Chapter 169
ဖျားနာခြင်း
───────
ဤနေရာကနေမထွက်ခွာခင်မှာ လင်းရုဖေးက ဝူမင်ကိုအရင်ဆုံးနှုတ်ဆက်ဖို့သွားလိုက်သည်။ဝူယင်ကသူပြန်တော့မှာမိုလို့သေချာပေါက်ပျော်နေပေမဲ့ အရမ်းသိသိသာသာကြီးတော့ဖော်မပြရဲပေ။သူက ဝူမင်ရဲ့ဘေးမှာထိုင်ကာ ပေါ့ပေါ့ပါးပါးပြုံးပြနေသည်။သူရဲ့အပြုံးက ပိုပိုပြီးစိတ်ရင်းအတိုင်းဖြစ်လာကာ လင်းရုဖေးကို စုန်းမျိုးနွယ်စုကနေထွက်သွားဖို့သူကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးဖို့မစောင့်နိုင်တော့သည့်ပုံပင်။လင်းရုဖေးက မကြာခင်ထွက်သွားတော့မယ်ဆိုတာကို ဝူမင်ကကြားတော့ သံသယတချို့ဖြင့် သူ့ကိုတစ်ခုခုကြုံတွေ့ရလို့လားဟုမေးလေသည်။
လင်းရုဖေးက အားလုံးကိုငြင်းဆိုလိုက်ကာ၊သူ့မိသားစုမှာ တစ်ခုခုဖြစ်သွားတာကြောင့် သူ့အစ်ကိုတွေက သူ့ကိုခွန်းလွန်ကိုစောစောပြန်လာဖို့ပြောလို့ဖြစ်ကြောင်းနှင့် ယင်းကလွဲလို့တစ်ခြားကိစ္စမရှိကြောင်းပြောလိုက်၏။
"ခွန်းလွန် ငါဒီနာမည်ကိုမကြားရတာတော်တော်လေးကိုကြာနေပြီပဲ....."
သူက အတိတ်ကအမှတ်တရတွေကိုပြန်တွေးမိသွားကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"စုန်းဆရာကြီးက ခွန်းလွန်ကိုအရင်တုန်းကရောက်ဖူးလို့လား"လင်းရုဖေးကမေးလိုက်သည်။
"မဟုတ်ဘူး ငါမရောက်ဖူးပါဘူး"
ဝူမင်ကငြင်းဆန်လိုက်ကာ"ဒါပေမဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ကိုအဲ့ဒီနေရာမှာ မြေမြှပ်ထားတာလေ"
လင်းရုဖေးက သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်ပြီးနောက် ချက်ချင်းပင်ပါးစပ်ကိုဖွင့်ကာ"စုန်းဆရာကြီး ခင်ဗျားတစ်ခါကပြောဖူးတာကျွန်တော်က ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့နည်းနည်းဆင်တယ်ဆို "
သူကနည်းနည်းပူပန်စွာဖြင့်မေးလိုက်သည်။
"ဆင်တာက မျက်နှာဆင်တာလား"
"မျက်နှာဆင်တာ မဟုတ်ဘူးမင်းနဲ့ကောင်းကင်ဘုံအုပ်ချုပ်သူတို့ရဲ့မျက်နှာကတစ်ခုလေးတောင်မဆင်ဘူး"
ဝူမင်ကဆက်၍ဆိုသည်။
