အပိုင်း ၁၆၈
Viewers 37k

Chapter 168
 ကောင်းကင်ဘုံအုပ်ချုပ်သူ

───────


"ရှောင်ကျို့ ယောင်ကွမ်းတိုက်ကြီးက ဖွဲစည်းပုံကြီးကိုဘယ်လိုချထားလဲသိလား"ကုရွှမ်းတုကဖြည်းဖြည်းလေးမေးလေသည်။

လင်းရုဖေး"ဖွဲ့စည်းပုံ[ အစီအရင် ]ကို ကောင်းကင်ဘုံအုပ်ချုပ်သူ ချထားတယ်ဆိုတာကိုပဲသိတာ ဘယ်လိုချထားလဲဆိုတာကိုတော့ မသိဘူး"

ကုရွှမ်းတုက ခါးသီးစွားပြုံးလိုက်ပြီး "ဟုတ်တယ် လောကကြီးထဲရှိသမျှ လူတွေကကောင်းကင်ဘုံအုပ်ချုပ်သူကယောင်ကွမ်းကိုကာကွယ်ဖို့အတွက် နှစ်ပေါင်းတစ်ရာကျော်လောက်တုန်းက ဖွဲစည်းပုံကိုချထားတယ်လိုပဲသိကြတာဒါပေမဲ့ ဖွဲ့စည်းပုံချဖို့ဘယ်လောက်ခက်လဲဆိုတာကိုမသိကြဘူး"

သူကအားလျော့စွာဖြင့်"ပြည်နယ်တစ်ခုလုံးကိုကာကွယ်နိုင်ဖို့အတွက် ဖွဲ့စည်းပုံမှာ ဖွဲ့စည်းပုံရဲ့လက်ဆောင်ချက်ကို လုပ်ဆောင်နိုင်ဖို့ ‌ဖွဲ့စည်းပုံမျက်လုံးရှိရမယ် ဖွဲစည်းပုံကအရမ်းကိုကြီးမားလွန်းတာကြောင့် စိတ်ဝိညာဉ်စွမ်းအင်အရမ်းသုံးစွဲခံရပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့လည်းမလုံလောက်ခဲ့ဘူး"

လင်းရုဖေးက ဖူမိသားစုရွာကဖူယွီပြောတာကိုအမှတ်ရသွားပြီး သူ့မျက်လုံးတွေပြူးကျယ်သွားရကာ ပါးစပ်အနည်းငယ်ဟသွားရသည်။

"အကြီးအကဲ ပြောချင်တာက"

"ဟုတ်တယ် ကောင်းကင်ဘုံအုပ်ချုပ်သူကမေတ္တာဂရုဏာကြီးမားလွန်းတယ် သူက တစ်လောကလုံးဒုက္ခရောက်နေတာကိုမကြည့်ရက်ဘူး"

ကုရွှမ်းတုနည်းနည်းလောက် ပြုံးလိုက်ပြီးတော့"ပြီးတော့လည်း အဲ့နှစ်တုန်းက မကောင်းဆိုးဝါးတွေက ယောင်ကွမ်းတိုက်ကြီးကိုထပ်ပြီးတိုက်ခိုက်ဖို့ပြင်နေကြတာ တိုက်ပွဲဖြစ်ခါနီးတော့ ကောင်းကင်ဘုံအုပ်ချုပ်သူက သူစောင့်‌နေလို့မရတော့မှန်းသိပြီး ကျားကိုသူ့ခန္ဓာကိုယ်ကိုကျွေးလိုက်တာလေ သူရဲ့အသွေးအသားတွေကို စွန့်လွှတ်ပြီး ယောင်ကွမ်းတိုက်ကြီးရဲ့ဖွဲ့စည်းပုံကြီးမျက်လုံးဗဟိုချက်မ ဖြစ်စေခဲ့တယ်"

သူမျက်နှာကပြုံးနေပေမဲ့ မျက်လုံးတွေကဆို့နင့်ကြေကွဲမှုတို့ရှိနေလေသည်။

"ရှောင်ကျို့ ကိုယ်သူ့ကိုနားချခဲ့တာတော်တော်လေးကိုကြာတယ် ဒါပေမဲ့ သူကနားမထောင်ဘူးလေ ကိုယ်မှာသူပဲရှိတော့တာလို့ပြောတော့ ကိုယ်လိမ်နေတယ်လို့သူကထင်တယ်လေ"

