်ပိုင်အသိဉာဏ်ရှိလာတာတောင်မှ သူရဲ့အခွံကနေထွက်လာပြီးပြီးချင်း ပထမဆုံးမြင်လိုက်ရတဲ့လူကိုအထူးတလည်တွယ်တာပုံရလေသည်။
"အသက်ရှင်အောင်နေ"
မထွက်သွားခင်အထိချီယွီကလင်းရုဖေးကိုအကြံပေးဖို့ကိုမမေ့ချေ။
"မင်း ဘယ်လောက်တောင်ပိန်သွားလဲ ကြည့်စမ်း ကျွတ်...ငါရှုံးတော့မယ်လို့အမြဲခံစားနေရတယ်"
လင်းရုဖေးက သူကို့ အပြုံးလေးဖြင့်လက်ပြလိုက်သည်။
"သတိထားသွားဦး"
ချီယွီကနှာတစ်ချက်မှုတ်ကာ ခေါင်းကိုငုံပြီးပြတင်းပေါက်ကနေခုန်ဆင်းလိုက်သည်။သူထွက်သွားပြီးမကြာမီ ဖူဟွားနှင့်ယွီရွေ့ကလင်းရုဖေးအတွက်စွတ်ပြုတ်ပူပူတစ်ခွက်ကိုင်ပြီး၀င်လာသည်။နားမလည်သည့်ပုံဖြင့်သူမကမေးလာသည်။
"ကျွန်မ ခုနကချီယွီရဲ့အသံကိုကြားလိုက်ပါတယ် သူပြန်လာတာလား"
လင်းရုဖေး"အခုပဲ ထွက်သွားတာ သူကနတ်ဆိုးတိုက်ကြီးကိုပြန်တော့မယ်ပြောတယ်"
"အို့"
ဖူဟွားနှင့်ယွီရွေ့နှစ်ယောက်စလုံးကစိတ်မကောင်းဖြစ်သွားပုံရသည်။
"သူကဒီအတိုင်းထွက်သွားတာပေါ့ ကျွန်မဖြင့် သူ့ကိုနှုတ်တောင်မဆက်လိုက်ရဘူး"
နှစ်ယောက်သားကချီယွီကိုချစ်ဖို့ကောင်းတဲ့ကြောင်ကြီးတစ်ကောင်လို့သာမှတ်ယူထားကာသူရဲ့အမွှေးတွေကိုနေ့တိုင်းနီးပါးပွတ်သတ်နေရသဖြင့် အတော်လေး သံယောဇဉ်ရှိကြလေသည်။
ယခု သူတို့ချီယွီကနတ်ဆိုးတိုက်ကြီးကိုပြန်သွားပြီဆိုတဲ့အကြောင်းကိုကြားတော့သူတို့နည်းနည်းတော့၀မ်းနည်းသွားရသည်။
သူတို့နှစ်ယောက်စကားပြောလို့အပြီး အစကထွက်သွားပြီဖြစ်တဲ့ချီယွီကအပြင်ဘက်ကနေခေါင်းထွက်လာပြီးတိုးညှင်းတဲ့အသံဖြင့် မြှောင်ဟုအော်လိုက်သည်။
လင်းရုဖေးကထိုမြင်ကွင်းကိုမြင်တော့ အော်ရယ်လုနီးပါးဖြစ်သွားရ၏။
နောက်ဆုံးရလဒ်ကတော့ ချီယွီကနောက်ထပ်နာရီ၀က်လောက်ဖူဟွားနှင့်ယွီရွေ့ဆီမှာဇိမ်ခံပြီးမှအင်တင်တင်ဖြင့်ထွက်သွားပြီး သူအနေဖြင့် ယခုလိုမျိုးချစ်စရာကောင်းတဲ့မိန်းကလေးတွေနဲ့နောက်ထပ်တွေ့ဖို့အခွင့်အရေးရှိသေးရဲ့လားဆိုတာကိုသူလည်းမသိကြောင်းပြောသွားခဲ့သေးသည်။
လင်းရုဖေး"သွား သွား မင်းနောက်ထပ်လာလည်း ငါ မင်းကိုဒီကောင်မလေးတွေကိုမပေးနိုင်ဘူး"
ချီယွီကဟွန့်ခနဲအသံပြုကာ သူ့သားကိုပါးစပ်ထဲမှာကိုက်ထားပြီး ခေါင်းကိုမော့လျက်ထွက်သွားလေသည်။
လင်းရုဖေးက သူ့ကျောပြင်ကိုကြည့်ပြီး သူ့မျက်နှာပေါ်ကအပြုံးကတဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ပြီးတော့ သူကဖူဟွားကိုသူတို့ခွန်လွန်းနဲ့ဘယ်လောက်ဝေးသေးလဲဟုမေးလိုက်သည်။
"၇ရက် ၈ရက်လောက်လိုသေးတယ်"
ဖူဟွားကစိတ်ပူစွာဖြင့်ပြန်ဖြေလိုက်သည်။
"သခင်လေး ဘာလို့ဒီလောက်ကြီးအမြန်ပြန်နေရတာလဲ ဒုတိယသခင်လေးသာဒီလိုပုံစံကိုမြင်ရင် စိတ်မချမ်းမသာဖြစ်လိမ့်မယ်"
ရက်အနည်းငယ်အတွင်းကို လင်းရုဖေးရဲ့ကိုယ်အလေးချိန်ကအတော်လေးကိုကျသွားလေသည်။အစကတော့ခရီးရှည်ကြီးကြောင့် အအေးမိသွားတယ်လို့သာထင်ခဲ့ပေမဲ့ ယခုနှစ်တွေအတွင်းလင်းရုဖေးကိုဖူဟွားနားလည်သလောက်အရဆိုရင်သူမသခင်လေးကစိတ်ထဲမှာတစ်ခုခုကိုဖုံးကွယ်ထားတယ်လို့သာခံစားရသည်။ သို့ပေမဲ့ သူမတို့ဘယ်လိုပဲမေးမေး လင်းရုဖေးကထိုကိစ္စကိုပြောပြဖို့ငြင်းဆန်လေသည်။
"ငါ အိမ်ကိုဒီအတိုင်းလွမ်းလို့ပါ"ဟုသာလင်းရုဖေးကပြုံးပြီးဖြေမြဲဖြေဆဲပင်။
ဖူဟွားကတစ်စုံတစ်ခုကိုပြောချင်ပေမဲ့လည်းသူမစကားလုံးတွေကိုပြန်မျိုချလိုက်ပြီး သက်ပြင်းအရှည်ကြီးတစ်ခုသာချလိုက်လေသည်။
လင်းရုဖေးက ထပ်ပြီးတော့အခန်းထဲမှာတစ်ယောက်ထဲကျန်ခဲ့လေသည်။သူကပြတင်းပေါက်ဘေးမှာထိုင်နေပြီးအပြင်ကရှုခင်းကိုကြည့်နေကာ ခုနကချီယွီသူ့ကိုပြောခဲ့တဲ့စကားအကြောင်းတွေးနေသည်။သူအနေဖြင့်ပထမဆုံးအကြိမ် ကြီးမားတဲ့ယောင်ကွမ်းဖွဲ့စည်းပုံကခွန်းလွန်နားမှာရှိတယ်ဆိုတာကိုကြားဖူးခြင်းဖြစ်လေသည်။
သို့ပေမဲ့ဘယ်နေရာမှာလဲဆိုတာကိုတော့တိတိကျကျမသိရဘဲ ပဟေဠိဖြစ်နေဆဲဖြစ်သည်။ပြီးတော့လည်း ကြီးမြတ်လှတဲ့ဖွဲစည်းပုံကဝူအောင်းသူ့ကိုခွန်းလွန်ကိုပြန်ခိုင်းတဲ့တောင်းဆိုမှုနဲ့ဘယ်လိုမျိုးသက်ဆိုင်မှုရှိနေသလဲ။လင်းရုဖေးကအနည်းငယ်စိတ်ရှုပ်ထွေးနေမိတာနှင့် ချောင်းဆိုးစတင်ဆိုးလာပြီး သူရဲ့ပါးလွှတဲ့ပုခုံးကဖယောင်းတိုင်မီးညွှန့်လေးများလှုပ်နေသလိုမထိန်းနိုင်ဘဲ တုန်လှုပ်နေ၏။
ရေတစ်ခွက် သူဆီကိုလှမ်းပေးလာသည်။လင်းရုဖေးအစကကုရွှမ်းတုလိုထင်သွားပြီး ပြုံးပြဖို့ပြင်လိုက်ပေမဲ့ သူခေါင်းလှည့်ပြီးကြည့်လိုက်တော့ဝူအောင်းဖြစ်နေကြောင်းသိလိုက်ရသည်။
"အဟွတ် အဟွတ် မင်း ဘာလို့မင်းဒီရောက်နေရတာလဲ"
လင်းရုဖေးကသူပါးစပ်ကိုအုပ်လျက်ခက်ခက်ခဲခဲပြောလိုက်ရသည်။
"ရေအရင်သောက်လိုက်ပါ လင်းကုန်းဇီ" ဝူအောင်းကဆိုသည်။
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်မိသည်။
