Chapter 165
Chapter 165
အဖြစ်မှန်ပေါ်ပေါက်ခြင်း
───────
"မင်း ဘာပြောလိုက်တာ"
လင်းရုဖေးစကားကိုကြားတော့ ဝူမင်းကနည်းနည်းစိတ်လှုပ်ရှားသွားပုံရသည်။
သူကလင်းရုဖေးကိုလှမ်းဆွဲလိုက်ပြီးတိုးတိုးလေးပြောလာသည်။
"ငါကဘယ်သူလဲ မင်းပြောတဲ့အတိုင်းဆိုရင်..."
"ဝူမင် ကောင်းကင်ဘုံအုပ်ချုပ်သူကို မှတ်မိလား" လင်းရုဖေးကမေးလိုက်သည်။
ဝူမင်ရဲ့မျက်လုံးတွေကအနည်းငယ်လောက်ကျဉ်းမြောင်းသွားရကာ စဉ်စားနေပုံရသည်။
"ငါမှတ်တော့မမှတ်မိပေမဲ့ သူကိုသိတယ်"
လင်းရုဖေးက ဝူမင်ရဲ့မျက်နှာအမှုအယာကိုအကဲခတ်လိုက်ပြီး သူ့အမှုအရာကနေတစ်ဆင့် သဲလွန်စအချို့ကိုသတိပြုမိသွားသည်။ယခုလက်ရှိဝူမင်ရဲ့နာမည်ကဘာလဲဆိုတာသူမသိ သေချာပေါက်နာမည်ကဝူမင်တော့ဖြစ်မှာမဟုတ်ပေ။ သို့ပေမဲ့ သူကဝူမင်ဆိုတဲ့ စကားလုံးကိုပြင်းပြင်းထန်ထန်တုန့်ပြန့်ကတည်းကအကြောင်းပြချက်တစ်ခုခုရှိကိုရှိရပေမည်။
ထင်တဲ့အတိုင်း ဝူမင်ကသူ့နေတဲ့အိမ်ကိုပြန်လှည့်ကြည့်လိုက်ပြီး လင်းရုဖေးကိုခေါင်းညိတ်ပြကာ"မင်းသိထားသမျှ ငါကိုအသေးစိတ်ပြောပြ"
လင်းရုဖေးက မေးမြန်းလိုက်သည်။
"ခင်ဗျား ဘာကိုမှတ်မိတာလဲ"
ဝူမင်ကခေါင်းကိုခါပြပြီး မရေမရာပြန်ဖြေလေသည်။
"ငါအများကြီးတော့ မမှတ်မိဘူး ဒါပေမဲ့ ငါ ရေးတေးတေးလေးလောက်ပဲသိတယ်"
ယခု သူရဲ့မှတ်ဉာဏ်ကအလွန်တရာကိုဆိုးဝါးလှပြီး အရင်တုန်းကဖြစ်ခဲ့တဲ့ကိစ္စအများအပြားကိုမမှတ်မိချေ။ သို့ပေမဲ့ တစ်ခါတလေ ထူးဆန်းတဲ့မှတ်ဉာဏ်အစိတ်အပိုင်းအချို့ကိုကသူခေါင်းထဲပေါ်လာတတ်ပေမဲ့ တော်တော်များများကသူအရင်တုန်းကမမြင်ဖူးတဲ့လူအချို့နှင့်ပုံရိပ်တွေသာဖြစ်သည်။တစ်ကြိမ်ထက်ပိုပြီးဖြစ်လာတော့ ဝူမင် စိတ်ထဲမှာသံသယအချို့ကိန်းအောင်းလာသည်။အချို့သောအကြောင်းပြချက်တွေကြောင့် သူနှင့်ဝူယင်ကအတော်လေးကောင်းမွန်တဲ့ဆက်ဆံရေးရှိပေမဲ့ ထိုကိစ္စရပ်တွေကိုမပြောပြခဲ့ချေ။
ဤသို့ဖြင့် လင်းရုဖေးက ဝူမင်နှင့်ဝူယင်တို့အကြောင်း သူ့ကိုပြောပြလိုက်တော့ ဝူမင်ကနားထောင်လေလေ သူ့မျက်မှောင် ပို ပိုပြီးကြုတ်လာလေလေဖြစ်သည်။
