အပိုင်း ၁၇၀
Viewers 37k

Chapter 170
ဖျားနာခြင်း

───────

လင်းရုဖေးစိတ်ထဲလေးလံနေကာ လမ်းခရီးကိုအမြန်သွားတာကြောင့်ရော သူ ထိုအတိုင်းဆယ်ရက်ကျော်လောက်ပေကပ်နေတာကြောင့်ကော ပြီးတော့ဆောင်းဦးရာသီရဲ့အအေးကစတင်၀င်ရောက်လာတာကြောင့်ရော ပေါင်းပြီး လင်းရုဖေးစတင်ဖျားနာတော့သည်။

ဖူဟွားနှင့်ယွီရွေ့ကလင်းရုဖေးကိုတစ်မနက်လုံး‌မတွေ့တော့၊ သူတို့တံခါးသွားခေါက်ကြလေသည်။တစ်ယောက်မှပြန်ဖြေသံမကြားတာကြောင့် သူတို့အခြားနည်းလမ်းလည်းမရှိတော့သဖြင့်သူတို့တံခါးကိုဖျက်ကာ ၀င်သွားချိန်တွင် သူတို့ရဲ့ကုန်းဇီမျက်နှာမှာနီရဲတွတ်ကာပူနေပြီးအိပ်ယာပေါ်၌သတိလစ်နေတာကိုတွေ့လိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်တော့ ဖူဟွားနှင့်ယွီရွေ့ကအရမ်းစိတ်ပူသွားလေသည်။တစ်ယောက်ကလင်းရုဖေးကိုဂရုစိုက်ကာ နောက်တစ်ယောက်ကမြို့ထဲကိုအမြန်သွားကာအဖျားအတွက်ညွှန်းထားတဲ့ဆေးအချို့သွား၀ယ်၏။

လင်းရုဖေးကအဖျားကြောင့်မူးနောက်နောက်ဖြစ်နေသည်။သူ့နဖူးပေါ်မှာရေစွတ်ထားတဲ့အ၀တ်တစ်ခုရှိနေပြီး သူသတိပြန်မလည်လာခင်ဆေးအနည်းငယ်သာသောက်နိုင်လေသည်။

သူကရေရွတ်လိုက်ပြီး သူဘာဖြစ်နေတာလဲဟုမေးလိုက်သည်။

ယွီရွေ့ကတစ်ဖက်မှာမျက်ရည်သုတ်လိုက်ပြီးပြောလေသည်။

"ကုန်းဇီ ဖျားနေတာလေ အရမ်းအလျင်မလိုရအောင် ဟုတ်ပြီလား သခင်လေးပြန်ချင်နေတာကိုကျွန်မနားလည်ပါတယ် ဒါပေမဲ့ သခင်လေးရဲ့ခန္ဓာကိုယ်ကရုတ်တရတ်ထပြီးဖောက်ပြန်တာလေ ဒါဆိုဒုတိယသခင်လေးကပိုပြီးတော့စိတ်ပူနေမှာမဟုတ်ဘူး‌လား"

လင်းရုဖေးက ခေါင်မိုးကတန်းတွေကိုတစ်ချက်ကြည့်လိုက်ပြီးမေးလေသည်။

"ငါဘယ်လိုလုပ်နေမကောင်းဖြစ်သွားရတာလဲ"

"သခင်လေးရဲ့ကျန်းမာရေးကအစတည်းကဆိုးပြီးသားကိုမှ ဒီလို‌နေ့ရော ညရောအမြန်သွားနေပုံနဲ့....."ယွီရွေ့ငိုချင်းချတော့သည်။

လင်းရုဖေးကပြုံးလိုက်ပြီး"ဘာငိုစရာရှိလို့လဲ မကောင်းတဲ့ကိစ္စတွေကသူလာချိန်တန်ရင်လာမှာပဲ ပြီးတော့လည်း ငါတို့ကအရမ်းအလျင်မလိုပေမဲ့ ငါကအိမ်ကိုစောစောလေးပြန်ရောက်ချင်ရုံလေးပါ"

ယွီရွေ့ကခေါင်းသာခါပြပြီးစိတ်မကောင်းဖြစ်နေသည့်ပုံဖြင့်ပြောလိုက်သည်။

"သခင်လေးတစ်ခြားသူတွေကိုဖုံးကွယ်လို့ရပေမဲ့ ကျွန်မတို့နှစ်ယောက်ကိုဘာလို့ဖုံးကွယ်ထားရတာလဲ သခင်လေးသေချာပေါက်စိတ်ထဲမှာတစ်ခုခုရှိနေတယ်"

