အပိုင်း ၁၅၇
Viewers 37k

Chapter 157
 စုန်းမျိုးနွယ်စု

───────။ 

လင်းရုဖေးထံမှ ရက်ရက်စက်စက် အငြင်းခံနေရသဖြင့် ထိုလူက မကျေမနပ်ကြည့်လာ၏။

သူက အံတင်းတင်းကြိတ်၍ ဆိုလာသည်။

"လင်းကုန်းဇီ..ကုရွှမ်းတုကို မယုံပါနဲ့"  

လင်းရုဖေးမှာ အံ့အားသင့်သွားရသည်။သူက ထိုလူ့ပါးစပ်မှနေ ကုရွှမ်းတုအမည်နာမအားကြားရလိမ့်မည်ဟု သူမထင်ထားပေ။ 

“သူက လှည့်စားတတ်တဲ့ လူလိမ်ပဲ"ထိုသူက နှာမှုတ်လိုက်သည်။

စိတ်ခံစားချက်များ ပြင်းထန်လာသည်ကြောင့် သူ၏မျက်လုံးနက်နက်များက ကြေးနီရောင်သန်းလာပြီး သူ့လက်ထဲရှိမြွေနက်ကြီးကလည်း ရစ်ပတ်ခွေယိုင်လာလေ၏။တစ်ခဏလောက်ထိ အခြေအနေက အတော်လေး ထိတ်လန့်ဖွယ်ကောင်းနေသည်။

သူက ထိုးဖောက်မတတ်အသံစူးစူးနှင့် ဆက်ပြောလာသည်။

"လင်းကုန်းဇီ..မင်းသူ့ကိုယုံရင် မင်းသေချာပေါက် ဆိုးဆိုးဝါးဝါး အန္တရာယ်ပြုခံရလိမ့်မယ်"  

လင်းရုဖေးက ထိုလူ့ပါးစပ်မှဆိုနေသည့် ပြသနာကောင်အား ကြည့်လိုက်သည့်အခါ ပြတင်းပေါက်နားကစားပွဲအား မှီ၍ ထူးမခြားဟန်ရှိနေသည့် ကုရွှမ်းတုအား တွေ့လိုက်ရသည်။သူက ခေါင်းစောင်း၍ လင်းရုဖေးအရှေ့တွင် အရူးတစ်ယောက်နှယ် ဒူးထောက်နေသည့် ထိုလူအားကြည့်လိုက်လေ၏။သုက လင်းရုဖေးအကြည့်များအား သတိထားမိသွားပုံရကာ လင်းရုဖေးထံ အကူအညီမဲ့နေပုံ ပုခုံးတွန့်ပြ၍ သဘောတကျပြုံးပြလာသည်။ ဆိုရလျှင် သူက ထိုသူ့စကားများအား စိတ်ထဲထည့်မနေပုံပင်။ 

လင်းရုဖေးက မေးလိုက်သည်။

"ခင်ဗျား ကုရွှမ်းတုကို သိလား"

ထိုလူက ဖြေလာသည်။

"ငါ သေချာပေါက် သိတယ်..." 

လင်းရုဖေးက ဆက်မေးလိုက်၏။

"ဒါဖြင့် ခင်ဗျားသိလား.." 

“ငါသိတယ်..ငါ အရာရာတိုင်းကို သိတယ်"

သူ၏စိတ်ခံစားချက်က အလွန်မတည်မငြိမ်ဖြစ်နေပြီး လက်ချောင်းများကလည်း မြေပြင်ပေါ်သို့ အားနှင့်တူးဆွနေ၏။သို့သော်ငြား သူပိုပြီး ကြမ်းကြမ်းတမ်းတမ်းတူးလိုက်၍ လက်သည်းများက တစ်ခုပြီးတစ်ခုပဲ့ထွက်လာကာ သူ့အသံကလည်း သွေးထွက်၍ငိုနေသကဲ့သို့ပင်။

သူက ပြောနေတာကိုနားထောင်နေရသည့် လင်းရုဖေးမှာ နားထောင်နေရင်း မသက်မသာခံစားရနေ၏။

"ငါသိတယ်..ဒါပေမယ့် သူက ဘယ်လိုကောင်းကင်ဘုံအုပ်ချုပ်သူမျိုးလဲ..သူက ကောင်းကင်ဘုံအုပ်ချုပ်သူလို့ ခေါ်ဖို့တောင် မတန်ဘူး..." 

