Chapter 164
Chapter 164
၀ူမင်
───────
လင်ရုဖေးကခဏလောက်ငြိမ်သက်သွားမိသည်။ ထိုကိစ္စကြောင့်သူ အရမ်းလန့်သွားတာကြောင့်စကားတောင်မပြောနိုင်ဖြစ်သွားမိပြီး အချိန်တော်တော်ကြာသွားတော့မှသာ မေးလိုက်နိုင်သည်။
"ဒီလိုဆိုရင် သူကဝူမင်ကိုဖွက်ထားသင့်တာမဟုတ်ဘူးလား ကျွန်တော်ကိုဘာလို့ သူအိမ်မှာထိုင်ဖို့ဖိတ်ရတာလဲ ကျွန်တော်က ဝူမင်ကိုမှတ်မိသွားရင်ကော....."
ကုရွမ်းတုကသရော်ပြီးပြောလိုက်သည်။
"ကိုယ်ထင်တာ မင်း သူ့ကိုသိလားဆိုတာသိချင်လို့ဖြစ်ရမယ် မင်းသာဝူမင်ကိုသိတယ်ဆိုပါစို့ သူ့ကိုဝူယင်ရဲ့အိမ်ထဲမှာတွေ့လိုက်ရပြီး သူနဲ့နီးနီးကပ်ကပ်ရှိနေရင်သေချာပေါက်မင်းအပြစ်လုပ်မိလိမ့်မယ် ဒါဆို မင်း စုန်းမျိုးနွယ်စုကနေအသက်ရှင်လျက်ထွက်လာနိုင်ပါ့မလားဆိုတာကတော့ပြသနာရှိသွားပြီ"
ဝူယင်ကိုကြည့်ရတာအရမ်းကိုအပြစ်ကင်းစင်တဲ့ပုံပေါက်ပေမဲ့ သူက ယခုလိုမျိုး အင်အားကြီးတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုတာကို မထင်မှတ်ထားပေ။
လင်းရုဖေးက ကျောရိုးထဲစိမ့်ခနဲ့ဖြစ်သွားကာ"ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ"
ကုရွမ်းတုကအသက်ပြင်းပြင်းရှူလိုက်ကာ"ဝူယင်က ဝူမင်ကိုတစ်ခုခုလုပ်ထားတာပဲဖြစ်ရမယ် မှတ်ဉာဏ်တွေကိုပိတ်ထားတာလား ဒါမှမဟုတ် သူစိတ်ဝိညာဉ်ကိုထုတ်ယူထာတာလား တစ်ခုခုပဲ အရင်ဦးဆုံး ရန်သူမသိအောင် ဝူမင်နဲ့ဆက်သွယ်ဖို့ကြိုးစားရမယ် အဲ့ဒါကအလုပ်မဖြစ်ဖူးဆိုလည်း ဖိအားပေးစရာမလိုဘူး ဒီနေရာက ဝူယင်ရဲ့ပိုင်နက်ဖြစ်တဲ့အတွက် သူကိုထိပ်တိုက်ရင်ဆိုင်တာမကောင်းဘူး"
လင်းရုဖေးက ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ အခုမင်းဒီကိစ္စကိုသိသွားပြီးဆိုတော့ ဝူယင်ရှေ့မှာကိုယ့်ကိုကိုယ်မဖော်ထုတ်မိစေနဲ့"
ကုရွမ်းတုကထပ်ပြီး"သူကအရမ်းကိုဉာဏ်ပြေးတဲ့လူတစ်ယောက်ပဲ လွယ်လွယ်လေးနဲ့မင်းအမှားကိုရှာတွေ့သွားနိုင်တယ်"
လင်းရုဖေးက သဘောတူလိုက်ရသည်။ပြီးနောက် သူ အရင်တုန်းကဝူမင်နှင့် ဝူယင်အကြောင်းကိုမေးတော့ ကုရွမ်းတုက တစ်စွန်းတစ်စပြောပြလေသည်။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်က စုန်းမျိုးနွယ်စုမှာ စုန်းဆရာကြီးနှစ်ယောက်ရှိသည်။တစ်ယောက်ကဝူမင်ဖြစ်ပြီးတော့ နောက်တစ်ယောက်ကသူတပည့်ဝူယင်ဖြစ်၏။ ဝူယင်ကဝူမင်နှင့်အတူသူငယ်ငယ်လေးကတည်းကလေ့ကျင့်ခဲ့သည်။သူတို့နှစ်ဦးက အဖေနဲ့သားလိုဖြစ်ပြီးဆက်ဆံရေးကလည်းအလွန်ကောင်းမွန်လှသည်။ဝူမင်ကအေးတိအေးစက်နှင့်မာနကြီးပုံရပြီး ဘယ်အရာကိုမှအလေးအနက်မထားတတ်ပေ။
