အပိုင်း ၁၆၇
Viewers 37k

Chapter 167



Chapter 167
 ကောင်းကင်ဘုံအုပ်ချုပ်သူ

───────

လင်းရုဖေးကအိမ်ပြန်လမ်းတစ်လျှောက်မှာ ဝူအောင်းကိုဘယ်လိုရှာရမလဲဆိုတာကို တွေးတောနေမိသည်။

လင်းရုဖေးက သူတို့နဲ့တွေ့နေတဲ့အချိန်တုန်းက ကုရွမ်းတုပေါ်မလာ၊ သူအိမ်ကိုပြန်ရောက်တော့မှပဲ နောက်တစ်ကြိမ်ပြန်ပေါ်လာသည်။ သို့ပေမဲ့သူကြည့်ရတာ စိတ်ကြည်နေတဲ့ပုံမပေါ် ၊ ဒီအတိုင်းဘေးမှာ ထိုင်နေသဖြင့် လင်ရုဖေးကသာ စိတ်ရှည်လက်ရှည်စောင့်နေရသည်။

သူက စကားပြောဖို့ ပါးစပ်တောင်မဟလာပေ။

လင်းရုဖေးက ကုရွမ်းတုအား နည်းနည်းစိတ်ပူသွားရကာ "အကြီးအကဲ ခင်ဗျားနဲ့ ဝူအောင်းကြားမှာ ဘာတွေဖြစ်ခဲ့လို့လဲ"

ကုရွမ်းတုက ပျင်းရိပျင်းတွဲဖြင့်"ဒီအတိုင်းပဲလေ မင်းအားလုံး ကြားပြီးပြီပဲ"

လင်းရုဖေး"ကျွန်တော်ကြားတယ်လေ ဒါပေမဲ့ နည်းနည်းထူးဆန်းတယ်လို့ထင်လို့ ခင်‌ဗျားတို့နှစ်ယောက် အရင်က ဆရာတပည့်ဆက်ဆံရေးဒီလောက်ကောင်းတာကို ခင်မင်ရင်နှီးမှုနည်းနည်းလောက်တော့ ရှိသင့်သေးတယ်လို့ ကျွန်တော်ထင်တယ်၊ နောက်ပိုင်းမှ ခင်ဗျားတို့ကွဲကွာသွားရင်တောင်မှ သူက ဘာလို့ဒီလိုမျိုးကိစ္စတွေကို လုပ်ရတာလဲ" 

သူက ကုရွမ်းတုအားစိတ်မကောင်းဖြစ်စွာကြည့်လိုက်ကာ "ဒီနှလုံးက အကြီးအကဲအတွက် အရမ်းအရေးကြီးတယ် ကျွန်တော်တို့ ပြန်မရနိုင်ရင်....."

သို့ပေမဲ့ ကုရွမ်းတုက ပုံမှန်အတိုင်းပြုံးပြလာသည်။

လင်းရုဖေးရဲ့စိုးရိမ်ပူပင်မှုတွေကို သူ့စိတ်ထဲမထားသည့်အတိုင်း လျစ်လျူရှုသည့်ပုံဖြင့် "ကိုယ်တို့ပြန်မရတော့လည်း ဒီအတိုင်းထားလိုက်ပေါ့ ရှောင်ကျို့သာကိုယ်ဘေးမှာရှိရင် လုံလောက်ပြီ"

သူကထိုသို့ ပြောနေရင်းမှ လင်းရုဖေးကိုမှီကာ မေးစေ့ကို သူ့ ပခုံးပေါ်သို့တင်လိုက်သည်။

