အပိုင်း ၁၅၈
Viewers 37k

Chapter 158
 ၀ူယွီ

───────


ယွင်ရှန်းမြို့၏တောင်ပိုင်း၌ ဝူယွီဟုခေါ်သည့် နေရာကား စုန်းမျိုးနွယ်စုတို့၏ နယ်မြေဖြစ်သည်။ 

အခြားသော နေရာများနှင့်ယှဥ်သော် ဝူယွီက ရှည်လျားကျဥ်းမြောင်းသည့် ချောက်နက်ထဲတွင် တည်ရှိကာ တောင်တန်းများနှင့် ရေပြင်တို့ ကာရံထားသည်။မြေပြင်အနေအထားက ရင်းနှီးနေသော်လည်း ဝူယွီသည်ကား စုန်းကဝေဒေသဖြစ်၍ အပြင်လူများအဖို့ ကြောက်မက်ဖွယ်ပင်။ထို့ကြောင့် လူအများစုအတွက် ယင်းကား အလွန်ဆန်းကြယ်သော နေရာဖြစ်သည်။လင်းရုဖေး ယခင်က မော့မိသားစုတွင် ဆုံခဲ့ဖူးသည့် ချီယန်ရှန့်က စုန်းမျိုးနွယ်စုပထမမျိုးဆက်ဖြစ်လေသည်။သို့သော်လည်း ယခုတွင်မူ ချီယန်ရှန့်၌ အလွန်ကောင်းမွန်သည့် သဘောထားရှိပုံရကာ စုန်းမျိုးနွယ်စုသည်လည်း ကြားရသည့် သတင်းများလောက် အဆန်းတကြီးဖြစ်နေမည် မဟုတ်ချေ။ 

ကုရွှမ်းတုက စုန်းမျိုးနွယ်စုတွင် တမူထူးခြားသည့် သဘာဝရှိသည်ဆိုသည်မှာ တကယ်တမ်း သတင်းအမှားသာဖြစ်ကြောင်း ဆိုလာ၏။သူတို့က ကမ္ဘာလောကမှ ခွဲခြားခံထားရ၍သာ လောကစည်းမျဥ်းများအကြောင်းမသိ၍ အထူးအခြေအနေများမှလွဲဝူယွီမှထွက်ခဲလှသဖြင့် အပြင်လောကမှလူများအား ထိုသို့သော ထူးခူးဆန်းဆန်းခံစားချက်မျိုးပေးလေ၏။

မှန်ပေသည်.. လူမှုဆက်ဆံရေးနယ်ပယ်၌ ချောချောမွေ့မွေ့နှင့် သွက်လက်လှသည့် ချီယန်ရှန့်ကဲ့သို့သောလူများက စုန်းမျိုးနွယ်စုတွင် လူနည်းစုသာရှိနိုင်ပြီး အများစုသည်ဖြင့် ရှက်တတ်ကြောက်တတ်သူများ ဖြစ်လေသည်။   

လင်းရုဖေးက တိုးတိုးလေးဆိုလိုက်၏။

"ကျွန်တော့်အခန်းထဲမနေ့က ဝင်လာတဲ့သူက ...သူလည်း စုန်းမျိုးနွယ်စုဝင်ပဲမလား" 

ကုရွှမ်းတုက ခေါင်းညိမ့်ပြသည်။ 

လင်းရုဖေးက ထပ်မံ၍ မေးလိုက်သည်။

"သူ့နာမည်က ဘာလဲ" 

ကုရွှမ်းတု "ဝူအောင်း" 

လင်းရုဖေး "ဒါ နာမည်ကောင်းတစ်ခုပဲ...ချီယွီညည်းတဲ့အခါ ထွက်လာတဲ့အသံနဲ့တူတယ်..ဝူး အောင်း..ဝူး ...အောင်း[1]" 

ကုရွှမ်းတုမှာ အကျယ်ကြီးရယ်ချလုမတတ် ဖြစ်သွားရသည်။ 

“ဒီလူ့မှာ အတော်လေးထူးဆန်းတဲ့ စိတ်အခြေအနေရှိတယ်လို့ ကျွန်တော်ထင်တယ်"