ဝူယင်ကမူနူးညံပြီး ဝူမင်ရဲ့ဆိုးရွားတဲ့စိတ်ကိုလည်းသည်းခံနိုင်သည်။အခြားလူတွေရဲ့အမြင်မှာတော့ဝူယင်က ဝူမင်နှိပ်စက်တဲ့ဒဏ်ကိုအများကြီးခံနေရတယ်လို့ထင်ကြပေမဲ့ ယင်းကို ဆရာနှင့်တပည့်အကြောင်းသိသူများသာနားလည်နိုင်လေသည်။
တကယ်တော့ ဆက်ဆံရေးမှာလွှမ်းမိုးထားနိုင်တာက ဝူယင်သာဖြစ်သည်။ ဝူမင် ကကိစ္စတွေကိုဖြေရှင်းဖို့ပျင်းလွန်းတာကြောင့် ဝူယင်ကအမြဲတမ်းသူ့ကိုယ်စားရှင်းပေးရာကနေ ဝူယင်က ဝူမင်ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာလေသည်။
ကုရွမ်းတုက ဝူမင်နှင့်ဆက်ဆံရေးကောင်းမွန်ပေမဲ့ သူ့တပည့်ကိုမကြိုက်ပေ။ သူအမြင်ကတော့ ဝူယင်ကဝူမင်လောက်မတော် သူကအတွေးများလွန်းတာကြောင့်ကျင့်ကြံရေးပင်နှောင့်နှေးနေခဲ့သည်။ကုရွမ်းတုက ထိုအကြောင်းတွေကိုဝူမင်ကိုထောက်ပြခဲ့ပေမဲ့ လူတွေကမတူဘူးလေ အားလုံးကသူ့လိုသာဆိုရင် ဘယ်သူမှသည်းခံနိုင်မှာမဟုတ်ဘူး ဆိုတဲ့ စကားသာပြောလေသည်။
ကုရွမ်းတုက သူ ယခုလိုပြောလာမှတော့ သူလည်းစိတ်ထဲထည့်မနေတော့ဘဲ ယင်းကိစ္စကိုနောက်ထပ် မပြောတော့ပေ။
နောက်ပိုင်း မတော်တဆမှုတွေဖြစ်သွားတော့ ကုရွမ်းတုက ဝူယင်နှင့်ဝူမင်ရဲ့အခြေအနေကိုအာရုံစိုက်ဖို့အင်အားမရှိတော့ပေ။သူကသူနှလုံးကိုဝူမင်ရဲ့လက်ထဲကိုထည့်ခဲ့ပြီး ဒါကိုသူ့အစားကောင်းကောင်းဂရုစိုက်ပေးဖို့မျှော်လင့်ခဲ့သည်။ သို့ပေမဲ့ သူထွက်သွားပြီးနှစ်အနည်းငယ်ကြာမီမှာပဲ စုန်းမျိုးနွယ်စုမှာ ယခုလိုကိစ္စတွေဖြစ်သွားလိမ့်မယ်လို့မည်သူမျှမထင်ထားချေ။
လင်းရုဖေး ကြားခဲ့ပုံအရဆိုရင် ဝူမင်ကစုန်းမျိုးနွယ်စုရဲ့တိုက်ပွဲကြီးမှာသေဆုံးသွားတာဖြစ်ပေမဲ့ ယခုမူသူကမသေတဲ့အပြင် ဝူယင်ရဲ့ချစ်သူတောင်ဖြစ်နေသေးသည်။
ဝူယင်က ထိုကိစ္စနဲ့ပတ်သက်ပြီးကလီကမာလုပ်ထားတယ်ဆိုတာ သူပြေးပြီးတွေးနေစရာတောင်မလိုချေ။