"ကိုယ်ယောင်ကိုယ်ဝါတစ်ခုထဲနည်းနည်းလောက်ဆင်သလိုရှိနေတာ ဒါပေမဲ့နှစ်တွေလည်းကြာပြီဆိုတော့ ငါလည်းသိပ်ပြီးမမှတ်မိချင်တော့ဘူး ငါအမှတ်မှားတာလဲဖြစ်ချင်ဖြစ်မှာပါ"
သူကလင်းရုဖေးကိုသံသယမျက်လုံးဖြင့်ကြည့်လိုက်ကာ"ဘာဖြစ်လို့လဲ"
လင်းရုဖေးက အပြုံးဖျော့ဖျော့လေးဖြင့်ခေါင်းခါပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းနည်းနည်းလောက်သိချင်ရုံလေးပါ"
ဝူမင်ကမယုံသင်္ကာဖြစ်စွာမေးလာသည်။
"တကယ် ဘာမှမဖြစ်ဘူးလား"
လင်းရုဖေးကပြန်ဖြေသည်။
"ဘာမှမဖြစ်ပါဘူး"
မနေ့က ကုရွှမ်းတုကသူ့ခံစားချက်တွေကိုဖွင့်ဟ၀န်ခံတော့ သူစိတ်ထဲမှာတွေးလိုက်မိတာက သူကကောင်းကင်ဘုံအုပ်ချုပ်သူနဲ့များဆင်လို့ ကုရွှမ်းတုကသူ့အပါ် အများနဲ့မတူကွဲပြားစွာမြင်တာလားဟုပင်၊ ထို့ကြောင့်သူမထိန်းနိုင်ဘဲ ဝူမင်ထံတွင် ယင်းကိုအတည်ပြုချင်၍မေးလိုက်ခြင်းဖြစ်သည်။
ယခုမူ သူက ဝူမင်ဆီကအဖြေကိုရပြီဖြစ်ပြီး သူအတွေးတွေကအရမ်းကျဉ်းမြောင်းလိုက်တာလို့သာခံစားလိုက်ရသည်။နှစ်ပေါင်းတစ်ရာတောင်ကျော်ခဲ့ပြီဆိုတော့ ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့တူတဲ့လူအများကြီးရှိချင်ရှိနေမှာပဲ။
ကုရွှမ်းတုက ဒီအတိုင်းသူနဲ့ကြုံတွေ့ခဲ့ရုံလေးတင်...။
လင်းရုဖေး စိတ်ထဲမှာတစ်ခုခုရှိနေတာကြောင့် ဝူမင်ရဲ့အရှေ့မှာ သူ စိတ်ဓာတ်ကျနေသည့်ပုံဖြစ်နေမှာမလွှဲဧကန်ပင်ဖြစ်သည်။
သို့ပေမဲ့ ဝူမင်ဘယ်လိုမေးမေး သူကထိုအကြောင်းကိုမပြောတာကြောင့် နောက်ဆုံး ဝူမင်ကသာလက်လျှော့သွားလေသည်။
"မင်း ဝူအောင်းနဲ့တွေ့ခဲ့ရင် သေချာဂရုစိုက်နော်"
ယင်းကလင်းရုဖေးအတွက်ဝူမင်ပေးနိုင်တဲ့နောက်ဆုံးအကြံဉာဏ်ဖြစ်လေသည်။
"သူက ခေါင်းမာမာနဲ့မှားယွင်းတဲ့လမ်းကြောင်းပေါ်လျှောက်နေတာ ပြီးတော့ကောင်းကင်ဘုံအုပ်ချုပ်သူကိုလည်းတော်တော်လေးကိုနာကျည်းနေတာလေ သူ့သာ မင်းကကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ အရင်တုန်းကပစ္စည်းကိုရှာနေတာသာသိသွားရင် သူ မင်းကိုထိခိုက်အောင်လုပ်မှာကို ငါစိုးရိမ်မိတယ်"
လင်းရုဖေးက ခါးသက်သက်ပြုံးပြလိုက်ကာ"ကျွန်တော်သူကိုတွေ့ပြီးပါပြီ"