လင်းရုဖေးက သူ့စိတ်တိုင်းကျလုပ်ချင်သလိုသာပေးလုပ်ထားလိုက်သည်။ 

သို့သော် သူ့စိတ်ထဲတွင်မူဝူအောင်းကို ဘယ်လိုရှာရမလဲဆိုတာကို စဉ်စားနေဆဲပင်။

ရက်အနည်းငယ်လောက်ကြာပြီးတဲ့အထိ လင်းရုဖေးတွငါ အကြံဉာဏ်ကောင်းထွက်မလာသေးပေ။ရှန်မိသားစုကိစ္စနဲ့ပတ်သတ်ပြီးတော့ ဝူအောင်းအပေါ်နားလည်မှုက သူ့တွင်အကန့်အသတ်ရှိပြီး ဝူအောင်းကိုဘယ်နေရာမှာသွားရှာရမလဲဆိုတာကို သူအမှန်တကယ်မသိချေ။

သို့ပေမဲ့ လင်းရုဖေးရှာချင်တဲ့သူက သူဘာသူတကယ်ကြီးလာရှာလိမ့်မယ်လို့ သူတကယ်မထင်ထားချေ၊ စုန်းမျိုးနွယ်စုကိုရောက်ပြီး ၆ရက်မြောက်နေ့အထိ ဝူအောင်းရဲ့သတင်းတွေကိုမကြားရပေမယ့် သူကရုတ်တရတ်ကြီးပေါ်လာသည်။

ချမ်းအေးလှတဲ့မနက်ခင်းတစ်ခုတွင် ဖူဟွားပြင်ပေးတဲ့မနက်စာကို လင်းရုဖေးစားပြီး အပြင်ထွက်ကာ စုန်းမျိုးနွယ်စုကလူတွေနှင့်စကားစမြည်ပြောရန်ပြင်လိုက်သည်။

သူအပြင်ကိုထွက်လိုက်တဲ့အချိန် တံခါးအပြင်မှာသူရင်းနှီးနေတဲ့လူတစ်ဦး ရပ်နေတာကိုမြင်လိုက်ရသည်။အစကသူအမြင်မှားတယ်လို့ထင်သွားပေမယ့် သူအမြင်မှားတာမဟုတ်တာ သေချာအောင် သူ့မျက်လုံးတွေကိုခပ်ပြင်းပြင်ပွတ်လိုက်မိသည်။

ဝူအောင်းက တကယ်ကြီးသူ့တံခါးအရှေ့မှာရပ်နေတာဖြစ်ပြီး နှစ်လို့ဖွယ်ရာအပြုံးလေးဖြင့် "လင်းကုန်းဇီ" ဟုခေါ်လိုက်၏။

လင်းရုဖေးက သူ့အားသတိထားပြီးကြည့်လိုက်ကာ"ဝူအောင်း ခင်ဗျားဘာလို့ဒီရောက်နေတာလဲ"

အစပိုင်းအံအားသင့်ပြီး နောက်တွင်တော့ လင်းရုဖေးကချက်ချင်းခုံခံသည့် အနေအထားသို့ပြင်လိုက်မိသည်။

ဘာကြောင့်မှန်းမသိ အရေးတယူရှိနေတဲ့လူတစ်ယောက်က မကောင်းတဲ့အကြံဉာဏ်တွေကိုဖွက်ထားတတ်သည်။ရုတ်တရတ်ကြီး ဝူအောင်းပေါ်လာတာ‌က သေချာပေါက်ကောင်းတဲ့ကိစ္စမဟုတ်ပေ။

ဝူအောင်း"လင်းကုန်းဇီ ကျွန်တော်ကိုရှာနေတာမလား"

လင်းရုဖေးကမေးလိုက်သည်။

"ခင်ဗျား ဘယ်လိုလုပ်သိတာလဲ ကျွန်တော့်နောက်ကို လိုက်နေတာလား"

ဝူအောင်း "မင်းနောက်ကိုမလိုက်ပါဘူး ငါလက်ထဲ အဲ့အရာရှိနေသ၍ မင်းကသေချာပေါက် ငါ့ဆီကိုလာမှာပဲ"

သူလက်မောင်းပေါ်မှာရစ်ပတ်ထားတဲ့အနက်ရောင်မြွေရှည်ကြီးက လျှာထုတ်ကာ လင်းရုဖေးကို အော်နေတာမရပ်တန့်ပေ။

