Ch 2
Viewers 1k

🌻 Chapter 2



ဤစံအိမ်တော်ကြီးသည် အပြင်ပန်းတွင် တိတ်ဆိတ်နေသယောင်ရှိသော်လည်း အတွင်းပိုင်းတွင် အလွန်ပင် ရှုပ်ထွေးသည်။ သို့ဖြစ်ရာ အင်အားကြီးသောအုပ်စု တစ်ခုခုထံ ခိုလှုံလိုက်ခြင်းမှာ အကျိုးအရှိဆုံးဖြစ်ပေမည်။


သိထားသင့်သည်မှာ သူမသာ မလည်၀ယ်ပါက အသုံးချခံရနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်မှာမဟုတ်သလို ထိုအဖွဲ့တွင် ပြဿနာတစ်ခုခုသာဖြစ်ပါက အရင်ဆုံးသေရမည့်လူမှာ သူမသာဖြစ်နိုင်သည်။


သို့သော် ယခုတွင် သူမ မည်သည့်ဘက်ကိုမှ မရွေးချယ်ပါရ အသက်ဆက်ရှင်နိုင်မည် မဟုတ်ချေ။ ပထမဖူကျင်းဘက်နေရမလား၊ ဒုတိယဖူကျင်း[လီစဲဖူ]ဘက်ပဲ ပါရမလားဆိုသည်ကို သူမ ဝေခွဲမရဖြစ်နေသည်။


၎င်းတို့နှစ်ဦးစလုံးသည် စံအိမ်တော်၌ အချိန်ကြာမြင့်စွာ ခြေကုပ်ယူနိုင်မည်မှာ သေချာသည်။ ဒုတိယဖူကျင်းဆိုလျှင် ယင်ကျန်း ဧကရာဇ်အဖြစ်နန်းတက်ပြီးနောက်  သူမ၏ မိုက်မဲလှသောသားတော် ဟုန်ရှစ်ကြောင့်သာ ပြိုလဲခဲ့ရခြင်းဖြစ်သည်။


ပထမဖူကျင်းကျတော့လည်း တော်တော်လေး ရက်စက်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေမလားပဲ။


စုန့်ကော်ကော်သည် ကမ်းကော်ကော်အားပြုံးပြပြီး ယဉ် ကျေးစွာ နှုတ်ဆက်လာ၏။


"ညီမလေး ကျန်းမာရေး သက်သာရဲ့လား"


ကမ်းကော်ကော်သည် ကိုယ်ကိုမတ်မတ်ထိုင်ရင်း "အစ်မတော် စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ အများကြီး သက်သာနေပါပြီရှင်" 


စုန့်ကော်ကော်: "နောက်တစ်ခါ နေမကောင်းဖြစ်ရင် အစ်မတော်ဆီ အစေခံလွှတ်ပြီး ဆေးလာယူခိုင်းလိုက်၊ အစ်မတော့်ဆီမှာက ဆေးမျိုးစုံ ရှိတယ်လ" 


ထိုစဉ် ဖူကျင်းက စနောက်သည့်အသံဖြင့် "ညီမလေးစုန့်က လမ်းလျှောက်နေတဲ့ ဆေးအိုးကြီးဆိုတာ ဘယ်သူ မသိဘဲနေမှာလဲ၊ ဒါပေမဲ့ ဆေးတွေကို ဖြစ်သလို မသောက်မိဖို့လည်း သတိထားဦး"


စုန့်ကော်ကော်သည် ပါးစပ်လေးကို အုပ်လျက် တခစ်ခစ်ရယ်ကာ "အစ်မတော်ကတော့ နောက်နေပြန်ပါပြီ" 


ထိုကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော လက်တစ်စုံတွင် ကျောက်စိမ်းချောင်းများပမာ သွယ်လျလှပသော လက် ချောင်းလေးများနှင့် လက်သည်းနီတို့အကူမပါပဲ ဖြူဖွေးကြည်လင်နေသော လက်သည်းခွံများသည် အစစ်အမှန်လို့မထင်ရအောင် လှလွန်းသည်။