"တွေ့ပြီးပြီ ဟုတ်လား"ဝူမင်က အံဩသွားရသည်။
"ဟုတ်တယ်"
လင်းရုဖေးက ဝူမင်ကိုရှန်မိသားစုဆီမှာသူဘယ်လိုတွေကြုံတွေ့လာရတဲ့အကြောင်းကိုသေချာရှင်းပြလိုက်သည်။
ဝူမင်က နားထောင်ပြီးတဲ့နောက် မျက်မှောင်ကြုတ်သွားကာ"သူက တကယ်မော့ချန်းရှန်ကိုပြန်ပြီးအသက်သွင်းပေးလိုက်တာလား ဘယ်လိုလုပ်ဒီတားမြစ်ထားတဲ့ကျင့်စဉ်ကိုလွယ်လွယ်လေးသုံးနိုင်ရတာလဲ ဒီ ဝူအောင်းကတကယ့်ကို လူကျင့်၀တ်ဆိုတာမျိုးမရှိတော့ဘူးပဲ"
ဝူမင်သည်အရင်တုန်းကဘာတွေဖြစ်ပျက်ခဲ့လဲဆိုတဲ့အကြောင်းတော်တော်လေးသိတာကို လင်းရုဖေးသိသဖြင့် သူ့အခွင့်အရေးရတုန်းမေးလိုက်သည်။
"စွန်းဆရာကြီး ကျွန်တော်ကြားဖူးတာ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့တပည့်နှစ်ယောက်ကဆက်ဆံရေးမကောင်းဘူးဆို အဲ့ဒါဘာလို့လဲဆိုတာကိုသိလား"
ဝူမင်က သက်ပြင်းချလိုက်ပြီး "ငါသိတယ် အဲ့ဒါက..."
လင်းရုဖေးက"အဲ့ဒါ ဘာလို့လဲ"ဟုမေးလိုက်သည်။
ဝူမင်က အနည်းငယ်စိတ်ဓာတ်ကျနေသည့်ပုံဖြင့်ဖြေလာသည်။
"အဲ့ဒါကဘာလို့လဲဆိုတော့...သူတို့ကအမြဲမျက်နှာသာပေးခံရဖို့ ပြိုင်ဆိုင်နေတာလေ"
လင်းရုဖေးကတောင့်တင်းသွားရသည်။
ဝူမင်ကလင်းရုဖေးကိုအရင်တုန်းကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပြန်မပြောပြခင် ထိုအကြောင်းကိုပြန်လည်တွေးတောလိုက်မိသည်။ သို့ပေမဲ့ သူကကောင်းကင်ဘုံအုပ်ချုပ်သူအကြောင်းကိုသေချာမပြောပြပေမဲ့ ဝူအောင်းနှင့်ကုရွှမ်းတုတို့နှစ်ယောက်ကဆရာတူတူပဲဖြစ်တာကြောင့် သေချာပေါက်ထိုသူကပထမဆုံးကောင်းကင်ဘုံအုပ်ချုပ်သူဖြစ်ပေလိမ့်မည်။
ဝူအောင်းနှင့်ကုရွှမ်းတုနှစ်ယောက်စလုံးက အဖေမရှိ အမေမရှိ မိဘမဲ့တွေဖြစ်တာကြောင့်သူတို့ကိုကောင်းကင်ဘုံအုပ်ချုပ်သူကငယ်ငယ်လေးကတည်းကမွေးစားခဲ့ခြင်းဖြစ်သည်။ကောင်းကင်ဘုံအုပ်ချုပ်သူကစိတ်သဘောထားကောင်းလှတာကြောင့်သေချာပေါက် ကလေးနှစ်ယောက်စလုံးကိုအတော်လေးကောင်းပေးလေသည်။ ယင်းကြောင့်ပင် ထိုတပည့်နှစ်ယောက်ကကြီးပြင်းလာသည်အထိ အမြဲအလိုလိုက်ခြင်းခံရလေသည်။ ဝူအောင်းကအနေအေးတာကြောင့် ကုရွှမ်းတုလိုမျိုးမျက်နှာသာပေးခံရရန်မပြိုင်ဆိုင်တတ်ပေ။ ထပ်ပြီး ကုရွှမ်းတုကပိုပိုပြီးအရှက်ကင်းမဲ့တတ်လာသည်နှင့်အမျှကုရွှမ်းတု နှင့်ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ဆက်ဆံရေးကပိုပိုပြီးကောင်းလာလေသည်။
ကောင်းကင်ဘုံအုပ်ချုပ်သူကဝူအောင်းကိုလည်းကောင်းကောင်းဆက်ဆံပေမဲ့ တချိုအရာတွေကတော့အမြဲမမျှမတဖြစ်နေတတ်သည်။
နောက်ဆုံးတော့ ဝူအောင်းကကောင်းကင်ဘုံအုပ်ချုပ်သူကိုမမုန်းတီးဘဲ ထို့အစား သူရဲ့အမုန်းတရားတွေအားလုံးကိုကုရွှမ်းတုထံပုံချလိုက်တော့သည်။ နောက်ပိုင်းမတော်တဆဖြစ်ရပ်တွေဖြစ်တော့ တကယ်လို့သာဝူအောင်းသာ ကုရွှမ်းတုနီးပါးလောက်အင်းအားမကြီးရင် ယခုသူကသေချာပေါက်ကုရွှမ်းတုလက်ထဲအသတ်ခံရပြီးပြီဖြစ်သည်။ကုရွှမ်းတုကသေချာပေါက်သွားပြီးရှုပ်လို့မရသည့်လူမျိုးပင် မတော်တဆမဖြစ်ခင်မှာသူက ဝူအောင်းကိုဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့သည်။
ဝူမင်ကလည်း ထိုအကြောင်းကို အရမ်းမသိတာကြောင့်လင်းရုဖေးက သူရဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်သာအချက်အလက်အားလုံးကိုဆက်စပ်ပြီးတွေးလိုက်၏။
ဘယ်လိုကိစ္စတွေတိတိကျကျဖြစ်ပျက်ခဲ့တာလဲဆိုတာကတော့ ပထမဆုံးကောင်းကင်ဘုံအုပ်ချုပ်နှင့်သာသက်ဆိုင်လိမ့်မည်ဟုလင်းရုဖေးမှန်းလိုက်သည်။
သို့ပေမဲ့ဝူမင်ကထပ်ပြီး ဘာမှမပြောတော့ပေ။
"ကျွန်တော်ဂရုစိုက်ပါမယ် သတိပေးတဲ့အတွက်ကျေးဇူးပါ စုန်းဆရာကြီး"
လင်းရုဖေးက ဝူမင်ကိုဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
ဝူမင်သည် သူရဲ့နောက်ကျောကဝူယင်ရဲ့ရင်ဘတ်နှင့် ဖိကပ်ခြင်းမခံရခင်အထိ သူက လင်းရုဖေးကိုမှုန်သုန်သုန်ဖြင့်ကြည့်နေခဲ့သည်။
"မင်း သူ့ကိုစကားပြောတာကို မကြိုက်ဘူး"
ဝူမင်က သူ့ကိုမျက်စောင်းထိုးလိုက်ကာ"တော်သေးတာပေါ့ ငါ့မှာဒုတိယတိုက်ရိုက်တပည့်မရှိလို့"
"မင်းမှာရှိရင်တောင် အခုဆိုသူသေသွားလောက်ပြီ"