လင်းရုဖေး မျက်ခုံးများ တစ်တန်းတည်းဖြစ်သွားရသည်။ 

သူက လင်းရုဖေးမျက်နှာမှာ အတော်လေးတည်ငြိမ်နေသည်အား သတိထားမိသွားသည်ထင် ရပ်လိုက်ပြီး အသံတိုးတိုးလေးပြောလာ၏။

"လင်းကုန်းဇီ..ငါ့ကို တစ်ကြိမ်လောက် ယုံကြည်ပေးပါ..ငါမင်းကို တစ်ခါမှမလိမ်ဖူးပါဘူး......" 

သူ၏စကားလုံးများဖြစ်စေ စကားပြောဆိုပုံကပဲဖြစ်စေ ဤလူအပေါ်၌ မလိုက်ဖက်မှုကြီးကြီး ပေါ်နေ၏။

လင်းရုဖေးက မေးလိုက်သည်။

"ခင်ဗျားနဲ့ကျွန်တော်က ပထမဆုံးအကြိမ်ပဲဆုံဖူးသေးတာကို ငါမင်းကို ဘယ်တော့မှမလိမ်ခဲ့ဖူးဘူး...ဆိုတာက ဘယ်ကရောက်လာခဲ့တာတုန်း ..အဲ့ဒီမော့ချန်းရှန်က ခင်ဗျားလုပ်ထားတာမို့လား..ခင်ဗျားဘာလို့ ဒီလိုလုပ်ရတာလဲ...ခင်ဗျားဘာလို့ ရှန်ဝူချွေ့ကို ထိခိုက်အောင်လုပ်ခဲ့ရတာလဲ" 

သို့သော်ငြား ထိုလူက တန်ပြန်ပြောဆိုလာ၏။

"ဒါက ကိစ္စသေးသေးလေးတွေပါပဲ..လင်းကုန်းဇီမကြိုက်ရင် အနာဂတ်မှာ ထပ်မလုပ်တော့ဘူးနော်"

သူ့မျက်နှာက မျက်နှာချိုသွေးသည့်ပုံမျိုးဖြစ်ကာ ဒူးထောက်လျက် ရှေ့သို့လာနေ၏။

ယင်းက သူသည် လင်းရုဖေးဘေးသို့ လာချင်နေသည့်ဟန်။

"လင်းကုန်းဇီ..နောက်ထပ်က ဘယ်ကိုများသွားမလို့လဲဟင်"  

လင်းရုဖေးမှာ သေချာပေါက် တစ်ကြိမ်သာမြင်ဖူးသည့်သူအား မယုံနိုင်၍ ခေါင်းခါပြလိုက်၏။ 

“အဆင်ပြေပါတယ်..ဘာမှမပြောရင်လည်း အဆင်ပြေပါတယ်"

သူက လင်းရုဖေး၏ငြင်းပယ်မှုအား မြင်သွားသော် စိတ်ပျက်သွားခြင်းမျိုးမရှိချေ။ 

“သေချာပေါက် သူမင်းကို ပြောလာမှာမဟုတ်ဘူး"

ဘေးတွင်ရပ်နေဆဲဖြစ်သည့် ကုရွှမ်းတုက ရုတ်တရက် ပါးစပ်ဟလာ၏။လင်းရုဖေးမှာ မူလက သူ့အသံအား သူ့အရှေ့ကလူမကြားနိုင်ဟုထင်သော်လည်း ဤပုဂ္ဂိုလ်က အမှန်ပင် ခေါင်းလှည့်လာခဲ့မည်မှန်း မည်သူကထင်မည်နည်း။သူက ပြတင်းပေါက်ဘေးတွင် ရပ်နေသည့် ကုရွှမ်းတုအား သတိထားမိသွားသော် မျက်လုံးနှစ်ဖက်လုံးစလုံးမှ အမုန်းမီးလျှံများ ထတောက်လာ၏။ 