နောက်ဆုံးသူရဲ့မျက်နှာအမှုအယာက မရေမရာအချို့ရှိနေသည့်ပုံဖြင့်"အဲ့တော့မင်းပြောတာက ဝူယင်နဲ့ငါကတစ်ချိန်က ဆရာတပည့်ဖြစ်ခဲ့တာပေါ့ တစ်ခုခုဖြစ်သွားပြီးတော့ ငါတို့အတူရှိသွားကြတယ်"
လင်းရုဖေးကအများကြီးမပြောတော့ ဘာပဲဖြစ်ဖြစ်သူ့လည်း ထိုအချိန်တုန်းကအဖြစ်အပျက်တွေကိုသိတာလည်းမဟုတ်၊သူက သူတို့နှစ်ယောက်အခုလက်ရှိဆက်ဆံရေးမျိုးဖြစ်အောင်အထိ ဝူမင်နှင့်ဝူယင်ကဘာတွေဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုလည်း သူ မသိပေ။
ဝူမင်ကဆက်ပြီးတော့မေးမြန်းနေသည်။
"ဒီတစ်ခေါက် မင်းစုန်းမျိုးနွယ်စုကိုလာတာ ဘာအကြောင်းကြောင့်လဲ"
"ကျွန်တော်ရဲ့အကြီးအကဲတစ်ယောက်က ခင်ဗျားဆီမှာတစ်စုံတစ်ရာထားခဲ့တာကို ကျွန်တော်ကိုပြန်ပြီးသွားယူခိုင်းတာကြောင့် ကျွန်တော်ဒီကိုအထူးတလည်ရောက်လာရတာပါ"
ဝူမင်က မေးလိုက်မိသည်။
"ငါ့ဆီမှာလား"
လင်းရုဖေးကခေါင်းညိတ်ပြလိုက်သည်။
ဝူမင်ကမေးလေသည်။
"ဘာပစ္စည်းလဲ"
လင်းရုဖေးက ခဏလောက်တော့ချီတုံချတုံဖြစ်သွားရပေမဲ့ သူခေါင်းကိုသာခါပြလိုက်သည်။
"ကျွန်တော်လည်းမသိဘူး"
ဝူမင် ဆက်လက်ပြီးတော့"မင်းရဲ့အကြီးအကဲက ဘယ်သူလဲ သူကငါဆီမှာတစ်ခုခုကိုထားခဲ့တယ်ဆိုတော့ သူနဲ့ငါရဲ့ဆက်ဆံရေးကကောင်းမယ်ထင်တယ် ဟုတ်တယ်မလား"
လင်းရုဖေးကပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် သူက.....ကောင်းကင်ဘုံအုပ်ချုပ်သူပါ"
ဝူမင်ကအံအားသင့်သွားကာ"ကောင်းကင်ဘုံအုပ်ချုပ်သူ ဟုတ်လား ငါကကောင်းကင်ဘုံအုပ်ချုပ်သူနဲ့မိတ်ဆွေတွေတဲ့လား"
သူကသူဘယ်သူလဲဆိုတာကိုမသိသေးပေမဲ့ "ကောင်းကင်ဘုံအုပ်ချုပ်သူ"ဆိုတဲ့နာမည်ကိုတော့သိသေးသည်။
ဝူမင်ရဲ့မျက်နှာအမူအယာကခန့်မှန်းလို့မရပေ။
နောက်ဆုံးသူကခေါင်းကိုမော့ပြီးလင်းရုဖေးလာတဲ့အရပ်ကိုကြည့်လိုက်ကာ"မင်း အရင်ဆုံးပြန်သင့်တယ် မနက်ဖြန်ရောက်မှငါ့ကိုလာရှာ သူရဲ့အခမ်းအနားကပြီးခါနီးပြီ သူမကြာခင်ပြန်ရောက်တော့မယ်"
"ကောင်းပြီလေ" လင်းရုဖေးကခေါင်းညိတ်ပြလိုက်သည်။
"မင်းဘာပဲလုပ်လုပ် ဂရုစိုက်" ဝူမင်ကတိုးတိုးလေးပြောလာသည်။
