အပိုင်း ၁၆၆
Viewers 37k

Chapter 166




Chapter 166
 အဖြစ်မှန်ပေါ်ပေါက်ခြင်း

───────


လင်းရုဖေးက သူ ဝူမင်နှင့်စကားပြောဖို့အခွင့်ရေးရှိမယ်လို့မထင်ထားပေမဲ့ ဝူယင်ရဲ့ပုံစံကိုကြည့်လိုက်တော့လည်း သူ့မှာအပြစ်မရှိတာသေချာပုံရသည်။

သူနဲ့ဝူမင်ကသူ့ကို တကယ်ကိုအထင်လွဲသွားမိတာလား

ဝူယင်ကလှည့်ထွက်သွားကာ ဝူမင်ကတော့ဘာမှပြောင်းမလဲသွား၊ သူကဝူယင်သောက်ထားတဲ့လက်ဖက်ရည်ခွက်ကို ကောက်ယူကာသောက်လိုက်ပြီး "လင်းကုန်းဇီက ဝူယင်ကိုပြောပြဖို့အဆင်မပြေဘူးလို့ ခံစားရမှာတော့ ကျွန်တော်ကို ပြောပြရတာအဆင်ပြေမလား မင်းကဘာကို တိတိကျကျရှာနေတာလဲ ငါအစွမ်းကုန်ကြိုးစားပြီးမှတ်မိနိုင်မလားဆိုတာကြည့်လိုက်မယ်လေ"

လင်းရုဖေး"ခင်ဗျားနဲ့ဝူယင်က....."

"မနေ့က မင်းနဲ့စကားပြောပြီးတော့ ငါ တစ်ခုခုကိုသတိရသွားတယ် ငါ ဒီကိစ္စကိုဆက်ပြီးတော့သေချာမသိချင်တော့ဘူး"

ဝူမင်က ပြန်ဖြေသည်။

"သူ ငါ့ကိုလိမ်ထားတယ် ဒါပေမဲ့တစ်ခါတစ်လေမှာ တချို့အရာတွေကအမှန်တရားကိုမသိတာပိုကောင်းတယ်"

လင်းရုဖေး"ဒါကိုဘယ်လိုဖြစ်ပြီးတော့......"

ဝူမင်ကသူ့မျက်လုံးတွေကို‌အပေါ်ကိုပင့်တင်ပြီးတော့လင်းရုဖေးကိုကြည့်လိုက်သည်။

"လင်းကုန်းဇီကကျွန်တော်သိတဲ့မိတ်ဆွေဟောင်းတစ်ယောက်နဲ့နည်းနည်းတူတယ်"

လင်းရုဖေးကမေးလိုက်မိသည်။

"မိတ်ဆွေဟောင်းလား"

ဝူမင်ကပြန်ဖြေသည်။

"ဟုတ်တယ် မိတ်ဆွေဟောင်း"

သူကဆက်ပြီးတော့"အစကတော့ မင်းရဲ့အငွေ့အသက်ကိုရင်းနှီးနေတယ်လို့ထင်နေတာ ဒါပေမဲ့ မနေ့ကတစ်ညလုံးစဉ်းစားပြီးတော့ မှ လင်းကုန်းဇီမျက်ခုံးတွေကသူနဲ့အနည်းငယ်တောင်မှဆင်နေသေးတယ်လေ"

လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်ကာ"ဒါဆို မိတ်ဆွေဟောင်းကဘယ်သူလဲ"

ဝူမင်ရဲ့အသံကတိမ်၀င်၀င်သွားပြီး"အဲ့ဒါက........ကောင်းကင်ဘုံအုပ်ချုပ်သူ"

လင်းရုဖေးက တောင့်တင်းသွားရသည်။ သူက ‌ဝူမင်ပါးစပ်ကနေယခုလိုမျိုးစကား ကြားရလိမ့်မယ်လို့မထင်ထားခဲ့ချေ။