ဝူယင်ကမျက်မှောင်ကြုတ်လိုက်ပြီး "ကိုယ်က အဲ့ဒီဝူအောင်းထက်တောင်မှပိုပြီးရက်စက်တယ်လေ"
ဝူမင်သက်ပြင်းသာချလိုက်ပြီး နောက်ထပ်ဘာမှဆက်မပြောတော့ပေ။
လင်းရုဖေးတို့ဘက်ကတော့ စုန်းမျိုးနွယ်စုကနေ ပြန်ဖို့အထုတ်အပိုးတွေတောင်သိမ်းဆည်းထားပြီးပြီဖြစ်သည်။ဝူရှင်းက သူတို့ပြန်တော့မယ်ဆိုတာကိုကြားတော့ သူကလင်းရုဖေးနှင့်ရက်အနည်းငယ်လောက်ထပ်ပြီးလျှောက်လည်လို့ရသေးသည်ဟု တွေးထားတာကြောင့်နည်းနည်းလောက်စိတ်မကောင်းဖြစ်နေသေးသည်။ သို့ပေမဲ့ လင်းရုဖေးကသွားဖို့ဆုံးဖြတ်ထားပြီးဖြစ်တာကိုမြင်တော့ သူကမတားတော့ပေ။ ထို့အစား လင်းရုဖေးရဲ့ရထားလုံးထဲတက်ထိုင်ကာ လင်းရုဖေးကိုတောင်ကြားအ၀င်၀နားအထိလိုက်ပို့ပေးလေသည်။
ထိုအချိန်အထိ တောင်ကြားထဲရှိမြူခိုးတွေကမရှင်းလင်းသေးပေ။သူက တောင်ကြားရဲ့အ၀မှာရပ်နေပြီး လင်းရုဖေးကို စိတ်မပါစွာနှုတ်ဆက်စကားပြောနေသည်။
လင်းရုဖေးကသူရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ပြီးနောက် အိတ်ထဲကယွီရွေ့ရဲ့ပြောင်းဖူးသကြားလုံးကိုသူလက်ထဲသို့ထည့်ပေးလိုက်သည်။
"နောက်တစ်ခေါက် မိန်းကလေးချောချောလှလှလေးတွေကိုတွေ့ရင် ဒီလိုမျိုးမခြောက်လှန့်ရဘူးနော်"
"ဟုတ်ကဲ့"
ဝူရှင်းကခေါင်းညိတ်ပြသည်။
"လင်းကုန်းဇီက အခုဘယ်သွားမှာလဲဗျ"
"ငါ အိမ်ပြန်တော့မယ်"
လင်းရုဖေးကအပြုံးတစ်ခုဖြင့်ပြောလိုက်လေသည်။
ဝူရှင်းကဇဝေဇဝါဖြစ်သွားသည့်ပုံဖြင့်မေးလာသည်။
"လင်းကုန်းဇီ အိမ်ကိုလွမ်းလို့လား"
လင်းရုဖေးက ခေါင်းအသာညိတ်ပြလိုက်သည်။
"ဟုတ်တယ် ငါအိမ်ကိုလွမ်းလို့"
"အဲ့ဒါဆို ခင်ဗျားစောစောလေးပြန်သင့်တယ် ကျွန်တော်တောင်ရက်နည်းနည်းလောက်အပြင်ထွက်ပြီးကစားလိုက်ရင် အိမ်ကိုအတော်လေးကိုလွမ်းတတ်တယ် အထူးသဖြင့်အိမ်ကအစားအသောက်နဲ့ကျွန်တော်ရဲ့အမေကိုပေါ့"
သူကလင်းရုဖေးအားလက်ယမ်းပြလိုက်ကာ"ပြန်တော့ စောစောပြန်တော့လေ"
"ဟုတ်ပြီလေ ကျွန်တော်စောစောပြန်လိုက်မယ်"
လင်းရုဖေးက စိတ်လိုလက်ရပြုံးပြလိုက်သည်။