လင်းရုဖေး လှမ်းမယူတာကိုမြင်ပေမဲ့ ဝူအောင်းကဆက်ပြီးလင်းရုဖေးကိုရေခွက်ကမ်းပေးနေဆဲဖြစ်သည်။
လင်းရုဖေးကယားယံမှုကိုဖိနှိပ်လိုက်ပြီး"ကျွန်တော် ခင်ဗျားကိုခွန်းလွန်ကိုပြန်ဖို့ကတိပေးပြီးပြီလေ ကျွန်တော်နဲ့ဝေးဝေးနေလို့မရဘူးလား"
သူအနားမှာရှိနေသ၍ကုရွှမ်းတုကနှလုံးရဲ့ဖိနှိပ်မှုကိုခံနေရပြီး သူရဲ့အသွင်အပြင်ကိုလည်းထင်ထင်ရှားရှားမပြနိုင်တော့ပေ။
ဝူအောင်းက ထိုစကားကိုကြားတော့ သူအရမ်းနာကျင်သွားသည့်ပုံစံဖြင့် သူ့သွားတွေကိုကြိတ်လိုက်ကာ အသံတိုးတိုးဖြင့်"လင်းကုန်းဇီ ဒီကုရွှမ်းတုကတကယ်ကိုမကောင်းတဲ့ကောင်ပါ"
လင်းရုဖေးကသက်ပြင်းချကာ"ခင်ဗျား အကြိမ်ပေါင်းများစွာပြောပြီးပြီ"
"ဒါပေမဲ့ မင်းကဘယ်တော့မှစိတ်ထဲမထည့်ဘူးလေ"
ဝူအောင်းကဒေါသတကြီးပြောလိုက်သည်။
လင်းရုဖေးကသူကိုကြည့်နေပြီးမျက်နှာပေါ်မှာမည်သည့်အမှုအရာမှရှိမနေပေ။ဝူအောင်းကအံကြိတ်လိုက်ပြီးနောက် နီရဲနေတဲ့မျက်လုံးတွေဖြင့်ပြောလာသည်။
"လင်းကုန်းဇီ မင်းကတော့မသိလောက်ဘူး ဒါပေမဲ့အရင်တုန်းက ကုရွှမ်းတုကြောင့်သာမဟုတ်ဘူးဆိုရင် ကောင်းကင်ဘုံအုပ်ချုပ်သူကကျဆုံးမှာမဟုတ်ဘူး ကုရွမ်းတုကိုပဲအပြစ်တင်လိုက်"
လင်းရုဖေးက"သူကြောင့်လား"ဟုမေးလိုက်သည်။
"ဟုတ်တယ် အားလုံးသူ့အပြစ်တွေပဲ"
ဝူအောင်းကသူ့သွားတွေကိုကြိတ်လိုက်သည်။
"ဘာလို့ သူအပြစ်လဲ"လင်းရုဖေးကသိချင်သွားရသည်။
ဝူအောင်းက"ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ခန္ဓာကိုယ်ကကျဆုံးသွားပေမဲ့ သူ့ဝိညာဉ်ကအခုထိအသက်ရှိသေးတယ်ပြီးတော့ အဲ့ဒီကုရွမ်းတုကကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဝိညာဉ်ကိုယူသွားတာ အစတည်းက ဝိညာဉ်ကိုငါ့ဆီကိုသာပေးလိုက်ရင် ကောင်းကင်ဘုံအုပ်ချုပ်သူကိုငါအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်တယ် ဒါပေမဲ့သူကအဲ့လိုလုပ်ဖို့ငြင်းဆန်ခဲ့တယ်လေ သူ့မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ငါသိတာကြာပြီ ဒါပေမဲ့ ငါမထင်ထားခဲ့ဘူး"
လင်းရုဖေးက တောင့်တင်းသွားရပြီး"ခင်းဗျားပြောတဲ့သဘောက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဝိညာဉ်က ကုရွှမ်းတုဆီမှာရှိနေတုန်းပေါ့"
ဝူအောင်း"သေချာပေါက်ပေါ့"
လင်းရုဖေးက"နောက်တော့ ဘာဆက်ဖြစ်သွားလဲ"မေးလိုက်သည်။
ဝူအောင်းအသံကတိမ်၀င်သွားကာ"နောက်ပြီးတော့...."