လင်းရုဖေးရဲ့မျက်နှာမှာဤဆယ်ရက်ကျော်အတွင်း ပြုံးပြဖို့ခဲယဉ်းလှသည်။တစ်ခါတစ်လေ ရထားလုံးထဲမှာသူကိုယ်သူစကားပြောနေမှသာအပြုံးအချို့တွေ့ရတတ်သည်။စစချင်းတုန်းကယွီရွေ့နှင့်ဖူဟွားကလင်းရုဖေးရဲ့စိတ်ရောဂါတဖြည်းဖြည်းပိုဆိုးလာမှာကိုစိတ်ပူပေမဲ့ နောက်ပိုင်းကြာလာတော့သူတို့ကလင်းရုဖေးသူ့ကိုယ်သူစကားပြောရန်သာအပြင်းအထန်ဆုတောင်းနေခဲ့ကြသည်။အနည်းဆုံးတော့ သူဘာသူစကားပြောနေတဲ့အချိန်ဆိုရင် လင်းရုဖေးကစိတ်ချမ်းသာနေပုံပေါ်၏။

"ဘယ်သူကများ သူတို့စိတ်ထဲဘယ်အရာမှမရှိဘူးလို့လဲ"

လင်းရုဖေးကနူးညံစွာပြောလိုက်သည်။

"စိတ်မပူပါနဲ့ ငါအရမ်းအလျင်လိုသွားလို့ နေမကောင်းဖြစ်သွားတာပါ"

ယွီရွေ့ကတစ်ခုခုထပ်ပြောချင်သေးပေမဲ့ဖူဟွားကတားလိုက်သည်။ဖူဟွားကသူမရဲ့ပခုံးကိုပုတ်လိုက်ပြီးခေါင်းခါပြလိုက်သည်။

"ဘာမှထပ်မပြောနဲ့တော့ သခင်လေးကဖျားနေသေးတယ် သခင်လေးနားပါစေ"

ဖူဟွားကယွီရွေ့ကိုဆွဲပြီးထွက်သွားလေသည်။သိပ်မကြာခင် အခန်း‌ကနောက်တစ်ကြိမ်တိတ်ဆိတ်သွားသည်။လင်းရုဖေးကနည်းနည်းပင်ပန်းနေတာကြောင့် မျက်လုံးကိုဖြည်းဖြည်းချင်းတစ်၀က်လောက်မှိတ်ထားလေသည်။မျက်စိတစ်မှိတ်လေးအတွင်းပဲ သူကုတင်ဘေးမှာတယောက်‌ယောက်ရောက်လာပြီး သူ့အားညင်ညင်သာသာဖြင့်အ၀တ်စကိုလဲပေးလေသည်။သူက ကုရွှမ်းတုလို့ထင်လိုက်ပေမဲ့ သူမျက်လုံးဖွင့်လိုက်တော့ ဝူအောင်းကိုတွေ့လိုက်ရသည်။

လင်းရုဖေးကအိပ်ယာပေါ်ကနေအလိုအလျောက်ထထိုင်လိုက်သည်။ သို့ပေမဲ့သူခန္ဓာကိုယ်ကအားနည်းနည်းလေးသာရှိတာကြောင့်နောက်ကိုပြန်လှန်ကျသွားသည်။ 

ထို့ကြောင့် ဝူအောင်းကနောက်ကိုခြေတစ်လှမ်းဆုတ်ကာ သူလက်ကိုမြှောက်ပြသည်။

"မင်း ဘာလို့ဒီကိုရောက်နေရတာလဲ"

လင်းရုဖေးကသူ့ကိုမျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။

"ငါ မင်းဖျားနေတာကိုတွေ့လို့တစ်ချက်လောက်၀င်ကြည့်ရုံပါ"

ဝူအောင်းရဲ့အသံကထုံးစံအတိုင်းဩရှရှဖြစ်နေပြီးထစ်ငေါ့ထစ်ငေါ့ပြောလာသည်။

"ငါမင်းကို...ထိခိုက်အောင်မလုပ်ပါဘူး"

လင်းရုဖေးကသူကိုမယုံကြည်တာကြောင့်ဆက်ပြီးသတိထားပြီးစိုက်ကြည့်နေလိုက်သည်။

သို့ပေမဲ့ဝူအောင်းကလင်းရုဖေးစိုက်ကြည့်နေတာကိုမခံနိုင်တော့တာကြောင့်ရှူးရှူးရှဲရှဲဖြင့်အော်ဟစ်တော့၏။

"မင်းဘာလို့ငါကိုမယုံကြည့်ရတာလဲ ငါကဘာမကောင်းတာတွေများလုပ်ခဲ့လို့လဲ"

လင်းရုဖေးက"မင်းကငါရဲ့ယောက်ဖကိုဓားနဲ့ထိုးခဲ့တာလေ"

ဝူအောင်းကမကျေမချမ်းပြောလိုက်သည်။

"အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ သူကအချိန်မှားပြီးပေါ်လာတာကို"

လင်းရုဖေးကတည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ပြောလိုက်သည်။

"အဲ့လိုဆိုလည်း မင်းကမကောင်းတဲ့ကိစ္စကိုလုပ်တာကလုပ်တာပဲ"