“သူက ငါ့စကားပဲနားထောင်တယ်"

ကုရွှမ်းတုက ဖြေးဖြေးချင်း ခေါင်းမော့လာကာ လင်းရုဖေးထံ လက်လှမ်းလာ၏။သူက ငုံ့လိုက်ရင်း လင်းရုဖေးလက်ကလေးအား ယူလိုက်ကာ ဆွပေးသည့်အကြည့်နှင့် လင်းရုဖေး၏လက်ဖမိုးလေးအား နူးညံ့သည့်အနမ်းတစ်ပွင့်ချွေလိုက်သည်။သူ၏လုပ်ဆောင်ချက်က ရုတ်တရက်ဖြစ်သွား၍ လင်းရုဖေးမတုံ့ပြန်နိုင်မီမှာပင် အိပ်ရာနားမှ ထိုဒူးထောက်နေသည့်လူကရုတ်ချည်း ထရပ်ကာ ထိုသူ၏ဆူပူ ကြိမ်းမောင်းသံအား ကြားလိုက်ပြီးတစ်ဆက်တည်းဆိုသလို ထိုသူက ကုရွှမ်းတုထံ တဟုန်ထိုးတိုးဝင်သွားတော့၏။ကုရွှမ်းတုက ခြေထောက်မြောက်ကာ သူ့အား အဝေးသို့ကန်ထုတ်ပစ်လိုက်တော့သည်။သူက ဘေးတွင်ထောင်ထားသည့် စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန်ကျသွားကာ ကျယ်လောင်သော ဆူညံသံမှားညံသွား၏။ 

“ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းကလိုပဲ နောက်ပိုင်းနှစ်ပေါင်းရာချီမှာလည်း ဒီလိုပဲဖြစ်နေဦးမှာပဲ"

ကုရွှမ်းတုက ထိုလူ့ဘေးနား ဖြေးဖြေးချင်းလျှောင်လာကာ သူ့ဘေးရှိကုလားထိုင်ပေါ် ခြေထောက်တင်လိုက်ပြီး သူ့အား အပေါ်စီးမှငုံ့ကြည့်လိုက်သည်။သူ၏ကိုယ်က လင်းရုဖေး ယခင်က တစ်ခါမှမမြင်ဖူးသည့် သတ်ပစ်ချင်နေသည့်အရှိန်အဝါတို့ဖြင့်ပြည့်နေ၏။သူ၏စကားလုံး တစ်လုံးချင်းစီက စစချင်း၌အလွန်ညင်သာနေသော်ငြား အဆုံးတွင်မူ "အမှိုက်က အမှိုက်ပဲ"ဟုအံကြိတ်ပြောလိုက်သည်အားကြားလိုက်ရသည်။  

ထိုလူက မြေပေါ်တွင်ထိုင်နေကာ ကုရွှမ်းတုအား ဒေါသတကြီးစိုက်ကြည့်နေ၏။သူက ဤသို့ကြည့်နေရင်းမှ အပြုံးလေးနှင့် ရုတ်ချည်းရယ်မောလိုက်ကာ အားထည့်ထားသည့် အသံနှင့်ပြန်ဖြေလာသည်။

"ကုရွှမ်းတု..ဘာကများ မင်းကို စိတ်ကြီးဝင်နေခိုင်းလို့လဲ..မင်းကိုယ်မင်း လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းကလို့ တုနှိုင်းမဲ့ ကောင်းကင်ဘုံအုပ်ချုပ်သူသခင်လို့ ထင်နေတုန်းလား..ဟီးဟီး..မင်းအကြာကြီး ကြီးမြတ်နေလို့တောင် မရတော့ဘူးလေ..မင်းက ဒီတိုင်း အသုံးမကျတဲ့ ဝိဥာဥ်လေးပဲဟာ ငါ့ကိုများ အမှိုက်လို့ ခေါ်ရဲသေးတယ်" 

ကုရွှမ်းတုက မျက်ခုံးပင့်လိုက်ရင်း:"ဝိဥာဥ်က သူ့ကို နမ်းလို့ရတယ်..မင်းက ရလား" 

ထိုလူက ဒေါသတကြီး တုန်ယင်သွားတော့၏။


“မရဘူးမလား..."

