အပိုင်း ၁၅၉
Viewers 37k

Chapter 159
၀ူယွီ

───────


“သခင်လေး..ကျွန်မတို့ ဆက်သွားဦးမှာလား"

မနေ့က ဇာတ်လမ်းအား နားထောင်ပြီးနောက် ဖူဟွားနှင့်ယွီရွေ့တို့မှာ အနည်းငယ် ထိတ်လန့်နေကြသည်။ထို့ပြင် ယနေ့၌ ဇာတ်လမ်းထဲကသို့ပင် အပြင်မှာမြူဆိုင်းနေ၍ ထိုနှစ်ယောက်အား ပို၍ကြောက်ရွံ့သွားစေ၏။အဆုံးတွင်ဖြင့် သူမတို့နှစ်ဦးလုံးမှာ မိန်းမငယ်လေးများပင် ရှိသေးလေသည်။ ဟိုအဆိုးကလေး လင်းဝေရွေ့သာလွဲ၍ပင်။ သူမသာဆိုပါက မြူခိုးများအား မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ချက်ချင်းပင် ထွက်ခွာချင်ပေလိမ့်မည်။ 

လင်းရုဖေးက ဆို၏။

"စောင့်ကြတာပေါ့..ဒီတိုင်းဆို မြူခိုးတွေက နေ့လည်မှ ပျံ့သွားတော့မယ်..အဲ့ဒီအချိန်ကျ ထွက်ကြတာပေါ့" 

ဖူဟွားနှင့် ယွီရွေ့တို့က စိတ်သက်သာရာရသွားသည့်နှယ် သက်ပြင်းချလိုက်ကြသည်။ 

သို့သော်လည်း ကောင်းကင်သည်ကား လူ့အလိုမလိုက်ချေ။ဤသိပ်သည်းလှသည့် မြူခိုးများက သာမန်တောင်မြူခိုးများနှင့်မတူ။နေထွက်လာသည်အထိ ပျောက်ကွယ်သွားမည့်ဟန်မရှိချေ။ 

လင်းရုဖေးမှာ တည်းခိုခန်းရှိရှောင်အာ့ထံ မြူခိုးပြယ်သွားမည့် အချိန်အားသွားမေးလိုက်ရုံသာ တတ်နိုင်လေ၏။ 

“ပြောရမှာတော့ ခက်တယ်"

ရှောင်အာ့က ပြန်ဖြေလာသည်။

"ပုံမှန်ဆို နေ့လည်လောက်ကျရင် ပြယ်ပါပြီ..ဒါပေမယ့် နေ့လည်လောက်ထိကို မပြယ်သေးရင် ရက်ပေါင်းများစွာကြာလိမ့်မယ် ..တစ်ခါတုန်းကဆို ရှင်းလင်းသွားဖို့ ဆယ်ရက်ကျာ်လောက်ကြာတယ်..ကုန်းဇီ ဒီလိုမြူထူနေတာတောင်မှ ဝင်သွားချင်နေတုန်းပဲလား" 

လင်းရုဖေးက မေးလိုက်သည်။

"တစ်လမ်းလမ်းတော့ သွားလို့ရတယ်မလား" 

ရှောင်အာ့က ပြန်ဖြေသည်။

"တစ်လမ်းလမ်းတော့သွားလို့ရမလားဆိုတာ ကျွန်တော်မသိဘူး..ဒါပေမယ့် တစ်လမ်းတော့ရှိတယ် ..အထဲက ဘယ်လိုပုံစံလဲဆိုတာက ဘယ်သူမှမသိကြဘူး" 

လင်းရုဖေးက တွေးလိုက်မိသည်။

"ဒါဖြင့် မနက်ဖြန်ထွက်ကြမယ် မနက်ဖြန်ထိ မပျောက်သေးဘူးတိုရင် အဓိကလမ်းမကြီးအတိုင်း ဆက်သွားတာပေါ့"