ဝူအောင်းကစိုက်ကြည့်‌နေသည်။

လင်းရုဖေးကဆက်ပြီး "ပြီးတော့လည်းမော့ချန်းရှန်လေ မင်းဘာလို့သူ့ခေါင်းကိုတူးလိုက်ရတာလဲ သူအေးအေးချမ်းချမ်းအနားယူနေတာမကောင်းလို့လား"

ဝူအောင်း"အသက်ပြန်ရှင်ချင်တာအစတည်းကသူ့ဆန္ဒပဲ ငါကဒီအတိုင်းသူဆန္ဒပြည့်အောင်လုပ်ပေးလိုက်တာ ဒါပါပဲ"

လင်းရုဖေးကသူနှုတ်ခမ်းကိုသာစေ့လိုက်ပြီးတော့-ဒီဝူအောင်းဆီမှာကလိမ်ကကျစ်အကြောင်းပြချက်တွေပဲပြည့်နေတယ်...တွေးလိုက်မိသည်။

ထို့ကြောင့်လင်းရုဖေးသူနှင့်စကားကောင်းကောင်းပြောလို့မရပေ။

ကံကောင်းတာက ဝူအောင်းကလည်းထိုကိစ္စနှင့်ပတ်သက်ပြီးဆက်မပြောတော့ပေ။

"မင်းနေကောင်းအောင်နေ အိမ်ကိုပြန်ဖို့အရမ်းအလျင်လိုမနေနဲ့"

လင်းရုဖေးကပြောလိုက်သည်။

"အဲ့ဒါဆိုလည်း မင်း ငါကိုကုရွှမ်းတုရဲ့နှလုံးကိုကြိုပြီးပေးထားလို့ရမလား"

သူက"ကုရွှမ်းတု"ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့တည်ငြိမ်နေတဲ့ဝူအောင်းကထပ်ပြီးပေါက်ကွဲလာလိမ့်မည်ဟုမည်သူကထင်ထားမည်နည်း။

သူက နီရဲနေတဲ့မျက်လုံးတွေဖြင့်အော်ဟစ်ပြောဆိုတော့သည်။

"ကုရွှမ်းတု..ဘာလို့မင်းအမြဲကုရွှမ်းတုကိုပဲတွေးနေရတာလဲ သူကသေချာပေါက်မင်းကိုနာကျင်အောင်အလုပ်ခဲ့ဆုံး‌လေ မင်းကဘာလို့သူအကြောင်းအမြဲတွေးနေရတာလဲ"

လင်းရုဖေးကသူအော်ဟစ်ပြောနေတာကိုဘာပြန်ပြောရမှန်းမသိဖြစ်သွားပေမဲ့ သူကအရမ်းမစိုးရိမ်သွားပေ။

"သူအကြောင်းကိုမတွေးရင် ကျွန်တော်က ခင်ဗျားအကြောင်းကိုတွေးနေရမှာလား"

ဝူအောင်းကတောင့်တင်းသွားကာ သူရဲ့မျက်နှာမှာနီရဲသွားပြီးတိုးတိုးလေးပြောလာသည်။

"မင်းကငါ့အကြောင်းကိုတွေးတယ် ဒါက ဒါက လုံး၀မဖြစ်နိုင်ဘူး"

လင်းရုဖေး : “……” 

ဒီတစ်ယောက် တစ်နေရာရာပဲမှားနေတာလား။

လင်းရုဖေးမျက်နှာ‌ပါ်ကအံဩနေတဲ့အရိပ်ယောင်ကိုမြင်တော့မှ ဝူအောင်းကသူအသိစိတ်ပြန်၀င်သွားပြီးအသံကတိမ်၀င်သွားလေသည်။

"လင်းကုန်းဇီ မကြောက်ပါနဲ့ မင်းကိုထိခိုက်အောင်ငါမလုပ်ပါဘူး"

လင်းရုဖေးက"မင်း ငါ့ကိုထိခိုက်အောင်မလုပ်ဘူးလား"ဟုမေးလိုက်သည်။

ဝူအောင်းကပြောသည်။

"မလုပ်ဘူး"

လင်းရုဖေးကဆက်ပြီး"ဒါဆို မင်းကခွန်းလွန်ကိုဘာလို့ ပြန်ခိုင်းရတာလဲ"

"မင်းရဲ့ခန္ဓာကိုယ်ဘာလို့အားနည်းတာလဲဆိုတာကိုမသိချင်ဘူးလား မင်းရဲ့ခန္ဓာကိုယ်ထဲကဓားအငွေ့အသက်ကကော ဘာလို့အားကောင်းနေရလဲဆိုတာကိုကောလေ"

လင်းရုဖေးကသိချင်သွားပြီး"ခင်ဗျား ဘာကြောင့်လဲဆိုတာသိလား"

"ငါသေချာပေါက်သိတာပေါ့"‌

ဝူအောင်းရဲ့မျက်နှာအမှုအယာကခက်ထန်သွားကာ"အဲ့ဒါဘာလို့လဲဆိုတော့မင်းပိုင်တဲ့ တစ်စုံတစ်ရာကိုတစ်ယောက်ယောက်ကယူသွားလို့လေ"