လင်းရုဖေးက ချင့်ချိန်စဥ်းစားလိုက်ပြီး :"ကျွန်တော်ထင်ခဲ့တာ သူက ကျွန်တော့်ကို ပြဿနာရှာလာတော့မယ်လို့လေ..ဘာပဲဆိုဆို သူက တကယ်ကို ကျွန်တော့်ကို အံ့အားသင့်အောင်လုပ်ပြီး အပြီးသတ်သွားတာပဲ ဒါပေမယ့် သူက ကျွန်တော့အပေါ် ရည်ရွယ်ချကကောင်းရှိနေရဲ့သားနဲ့ ဘာလို့များ ရှန်ဝူချွေ့အပေါ် ထိခိုက်အောင်လုပ်တာလဲ ..ကျွန်တော့်အစ်မတောင်မှ ထိခိုက်သွားသေးတယ်" 

သို့စေကာမူ ကုရွှမ်းတုက ရိုးရိုးရှင်းရှင်းပြုံးလိုက်ပြီးနောက် ခေါင်းယမ်းပြကာ တိတ်ဆိတ်မြဲသာနေ၏။ 

လင်းရုဖေးက မေးပြန်၏။

"ပြီးတော့ ကျွန်တော်တို့ ဝူယွီကို ခုချိန်သွားလိုက်ရင် သူ့နယ်မြေထဲကိုသွားလိုက်သလို ဖြစ်မသွားဘူးလား"

သူက တကယ်ပင် ဝူအောင်းအား သဘောမကျပေ။

"ကျွန်တော်တို့ သူ့ဆီကနေပြေးကြမလား" 

ကုရွှမ်းတုက သက်ပြင်းချလိုက်ရင်း အနည်းငယ်ကူကယ်ရာမဲ့နေသည့် အသံဖြင့်:"ကိုယ်တို့ ဘယ်ကိုပဲသွားသွား သူ့ကို ရင်ဆိုင်ရမှာပဲ" 

နှစ်ယောက်သားက ယွီရွေ့က တတွတ်တွတ်ပြောလာသည်အထိ တစ်ခဏကြာ စကားပြောနေကြသည်။

"ဘယ်သူ့ကိုများ စကားပြောနေတာပါလဲ ကုန်းဇီ.."

ထိုအခါမှသာ လင်းရုဖေးက ပါးစပ်ပိတ်လိုက်ပြီး သူက စာအုပ်တစ်အုပ်အကြောင်း ပြန်တွေးကြည့်နေကြောင်း အမှုမထားဟန်ဖြင့်ပြောလိုက်၏။ 

ယွီရွေ့က ပြောင်းဖူးသကြားလုံးအား ဝါးလိုက်ရင်း သူမကုန်းဇီအား အံ့အားတသင့်ကြည့်လိုက်မိသည်။သူမရင်ထဲ၌ သူမကုန်းဇီ၏ တစ်ယောက်တည်း စကားပြောနေတတ်သည့် စိတ်ကယောင်ချောက်ချားရောဂါက ပိုကောင်းမလာသည်လား စဥ်းစားနေရင်း အနည်းငယ်စိတ်ပူနေမိသည်။ 

လင်းရုဖေးက ယွီရွေ့အားကြည့်ကာ မေးလိုက်၏။

"မင်း နေ့တိုင်း သကြားလုံးတွေစားနေတာများနေပြီ သွားပိုးစားမှာမကြောက်ဘူးလား" 

ယွီရွေ့က ပြုံးဖြဲဖြဲလုပ်ပြလာရင်း ပါးစပ်ဟပြကာ သေသေသပ်သပ်ရှိလှသည့် သွားဖြူဖြူတန်းလေးများအား ပြလိုက်သည်။

"မကြောက်ပါဘူး..ခဏခဏ သွားတိုက်တယ်"