မြူခိုးတို့ရှိနေသေးသော်လည်း သူ့တွင်အနည်းဆုံး ဘေးမှာရှိနေသည့် ကုရွှမ်းတုရှိနေသေး၏။ကုရွှမ်းတုက ဝူယွီအကြောင်းကောင်းကောင်းသိ၍ အံ့အားသင့်စရာကြီးကြီးမားမား ရှိနေမည်မဟုတ်ချေ။ 

ရှောင်အာ့က စကားလုံးအနည်းငယ်နှင့် ဖျောင်းဖျရန်ကြိုးစားသော်လည်း လင်းရုဖေး၏ခိုင်မြဲသောသဘောထားအား မြင်ပြီးနောက် သက်ပြင်းတစ်ချက်သာချလိုက်လေသည်။ 

ရာသီဥတုသည်ကား လင်းရုဖေးအား ဆန့်ကျင်နေပုံရသည်။နောက်တစ်နေ့တွင်လည်း မြူခိုးများကြောင့် လင်းလင်းထင်းထင်းရှိမလာသေးချေ။ယင်းက ထူထပ်နေကာ ချောက်ချားဖွယ်ကောင်းနေဆဲဖြစ်ပြီး ပျောက်သွားမည့်အချိန်အား မည်သူမျှမပြောနိုင်သေးပေ။လင်းရုဖေးက ဆက်မစောင့်ရန် ဆုံးဖြတ်လိုက်ပြီး သူ့အစေခံမလေးများနှင့်အတူတူ ရထားလုံးထဲသို့ ဝင်လိုက်လေ၏။ 

ဖူဟွားနှင့်ယွီရွေ့တို့သည်လည်း အလွန်ထိတ်လန့်နေကြ၍ လင်းရုဖေးက သူတို့နှစ်ယောက်အား အထဲတွင်ထိုင်စေပြီး သူကမူရထားလုံးအား ကိုယ်တိုင်မောင်းလေ၏။

မှန်ပေသည်...

အစေခံမလေးများက ဤအမိန့်အား စစချင်းတွင်ကြားသော် တွန့်ဆုတ်နေကြသေးသည်။သခင်က အလုပ်ကြိုးစားနေစဥ်တွင် အစေခံများက အထဲတွင် ပျော်ပျော်ကြီးထိုင်နေတာမျိုးက ရှိရိုးထုံးစံလား။

လင်းရုဖေးကလည်း အများကြီးမဖျောင်းဖျခဲ့ချေ။သူက ရိုးရိုးလေးတွေးပြီး မေးလိုက်၏။

" မင်းတို့တွေ အပြင်မှာ ရထားလုံးကို မောင်းမယ်ဆိုရင် နောက်ကနေ လက်တစ်ဖက်က ရုတ်တရက်ကြီးဆန့်ထွက်လာပြီး ပုခုံးပုတ်ခံရမှာမကြောက်ဘူးလား" 

ဤသည်က အစေခံမလေးနှစ်ယောက်အား အောင်အောင်မြင်မြင် ခြောက်လန့်စေနိုင်သွားကာ သူ့စကားကြောင့် မျက်နှာလေးများမှာ ဖျော့တော့သွားတော့သည်။တစ်ခုမှမဆိုလာတော့ဘဲ ရထားလုံးထဲသို့ တိတ်တဆိတ် ကျုံ့ဝင်သွားကြသည်။သူတို့က လင်းရုဖေးအား စိုးရိမ်နေသေးသောကြောင့်ထင် ရထားလုံးလိုက်ကာအား ချလိုက်ရန် ငြင်းဆိုကာ သူတို့က သခင်လေး၏နောက်ကျောအား ကူညီကာစောင့်ရှောက်ပေးမည်ဟု ဆိုလာ၏။ 

လင်းရုဖေးမှာ ဖူဟွားနှင့်ယွီရွေ့တို့ ဖြစ်ပျက်သွားကြသည်များအား ရယ်မောလိုက်မိပြီး ကုရွှမ်းတုသည် ရှောင်ကျို့က အတော်လေး ဆိုးလာတယ်ဟု မှတ်ချက်ပြုလာ၏။ 

လင်းရုဖေးက သူ့အားကြည့်လိုက်ကာ "ဒါတွေအားလုံးက အကြီးအကဲဆီက တတ်လာတာလေ" 

ကုရွှမ်းတု : "........" 