လင်းရုဖေးက ကုရွှမ်းတုအားဘာပြောရမှန်းမသိသဖြင့် ငြိမ်ပြီးကြည့်သာကြည့်နေမိသည်။ကုရွှမ်းတု၀မ်းနည်းနေတာကို သူသိပေမဲ့ ဘယ်လိုနှစ်သိမ့်ပေးရမလဲသူမသိတာကြောင့် သူ့လက်ကိုညင်သာစွာဆုတ်ကိုင်ပေးလိုက်သည်။ကုရွှမ်းတုကအလျင်အမြန်ပင် လင်းရုဖေးရဲ့လက်ကိုသူ့လက်ထဲတွင်အမြန်ပြန်ဆုပ်ကိုင်လာသည်။

"အဲ့ဒီအချိန်တုန်းက ကိုယ်ကအရမ်းအားနည်းနေလို့ သူကိုမတားနိုင်ခဲ့ဘူး" 

ကုရွှမ်းတုကဆက်ပြီး"ကိုယ် ဒီအတိုင်းသူသေသွားတာကိုပဲထိုင်ကြည့်နေနိုင်တယ် ကိုယ့်ကိုကိုယ် အသုံးမကျလို့မုန်းတယ် ကိုယ်သာလုံလုံလောက်လောက်သန်မာခဲ့ရင် ကိုယ့်ကဖွဲ့စည်းပုံရဲ့မျက်လုံးဖြစ်ပေးနိုင်ပြီးတော့ သူတစ်ယောက်ထဲဒါတွေကိုရင်စီးခံပြီး လုပ်စရာလိုတော့မှာမဟုတ်ဘူး"

သူ့မျက်လုံးထဲ စိတ်အားထန်သန်တဲ့လှိုင်းလုံးကြီးတစ်ခုရုတ်ခြည်းဖြတ်သွားပြီးနောက် သူအသံက ရုတ်ချည်းတိုးလျသွားရသည်။

လင်းရုဖေး"နောက် ဘာဆက်ဖြစ်သွားလဲ"

ကုရွှမ်းတု"နောက်ပိုင်းကိုယ် သူပြောခဲ့တဲ့အတိုင်း ကောင်းကင်ဘုံအုပ်ချုပ်သူဖြစ်လာတယ် ကိုယ်နည်းနည်းတော့ငြီးငွေ့မိပေမယ့် သူ့ရဲ့ဆ‌န္ဒကိုလည်းမလွန်ဆန်ချင်ဘူးလေ"

သူကပေါ့ပေါ့ပါးပါးဟန်ဖြင့်ဆက်ပြီးဆိုလာသည်။

"ကိုယ်ပုံစံနဲ့ သူနဲ့ကအတော်လေးကိုကွဲပြားတယ် ကိုယ်မုန်းတဲ့တစ်ယောက်ယောက်ကိုတွေ့ရင် အဲ့ဒီလူနဲ့လိုက်လျောညီထွေဖြစ်ဖို့နည်းကိုမစဉ်းစားဘူး သူတို့ကိုဒုက္ခများတယ်လို့ထင်ရင် ကိုယ်ကဓားနဲ့ခုတ်သတ်ပစ်လိုက်တတ်တယ်"

သူက သက်ပြင်းတိုးတိုးလေးချလိုက်ပြီး"အခု ကိုယ်ဒီအကြောင်းစဉ်းစားမိတော့ ကိုယ် အဲ့ဒီလိုမလုပ်ခဲ့သင့်ဘူး ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တာဟာတွေအကုန်လုံး‌သူခေါင်းပေါ်ပဲကျမှာလေ ဒါပေမဲ့ ကိုယ်ကငယ်သေးတော့ အဲ့ဒါတွေကိုဂရုမစိုက်ခဲ့ဘူး ကိုယ် သူ့ကိုသေလောက်အောင်လည်းချစ်တယ် မုန်းလည်းမုန်းတယ် သူစိတ်ထဲမှာ လောကကြီးပဲရှိတယ် ဒါပေမဲ့ ကိုယ့်မှာကသူတစ်ယောက်ထဲပဲရှိတာလေ ပြောပါဦး ကောင်းရဲ့လားလို့"

သူကဆက်ပြီးတော့ မကောင်းဆိုးဝါးတွေကျူးကျော်တာကိုခုခံနိုင်ပေမဲ့ ထိုနှစ်တွေတုန်းက ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့ရဲ့အသွေးအသားကိုစွန့်လွှတ်ပြီးတော့ ဖွဲ့စည်းပုံကိုသာမချခဲ့လျှင် လူတွေဘယ်လောက်တောင်သေကြေမလဲဆိုတာမသိနိုင်ပေ၊ နှစ်ရာပေါင်းများစွာကြာတဲ့အထိ ယောင်ကွမ်းတိုက်ကြီးကလူတွေကောင်းကင်ဘုံအုပ်ချုပ်သူရဲ့အမည်နာမကိုမမေ့နိုင်တာ ဖွဲ့စည်းပုံကြောင့်ဖြစ်လေသည်။ 