သူက ချက်ချင်းပင် ဝူမင်ရဲ့မှတ်ဉာဏ်ကယုံကြည်လို့မရကြောင်းတွေးလိုက်မိသည်။ဘာပဲဖြစ်ဖြစ် သူဘေးမှာရှိနေတဲ့ကုရွမ်းတုနဲ့ သူနဲ့ကနည်းနည်းလေးတောင်ဆင်တယ်လို့မခံစားရပေ။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော်က ဘယ်လိုဖြစ်ပြီးကောင်းကင်ဘုံအုပ်ချုပ်သူနဲ့တူမှာလဲ"

ဝူမင်ကပြန်မေးလိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

လင်းရုဖေး"ကျွန်တော် ကောင်းကင်ဘုံအုပ်ချုပ်ရဲ့ပုံစံကိုစာအုပ်တွေထဲမှာအရင်တုန်းကတွေ့ဖူးတယ် ကျွန်တော်နဲ့အတော်လေးကို မတူတာပါဗျာ ခင်ဗျား မှတ်မိတာများ မှားနေတာလား"

"ငါ မှတ်မိတာ မမှားပါဘူး" ဝူမင်ကသေချာနေပုံရသည်။

လင်းရုဖေးက ထိုကိစ္စမှာပဲထပ်ပြီး‌အချိန်ဆွဲမနေတော့ပေ။ကုရွမ်းတုက ကောင်းကင်ဘုံအုပ်ချုပ်သူဖြစ်ပြီး ဒါကိုလည်းအတည်ပြုပြီးပြီဖြစ်တာကြောင့် ဝူမင်အမှတ်မှားတာဖြစ်ရပေမည်။ ထို့အပြင် သူကကောင်းကင်ဘုံအုပ်ချုပ်သူနဲ့တူသည်ဖြစ်စေ မတူသည်ဖြစ်စေ အရေးမကြီးပေ။ ယင်းကဒီအတိုင်းတိုက်ဆိုင်မှုတစ်ခုသာဖြစ်၏။

"အဲ့ဒါဆို ခင်ဗျားကို ကောင်းကင်ဘုံအုပ်ချုပ်သူက ဘာပေးခဲ့လည်းဆိုတာကိုကော မှတ်မိလား"

ဝူမင်ရဲ့မှတ်ဉာဏ်ကနည်းနည်းပြန်ကောင်းလာပြီဖြစ်တာကြောင့် လင်းရုဖေးအသိချင်ဆုံးမေးခွန်းကိုမေးလိုက်သည်။

သူ အစကတော့အရမ်းမမျှော်လင့်ထားပေမဲ့ ဝူမင်းကဖြည်းဖြည်းချင်းခေါင်းညိတ်ပြကာ"မှတ်မိတယ်"လို့ပြောလေသည်။

လင်းရုဖေးကအံအားသင့်သွားရကာ"မှတ်မိတယ်လား"

ဝူမင်ကခေါင်းညိတ်ပြပြီး"အင်း အရင်ကငါမှတ်ဉာဏ်တွေက တစ်စွန်းတစ်စဖြစ်နေတာ ဒါပေမဲ့လင်းကုန်းဇီ အချို့အရာလေးတွေကို သတိပေးလိုက်တော့ ကျွန်တော်အားလုံးကိုမှတ်မိသွားပြီ"

သို့ပေ‌မဲ့ သူမျက်နှာပေါ်၌ ပျော်ရွှင်နေတဲ့အရိပ်အယောင်မရှိ"အဲ့ဒီအရာက အရမ်းကိုအရေးကြီးတယ် ငါ ဒါကိုအလေးအနက်ထားပြီးဂရုစိုက်ခဲ့ပေမဲ့ စုန်းမျိုးနွယ်စုဖရိုဖရဲဖြစ်တော့ ကိုယ့်ကိုကိုယ်တောင်ဂရုစိုက်ဖို့မအားတဲ့အချိန် ပေါ့ဆသွားမိလို့ ကံမကောင်းဘဲအခိုးခံလိုက်ရတယ်"

"အခိုးခံလိုက်ရတယ်"

လင်းရုဖေးက အံဩသွားရကာ "ဘယ်သူခိုးသွားလည်းသိလား"

ဝူမင်ကသက်ပြင်းချလိုက်ပြီး"ငါ အနည်းငယ်လောက်တော့ခန့်မှန်းမိတယ်"