လင်းရုဖေးက ကျိန်ဆဲလိုက်ပြန်သည်။

"ငါလူး...ဒီမြူတွေကလည်း ထူလိုက်တာ" 

ကုရွှမ်းတု : "......."

မင်း ဒါကိုလည်း ကိုယ့်ဆီက သင်ခဲ့တာလား...။

ကုရွှမ်းတုက ဤကျိန်တွယ်စကားလုံးအား ကြားသော် အချိန်အတန်ကြာ အတော်လေးမုန်းတီးဒေါသထွက်သွားဟန် တိတ်တဆိတ်အံကြိတ်လိုက်မိသည်။သူ့စိတ်ထဲတွင် ဟယ့်မိသားစုက သူမရှောင်ရှားနိုင်ခဲ့သည့် ကပ်ဆိုးကြီးတစ်ခုဟု တွေးမိချေသည်။သို့စေကာမူ လင်းရုဖေး၏ပျော်ရွှင်နေသော မျက်နှာလေးနှင့် ရယ်သံတို့အား ကြည့်ခြင်းဖြင့် သူ(LYF)က သူ့စိတ်ခံစားချက်တို့အား ထုတ်ပြနိုင်မည့် "ငါလူး"ဆိုသည့်စကားလုံးက"အမလေး"ဆိုသည့် စကားလုံးထက် ပို၍သက်ရောက်မှုရှိကြောင်း ခံစားလိုက်ရသည်။ 

ကုရွှမ်းတုက ခေါင်းကိုက်သွားဟန် နာဖူးအားနှိပ်လိုက်မိသည်။သူ့မိသားစု၏ကုန်းဇီပေါက်စလေးအား ထိုစကားလုံးအား မကြာခင် မေ့ပျောက်သွားနိုင်မည့် နည်းလမ်းအား ကြိုးစားစဥ်းစားနေရ၏။

သို့သော်လည်း ယခုတွင်ဖြင့် အချိန်မကျသေးဟန်ရှိသည်။ သူ့လက်ထဲရှိကြာပွတ်အား မြောက်လိုက်ရင်း လင်းရုဖေးမှာ အရှေ့ဘက်လမ်းမကြီးတစ်လျှောက် ရထားလုံးအား မှောင်းနှင်နေသည်။မြူခိုးများက သိပ်သည်းနေသည်ကြောင့် သူက ရထားလုံးအားအရှိန်မတင်ရဲကာ တကယ်တမ်းတွင်လည်း သူက လမ်းနှင့်ရင်းနှီးမနေသလို ပတ်လည်ရှိအတားအဆီးများကိုလည်း မြင်နိုင်ခြင်းမရှိချေ။  

သို့စေကာမူ ရထားလုံးမှာ လမ်းထဲသို့ တဖြည်းဖြည်းနက်နက်မောင်း၀င်သွားလေရာ ပတ်လည်ရှိမြင်ကွင်းများမှာ တဖြည်းဖြည်းပြောင်းလဲလာသည်။လင်းရုဖေးက မြူခိုးထူထူတို့အား ဖြတ်ကျော်ပြီးနောက် သူ့ပတ်လည်၌ တောင်တန်းရှည်ကြီးများပေါ်လာသည်အား မသဲမကွဲမြင်လိုက်ရသည်။ဤနယ်မြေက မူလက မြေပြန့်ဖြစ်နေသောကြောင့် ဤတောင်တန်းများက မည်သည့်နေရာမှပေါ်လာသည်အား သူနားမလည်နိုင်ချေ။ 