ကုရွမ်းတု ရှင်းပြတာကိုနားထောင်ပြီးနောက် လင်းရုဖေးကသူ့မေးစေ့ကိုလက်ဖြင့်ထောက်လိုက်ကာ" အကြီးအကဲ ဒီဝူယင်ကဘယ်လိုလုပ်ပြီး ကိုယ့်ဆရာကိုဒီလိုမျိုးလုပ်ရတဲ့အထိ သတ္တိရှိရတာလဲ"
ကုရွမ်းတုကမေးလိုက်သည်။
"ဆရာဖြစ်တာနဲ့ပဲဘာမှားနေလို့လဲ"
လင်းရုဖေးကစိတ်ရှုပ်ထွေးသွားရပြီး "ဟင်"
ကုရွမ်းတုကစားပွဲကိုခေါက်လိုက်ကာ"အဓိကအချက်က သူ့ဆရာပေါ်မှာလက်ဦးမှုယူတာမဟုတ်ဘူး ဒါကချစ်သူနှစ်ဦး လိုက်ဖက်ညီတဲ့အကြောင်းပဲ"
သူကလင်းရုဖေးဘက်ကိုလှည့်လိုက်ကာ"တစ်ကယ်လို့ရှောင်ကျို့သာကိုယ့်ကို လက်ဦးမှုယူရင်လည်း ကိုယ်ကအတော်လေးကို စိတ်လိုလက်ရသဘောတူတယ်ရယ်"
လင်းရုဖေးရဲ့ပါးနှစ်ဖက်လုံးကနီရဲတွတ်သွားပြီး သူကချက်ချင်းပင် စိတ်လှုပ်ရှားနေသည်ပုံဖြင့်အော်ဟစ်လိုက်မိသည်။
"အကြီးအကဲ ဘာတွေပြောနေတာလဲ ဒီကိစ္စမျိုးက နောက်စရာမဟုတ်ဘူး"
ကုရွမ်းတုကမျက်နှာတည်တည်တံ့တံ့ဖြင့် ပြန်ဖြေလေသည်။
"ဒီအကြီးအကဲက လုံး၀မနောက်ရပါဘူး"
လင်းရုဖေးက နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်ပြီးတော့ အနေရခက်စွာ အကြည့်လွှဲလိုက်သည်။
ကုရွမ်းတုကလည်း သူကိုဆက်ပြီးဖိအားမပေးတော့၊၊
ဘာပဲဖြစ်ဖြစ် လင်းရုဖေးကမကြာခင် သူရဲ့တည်ရှိမှုကိုအသားကျလာတော့မည်ပင်။
တစ်ခါတစ်ရံသူဘက်ကအရင် လက်တောင်စကိုင်လာတတ်သေးသည်။လင်းရုဖေးကထိုအပြုအမှုကဘာကိုဆိုလိုတာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိသေးပေမဲ့ ရေနွေးထဲကဖားကမကြာခင်ဘဲဖြစ်ဖြစ် နောက်မှပဲဖြစ်ဖြစ် သူချက်စားတာကိုခံရမည်သာဖြစ်၏။
လမ်းခရီးကရက်အနည်းငယ်ကြာတာကြောင့် သူခန္ဓာကိုယ်ကနည်းနည်းပင်ပန်းနေကာ ကောင်းကောင်းအနားယူရန်လိုအပ်လေသည်။ သို့ပေမဲ့ လင်းရုဖေးစိတ်ထဲတစ်ခုခုကိုတွေးနေတာကြောင့် ဘယ်လိုလုပ်လုပ်အိပ်မပျော်နိုင်ပေ။နူးညံပျော့ပျောင်းတဲ့ အိပ်ယာခင်းပေါ်မှာ အမြန်တရေးတမောအိပ်လိုက်ပြီးနောက် အိပ်ယာမှထကာ သူနေထိုင်ရာ နေအိမ်ပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။
စုန်းမျိုးနွယ်စု ကတောင်ကြားအလယ်မှာရှိတာကြောင့် နေရောင်နည်းနည်းသာရလေသည်။ ယခုရက်ပိုင်းအတွင်း တောင်တန်းကိုမြူခိုးတွေက၀န်းရံထားတာကြောင့်ဆောင်းဦးနှောင်ပိုင်းရောက်သွားသလို အရမ်းအေးလှသည်။