သူ ခွန်းလွန်ကနေဝေးကွာနေတာနှစ်၀က်လောက်ရှိနေပြီဆိုပေမဲ့ သူလက်ထဲမှာမပို့ရသေးတဲ့ဓားသိုင်းပြိုင်ပွဲဖိတ်ကြားလွှာအနည်းငယ်ကျန်သေးလေသည်။ သူပြန်ချင်သလိုသာ ပြန်သွားမယ်ဆိုရင် သူ့အစ်ကိုတွေနှင့်အစ်မကသေချာပေါက်စိတ်ပူနေမှာဖြစ်တာကြောင့် သူတို့ကိုစာရေးပြီးကြိုတင်ပို့ထားရပေမည်။သူကသေချာပေါက် ဝူအောင်းကိစ္စကိုမပြောဘဲ သူက ယခုရက်ပိုင်းအတွင်းအိမ်ကိုလွမ်းလှတာကြောင့်ပြန်လာချင်တယ်လို့သာပြောလိုက်သည်။
လင်းပျန့်ယွီနှင့် လင်းမင်ကျစ်တို့သာ ထိုစာကိုရလျှင် ဘယ်လိုလုပ်ပြီးသူတို့ရဲ့အငယ်ဆုံးညီလေးကို ယခုလိုမျိုးစိတ်ဒုက္ခခံခိုင်းလိမ့်မည်မဟုတ်ချေ။နောက်ရက် ပြန်စာပို့လာတော့လင်းရုဖေးကိုအခုချက်ချင်းပြန်လာရန်နှင့်သူတို့က သူကြိုက်တဲ့အစားအသောက်တွေပြင်ထားပြီးပြီဖြစ်ကြောင်း၊ သူတို့အားလုံလည်းသူ့ကိုလွမ်းနေကြောင်းပြောထားလေ၏။
လင်းရုဖေးက ထိုစာကိုရတော့ သူရဲ့မျက်လုံးတွေကနည်းနည်းစိုစွတ်လာရသည်။သူလက်ဖြင့်ပွတ်လိုက်တော့မှသာနောက်ဆုံးသူမျက်လုံးထဲကစိုစွတ်မှုတွေကိုဖယ်ရှားနိုင်သွားလေသည်။
ကုရွှမ်းတုက လင်းရုဖေးထွက်ခွာမှာကိုသာသိထားပေမဲ့ သူ ခွန်းလွန်ကိုပြန်မယ်ဆိုတဲ့အကြောင်းကိုတော့မသိထားပေ။ရထားလုံးကလမ်းပေါ်မှာရောက်နေတာသုံးရက်လောက်ရှိတော့မှာသာလျှင်သူတစ်ခုခုမှားနေကြောင်းသတိထားမိသွားပြီး လင်းရုဖေးကိုသူတို့လမ်းမှားနေတာလားဟုပြောလိုက်သည်။လင်းရုဖေးကခေါင်းသာခါပြပြီးသူလမ်းမမှားကြောင်း ဖိတ်ကြားလွှာတွေအားလုံးကိုပို့ပြီးပြီဖြစ်တာကြောင့် အိမ်ပြန်လို့ရပြီဟုသာဖြစ်လေသည်။
ယင်းကကုရွှမ်းတုကိုသက်သက်လိမ်လိုက်တာဖြစ်သည်။
သို့ပေမဲ့ကုရွှမ်းတုကလင်းရုဖေးလက်ထဲကဖိတ်ကြားလွှာစာရင်းကိုမသိတာကြောင့် သူနည်းနည်းတော့သံသယ၀င်သွားသဖြင့်မေးလိုက်မိသည်။
"ဒါဆို ဘာလို့ရှောင်ကျို့ကအိမ်ပြန်ရတာလဲ"
လင်းရုဖေးကပြုံးပြလိုက်ပြီး"ဖိတ်ကြားလွှာတွေအားလုံးကိုပို့ပြီးပြီဆိုတော့ ကျွန်တော်အိမ်ကိုပြန်သင့်ပြီမဟုတ်လား ပြီးတော့ကျွန်တော်ထွက်လာတာကြာပြီဆိုတော့အိမ်ကိုလည်းနည်းနည်းလွမ်းနေပြီလေ"