သူမက ထိုသို့သောအရာများအား ဂရုမထားနေချေ။ 

ဤသည်က လင်းရုဖေး၏ လက်တန်းပြောလိုက်သည့် မှတ်ချက်ဖြစ်သော်လည်း သူ၏မှန်းဆချက်မှာ တကယ်မှန်သွားလေ၏...။

နောက်တစ်ညတွင် ယွီရွေ့မျက်နှာမှာ ရုတ်တရက်ကြီး တစ်ဖက်ကဖောင်းကားရောင်ကိုင်းနေ၏။

ဖူဟွားက ယွီရွေ့ပါးစပ်အား ပုတ်ကာ ဘယ်ပြန်ညာပြန်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး:"ယွီရွေ့...နင် သွားကိုခဏခဏတိုက်ရဲ့လား ဒီသွားတွေက တစ်ဝက်ကပိုးစားနေပြီ" 

ယွီရွေ့က အော်ငိုလိုက်ပြီး:"ငါ တကယ်ကို တိုက်တယ်နော့" 

ဖူဟွားက မေး၏။

"ဒါဆို ..သွားတွေက ဘယ်လိုလုပ် ပိုးစားသွားတာလဲဟ" 

“ဟင်း..."

လင်းရုဖေးက သက်ပြင်းချပြီး ဆိုလိုက်သည်။

"သူမက သွားတိုက်ပေမယ့် ညအိပ်တဲ့အခါမှာလည်း သူ့ချစ်သူပေးထားတဲ့ ပြောင်းဖူးသကြားလုံးကို ဝါးနေသေးတာလေ...သွားပိုးမစားတာမှ ထူးဆန်းနေဦးမယ်" 

ယွီရွေ့က နာကျင်မှုကြောင့် အော်ငိုပြီး ဤအရာအားလုံးက ဟယ့်ဝမ်ရှန်း ထိုမကောင်းသည့်လူကြောင့်ဟုပြောကာ မျက်ရည်ကျနေ၏။

ဘာကြောင့်များ သူ့ရဲ့ ပြောင်းဖူးသကြားလုံးတွေက အရမ်းအရသာရှိနေရတာလဲလို့...။

ဖူဟွားက စိတ်တိုနေသော်ငြား ဤကိစ္စက ရယ်စရာကောင်းသည်ဟုတွေးမိချေ၏။

သူမက ယွီရွေ့နှာခေါင်းလေးအား ညစ်လိုက်ပြီးနောက် အသာတို့ထိလိုက်ကာ:"အရသာရှိတာတွေအကုန်လုံးက သကြားတွေနဲ့လုပ်ထားတာများတယ်...အများကြီးစားရင် သွားပိုးစားရုံမကဘူးနော် ဝတောင်၀လာဦးမှာ..နင်ဝလာရင် ဟယ့်ဝမ်ရှန်းက ကြိုက်နေဦးပါ့မလားဆိုတာ ကြည့်ကြတာပေါ့"

ယွီရွေ့မှာ ပို၍ပင် အော်ငိုတော့သည်။ 

လင်းရုဖေးက အော်ရယ်လိုက်ကာ ကလေးကိုခြောက်နေသည်အား ရပ်လိုက်ရန် ဖူဟွားအားပြောလိုက်လေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ချီယွီကလည်း သူ့မိသားစုဝင်လေးအား ခေါ်လာကာ သစ်တော်ပွင့်ပေါ်ရှိ မိုးရေစက်ကလေးများနှယ် ယွီရွေ့ငိုနေသည်အား မြင်သော် မျက်မှောင်ကြုတ်လိုက်ပြီး လင်းရုဖေးက ဘယ်လိုလုပ်ပြီး သူ့ကိုယ်ပိုင်အစေခံမလေးတွေကိတောင် အနိုင်ကျင့်နိုင်ရတာလဲဟု မေးလာ၏။ 

လင်းရုဖေးက သက်ပြင်းရှည်ကြီးချလိုက်ကာ သူ့တွင် အနိုင်ကျင့်တတ်သည့်စိတ်မရှိကြောင်း ပြန်ပြောလိုက်သည်။သူက ယွီရွေ့ပြောင်းဖူးသကြားလုံးစားကာ သွားပိုးစားသွားသည့် ဇာတ်လမ်းအကြောင်းအားဖောက်သည်ပြန်ချပေးလိုက်သည်။