လင်းရုဖေးက စိုးရိမ်သွားကာ"ဘယ်လို"

ဝူမင်ကဆက်ပြီး "တကယ်လို့ သူဖြစ်ခဲ့ရင်တောင်မှ မင်းသူကိုရှာတွေ့ဖို့မလွယ်ဘူး"

"ဘယ်သူလဲ"ဟုမေးလိုက်သည်။

ဝူမင်ကပြန်ဖြေလိုက်သည်။

"ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ဒုတိယတပည့် ဝူအောင်း"

လင်းရုဖေးက နောက်တစ်ကြိမ် ထပ်ပြီးတောင့်တင်းသွားရပြန်သည်။သူ ထိုလူဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားပေ။

သူရုတ်တရတ် တစုံတရာကိုသတိရသွားပြီး "ခဏလေး...ခဏ...ဒုတိယတပည့် ဟုတ်လား သဘောက အကြီးဆုံးတပည့်ရှိလည်းသေးတာလား"

"အင်း" ဝူမင် ခေါင်းညိတ်လိုက်သည်။

ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့နာမည်ကိုတစ်လောကလုံးသိကြပေမဲ့ သူရဲ့တပည့်တွေကိုတော့သိပ်မသိကြ၊အကြီးဆုံးတပည့်ပဲဖြစ်ဖြစ် ဒုတိယတပည့်ပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက နတ်ဘုရားတွေမှ ဖွက်ထားတဲ့အတိုင်းစာအုပ်ထဲမှာမှတ်တမ်းမတင်ထားပုံရသည်။ 

ယင်းကအတော်လေးကိုထူးဆန်းသည့် ကိစ္စပင်၊ဘာပဲဖြစ်ဖြစ်သူတို့ရဲ့ဆရာကဒီလောက်အင်အားကြီးတာကို တပည့်တွေကဘာလို့လုံး၀နာမည်မကြီးရတာလဲ။

"ကျွန်တော် ဘာလို့မကြားဖူးရတာလဲ ယုတ္တိရှိရှိပြောရရင် ကောင်းကင်ဘုံအုပ်ချုပ်သူက အရမ်းကျော်ကြားတာကို သူတပည့်တွေရဲ့မှတ်တမ်းဘာညာတော့ရှိသင့်တယ် မဟုတ်လား"

လင်းရုဖေးက ထိုကိစ္စကိုအရမ်း ထူးဆန်းတယ်လိုခံစားရလေသည်။

"ဒီကိစ္စက ထူးဆန်းတယ်လည်းမဟုတ်ပါဘူး"

ဝူမင်ကအေးအေးလူလူပင်"သူတို့ဘယ်သူဆိုတာကိုပြောလို့မရတဲ့အကြောင်းရင်းအချို့ရှိလို့နေမယ် စုန်းမျိုးနွယ်စုကဝူအောင်းလေ ငါ သူ့ကိုကောင်းကောင်းသိတယ် သူကောင်းကင်ဘုံအုပ်ချုပ်သူရဲ့တပည့်ဖြစ်သွားတော့ သူပြန်လာခဲတယ်လေ ကောင်းကင်းဘုံအုပ်ချုပ်သူ မတော်တဆ‌ဖြစ်ပြီးတော့ သူလုံး၀ပျောက်သွားတာ ဒါကြောင့် ငါ့ဆီမှာကောင်းကင်ဘုံအုပ်ချုပ်သူထားခဲ့တဲ့ပစ္စည်းကို သူ ခိုးသွားလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့မိဘူး"

လင်းရုဖေးကမေးလိုက်သည်။

"ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့ဝူအောင်းရဲ့ဆက်ဆံရေးက အတော်လေးကိုဆိုး၀ါးတာလား"

ဝူမင်သက်ပြင်းချလိုက်ကာ"တကယ်တော့ မဆိုးလှပါဘူး ကောင်းကင်ဘုံအုပ်ချုပ်သူက ကြင်နာတတ်တယ် သူရဲ့ကျင့်ကြံရေးအဆင့်ကအရမ်းမြင့်ပေမဲ့ သူရဲ့နှလုံးသားက‌ဂရု‌ဏာတရားကြီးမားလှတယ် သူ့လက်အောက်မှာ တပည့်နှစ်ယောက်ထဲပဲရှိတာကို ဘာကြောင့်ဒီတပည့်နှစ်ယောက်ကို ဒုက္ခခံခိုင်းရမှာလဲ"