လင်းရုဖေးက မေးလိုက်၏။

"အကြီးအကဲ ..ခင်ဗျားအရင်က ရောက်ဖူးတဲ့အချိန်တုန်းကနဲ့ အတူတူပဲလား" 

“အတော်များများပေါ့"

ကုရွှမ်းတုက ဆက်၍ဆိုသည်။

"ဝူယွီနဲ့အရမ်းကို ချွတ်စွပ်ပဲ လူတစ်ယောက်ကို သက်တမ်းရှည်ကြီးတစ်ခုစီရှိကြတယ် ဒါကြောင့် ကိုယ်အထင် နှစ်ပေါင်းရာချီအနည်းငယ်အတွင်းမှာ ဘာမှသိပ်မပြောင်းလဲလောက်သေးဘူး"

သူကအနည်းငယ် စိတ်ခံစားချက်ပြင်းလာပြီး တီးတိုးရေရွတ်လာသည်။ ''ဝူမင် တကယ်ကြီး သေသွားမယ်လို့ မထင်ထားဘူး...ကိုယ် ထင်ခဲ့တာ သူက ကိုယ့်ထက်ပိုကြာကြာ နေသွားရမယ်လို့လေ...."  

လင်းရုဖေးက မေးသည်။

"ခင်ဗျားနဲ့ ဝူမင်က အရမ်းရင်းနှီးတာပဲလား"

ဤသည်အား မေးပြီးနောက် သူက အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ဟုတ်ပြီ..ကုရွှမ်းတုနှင့်ဝူမင်သာ မသင့်မြတ်လျှင် သူ့နှလုံးကို လုံလုံခြုံခြုံသိမ်းထားဖို့ ပေးပါ့မတဲ့လား။ 

ကုရွှမ်းတုက လင်းရုဖေးအား အတိတ်ကထိုနေ့များအကြောင်း ပြန်ပြောပြနေ၏။သူက သူနှင့်ဝူမင်မှာ အသက်တူတူပင်ဖြစ်ကာ စိတ်သဘောထားချင်းလည်း ဆင်တူကြသည်ဟုဆိုသည်။စစချင်း၌ သူတို့က တစ်ယောက်နှင့်တစ်ယောက် တည့်နေခြင်းမရှိကာ ယင်းက နောက်ပိုင်း၌တစ်ခုခုဖြစ်ပွားပြီးနောက် သူတို့၏သဘောထားသည်လည်း အပြင်းအထန်ပြောင်းလဲလာကာ ဝူမင်နှင့် ဆက်ဆံရေးမှာလည်း ပြေပြစ်လာသည်ထိပင်။ဤသို့ဖြင့် မသင့်မြတ်ကြသည့် နှစ်ဦးသားမှာ အမှားလေးတစ်ခုကြောင့် အရင်းနှီးဆုံးမိတ်ဆွေများဖြစ်လာကြ၏။  

လင်းရုဖေးကမေးပြန်သည်။ 

''အတိတ်တုန်းက ကိစ္စတွေအများကြီးဖြစ်ခဲ့တယ်...ဟုတ်တယ်မို့လား" 

“အများကြီးပေါ့"

ကုရွှမ်းတုက ပျင်းတိပျင်းတွဲအကြည့်ဖြင့်:"အရင်တုန်းက အခုလိုမျိုး ငြိမ်းချမ်းနေတာမျိုးလည်းမရှိဘူး..ယောင်ကွမ်းရဲ့ မဟာတည်ဆောက်ပုံကြီး အခြေမပျခင်က ကမ္ဘာပေါ်က နေရာတိုင်းမှာ ဆူပူသောင်းကြမ်းနေကြတဲ့ မိစ္ဆာတွေရှိတယ်...ဒါပေမယ့် မိစ္ဆာတွေက ပိုတိုးလာလို့ ကျင့်ကြံသူတွေကလည်းပိုအားကောင်းလာကြတယ်...တကယ်တော့ အခုခေတ်မှာ လူတွေကသာ မကျင့်ကြံကြဘူးဆိုရင် သူတို့က ရိုးရိုးလူသားတွေပဲဖြစ်နေကြဦးမှာပဲ...ဘာပဲနေနေ ဟိုအရင်တုန်းကတော့ သူတို့သာ မကျင့်ကြံကြဘူးဆိုရင် သေကြရုံပဲရှိတယ်လေ" 