ချီယွီက ဤသည်အားကြားသော် သူသည်လည်း ကျယ်ကျယ်လောင်လောင် ရယ်လာ၏။ယင်းက ယွီရွေ့အား ပို၍စိတ်ဆိုးသွားရစေ၍ သူ့အမွေးအား ကြမ်းကြမ်းတမ်းတမ်းဆွဲပစ်လိုက်တော့သည်။သို့သော်လည်း သူက ခုခံခြင်းမရှိဘဲ သက်တောင့်သက်သာအပြည့်ဖြစ်နေသည့် မျက်နှာနှင့် ဘိန်းမုန့်တစ်ခုနှယ် သူ့ကိုယ်သူပြားလိုက်ရင်း ဖူဟွားကပွေ့ထားသည့်အထဲမှ မျက်စိစွေပြလာ၏။ 

လင်းရုဖေးက ယဲ့မော့ပေါက်စလေးအား ပွေ့ဖက်လိုက်ကာ ဘာကြောင့်များ ချီယွီက ငါးဆားနူနဲ့အရမ်းတူနေရတာလဲ ဟုမေးလိုက်သည်။ 

“ချီယွီက ငါးဆားနူးဆို မင်းကဘာလဲ" ကုရွှမ်းတုက မရိုးသားစွာ မေးလာ၏။ 

“ကလေးထိန်းလား" လင်းရုဖေးက မရဲတရဲပြန်ဖြေလိုက်သည်။ 

ကုရွှမ်းတုက ထိုအရာအား မှတ်ချက်ပေးမလာဘဲ မော့ကာချီယွီအား တွေးတွေးဆဆကြည့်လိုက်လေသည်။ 

သူတို့ နောက်ထပ်သွားမည့်နေရာသည်ကား ဝူယွီနေဖြစ်သော်လည်း လင်းရုဖေးမှာ ဝူအောင်းကို ကြောက်နေဆဲဖြစ်သည်။ကုရွှမ်းတုက ဝူအောင်းမှာ လင်းရုဖေးအား ဆန့်ကျင်ပြီး နည်းနည်လေးမျှလှုပ်မလာနိုင်ကြောင်းနှင့် အကယ်၍ သူတစ်ခုခုလုပ်လာခဲ့ပါကလည်း သူ့အားပြန်တိုက်ခိုက်နိုင်သည်ဖြစ်ကြောင်းပြောကာ လင်းရုဖေးအား အများကြီးမစိုးရိမ်ရန်ပြောဆိုနေ၏။  

လင်းရဖေးမှာ ဘာကြောင့်များ ဝူအောင်းက ကုရွှမ်းတုအား မုန်းတီးစက်ဆုပ်နေရတာလဲ ဟုမေးလိုက်သော်လည်း ကုရွှမ်းတုက အပြုံးလေးနှင့်သာဖြေလာသည်။

"ဒါက... မုန်းတီးစက်ဆုပ်နေတာမဟုတ်ဘူး..မနာလိုနေတာ" 

“မနာလိုတာ"

လင်းရုဖေးက သိချင်လာရကာ:"ဘာအတွက်များ သူက မနာလိုနေရတာလဲ" 

ကုရွှမ်းတုက ပြန်ဖြေသည်။

"သေချာပေါက် သူက ကိုယ့်ဘေးမှာတစ်ယောက်ယောက်ရှိနေလို့ မနာလိုနေတာ ..သူဘယ်လောက်သနားစရာကောင်းနေလဲ ကြည့်လိုက်..လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက သူ့ဘေးမှာမြွေမည်းတစ်ကောင်ပဲရှိခဲ့တယ်..နှစ်ပေါင်းရာချီကြာသွားတော့လည်း မြွေမည်းတစ်ကောင်ပဲရှိသေးတာလေ...ကိုယ်သူ့ကို ကြည့်တောင်မကြည့်ရက်နိုင်တော့ဘူး" 