လင်းရုဖေးကဒါကို စဉ်းစားလိုက်ပေမဲ့ သူက ကုရွမ်းတုရဲ့ကောက်ကျစ်စဉ်းလဲတဲ့သဘောထားက ကြင်နာတတ်တယ်ဆိုတဲ့စကားနဲ့လုံး၀ကိုမကိုက်ညီဟု သူယုံကြည်ဆဲဖြစ်သည်။ သို့ပေမဲ့ ဝူမင်နှင့်ကုရွမ်းတုက မိတ်ဆွေကောင်းတွေဖြစ်တာကြောင့် သူ တွေးလေတွေးလေ ထူးဆန်းလာလေဖြစ်သည်။

သူမေးခွန်းတွေမေးဖို့အရမ်းအလျင်မလိုပေ၊ စိတ်ရှည်ရှည်ဖြင့် ဝူမင်ပြောပြတာကိုဆက်ပြီးနားထောင်နေလိုက်သည်။

"အဲ့ဒီတော့ ဆရာနဲ့တပည့်ကြားကဆက်ဆံရေးကမဆိုးပါဘူး"

ဝူမင်းကဆက်ပြီး"ကံမကောင်းတာက နောက်ပိုင်း ယောင်ကွမ်းဖွဲ့စည်းပုံကြီးကိုချဖို့အတွက် ကောင်းကင်ဘုံအုပ်ချုပ်သူက ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပြီး‌တော့ ဆရာတပည့်ဆက်ဆံရေးလည်းပြတ်တောက်သွားတယ်လေ"

ယင်းကို လင်းရုဖေးကနားမလည်နိုင်ဖြစ်သွားရကာ"ဘယ်လို့ဖြစ်ပြီး ဒဏ်ရာလေးတစ်ခုကြောင့် ဆရာတပည့်ဆက်ဆံရေးက ပြတ်တောက်သွားရတာလဲ"

ဝူမင်ကသက်ပြင်းချကာ"ဒါက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့လျှိုဝှက်ချက်တွေပါလို့ ငါလည်း မင်းကိုအများကြီးပြောပြလို့မရဘူး"

လင်းရုဖေးကမျက်မှောင်ကြုတ်သွားကာ"အဲ့ဒီလိုဆိုရင်တောင်မှ ကောင်းကင်ဘုံအုပ်ချုပ်သူက သူတပည့်တွေကို သဘောထားကြီးကြီးဆက်ဆံပေးတာကို သူတပည့်တွေက ကောင်းကင်ဘုံအုပ်ချုပ်သူ သူတို့ကိုပေးခဲ့တဲ့ကြင်နာမှုတွေကိုတော့သတိရသင့်ပါတယ်"

"မင်းပြောတာမှန်တယ်"

ဝူမင်းက ခါးသက်သက်ပြုံးပြလိုက်ကာ"သူတို့အားလုံး မှတ်မိပါတယ်"

"နောက်တော့ ဘာဆက်ဖြစ်သေးလဲ" လင်းရုဖေးကစပ်စုလိုက်သည်။

ဝူမင်း "နောက်ပိုင်း ကောင်းကင်ဘုံအုပ်ချုပ်သူပြန်ကောင်းလာခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဝူအောင်းနဲ့ဆက်ဆံရေးကတော့ပိုပြီးတင်းမာလာတယ်လေ နောက်ဆုံးမှာ ဝူအောင်း ဒီလိုမျိုးလုပ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး လောလောဆယ်ငါအခြေအနေနဲ့ ဝူအောင်းရဲ့သဲလွန်စတစ်ခုလေးတောင်ငါမရှာနိုင်သေးဘူး"

လင်းရုဖေးက သက်ပြင်းသာချကာ"ဒါဆိုလည်း ကျွန်တော်ပြန်ပြီး ဝူအောင်းကိုဘယ်လိုရှာရမလဲစဉ်းစားလိုက်ပါမယ်"