လင်းရုဖေးကို သူကလောဘတကြီးကြည့်လိုက်ပြီး "အပြင်မှာ လေထန်နေတယ် လင်းကုန်းဇီ အထဲကိုသွားကြမလား"

လင်းရုဖေး "ဟုတ်ပြီလေ"

နှစ်ယောက်သား အိမ်ထဲကို၀င်လိုက်ပေမဲ့ ကုရွမ်းတုကိုဘယ်မှာမှ ရှာလို့မတွေ့၊သူကဝူအောင်းကိုမမြင်ချင်လောက်တဲ့အထိ မုန်းတီးနေတာလားဆိုတာကို သူလည်းမသိပေ။

"လင်းကုန်းဇီအတွက်တော့ ခက်ခဲကြမ်းတမ်းတဲ့ခရီးပဲ"

ဝူအောင်းကတောင့်တင်းနေတဲ့အပြုံးဖြင့် ပြုံးပြလာသည်။ သူ့ကြည့်ရတာ အမြဲတမ်းပြုံးပြလေ့မရှိလို့လားမသိ၊ ပြုံးလိုက်တဲ့အချိန်မှာ သူ့မျက်နှာတစ်ခုလုံးကနည်းနည်းရှုံတွနေသည်။

သူကခုနကစကားကိုထပ်ပြောပြန်သည်။ 

"ခက်ခဲမှာပဲ......."

"ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ပစ္စည်းကို မင်းဘယ်နေရာမှာထားထားလဲ"

လင်းရုဖေးက သူနဲ့အချိန်ဆွဲပြီးမနေလိုသဖြင့် တည့်သာသွားလိုက်သည်။

သို့ပေမဲ့ လင်းရုဖေးရဲ့စကားကိုကြားတော့ ဝူအောင်းကရုတ်တရတ်ကြီး စိတ်မတည်ငြိမ်တော့ဘဲ ဒေါသတကြီးအော်ဟစ်ပြောဆိုတော့သည်။

"အဲ့ဒီကုရွမ်းတုကို ကောင်းကင်ဘုံအုပ်ချုပ်သူလို့ သတ်မှတ်လို့တောင်မရဘူး သူက လူလိမ် လင်းကုန်းဇီ သူလှည့်စားတာကိုမခံရစေနဲ့ သူ သူ...."

လင်းရုဖေးက မျက်မှောင်ကြုတ်သွားကာ"မင်း သူကိုမကျေနပ်ရင်တောင်မှ တစ်ချိန်က သူကမင်းရဲ့ဆရာလေ သူ့အကြောင်း မင်းဒီလိုမျိုး မပြောသင့်ဘူး"

"!!!!!!"

ဝူအောင်း စိတ်လှုပ်ရှားမှုကြောင့်ထခုန်မတတ်ဖြစ်သွားရကာ မျက်နှာကလည်းဒေါသကြောင့်နီရဲတွတ်သွားတော့သည်။ သူကြည့်ရတာ တသီတတန်းကြီးဆဲချလိုက်ချင်နေသည့်ပုံရပေမဲ့ သူပါးစပ်က အရမ်းမပြောတတ်တာကြောင့် တစ်လုံးမှထွက်မလာချေ။

လင်းရုဖေးကသူ့ကိုစိုးရိမ်တကြီးဖြင့်ကြည့်လိုက်မိသည်။ 

ဒေါသကြောင့် မူးလဲချင်သလိုဖြစ်နေရသဖြင့် ဝူအောင်းကစကားတစ်ခွန်းကိုဖျစ်ညစ်ပြောလိုက်ရသည်။

"အလိမ်အညာတွေ... သူကမဟုတ်ဘူး ...သူကငါရဲ့ဆရာမဟုတ်ဘူး"

လင်းရုဖေး "မင်းရဲ့ဆရာက ကောင်းကင်ဘုံအုပ်ချုပ်သူမဟုတ်ဘူးလား"

"သေချာပေါက် ကောင်းကင်ဘုံအုပ်ချုပ်သူပေါ့"