သို့ပေမဲ့ ကောင်းကင်ဘုံအုပ်ချုပ်သူက ဖွဲစည်းပုံချဖို့အတွက် ဘ‌ယ်လောက်ပေးဆပ်ခဲ့ရသလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပေ။

လင်းရုဖေးက နားထောင်နေရင်းဖြင့် သူ့နှလုံးသားမှာနာကျင်လာရသည်။ကုရွှမ်းတုရဲ့ပထမဆုံးကောင်းကင်ဘုံအုပ်ချုပ်သူပေါ်ထားတဲ့ချစ်ခြင်းမတ္တောကို ကောင်းကောင်း ကြားနိုင်မြင်နိုင်လေသည်။သူ တစ်ခုခုပြောချင်ပေမဲ့ တချို့သောအကြောင်းပြချက်တွေကြောင့် ကုရွှမ်းတုရဲ့ခက်ခဲလှတဲ့ပုံစံကိုမြင်ပြီးနောက် သူစိတ်ထဲမသက်မသာဖြစ်သွားရပြီး သူခေါင်းကိုငုံ့လိုက်ကာ အသံတိုးတိုးဖြင့်သာနှစ်သိမ့်လိုက်မိသည်။

"အကြီးအကဲ ၀မ်းနည်းမနေပါနဲ့"

"မဟုတ်ပါဘူး ကိုယ်၀မ်းမနည်းတော့တာ ကြာလှပြီ"

ကုရွှမ်းတုက လင်းရုဖေးစိတ်အခြေအနေပြောင်းသွားတာကိုမြင်တော့ နောက်တစ်ကြိမ်ပြုံးပြကာ လင်းရုဖေးရဲ့ လက်အားတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လိုက်ပြီး"ရှောင်ကျို့ ကိုယ်နဲ့အတူရှိနေသ၍ ကိုယ်၀မ်းမနည်းဘူး"

သူကနွေးထွေးတဲ့လေသံလေးဖြင့်"ရှောင်ကျို့ ကိုယ့်ကိုသဘောကျလား"

လင်းရုဖေးက ကုရွှမ်းတု ရုတ်တရတ်ကြီးယခုလိုမေးလာလိမ့်မယ်လို့မထင်ထား‌တာကြောင့် ခဏလောက်အံအားသင့်သွားရပေမယ့် အလိုအလျောက်ပြန်ဖြေမိသွားသည်။

"သေချာပေါက် သဘောကျတာပေါ့"

"မဟုတ်ဘူး ကိုယ်မေးတာက အကြီးအကဲနဲ့အငယ်တန်းလိုမျိုးမဟုတ်ဘူး"ကုရွမ်းတုကဆိုလာသည်။

"အဲ့ဒါက ယောက်ျားနဲ့မိန်းမကြားကလိုမျိုး"

သူ့မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည့်အခါ မည်းနက်နေတဲ့သူမျက်လုံးတွေထဲမှာ လင်းရုဖေးရဲ့ပုံရိပ်အပြည့်ကထင်းနေ၏။

"ရှောင်ကျို့ကိုယ့်ကို နမ်းချင်လား ကိုယ်တခြားသူတွေနဲ့စကားပြောရင် ၀မ်းနည်းမှာလား မင်းရဲ့နှလုံးသားထဲကိုယ်တစ်ယောက်ထဲရှိမှာလား"

ရုတ်တရတ် လင်းရုဖေးရဲ့ပါးနှစ်ဖက် နီရဲတွတ်သွားပြီး အချိန်တော်တော်လေးကြာမှနောက်ဆုံး သူ့နှုတ်ခမ်းပါးပါးလေးတွေကိုစေ့လိုက်ကာ အင်း ဟုပြော၍သဘောတူလိုက်မိသည်။

ကုရွှမ်းတုရဲ့မျက်လုံးတွေက ကွေးညွှတ်သွားရကာ သူ့အား ပေါ့ပေါ့ပါးပါး ပြုံးပြလာသည်။ 

သူက လင်းရုဖေးရဲ့လက်ကိုဆွဲကာ သူရင်ခွင်ထဲဖိကပ်လိုက်ပြီး"ကိုယ်ကောပဲ ရှောင်ကျို့ကိုသဘောကျတယ်"

ယုတ္တိရှိရှိပြောရရင် ကုရွှမ်းတုမှာရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိချေ၊ သို့ပေမဲ့ လင်းရုဖေးရဲ့လက်က နှလုံးခုန်သံပြင်းပြင်းကို မထင်မှတ်ဘဲ ခံစားမိလိုက်သည်။