လင်းရုဖေးက လှည့်ထွက်လာခဲ့လိုက်သည်။သူနေတဲ့နေရာကိုလမ်းလျှောက်ပြန်နေချိန်တွင် ထုံတမ်းဓလေ့ပြီးသွားပြီဖြစ်တဲ့ဝူယင်ကသူ့ဘေးကနေဖြတ်သွားတာကိုတွေ့လိုက်ရသည်။သူတို့နှစ်ယောက် တစ်ယောက်ကိုတယောက်ကြည့်မိလိုက်ကြပြီး ဝူယင်ကလင်းရုဖေးကိုပေါ့ပေါ့ပါးပါးပြုံးပြလာသည်။
သူ့စိတ်ထဲတစ်စုံတစ်ခုသာရှိမနေပါက စုန်းမျိုးနွယ်စုကတကယ်ကိုနေလို့ထိုင်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်သည်။ရာသီဥတုကအေးမြရုံသာမက အစားအသောက်တွေကလည်းလင်းရုဖေးအကြိုက်အရမ်းလတ်ဆက်ကာ အီစိမ့်မနေ၊ စုန်းမျိုးနွယ်စုကလူတွေကလူစိမ်းကိုမနှစ်မသက်တာမျိုးလည်းမဖြစ်ကြပေ။
ပြောရလျှင် သူတို့ကအပြင်လူဖြစ်တဲ့လင်းရုဖေးအပေါ်အတော်လေးကိုနွေးနွေးထွေးထွေးဆက်ဆံပေးလေသည်။လင်းရုဖေးလက်ဗလာနှင့်လမ်းလျှောက်ထွက်သွားတိုင်း သူ့လက်ထဲမှာသေးငယ်တဲ့လက်ဆောင်အမျိုးအစားစုံလင်စွာဖြင့်ပြန်လာရလေသည်။
သို့ပေမဲ့ လင်းရုဖေးစိတ်ထဲမှာဝူမင်ကိစ္စပဲရှိနေတာကြောင့် သူလမ်းလျှောက်ထွက်ဖို့ကိုစိတ်မ၀င်စားနျေပ၊နောက်တစ်နေ့ရောက်တဲ့အထိစောင့်ပြီးနောက် ဝူယင်ယဇ်ပလ္လင်ပေါ်၌ပေါ်လာတဲ့အချိန်မှာသူကဝူမင်နေထိုင်ရာအိမ်သို့ချက်ချင်းပြေးသွားကာမနေ့ကလုပ်တဲ့အတိုင်းစက္ကူကြိုးကြာကိုလွှတ်လိုက်ပြီး စိတ်ရှည်ရှည်ဖြင့်သူစောင့်နေလိုက်၏။
အချိန်အနည်းငယ်ကြာအောင်စောင့်ဆိုင်းပြီးနောက် တံခါးကဖြည်းဖြည်းလေးတွန်းဖွင့်လာလေသည်။ သို့ပေမဲ့အထဲကနေထွက်လာတဲ့လူကိုမြင်တော့လင်းရုဖေးတောင့်တင်းသွားရသည်။
ယဇ်ပလ္လင်ပေါ်မှာရှိနေရမဲ့ ဝူယင်ကတံခါး၀မှာရပ်နေပြီးသူကိုစိမ်းစမ်းကားကားအကြည့်ဖြင့်ကြည့်နေကာ ဝူမင်ရဲ့အရိပ်အယောင်လေးပင်မတွေ့ရပေ။
လင်းရုဖေးက လက်ပူးလက်ကြပ်မိသွားချေပြီ။
လောလောဆယ်သူကနည်းနည်းနေရခက်နေတုန်းမှာပဲဝူယင်က"လင်းကုန်းဇီ"ကုတိတ်တိတ်လေးခေါ်လိုက်သည်။
လင်းရုဖေးကကျည်ဆံကိုသာကိုက်ပြီး ပြန်ဖြေလိုက်ရသည်။
"စုန်းဆရာကြီး"
ဝူယင်ကတွေးတောလိုက်ကာ"ဒီကိုရောက်လာမှာတော့ ဘာလို့စကားပြောဖို့မ၀င်လာရတာလဲ"
လင်းရုဖေးက"ဝူမင်ဘယ်မှာလဲ ခင်ဗျားသူကိုတစ်ခုခုလုပ်လိုက်တာလား"ဟုမေးလိုက်သည်။
ဝူယင်ကပြုံးလိုက်ကာ "သူကငါချစ်သူပါ ငါကသူ့ကိုဘာလုပ်ရမှာလဲ သူကပင်ပန်းနေလို့အခုထိအိပ်နေတုန်းပဲ"
