Chapter 163
Chapter 163
၀ူမင်
───────
ဝူရှင်းပြောပုံအရဆိုရင် ဝူအောင်း ရဲ့တည်ရှိမှုကသူတို့ဝူမျိုးနွယ်စုထဲမှာဝူမင်ထက်နည်းနည်းမြင့်ပုံရသည်။အပြင်လောကနဲ့မတည့်တာကြောင့်သမိုင်းထဲမှာဝူအောင်းရဲ့မှတ်တမ်းကမရှိသလောက်ဖြစ်သည်။
သူကရှန်းမိသားစုကိုရောက်မှ ဝူအောင်းဆိုတဲ့နာမည်ကိုပထမဆုံးကြားဖူးခြင်းဖြစ်သည်။
ကြည့်ရတာ ဝူရှင်းကအပြင်လူတွေကိုအရမ်းကြီးမခုခံပုံရသည်။လင်းရုဖေးမေးသမျှမေးခွန်းအားလုံးကို သူသိသလောက်ပြန်ဖြေသည်။ကံမကောင်းတာကဖူဟွားနှင့်ယွီရွေ့က သူမတို့ကိုသေလုနီးပါးခြောက်လန့်ထားတာကြောင့် ထိုကောင်လေးကိုအကောင်းမြင်ဖို့ငြင်းဆိုနေဆဲဖြစ်သည်။ဝူရှင်းမှာလည်းတခြားနည်းလမ်းမရှိတာကြောင့်အပြုအမှုကောင်းရှိတဲ့ပုံစံဟန်ဆောင်လိုက်ကာဘေးမှာငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။
သူတို့ စုန်းမျိုးနွယ်စုနှင်နီးလာတာနှင့်အမျှ မြူခိုးတွေအတော်လေးကိုရှင်းလင်းသွားကာ စုန်းမျိုးနွယ်စုကလူတွေလမ်းလျှောက်နေတာကိုသူမြင်နေရသည်။ ထိုစုန်းမျိုးနွယ်စု၀င်တွေက မမြင်ဖူးတဲ့ရထားလုံးကိုမြင်တော့ သူတို့ရဲ့ပုံတွေကစူးစမ်းနေပုံရသည်။ဝူရှင်းကတော့သူတို့အားလုံး နှုတ်ဆက်နေသည်။
လမ်းတစ်လျှောက် သူတို့စုန်းမျိုးနွယ်စုရဲ့အပေါက်၀ကိုရောက်တဲ့အထိ ခုခံချင်တဲ့အရိပ်အယောင်ကို သူမတွေ့ရချေ။ပြီးတော့မှသာလင်းရုဖေး လက်နက်များကိုင်ဆောင်လျက်အေးဆေးသည့်အမှုအရာဖြင့် စုန်းမျိုးနွယ်စုအစောင့်နှစ်ယောက်အားတွေ့လိုက်ရ၏။
အစောင့်က ဝူရှင်းကိုမြင်တော့ပြုံးပြကာနှုတ်ဆက်လာသည်။သူက ရလဒ်တွေကဘယ်လိုရှိလဲ နှင့်ဒီတစ်ခေါက် လူဘယ်နှစ်ယောက်လောက်ကိုသူခြောက်လန့်လိုက်လဲဟုမေးသည်။ သို့ပေမဲ့ ဝူရှင်းကသူ့ရင်ဘတ်ကိုပုတ်ပြီးတော့ကြွားလုံးထုတ်တော့မည့်အချိန်မှာပဲ သူရုတ်တရတ်တစ်ခုခုကမှားနေသလိုခံစားလိုက်ရသည်။သူလှည့်ကြည့်လိုက်တော့ရထားလုံးပေါ်ကနေ အရင်က သူခြောက်လန့်ခဲ့ဖူးတဲ့အစေခံနှစ်ယောက်ရဲ့မည်းမှောင်နေတဲ့အကြည့်တွေကိုမြင်လိုက်ရလေသည်။
ဝူရှင်းရဲ့မျက်နှာကရုတ်ချည်းတောင့်တင်းသွားကာ သူ့ခေါင်းကိုကုတ်လိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။
"မရပါဘူး သူတို့တစ်ယောက်မှမကြောက်သွားကြဘူး"
"ဒီလူက အသိမိတ်ဆွေလား သူကဘာလို့ စုန်းမျိုးနွယ်စုကိုလာရတာလဲ"