လင်းရုဖေးက နားပူနားဆာလုပ်တော့၏။

''အကြီးအကဲ...ပိုပြီးပြောပြပေးပါဦး"

အတိတ်တုန်းက ဖြစ်ခဲ့သည်များအား မည်သူကများမသိချင်ဘဲ ရှိမည်နည်း။သမိုင်းကြောင်းစာအုပ်များကလည်း မှတ်တမ်းတင်ထားသည်ဆိုသော်ငြား မျက်မြင်တွေ့ခဲ့ရသည့်သူနှင့်ယှဥ်သော် ရှင်းရှင်းလင်းလင်းဖော်ပြထားမည်မဟုတ်ချေ။

သူက ကိုယ်ကိုမတ်ကာ သိချင်စိတ်ပြင်းပြနေသည့်ပုံလုပ်ပြလိုက်သည်။

"လူတိုင်းပြောကြတာက ကောင်းကင်ဘုံအုပ်ချုပ်သူက သက်ရှိတွေကို ကာကွယ်ဖို့ ယောက်ကွမ်းမဟာတည်ဆောက်ပုံအခြေကျဖို့ အကောင်းဆုံးလုပ်ပေးခဲ့တယ်တဲ့...သူ့ရဲ့ကျင့်ကြံခြင်းက ကြီးကြီးမားမားပျင်စီးသွားပြီးတဲ့နောက် သူပြန်ပေါ်လာဖို့ တိတ်တိတ်လေးနေတဲ့နှစ်တွေအများကြီးအချိန်ယူနေခဲ့တာတဲ့...အကြီးအကဲ မဟာတည်ဆောက်ပုံကို အခြေကျဖို့ အရမ်းခက်ခဲခဲ့တယ်မဟုတ်လား" 

ကုရွှမ်းတုက နက်နက်ရှိုင်းရှိုင်းသူ့ကိုစိုက်ကြည့်လာပြီး:"ခက်ခဲခဲ့တယ်" 

“ခင်ဗျား အဲ့ဒီအချိန်တုန်းက ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တာလား"လင်းရုဖေးက ဆိုလာ၏။ 

ကုရွှမ်းတုက ပြန်ဖြေသည်။

"အရမ်း ပြင်းထန်တာပေါ့"

သူက သက်မချလိုက်ရင်း:"ကောင်းကင်ဘုံအုပ်ချုပ်သူက ကြင်နာတတ်တဲ့နှလုံးသား အရှိဆုံးသူ.. ပြီးတော့ အမုန်းခံရဆုံးသူပဲ...သူက မဟာတည်ဆောက်ပုံကို အခြေချပြီး ကမ္ဘာကြီးရဲ့အသက်ကို ကယ်တင်ခဲ့ပေမယ့် သူ့ပတ်လည်က လူတွေရဲ့နှလုံးသားဘယ်လောက်များများကို ချိုးဖျက်ခဲ့မှန်း ကိုယ်မသိဘူး" 

လင်းရုဖေးက အတော်လေးထူးဆန်းသည်အား ရှာတွေ့သွားလေ၏။ကုရွှမ်းတုက ကောင်းကင်ဘုံအုပ်ချုပ်သူအကြောင်းပြောသောအခါ တခြားတစ်ယောက်အကြောင်းပြောနေသကဲ့သို့ဖြစ်နေသော်ငြား သိိသိသာသာပင် သူကိုယ်တိုင်က ကောင်းကင်ဘုံအုပ်ချုပ်သူပင် ဖြစ်ချေသည်။ 