သူက ဟာသနှောနေသည့် လေသံနှင့်ပြောနေသဖြင့် လင်းရုဖေးသည်လည်း မပြုံးလိုက်ဘဲမနေနိုင်မိချေ။သို့စေကာမူ ယခုအချိန်တွင်လည်း စိုးရိမ်မှုတစ်စွန်းတစ်စရှိနေဆဲပင်။ဆိုရသော် ဝူအောင်းက လင်းရုဖေးအပေါ်ပေးနေသည့် ခံစားချက်ဟာဆိုရင်ဖြင့် ကောင်းမွန်မနေချေ။ 

ဤနေရာသည်ကား ပင်လယ်နှင့်နီးလေ၏။ဆောင်းဦးရာသီအစပိုင်းပြီးနောက် ရာသီဥတုသည်လည်း ပူပြင်းမနေတော့ချေ။ဆောင်းဦး၏မိုးတစ်ပြိုက်က အေးမြမှုကိုယူဆောင်လာပြီး ဤနှစ်မိုးက ပို၍သက်သောင့်သက်သာရှိနေစေသလိုလိုပင်။

လင်းရုဖေးက ရှန်မိသားစုမှထွက်လာပြီးနောက် နေမင်းကြီးက တစ်ကြိမ်မှပင် ပေါ်ထွက်မလာသေးတာကြောင့် အတော်လေး သက်တောင့်သက်တာဖြစ်စေသည့် ခံစားချက်မျိုးကိုရနေသည်။ 

ရှန်မိသားစုမှ ဝူယွီအထိ သွားလာရသည်က ဆယ်ရက်မျှကြာပြီး နှေးနှေးသာသွားနေပါက ပို၍ပင်ကြာသွားပေလိမ့်မည်။သူတို့က ဝူယွီနှင့်နီးကပ်လာသည်နှင့် လင်းရုဖေးမှာ ဤနေရာပေါ်သို့ လူများ၏အထင်တသေးဖြစ်နေသည့် သဘောထားအား ပိုခံစားလာရလေလေဖြစ်သည်။သူတို့က သူ၏ဦးတည်ရာအား ကြားသည်နှင့် လူအများစု၏မျက်နှာများမှာ ကြောက်ရွံ့မှု တနည်းအားဖြင့် နှစ်သက်မှုမရှိသည့်ပုံပြလာ၏။  

“ကုန်းဇီ..ဝူယွီကို တကယ်ကြီး သွားချင်နေတာလား"

တည်းခိုခန်းပိုင်ရှင် ရှောင်အာ့က အလွန်စိတ်အားထက်သန်နေ၏။သို့သော်လည်း လင်းရုဖေးကို ဦးတည်ချက်အကြောင်း မေးလာရာ အဖြေအားကြားလိုက်ရသည်နှင့် မျက်မှောင်ကြုတ်လိုက်ပြီး:"အဲ့ဒီနေရာက အရမ်းဆိုးဝါးလွန်းတယ်...သွားတဲ့သူတွေ ဘယ်တော့မှပြန်လာလို့မရတဲ့ နေရာလို့ပြောလို့ရတယ်" 

လင်းရုဖေးက မေးလိုက်၏။

"အဲ့ဒီလောက်အထိတောင် အားကောင်းတာလား အဲ့ဒီအကြောင်းလေး ပြောပြစမ်းပါဦးဗျာ"

ရှောင်အာက လင်းရုဖေးအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ရင်း တိုးတိုးလေးပြောလာ၏။

"ကုန်းဇီသွားချင်ရင် ရှေ့တည့်တည့်လမ်းမကြီးအတိုင်း လိုက်သွားပြီးဆက်သွား...ဘာပဲဖြစ်ဖြစ် မသွားခင်တော့သေချာလေးစဥ်းစားပြီးမှသွား...ဒါပေမယ့် ကုန်းဇီ အဲ့ဒီကို ဘာအတွက်များ သွားမှာလဲ" 