အစောင့်ရဲ့အာရုံကလင်းရုဖေးဆီပြန်ရောက်လာကာသူတို့ရဲ့မြင့်မားလှတဲ့ရထားလုံးအားကြည့်လိုက်သည်။
"သူကို သူငယ်ချင်းလိုပဲပြောရမလား"
ဝူရှင်းပြန်ဖြေလိုက်သည်။
"သူတို့ကဒီကို စုန်းဆရာကြီးကိုလာရှာတာ ပြောတာကတော့အရင်တုန်းက စုန်းမျိုးနွယ်စုဆီမှာထားထားတဲ့ပစ္စည်းကိုပြန်လာယူတာ"
"အိုး အဲ့လိုလား ဒါဆိုကျွန်တော် ခင်ဗျားကိုလိုက်ပို့ပေးပါမယ်"
အစောင့်ကဘာကိုမှမစစ်ဆေးဘဲ ဝူရှင်းရဲ့စကားတွေကိုသာခေါင်းညိတ်ပြလာကာ ယခုအချိန်မှာ စုန်းဆရာကြီးကယဇ်ပလ္လင်ပေါ်မှာလေ့ကျင့်နေတာဖြစ်ပြီး ပြီးခါနီးပြီးဖြစ်ကြောင်းပြောလေသည်။
ဝူရှင်းကခေါင်းညိတ်ပြကာ'ဟုတ်ပြီ'ဟုပြောလိုက်သည်။
အစောင့်က လင်းရုဖေးတို့ရဲ့ရထားလုံးကိုဆွဲကူပြီးသူတို့ကို ယဇ်ပလ္လင်ဆီသို့ခေါ်ဆောင်သွားလေသည်။ လင်းရုဖေးသည် ဒါကအရမ်းကြီးနှောက်ယှက်သလိုဖြစ်သွားလားဟုမေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် နေရာတော်တော်များများမှာ ထုံးတမ်းဓလေ့က တော်တော်လေးကိုအတွင်းရေးဆန်တဲ့ကိစ္စဖြစ်လေသည်။ သို့ပေမဲ့အစောင့်ကမူ ဘာကိစ္စမှမရှိသည့်အတိုင်းလက်ခါပြကာ "ကိစ္စမရှိဘူး"ဟုပြောလေသည်။
လင်းရုဖေးကဝူရှင်းရဲ့မိတ်ဆွေဖြစ်တာကြောင့် သူတို့ရဲ့မိတ်ဆွေဆိုလည်းဟုတ်သည်။ ထို့ကြောင့် မိတ်ဆွေအချင်းချင်းပြောဆိုတဲ့အခါ အရမ်းတလေးတစားဆက်ဆံနေစရာမလိုပါဘူး ဟုဆိုလာသည်။
ပြောရရင် သူနှင့် ၀ူရှင်းနဲ့ကယခုမှတစ်ခါထဲသာတွေ့ဖူးတာကြောင့်လင်းရုဖေးကသူတို့ရဲ့ခုခံခြင်းမရှိတဲ့ပုံစံကြောင့်နည်းနည်းစိုးရိမ်မကင်းဖြစ်နေရသည်။
"မင်းစိတ်ပူစရာမလိုပါဘူး စုန်းမျိုးနွယ်စုကရိုးရိုးရှင်းရှင်းလို့ထင်ရပေမဲ့ သူတို့တွေမတုံးကြဘူး သူတို့က လူကောင်းနဲ့လူဆိုးကိုရှင်းရှင်းလင်းလင်းသိပါသေးတယ်။"ဟု ကုရွမ်းတုကပြောလေသည်။
"ပြီးတော့ သူတို့ကိုရန်စရဲတဲ့သူအများကြီးမရှိဘူးလေ စုန်းမျိုးနွယ်စုကလူတွေကလက်စားပြန်ချေမယ်ဆိုတာကိုသူတို့သိကြတယ်လေ တစ်ယောက်လောက်ကိုရန်စလိုက်တာကမျိုးနွယ်စုတစ်ခုလုံးကိုစော်ကားလိုက်သလိုပဲ"
လင်းရုဖေးကသူနားလည်တယ်ဆိုတဲ့အကြောင်းခေါင်းအသာအယာလေးညိတ်ပြလိုက်သည်။