လင်းရုဖေးခေတ္တခဏတွေးတောလိုက်ကာ ပွင့်ပွင့်လင်းလင်းသာမေးလိုက်သည်။
"ကျွန်တော်သာ၀င်လာရင် ခင်ဗျား ကျွန်တော်ကိုသတ်ဖို့တွေးနေတာမလား"
ဝူယင်ကသူ့အပြုံးကိုထိန်းချုပ်လိုက်ကာ ပေါ့ပေါ့ပါးပါးပြောဖြေလိုက်သည်။
"ဘယ်လိုတောင်နောက်နေရတာလဲ လင်းကုန်းဇီ မင်းကကောင်းကင်ဘုံအုပ်ချုပ်သူရဲ့မိတ်ဆွေဆိုမှတော့ ကျွန်တော်ကမင်းကိုဘာလို့တစ်ခုခုလုပ်ရမှာလဲ"
ထင်ထားတဲ့အတိုင်း ဝူယင်ကကိစ္စအားလုံးကိုသိပြီးသားဖြစ်သည်။
အရင်ကတည်းကလင်းရုဖေးသည် ထိုအတွက်စိတ်ကိုပြင်ဆင်ထားပေမဲ့ ဝူယင်ရဲ့စကားကိုကြားတော့ သူသက်ပြင်းတစ်ခုသာချလိုက်ကာ "ဟုတ်ပြီလေ"
ကုရွမ်းတုရဲ့ပစ္စည်းကိုသေချာပေါက်သူ့လက်ထဲရချင်တာကြောင့် မကြာခင်ပဲဖြစ်ဖြစ် နောက်တော့ပဲဖြစ်ဖြစ် ဝူယင်နဲ့သူရင်ဆိုင်မှရချေမည်။
သူအိမ်ထဲကို၀င်လိုက်ပေမဲ့ ဝူမင်ကိုမတွေ့ပေ။ဝူယင်ကသူ့အရှေ့မှာထိုင်လိုက်ကာ လက်ဖက်ရည်ပူပူလေးတစ်ချက်ငှဲ့ပေးလေသည်။
"ရှာမနေနဲ့ သူနေသိပ်မကောင်းလို့အတွင်းခန်းထဲမှာအိပ်နေတယ်"
"ခင်ဗျားသူကိုတစ်ခုခုလုပ်လိုက်တာလား"လင်းရုဖေးကမေးမြန်းလိုက်သည်။
"တစ်ခုခုဆိုတာဘာကိုဆိုလိုချင်တာလဲ"
ဝူယင်မေးသည်။"လင်းကုန်းဇီ မင်းတစ်ခုခုများအထင်မှားနေတာလား သူကကျွန်တော်ချစ်မြတ်နိုးရတဲ့သူပါ သူ့ကိုကျွန်တော်ကဘာလို့တစ်ခုခုလုပ်ရမှာလဲ"
ထို့နောက် သူသည် အရှေ့ကလက်ဖက်ရည်ကိုသောက်လိုက်ပြီး သူ့အမှုအရာပုံစံကအတော်လေးကိုပေါ့ပါးနေကာလင်းရုဖေးဖြင့်စကားများတော့မည့်ပုံစံမျိုးလည်း လုံး၀မဟုတ်ပေ။
လင်းရုဖေးက သူ့စကားကြောင့်နည်းနည်းမျက်မှောင်ကြုတ်သွားရပြီးသူရှေ့လက်ဖက်ရည်ကိုမထိပေ။
သို့ပေမဲ့ ဝူယင်းကတော့ဂရုမစိုက်ဟန်ဖြင့် သူကိုပြောလေသည်။
"လင်းကုန်းဇီကဒီနေရာကိုကောင်းကင်းဘုံအုပ်ချုပ်သူချန်ထားခဲ့တဲ့ပစ္စည်းဟောင်းကိုလာရှာတာပဲ အဲ့ဒါဆိုလည်း မင်းမပြောသင့်တဲ့စကားကို ဘာလို့သူကိုပြောလိုက်ရတာလဲ"
လင်းရုဖေး"ကျွန်တော်မမှန်လို့လား"
ဝူယင်ကပြုံးလိုက်ကာ"လင်းကုန်းဇီက အရင်တုန်းကဘာတွေဖြစ်ခဲ့လဲဆိုတာကိုသိထားလို့လား"
"တချို့တလေကိုတော့သိတယ်"လင်းရုဖေးကပြန်ဖြေလိုက်သည်။