ဝူအောင်းကရင်ကိုကော့ပြီးတော့ဂုဏ်ယူစွာဖြင့်ပြောလာသည်။

 "ငါရဲ့ဆရာက ကမ္ဘာပေါ်မှာအကောင်းဆုံးပဲ"

လင်းရုဖေးက ဝူအောင်းကိုမယုံသင်္ကာဖြစ်စွာကြည့်လိုက်မိသည်။ 

အခုချိန်မှာ ဒီကိစ္စရဲ့အမှန်တရားက သူရှေ့မှောက်မှာ အပြည့်အ၀ပေါ်ထွက်လာပြီဖြစ်သည်။

အရင်ကတော့ သံသယအရိပ်အမြွက်တွေရှိခဲ့ပေမဲ့ လင်းရုဖေးက သူရဲ့ထင်မြင်ချက်ကအရမ်းကို အဓိပ္ပာယ်မရှိတာကြောင့် မကြာသေးခင်က သူနောက်ပို့လိုက်တာဖြစ်သည်။ သို့ပေမဲ့ ယခုသူ့အရှေ့မှာရှိနေတာက သမိုင်းကြောင်းမှာ ပါ၀င်ပတ်သတ်ခဲ့သူတစ်ဦးဖြစ်ကာသူကိုကြည့်လိုက်တော့လည်း လိမ်နေသည့်ပုံမရ၊သူပြောတာက ကုရွမ်းတုကသူရဲ့ဆရာမဟုတ်ဘူး၊သူရဲ့ဆရာက ကောင်းကင်ဘုံအုပ်ချုပ်သူဆိုပြီးပြောနေသဖြင့်...

 ဒါဆိုကုရွမ်းတုက ကောင်းကင်ဘုံအုပ်ချုပ်သူမဟုတ်ဘူးလို့ပြောချင်တာလား ဒါမှမဟုတ် တခြားနည်းအတိုင်းစဉ်စားလိုက်ရင် ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံအုပ်ချုပ်သူတစ်ယောက်ထပ် ပိုပြီးရှိနေတာလား...။

ထိုအတွေး သူ့စိတ်ထဲပေါ်လာသည်နှင့် အရင်တုန်းသူထူဆန်းတယ်လို့တွေးခဲ့တဲ့ အရာတွေအားလုံးက ယခုတော့ရှင်းလင်းသွားချေပြီ။ ကောင်းကင်ဘုံအုပ်ချုပ်သူက မတူညီတဲ့လူတွေဖြစ်သဖြင့် ဘာကြောင့် အများကြီးကွဲပြားနေရတာလဲဆိုတာမျိုးကိုပေါ့၊ ဘာလို့တချို့လူတွေက သူကိုကြင်နာတတ်တယ်လို့ပြောကြပြီးတော့ တချို့တွေကသူကိုရန်လိုတတ်တယ်လို့ပြောကြသလဲဆိုတာပင်။ကောင်းကင်ဘုံအုပ်ချုပ်သူကတစ်ယောက်ထက်မက ရှိတယ်ဆိုတာပေါ်သွားချေပြီ။

တစ်ယောက်က ဝူအောင်းရဲ့ဆရာဖြစ်ပြီး နောက်တစ်ယောက်က ကုရွမ်းတု...။

လင်းရုဖေးက မယုံသင်္ကာဖြင့်မေးလိုက်သည်။

"မင်းပြောတာက ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံအုပ်ချုပ်သူနှစ်ယောက်ရှိတယ်ပေါ့"

"ဟုတ်တယ်" 

ဝူအောင်းက ထိုကိစ္စကိုဖုံးကွယ်ထားဖို့ စိတ်ကူးမရှိသဖြင့် ၀မ်းနည်းနေသည်ပုံဖြင့်ပြန်ဖြေလေသည်။