ဝူမင်က ရေးတေးတေးပြုံးပြလိုက်ကာ"အဲ့ဒါက အကောင်းဆုံးဖြစ်မှာပါ"

ကိစ္စကို အတော်လေးအဖြေရှာတွေ့သွားတော့ လင်းရုဖေးထရပ်ပြီးနှုတ်ဆက်စကားပြောရန်ပြင်လိုက်သည်။ သို့ပေမဲ့ သူထွက်မသွားခင်မှာ ဝူမင်ရဲ့အခြေအနေကို နည်းနည်းတော့စိုးရိမ်နေသေးသည်။သူကလေသံကိုတိုးလိုက်ပြီး ဝူယင်ကိုမထားခဲ့ချင်တာသေချာလားဟု ဝူမင်ကိုမေးလိုက်သေးသည်။

တကယ်လို့ဝူမင်က ခြိမ်းခြောက်ခံထားရရင် ဝူမင်ကိုကယ်ဖို့သူနည်းလမ်းရှာမည်ပင်။

ဝူမင်ကပြန်ဖြေသည်။

"လင်းကုန်းဇီ ရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ် ငါ့ကို စိုးရိမ်ဖို့မလိုပါဘူး ဝူယင်ကငါ့အပေါ် အတော်လေးကောင်းပါတယ်"

လင်းရုဖေး သေချာအောင်ပြန်မေးလိုက်ကာ"သေချာရဲ့လား"

ဝူမင်ကခေါင်းညိတ်ပြလေသည်။

သူတံခါး၀ကိုရောက်တော့ အိမ်အပြင်က‌ဝါးထိုင်ခုံပေါ်မှာဝူယင်ကမျက်လုံးမှိတ်ကာတရေးတမောအိပ်နေလေသည်။လင်းရုဖေးရဲ့ခြေသံကိုကြားတော့ သူပါးစပ်ဖွင့်ကာပြောလိုက်သည်။

"လင်းကုန်းဇီက မြစ်ကိုဖြတ်ကူးနေတဲ့မဟာယန ကိုယ်ကိုကိုယ် အရင်ဆုံးကောင်းကောင်းဂရုစိုက်ပါ"

လင်းရုဖေးကပြန်ဖြေလိုက်သည်။

"သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် စုန်းဆရာကြီး"

ဝူယင်က"ငါ မင်းကိုလိုက်မပို့တော့ဘူး"ဟုပြောလာသည်။

လင်းရုဖေးက လှည့်ထွက်သွားတော့သည်။ဝူယင်က ‌‌ဝူမင်ရဲ့အရှေ့မှာပဲကြင်ကြင်နာနာပြုမှုတတ်တာပင်။ တကယ်တော့ လင်းရုဖေးက ဝူမင်ကိုတိတ်တိတ်လေးသွားရှာတုန်းက သူအလွန်တရာမုန်းတီးခဲ့တာကို သတိရလိုက်သည်။

လင်းရုဖေးထွက်သွားပြီး ဝူယင်ကအိမ်ထဲကိုနောက်တစ်ကြိမ်ပြန်၀င်လိုက်တော့ ဝူမင်ကခုံပေါ်မှာတိတ်တိတ်လေးထိုင်ပြီး သူလက်ထဲကလက်ဖက်ရည်ခွက်အားတယုတယပွတ်သပ်နေသည်။

"သူ သွားပြီလား"

"သွားပြီ"‌

ဝူယင်က ဝူမင်ရဲ့အနောက်ကိုဖြည်းဖြည်းလေးလျှောက်သွားကာ တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။

ဝူမင်က အဖက်ခံရတာကြောင့်နည်းနည်းအသက်ရှူမ၀ဖြစ်ကာ ချောင်းတစ်ချက် နှစ်ချက်လောက် ခပ်အုပ်အုပ်ဆိုးလိုက်သည်။ သို့ပေမဲ့ သူက ဝူယင်ကိုသူ့အားလွှတ်ပေးရန်မပြောပေ။သူလက်ချောင်းနဲ့လက်ဖက်ရည်ခွက်ကိုပုတ်လိုက်ပြီး ခပ်အုပ်အုပ်မေးလိုက်သည်။