"ဘာပစ္စည်းလေ"လင်းရုဖေးကမေးလိုက်သည်။

"ခွန်းလွန်ကို ငါတို့ရောက်တဲ့အခါ လင်းကုန်းဇီသိပါလိမ့်မယ်"

ဝူအောင်းက‌စိတ်ကျေနပ်သွားသည်ပုံဖြင့်ရီလိုက်ကာ"လင်းကုန်ဇီပိုင်တဲ့ပစ္စည်းကို ငါပြန်ပေးမှာပါ မကောင်းတဲ့အကောင် ကုရွှမ်းတုကိုတော့ လင်းကုန်းဇီကိုယ်တိုင်ပဲစိတ်ကြိုက်လုပ်ပါ"

လင်းရုဖေးက သူနှုတ်ခမ်းပါးပါးလေးတွေကိုစေ့လိုက်ကာဘာမှမပြောတော့ချေ။သူထင်ထားတဲ့အတိုင်းပဲ ခွန်းလွန်မှာဝူအောင်းလိုချင်တဲ့တစ်စုံတစ်ခုရှိနေတယ်၊ဒါကြောင့်လင်းရုဖေးကိုသူကအတင်းအကြပ်ကိုပြန်ခိုင်းနေခြင်းဖြစ်သည်။

လင်းရုဖေးက ထိုအကြောင်းကိုစဉ်းစားနေရင်း ရင်တွေပူလာပြီးချောင်းထဆိုးတော့သည်။ 

ဝူအောင်းက ဤသည်ကိုမြင်တာနှင့် သူကချက်ချင်းလှည့်ပြီးရေထည့်ပေးကာလင်းရုဖေးကိုပေးလိုက်သည်။

လင်းရုဖေးကသူ့မျက်နှာ‌ပေါ်ကစိတ်ပူ‌နေတဲ့ပုံက ဟန်ဆောင်နေတဲ့ပုံမပေါ်ဘဲ သူ့ကိုတကယ်ကြီးစိုးရိမ်နေတာဖြစ်ကြောင်းသိသွားရသည်။

လင်းရုဖေးက ယားယံနေတာပျောက်အောင်ရေသောက်လိုက်ပြီးနောက် ပြောလိုက်သည်။

"ခင်ဗျားနဲ့ကျွန်တော် ကတစ်ယောက်နဲ့တစ်ယောက်မသိကြဘူးလေ ကျွန်တော်ဆီကပစ္စည်းအလုခံလိုက်ရတာကို ခင်‌ဗျားကဘာလို့ဒေါသဒီလောက်တောင် ထွက်နေရတာလဲ"

ဝူအောင်းရဲ့နှုတ်ခမ်းတွေကတွန့်ကွေးသွားရပြီးတစ်ခုခုပြောချင်ပေမဲ့လည်း အဆုံးတွင်လည်ချောင်းထဲကစကားလုံး‌တွေကိုပြန်မျိုချလိုက်ကာမုန်းတီးနေတဲ့လေသံဖြင့်ပြောလေသည်။

"ငါ ဝူအောင်းက မတရားမှုတွေကိုထိုင်မကြည့်နိုင်ဘူး လင်းကုန်းဇီလိုကောင်းတဲ့လူက သေချာပေါက်ကောင်းတဲ့အရာတွေနဲ့ပဲထိုက်တန်တယ်"

လင်းရုဖေးကငြိမ်သက်သွားရသည်။

ဝူအောင်းက လင်းရုဖေးချောင်းထပ်မဆိုးတော့မှသာ ပြန်ထွက်သွားသည်။လင်းရုဖေးကစိတ်ရှုပ်နေတဲ့မျက်နှာအမှုအယာဖြင့် သူရဲ့နောက်ကျောကိုစိုက်ကြည့်နေမိသည်။

သူ ဒီကိစ္စက ပို ပိုပြီးရှုပ်ထွေးလာတယ်ဟုခံစားရလေ၏။

ညနေခင်းရောက်တွင် ကုရွှမ်းတုက လင်းရုဖေးအရှေ့မှာပြန်ပေါ်လာကာ သူရဲ့ပုံပန်းသွင်ပြင်ကအတော်လေးကို‌ဖျော့တော့နေသည်။တစ်ချက်လောက်ကြည့်လိုက်တာနှင့် သူကပျောက်သွားတော့မည့်ပုံအတိုင်းပင်၊သူ့ရဲ့စကားသံပင် ပြတ်တောင်းပြတ်တောင်းဖြစ်နေသဖြင့် လင်းရုဖေးကိုအတော်လေးစိုးရိမ်ပူပင်စေသည်။

"အကြီးအကဲက ဘာလို့ဒီလိုပုံဖြစ်နေရတာလဲ"