အစောင့်တွေရဲ့လမ်းပြမှုကြောင့် လင်းရုဖေးမကြာခင်ယဇ်ပလ္လင်ကိုတွေ့မြင်လိုက်ရသည်။ယဇ်ပလ္လင်ကိုကျောက်တုံးဖြင့်လုပ်ထားပြီး အလယ်၌အနီရောင်ဖွဲစည်းပုံသဏ္ဍာန်တစ်ခုဆွဲထားကအနီးအနားမှာကြီးမားတဲ့ကျောက်တိုင်အများအပြားရှိလေသည်။ယဇ်ပလ္လင်ရဲ့အလည်၌ အနက်ရောင်၀တ်ထားတဲ့လူတစ်ဦးကဒူးထောက်နေသည်။ထိုလူရဲ့အနက်ရောင်၀တ်စုံ၌လက်ရာမြောက်တဲ့ထန်းရှဲပုံနှင့် တိမ်တိုက်များပုံကိုထိုးထားလေသည်။သူလက်ထဲ၌ရိုးရိုးရှင်းရှင်းတုတ်တစ်ချောင်းကိုကိုင်ထားကာ ခေါင်းကိုငုံလျက်တစ်စုံတစ်ရာကိုရွတ်ဆိုနေသည်။ယဇ်ပလ္လင်အနီး စုန်းမျိုးနွယ်စုကလူတွေ ဒူးထောက်နေကြသည်။သူတို့အားလုံးကရိုသေလေးစားတဲ့မျက်လုံများဖြင့် ထိုလူအားစိုက်ကြည့်နေကာ အဆတ်မတပြတ်ဦးညွှတ်နေသည်။
လင်းရုဖေးရောက်တော့ ယဇ်ပူဇော်ပွဲကပြီးသွားပြီဖြစ်သည်။လူတစ်ယောက်ကမတ်တပ်ရပ်လိုက်ကာ လင်းရုဖေးနားမလည်တဲ့ဒေသိယစကားဖြင့်တစ်စုံတစ်ရာကိုပြောလိုက်သည့်အခါ လူတွေကထရပ်ကာလူစုခွဲလိုက်ကြသည်။သူက ယဇ်ပလ္လင်အလယ်မှာခဏလောက်ရပ်နေပြီးမှ သူတို့ဆီကိုလျှောက်လာလေသည်။
သူတို့အရှေ့မှောက်ကိုရောက်လာတဲ့လူကိုမြင်တော့ ဝူရှင်းနဲ့အစောင့်ကဒူးတစ်၀က်ထောက်လိုက်ကာနှုတ်ဆက်လိုက်ကြသည်။ဝူယင်ကသူ့လက်ကိုမြှောက်လိုက်မှသာ သူတို့နှစ်ယောက်ထလိုက်ကြ၏။
"ဒီကတစ်ယောက်က..."ဝူယင်ကလင်းရုဖေးကိုကြည့်ပြီးမေးလိုက်သည်။
"စုန်းဆရာကြီး ဒါကျွန်တော်အပြင်ရောက်တုန်းကခင်မင်ခဲ့တဲ့သူငယ်ချင်းပါ"ဟုဝူရှင်းက၀မ်းသာအားရလင်းရုဖေးကိုမိတ်ဆက်ပေးပြီး သူတို့နှစ်ဦး တွေ့ဆုံခဲ့ပုံကိုအကျဉ်းချုံးပြီးပြောပြနေသည်။
နားထောင်ပြီးနောက် ဝူယင်ကခဏလောက်စဉ်းစားလိုက်ကာ"လင်းကုန်းဇီကျွန်တော်ရဲ့စုန်းမျိုးနွယ်စုဆီကိုဘာအတွက်ရောက်လာရတာလဲမသိဘူး"
သူကတကယ်ကိုချောမောကြည့်ကောင်းလှပြီးသဘောကောင်းသည့်ပုံပေါက်သည်။သူစကားပြောတဲ့လေသံက နွေဦးလေပြေလေညင်းလိုမျိုး နွေးထွေးတဲ့အငွေ့အသက်ကိုသယ်ဆောင်ထားသည်။ထို့ကြောင့် ဝူရှင်းကမှော်ဆရာကြီးပြောတဲ့အခါတိုင်း သူရဲ့မျက်နှာကနှစ်သက်မှုအပြည့်ရှိနေတာ အံဩစရာမဟုတ်ပေ။
"ကျွန်တော် တစ်စုံတစ်ခုကိုဒီမှာလာပြန်ယူတာပါ" လင်းရုဖေးကဖြေလိုက်သည်။
"ဘာပစ္စည်းလဲ" ဝူယင်းကမေးလေသည်။
"လွန်ခဲ့တဲ့နှစ်(၁၀၀)လောက်က အကြီးအကဲကသူ စုန်းမျိုးနွယ်စုကဝူမင်ဆီမှာပစ္စည်းတစ်ခုထားချန်ရစ်ခဲ့တယ်လို့ပြောတာကြောင့်ကျွန်တော့်ကိုသူအတွက်သွားပြန်ယူခိုင်းလိုက်ပါတယ် အဲ့ဒီပစ္စည်းကဘာလဲဆိုတာကတော့ကျွန်တော်လည်းမသိပါဘူး"လင်းရုဖေးကတမင်တကာယခုလိုစကားမျိုးပြောလိုက်ခြင်းပင်။
"ဝူမင်..."