"အခုမှ ကြောက်ရကောင်းမှန်းသိပြီလား"

ဝူယင်က သူကဲ့ခေါင်းအားဝူမင်ရဲ့လည်ပင်းထဲနှစ်မြှပ်ထားက ဝူမင်ရဲ့ခန္ဓာကိုယ်မှ ထူးခြားတဲ့ရနံသင်းသင်းလေးကိုရှူရှိုက်နေပြီး" ဆရာကို ထွက်သွားခွင့်မပြုဘူး ဘယ်သူမှဆရာ့ကိုကျွန်တော်ဆီကနေလုယူသွားလို့မရဘူး"

ဝူမင်ကသက်ပြင်းချကာ"မင်းလည်း အတော်လေးကိုရက်စက်တာပဲ"

"ကျွန်တော်သာရက်မစက်ရင် ခင်ဗျားကိုရနိုင်မှာတဲ့လား"

ဝူယင်ကရယ်မောလိုက်ကာ"ကောင်းကင်ဘုံအုပ်ချုပ်သူ ဘာဖြစ်သွားလည်းပဲကြည့် သူ့တပည့်က မရက်စက် ရက်တာကြောင့်မဟုတ်လား"

ဝူမင်သူ့နှုတ်ခမ်းပါးပါးလေးတွေကိုသာစေ့ပိတ်ထားလိုက်ပြီးဘာမှမပြောတော့ချေ။

"သူသာဒီထက်ပိုပြီးရက်စက်ခဲ့ရင် ဒီနေ့ဒီအခြေအနေမှာသူဘယ်လိုဖြစ်သွားမလဲ"

ဝူယင်ကဆက်ပြီးတော့"ခန္ဓာကိုယ်ကပျောက်ကွယ်သွားပြီး ဝိညာဥ်အစိပ်စိပ်အမြွှာမြွှာဖြစ်သွားတယ်လေ ပြီးတော့သူမှာသင့်တော်တဲ့အသွင်ပြင်လေးတစ်ခုတောင်မရှိတော့ဘူး သူချစ်ရတဲ့လူကိုခဏတာလေးဖက်ဖို့တောင်မှ..."

ဝူမင်ကအကြာကြီးတိတ်ဆိတ်သွားပြီး"ဒါပေမဲ့ အဆုံးမှာ သူပြန်လာနေတုန်းပဲလေ"

"သူပြန်လာတော့ကော......"

ဝူယင်ကလှောင်ရယ်လိုက်ပြီး "မင်းဆီမှာသူချန်ထားခဲ့တဲ့ပစ္စည်းက ဝူအောင်းယူသွားတာကြာပြီ မင်း ကိုယ့်ကိုကိုယ်သိပါတယ် ဘာပစ္စည်းလည်းဆိုတာကို ကိုယ်သေချာမသိပေမဲ့ သူကမင်းဆီမှာချန်ထားကတည်းက အရမ်းအရေးကြီးတဲ့ပစ္စည်းပဲဖြစ်မယ်"

ဝူမင်က သူကိုမျက်စောင်းထိုးလိုက်ပြီး"ငါမင်းကိုအပြစ်တင်မှာကို မကြောက်ဖူးလား"

"ဘာကြောက်စရာရှိလို့လဲ ဆရာကိုထိခိုက်အောင်လုပ်ထားတာမှမဟုတ်တာ အများဆုံးတစ်ကိုယ်ကောင်းဆန်ခဲ့ရုံလေးပဲကို"

သူကဝူမင်ရဲ့နားရွက်ကိုကိုက်လိုက်ကာ မကြာခင်သွားကိုက်ရာ ရေးရေးလေးပေါ်လာတာကိုကျေနပ်သွားသည်ပုံဖြင့်ကြည့်နေသည်။

"မင်းမကြောက်ရင်လည်း ငါကိုလွှတ်ပေး"

ဝူမင်ကစိတ်မပျော်သည့်ပုံဖြင့်"ဒီထက်ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ထားရင် ငါအသက်ရှူလို့တောင်ရမှာမဟုတ်တော့ဘူး"