ကုရွှမ်းတုရဲ့ နှလုံးသားက သူရဲ့အသွင်အပြင်လိုတည်ငြိမ်မနေ၊ ထို့အစား သူ့ရင်ဘတ်ကနေပေါက်ထွက်လာတော့မည့်အတိုင်း လျင်မြန်စွာခုန်ပေါက်နေသည်။

လင်းရုဖေးက သူ့လုပ်ရပ်ကြောင့်နည်းနည်းရှက်သွားရပြီး ‌နီရဲတွတ်နေတဲ့နားရွက်များဖြင့်ခေါင်းကိုလှည့်ကာတိုးတိုးလေးပြောလိုက်သည်။

"အကြီးအကဲရဲ့ နှလုံးခုန်သံလည်းအရမ်းမြန်နေတယ်"

"အမှန်တိုင်းပြောရရင်"ကုရွမ်းတု ကဆိုလာသည်။

"ရှောင်ကျို့ကို ပထမဆုံးမြင်တုန်းက ဒီနှလုံးခုန်နှုန်းက ဒီ့ထက်တောင် ပိုမြန်သေးတယ် ရှောင်ကျို့ကိုပြောပြလို့မကောင်းဘူးလို့ကိုယ်ကထင်လို့သာ ရှောင်ကျို့ကိုယ့်ကို ထူးဆန်းတဲ့နှာဘူးလို့ထင်သွားမှာကြောက်လို့ ငြိမ်နေလိုက်ရတာ"

လင်းရုဖေက ရှက်သွားတာကြောင့်ရယ်သာရယ်လိုက်မိပြီး"ကျွန်တော်ကဘာလို့......."

ကုရွှမ်းတုကမေးသည်။

"ရှောင်ကျို့ကကော"

လင်းရုဖေး"ဟင်"

ကုရွှမ်းတု"ရှောင်ကျို့ကိုယ့်ကိုတွေ့ရင် နှလုံးမခုန်လာဘူးလား"

ကုရွှမ်းတုရဲ့တဲ့တိုးပြောမှုကြောင့် လင်းရုဖေးဘာပြောရမလဲမသိဖြစ်သွားရသည်။ သို့ပေမဲ့ ကုရွှမ်းတုကသူ့ကိုခက်ခဲအောင်မလုပ်ပေ။

သူကပြုံးလိုက်ပြီးတော့ လင်းရုဖေးရဲ့နီရဲနေတဲ့ နားရွက်လေးကိုလက်ဖြင့်ဆွဲလိုက်ပြီးနောက် သူ့ကိုလွှတ်ပေးလိုက်သည်။

လင်းရုဖေးကလည်း ဝူအောင်းနှင့်ပတ်သတ်တဲ့ကိစ္စကိုပြောပြလိုက်ပြီးတော့ ဝူအောင်းလာသွားတယ်ဆိုတဲ့အကြောင်းနှင့် ပစ္စည်းကသူ့လက်ထဲမှာသေချာပေါက်ရှိတယ်ဆိုတဲ့အကြောင်းပြောပြလိုက်သည်။

လင်းရုဖေးက ပစ္စည်းရတာနှင့် ခွန်းလွန်ကိုပြန်တော့မည်။လင်းရုဖေးက ထိုအကြောင်းကိုသာပြောပြလိုက်ပြီး သူ့ ဝူအောင်းနှင့်အလှဲအလှယ်လုပ်ထားတဲ့အကြောင်းကိုတော့မပြောပြလိုက်ချေ။

ဝူအောင်းရဲ့လက်ထဲမှာသူ့နှလုံးသားက တစ်ချိန်လုံးရှိနေတယ်ဆိုတဲ့ ခံစားချက်က ကုရွှမ်းတုအပေါ်တချို့တလေတော့သက်ရောက်နိုင်ပေသည်။ ထို့ကြောင့်ကုရွှမ်းတုက ရှီးလျန်တောင်ပေါ်မှာလုပ်သလိုမျိုးဝူအောင်းရှိနေတုန်း သူမပေါ်လာနိုင်တော့ပေ။