“အကြီးအကဲက အဲ့ဒါကို နောင်တရဖူးလား"လင်းရုဖေးက မေးလိုက်မိ၏။ 

“ကိုယ်လား...ကိုယ်က ကိစ္စတိုင်းကို နောင်တရတယ်"

ကုရွှမ်းတုက တတွတ်တွတ်ပြောလာ၏။

"ဒါပေမယ့် ကောင်းကင်ဘုံအုပ်ချုပ်သူမှာ ဘယ်တော့မှ နောင်တရမယ့် ကိစ္စမရှိဘူး..ကောင်းကင်ဘုံအုပ်ချုပ်သူ...ကောင်းကင်ဘုံအုပ်ချုပ်သူ...သူ့နာမည်လိုပဲ သူက ကောင်းကင်ဘုံမင်းကြီးဖြစ်ဖို့ မွေးဖွားလာတာ...ဘုရင်တွေရဲ့ ဘုရင်...လူတိုင်းရဲ့အချစ်ခံရတယ်...လူတိုင်းအပေါ်မှာပဲ စိတ်နစ်ထားခဲ့တယ်..."

ကုရွှမ်းတုက ဤသည်အား ပြောနေရင်း ပြုံးယောင်သန်းလာ၏။သို့စေကာမူ အကြောင်းတချို့ကြောင်းလင်းရုဖေးမှာ သူ့အပြုံးထဲရှိစိတ်ပျက်နေမှုတို့အား မြင်နိုင်ပေ၏။တစ်ခဏမျှ တိတ်တဆိတ်နေပြီးနောက် သူက ရုတ်တရက် လက်ဆန့်ကာ ကုရွှမ်းတုလက်အား ဆုပ်ကိုင်လိုက်ပြီး လေသံနိမ့်နိမ့်လေးနှင့်ဆက်ပြောလိုက်သည်။

"အကြီးအကဲက ထပ်မပြုံးချင်တော့ရင် မပြုံးပါနဲ့တော့"  

ကုရွှမ်းတု : "ကိုယ်က အရင်ဆုံး လက်ဦးယူလာတတ်တဲ့ ရှောင်ကျို့ကို နေသားမကျသေးဘူး"

သူက သူ့လက်ဖ၀ါးအာလှန်ကာ သူ့လက်ချောင်းများနှင့်လင်းရုဖေး၏လက်ချောင်းများကို အတူပူးယှက်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရာမှ သူ့ စိတ်ဝိဥာဥ်ကပြန်ဝင်လာပြီး တခြားအကြောင်းအရာများအား အမျှင်မပြတ်တန်းပြောပြနေသည်။

မှန်ပေသည်...

ယခုအချိန်တွင် သူက လေးလံနေသည့် လေထုအား ပေါ့ပါးသွားစေရန် စိတ်ဝင်စားဖွယ်တစ်ခုခုအား ရွေးပြောနေခြင်းပင်။  

လင်းရုဖေးနှင့် ကုရွှမ်းတုတို့မှာ စိတ်ဝင်စားမှုကြီးစွာ စကားပြောနေကြသော်လည်း ရထားလုံးထဲရှိအေစခံမလေးများက သေလောက်အောင် ထိတ်လန့်နေကြသည်အား သူတို့မသိခဲ့ကြပေ။

ယွီရွေ့က ဖူဟွားလက်မောင်းအား လှုပ်ယမ်းလိုက်ရင်း နှစ်ဦးသား တုန်လှုပ်ချောက်ချားစွာ ပွေ့ဖက်ထားကြသည်။

ယွီရွေ့က ငိုသံပါကြီးနှင့် တိုးတိုးပြောလာ၏။

"အစ်မဖူဟွား သခင်လေးက ဘယ်သူနဲ့စကားပြောနေတာလဲ" 

ဖူဟွားက တုန်တုန်ယင်ယင်အသံလေးနှင့် ပြန်ဖြေသည်။

"သူက ....သူ့ကိုယ်သူ စကားပြောနေကြပဲလေ" 

“ဒါပေမယ့် ဘာလို့ အမေးအဖြေတွေရှိနေရတာလဲ ဘာလို့ ကျွန်မက သခင်လေးနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေသလို ခံစားနေရတာလဲ...မမရော သခင်လေးက ပြုစားခံရတယ်လို့ထင်လား" 

ဖူဟွားက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"သခင်လေးက အမြဲတမ်း အပြုစားမခံရဖူးလို့လား..."