ဝူယင်က ဂရုမစိုက်ဘူးဟုပြောနေပေမဲ့ သူရှေ့ကလူကို သူ့ခန္ဓာကိုယ်ထဲနှစ်မြှပ်ထားချင်တုန်းဖြစ်သည်။

ဝူမင်ကယခုလိုအရာတွေကိုဂရုမစိုက်ဘူးဆိုတာသူသိပေမဲ့ ဝူမင်က သူကိုအပြစ်တင်မှာကိုတော့ သူစိုးရိမ်တုန်းဖြစ်သည်။

ဝူယင် "မလွှတ်ဘူး"

ဝူမင်ကသက်ပြင်းချကာ"မင်း....."

"မလွှတ်လိုက်ချင်ဘူး"

ဝူယင်က အပြုံးလေးဖြင့်"ကိုယ် လွှတ်လိုက်ရင် ဆရာကတစ်ယောက်ယောက်နဲ့ထွက်ပြေးသွားမှာ"

ဝူမင် နောက်ထပ်ပြောစရာမရှိတော့ပေ။လွန်ခဲတဲ့နှစ်ပေါင်းရာကျော်က သူကစုန်းမျိုးနွယ်စုရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး စုန်းဆရာတစ်ဦးဖြစ်ခဲ့ကာ သူလက်အောက်မှာမရေမတွက်နိုင်အောင်များပြားတဲ့တပည့်တပန်းများရှိသည်။ သို့သော် သူအား အကုန်လုံးနီးပါးကြောက်ရွံကြပြီး ဝူယင်တစ်ယောက်ထဲကသာ
အေးတိအေးစက်နိုင်သည့်သူ့ကိုမကြောက်ရွှံခြင်းဖြစ်သည်။ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ သူက သူကျောနောက်မှာ ကပ်တွယ်နေတဲ့အနံအသက်ဆိုးတဲ့ပိုးကောင်လိုမျိုးဖြစ်နေပြီး၊အချိန်ကြာတော့ သူလည်းနေသားကျလာကာ ဝူယင်ကိုတောင်မှတဖြည်းဖြည်းမှီခိုလာမိသည်။

သူက ဖလှယ်ရတာမျိုး ဒါမှမဟုတ် တယောက်ယောက်နဲ့လိုက်လျောညီထွေနေရတာမျိုးကိုမကြိုက်ပေမဲ့ သူ‌ကစုန်းမျိုးနွယ်စုရဲ့စုန်းဆရာကြီးဖြစ်နေတာကြောင့် များစွားသောကိစ္စရပ်တွေကိုတာ၀န်ယူရန်အတင်းအကျပ်ဖိအားပေးခံရသည်။ သို့ပေမဲ့ ဝူယင်က တော်တော်များများကိုတာ၀န်ယူလိုက်တော့ ဝူမင် ဒုက္ခမများတော့ပေ။

နောက်ပိုင်း စုန်းမျိုးနွယ်စုကဖရိုဖရဲဖြစ်သွားပြီး ဝူမင်ကအပြင်းအထန်ဒဏ်ရာရသွားကာ သေလုနီးပါးဖြစ်သွားခဲ့လေသည်။ဝူယင်က သူကို့ လျှိုဝှက်နည်းတွေကိုသုံးပြီးကယ်တင်နိုင်ခဲ့ပေမဲ့ သူရဲ့မှတ်ဉာဏ်အတော်များများကပျောက်ဆုံးသွားခဲ့သည်။အချိန်အကြာြာကြီးအိပ်စက်အနားယူပြီးမှသာ သူရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည်။

သို့သော် သူဘယ်သူလဲဆိုတာကိုမူ မမှတ်မိတော့ ဝူယင်ကသူ့ကို ဝူမင်နှင့်လုံး၀ကိုမသက်ဆိုင်သော သာမာန်သေမျိုးတစ်ယောက်ဖြင့်သာသက်ဆိုင်တဲ့ နာမည်တစ်ခုပေးခဲ့သည်။