သူကလင်းရုဖေးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရဲ့လေသံကအေးတိအေးစက်ဖြစ်သွားပြီး"နောက်ပိုင်း အဆင့်တက်ဖို့ကို ကုရွှမ်းတုကကောင်းကင်းဘုံအုပ်ချုပ်သူရဲ့ဝိညာဉ်ကိုသုံးပြီးကောင်းကင်ဘုံရဲ့ဆင်းရဲဒုက္ခကိုခံလိုက်ပြီးတော့ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဝိညာဉ်ကလွှင့်ထွက်သွားတယ်လေ"
လင်းရုဖေးက သူ့နေရာမှာပဲမလှုပ်မယှက်ရှိနေပြီး ဝူအောင်းပြောတဲ့စကားတွေကမှန်လား မှားလားဆိုတာကိုလည်းမသိချင်တော့ပေ။သို့ပေမဲ့ အနည်းဆုံးတော့တချို့အရာတွေကအမှန်ဖြစ်လောက်ပေသည်။ယခုသူနှင့်ကုရွှမ်းတု အတူကုန်ဆုံးခဲ့တဲ့အချိန်တွေတုန်းက ကုရွှမ်းတုပြောတဲ့စကားတွေကိုသတိရသွားသည်။သူကသူနဲ့အချိန်အကြာကြီးကုန်ဆုံးခဲ့တဲ့သူငယ်ချင်းဟောင်းတစ်ယောက်အကြောင်းကိုအမြဲပြောပြလေ့ရှိသည်။ထိုသူငယ်ချင်းဟောင်းကဝူအောင်းပြောတဲ့ကောင်းကင်ဘုံအုပ်ချုပ်သူဆိုတာလားကိုတော့သူလည်းမသိပေ။
"အဲ့ဒါကြောင့် လင်းကုန်းဇီအနေနဲ့သူ့ကိုထပ်ပြီးမယုံသင့်ဘူး ဟုတ်ပြီလား"
ဝူအောင်းကလင်းရုဖေးအနားသို့ရောက်လာကာ အရမ်းနှိမ့်ချနေပြီးမျက်နှာချိုသွေးနေတဲ့အပြုံးဖြင့်သူက"လင်းကုန်းဇီ ရဲ့ခန္ဓာကိုယ်ကအားနည်းတယ်မလား ကျွန်တော်ကိုသာယုံကြည့်လိုက် ကျွန်တော်ကမင်းကိုကျန်းမာတဲ့ခန္ဓာကိုယ်ကိုကျိန်းသေပေါက်ပေးမယ် ပြီးတော့ အချိန်တန်ရင် မင်းရဲ့ခန္ဓာကိုယ်ထဲကပြင်းထန်တဲ့ဓားအငွေ့အသက်နဲ့ဆို မင်းကလောကမှာအင်အားကြီးမားတဲ့သူဖြစ်လာလိမ့်မယ်"
လင်းရုဖေး"ခင်ဗျား ကျွန်တော့်ကိုဘာလိုကူညီရတာလဲဆိုတဲ့ အကြောင်းမပြောပြရသေးဘူးနော်"
ဝူအောင်းကပြုံးပြကာ"ဘာလို့လဲဆိုတော့ လင်းရုဖေးကိုကူညီရင် ကုရွှမ်းတုကမပျော်လို့လေ အာ သူမပျော်ရင်ကျွန်တော်၀မ်းသာတယ်လေ"
လင်းရုဖေးကသက်ပြင်းချကာ"ကျွန်တော်နားလည်ပြီ ခင်ဗျားအခုသွားလို့ရပြီ"
ဝူအောင်းကတောင့်တင်းသွားရသည်။
လင်းရုဖေးကဆက်ပြီး"ကျွန်တော်နည်းနည်းပင်ပန်းနေလို့ပါ"