ဝူယင်ကမေးသည်။ "ဥပမာတစ်ခုလောက်"
"ဥပမာပြောရရင်တော့ သူကခင်ဗျားရဲ့ဆရာ"လင်းရုဖေးကဖြေလိုက်သည်။
ထိုစကားကိုကြားတော့ ဝူယင်ကလှောင်ပြုံးပြုံးကာထရပ်လိုက်ပြီး လင်းရုဖေးအားအပေါ်စီးကနေစိုက်ကြည့်လိုက်သည်။သူမျက်လုံးထဲရှိတစ်ချိန်က နူးညံ့မှုတွေအားလုံးပျောက်ကွယ်သွားကာနောက်တွင်အေးတိအေးစက်အငွေ့အသက်များသာကျန်ရစ်တော့သည်။
သူက"ရယ်စရာကောင်းလိုက်တာ မဖျက်ဆီးရသေးတဲ့စာအုပ်တွေကမင်းဘယ်ကရှာတွေလာလဲတော့မသိပေမဲ့ဒါတွေကိုဖတ်ပြီးတော့မင်းအမှန်တရားကိုသိတယ်များထင်နေတာလား အဲ့ဒီနှစ်တွေတုန်းက ကောင်းကင်ဘုံအုပ်ချုပ်သူ ကျဆုံးပြီး စုန်းမျိုးနွယ်စုက ဖရိုဖရဲဖြစ်ခဲ့ရတယ် အဲ့ဒါတွေက နှစ်ပေါင်းရာကျော်ရှိနေပြီ လင်းကုန်းဇီက စာအုပ်အနည်းငယ်လောက်လေးကိုဖတ်ပြီးတော့ ကျွန်တော်ကိုအပြစ်တင်ချင်တာလား"
လင်းရုဖေးက အဓိကအချက်ကို ဖမ်းဆုပ်မိသွားကာ"ကောင်းကင်ဘုံအုပ်ချုပ်သူ ကျဆုံးတာ"
"အို့ လင်းကုန်းဇီက ဒါလေးတောင် မသိဘူးလား"
စုန်းမျိုးနွယ်စုကလူတွေအားလုံကအသက်ရှည်ကြသည်။ ဝူယင်သည် ထိုအချိန်တုန်းက သိပ်အသက်မကြီးသေးပေမဲ့ ဖြစ်ရပ်အားလုံးကို မြင်တွေ့ခဲ့ရသည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူက ဘယ်လိုဖြစ်ပြီးကျဆုံးရတာလဲ"
ထိုကိစ္စကလင်းရုဖေးရဲ့ဇဝေဇဝါအဖြစ်ဆုံးကိစ္စတစ်ခုဖြစ်ပေသည်။
"ကောင်းကင်ဘုံကိုတက်တာကျရူံးသွားလို့လား"
ကြည့်ရတာယုံတမ်းပုံပြင်တွေအားလုံးမမှန်ပုံရသည်။ကောင်းကင်ဘုံအုပ်ချုပ်သူကအပေါ်ကိုမတတ်နိုင်ပဲကျရှုံးသွားတာလား။
"ဟား ဟား အပေါ်ကိုတက်ဖို့ကျရူံးသွားရင်တောင်မှ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ကျင့်ကြုံရေးအဆင့်ကဆယ်ဆင့်မြောက်လေ"
ဝူယင်ကဆက်၍ဆိုသည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူက မိုးကောင်းကင်ရဲ့ကံကြမ္ပာကိုဆန့်ကျင့်ပြီးတစ်ခုခုလုပ်ခဲ့တယ် ဒါကြောင့် သူရဲ့ခန္ဓာကိုယ်ကပြိုကွဲသွားပြီး စိတ်ဝိညာဉ်ကလည်းအစိပ်စိပ်အမြွှာမြွှာဖြစ်သွားပြီး ပျက်သုဉ်းသွားရတယ်လေ"
လင်းရုဖေးကမေးလိုက်သည်။
"ဘာဖြစ်သွားလို့လဲ....."