လင်းရုဖေးကကုရွှမ်းတုရဲ့လက်ကိုကိုင်ချင်ပေမဲ့သူရဲ့လက်ချောင်းတွေက သူ့ခန္ဓာကိုယ်အားဖြတ်သွားတာကြောင့် ၀မ်းနည်းစွာမေးလိုက်သည်။

"ဒါက ဝူအောင်းကြောင့်လား ကျွန်တော်ကတော့ဝူအောင်းကကျိုးကြောင်းမဆင်ခြင်တတ်တဲ့လူမျိုးမဟုတ်ပါဘူး သူနဲ့စကားပြောကြည့်ပြီး ခင်ဗျားနားကနေဝေးဝေးနေဖို့ပြောကြည့်ပါလား"

ကုရွှမ်းတုကသက်ပြင်းချကာ"ကိုယ်စိတ်ထဲမထားပါဘူး ဒါပေမဲ့ဘယ်လိုလုပ်ရှောင်ကျို့ကနေမကောင်းဖြစ်ရတာလဲ"

သူကလင်းရုဖေး ခွန်းလွန်ကိုအမြန်ပြန်တာကြောင့်ဆိုတာကိုမသိဘဲ ရာသီဥတုအကူးအပြောင်းကြောင့်နှင့်လမ်းခရီးပင်ပန်းလို့ဟုသာထင်လေသည်။

လင်းရုဖေးကလည်း သူကိုပြောပြဖို့စိတ်ကူးမရှိပေ။

သူကကုရွှမ်းတုနှင့်နီးနီးကပ်ကပ်နေချင်ပေမဲ့ ယခုလောလောဆယ် ကုရွှမ်းတုကလေလွင့်နေတဲ့ဝိညာဉ်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ထုထည်တစ်ခုအဖြစ်မစုစည်းနိုင်သေးပေ။

သူက လင်းရုဖေးရဲ့မျက်နှာထက်ကတောင့်တမှုတွေကို‌မြင်လိုက်တာကြောင့်ဖြစ်မည်။ကုရွှမ်းတုကသူရဲ့ကုတင်အစွန်းမှာထိုင်လိုက်ကာ သူရဲ့လက်ချောင်းတွေဖြင့်လင်းရုဖေးရဲ့လက်ဖမိုးကိုညင်သာစွာဖြေးဖြေးလေးပွတ်သပ်ပေးနေသည်။သူရဲ့လက်ချောင်းထိပ်တွေကအရင်ကထက်တောင်ပိုအေးနေတာကြောင့် လင်းရုဖေးရဲ့နှလုံးသားထဲ စိတ်မချမ်းမြေ့သလိုဖြစ်သွားရသည်။သူကကုရွှမ်းတုကိုအခြားလက်တစ်ဖက်ဖြင့်ကိုင်ဖို့ကြိုးစားလိုက်ပေမဲ့ကုရွှမ်းတုရဲ့လက်ချောင်းလေးတွေကိုသာထိလို့ရကြောင်းသိသွားလေသည်။သူရဲ့အင်အားတွေအကုန်လုံးကသူရဲ့လက်ချောင်းထိပ်မှာစုနေပုံရ၏။

"အကြီးအကဲ"

လင်းရုဖေးကနည်းနည်းလောက်စိုးရိမ်သွားကာ"ခင်ဗျား ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူးမလား"

"ကိုယ်ကဘယ်လိုလုပ်ပျောက်ကွယ်သွားနိုင်မှာလဲ"

ကုရွှမ်းတုကပြုံးပြလိုက်ကာ သူ့လက်ချောင်းတွေနှင့်လင်းရုဖေးရဲ့ပါးပြင်ကို အသာတို့ထိနေသည်။သူကလင်းရုဖေးရဲ့အသွင်အပြင်ကိုစိတ်ထဲမှာစွဲမြဲစွာမှတ်ထားချင်သည့်အတိုင်း သူရဲ့နဖူးကနေတစ်ဆင့် နှာတံ၊ နှုတ်ခမ်း စတာတွေကို တစ်လက်မချင်းတစ်လက်မချင်းထိတွေ့နေ၏။

လင်းရုဖေးကကုရွှမ်းတုရဲ့လက်ချောင်းထိတ်လေးကိုညင်ညင်သာသာကိုက်လိုက်သည်။သူ့မျက်တောင်ကိုတစ်၀က်တစ်ပြတ်ချလိုက် ချိန်တွင် သူရဲ့မျက်နှာအမူအယာက၀မ်းနည်းမှုတွေဖြင့်ပြည့်နှက်သွားသည်။

ကုရွှမ်းတုက လင်းရုဖေးရဲ့ယခုလိုပုံစံကိုမမြင်ဖူးတာကြောင့် သူကိုနှစ်သိမ့်စကားပြောလိုက်သည်။

"ရှောင်ကျို့ ဘာဖြစ်လို့လဲ"

