Chapter 162
Chapter 162
စုန်းမျိုးနွယ်၀င်များ
“ခင်ဗျားသာ ဝူမင်နေရာမှာထားတဲ့ တစ်ခုခုကိုရှာချင်ရင် သူ့ကို နှောင့်ယှက်ရလိမ့်မယ်"
ဝူရှင်းက ဆက်ပြောလာသည်။
" သူက သဘောကောင်းပြီးတော့ ဝူမင်နောက်လိုက်လေ..သူ့ဆီသွားလိုက်ရင် အဲ့ဒီအကြောင်း မေးလို့ရတယ်"
လင်းရုဖေး "အများကြီးကျေးဇူးတင်ပါတယ်"
ဝူရှင်းက ပြန်ဖြေသည်။ "ကြိုဆိုလျက်ပါဗျာ"
လင်းရုဖေးထက်၍မေးလိုက်သည်။
"ဒီတောင်မြူခိုးတွေက ဘယ်အချိန်ကျမှ ပျောက်သွားမှာလဲ"
“ကျွန်တော်မသိဘူး"
ဝူရှင်းက အမှန်အတိုင်းသာဆိုလိုက်သည်။
"ချောက်ထဲမှာဆို တောင်မြူခိုးတွေရှိနေတာ ပုံမှန်ပဲလေ နေသားကျနေပြီ..မြူခိုးတွေက ခုနစ်ရက်ရှစ်ရက်ရှိနေရင်တောင် ကျွန်နော်တို့အတွက် ပြဿနာအကြီးကြီးမရှိဘူး..ဒါပေမယ့် ခင်ဗျားတို့လို တခြားမြို့ကလူတွေအတွက်တော့ သေချာပေါက် လမ်းပျောက်သွားဖို့က လွယ်လွယ်လေး..ဘာပဲနေနေ ကျွန်တော်နဲ့ဆုံမိတာ ကံကောင်းတာပဲ..ကျွန်တော်လမ်းပြပေးလို့ရတယ်"
သူသည်လည်း စကားများသည့်သူဖြစ်၍ ရထားလုံးထဲတွင်လှဲနေသော သူ့ကြောင့်ကြောက်လန့်နေရှာသည့် မိန်းမငယ်လေးများအား တွေးမိကာ မနှောင့်ယှက်တော့ချေ။
သူတို့က မိုးသောက်ချိန်အထိ စကားပြောနေကြ၍ ဝူရှင်းသည်လည်း အနည်းငယ်အိပ်ချင်လာရသည်။သူက ချေးများသည့်သူမဟုတ်၍ လင်းရုဖေးဘေးတွင်လှဲလိုက်ပြီး မျက်လုံးများပိတ်ကာ အိပ်ပျော်သွားလေ၏။လင်းရုဖေးက သူ၏မခုခံနိုင်တော့သည့် ပုံစံလေးအားကြည့်၍အော်ရယ်ချင်လာရသည်။ သူက စုန်းမျိုးနွယ်စုရှိလူများက လူများကလွတ်လပ်ကာ အကာအကွယ်များမထားရှိတတ်ကြောင်းပြောလိုက်၏။
“အသက်ရှင်နေတဲ့ ပတ်ဝန်းကျင်က သန့်စင်တော့ လူတွေက ပိုပြီးသန့်စင်တယ်လေ ဟုတ်တယ်နော်"
ထို့နောက် ကုရွှမ်းတုက သက်ပြင်းအသာချ၍ဆိုသည်။
"ဒါပေမယ့် စုန်းမျိုးနွယ်စုမှာဖြစ်ပွားခဲ့တဲ့ဟာက အတော်လေးကို ထူးဆန်းတယ်"