သူ ကုရွမ်းတုကိုလည်းမေးခဲ့ပေမဲ့ ကုရွမ်းတုကဘာကိုမှမပြောပြချေ။
"မင်းက သိချင်တာလား"
ဝူယင်ကအေးတိအေးစက်ရေရွက်လိုက်သည်။
"ဘာလို့မင်းကိုပြောပြရမှာလဲ"
လင်းရုဖေးက ဝေဖန်လိုက်သည်။
"ဒါကအတော်လေးကိုမှန်ပါတယ် ခင်ဗျားဒီလောက်အများကြီးပြောပြနေတော့အတိအကျကဘာကိုပြောချင်တာလဲ"
ဝူယင်"ကျွန်တော်က တချို့အရာတွေကထင်ထားသလိုမဟုတ်ဘူးဆိုတာကို လင်းကုန်းဇီကိုပြောပြချင်လို့ပါ မင်းက ကျွန်တော်ကို ကိုယ်ဆရာကိုထိခိုက်အောင်လုပ်တယ်လို့ထင်ထားပေမဲ့ တကယ်တော့ ငါကသူ့ကိုကယ်ထားတာဆိုရင်ကော"
လင်းရုဖေးကမေးလိုက်သည်။
"သူကိုကယ်နိုင်ဖို့အတွက်နဲ့ ခင်ဗျားက ကမ္ဘာပေါ်ကသူရဲ့တည်ရှိမှုတွေအားလုံးကိုဖျက်ဆီးပစ်လိုက်တာလား"
"လူတွေအားလုံးကလောဘကြီးကြတာပဲ"
ဝူယင်ကလုံး၀အပြစ်ရှိသည့်ပုံပေါက်မနေဘဲ အေးအေးဆေးဆေးပြန်ဖြေလေသည်။
"မင်းအမြဲလိုချင်နေတဲ့အရာကိုနောက်ဆုံးရသွားခဲ့ရင် ပြန်လက်လွှဲပေးဖို့ခက်တယ်လေ"
လင်းရုဖေးက ခဏလောက်ကြက်သေသေသွားရလေသည်။
ဝူယင်ကဆက်ပြီးတော့"လင်းကုန်းဇီ ကျေးဇူးပြုပြီးငါကမင်းကို ခြိမ်းခြောက်လို့အပြစ်မတင်ပါနဲ့ မင်း ခွန်းလွန်ကိုအသက်ရှင်လျက်နဲ့ပြန်ချင်ရင် ငါနဲ့ငါဆရာအကြားကို၀င်ပြီးမစွက်ဖက်ပါနဲ့"
သူ့မျက်လုံးတွေကိုမှေးစင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကနေလူသတ်ချင်သည့်အငွေ့အသက်များထွက်လာလေသည်။
"မဟုတ်ရင်တော့ ငါ ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့"
"၀င်ပြီးမစွက်ဖက်စေချင်ရင်"
လင်းရုဖေးကပြန်ဖြေလိုက်သည်။
"ကျွန်တော်လိုချင်တဲ့အရာကိုခင်ဗျားရှာပေးရမယ်"
"ဘာအရာလည်း"
ဝူယင်ကအော်ဟစ်ပြောဆိုလိုက်သည်။"မင်းက ဘယ်သူကပေးခဲ့တာလဲဆိုတာကိုလည်းမပြောနိုင်ဘူး ဘယ်လို့ပုံစံရှိတာလဲဆိုတာကိုလည်းမပြောနိုင်တာကို ငါကဘယ်လိုလုပ်မင်းအတွက်ရှာပေးလို့ရမှာလဲ"
လင်းရုဖေး"အဲ့အရာက အရမ်းအရေးကြီးတယ် ဝူမင်ကသေချာပေါက် ကောင်းကောင်းသိမ်းထားမှာ ပြီးတော့အဲ့အရာကတစ်ခုခုထူးခြားတာရှိတယ် သာမာန်ရတနာပစ္စည်းဟုတ်ဘူး ခင်ဗျားမြင်တာနဲ့ တစ်ခါထဲသေချာပေါက်သိလိမ့်မယ်။"