ကမ်းကော်ကော်ပင် ငေးမောမိသွားသည်။


"လူစုံနေကြပြီပဲ"


ထိုစဉ် ဒုတိယဖူကျင်း၏အသံမှာ ၀င်ပေါက်မှ တိုးဝှေ့လာသည်။ သူမသည် ခေတ်ဆန်သောပန်းခက်များ ထိုးထားသည့် တောက်ပသော အနီရောင်ဖဲသားကိုယ်ကြပ်အင်္ကျီကို ဝတ် ဆင်ထားပြီး သူမ ဆံပင်နှင့် လက်ကောက်ဝတ်များတွင် ပုလဲများကို  ဆင်ယင်ထားလေသည်။ သူမ၏ ဝိုင်းစက်သော မျက်နှာ၊ ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်နှင့်တကွ သွယ်လျသော ခါးသိမ်လေးသည်လည်း တမျိုးဆွဲဆောင်မှုရှိစေသည်။ 


ထိုသည်မှာ ပိန်သင့်သောနေရာတွင် ပိန်၍ ပြည့်သင့်သော နေရာတွင် ပြည့်ဖြိုးနေသည့် အချိုးအစားကျလွန်းသော အလှပင်ဖြစ်သည်။


ကမ်းကော်ကော် : မင်းသားရဲ့ မျက်နှာသာပေးခံရတာ မဆန်းတော့ဘူး၊ တကယ့်ကို လှပပြီး ဆွဲဆောင်မှုရှိလွန်းတာပဲ


လီစဲဖူ၏ နောက်တွင် ဝူကော်ကော်မှာ ကပ်၍လိုက်ပါလာသည်။ သူမတွင် ဘဲဥပုံ မျက်နှာနှင့် တရုတ်ဇီးသီးစေ့များအလား တောက်ပသော မျက်ဝန်းတစ်စုံရှိကာ ကမ်းကော်ကော်နှင့် အသက်အတူတူသာရှိသော်ငြား ခန္ဓာကိုယ်မှာပို၍ကျန်းမာပုံပေါ်သည်။


 á€‚ဝုလရ္ဏင်ဥသဏးဥရ္ကိုကဟည်အရတဏ အလွန်ကျန်းမာပုံပေါက်သည်။


ကမ်းကော်ကော် : တက်ကြွတဲ့ကောင်မလေးပဲ၊ ခန္ဓာကိုယ်ကျန်းမာတာကမှ ဒီအိမ်နောက်ဖေးက ဇာတ်ရှုပ်တွေနဲ့ အကောက်ကြံမှုတွေကြားမှာ တောင့်ခံနိုင်မယ့် တကယ့်အရင်းအနှီးအစစ်ပဲ။


အမှန်တွင် မူလကိုယ်ပိုင်ရှင်သည်လည်း  ချောမောလှပသူဖြစ်သည်။ သို့သော် သူမ အသက် ၁၄ နှစ်အရွယ်ကတည်းက ကောင်းမွန်သော ဘ၀တွင်မနေထိုင်ရသဖြင့် အတော်လေး ပိန်ချုံးနေခဲ့သောကြောင့် ကမ်းကော်ကော် ခေါင်းထဲတွင်လည်း သူမကိုယ်သူမ ပြန်လည်ကျန်းမာလာစေရန်သာ  အာရုံစိုက်လိုတော့သည်။


အချိန်ကိုက်ဆိုသလို နောက်ဆုံးရောက်လာသူမှာမူ ချန်ကော်ကော်ဖြစ်ပြီး သူမ၏ ပင်ကိုအေးစက်တည်ငြိမ်သော  အသွင်အပြင်ဖြင့် လူတိုင်းကို နှုတ်ဆက်လာသည်။


ကမ်းကော်ကော် မိန်းကလေးအားလုံးကို ဝေ့ကြည့်ကာ တွေးမိလိုက်သည်မှာ 


စတုတ္ထမင်းသားရဲ့ အမြင်က မဆိုးဘူးပဲ၊ တခြားညီအစ်ကိုတွေရဲ့ အိမ်တော်တွေလောက် ကိုယ်လုပ်တော်မများပေမယ့် ရှိသမျှလူတွေက အလှပန်းလေးတွေချည်းပဲ။