ဝူရှင်းက အိပ်ပျော်နေပြီဖြစ်၍ လင်းရုဖေးက ကုရွှမ်းတုအား စိုးရိမ်မှုကင်းကင်းနှင့် စကားပြောနိုင်ပြီဖြွသည်။
"ခင်ဗျားက ဝူမင်အသတ်ခံရတာနဲ့ပတ်သတ်တဲ့ အကြောင်းပြောနေတာလား"
“မဟုတ်ဘူး"
ကုရွှမ်းတုက ပြန်ဖြေသည်။
"အသတ်ခံရတာက ပုံမှန်ပဲ..ထူးဆန်းတာက ဘာလို့ သူတို့က သူ့အကြွင်းအကျန်တွေကို တမင်သက်သက် ဖျက်ဆီးခဲ့ရတာလဲ"
စုန်းမျိုးနွယ်စုက စွမ်းအားအကြီးဆုံးသူများအား အမြဲတစေလေးစားကြသော်လည်း တိုက်ပွဲတွင်ရှုံးသွားသည့် စွမ်းအားကြီးသူများကိုလည်း လေးစားကြချေ၏။ဝူမင်က စွမ်းအားရုန်းထွက်ခြင်းတွင် ကံဆိုး၍မနိုင်ခဲ့ရသော်လည်း သူက ထိုသို့သောစိတ်မကောင်းဖွယ်အခြေအနေနှင့်မကြုံသင့်ပေ..ထို့ပြင် သူ့နောက်လိုက်ဝူယင်သည်လည်း လက်ရှိစုန်းမျိုးနွယ်စုအကြီးအကဲဖြစ်နေသဖြင့် မည်သို့များ သူက သူ့ဆရာ၏ရုပ်ကြွင်းအား အဖျက်ဆီးခံခွင့်ပြုထားရပါသနည်း။
ကုရွှမ်းတုက ဤအရာနှင့် ပတ်သတ်၍ငါးညှီနံ့ရနိုင်သည့်တစ်စုံတစ်ခုရှိရမည်ဟု ယုံကြည်လေ၏။
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ပြီး ကုရွှမ်းတုစကားအား သဘေးတူလိုက်ကာ"ကြည့်ရတာ စုန်းမျိုးနွယ်စုမှာ တစ်ခုခုဖြစ်ခဲ့တဲ့ပုံပဲ..မနက်ဖြန်ကျရင် သူ့နောက်လိုက်ပြီး အခြေအနေကို အရင်ဆုံးစစ်ဆေးကြည့်ကြမယ်လေ"
“ဒါက သွားရမယ့် တစ်ခုတည်းသောလမ်းပဲ"ကုရွှမ်းတုက ပြန်ဖြေလာသည်။
နောက်တစ်နေ့အာရုဏ်ဦး၌ တောင်မြူခိုးများက ပျောက်ကွယ်သွားမသေးသော်ငြား ယမန်နေ့ကနှင့်ယှဥ်သော် အတော်လေးနည်းသွားလေပြီ။
ဖူဟွားနှင့်ယွီရွေ့တို့က နိုးလာသည်နှင့် လင်းရုဖေးဘေးတွင် လှဲနေသော ဝူရှင်းအား သတိထားမိသွားကာ လင်းရုဖေးက ညလယ်ကြီးတွင် မည်သည့်နေရာမှကလေးတစ်ယောက်ရလာမှန်း သိချင်နေကြ၏။ထပ်ပြောရသော် သူတို့က လင်းရုဖေးက ဘာကြောင့်များ ကလေးများနှင့်အရမ်းကံဆုံနေရတာလဲဟု မေးလာ၏။