သို့ဖြင့် သူနှင့်ဝူအောင်းတို့ပြောတဲ့အကြောင်းအရာကိုသိမှာမဟုတ်တော့ပေ။

ဝူအောင်းကခွန်းလွန်ကိုသူ့အနောက်ကဘာလို့လိုက်ပြန်ခိုင်းသလဲဆိုတာ သူမသိပေမဲ့ တစ်ခုခုဖြစ်တော့မယ်ဆိုတာကိုတော့သူယုံကြည်လေသည်။ကုရွှမ်းတုနှင့်ဝူအောင်းရဲ့ဆက်ဆံရေးကဆိုးရွားလှတာကြောင့် သေချာပေါက်သူ့ကိုတားဖို့ထွက်လာလိမ့်မည်ပင်။လင်းရုဖေးက သူအတွက်နှင့်ကုရွမ်းတုရဲ့အရေးကြီးဆုံးနှလုံးကို မဆုံးရှုံးစေချင်ပေ။

လင်းရုဖေးက ထင်ထားတဲ့အတိုင်း နားထောင်ပြီးနောက် ကုရွှမ်းတုကသူတို့ဘာအကြောင်းအရာတွေပြောကြလဲဆိုတာကိုမသိချေ၊ဝူအောင်း လာသွားတယ်ဆိုတာကိုပဲသိလေသည်။

သို့ပေမဲ့ သူကလင်းရုဖေးကိုဝူအောင်းပြောသမျှနားမယောင်ရန်ထပ်တလဲလဲပြောကာ၊ဝူအောင်းကရူးနေရုံသာမက အကျိုးဆက်ကိုမစဉ်စားဘဲ စည်းကမ်းမဲစွာလုပ်လေ့ရှိပြီးတော့ စိတ်နေသဘောထားက သူ့ထပ်တောင်မှဆိုးကြောင်းပြောလေသည်။

လင်းရုဖေးက ငိုရခက်ရယ်ရခက်ဖြစ်သွားရကာ"အကြီးအကဲရဲ့စိတ်သဘောထားကလည်းသေးသိမ်တယ်ဆိုတာကို သိတယ်ပေါ့လေ"

ကုရွမ်းတုက ထိုစကားကိုမရှောင်သွားဘဲ ပွင့်ပွင့်လင်းလင်းသာပြန်ဖြေလေသည်။

"လူတွေက ကိုယ့်ကိုကိုယ်အသိတရားအချို့ရှိတာ ကောင်းတဲ့အရာပဲလေ"

လင်းရုဖေး"စိတ်နေသဘောထားက အကြီးအကဲထက်တောင်မှဆိုးတာဆိုတော့ ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်မလဲ"

"သူဘာတွေလုပ်လဲဆိုတာကိုပဲ တစ်ချက်ကြည့်လိုက်လေ"

ကုရွမ်းတုကဆိုသည်။

"ရှန်ဝူချွေ့ကသူကိုရန်တောင်မစရသေးဘူး သူကဓားနဲ့တက်ထိုးတယ်လေ ဘာဖြစ်သွားလဲကြည့်လိုက် လူကိုသတ်လုနီးပါးပဲ ကျွတ်... ရုပ်ရည်ကလည်း မွေးကတည်းကကြည့်မကောင်းဘူးလေ ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့ကိုမကြိုက်ကာအံဩစရာမရှိပါဘူး"

သူ့ရဲ့ စိတ်သဘောထားသေးသိမ်တဲ့ပုံက အချို့လူတွေကိုရယ်ချင်လာအောင်လုပ်နေသည်။လင်းရုဖေးက မထိန်းထားနိုင်တော့သဖြင့် သူ့နှုတ်ခမ်းမှာအပြုံးတစ်ခုပေါ်လာရသည်။

"ဒါဆို့ အဲ့တုန်းက အကြီးအကဲနဲ့ကောင်းကင်ဘုံအုပ်ချုပ်သူကဘယ်လိုဆက်ဆံရေးမျိုးလည်း"

"အဲ့ဒါက ဆရာတပည့်ဆက်ဆံရေးပါပဲ"

ကုရွမ်းတုကပြောလိုက်သည်။

"ကိုယ်က ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ တပည့်အကြီးဆုံးပဲ"