လင်းရုဖေးက ကုရွှမ်းတုရဲ့လက်ချောင်းတွေကိုလျက်ပေးနေပေမယ့် ကုရွှမ်းတုရဲ့လက်ချောင်းတွေကရေခဲတုန်းနီးပါးအေးစက်နေကာ သူဘယ်လိုလုပ်ပေး လုပ်ပေးပြန်မနွေးလာပေ။

"အကြီးအကဲ ကျွန်တော်စိတ်ပူတယ်"

"ဘာကိုစိတ်ပူတာလဲ ဝူအောင်းကိုလား"

ကုရွမ်းတု‌ကမေးလိုက်သည်။

"ရှောင်ကျို့ စိတ်ပူမနေနဲ့ သူကတကယ်စိတ်ရှုပ်ဖို့ကောင်းပေမဲ့ သူကအပြစ်မရှိတဲ့သူကိုထိခိုက်အောင်မလုပ်ဘူး အနည်းဆုံးတော့ သူကရှောင်ကျို့ကိုထိခိုက်အောင်မလုပ်ဘူး"

လင်းရုဖေးကသက်ပြင်းချလိုက်ကာ"ဒါဆိုအကြီးအကဲကိုကော"

ကုရွှမ်းတု : "ဟင်"

"အကြီးအကဲကိုကောထိခိုက်အောင်လုပ်မှာလား"

ကုရွမ်းတု "သူကကိုယ့်ကိုအချိန်မကြာပဲ မြန်မြန်‌သေစေချင်နေတာ"

လင်းရုဖေး"ဘာလို့ဒီလိုအခြေအနေထိဖြစ်လာရတာလဲ"

ကုရွှမ်းတုကပြန်မဖြေခင် ခဏလောက်တောင့်တင်းသွားသည်။

"အချို့အရာတွေက အစကနေပြန်စရင်တောင် မပြောင်းလဲနိုင်ပါဘူး"

လင်းရုဖေးကဆက်ပြီးငြိမ်သက်လျက်ရှိသည်။

ကုရွှမ်းတုရဲ့လက်ချောင်းများကနောက်တစ်ကြီမ်ဖောက်ထွင်းမြင်ရတဲ့အနေအထားကိုပြန်ရောက်သွားကာသူခန္ဓာကိုယ်မှာအချင်းချင်းထိလို့ရတဲ့တစ်ခုတည်းအစိတ်အပိုင်းလည်းပျောက်သွားလေသည်။လင်းရုဖေးကကုရွှမ်းတုကိုစိတ်ပူတာကြောင့် နားဖို့ပြောလိုက်သည်။ကုရွှမ်းတုကလည်းလင်းရုဖေးရဲ့အခြေအ‌နေပိုဆိုးလာမှာစိုးရိမ်တာကြောင့် သူမြင်ကွင်းကနေပျောက်မသွားခင် ဂရုစိုက်ရန်တဖွဖွမှာနေလိုက်၏။

ကုတင်လွတ်ကိုကြည့်ပြီး လင်းရုဖေးလူးလှိမ့်နေပေမဲ့အိပ်လို့မပျော်ပေ။အဖျားကြီးနေတာကြောင့်သူရဲ့အသိစိတ်ကနည်းနည်းဖရိုဖရဲဖြစ်လာသည်။သူ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေပျောက်ဆုံးနေပေမဲ့အတွင်းထဲမှာသူကပြင်းထန်တဲ့စိုးရိမ်ပူပန်မှုတွေရှိနေလေသည်။

အဖျားကမြေပြိုကျသလိုပင် လင်းရုဖေးကသုံးရက်ဆက်တိုက်အပူကြီးနေခဲ့ကာ သူ့အဖျားကတတိယနေ့ရဲ့နေခင်းလောက်မှသာကျသွားလေသည်။သူရဲ့နဂိုတည်းကဖြူဖျော့နေတဲ့ပါးပြင်တွေကယခုချိန်မှာပိုပြီးသွေးမရှိသလိုဖြစ်နေတာသဖြင့် သူရဲ့အစေခံနှစ်ယောက်ကိုအတော်လေးစိတ်ပူစေသည်။ယခုရက်ပိုင်းတွေမှာ ဝူအောင်းကလင်းရုဖေးရဲ့နားကို လာ လာနေတာကြောင့်ကုရွှမ်းတုပေါ်လာတဲ့အချိန်ကနည်းသထက်နည်းလာလေသည်။လင်းရုဖေးကယဉ်ယဉ်ကျေးကျေးဖြင့် ယခုကိစ္စကိုဝူအောင်းကိုပြောပြပေမဲ့ သူကသဘောသာတူပြီးထွက်သွားဖို့ငြင်းဆိုတုန်းဖြစ်သည်။

ရလဒ်အနေဖြင့် ကုရွှမ်းတုကနှလုံးသားရဲ့အစွမ်းကြောင့်ဖိနှိပ်ခံထားရကာ လင်း‌ရုဖေးရှေ့မှောက်ကိုမပေါ်လာနိုင်တော့ပေ။