ဝူယင်ကသူ့ ဆရာရဲ့နာမည်ကိုကြားတော့အနည်းငယ်အံဩသွားကာ"လင်းကုန်းဇီက ကျွန်တော်ရဲ့ဆရာ ဝူမင်ကိုသိတာလား"
"မသိပါဘူး"လင်းရုဖေးကခေါင်းခါပြလိုက်သည်။
"ကျွန်တော်က လင်းကုန်းဇီနဲ့ကျွန်တော်ရဲ့ဆရာကိုအသိအကျွမ်းဟောင်းတွေလို့ထင်သွားတာ"ဝူမင်ကနှမျောတသဖြစ်သွားသည့်အပြုံးမျိုးပြုံးလိုက်သည်။
"ကျွန်တော်က အခုအသက်နှစ်ဆယ်ပဲရှိသေးတာ ဘယ်လိုလုပ်ဒီလောက်နာမည်ကြီးတဲ့ စုန်းဆရာကြီးနဲ့တွေ့ဖူးမှာလဲ"လင်းရုဖေးကရယ်မောလျက်ပြောလိုက်သည်။
"အိုး...ဒီလိုကိုး "
ဝူယင်ရဲ့အသံကတဖြည်းဖြည်းတိမ်၀င်သွားကာ"ကျွန်တော်ရဲ့ဆရာကသေသွားတာနှစ်ပေါင်းတစ်ရာလောက်ရှိပြီဆိုတော့ အဲ့အချိန်တုန်းသူပိုင်တဲ့ပစ္စည်းတွေကကံမကောင်းစွာဖြင့်မီးလောင်သွားခဲ့တယ် မင်းရဲ့အကြီးအကဲပစ္စည်းလည်းရှိတော့မှာမဟုတ်ဘူး"
လင်းရုဖေးကမျက်မှောင်ကြုတ်လိုက်ပြီး"ဒါပေမဲ့ အဲ့ဒီပစ္စည်းကအရမ်းအရေးကြီးတာ"
ဝူယင်က ခဏလောက်တွေဝေသွားကာ"ဒီလိုလုပ်ပါလား စကားအေးဆေးပြောဖို့ နေရာရှာရအောင် မင်းသေသေချာချာလေးပြောပြပါလား ကျွန်တော်သဲလွန်စများရှာတွေ့နိုင်မလားလို့လေ"သူကပြောရင်းဖိတ်ခေါ်တဲ့အမှုအရာပြလာသည်။
လင်းရုဖေးလည်းခေါင်းညိတ်ကာ သူနောက်ကိုလိုက်သွားလိုက်သည်။
သူတို့နှစ်ယောက်လမ်းအကြာကြီးမလျှောက်ရသေးခင်မှာဝူယင်ကရေပေါ်အိမ်လေးအရှေ့မှာရပ်ကာ ဒါကသူနေတဲ့နေရာဖြစ်ကြောင်းပြောပြီး လင်းရုဖေးကိုအပေါ်သို့တတ်ပြီးထိုင်ရန်ဖိတ်ခါ်လိုက်လေသည်။
လင်းရုဖေးက ဝူယင်ရဲ့အပြင်လူများနှင့်မရင်းမနှီး မဖြစ်တာကို မြင်ပြီးနည်းနည်းအံဩသွားရသည်။ သို့ပေမဲ့ ထိုအကြောင်းကိုတွေးမိတော့ ဝူရှင်းနှင့်ဝူယင်တို့က အပြင်လူတွေကို လက်သင့်ခံတဲ့ပုံကနည်းနည်းလောက်တူသည်ဟုပြောရပေမည်။ကြည့်ရတာ ယင်းကသူတို့မျိုးနွယ်စုရဲ့ အကျင့်တစ်ခုလို့ထင်ရပေ၏။