ယွီရွေ့၏ခေါင်းလေးအား ပုတ်လိုက်ကာ သူမက ချော့ချော့မော့မော့ဖြင့်ဆက်ပြောလိုက်သည်။

"စိတ်ငြိမ်ငြိမ်ထား..ငါတို့ဒါကို အသားကျနေသင့်တယ်" 

ယွီရွေ့က ဆိုသည်။

"ဒါပေမယ့် ကျွန်မ အဲ့ဒါကို အသားမကျနိုင်သေးဘူး" 

ဖူဟွားက ခါးသက်သက်ပြုံးလိုက်ကာ:"ရိုးရိုးသားသားပြောရရင်...ငါလည်းအဲ့ဒါကို အသားမကျနိုင်သေးဘူး" 

နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားကြရင်း မြူခိုးထူထူများအလယ် သူတို့သခင်လေးက သူ့ကိုယ်သူတီးတိုးပြောနေသည်အား နားထောင်နေရတာကအခြေအနေကို ပို၍ ကိုးရိုးကားယားနိုင်နေစေသည်။ 

ရထားလုံးက တစ်နေကုန်ခရီးသွားနေကာ သူတို့ရောက်နေသည့်နေရာကိုလည်းမသိရသည့်အပြင် ကောင်းကင်တွင် မှောင်မည်းလာသည့်တိုင် မြူခိုးများမှာ ထူထပ်နေဆဲပင။ 

လှည့်ပတ်ကြည့်လိုက်ပြီးသည်နှင့် လင်းရုဖေးက ညတွင် မီးဖိုရန် အသင့်အတင့်မြေပြန့်သည့်နေရာအား ရွေးလိုက်သည်။ယွီရွေ့နှင့်ဖူဟွားက တစ်နေ့လုံးထိတ်လန့်နေသည်ဖြစ်၍ အတော်လေးပင်ပန်းနေပြီးဖြစ်ရာ လင်းရုဖေးက နှစ်ယောက်သားအား အရင်နားခိုင်းလိုက်ပြီး ညစောင့်အနေနှင့် ဒုတိယညဝက်ထိတိုင်စောင့်ပေးမည်ဖြစ်ကြောင်း ပြောလိုက်ရသည်။ 

သို့ရာတွင် ဖူဟွားမှာ မည်သည့်ကိစ္စဖြစ်နေပါစေ ငြင်းဆန်နေ၏။သူမက သခင်လေးမှာ တစ်နေ့လုံးပင်ပန်းထား၍ မည်သို့များ ညတွင်လည်း ဆက်စောင့်ခိုင်းရမည်နည်းဟု ဆိုလာ၏။သူမက ည၏ပထမတစ်ဝက်ကို စောင့်လိုက်မည်ဖြစ်ပြီး ယွီရွေ့က ကျန်တစ်ဝက်ကိုစောင့်လိုက်မည်ဖြစ်၍ လင်းရုဖေးအား ကောင်းကောင်းအနားယူရန်ပြောလေသည်။ 

ယွီရွေ့က သဘောတူလာချင်သည်နှင့် လင်းရုဖေး ရက်စက်စွာ ပြုံးလိုက်ပြီး:"နေ့ဆိုဘာမှမရှိပေမယ့် ညကျရင် ဘာတွေထွက်လာမယ်ဆိုတာ မသေချာဘူးနော်..." 