လင်းရုဖေးကစိတ်ထဲမှာစိုးရိမ်ပူပန်နေတာကြောင့် ဝူအောင်းအပေါ်မှာထားတဲ့သူ့အမြင်ကတဖြည်းဖြည်းဆိုးရွားလာသည်။ ရက်အနည်းငယ်လောက်အတူရှိပြီးတဲ့နောက်မှာတော့ ဝူအောင်းကသူနဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါမှာထူးထူးဆန်းဆန်းမျက်နှာလိုမျက်နှာရလုပ်တာက လင်းရုဖေးကိုအရမ်းစိတ်မသက်မသက်ဖြစ်စေသည်။သို့ပေမဲ့ ဝူအောင်းကတော့သူ့ပြသာနာကိုလုံးလုံးမသိတဲ့အပြင်ကိုမှ လင်းရုဖေးနားမှာနေ့တိုင်းကပ်နေလေသည်။လင်းရုဖေးကသူကိုမောင်းထုတ်ရင်လည်းသူကအိမ်အပြင်ကထောင့်နားမှာတိတ်တိတ်လေးပုန်းနေပြီးနောက် သူကိုခိုးကြည့်နေတတ်သည်။

ယခုလိုဖြစ်တာအကြိမ်အနည်းငယ်လောက်ရှိလေသည်။ဖျားနေတဲ့လင်းရုဖေးကလည်းသူနဲ့ရန်ဖြစ်ဖို့အားမရှိတာကြောင့် သူလုပ်ချင်သလိုပေးလုပ်ထားလိုက်သည်။

ထိုသုံးရက်အတွင်း လင်းရုဖေးကခေါင်းကြည်မ‌နေသည့်အပြင် များသောအားဖြင့် သတိရတစ်၀က်မရတစ်၀က်ဖြစ်နေသည်။သူသတိလစ်နေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုံရိပ်‌တွေသူစိတ်ထဲပေါ်လာကာ သူကကုရွှမ်းတုကိုတောင်မှအနီရောင်၀တ်စုံဖြင့်မြင်လိုက်ရသေးသည်။ကုရွှမ်းတုကတစ်ယောက်ယောက်ကြောင့် အော်ဟစ်ငိုကြွေးနေပုံရပြီးသူရဲ့အသံက

အလွန်သနားစရာကောင်းလှသည်။လင်းရုဖေးကကြိုးစားရုန်းကန်ပြီးနောက်ဆုံးအိမ်မက်ကနေနိုးလာလေသည်။သူ့တစ်ကိုယ်လုံးချွေးစေးများပြန်နေပြီး သူနည်းနည်းပြန်ပြီးသက်သာလာပြီးတဲ့နောက် နောက်တစ်ကြိမ်သတိပြန်လစ်သွားလေသည်။

လင်းရုဖေးရဲ့အခြေအ‌နေက ဖူဟွားနှင့်ယွီရွေ့ကိုအတော်လေးပူပန်စေကာ လင်းရုဖေးလုံး၀မသက်သာသေးတာကိုမြင်တော့ သူတို့ကခွန်းလွန်ကိုတောင်မှတိုက်ရိုက်သွားပြီး၀မ်‌ယောင်ကိုခေါ်ဖို့တောင်ပြင်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် လင်းရုဖေးရဲ့အဖျားကလုံးလုံးကျသွားပြီး သူရဲ့အသိစိတ်ကလည်းတဖြည်းဖြည်းကြည်လင်လာလေသည်။

ထိုအခါမှပဲ ဖူဟွားနှင့်ယွီရွေ့ကသက်ပြင်းအရှည်ကြီးတစ်ခုချလိုက်ရသည်။သူတို့က လင်းရုဖေးအတွက်ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့အစားအသောက်လုပ်ပေးပြီးဂရုတစိုက်‌ကျွေးလေသည်။

"သခင်လေး မသက်သာသေးရင် ကျွန်မကခွန်လွန်းကိုဓားဆွဲပြီးတော့၀မ်ယောင်ကိုသွားခေါ်တော့မလို့ပဲ"

ဖူဟွားကစိုးရိမ်နေတဲ့ပုံဖြင့်"သခင်လေးအရင်တုန်းကနေမကောင်းဖြစ်ဖူးပေမဲ့လည်း ဒီတစ်ခေါက်လောက်မပြင်းထန်ဘူးလေ"

လင်းရုဖေးက‌ဖျော့တော့စွာပြုံးပြလိုက်ကာ"အဲ့လောက်ကြီးမပြင်းထန်ပါဘူး"

"မပြင်းထန်ပါဘူး ဟုတ်လား သခင်လေးအပူကြီးနေတာသုံးရက်လောက်ရှိနေပြီ ကျွန်မကအဖျားကြောင့်ဦးနှောက်ပျက်သွားပြီးသေသွားတဲ့လူတွေအများကြီးကိုမြင်ဖူးတယ် သခင်းးလေးရဲ့အဖျားသာမကျတော့ဘူးဆိုရင် ကျွန်မလည်းဘာတွေလုပ်မိမလဲမသိဘူး"