လင်းရုဖေးက တောင့်တင်းသွားရကာ ချက်ချင်းဆိုသလို

ဝူမင်နှင့်၀ူယင်ရဲ့အခြေအနေကို သတိရမိသွားသည်။

သူစုန်းမျိုးနွယ်စုနေထိုင်တဲ့ရက်အနည်းငယ်လေးအတွင်းကိုသူတို့နှစ်ဦးက နေ့တိုင်းတစ်ယောက်နဲ့တစ်ယောက် အရမ်း အရမ်းကိုချိုမြိန်နေကြတာကိုမြင်နေရလေသည်။ အစကတော့ နည်းနည်းနေရထိုင်ရခက်ပေမဲ့ နောက်ပိုင်းသူသည်လည်းပွင့်ပွင့်လင်းလင်းဖြစ်တာကိုလက်ခံနိုင်သွားသည်။ဝူယင်ကဖော်ရွှေတတ်တဲ့ပုံပေါက်ပေမဲ့ ပိုင်ဆိုင်လိုစိတ်ကြီးမားသည်။တခြားလူတွေကဝူမင်ကိုနည်းနည်းလေးလှမ်းကြည့်ရင်တောင်မှ သူက မပျော်မရွှင်ဖြစ်နေတတ်သည်။ကံကောင်းတာက ဝူမင်ကလည်း အပြင်ကိုထွက်ရတာသိပ်မကြိုက်တာကြောင့် နှစ်ယောက်သားတစ်ယောက်နှင့်တစ်ယောက် အတော်လေးလိုက်ဖက်ညီကြသည်။

ကုရွှမ်းတုနှင့်သူ့ဆရာလည်း ယခုလိုမျိုးဆက်ဆံရေးရှိလောက်ပေမည်။

လင်းရုဖေးရဲ့နှလုံးသားလေးမှာ ရုတ်ချည်းဆိုသလိုချဉ်တူးသွားပြီး"ဒါက ဒီလိုမျိုးပေါ့"

"သူကသဘောကောင်းတယ် ဒါပေမဲ့ သူလက်ခံထားတဲ့တပည့်တွေက တစ်ယောက်ပြီးတစ်ယောက်ပိုပိုပြီးထူးဆန်းလာကြတယ် ကိုယ် ၀င်လာတဲ့အချိန်ကဝူအောင်းနဲ့တူတူလောက်ပဲ သူ့ကို ကိုယ်ရောက်ပြီးသုံးရက်အကြာမှာလက်ခံခဲ့တာ"

ကုရွှမ်းတုက ထိုနှစ်တွေတုန်းကအကြောင်းအရာကိုအေးစက်စက်ဖြင့်စတင်ပြောပြလာသည်။

"သူ့ကံကို ကျေးဇူးတင်ရမယ် နောက်ထပ်ရက်အနည်းငယ်လောက်ကြာတော့ ကောင်းကင်ဘုံအုပ်ချုပ်မှာကိုယ်ဆိုတဲ့တပည့်တယောက်ပဲရှိတော့တယ်လေ"

လင်းရုဖေးက ရယ်မောလိုက်မိပြီး"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကောင်းကင်ဘုံအုပ်ချုပ်သူက သဘောကောင်းတယ်မဟုတ်ဘူးလား"

"အဲ့ဒီအကြောင်းကိုပြောရရင်"

ကုရွှမ်းတုက လင်းရုဖေးကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ"အဲ့ဒါက သူသဘောကောင်းလွန်းလို့ လူကိုအတော်လေးစိတ်ပူစေတယ်"

လင်းရုဖေးက နှာခေါင်းကိုပွတ်ကာ သူသည်လည်းသဘောအတော်လေးကောင်းတယ်ဟုတွေးလိုက်မိသည်။

ကုရွှမ်းတုကဆက်ပြီး "ကိုယ်က အဲ့ကောင်ဝူအောင်းထက်ပိုပြီး ဉာဏ်ကောင်းတယ်လေ အဲ့ဒါနဲ့ပဲ အဲ့ကောင်ကအမြဲမနာလိုဖြစ်နေတော့တာ ဒါပေမဲ့ မနာလိုလည်းမတတ်နိုင်ဘူး ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံအုပ်ချုပ်သူက ကိုယ့်ကိုပိုပြီးတော့သဘောကျတယ်လေ"

အပြုံးလေးဖြင့်သူကဆက်၍ဆိုသည်။

"သူဒေါသထွက်ပြီးသေသွားရင် ပိုတောင်ကောင်းသေးတယ်"

ထိုသူ၏ဆိုးသွမ်းနေတဲ့ကလေးတစ်ယောက်လိုလေသံကြောင့် လင်းရုဖေးမျက်နှာထက်က အပြုံးမှာပို၍ပီပြင်လာပြီး "အကြီးအကဲက တကယ့်ကိုတော်လိုက်တာ"ဟုချော့မော့ပြောဆိုလိုက်သည်။

ကုရွှမ်းတု"သေချာတာပေါ့"

လင်းရုဖေး"ကျွန်တော် အကြီးအကဲရဲ့နှလုံးကိုပြန်ရပြီးရင် အကြီးအကဲကခွန်းလွန်ကိုကျွန်တော်နဲ့အတူလိုက်ခဲ့ရမယ်"