ယွီရွေ့က စိတ်ဆိုးလာသဖြင့် "သခင်လေးက တော်တော်ဆိုးတာပဲ...ကျွန်မတို့ကို တမင်ခြောက်လန့်မနေနဲ့" 

လင်းရုဖေးက စနောက်လိုက်သည်။

"ငါက မင်းတို့သခင်လေးမှန်း ဘယ်လိုလုပ်ပြီးသေချာနေတာလဲ" 

ယွီရွေ့က စူးစူးဝါးဝါးကြည့်လာ၏။ 

“မြူတွေက နေ့မှာဆို တအားထူလွန်းတာမို့ မင်းတို့နှစ်ယောက်က ရှုပ်ထွေးသွားနိုင်တယ် သခင်လေးကလည်း အလဲခံရနိုင်တယ်"

လင်းရုဖေးက အတွေးတို့နစ်နေဟန်ဖြင့်:"တကယ်တမ်း...မင်းတို့ရှေ့ကလူက မင်းတို့သခင်လေးနဲ့ တထပ်တည်းတူတဲ့ မိစ္ဆာတစ်ကောင်ဆိုရင်ရော...." 

“အား......."

သူမသခင်ငယ်လေး၏ နမူနာပြောပြသည်အား မျက်၀ါး၀ါးထင်ထင်တွေ့လိုက်ရဟန် ယွီရွေ့က လင်းရုဖေးဘေးထံသို့ ခုန်ဝင်ကာ သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးများနှင့် ထုချင်လာရသည်။ 

လင်းရုဖေးမှာ မရယ်ဘဲမနေနိုင်အောင်အော်ရယ်ပြီးနောက် သူ့ကိုယ်သူတည်ငြိမ်အောင်အမြန်ထိန်းလိုက်ပြီး "ဟုတ်ပြီ..ဟုတ်ပြီ..ဒီလိုဆိုရင်ရော ..ငါက ညရဲ့ ပထမတစ်ဝက်ကို အိပ်လိုက်မယ် ..မင်းတို့တွေက ညရဲ့ကျန်တစ်ဝက်ကို အိပ်လိုက်လေ...မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပူးပေါင်းနေသင့်တယ်..မဟုတ်ရင် မင်းတို့တွေဝိဥာဥ်လွင့်မတတ် ခြောက်ခံရလိမ့်မယ်နော်..."  

ဖူဟွားနှင့် ယွီရွေ့၏မျက်နှာအခြေအနေများက ကောင်းမွန်မနေသော်လည်း အဆုံးတွင်သဘောတူလိုက်ကြရသည်။ 

တစ်ခါတစ်လေ ကြောက်တတ်ခြင်းကလည်း ချစ်စရာကောင်းသည့်အရာဖြစ်၍ လင်းရုဖေးက သူ့အစေခံမလေးတွေ၏မျက်နှာဖျော့ဖျော့လေးမှာ အတော်လေး ချစ်စရာကောင်းသည်အား တွေ့လိုက်ရသည်။သူက ထိုနှစ်ဦးအား တိုက်တွန်းလိုက်ပြီးနောက် အရင်အနားယူရန် ထွက်လာကာ မီးပုံဘေးတွင်ထိုင်နေသည့် နှစ်ယောက်အား ချန်ထားခဲ့လိုက်၏။



------------------

စာရေးသူမှာ ပြောစရာရှိတယ်~

ကုရွှမ်းတု : ရှောင်ကျို့က သရဲတွေမကြောက်ဘူးဆိုတော့ ငါ့အတွက် ဝမ်းနည်းစေတာပေါ့  

လင်းရုဖေး : ကျွန်တော်သာ သရဲတွေကြောက်နေရင် ခင်ဗျားမှာ အခွင့်အရေးရှိနေသေးတယ်လို့ ထင်လား.. 

ကုရွှမ်းတု : ....မင်းကတော့ စံပဲ... 

───────────────────────────────────────────────── 

[
_____


Translated By IQ-Team.