လင်းရုဖေးက ဤနေရာကိုယခုမှရောက်ဖူးတာကြောင့် စုန်းမျိုးနွယ်စုကလူတွေရဲ့ ဖော်ရွှေပျူငှာမှုကိုတကယ်ကို ခံစားမိလေသည်။ လမ်းဘေးမှာဒီအတိုင်း လမ်းလျှောက်တာတောင်မှ ဖိတ်ကြားခံရကာ အဆာပြေမုန့်အနည်းငယ်ကိုပေးတာမျိုး ဒါမှမဟုတ် စကားအနည်းငယ်ဖလှယ်ကြတာမျိုးရှိလေသည်။ သူ့ဘေးပတ်လည်ကလူတွေရဲ့အကြည့်တွေက အများအားဖြင့်စူးစမ်းချင်သည့်စိတ်ဆန္ဒအပြည့်ရှိနေကြကာ လင်းရုဖေးက သူကိုယ့်သူ ရှားပါးပြီးထူးဆန်းတဲ့မျိုးစိတ်တစ်ခုဟုပင် ထင်မိလာသည်။
လင်းရုဖေးက စုန်းမျိုးနွယ်စုကလူအများအပြားအား ဝူမင်အကြောင်းကို မေးတော့၊ ဝူရှင်းပြောတဲ့အတိုင်း တော်တော်များများကဝူမင်ရဲ့ တည်ရှိမှုကို မသိကြပေ။လူအနည်းငယ်လောက်ကသာ ရှေးဟောင်း စုန်းဆရာကြီးတစ်ဦးဆိုတာကိုသာ သိကြပြီး ဘာဆိုဘာမှမသိကြ၊၎င်းအပြင်ကိုမှ ဝူယင်က ယခုနေရာထိ ဘယ်လိုရောက်လာလည်းဆိုတာကိုလည်းမသိကြပေ။
သူ့ကိုဂုဏ်သရေရှိဧည်သည့်တော်အဖြစ်ဧည်ခံရန် စုန်းမျိုးနွယ်စုရှိလူတွေက အရသာရှိလှတဲ့ညစာစားပွဲကိုတည့်ခင်းဧည်ခံလေသည်။လင်းရုဖေး၊ဖူဟွားနှင့်ယွီရွေ့တို့အားလုံးတတ်ရောက်ကြကာ၊သူတို့အရှေ့ကမီးပုံပေါ်၌ ကြီးမားတဲ့သိုးတစ်ကောင်အားကင်နေပြီး လူအုပ်ကြီးကဝိုင်းပြီးသီချင်းဆိုလျက် ကခုန်နေလေသည်။
သူတို့သောက်စားပြီးစကားစမြည်ပြောနေကြတာကြောင့် ပတ်၀န်းကျင်ကလွန်စွာသက်၀င်လှုပ်ရှားနေသည်။
လင်းရုဖေးက ကုရွမ်းတုကိုစိတ်ပူနေသော်လည်း သူကပတ်၀န်းကျင်ကနေအပျော်တွေကူးစက်ခံလိုက်ရပြီးနောက် သူကိုယ်တိုင်လည်း အနည်းငယ်လောက်သောက်မိလိုက်သည်။ဧည်ခံပွဲရဲ့အဓိကနေရာမှာရှိနေရမည့်ဝူယင်ကိုမူ လင်းရုဖေးဘယ်မှာမှရှာလို့မတွေ့၊သူက ဒါကိုနည်းနည်းတော့ ထူးဆန်းတယ်လို့တွေးလိုက်မိပေမဲ့ ဝူရှင်းကမူ အံဩမနေ၊ စုန်းဆရာကြီးအိမ်ကလူစိတ်ကောက်နေလို့ဖြစ်ရမည်ဟုသူကပြောလေသည်။
လင်းရုဖေးကစိတ်၀င်စားသွားကာ မေးလိုက်သည်။
"ဘယ်လို... သူကအမြဲတိုင်း စိတ်ဆိုးစိတ်ကောက်နေကြလား"
"ဟုတ်တယ်"
ဝူရှင်းကသူ့ခေါင်းကိုကုပ်လိုက်ကာ"သူကအပြင်ကလူတွေနဲ့ စကားပြောရတာမကြိုက်ဘူး ပြီးတော့ငါတို့ရဲ့ပွဲလမ်းသဘင်တွေမှာဆင်နွှဲခဲတယ် သူကတစ်ယောက်ထဲနေရာတာကိုပဲကြိုက်တာ"
လင်းရုဖေးကဆက်ပြီး"ဒီကိုရောက်နေတာဘယ်လောက်ကြာပြီလဲ"
ဝူရှင်း"ကျွန်တော်ထင်တာ နှစ်အနည်းလောက်တော့ရှိပြီ ကျွန်တော်မမွေးခင်ထဲက ရောက်လာတာဆိုတော့"