လင်းရုဖေးကပင်ပန်းတယ်လို့ပြောတာကိုကြားတော့မှ ဝူအောင်းကရှေ့ဆက်မတိုးတော့ဘဲပြတင်းပေါက်ကနေထွက်သွားလေသည်။လင်းရုဖေးက ဝူအောင်းပြောပြတွေကိုနားထောင်ပြီးနောက် သူဘယ်လိုပဲကုရွှမ်းတုကိုခေါ်ခေါ် သူပေါ်မလာပေ။
လင်းရုဖေးကနည်းနည်းတော့စိတ်ပျက်သွားပေမဲ့သူကိုယ်သူဆက်ပြီးစိတ်မပျက်သွားအောင်အရွှန်းဖောက်လိုက်မိသည်။
"ကြည့်ရတာဖူဟွားနဲ့ယွီရွေ့တို့စိတ်ပူစရာမလို့တော့ဘူး ဒီစိတ်ရောဂါပျောက်လုနီးပါးဖြစ်လာပြီဆိုတော့လေ"
သူခေါင်းကို တစ်ဖက်သို့လှည့်လိုက်တော့ ဝူအောင်းချန်ထားခဲ့တဲ့ရေခွက်ကိုစားပွဲပေါ်မှာတွေ့လိုက်ရသည်။လင်းရုဖေးကလက်ဖြင့်လှမ်းယူလိုက်ပြီး တစ်၀က်လောက်သောက်လိုက်တော့မှပဲ လည်းချောင်းထဲယားယံနေတာကအတော်လေးသက်သာသွားသည်။
ရှည်လျားလှတဲ့ခရီးကအမြဲလိုလိုပင်ပန်းစေသည်။ဖူဟွားကရထားလုံးထဲနူးညံတဲ့အိပ်ယာခင်းတွေအများကြီးထည့်ထားတာတောင်မှ ကြမ်းတမ်းနေဆဲဖြစ်ပြီး လင်းရုဖေးရက်အနည်းငယ်လောက်မူးဝေနေပြီးတော့မှပဲခွန်းလွန်တောင်ခြေသို့နောင်ဆုံးရောက်လာခဲ့သည်။
သူ ထိုနေရာကနေထွက်လာတော့နွေဦးပဲရှိသေးတာကြောင့်သစ်ပင်ပန်းပွင်များပွင့်လန်းနေဆဲဖြစ်သည်။ သို့ပေမဲ့သူပြန်ရောက်ချိန်တွင် ဆောင်းဦးနှောင်းပိုင်းတောင်ရှိနေပြီဖြစ်၏။
မြက်ပင်များ ညိုးနွမ်းနေပြီး သစ်ပင်ပေါ်ကသစ်ရွက်တွေအားလုံးအဝါရောင်ဖြစ်နေသည်။ကံကောင်းတာကသစ်ကိုင်းပေါ်မှာ သစ်သီးများတွဲလောင်းကျနေဆဲဖြစ်သည်။လင်းရုဖေးကမြို့ကိုဖြတ်သွားချိန်တွင် အသီးအများအပြားသီးနေတာကြောင့်ကွေးညွှတ်နေသည့် တည်သီးပင်ကိုတွေ့လိုက်ရသည်။
ဖူဟွားကလည်းမြင်ပြီး လင်းရုဖေးအားအပြုံးတစ်ခုဖြင့်တစ်လုံးလောက်စားချင်လားဟုမေးလာသည်။
လင်းရုဖေးက ခေါင်းညိတ်ပြကာ သူစားကြည့်ချင်ကြောင်းပြန်ပြောလိုက်သည်။ပြီးနောက် တစ်ချက်ခုန်လိုက်တော့ ဖူဟွားကသစ်ပင်တွေရဲ့ထိပ်ဖျားကိုဖြတ်ကျော်သွားကာ သူမလက်ထဲမှည့်နေတဲ့တည်သီးအချို့ဖြင့်ပြန်ရောက်လာလေသည်။
အခွံပါးပါးလေးကိုနွှာလိုက်သည့်အခါ များပြားတဲ့သစ်သီးအသားတွေကိုတွေ့လိုက်ရသည်။လင်းရုဖေးကတစ်ချက်လောက်ကိုက်လိုက်ပြီးနောက် သူရဲ့ပါးစပ်ထောင့်မှာကွေးတတ်သွားရသည်။