ကုရွှမ်းတုက အကြင်နာမဲ့စွာ ပြက်ရယ်ပြုလိုက်သည်။

"ငါမင်းကို ဟိုးအရင်ကတည်းက ပြောခဲ့ပါတယ်..အချိန်တွေဘယ်လောက်ကုန်သွားကုန်သွား အဆုံးသတ်က ပြောင်းလာမှာမဟုတ်ဘူးလို့" 

ထိုလူက တစ်ခုခုပြောချင်ပါသော်လည်း ဖူဟွားက အခန်းအပြင်မှ ခေါ်လာလေ၏။သူမက အခန်းထဲမှထွက်လာသည့် ဆူညံသံအား ကြားပြီးဖြစ်၍ အခြေအနေအား စစ်ဆေးရန် ရောက်လာခြင်းပင်။ 

ကုရွှမ်းတုက မျက်လုံးများမှေးကျဥ်းလိုက်ပြီးနောက် ခပ်ဖွဖွရယ်ကာ ပျင်းပျင်းရိရိပြောလာ၏။

"ဖူဟွားကငါ့ကိုမမြင်နိုင်ပေမယ့် မင်းကိုတော့ မြင်နိုင်တယ် ..သူမသာ မင်း လင်းကုန်းဇီအခန်းထဲရှိနေတာ မြင်သွားရင် မင်းကို သူဘယ်လောက်ပြဿနာဖြစ်သွားစေမလဲ ငါမသိဘူး"

သူက ဤသို့ပြောပြီးသည်နှင့် ထိုလူက မြေပြင်မှအမြန်ထကာ ပြတင်းပေါက်အပြင်သို့ ပြေးထွက်သွားတော့သည်။

သူထွက်သွားသည်နှင့် ဖူဟွားက တံခါးတွန်းပြီးဝင်လာရာ အခန်းထဲရှုပ်ပွနေသည်အား တွေ့လိုက်ရသည်။

သူမက မူးမေ့လဲသွားမတတ်လန့်သွားပြီးမေးလာ၏။

"ကုန်းဇီ..ဘာဖြစ်သွားတာလဲ" 

“ဘာမှမဟုတ်ဘူး"

လင်းရုဖေးက ဂရုမထားဟန်ပြန်ဖြေလိုက်၏။

"ငါလေ့ကျင့်နေတာ"  

“ဟုတ်လို့လား"

သို့သော်ငြား ဖူဟွားက မယုံမကြည်ဖြစ်နေ၏။သူမက အခန်းအပြင်တွင်ရှိနေစဥ်က အခန်းထဲရှိ စကားပြောသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။သို့သော်လည်း သူမဝင်လာသောအခါ လင်းရုဖေးတစ်ယောက်တည်းသာ ရှိနေ၏။  

“တကယ်ကို ဘာမှဖြစ်မသွားပါဘူး"

လင်းရုဖေးက လက်ယမ်းပြကာ သမ်းဝေလိုက်ရင်း အိပ်ချင်နေသည့်ပုံလုပ်ပြလိုက်သည်။

"မင်း မနက်ဖြန်ကျ သန့်ရှင်းဖို့ပြန်လာလို့ရတယ် ..ငါ နည်းနည်းအိပ်ချင်နေလို့ အရင်အိပ်တော့မယ်" 