သူကဆက်ပြီး "သူကအပြင်ထွက်ခဲလို့ ကျွန်တော်သူကို အမြဲတမ်းမတွေ့ရတတ်ဘူး ဒါပေမဲ့ သူကအရမ်းတွယ်ကပ်လွန်းတယ် စုန်းဆရာကြီးနားကနေခြေလှမ်းတစ်၀က်တောင်ထွက်မသွားနိုင်ဘူး"
သူကရှက်ပြုံး ပြုံးလိုက်ရင်း ပြောလာသည်။
"စုန်းဆရာကြီးကလည်း သူကိုအရမ်းနှစ်သက်တယ် နှစ်ယောက်သားရဲ့ဆက်ဆံရေးကလည်း ကောင်းတယ် ကျွန်တော်လည်းအနာဂတ်မှာ ကိုယ်အရမ်းသဘောကျရတဲ့သူနဲ့တွေ့ခွင့်ရရင် အရမ်းကောင်းမှာပဲ"
လင်းရုဖေးက သူ့ကိုစလိုက်ကာ"ဘယ်လိုပုံစံမျိုးကို မင်းကကြိုက်တာလဲ"
"ကျွန်တော်က ချစ်စရာကောင်းတဲ့ကောင်မလေးတွေကို သဘောကျတယ်"
ဝူရှင်းကတိုးတိုးလေးဆိုလာသည်။
"ခင်ဗျားရဲ့အစေခံတွေလိုမျိုးဆိုလည်း အတော်လေးကောင်းတယ်"
လင်းရုဖေးကသက်ပြင်းချလိုက်ကာ"ဒါပေမဲ့ မင်းကသူတို့ကိုခြောက်လန့်ထားတော့ မင်းကိုသူတို့ကဘယ်လိုလုပ်ကြိုက်တော့မှာလဲ"
ဖူဟွားနှင့်ယွီရွေ့က ဝူရှင်းဆီကနေခြောက်လန့်ခံထားရတာကို ယခုအချိန်ထိဒေါသထွက်နေဆဲဖြစ်သည်။
ဝူရှင်းက သူ့ကိုစိုက်ကြည့်လို့သာနေပြီး ဘာမှထပ်မပြောတော့၊သူက စကားတစ်ခွန်းနှစ်ခွန်လောက်ပြောပြီးသည်နှင့် ဆက်ပြီးစားသောက်နေတော့သည်။
အားလုံးကစိတ်တိုင်းကျ စားလို့သောက်လို့ပြီးသွားသည့်အခါ စိတ်ကျေနပ်သွားကာ ၎င်းတို့ရဲ့နေထိုင်ရာအသီးသီဆီသို့ ပြန်သွားကြပြီး ရင်ပြင်ကမီးပုံကိုလည်း ငြိမ်းသတ်လိုက်ကြသည်။
လင်းရုဖေးက သူ့နေရာကိုမပြန်ခင်လမ်းပတ်လျှောက်လိုက်ကာ၊ဝူရှင်းကိုလည်း သူ့မပြန်ခင် သူတို့မျိုးနွယ်စုရဲ့ဓလေ့ထုံးတမ်းအချို့ကိုမေးမြန်းလိုက်သည်။
ဝူရှင်းက အတော်လေးကိုရိုးသားတာကြောင့် လင်းရုဖေးဘာမေးမေး သူပြန်ဖြေလေသည်။သူတို့ရဲ့မျိုးနွယ်စုကတစ်နှစ်တစ်ခါ ဆုတောင်းပွဲကိုကျင်းပကြောင်းသူတို့ဆုတောင်းတဲ့ရက်တွေမှာ အမြဲမြူဆိုင်းနေတတ်ကြောင်းကိုပြောပြလေသည်။
လင်းရုဖေးက သူတို့ရဲ့ဓလေ့ထုံတမ်းကဘယ်လောက်ကြာလဲမေးတော့ ဝူရှင်းကမပြောပြခင်စဉ်းစားလိုက်ကာ"ဆယ်ရက်လောက်တော့ကြာတယ်"
လင်းရုဖေး မြူဆိုင်းနေတဲ့ရက်တွေနှင့်တွက်ကြည့်လိုက်တော့"သူတို့ဆုတောင်းနေတာ အခုသုံး လေးရက်လောက်ရှိပြီပေါ့"
"အဲ့လောက်နီးပါးပဲ"