အပေါ်ထပ်သို့လှေကားဖြင့်တတ်လာပြီး လင်းရုဖေးသစ်သားကြမ်းပြင်ပေါ်သို့ခြေချလိုက်ပြီးသည်နှင့် ဝူယင်နှင့်အတူအိမ်ထဲ၀င်သွားသည်။ သို့ပေမဲ့ သူမကြာခင် အခန်းထဲကကုတင်အစွန်းပေါ်မှာအမျိုးသားတစ်ဦးသူတို့ကိုမျက်နှာမူပြီးထိုင်နေတာကိုတွေ့လိုက်ရသည်။သူလက်ထဲကစာအုပ်ရဲ့စာရွက်များကိုငုံကြည့်နေကာ သူတို့၀င်လာတာကိုသိတော့ ခေါင်းကိုပင်ထောင်မကြည့်ဘဲ"မင်း ပြန်လာပြီလား"ဟုဂရုမစိုက်ဘဲမေးလိုက်သည်။
"ပြန်လာပြီ"ဝူယင်ကပြုံးလျက်ပြန်ဖြေလိုက်သည်။
ဤယောက်ျားရဲ့ပုံပန်းသွင်ပြင်ကလည်းချောမောလှပကာကြည့်ကောင်းလှပေမဲ့သူကြည့်ရတာနည်းနည်းအေးတိအေးစက်ဖြစ်နေသည်။ သို့ပေမဲ့ ထိုအေးတိအေးစက်ပုံက ဝူယင်ကိုတွေ့တော့ပျော်ရွှင်ပြီးနွေးထွေးတဲ့ပုံသို့ပြောင်းလဲသွားသည်။သူတို့နှစ်ဦးလုံးကအပြင်လူ လင်းရုဖေးရှိနေတာကိုပင်ဂရုမစိုက်ဘဲ သူတို့ကတစ်ယောက်နဲ့တစ်ယောက်ဖက်ကာနမ်းကြတော့သည်။
လင်းရုဖေးကလည်း ယင်းမြင်ကွင်းကြောင့်နည်းနည်းအံဩသွားရပြီး ဝူရှင်းကသူ့အကြည့်ကိုမြင်တော့ ပြုံးပြကာမိတ်ဆက်ပေးလေသည်။
"ဒါက ဝူယင်ရဲ့ 'အားယွီ'လေ ဒါမှမဟုတ်မင်းတို့တွေခေါ်သလိုမျိုး ချစ်သူ လို့ပဲပြောရမလား"
လင်းရုဖေးက ယောက်ျားလေးအချင်းချင်းချစ်ကြိုက်တာကိုအများကြီးမြင်ဖူးပေမဲ့ ယခုတစ်ကြိမ်ကမူပထမဆုံးသူ ပွင့်ပွင့်လင်းလင်းဖြစ်တာကိုမြင်ဖူးခြင်းပင်။ဝူရှင်းနှင့်အစောင်ရဲ့ မျက်နှာအမှုအယာတစ်ချက်လေးမျှမပြောင်းလဲတာကိုမြင်တော့ သူတို့က မြင်ရတာရိုးနေပြီဖြစ်တာကြောင့်လုံး၀မအံဩပုံရသည်။
"ခွင့်လွှတ်ပါ လင်းကုန်းဇီ"
ဝူယင်ကနွေးထွေးတဲ့လေသံဖြင့်ပြောလိုက်သည်။
"ကျွန်တော်တို့မျိုးနွယ်စုကလူတွေကပွင့်လင်းပြီးတော့ ယောက်ျားနဲ့မိန်းမခြားနားမှုတွေကိုဂရုမစိုက်ဘူး သူတို့အချင်းချင်းချစ်ကြိုက်နေသ၍လက်တွဲလို့ရတယ်လေ"
လင်းရုဖေး က 'ဒါက တော်တော်လေးကိုကောင်းပါတယ် 'ဟုတွေးလိုက်မိသည်။
"ဝူရှင်း မင်းတို့တွေအရင်အပြင်ကိုထွက်သွားတော့"
ဝူယင်းကဆက်၍ဆိုသည်။
"ငါ လင်းကုန်းဇီနဲ့နှစ်ယောက်ထဲစကားပြောလိုက်ဦးမယ်"