ဖူကျင်းသည် လူစုံသွားသောအခါ  သူမဘေးရှိ လက်ရန်းပေါ်သို့ အသာအယာ လက်တင်လိုက်ကာ ပြုံးလျက် "စတုတ္ထမင်းသားက မနက်ဖြန် ခရီးကနေ ပြန်လာလိမ့်မယ်၊ ဒီတစ်ခေါက် ရေလမ်းရော ကုန်းလမ်းရော သွားရတာဆိုတော့ မင်းသားလည်း ပင်ပန်းနေမှာပဲ၊ နင်တို့ ကိုယ့်လက်အောက်က အစေခံတွေကို သေချာဂရုစိုက်ကြ၊ မင်းသားက အမြဲတမ်း စည်းကမ်းကြီးတယ်ဆိုတာ သိတယ်မလား" 


လူတိုင်း တစ်ညီတညာတည်း ခေါင်းညိမ့်ကြသော်လည်း လီစဲဖူက ခနဲ့တဲ့တဲ့ဖြင့် စတင်ပြောလာသည်။


"ဖူကျင်းပြောတာ မှန်တယ်၊ ကျွန်မတို့ ခြံဝန်းက အစေခံတွေက မျက်စိမပါကြဘူးလေ၊ အိမ်ထောင်ထိန်းသိမ်းတဲ့ အရည် အချင်းလည်း မရှိကြဘူး၊ ဖူကျင်းနဲ့မှ မတူတာရှင်၊ စတုတ္ထမင်းသား အပြင်ထွက်သွားတာနဲ့ ကော်ကေယ်အသစ်လေးက ဖူကျင်းခြံဝန်းအပြင်ဘက်မှာ သတိလစ်လဲကျသွားတယ်ဆိုတော့... ဖူကျင်းက တကယ်ကို အိမ်ထောင်ထိန်းသိမ်းတာ တော်လိုက်တာနော်"


ကမ်းကော်ကော်သည် ပြဿနာက သူမခေါင်းပေါ် ကျလာသည်ကို မြင်သောအခါ မြန်ဆန်စွာပင် 


"ဒါက ကျွန်မရဲ့ ခန္ဓာကိုယ်အားနည်းလို့ပါရှင်၊ မနက်ကလည်း စားတာနည်းတော့ ခွန်အားမရှိဖြစ်သွားတာရယ်၊ အဝတ်ပါးပါးဝတ်မိတာရယ်ကြောင့်ပါ၊ ကံကောင်းလို့ ဖူကျင်းက သမားတော်ခေါ်ပြီး ကုသပေးလို့သက်သာသွားရတာပါ" 


လီစဲဖူ "အဲ့ဒါပြောတာပေါ့... သိတဲ့သူတွေက ညီမလေးချွေတာတယ်ဆိုတာ  နားလည်ပေမယ့် မသိတဲ့သူတွေကျတော့ ငါတို့ ပေလဲ့စံအိမ်တော်ကြီးက လူတစ်ယောက်ကိုတောင် ကောင်းကောင်းမကျွေးမွေးနိုင်ဘူးလို့ ထင်ကုန်ကြတော့မယ်"


ထိုစဉ်ဖူကျင်း၏အသံမှာ ရုတ်တရက် လေးနက်သွားကာ 


"ဒီကိစ္စက ပေလဲ့စံအိမ်တော်ရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်တယ်၊ ဘယ်သူမှ အပြင်မှာလျှောက်မပြောဖို့ ငါ အမိန့်ပေးထားပြီးပြီ၊ ကမ်းကော်ကော်အတွက်လည်း အပေါ်ဝတ် ခြုံထည်နှစ်ထည် ပေးထားပြီးပြီ၊ ညီမလေးကမ်း... ဝတ်ရတာ အဆင်ပြေတယ်မလား"


ကမ်းကော်ကော်သည် နေရာမှ မတ်တပ်ရပ်၍ အရိုအသေပေးလိုက်ပြီး ထိုအခွင့်အရေးကို အသုံးချကာ သူမ၏ ခေါင်စွပ်ပန်းရောင် ယုန်မွေးခြုံထည်ကို ထင်ပေါ်အောင်လုပ်လျက် ပြုံးလျက် ဆိုလေသည်။