ဝူရှင်းကနှာခေါင်းကိုပွတ်လိုက်ကာ"လင်းကုန်းဇီ သွားချင်ရင် မြူတွေရှင်းသွားတဲ့အထိစောင့်တာပိုကောင်းမယ် ဒီတောင်ကြားမှာ လမ်းကတစ်လမ်းထဲရှိတာမှန်ပေမဲ့ ကြမ်းတမ်းတဲ့သားရဲအချို့ရှိနေသေးလို့ သိပ်မလုံခြုံဘူး"
လင်းရုဖေးကခေါင်းညိတ်ပြီးသဘောတူလိုက်သည်။
"ဟုတ်ပြီ"
ဝူရှင်းထွက်သွားသည်နှင့် လင်းရုဖေးနှင့်ကုရွမ်းတုကအစီအစဉ်တစ်ခုဆွဲလိုက်သည်။
"ဓလေ့ထုံးတမ်းက ရက်အနည်းငယ်လောက်ကျန်သေးတော့ ဝူယင်ဆုတောင်းနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး သူအိမ်ထဲကိုခိုး၀င်ပြီး ဝူမင်ကိုသွားတွေ့ကြမလား"
ကုရွမ်းတုက စဉ်းစားလိုက်ကာ"ဟုတ်ပြီ ဒါပေမဲ့ ဝူယင်ကစုန်းဆရာဆိုတော့ သူ့အိမ်မှာအကာအကွယ်အချို့တော့ရှိလိမ့်မယ် ဒါကြောင့် ဝူမင်ကိုမြှားခေါ်တာပိုပြီးကောင်းလိမ့်မယ်"
လင်းရုဖေးက သဘောတူလိုက်ပြီး "မနက်ဖြန် ကျွန်တော်စမ်းကြည့်လိုက်မယ်"
ကုရွမ်းတုက ခေါင်းညိတ်လိုက်ကာ လင်းရုဖေးကိုအရင်ဆုံးလုံခြုံရေးကိုဂရုစိုက်ပြီး အလုပ်မဖြစ်ပါက ဒီအတိုင်းလက်လျှော့ခဲ့ရန်ပြောလေသည်။
သူလည်းရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုအရမ်းကြီးလိုအပ်နေတာမဟုတ်။
လင်းရုဖေးက သူ့ကိုနှစ်သိမ့်နေတယ်ဆိုတာကိုသိတော့ ဘာတစ်ခွန်းမှမပြော၊ဘယ်သူကရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုမလိုချင်တဲ့သူ ရှိမှာလဲ။သူသာ ကုရွမ်းတုရဲ့နှလုံးကို မရှာနိုင်ရင် ဝိညာဉ်ပုံစံနဲ့ တစ်သက်လုံးသူ့ဘေးမှာရှိသွားမှာလား။
စိတ်ရောဂါဖြစ်နေတယ်လို့ အထင်ခံရတာကို မဆိုထားဘိ၊သူတို့နှစ်ဦးကြားရှိဆက်ဆံရေးကအနာဂတ်မှာတိုးတက်လာပါက.... ထိုအကြောင်းကိုတွေးမိသွားတော့ လင်းရုဖေးရုတ်တရတ် သူလမ်းကြောင်းလွှဲနေပြီဖြစ်ကြောင်းသတိထားမိသွားပြီး ချက်ချင်းပင်ရှက်သွေးဖြာသွားကာချောင်းနှစ်ချက်လောက်ဆိုးလိုက်မိသည်။
ကုရွမ်းတုက လင်းရုဖေးရဲ့နီရဲတွတ်နေတဲ့နားတွေအား မသင်္ကာဖြစ်စွာကြည့်လိုက်ပြီး"ရှောင်ကျို့ မင်းဘာတွေတွေးနေတာလဲ"
လင်းရုဖေးက တည်ငြိမ်စွာပြန်ဖြေလေသည်။
"မနက်ဖြန်အစီအစဉ်အကြောင်း စဉ်းစားနေတာ"
ကုရွမ်းတုကဆက်ပြီး "အဲဒီအကြောင်းတွေးနေတယ်ဆိုရင် မင်းက ဘာဖြစ်လို့ ရှက်သွေးဖြာနေရတာလဲ"
လင်းရုဖေးကတွန့်ဆုတ်သွားရကာ".......ဒီအတိုင်း နည်းနည်းပူလို့ပါ"
ကုရွမ်းတု : ".......?"