ယခုလိုပြောလိုက်ပြီးနောက် သူ ကုရွှမ်းတုရဲ့အခြေအနေကိုအကဲခတ်လိုက်သည်။ကြည့်ရတာဝူအောင်းကအနီးအနားမှာရှိနေပုံရပြီး သူလက်ထဲကအရာကကုရွှမ်းတုရဲ့ဝိညာဉ်ဖိနှိပ်ထားဆဲဖြစ်သည်။ရလဒ်အနေဖြင့် ကုရွှမ်းတုရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်သွားတော့မည့်အတိုင်း ဖောက်ထွင်းမြင်ရသည့်အသွင်အပြင်ဖြစ်နေပြီးလင်းရုဖေးဘေးမှာပေါ်လာတဲ့အကြိမ်အရေအတွက်ကလည်းတဖြည်းဖြည်းနည်းလာ၏။
လင်းရုဖေးကသူအပေါ်ခံစားချက်တွေရှိနေပြီးဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတို့ချစ်ခင်ကြင်နာသည့်ပုံစံလုပ်ခြင်းဖြစ်ပေမဲ့ ကုရွှမ်းတုပေါ်လာတဲ့အခေါက်ကတဖြည်းဖြည်းနည်းလာသည်။သူအပြုံးတစ်ခုကိုအားတင်းပြုံးပြလိုက်ကာ ကုရွှမ်းတုကိုနောက်လိုက်သေးသည်။
သူဒီတစ်ခေါက်ပြန်ရောက်ရင် သူအစ်ကိုတွေကိုကုရွမ်းတုအကြောင်းကိုပြောပြမည်၊ ပြီးရင် တင်တောင်းငွေကိုလည်းပြင်ခိုင်းလိုက်ပြီးကုရွှမ်းတုကိုလူရှစ်ယောက်လောက်မရမည့်ထမ်းစင်ဖြင့်မိသားစုထဲကိုလက်ထပ်၀င်ခိုင်းမည်။
ကုရွမ်းတုကနားထောင်ပြီးနောက် ရယ်မောလိုက်ကာသူတွင် တင်တောင်းငွေကအဆင့်သင့်ရှိတာကြောင့်အဆင်ပြေသည်ဟုပြောလေသည်။
နှစ်ယောက်သား အတော်လေးကြာအောင်စကားပြောပြီးတဲ့နောက်မှာတော့ကုရွှမ်းတုကပင်ပန်းသည့်အရိပ်အယောင်ပြလာသည်။လင်းရုဖေးကသူ့ကိုမြန်မြန်အနားယူရန်ပြောလိုက်သည်။ကုရွှမ်းတုကတွန့်ဆုတ်နေပေမဲ့ သူရဲ့ခန္ဓာကိုယ်အခြေအနေကြောင့်လင်းရုဖေးအရှေ့ကနေပျောက်ကွယ်သွားရ၏။
ယခု ရထားလုံးထဲမှာလင်းရုဖေးတစ်ယောက်ထဲသာကျန်ရစ်တော့သည်။သူကလိုက်ကာစကိုမကာပြတင်းပေါက်အပြင်ဖက်ကိုသူရဲ့စိတ်ထဲမှာမရေမတွက်နိုင်တဲ့အတွေးများတွေးလျက်တစ်ချက်ကြည့်လိုက်သည်။
လင်းရုဖေးကတုံးအတဲ့လူတစ်ယောက်မဟုတ်ပေ။ဝူအောင်းကသူ့ကိုအဲ့ဒီအရာကိုမပေးခင် ခွန်းလွန်ကိုပြန်ခိုင်းတယ်ဆိုကည်းက အကြောင်းပြချက်အချို့ရှိရပေမည်။ သို့ပေမဲ့ ယင်းအကြောင်းပြချက်ကဘာလဲဆိုတာကိုလင်းရုဖေးမခန့်မှန်းနိုင်သလို ဝူအောင်းကလည်းသူကိုမပြောပြပေ။
____
Translated By IQ-Team.