"အဲ့ဒီကုရွမ်းတုက ကောင်းကင်ဘုံအုပ်ချုပ်သူဆိုတဲ့နာမည်နဲ့ မထိုက်တန်ဘူး သူကကောင်းကင်ဘုံအုပ်ချုပ်သူရဲ့နာမည်ကိုသုံးတဲ့ လူလိမ်အကြီးစားပဲ သူကဆရာကိုလိမ်လည်လှည့်ဖျားပြီး ဘိုးဘေးတွေကိုအရှက်ခွဲတဲ့ကောင် တစ်လောကလုံး တကယ့်ကောင်းကင်ဘုံအုပ်ချုပ်က ကျဆုံးသွားတာကြာပြီကိုမသိဘဲ သူ့လှည့်စားတာခံနေရတာ"

ထိုကိစ္စမှာအတော်လေး တုန်လှုပ်ဖို့ကောင်းတာကြောင့် လင်းရုဖေးသည်လည်း အတော်လေးလန့်သွားရကာ သူကဝူအောင်းကိုကြည့်ကာ မေးလိုက်သည်။

"အဲ့ဒီတုန်းက ဘာတွေများဖြစ်ခဲ့လိုလဲ"

ဝူအောင်းက အေးစက်စက်လေသံဖြင့်မေးလိုက်သည်။

"ကုရွမ်းတုက မင်းကို ဘာတွေပြောပြထားသေးလဲ"

လင်းရုဖေး "သူက အဲ့တုန်းကဘာတွေဖြစ်ခဲ့လဲဆိုတဲ့အကြောင်း သိပ်မပြောပြဘူး" 

ကုရွမ်းတုကတစ်ခုခုကိုပြောပြခဲ့ရင်တောင်မှ တော်တော်များများက ခရီးသွားခဲ့တဲ့အကြောင်းတွေဖြစ်ကာ ကောင်းကင်ဘုံအုပ်ချုပ်သူအကြောင်းပြောတာရှားလှသည်။ သေချာပေါက် သူဘယ်လိုမျိုးကျဆုံးတာလဲဆိုတာကိုလင်းရုဖေးကို ပြောပြမှာမဟုတ်၊အစက လင်းရုဖေးသည် ထိုနှစ်က၀မ်းနည်းစရာကိစ္စကိုပြန်မပြောချင်လို့ဟုသာထင်လိုက်ပြီး ယခုသူ သေချာလေးတွေးကြည့်တော့မှ တချို့ကိစ္စတွေက ပြောပြဖို့ရာမလွယ်ကူပေ။

ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံအုပ်ချုပ်သူနှစ်ဦးရှိနေတဲ့ကိစ္စကအရမ်းကိုမယုံကြည်ချင်စရာကောင်းကာ ဘယ်သူမှလည်းတွေးမိမှာမဟုတ်ပေ။

"မင်းသိချင်ရင် အဲ့တုန်းကဘာတွေဖြစ်ခဲ့လဲ မင်းကိုပြောပြလို့ရတယ်"ဝူအောင်းကပြောလေသည်။

"ဒါပေမဲ့ မင်းကိုဒုက္ခပေးပါရစေ လင်းကုန်းဇီ ကျွန်တော်နဲ့အတူခွန်းလွန်ကိုပြန်ပါ"

"ခွန်းလွန်ကို ဘာလို့ပြန်ရမှာလဲ" လင်းရုဖေးကမေးလိုက်သည်။

ဝူအောင်း"လင်းကုန်းဇီ ကျွန်တော့်ကိုအချို့အရာလေးတွေကူညီပေးမှရမယ်"

လင်းရုဖေးက ပြန်မေးလိုက်သည်။

"ကျွန်တော်က ခင်ဗျားကိုဘာလို့ကူညီပေးရမှာလဲ"

ဝူအောင်းက ပြုံးလိုက်ကာ"လင်းကုန်းဇီ အရမ်းကြီးစိတ်ပူဖို့မလိုဘူး ဒါပေမဲ့ ဒီကိစ္စက မင်းတစ်ယောက်ထဲကပဲကူညီနိုင်မှာ"