လင်းရုဖေးက ဘာမှပြန်မပြောတော့ဘဲ မျက်လုံးပိတ်လိုက်ပြီး အိပ်ချင်ယောင်ဆောင်သာလိုက်တော့သည်။
ကုရွမ်းတုက သူရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးအား အချိန်အတော်လေးကြာတဲ့အထိစိုက်ကြည့်နေပြီးမှ သူရဲ့မျက်နှာအမူအရာကခန့်မှန်းလို့မရနိုင်သည့်ပုံသို့ပြောင်းသွားကာ ရုတ်တရက် သူပုံရိပ်က လေထဲ တဖြည်းဖြည်းတိုး၀င်ပျောက်ကွယ်သွားသည်။
နောက်တစ်နေ့ လင်းရုဖေးကမနက်စောစောထကာ ကိုယ်လက်သန့်စင်ပြီး ရိုးရင်းတဲ့မနက်စာကိုစားပြီးနောက် အပြင်ထွက်လာလိုက်သည်။သူ မနေ့ကတွေးတောထားတဲ့အတိုင်း အရင်ဆုံးယဇ်ပလ္လင်ဆီအတည်ပြုရန်သွားလိုက်ရာ ၀ူယင်သည် မနေ့ကအတိုင်း ယဇ်ပလ္လင်အလယ်မှာဒူးထောက်ပြီး တရိုတသေဆုတောင်းနေလေသည်။ထိုနောက် သူ့ကဝူယင်ရဲ့အိမ်ကိုမှတ်ဉာဏ်အတိုင်းသွားလိုက်ပေမဲ့ အထဲသို့မ၀င်ပေ။ ထို့အစား
သူ့အိတ်ထဲက ဆက်သွယ်လို့ရသည့် အင်းစက္ကူအားထုတ်လိုက်ပြီး စာလုံးအနည်းငယ်ရေးလိုက်ကာစာကိုစက္ကူကြိုးကြာပုံစံခေါက်ပြီး ဝူယင်ရဲ့အိမ်ကိုပို့လိုက်သည်။
စက္ကူကြိုးကြာက ပြတင်းပေါက်ကနေတဆင့်၀င်သွားတာကိုကြည့်နေရင်းမှ လင်းရုဖေးကအနည်းငယ်စိတ်မအေးဖြစ်လာကာ မေးလိုက်မိသည်။
"သူထွက်လာပါ့မလား သူထွက်မလာရင်ဘယ်လိုလုပ်မလဲ"
ကုရွမ်းတုကသူ့ကိုတည်ငြိမ်စွာပြောလိုက်သည်။
"အဆင်ပြေမှာပါ သူထွက်မလာရင်လည်း အခြားနည်းစဉ်းစားကြတာပေါ့"
ကံကောင်းထောက်မစွာနှင့် စက္ကူကြိုးကြာလေးပျံ၀င်သွားပြီးမကြာမီ ဝူယင်ရဲ့အိမ်တံခါးကပွင့်လာလေသည်။ဝူမင်ရဲ့မျက်နှာကအပြင်ဘက်ကိုကြည့်နေပြီး သံသယအချို့ရှိနေပုံရသည်။မနီးမဝေးမှာရပ်နေတဲ့လင်းရုဖေးကိုမြင်တော့ သူကမျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ သူ့ဘက်ကိုဖြည်းညင်းစွာလျှောက်လာသည်။
"သူ လာပြီ"
လင်းရုဖေးက စိုးရိမ်တကြီးဖြင့်"ကျွန်တော်သူ့ကိုဘယ်လိုပြောပြရမလဲ ကျွန်တော်တည့်ပဲပြောလိုက်ရမလား"
ကုရွမ်းတု"အခြေအနေကြည့်ပြီး လှုပ်ရှားကြတာပေါ့ ဒါပေမဲ့ သူ့ကိုဝူယင်ရောက်လာရတဲ့အထိမလှုံဆော်မိစေနဲ့"