ထိုစဥ်ကတည်းက ဝူမင်ရဲ့မှတ်ဉာဏ်ကတစ်ပိုင်းတစ်စဖြစ်နေပြီး တခါတလေ သူကအတိတ်ကတစ်ခုခုကိုမှတ်မိတက်ကာ တစ်ခါတစ်လေမှာတော့ သူကဝူယင်ဆီမှာညစ်တီးညစ်ပတ်အကြံအစည်ရှိနေတယ်လို့ မယုံသင်္ကာဖြစ်မိလေသည်။ သို့ပေမယ့် ထိုအကြောင်းကိုတွေးမိလိုက်တိုင်း ဝူယင်ရဲ့ညစ်တီးညစ်ပတ်အကြံအစီက တစ်ခုတည်းသာ ရှိပုံရသည်။

အဲ့ဒါကတော့.......

"ရှုပ်နေတာ တော်တော့"

ဝူမင်က တစ်ခုခုကိုခံစားမိသွားပြီး သူရဲ့အသံကမကောင်းတော့ပေ။

"ငါရဲ့ခါးက နာနေတုန်း"

ဝူယင်က မကျေမနပ်ဖြင့်"ဆရာက ကျွန်တော်ကိုမကြိုက်တော့ဘူးလား ကျွန်တော်ကိုအမြဲတမ်းအော်တယ်"

"ငါ့ ကိုဆရာလို့မခေါ်နဲ့"

ဝူမင်ကနည်းနည်း စိတ်မသက်မသာဖြစ်သွားကာ "နာမည်ပဲခေါ်"

ဝူမင်ရဲ့မျက်နှာပေါ်မှာ ရှက်ရွှံနေတဲ့အရိပ်အယောင်အချို့ကိုတွေ့တော့ ဝူယင်ကပြုံးလိုက်ပြီး "ဆရာက ရှက်လို့လား"

သူကဝူမင်ရဲ့နား နားကပ်ကာတိုးတိုးလေးပြောလိုက်သည်။

"ဆရာရှက်‌နေတဲ့ပုံလေးက ချစ်စရာအကောင်းဆုံးပဲ တစ်ကိုယ်လုံး နီရဲနေတယ်လေ"

နောက်ပိုင်းစကားလုံးတွေကအရမ်းတိုးလွန်းတာကြောင့် တခြားလူမကြားနိုင်ပေ။ 

သို့ပေမဲ့ ဝူမင်ကမူကြားနိုင်သဖြင့် သူကချက်ချင်းပင် ဝူယင်ကို စိတ်ရှုပ်‌နေတဲ့ပုံဖြင့်ပြောလိုက်သည်။

"၀ူယင်..."

"အိုး" ဝူယင်က မျက်တောင်ခက်လိုက်မိသည်။

ဝူမင်"မင်းလုပ်ရဲလား...."

သူကခြိမ်းခြောက်တဲ့စကားပြောလို့မဆုံးခင်လေးမှာပဲ သူကဝူယင်ဆီကအနမ်းခံလိုက်ရပြီးအားဖြင့်နောက်တစ်ကြိမ် ပွေ့ဖက်ခံလိုက်ရသည်။အစကခုခံချင်နေတဲ့သူရဲ့ခန္ဓာကိုယ်က တစ်စုံတစ်ရာကိုခံစားမိတာကြောင့်ပျော့ပျောင်းသွားရသည်။ဝူယင်ကပြုံးပြနေပေမဲ့ သူကနည်းနည်းစိတ်မအေးဖြစ်နေရသည်။ဝူမင်ကသူ့ကိုအပြစ်တင်မလား ဒါမှမဟုတ် သိသွားလို့ပဲလင်းရုဖေးနောက်လိုက်ပြီးထွက်သွားမလားဆိုတာကိုလည်း သူမသိပေ။ သို့ပေမဲ့ သူမေးတော့မမေးရဲ၊ အပြုအမှုတွေနဲ့သာဖော်ပြနိုင်သည်။

ဝူမင်ကသက်ပြင်းသာချလိုက်မိပြီး ရုန်းကန်နေတာကိုရပ်ကာ ဝူယင်ရဲ့တောင့်တင်းနေတဲ့စိတ်ခံစားချက်တွေကိုပွင့်ထွက်ခိုင်းလိုက်ရ၏။


___


Translated By IQ-Team.