"ဟုတ်ကဲ့" ဟုဆိုပြီးဝူရှင်းနှင့်အစောင့်ကအတူတူထွက်သွားပြီး လင်းရုဖေးနှင့်ကျန်တဲ့နှစ်ဦးသာအခန်းထဲမှာကျန်ခဲ့လေသည်။ဝူယင်ရဲ့ချစ်သူက စကားအများကြီးပြောရတာမကြိုက်ပုံရတာကြောင့်လင်းရုဖေးကို ခေါင်းအသာညိတ်ပြကာ ထပြီးဘေးနားကအခန်းထဲ၀င်သွားသဖြင့် လင်းရုဖေးနှင့်ဝူယင်တို့သာ ဧည့်ခန်းထဲမှာကျန်ခဲ့တော့သည်။
ဝူယင် ထပြီးလင်းရုဖေးအတွက်လက်ဖက်ရည်ပူပူလေးတစ်ခွက်ငှဲ့ပေးလိုက်ပြီး"လင်းကုန်းဇီ ဘယ်ကလာတာလဲမသိဘူး"
"ခွန်းလွန်ကပါ" လင်းရုဖေးကပြန်ဖြေလိုက်သည်။
ဝူယင်းက"ခွန်းလွန်ကလား ဒါဆိုတော်တော်ဝေးတာပဲ"ဟုဆိုလာသည်။
သူရဲ့လက်ချောင်းတွေကလက်ဖက်ရည်ခွက်အစွန်းကိုညင်ညင်သာသာပွတ်သပ်လျက်ရှပြီးသူကတစ်စုံတစ်ခုကိုတွေးနေပုံရသည်။
"လင်းကုန်းဇီကဘာပစ္စည်းလည်းဆိုတာမသိပေမဲ့ အဲ့ပစ္စည်းကိုသွားယူခိုင်းတဲ့အကြီးအကဲကိုတော့သိလောက်မှာပေါ့ ကျွန်တော်ကိုများပြောပြနိုင်မလား"
လင်းရုဖေးက ပြောပြတော့မဲ့အချိန်မှာပဲ ကုရွမ်းတုကသူ့အားအေးတိအေးစက်ဖြင့်ပြောလိုက်သည်။
"သူ့ကိုမပြောပြနဲ့"
လင်းရုဖေးကခဏလောက်ရပ်လိုက်ပြီးသူခေါင်းကိုခါပြလိုက်သည်။
ကုရွမ်းတုကဆက်ပြီး"ဒီ ဝူယင်က လူကောင်းတစ်ယောက်မဟုတ်ဘူး"
လင်းရုဖေးက ကုရွမ်းတုဘာကြောင့် ယခုလိုပြောတာလဲဆိုတာသိချင်ပေမဲ့ ဝူယင်ကသူရှေ့တည့်တည့်မှာရှိနေတာကြောင့် သူဤမေးခွန်းကိုတိုက်ရိုက်ကြီးမေးလို့မရပေ။
"အဲ့ဒါဆိုရင်တော့ နှမြောစရာပဲ"
ဝူယင်ကသက်ပြင်းချလိုက်ကာသူမျက်ဆံနက်နက်ထဲနောင်တတစ်ချို့ရှိနေပုံရပြီး"ကျွန်တော်ထင်တာ ကျွန်တော်သိတဲ့သူငယ်ချင်းဆိုရင် အရင်တုန်းကအကြောင်းတွေပြောလို့ရအောင်ပါ"
လင်းရုဖေး "တကယ်တော့ ကျွန်တော်ကို သူတို့ကဒီအတိုင်း တာ၀န်ပေးလိုက်တာဆိုတော့ ကျွန်တော်လည်းကောင်းကောင်းမသိပါဘူး"
"အို့"
ဝူယင်ကရေရွတ်လိုက်သည်။ "ဒီလိုမျိုးလား"
သူက ခဏလောက်တော့တိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်ကာ"ကျွန်တော်တို့ဒီပစ္စည်းကိုရှာလိုမတွေ့ပေမဲ့လည်း လင်းကုန်းဇီကခရီးအဝေးကြီးကနေလာရတော့ကျွန်တော်တို့ စုန်းမျိုးနွယ်စုရဲ့အရေးကြီးဧည့်သည်တော်ပါပဲ ခင်ဗျား ဒီမှာရက်နည်းနည်းလောက် ကောင်းကောင်းနေလိုက်ပါဦး"