လင်းရုဖေးက ခဏတာတုန့်ဆိုင်းနေမိပြီးမှ တိုးညှင်းစွာဖြေလိုက်သည်။

"တ...တစ်ခုခုလုပ်ဖို့"

ရှောင်အာ့က ခေါင်းခါကာ သက်ပြင်းချလိုက်ရင်း သူလုပ်မည့်အရာဘာပဲဖြစ်ဖြစ် မလုပ်တာပိုကောင်းသည်ဟု ပြောလာ၏။ဝူယွီ ဤနေရာသည်ကား သူတို့မည်သို့မျှမချဥ်းကပ်ရဲသည့် နေရာဖြစ်ချေသည်။သူတို့ မနီးကပ်သေးရင်တောင်မှ ထူးဆန်းသည့်အရာများအား မြင်နိုင်သေးပေ၏။အတိုချုံ့ရသော် ဝူယွီနှင့်ဆက်စပ်နေသရွေ့ ကောင်းသည့်အရာတစ်ခုမှမရှိချေ။  

လင်းရုဖေးက သိချင်စိတ်အပြည့်နှင့် မေးလုက်မိ၏။

"ထူးဆန်းတဲ့အရာတွေ ဟုတ်လား" 

ရှောင်အာ့ "ဟုတ်တယ်" 

လင်းရုဖေး "ဥပမာအနေနဲ့"

သူက အင်္ကျီလက်အိတ်ထဲမှ ငွေသားကိုယူကာ ရှောင်အာ့ထံကမ်းပေးလိုက်သည်။ 

ရှောင်အာ့က ငွေသားအား မြင်လိုက်သည်နှင့်သူအပြုံးတို့ကပို၍အသက်၀င်လာသည်။ သူက ယူလိုက်ပြီးနောက် အပြုံးလေးနှင့်ဆက်ပြောလာ၏။

"ဒီဝူယွီက ချောက်နက်ထဲရဲ့အလယ်မှာရှိတာ..အရှေ့ပိုင်းလမ်းက အထဲကိုသွားမယ့် တစ်ခုတည်းသောလမ်းပဲ ..လူတွေက ဝူယွီကိုရှောင်ကြတယ်..အနည်းစုကပဲသွားကြတာ..တစ်ချို့နှစ်တွေမတိုင်ခင်ကအထိပဲ အဲ့တာကလည်း နွေဦးရာသီအတွင်းမှာပဲ..အဲ့ဒီလမ်းက ရုတ်တရက်ကြီး မြူဆိုင်းလာတာ" 

သူက တမင်သက်သက်အသံကိုနိမ့်လိုက်ရင်း ထိတ်လန့်ဖွယ်မျက်နှာလုပ််လာ၏။ယင်းက ယွီရွေ့အား ဖူဟွားလက်ကိုကိုင်လိုက်ရသည်အထိ ကြောက်လန့်စေမိကာ မျက်လုံးဝိုင်းကြီးများနှင့် ရှောင်အာ့အား စိုက်ကြည့်နေမိသည်။ 

ရှောင်အာ့က ဆက်ပြောလာသည်။

"တစ်ယောက်ယောက်က အနီးကိုဖြတ်သွားရင်း အရမ်းတိုက်တိုက်ဆိုင်ဆိုင်နဲ့..မြူထဲကနေ အရိပ်တွေအများကြီးပေါ်လာတာကို မြင်ခဲ့ရတယ်လေ...စစချင်းတုန်းက သူထင်ခဲ့တာက တစ်ယောက်ယောက်ဖြတ်သွားရုံလေးပဲလို့လေ...ဒါပေမယ့် အနီးသွားကြည့်မှ တစ်ခုခုမှားနေမှန်းခံစားလိုက်ရတာ...သူသတိထားမိသွားတာက အဲဒီလူတွေရဲ့ လှုပ်ရှားမှုက တောင့်တောင့်ကြီးဖြစ်နေပြီးတော့ လမ်းလျှောက်တာကလည်း သာမန်လူလိုမဟုတ်ဘူး...သူပိုကြည့်လေလေ...ပေါ်လာတာကြီးက တစ်ခုခုမှားနေလေလေပဲ...သူက ထွက်သွားဖို့လုပ်လိုက်တာနဲ့ ..ဘယ်သူသိခဲ့မှာလဲ......"