လင်းရုဖေးကခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်စကားပြောနေတုန်း ဝူမင်ကလင်းရုဖေးဆီကိုလျှောက်လာပြီဖြစ်သည်။သူရဲ့မျက်နှာအမူအယာကမနေ့ကတွေ့ခဲ့တဲ့အတိုင်းအေးတိအေးစက်ဖြစ်နေပေမယ့် သူရဲ့အသံလေးကမူ အရမ်းနူးညံလေသည်။
သူကလက်ကိုမြှောက်ကာသူလက်ထဲမှာရှိနေတဲ့လင်းရုဖေးပို့ထားတဲ့စက္ကူကြိုးကြာလေးကိုပြလိုက်ပြီး"မင်းဟာလား"
လင်းရုဖေးကဖြေလိုက်သည်။
"ဟုတ်ပါတယ်"
"ဒါက ဘာလဲ"ဝူမင်ကမေးလိုက်သည်။
စက္ကူကြိုးကြာထဲမှာ လင်းရုဖေးကအရေးတကြီးဆွေးနွေးစရာကိစ္စရှိကြောင်းပြောထားလေသည်။အခြားတစ်ယောက်ဆိုရင် ဝူမင်ကဂရုစိုက်မှာမဟုတ်ပေ။ သို့ပေမဲ့ အကြောင်းတစ်ခုခုကြောင့်
လင်းရုဖေးဆီကနေ ထူးခြားပြီးရင်းနှီးတဲ့အငွေ့အသက်ကိုရလေသည်။ဝူမင်က တုံဆိုင်းနေပြီးမှ သူကိုလာတွေဖို့ရွေးချယ်လိုက်သည်။
လင်းရုဖေးက အံကိုတင်းတင်းကြိတ်လိုက်ကာ"ကျွန်တော်ပွင့်ပွင့်လင်းလင်း မေးမယ်နော် ခင်ဗျားအရင်တုန်းကဖြစ်ပျက်ခဲ့တာတွေကိုမှတ်မိလား"
ဝူမင်က ခေါင်းရှုပ်သွားရကာ"အရင်တုန်းက"
လင်းရုဖေးကဆက်ပြီး"လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်လောက်က"
ဝူမင်:"လွန်ခဲတဲ့နှစ်ပေါင်းရာကျော်လောက်က ငါအသက်ကတစ်ရာတောင်မကျော်သေးဘူး ဘယ်လိုဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကကိစ္စကိုမှတ်မိရမှာလဲ"
လင်းရုဖေးမှာ ကြက်ကြက်သေသွားရသည်။
ဝူမင်ကမေးလိုက်သည်။
"မင်းက သောက်ကျိုးနည်းဘယ်သူလဲ"
လင်းရုဖေးက သွားကိုကြိတ်လိုက်ကာ"ကျွန်တော် ခင်ဗျားကိုသိတယ် ခင်ဗျားက ဝူယင်ရဲ့ချစ်သူမဟုတ်ဘူး"
ဝူမင်က ပြန်မေးလိုက်သည်။
"အဲ့ဒါဆို ငါကဘယ်သူလဲ"
လင်းရုဖေးအသက်ပြင်းပြင်းရှုလိုက်ကာ လေးနက်တဲ့အသံဖြင့်ပြန်ဖြေလိုက်သည်။
"ခင်ဗျားကဝူယင်ရဲ့ဆရာဖြစ်သင့်တာ ဝူမင်........ခင်ဗျားကို အရင်ကကျွန်တော်မြင်ဖူးတယ်"
ဝူမင်ရဲ့မျက်နှာအမူအယာကသိသိသာသာကိုပြောင်းလဲသွားရသည်။
_____
Translated By IQ-Team.