လင်းရုဖေးက ငြင်းဆန်လိုက်ဖို့အလွန်ခက်နေတာကြောင့်သူ သဘောတူလိုက်ရလေသည်။
ဝူယင်ကဆက်ပြီး လင်းရုဖေးနှင့်အခြားအကြောင်းအရာတွေကိုပြောနေပြီးသူကိုအပြင်လောကကြောင်းမပြောခင်မှာ စုန်းမျိုးနွယ်စုရဲ့ဓလေ့ထုံးစံအချို့နှင့်ရှုခင်းတွေအကြောင်းပြောပြလေသည်။သူတို့နှစ်ဦး နေ့လည်ရောက်တဲ့အထိပြောနေကြကာ နောက်ဆုံးမှာတော့ ဝူယင်ကအစေခံတွေကို လင်းရုဖေးအတွက်အစားအသောက်တွေပြင်ပေးဖို့ဆင့်ခေါ်လိုက်သည်။ထို့နောက် တစ်ယောက်ကသူကိုအခန်းထဲအနားယူရန်ခေါ်သွားလေသည်။
အခန်းထဲကိုရောက်ပြီးမှပဲလင်းရုဖေးကကုရွမ်းတုကိုကြည့်ပြီးမေးလိုက်သည်။
"အကြီးအကဲ ဘာဖြစ်လို့လဲ"
ကုရွမ်းတုရဲ့မျက်နှာကရေခဲရိုက်ထားသည့်အတိုင်းအေးစက်နေသည်။
လင်းရုဖေးကသူဖြစ်နေတဲ့ပုံစံကြောင့်လန့်သွားပြီး ထိုအကြောင်းမမေးခင်လေးမှာပဲ"ဝူမင် မသေသေးဘူး"ဟုကုရွှမ်းတုပြောတာကိုကြားလိုက်ရသည်။
" ဘယ်လို "လင်းရုဖေးကအံဩသွားရကာ"ဝူမင်က မသေသေးဘူးလား အကြီးအကဲက ဒါကိုဘယ်လိုလုပ်သိတာလဲ"
ကုရွမ်းတုက ရယ်သွမ်းသွေးလိုက်ပြီး"ကိုယ်သေချာသိတာပေါ့ ဘာလို့လဲဆိုတော့ ကိုယ်သူကိုတွေခဲ့လို့လေ"
လင်းရုဖေး"ဘယ်မှာလဲ...."
သူအစကဘယ်နေရာမှာလဲလို့မေးချင်ခဲ့ပေမဲ့ စကားတစ်၀က်ရောက်ခါနီးမှာပဲ ကုရွမ်းတုဘာကိုဆိုလိုလဲဆိုတာကိုသူနားလည်သွားလေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်သွားကာ သူမျက်လုံးတွေမယုံကြည်နိုင်မှုအပြည့်ဖြင့်"ခင်ဗျားပြောချင်တာ ဝူယင်အိမ်ထဲကယောက်ျားက......."
"ဟုတ်တယ် အဲ့ဒါဝူမင်ပဲ"
ကုရွမ်းတုကသူ့သွားများကိုကြိတ်လိုက်ပြီး"အဲ့ဒီအချိန်တုန်းက ကိုယ် ဝူမင်ကို သူတပည့်ကရည်မှန်ချက်ကြီးတယ်လို့ပြောပြပေမဲ့ သူကအဲ့ဒါကိုဘယ်တော့မှအလေးအနက်မထားဘူးလေ အခုကြည့်ရတာကိုယ်ထင်တာ တကယ်မှန်နေတာပဲ"
______
Translated By IQ-Team.