လင်းရုဖေး သူ့ကိုယ်သူတွေးမိလိုက်တာက သူလည်းဤကံကြမ္မာကို မလိုချင်ကြောင်းပင် : ချီယွီကိစ္စပင် မပြီးဆုံးသေးပေ။
သို့သော် လွန်ခဲ့သောနှစ်ရက်အတွင်း သူက ချီယွီအားမမြင်ရသဖြင့် ကြောင်ပေါက်လေးသည်လည်း လင်းရုဖေးနောက်ဆက်မလိုက်တော့သည်အထိ အောင်အောင်မြင်မြင် အမှီအခိုကင်းကင်းဖြစ်သွားပြီလား မသိတော့ချေ။
“ဒီသူငယ်ချင်းလေးက မရိုးရှင်းဘူး"
လင်းရုဖေးက ပြုံးလိုက်ပြီး:"မင်းတို့နှစ်ယောက် သူ့ကိုလျှော့မတွက်နဲ့"
“သူက ဘာလို့မရိုးရှင်းတာလဲ"ယွီရွေ့က သိချင်စိတ်အပြည့်နှင့် မေးလာ၏။
လင်းရုဖေးက ပြန်ဖြေသည်။
"မနေ့ညက မင်းတို့တွေသေလောက်အောင်ကြောက်သွားတယ်မဟုတ်လား...သူက အဲ့ဒါကို လုပ်ခဲ့တဲ့သူပဲ"
ဖူဟွားနှင့်ယွီရွေ့တို့နှစ်ဦးသားမှာ သူ့စကားကြောင့် အေးခဲသွားတော့သည်။
လင်းရုဖေးက ယွီရွေ့တစ်ယောက် တစ်ခုခုပြောတော့မည်ဟု ထင်လိုက်သော်ငြား တစ်ခဏအကြာ၌ သူမက အင်္ကျီလက်အားပင့်ကာသွားရိုက်တော့မည့်ပုံရှိနေ၏။ယင်းက မနေ့ညတွင် သူမကတကယ်ကို ဆိုးဆိုးဝါးဝါးကြောက်လန့်သွားပြီး ယခုထိအလွန်စိတ်ဆိုးနေဆဲဖြစ်ချေသည်။လင်းရုဖေးက ယွီရွေ့အား အမြန်တားလိုက်ကာ သူ့အား မရိုက်ရန် တားလိုက်ရသည်။သူတို့က ဤကလေးအိမ်သို့ မကြာခင်ရောက်တော့ပေမည်။သူမသာ သူ့အားရိုက်လိုက်ပါက သူ့မိဘများအား ရှင်းပြရန်ခက်ခဲပေလိမ့်မည်။
───────
ဝူရှင်းသည်လည်း ဆူဆူညံညံအသံများကြောင့် နိုးလာ၏။သူ့မျက်လုံးများအား ပွတ်လိုက်ကာ ဘာဖြစ်နေတာလဲဟု မေးလိုက်ပြီးချင်းချင်း မိန်းမလှလေးနှစ်ယောက်ထံမှ ဒေါသတကြီးစိုက်ကြည့်ခံနေရသည်အား တွေ့လိုက်ရသည်။
ချက်ချင်းပင် မနေ့ကကိစ္စများအား ပြန်လည်စဥ်းစားမိလိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းပြုံးလိုက်ရင်း:"မင်္ဂလာနံနက်ခင်းပါနော် ..မင်္ဂလာနံနက်ခင်းပါ...ဟား..."