ကုရွှမ်းတုက လင်းရုဖေးအားကြည့်လိုက်သည်။

လင်းရုဖေးက နည်းနည်းလေးတော့ရှက်နေပုံရသည်။ 

သို့ပေမဲ့ သူစိတ်ထဲမှာရှိနေတာ‌ကိုပြောဖို့ရာ လုံလောက်တဲ့သတ္တိမွေးလိုက်ပြီး "ကျွန်တော် အစ်ကိုတွေနဲ့အစ်မက ကျွန်တော်ကိုအရမ်းချစ်ကြတယ်လေ ဒါကြောင့် ကျွန်တော်တွေ့လာတဲ့လူကယောက်ျားလေဖြစ်နေရင်လည်း စိတ်ထဲမထားလောက်ပါဘူး"

ကုရွှမ်းတုက နွေးထွေးလှသည့်လေသံလေးဖြင့်"ကောင်းပြီလေ၊ရှောင်ကျို့ သဘောအတိုင်းပါပဲ"

လင်းရုဖေးက တောက်ပစွာပြုံးလိုက်တော့သည်။

ထို့နောက် နှစ်ယောက်သားအကြာကြီးစကားတွေပြောနေခဲ့ကာမှောင်လာတော့မှပဲ လင်းရုဖေးက အနားယူဖို့အိပ်ယာသို့ဦးတည်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကုရွှမ်းတုကသူ့ဘေးမှာလှဲနေကာ သူ့ရင်ဘတ်နှင့်လင်းရုဖေးရဲ့နောက်ကျောတို့ကထိကပ်‌နေကြသည်။

မကြာမီ လင်းရုဖေးက ကုရွှမ်းတုရဲ့ဆံပင်တွေကြားထဲက ချယ်ရီပန်းရနံကို
ရှုရှိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတော့သည်။

အစကတော့ ဝူအောင်းက ထိုပစ္စည်းကိုသွားယူဖို့ ရက်အနည်းငယ်လောက်ကြာလိမ့်မယ်ဟု လင်းရုဖေးထင်ခဲ့သော်လည်း နောက်တစ်နေ့တွင် ဝူအောင်းကပြတင်းပေါက်အပြင်ဘက်မှာမတ်တပ်ရပ်နေတာကိုသူတွေ့လိုက်ရသည်။သူကလင်းရုဖေးအား ပြတင်းပေါက်ကနေ ကြည့်နေတာဖြစ်ပြီး လင်းရုဖေးအိပ်နေတာကိုနှိုးဖို့ရာ စိတ်ကူးမရှိပုံရသည်။

သူ့ပုံရိပ်ကလင်းရုဖေးကိုထိတ်လန့်သွားစေသည်။

"ခင်ဗျား ရောက်လာပြီလား"

လင်းရုဖေး ကုတင်‌ပေါ်ကနေထထိုင်လိုက်သည်။ ထင်ထားတဲ့အတိုင်း ကုရွှမ်းတုရဲ့ပုံရိပ်ကိုအခန်းထဲမှာရှာလို့မတွေ့တော့ချေ။

သူ့မျက်လုံးအားပွတ်သပ်လိုက်ပြီး "ရောက်နေတာ ဘယ်လောက်ကြာပြီလဲ ကျွန်တော်ကိုဘာလိုမနှိုးရတာလဲ"

"လင်းကုန်းဇီ အိပ်ချင်ရင်အိပ်လို့ရပါတယ် မလောပါဘူး"ဝူအောင်းကအပြုံးလေးဖြင့်ပြောလာသည်။

လင်းရုဖေးက သက်ပြင်းချလိုက်ကာ"မဟုတ်ဘူး တခြားလူတွေသာ ခင်ဗျားကိုကျွန်တော့်တံခါး၀မှာတွေ့ရင် မကောင်းဘူးလေ ဒါနဲ့ မနေ့ကကျွန်တော်ပြောတဲ့ပစ္စည်း ယူလာခဲ့ပြီလား"

"အင်း" 

ဝူအောင်းက သူ့ရင်ဘတ်အင်္ကျီထဲမှနေသစ်သားသေတ္တာသေးသေးလေးတစ်ခုထုတ်လိုက်သည်။သေတ္တာရဲ့အရွယ်အစားကိုကြည့်ရ‌သလောက် ကုရွှမ်းတု၏နှလုံး ဖြစ်နိုင်ချေများပေသည်။

လင်းရုဖေးက ယူဖို့လက်လှမ်းလိုက်ပေမဲ့ ဝူအောင်းကသစ်သားသေတ္တာအား ပြန်ဆွဲယူလိုက်တော့သည်။