"ကျေးဇူးတင်ပါတယ် ဖူကျင်း၊ ခြုံထည်နှစ်ထည်စလုံးက အရမ်းကို ကောင်းလွန်းပါတယ်၊ ကျွန်မနဲ့ ကွက်တိကျပြီး လှပတဲ့အပြင် အအေးဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပတယ်"


လူတိုင်းသည် ယခင်က ကမ်းကော်ကော်အား သေချာဂရုတစိုက် မကြည့်ခဲ့ကြသော်လည်း ယခု သေချာကြည့်လိုက်သောအခါ သာမန်ရက်များတွင် အမြဲတစေ ခေါင်းငုံ့ကာ ကြောက်ရွံ့တုန်လှုပ်နေတတ်သူမှာ ယခုအခါ များစွာတက်ကြွလာသည်ကို သတိထားမိလိုက်ကြသည်။


စုန့်ကော်ကော်သည် သူမနားကပ်ကို ဖြုတ်ကာ ကမ်းကော်ကော်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမ လက်ကိုဆုပ်ကိုင်ကာ ပြုံးလျက် "ဖူကျင်းကတောင် ခြုံထည်ပေးပြီးပြီဆိုတော့ အစ်မတော်လည်း တစ်ခုခုပေးရမှာပေါ့၊ ညီမလေးအတွက် ဒီနားကပ်လေးက အစ်မတော့်ရဲ့ စေတနာကိုပြတဲ့ ပစ္စည်းသေးသေးလေးပါကွယ်"


ကမ်းကော်ကော် ငုံ့ကြည့်လိုက်သောအခါ ဤအနီရောင်ကျောက်စိမ်း ပုတီးစေ့နားကပ်မှာ မြင့်မြတ်ပြီး လက်ရာသေသပ်ကာ တကယ်ကို လှပလွန်းနေသည်ကို တွေ့လိုက်ရသည်။


အရေးအကြီးဆုံးအချက်ကတော့  အဲ့တာ ရှေးဟောင်းပစ္စည်းကြီးဟ။


သူမသည် အလွန်ဆင်းရဲနွမ်းပါးလှရာ ဤကဲ့သို့ လက်ဆောင်ရသောအခါ အလွန်ဝမ်းသာအားရဖြင့် အရိုအသေပေးပြီး


 "ကျေးဇူးတင်ပါတယ် အစ်မတော်" 


ထိုအချိန်တွင် စုန့်ကော်ကော်မှာ  ဆက်ပြောလာသည်။


"ဒုတိယဖူကျင်းက ညီမလေးကမ်းကို ဒီလောက်တောင် ဂရုစိုက်နေတာဆိုတော့ ဘာတွေများ လက်ဆောင်ပေးမလဲ မသိဘူးနော်၊ ကျွန်မလည်း အမြင်အသစ်‌ရသွားအောင် ပြပေးပါဦး"


ကမ်းကော်ကော်၏ တောက်သော မျက်ဝန်းများသည် မျှော်လင့်တကြီးဖြင့် ဒုတိယဖူကျင်းထံသို့ ကျရောက်သွားလေသည်။


လီစဲဖူ မျက်မှောင်တစ်ချက်ကြုတ်သွားကာ မကျေမနပ် နှုတ်ခမ်းဆူလျက် သူမ လက်ကောက်ဝတ်မှ ရွှေကွပ်ကျောက်စိမ်းလက်ကောက်ကိုချွတ်ပြီး အနောက်တွင်ရပ်နေသော အစေခံမလေး လက်ထဲပစ်ပေးလိုက်ရာ ထိုအစေခံမလေးက ကမ်းကော်ကော်အား ထိုလက်ကောက်ကို လာပေးလေသည်။