“ကောင်းတယ်..ဘယ်နေရာကများ ကောင်းတာလဲ..ရှင်ဘာလို့စိတ်ပျက်စရာလူလို ဖြစ်နေရတာလဲ"
ယွီရွေ့က လက်သီးဆုပ်လေးအား ယမ်းပြလိုက်ပြီး:"ကုန်းဇီသာ မတားခဲ့ရင်ပျော့ကျသွားအောင်ကို ရိုက်ပစ်ဦးမှာ"
ဝူရှင်းက နှစ်ကြိမ်ခန့် ခြောက်ခြောက်ကပ်ကပ်ရယ်မောလိုက်ကာ ပြန်ဖြေမည့်ပုံမရှိချေ။သူက လည်တိုင်အား ကျုံ့လိုက်ပြီး နောက်ဆုံးလင်းရုဖေး၏ကူပြောပေးမှုအောက် အစေခံမလေးများအား တောင်းပန်လိုက်ရကာ ထိုကိစ္စသည်လည်း ပြီးဆုံးသွားသည်ဟု သတ်မှတ်၍ရလေ၏။
နောက်ဆုံးတွင် ဖူဟွားနှင့်ယွီရွေ့တို့က ထပ်ပြီးကြောက်စရာများမရှိတော့မှသာ သက်ပြင်းချမိကြသည်။ဝူရှင်းက ရထားလုံးထဲတွင် သနားစဖွယ်ထိုင်လိုက်ပြီး လင်းရုဖေး၏ညီမလေးများက အလွန်ရက်စက်လွန်းသည်ဟု ပြောလာသည်။
ဖူဟွားက သူ့စကားများအား ကြားသည်နှင့် သူမကအပြုံးလေးဖြင့် လှည့်လာကာ သွားတန်းဖြူဖြူလေးအား ပြသလိုက်ပြီး"အဲ့ဒီလိုလား..ကျွန်မက အရမ်းရက်စက်တာပဲလား"ဟု ပြောလာလိမ့်မည်ဟု မည်သူကထင်မည်နည်း။
“မရက်စက်ပါဘူး...မရက်စက်ပါဘူး"
ဝူရှင်းက တစ်ဖန်ပြန်ဝန်ချတောင်းပန်လိုက်ရကာ:"ကျွန်တော်က အဲ့တာနဲ့ပဲ တန်ပါတယ်[2]"
ဖူဟွားက သူ့အား စိုက်ကြည့်နေသဖြင့် တွန့်ဆုတ်တွန့်ဆုတ်နှင့် အရှုံးပေးလိုက်ရချေ၏။
ခရီးမှာ ဝူရှင်းက လမ်းပြပေးနေ၍ပိုမိုမြန်ဆန်လာရကာ လင်းရုဖေးက လမ်းတောက်လျှောက်၌ စုန်းမျိုးနွယ်စုတွင်တားမြစ်ထားသည့်အရာများအား မေးမြန်းနေလိုက်သည်။ဝူရှင်းက ဤမေးခွန်းအား စဥ်းစားနေသော်ငြား ဘာမျှမပြောလာနိုင်ချေ။
သူပြောသည်က သူတို့စုန်းမျိုးနွယ်စုဝင်များက အမှန်ပင် စိတ်ကောင်းရှိသူများဟု ဆိုလာ၏။တစ်ခါတစ်ရံအပျော်အနေနှင့် ခြောက်လှန့်တတ်သည်မှလွဲ ခရီးသွားများအား ခက်ခဲအောင်လုပ်ခဲလေသည်။သူက မည်သည်ကြောင့် အပြင်ဘက်ရှိလူများက သူတို့အား ကြောက်လန့်နေရကြောင်း သိချင်ရုံလေးပင်။
ဤသည်အား နားထောင်ပြီးနောက် လင်းရုဖေးက သူ့နှလုံးသားထဲဝယ် တိတ်တိတ်လေးကျိန်ဆဲမိလေသည်။
ဒီလိုမျိုး ခြောက်လန့်နေတဲ့ နည်းလမ်းနဲ့သာဆို ဝင်သွားရဲတဲ့ခရီးသွားတွေရှိမယ်ဆိုလဲ သရဲကိုမြင်ရသလိုပဲနေမှာ...[3]။
မှန်ပေသည် သူကား ကျယ်ကျယ်မပြောခဲ့ပေ။သူက ချိုချိုသာသာလေသံလေးနှင့် အပြင်လူများက အကောင်းနှင့်အဆိုးကြား ကွာခြားချက်အား မသိကြ၍ စုန်းမျိုးနွယ်စု၏ရွှေရောင်နှလုံးသားအား မမြင်နိုင်ခြင်းဖြစ်မည်ဟုသာ မရှက်တန်းပြောချလိုက်ရသည်။