သူက ချက်ချင်း အသံကိုမြင့်လိုက်ပြီး "ဘယ်သူသိခဲ့မှာလဲ...သူ့နောက်ကနေ လက်ကြီးတစ်ဖက်က ရုတ်တရက်ဆန့်ထွက်လာပြီး သူ့ပုခုံးကို ဆတ်ခနဲပုတ်လိုက်မယ်ဆိုတာ...တခြားဟာတွေကိုကြည့်လိုက်တော့လည်း တကယ်တမ်းကျ အကုန်လုံးက တခြားလူနဲ့ပေါင်းစည်းထားတာတဲ့" 

“အား..."ယွီရွေ့နှင့် ဖူဟွားမှာ ကြောက်လွန်း၍ဖျော့တော့နေ၏။

သို့သော်လည်း လင်းရုဖေးက စိတ်ဝင်စားမှုကြီးကြီးနဲ့ နားထောင်နေပြီးနောက် မှတ်ချက်ပေးလိုက်၏။

"အတော်လေးကောင်းတဲ့ ဇာတ်လမ်းပဲ" 

“ကုန်းဇီက မကြောက်ဘူးလား"

ရှောင်အာ့က လင်းရုဖေးတုံ့ပြန်မလာသည်အား တွေ့သွားသော် သူက အတော်လေး လက်မခံနိုင်ဖြစ်သွားရလေ၏။အမှန်တွင်ဖြင့် ဤသည်က သူ့ရင်ဘတ်အောက်ခြေတွင် သိမ်းထားသည့်[2] သရဲဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ 

“ငါမကြောက်ဘူး"

လင်းရုဖေးက လက်ဖက်ရည်တစ်ကျိုက်မော့သောက်လိုက်ရင်း ထူးမခြားစွာပြောလိုက်သည်။

"လုပ်ကြံဇာတ်လမ်းတစ်ပုဒ်လိုမျိုးပဲ" 

“ဘာကြောင့်တုန်း "ရှောင်အာ့က အံ့အားသင့်သွားရသည်။ 

လင်းရုဖေးက ပြုံးလိုက်ပြီး"တစ်ခုခုက တကယ်ကြီးသူနဲ့တိုက်ဆိုင်သွားရင် မင်းတို့ကို ဘယ်သူက ဇာတ်လမ်းကိုပြောပြခဲ့တာလဲ...လူသေက စကားပြောနိုင်လို့လား..."

သူက ဤစကားအားပြောပြီးသွားသည်နှင့် ချက်ချင်းပင် မော့ချန်းရှန်အား သတိရသွားမိသည်။

တစ်ခဏမျှတိတ်ဆိတ်နေပြီးနောက် သူကအတွေးနစ်သွားမိသည်။

"ကြည့်ရတာ လူသေက စကားပြောနိုင်တဲ့ပုံပဲနော်..." 

“သခင်လေး..ကျွန်မတို့ကိုခြောက်နေတာ ရပ်လိုက်ပါတော့"

ယွီရွေ့က ငိုသံကြီးနှင့် တတွတ်တွတ်ဆိုလာသည်။

"အဲ့ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်..ကျွန်မတို့တကယ်ပဲသွားရမှာလား" 

“သွားမှာ...စိတ်ဝင်စားစရာမကောင်းဘူးလား" 