သို့ပေမဲ့ ဝူယင်ကခေါင်းသာခါပြကာ ထိုနှစ်ကဝူမင်ရဲ့ပစ္စည်းတော်တော်များများကိုဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းကျန်ခဲ့တဲ့ပစ္စည်းတွေအားလုံးထဲ လင်းရုဖေးပြောပြသလိုပုံစံမရှိကြောင်းပြောလေသည်။သူထိုစကားတွေကိုပြောနေရင်း သူတစ်ခုခုကိုသတိရသွားပုံရပြီး ကျန်ခဲ့တဲ့ပစ္စည်းတွေအားလုံးထဲလင်းရုဖေးပြောပြသလိုပုံစံမရှိကြောင်းပြောလေသည်။
သို့ပေမဲ့ သူထိုစကားတွေကိုပြောနေရင်း သူတစ်ခုခုကိုသတိရသွားပုံရသွားပြီးတုန့်ဆုတ်နေတဲ့ပုံတစ်စွန်းတစ်စပေါ်လာလေသည်။
လင်းရုဖေးနောက်တစ်ခေါက်ထပ်မေးတော့ သူကဘာမှမဟုတ်ဘူးလို့သာပြောတော့သည်။
သူတို့နှစ်ဦး အချိန်အကြာကြီးစကားပြောခဲ့ကြသည်။ သို့ပေမယ့် အနားယူနေသည့်ဝူမင်က ဘယ်အချိန်တည်းက နိုးလာမှန်းမသိဘဲ အိပ်ခန်းရဲ့တံခါး၀မှာ အ၀တ်ပါးတစ်ထည်သာ၀တ်ဆင်ထားပြီး မတ်တပ်ရပ်နေသည်။
သူကသူတို့နှစ်ယောက်အား အေးတိအေးစက်စိုက်ကြည့်နေကာ သူဘယ်အချိန်ထဲက ထိုနေရာမှာရပ်နေတာလည်းဆိုတာတော့ သူတို့လည်းသတိမထားမိလိုက်ပေ။
ဝူယင်ကသူ့ကိုမြင်တော့ ချက်ချင်းသူ့မျက်နှာအမူအယာကပြောင်းသွားသည်။ သူကထရပ်လိုက်ပြီး သူ့ဘေးနားကိုလျှောက်သွားလိုက်ကာ သူတို့ရဲ့ဒေသိယစကားဖြင့်တစ်ခုခု တိုးတိုးလေးပြောလိုက်သည်။သူ့ကလက်ကိုခါပြပြီးနောက် အခန်းကိုပြန်သွားဖို့လှည့်လိုက်သည်။
သို့ပေမဲ့ ဝူယင်ကသူ့လက်ကိုဆွဲကာ သူ့ရင်ခွင်ထဲညင်သာစွာထည့်လိုက်သည်။သူတို့နှစ်ယောက်ကြားကလေထုကမခွဲနိုင်မခွာနိုင်ဖြစ်နေကာ လင်းရုဖေးကချက်ချင်းဆိုသလို့ ဝူမင်ရဲ့လည်ပင်းက မရေမရာအနီရောင်အမှတ်အချို့ကိုတွေ့လိုက်တော့ အနေရခက်တာကြောင့်ချက်ချင်းဆိုသလို အကြည့်လွှဲလိုက်ရသည်။
နောက်ဆုံးနှစ်ယောက်သား မခွဲနိုင်မခွာနိုင်ဖြစ်နေတာပြီးမှ ဝူယင်ကဝူမင်ရဲ့လက်ကို ကိုင်ပြီး လင်းရုဖေးဆီကိုလျှောက်သွားလိုက်သည်။
"နှစ်ယောက်သားပြောစရာတစ်ခုခုရှိရင်လည်း ကိုယ်ရှေ့မှာပဲပြော"
ဝူမင်က သူကိုမျက်စောင်းထိုးလိုက်ပြီး"မင်း ရှိနေရင်လင်းကုန်းဇီက ဘယ်လိုလုပ်ပြီးပြောရဲတော့မှာလဲ"
ဝူယင်"ဒါပေမဲ့ ကိုယ်စိတ်မချဘူး"
ဝူမင်"မင်းက ဘာတွေကိုစိတ်မချဖြစ်နေရတာလဲ လင်းကုန်းဇီက ငါ့ကိုပြန်ပေးဆွဲသွားမှာဆိုးလို့လား"
ဝူယင်ကသက်ပြင်းသာချလိုက်ပြီး"ထားလိုက်ပါတော့ မင်းတို့နှစ်ယောက်စကားပြောလို့ရတယ် ကိုယ်အပြင်မှာ ရှိနေပေးမယ်"
ပြီးနောက်သူက လင်းရုဖေးကိုကြည့်လိုက်ကာ"သူ ဘာမေးမေး မင်းဖြေလို့ရတယ်"
____
Translated By IQ-Team.