လင်းရုဖေးက သူရဲ့တောင်းဆိုချက်ကိုအချိန်တစ်ခုကြာအောင်စဉ်းစားလိုက်ပြီး "ကျွန်တော်ရဲ့အကူအညီလိုတယ်ဆိုရင်လည်း ဖြစ်ပါတယ် တစ်ခုပဲ ဝူမင်ဆီကယူလာတဲ့ပစ္စည်း ကျွန်တော်ကိုပေးရမယ်"

ကုရွမ်းတုကကောင်းကင်ဘုံအုပ်ချုပ်သူမဟုတ်ပေမဲ့ လင်းရုဖေး စိတ်ထဲမှာသူရဲ့အကြောင်းကိုတွေးနေတုန်းဖြစ်သည်။

သို့ပေမဲ့ ဝူအောင်းက ထိုစကားကိုကြားတာနဲ့ ချက်ချင်းပေါက်ကွဲသွားကာ"လင်းကုန်ဇီ ကုရွမ်းတုက တကယ်ကိုလူကောင်းမဟုတ်ဘူး ဘာလို့သူအကြောင်းတွေး‌နေရသေးတာလဲ ငါသာ သူရဲ့အဲ့ပစ္စည်းကိုအရင်ကတည်းကဖျက်ဆီးလိုက်ရင် သူတစ်သက်လုံး ဒါကိုရတော့မှာမဟုတ်ဘူး"

လင်းရုဖေးက သက်ပြင်းချကာ"အို့ ၀မ်းနည်းစရာပဲ ကျွန်တော်လည်း ဒါဆို ဒီတောင်းဆိုချက်ကို မကူညီပေးနိုင်တော့ဘူး"

သူကလက်နှစ်ဖက်ကိုဖြန့်လိုက်ပြီး မတတ်နိုင်သည်ပုံလုပ်ပြလိုက်သည်။

ဝူအောင်းရဲ့ မျက်လုံးတွေက ဒေါသကြောင့်နီရဲတွတ်နေကာ လင်းရုဖေးကိုစူးစူးရဲရဲစိုက်ကြည့်နေသည်။

အဆုံးတွင်တော့အရှူံးပေးလိုက်ရကာ"ဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲ နှစ်ပေါင်းရာနဲ့ချီပြီးရှိနေတာတောင်မှ ဘာလို့ဒီလိုပဲလဲ"

လင်းရုဖေးက သူဘာပြောတာလဲဆိုတာကိုနားမလည်ပေမဲ့ သူအလျင်မလိုတာကြောင့် လက်ဖက်ရည်ကိုသာဖြည်းညင်းစွာသောက်လိုက်သည်။

ဝူအောင်း စိတ်ထဲဘယ်လောက်တောင်မှလွန်ဆွဲလိုက်ရသလဲဆိုတာကိုသူမသိပေမဲ့ နောက်ဆုံးမှာတော့ သူက အံကိုကြိတ်လျက်"ဟုတ်ပြီလေ ငါ သူ့ကိုပြန်ပေးနိုင်တယ် ဒါ‌ပေမဲ့ မင်းချက်ချင်းငါနဲ့အတူခွန်းလွန်ကိုပြန်ရမယ်"

လင်းရုဖေးက ခေါင်းညိတ်ပြလိုက်ကာ"ဟုတ်ပြီလေ ခင်ဗျား
ပစ္စည်းကိုအရင်ပေးသ၍ပေါ့"

ဝူအောင်းက အံကိုကြိတ်လိုက်ပြီး တစ်စုံတစ်ရာကိုရေရွတ်လိုက်သည်။သူက လင်းရုဖေးနားမလည်နိုင်တဲ့ ဒေယိယစကားဖြင့်ပဲပြောနေခြင်းပင်။သို့ပေမဲ့ သူနားလည်ဖို့မလိုအပ် ဝူအောင်းက ကုရွမ်းတုရဲ့ပစ္စည်းပေးဖို့သာလိုအပ်လေသည်။

ဝူအောင်းကထွက်မသွားခင် သူရက်အနည်းငယ်လောက်နေရင်ပြန်လာမည်ဟုလင်းရုဖေးနှင့်သဘောတူလိုက်ပြီး လင်းရုဖေး လိုချင်တဲ့ပစ္စည်းကိုယူလာပေးမည်ဖြစ်သည်။