ယင်းက သိသိသာသာပင် လင်းရုဖေးက ဝူယွီမှာစိတ်ဝင်စားဖွယ်နေရာဖြစ်သည်အား ရှာတွေ့သွားသည့် တစ်ယောက်တည်းသောသူဖြစ်၏။ရှောင်အာ့ဖြစ်စေ သူ့အစေခံမလေးများပင်ဖြစ်စေ မျက်နှာထက်၌မနှစ်သက်သည့်ပုံများ ရှိမနေချေပေ။ ရှောင်အာ့
က သူ့အားဖျောင်းဖျ၍မရသည်အား မြင်သော် ဆက်ကြိုးစားမလာတော့ချေ။သူက သက်ပြင်းတစ်ချက်သာချလိုက်ပြီး လင်းရုဖေးအား ရုတ်တရက် သူပျောက်သွားပါက မိသားစုက စိုးရိမ်နေမည်စိုး၍ ထိုနေရာသို့အရင်ဆုံးမသွားမီ သူ့မိသားစုအား နှုတ်ဆက်သွားဦးဟုဆိုလာ၏။လင်ရုဖေးက သူ၏ကြင်နာမှုအား ကျေးဇူးတင်လိုက်ကာ တစ်ခဏမျှစဥ်းစားပြီးသည်နှင့် ခွန်းလွန်သို့စာပြန်ပို့ရန်ဆုံးဖြတ်လိုက်သည်။ 

ရှောင်အာ့က ဇာတ်လမ်းအားပြောပြသောအခါ ကုရွှမ်းတုသည်လည်း စိတ်ဝင်တစားနားထောင်နေ၏။သူတို့က အခန်းသို့ပြန်လာသောအခါ လင်းရုဖေးက ဤဇာတ်လမ်းမှာ မှန်သလားမှားသလားဟု မေးလိုက်သည်။ 

“မှန်နိုင်တယ် စုန်းမျိုးနွယ်စုက တကယ်တမ်း အလောင်းကောင်တွေဖမ်းတဲ့နေရာမှာတော်ကြတယ်[3]တစ်ခါတစ်လေဆို သူတို့က အပြင်လောကကနေ အလုပ်အပ်တာလည်း လက်ခံတယ် ဒါကြောင့် ဒီလို အမြင်ခံရတာတော့ ပုံမှန်ပါပဲ ဒါပေမယ့် အဆုံးသတ်နားက အတော်လေးမှားနေတယ် ကိုယ်ထင်တာတစ်ယောက်ယောက်က ဆီနဲ့ရှာလာကာရည် [4]ပေါင်းထည့်ထားတဲ့ပုံပဲ" 

လင်းရုဖေးက အာရုံဝင်စားလာမိပြီး "ခင်ဗျားမှန်တယ်...ရိုးရာပုံပြင်အများစုက ဆီနဲ့ရှာလာကာရည် ပေါင်းထည့်ထားကြတာ"

လင်းရုဖေးက တည်းခိုခန်းတွင် တစ်ညတည်းလေ၏။သူက မူလတွင် ဝူယွီသို့ နောက်တနေ့တွင်ဝင်ရန်ရည်ရွယ်ထားသော်လည်း မနက်ခင်း၌အရှုံးပေးလိုက်ရမည်အား မည်သူသိမည်နည်း..အပြင်ဘက်တွင် မြူလွှာများရစ်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။မြူခိုးများက သိပ်သည်းနေကာ ပေအနည်းငယ်ကွာသည်နှင့် ဘာမျှရှင်းရှင်းလင်းလင်းမမြင်ရတော့ချေ။

____

1] အခြေခံအားဖြင့် ချစ်စရာကောင်းတဲ့ အကောင်လေးတွေ အော်တာပါ:ဒီပုံလေးထဲကလိုမျိုး 

[2]ရတနာ/ချစ်မြတ်နိုးဖို့ ထိုက်တန်တဲ့ တစ်စုံတစ်ရာ/အရေးကြီးတယ်/အရေးပါတယ်  

[3]အလောင်းကို ငြိမ်းငြိမ်းချမ်းချမ်းမြုပ်နှံဖို့ ဇာတိမြေကို ပြန်ပို့ပေးတာပါ 

[4]ဇာတ်လမ်းတစ်ပုဒ်ပြောပြနေတုန်း အချက်အလက်ထည့်ပေါင်းတာပါ(ပိုပြီး စိတ်ဝင်စားစရာဖြစ်အောင်လို့)

Translated By IQ-Team.