လင်းရုဖေးက သူ့ကို သံသယအကြည့်ဖြင့်ကြည့်လိုက်ပေမဲ့ ဝူအောင်းကသတိထားလျက်ပြောလာသည်။

"လင်းကုန်းဇီ ဒီပစ္စည်းကိုယူလို့ရတယ် ဒါပေမဲ့ ကျွန်တော်နဲ့ခွန်းလွန်ကိုပြန်ဖို့လိုတယ် ရောက်ပြီဆိုတာနဲ့ ဒီပစ္စည်းမင်းကိုပေးမယ်"

လင်းရုဖေး "ဒါပေမဲ့ အစတုန်းကပြောတာဒီစကားမဟုတ်ပါဘူး"

"ကျွန်တော် နောင်တရသွားလို့"

ဝူအောင်းကအတော်လေးပွင့်လင်းလှသည်။

လင်းရုဖေးကမျက်မှောင်ကြုတ်ကာ"ပြောတဲ့စကားမတည်တာ ‌အကျင့်ကောင်းမဟုတ်ဘူး"

"ငါလည်းမလုပ်ချင်ပါဘူး"

ဝူအောင်း သက်ပြင်းချကာ "ဘာပဲဖြစ်ဖြစ် အဲ့ကောင်ကုရွှမ်းတုသာစောစောပြန်လာရင် ငါအတွက်အတော်လေးဒုက္ခများလိမ့်မယ်"

ကျေနပ်နေတဲ့အပြုံးကသူ့မျက်နှာပေါ်မှာ နောက်တစ်ကြိမ်ပေါ်လာကာ လင်းရုဖေးကိုကြည့်လိုက်ပြီးတိုးတိုးလေးဆိုသည်။

"လင်းကုန်းဇီ ကျွန်တော်ကိုအပြစ်မတင်ပါနဲ့ ခွန်းလွန်ကိုရောက်တာနဲ့ ဘာတွေဖြစ်နေလဲမင်းသိသွားလိမ့်မယ်"

လင်းရုဖေး ".......ခင်ဗျားကျွန်တော်ကိုပစ္စည်းကို အရင်ပေးထားလို့မရဘူးလား ကျွန်တော်ခွန်းလွန်ကိုရောက်မှ ခင်ဗျားက ကကတိမတည်တော့ရင်ကော"

"ခွန်းလွန်က လင်းကုန်းဇီရဲ့အိမ်မဟုတ်ဘူးလား"

ဝူအောင်းရယ်မောလိုက်ပြီး"ကျွန်တော်တို့ လင်းကုန်းဇီရဲ့ပိုင်နက်ထဲရောက်နေမှတော့ ကျွန်တော်ကတိမတည်မှာကိုကြောက်နေသေးတာလား"

လင်းရုဖေးက မျက်မှောင်ကြုတ်ကာ"ပြောလို့မှ မရတာ"

ဝူအောင်းသက်ပြင်းချလိုက်ပြီး"ကျွန်တော်ကိုမယုံကြည်ရင် မင်းနဲ့စာချုပ်ချုပ်နိုင်တယ် စာချုပ်ကိုကြားခံအနေနဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ဖန်တီးထားလို့ ဘယ်သူမှဒါကိုမချိုးဖောက်ရဲဘူး"

လင်းရုဖေးကစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ"

ထိုအခါမှပဲ နှစ်ယောက်သား သဘောတူလိုက်နိုင်ကြတော့သည်။

ဝူအောင်းက တော်တော်လေး၀မ်းသာသွားပုံရသည်။သူတို့စောစောထွက်ခွာရန်လိုအပ်ကြောင်း လင်းရုဖေးကိုပြောပြီးနောက်သူလှည့်ထွက်သွားတော့သည်။လင်းရုဖေးကသူ့ပုံရိပ်ကိုကြည့်ပြီး စိတ်ထဲနည်းနည်းလေးရှုပ်ထွေးသွားရသည်။ဝူအောင်းကခွန်းလွန်ကိုပြန်ခိုင်းတာအကြောင်းပြချက်တစ်ခုခုရှိရမည်ဟု သူထင်လေသည်။ဝူအောင်းရဲ့လက်ထဲမှာ ကုရွှမ်းတုရဲ့နှလုံးရှိတာကြောင့်သာ သူနှင့်အပေးအယူလုပ်ခြင်းဖြစ်၏။

ခွန်းလွန်မှာ ဘယ်အရာတွေကသူကိုစောင့်မျှော်နေလဲဆိုတာကိုမသိသဖြင့် ယခုပကတိအခြေအနေနှင့်သင့်တော်တဲ့လုပ်ဆောင်ချက်များကိုသာ ဦးစားပေးလုပ်ဆောင်ရချေမည်။

___

Translated By IQ-Team.