လင်းရုဖေးကချော့မော့ပြောလိုက်သည်။

"ဟုတ်ပါပြီ မငိုနဲ့တော့ ငါ သက်သာလာပြီလေ မဟုတ်ဘူးလား"

"သခင်လေးသက်သာလာပြီလေ ဒါပေမဲ့ ကိုယ်ကိုကိုယ့်ဒီလိုမျိုးနောက်ထပ်အပင်ပန်းမခံနဲ့တော့"

ဖူဟွားကပြောဆိုလာသည်။

"ကျွန်မတို့ မကြာခင်ခွန်းလွန်ကိုပြန်ရောက်တော့မှာ ဒုတိယသခင်လေးသာသခင်လေးရဲ့အခုပုံစံကိုမြင်ရင် သူစိတ်ပူလွန်းလို့ ဘာတွေထလုပ်မလဲတောင်မသိတော့ဘူး"

သူရဲ့ဒုတိယအစ်ကိုအကြောင်းကိုကြားတာနှင့် လင်းရုဖေးရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာကာ ခေါင်းညိတ်လိုက်မိသည်။

"ဟုတ်ပါပြီ"

သူ့မျက်နှာပေါ်မှာပြည့်ဖောင်းနေတဲ့အသားတွေက သူရုတ်တရက်ပြင်းပြင်းထန်ထန်ဖျားနာမှုကြောင့်အားလုံးပျောက်သွား‌ကာ သူရဲ့မေးစေ့ကထပ်ပြီးချွန်မြလာသည်။ယင်းက မြင်ရတဲ့လူကို အတော်လေးရင်နာစေ၏။

ကုရွှမ်းတုက ညနေပိုင်းမှာပဲပေါ်လာတာများလေသည်။လင်းရုဖေးကအိပ်ပျော်နေလျှင် တိတ်တိတ်လေးကြည့်နေတတ်ပြီး နိုးနေပါကသူနဲ့စကားပြော‌ပေးလေသည်။

"ရှောင်ကျို့နောက်ဆုံးတော့နေကောင်းသွားပြီပေါ့"

ကုရွမ်းတုကနွေးထွေးတဲ့လေသံဖြင့်"မင်းသာ မသက်သာသေးရင် ကိုယ်သေလောက်အောင်စိုးရိမ်နေရမှာ"

"အကြီးအကဲ ကျွန်တော်ဖျားနေတုန်းကအိမ်မက်တစ်ခုမက်တယ်"လင်းရုဖေးကပြောလိုက်သည်။

"ဘာအိမ်မက် မက်လို့လဲ" ကုရွမ်းတုကမေးသည်။

လင်းရုဖေးက"ကျွန်တော် အိမ်မက်မက်တယ်"ဟုပြော လိုက်ပြီးနောက် သူက ကုရွှမ်းတုငိုနေတာကိုမြင်ခဲ့တယ်လိုပြောလိုက်ချင်ပေမဲ့လည်း စကားလုံးတွေကလျှာဖျားပေါ်ရောက်ခါနီးမှ ပြောင်းပြောလိုက်သည်။

"ခင်ဗျားကအနီရောင်အင်္ကျီ၀တ်ထားပြီး ကျွန်တော်ကိုပြုံးပြနေတဲ့ပုံကိုအိမ်မက်တယ်"

ကုရွှမ်းတုကကမျက်ခုံးကိုပင့်လိုက်ကာ"ဒီလိုမျိုးလား"

"ဟုတ်တယ်"

လင်းရုဖေးကနေရာတစ်ချက်ရွေ့လိုက်ကာ ကုရွှမ်းတုရဲ့မျက်လုံးထောင့်ကိုနမ်းဖို့ကြိုးစားလိုက်သည်။ 

သို့ပေမဲ့သူ သူ့ခန္ဓာကိုယ်ကိုသာဖြတ်သွားသဖြင့် ခဏလောက်စိတ်ပျက်လက်ပျက်ဖြစ်သွားပေမယ့် ကြိုးစားပြုံးပြလိုက်ကာ"ဒီလိုမျိုးလေး"


_____


စာရေးသူမှာပြောစရာရှိတယ်~


ကုရွမ်းတု : အိုး နိုး...ငါမကြာခင်ပျောက်သွားတော့မယ် ကျွန်တော်ကရှောင်ကျို့နဲ့ထိလို့ရဖို့အတွက်ကိုငါရဲ့အားတွေအကုန်ကိုသုံးလိုက်ရတယ်

လင်းရုဖေး : အကြီးအကဲ မင်းမှာပြောစရာရှိရင်ပြောလေ ဘာလို့ခင်ဗျားရဲ့ဘောင်းဘီကိုချွတ်နေရတာလဲ

___

Translated By IQ-Team.