သူက ယင်းအားကျော်လိုက်ကာ တခြားတစ်ခုကိုမေးလိုက်သည်:ဝူရှင်းက ဝူအောင်းဟုခေါ်သည့် တစ်ယောက်အား သိပါသလားဟူ၍ပင်။
နားထောင်ပြီးနောက် ဝူရှင်းမှာ တကယ်ပင်သူ့တင်ပါးသူရိုက်လိုက်ပြီး:"ဝူအောင်း..ခင်ဗျားပြောတာ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ နောက်လိုက်ဝူအောင်းလား"
လင်းရုဖေးက စိတ်လှုပ်ရှားလာရကာ:"မင်း သူ့ကိုသိတယ်ပေါ့"
ဝူရှင်းက ဆိုလာ၏။
"သေချာပေါက် ကျွန်တော်သိတာပါ့..သူက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့နောက်လိုက်လေ..အချက်ကျကျပြောရရင် သူက အတော်လေး ကျော်ကြားခဲ့တာကို..အာ...ဘာလို့များ ခင်ဗျားမသိရတာလဲ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"ငါ တကယ်ကြီး မသိဘူး"
သူက အတော်လေးထူးဆန်းသည်ဟု ခံစားရကာ"ဝူအောင်းက တကယ်ကြီး ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ နောက်လိုက်လား"
“ဟုတ်တယ်"
ဝူရှင်းက ခေါင်းညိမ့်ပြလာသည်။
"ကောင်းကင်ဘုံအုပ်ချုပ်သူပျောက်ကွယ်သွားတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက ဖြစ်မယ်..သူလည်း ပျောက်သွားခဲ့တယ်..ဒါပေမယ့်လည်း သူက ကျွန်တော်တို့ စုန်းမျိုးနွယ်စုရဲ့အကျော်အမော်ဖြစ်နေတုန်းပါပဲ"
လင်းရုဖေးက ကုရွှမ်းတုအား ကြည့်လိုက်မိသည်။
ကုရွှမ်းတုက အမူအရာကင်းမဲ့စွာ ပြောလာသည်။
"ကိုယ့်ကိုမကြည့်နဲ့...ကိုယ့်မှာအဲဒီလို ရွံစရာနောက်လိုက်မျိုးမရှိဘူး"
ယင်းက အတော်လေးမှန်ပေ၏။
နှစ်ဦးသားမှာ မိတ်ဆွေဟောင်းများနှင့်မတူဘဲ ရန်သူများနှင့်ပိုတူချေ၏...ကြင်နာတတ်သည့်သခင်နှင့်နောက်လိုက်လို့မဆိုထားနှင့်...။
လင်းရုဖေးက ထိုအရာက ပိုပိုရှုပ်ထွေးလာသည်ဟု ခံစားလိုက်ရချေ၏။
****
စာရေးသူမှာပြောစရာရှိတယ်~
လင်းရုဖေးက သူ့နှလုံးသားအား ဆုပ်ကိုင်လိုက်ပြီး : အဲ့တာ ဘယ်သူ့နှလုံးသားလဲ[4]
ကုရွှမ်းတု : ကိုယ့်အပိုင်..
─────────────────────────────────────────────────
[2] စိတ်မသန့်တာ..အပြစ်ပေးခံရဖို့တန်တယ်
[3] ဖြစ်နိုင်ချေမရှိတာပါ
[4] ဒါက သီချင်းတစ်ပုဒ်ကို ရည်ညွှန်းမှန်းသေချာပါတယ်..ဘာလို့ဆို ကျွန်တော်အရင်က ကြားဖူးတယ် 😂မင်းတို့တွေနားထောင်ချင်ရင် ဒီမှာlink:https://www.youtube.com/watch?v=sZXE20ScmPY အပေါ်မှာပြထားတဲ့ စာသားက 1:13မှာစပါတယ်
--------------