ကမ်းကော်ကော်လည်း အားနာမနေတော့ချေ။ မည်သို့ပင်ဆိုစေ ဖူကျင်းနှင့် စုန့်ကော်ကော်တို့၏ပစ္စည်းများကို လက်ခံပြီးမှ ဒုတိယဖူကျင်း၏ပစ္စည်းကို လက်မခံလျှင် မျက်နှာပျက်စရာ ဖြစ်သွားမည် မဟုတ်ပါလား။


ဝူကော်ကေယ်နှင့် ချန်ကော်ကော်တို့လည်း ဆံထိုးတစ်ချောင်းနှင့် နံ့သာအိတ်တစ်လုံးစီ လက်ဆောင်ပေးကြလေသည်။


သူမ အခန်းထဲသို့ ပြန်ရောက်သောအခါ ယနေ့ ရရှိခဲ့သော လက်ဆောင်များကို စားပွဲပေါ်တင်ကာ နှုတ်ခမ်းလေးတွန့်ကွေးလျက် ယွမ်ကျွမ်းနှင့် ဟွာယုတို့နှင့်အတူ ထိုင်ကြည့်လေသည်။


ယွမ်ကျွမ်း၏ မျက်ဝန်းများတွင် ဝမ်းသာမျက်ရည်စများ ဝဲတက်လာပြီး "ကော်ကော် ဒီလိုရတနာတွေရလာတာမြင်ရတာ ကျွန်မတော့ အရမ်းဝမ်းသာတာပဲ၊ ကော်ကော်လည်း နောက်ဆုံးတော့ ဆိုးရွားတဲ့ ဘဝကြီးကနေ လွတ်မြောက်မယ့်နေ့ ရောက်လာပြီပေါ့"


ဟွာယုကမူ မျက်လုံးကိုအသာလှန်လိုက်ရင်း "ဒါကို လွတ် မြောက်ပြီလို့ခေါ်လို့လား၊  ကော်ကော်... ဒီတစ်ခါတော့ ရတနာတွေအိမ်ပြန်ပို့ဖို့ မလုပ်ပါနဲ့တော့၊ ဒီရတနာတွေကိုသုံပြီး ကိုယ့်ကိုယ်ကိုပြင်ဆင်ဖို့ပဲ သိမ်းထားသင့်တယ်၊ ဒါမှ မင်းသားဆီက အမြန်ဆုံး မျက်နှာသာရမှာ"


ဟွာယုသည် ဤခြံဝန်းအတွင်း အတွေ့အကြုံအရှိဆုံး အစေခံဖြစ်ရာ ကိစ္စများကို ရေရှည်တွေးတတ်လေသည်။


ကမ်းကော်ကော်က ပြုံးလျက် "စိတ်မပူပါနဲ့၊ နောက်ဆိုရင် ငါ့ကိုယ်ငါအတွက်ပဲ အရင်စဉ်းစားတော့မှာပါ" 


ယင်းကျန်း ပြန်ရောက်လာပြီးနောက် ကမ်းကော်ကော် သတိ လစ်သွားသည့် ကိစ္စကို ချက်ချင်းကြားသိရသဖြင့် သူမ၏ ခြံဝန်းသို့ ကိုယ်တိုင် လာရောက်ကြည့်လေသည်။


သူမ နှုတ်ဆက်ရန် ထွက်လာချိန်တွင် ကမ်းကော်ကော် စိတ်ထဲမှ မချင့်မရဲ ညည်းတွားလိုက်မိသည်။


[ငါ အိမ်တော်ထဲရောက်နေတဲ့ ခြောက်လလုံးလုံး ဘယ်သူကမှ လှည့်မကြည့်ဘဲ၊ သတိလစ်သွားမှပဲ တစ်အိမ်တော်လုံး လာကြတော့တယ်]


ယင်းကျန်းသည် ရုတ်တရက်ထွက်ပေါ်လာသော ဤထူးဆန်း သောအသံကြောင့် သူ၏နက်မှောင်သော မျက်လုံးများသည် ဘေးဘီကို အကဲခတ်လိုက်သည်။


ဘယ်သူစကားပြောနေတာပါလိမ့်၊ သူများ နားကြားမှားတာလား? ဒါမှမဟုတ် ဒီခြံဝန်းက သရဲများ ခြောက်နေတာလား။