တစ်ဆက်တည်း သူဘယ်အချိန်လာမလဲဆိုတာကိုပါမေးလိုက်သည်။လင်းရုဖေးက သူနှင့်အတူ ခွန်းလွန်ကိုပြန်ရန်အတွက်ပြင်ဆင်ရမည်ဖြစ်သည်။

လင်းရုဖေးက သဘောတူလိုက်သည်။

ဝူအောင်းထွက်သွားတော့ လင်းရုဖေးက ကုရွမ်းတုကိုခေါ်လိုက်သည်။ ခဏလောက်ကြာတော့ နောက်ဆုံးကုရွမ်းတုက ပေါ်လာသည်။အကြောင်းပြချက်တစ်ချို့ကြောင့်သူရဲ့ပုံရိပ်က ပျောက်ကွယ်တော့မဲ့မှင်ပန်းချီကားလိုမျိုး အရင်ကထပ်ဖျော့တော့သွားသည်။

လင်းရုဖေးက အကြီးအကဲလို့စိတ်ပူစွာအော်ခေါ်လိုက်တော့ ကုရွမ်းတုကခေါင်းကိုမော့ကြည့်လာသည်။သူကြည့်ရတာ၀မ်းနည်းနေပုံရပြီး ရှည်လျားကျဉ်းမြောင်းတဲ့ ဖီးနစ်မျက်လုံးဖြင့်သူ့ကိုကြည့်ကာ

 "ရှောင်ကျို့"

လင်းရုဖေးကမေးလိုက်သည်။

"ဝူအောင်းပြောတာ အမှန်ပဲလား"

"အင်း"ကုရွမ်းတု ခေါင်းညိတ်ပြသည်။

လင်းရုဖေး "ဒါဆို လောကမှာ ကောင်းကင်ဘုံအုပ်ချုပ်သူနှစ်ယောက်ရှိတာအမှန်ပေါ့ ခင်ဗျားက.......နောက်ပိုင်းတစ်ယောက်ပေါ့"

ကုရွမ်းတုကခေါင်းညိတ်ပြသည်။

"ဟုတ်တယ်"

လင်းရုဖေး သေချာလေးမပြောသေးခင် ခဏလောက်တွေးတောလိုက်ပြီး"ပထမဆုံးကောင်းကင်ဘုံအုပ်ချုပ်သူက ဘယ်လိုကျဆုံးသွားရတာလဲ"

သူမေးလိုက်ပြီးမှ ကုရွမ်းတုကသူပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်မှုလွဲမှာဆိုးတာကြောင့် အလျင်စလိုထပ်ပြောလိုက်ရသည်။

"ခင်ဗျား ပြောသမျှ ကျွန်တော် အကုန်ယုံတယ်"

သို့ပေမဲ့ ကုရွမ်းတုက သူ့ကိုအပြုံးဖျော့ဖျော့လေးသာပြုံးပြလာပြီး "ရှောင်ကျို့သိချင်ရင် အကုန်လုံးပြောပြမယ်"

ထိုစကားတွေသူ့ပါးစပ်ထဲကထွက်သွားသည်နှင့် သူရဲ့ခန္ဓာကိုယ်က
ရေလှိုင်းထသွားသလိုမျိုး ရုတ်တရက်တုန်ယင်သွားသဖြင့် ယင်းက လင်းရုဖေးရဲ့နှလုံးသားအစွန်းကိုထိသွားသလိုမျိုးတုန်ယင်ထိန့်လန့်သွားစေသည်။သူကအရှေ့ကိုတိုးပြီး ကုရွမ်းတုကိုထိန်းပေးဖို့ပြင်လိုက်ပေမဲ့ ကုရွမ်းတုကလက်အသာယမ်းပြကာ သူအဆင်ပြေကြောင်းပြလိုက်သည်။


__

Translated By IQ-Team.