"အရမ်းချိုတယ်"
"ဟုတ်တယ် အရမ်းချိုတာပဲ"
ယွီရွေ့ကကျေနပ်စွာပြုံးလိုက်ပြီး"နောက်ဆုံးတော့ ငါပြန်ရောက်ပြီ အပြင်ကပြောင်းဖူးအရသာသကြားလုံးအရသာကအမြဲမှန်မနေဘူး"
ဖူဟွားကပြုံးလျက်ရှိပြီး"သိပ်မမှန်ဘူး ဟုတ်လား နင်ကစားနေရရင်ပျော်နေတာပဲကို ဟယ့်၀မ်ရှန်းရဲ့ပြောင်းဖူးသကြားလုံးတွေကိုစားလွန်းလို့ နင်ရဲ့သွားတွေတောင်ပိုးစားလို့ကုန်တော့မယ်"ဟုစနောက်လိုက်သည်။
ယွီရွေ့ကနှုတ်ခမ်းစူလိုက်ပြီး"အစ်မဖူဟွားက တကယ်ကိုစိတ်ရှုပ်ဖို့ကောင်းတာပဲ"
ဖူဟွားကသူမရဲ့နဖူးကိုတောက်လိုက်ကာ"ငါကစိတ်ရှုပ်ဖို့ကောင်းတယ်ထင်ရင် တည်သီးတွေပြန်ပေး"
"မပေးဘူး"
ယွီရွေ့ကမကျေမနပ်ဖြစ်သွားသည့်အသံဖြင့်ပြန်ပြောလိုက်တော့သည်။
သူတို့အိမ်နားကိုပြန်ရောက်လေလေ လင်းရုဖေးရဲ့စိတ်အခြေအနေကပိုပြီးတော့နေလို့ကောင်းလာလေဖြစ်သည်။သူတို့တောင်ခြေကချယ်ရီပန်းပင်တောအုပ်ကိုဖြတ်သွားရမှာဖြစ်သည်။လင်းရုဖေးက ချယ်ရီပန်းပင်တွေကိုနည်းနည်းလွမ်းနေမိသည်။ဘာပဲဖြစ်ဖြစ် ဤနေရာကသူ ကုရွှမ်းတုနဲ့သူစတင်တွေ့ဆုံခဲ့တဲ့နေရာဖြစ်လေသည်။ယခုကဆောင်းဦးဖြစ်လို့ ချယ်ရီပန်းပွင့်တွေမရှိတော့ပေမဲ့ မှည့်နေတဲ့အသီးတွေတော့ရှိလောက်သေးသည်။
ဒီနှစ်အသီးတွေ ချိုလား မချိုလားကိုသူမသိသေးပေ။
သူ ထိုအကြောင်းကိုတွေးနေစဥ်တွင် ရထားလုံးအပြင်ကနေဖူဟွားအော်လိုက်တဲ့အသံကိုလင်းရုဖေးကြားလိုက်ရသည်။
"ဘယ်လိုဖြစ်ပြီးတော့......."
လင်းရုဖေးက"ဘာဖြစ်တာလဲ"ဟုမေးလိုက်သည်။
လင်းရုဖေးက ကန့်လန့်ကာကိုအလျင်အမြန်မလိုက်ပြီးပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်သည်။အပြင်ဘက်ကမြင်ကွင်းကိုသူရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်တွင် သူတစ်ကိုယ်လုံးမိုးကြိုးနဲ့အပစ်ခံလိုက်ရသလိုနေရာမှာတင်တောင့်တင်းသွားရသည်။
အရင်တုန်းကဆယ်မိုင်လောက်ရှည်လျားတဲ့ချယ်ရီပန်းပင်တောအုပ်လေးကချယ်ရီပန်းပင်တစ်ပင်တောင်မကျန်တော့ဘဲ တစ်စုံတစ်ခုလောင်ကျွမ်းသွားမှုကြောင့် မည်းနက်နေတဲ့ပြာများသာရှိတော့၏။
_____
Translated By IQ-Team.