ဖူဟွားက တောင့်ခဲသွားသော်ငြား ဆက်ပြီးတုံ့ပြန်ပြောဆိုနေဆဲပင်။

"ဒါဆိုလည်း..ကောင်းပါပြီ"

သို့သော် သူမကအနည်းငယ် မလွယ်မကူဖြစ်နေရှာသည်။ကုန်းဇီသာ တစ်ခုခုကြုံရပါက ဝန်လေးမနေဘဲ သူမတို့အား ပြောပြရမည်ဖြစ်ကြောင်း စကားနည်းနည်းပြောသွားသေးသည်။ 

လင်းရုဖေးက ဘာများ ပြောနိုင်မှာတဲ့လဲ...သူက ခေါင်းညိမ့်ပြကာ ကောင်းပြီဟု ဖြေလိုက်ရုံသာတတ်နိုင်၏။ 

ထိုမှသာ ဖူဟွားက လှည့်ကာ ထွက်သွားလေသည်။သူမက ထွက်သွားရသော်လည်း အတော်လေးစိတ်ပူနေဟန်ရှိသည်။သူမ သခင်ငယ်လေး၏ စိတ်ကယောင်ချောက်ချားရောဂါက ပိုဆိုးလာနေသည်ဟု တွေးနေပုံရ၏။ 

သူ့အစေခံမလေးအား နှင်လွှတ်လိုက်ပြီးမှ လင်းရုဖေးမှာ သက်ပြင်းရှည်ကြီးချမိလေသည်။သူက ကုရွှမ်းတုအား ကြည့်လိုက်ရာ အိပ်ရာဘေးတွင် အပြုံးလေးနှင့် ရပ်နေသည်အား တွေ့လိုက်ရသည်။

"အကြီးအကဲ..အဲ့ဒီလူက ဘယ်သူလဲ" 

ကုရွှမ်းတုက ပြန်ဖြေလာသည်။

"အသိဟောင်း တစ်ယောက်ပါ" 

လင်းရုဖေးက မေး၏။

"မိတ်ဆွေလား" 

ကုရွှမ်းတုက သက်ပြင်းချလိုက်ပြီး "ကိုယ်တို့ရဲ့ ဆက်ဆံရေးက 'မိတ်ဆွေ' ဆိုတဲ့ စကားလုံးနဲ့တန်တယ်လို့ ထင်လား" 

အဲ့ဒါ မှန်တယ်...

လင်းရုဖေးက သူ့ကိုယ်သူ တွေးမိခြင်းပင်။ကုရွှမ်းတုထံမှ စကားလုံးအနည်းငယ်ကပင် ထိုသူအား ငရဲတစ်မျှ ဒေါသထွက်သွားစေ၏။ကုရွှမ်းတုက အစမှအဆုံး ပြုံးနေသော်ငြား လင်းရုဖေးက ထိုသူပြောလိုက်သည့် စကားများကလည်း ကုရွှမ်းတုအား အနည်းငယ် စိတ်မကောင်းဖြစ်သွားစေသည်အား သိမိနေဆဲဖြစ်သည်။နှစ်ဦးသားမှာ အသိအကျွမ်းဟောင်းများ ဖြစ်ကြရုံသာမက တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသည့်သူများလည်း ဖြစ်နေကြသည်။ 

“လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်တုန်းက ဘာများတိတိကျကျဖြစ်ခဲ့တာလဲ"

လင်းရုဖေးမှာ ပိုပိုပြီး သိချင်လာရသည်။

ကောင်းကင်ဘုံအုပ်ချုပ်သူက ရုတ်တရက် ပျောက်ကွယ်သွားသည်တွင် လူအများစုက သူသည် ဟင်းလင်းပြင်သို့ တက်လှမ်းသွားကာ ပျံတက်သွားသည်ဟု ထင်ခဲ့ကြသည်။သို့တစေကား သူသည် သူ့ရှေ့တွင် ထီးထီးကြီးရပ်နေကာ အသက်ရှင်နေပြီး အခြားသူများနှင့်ပင် စကားများနေသေးသည်။သို့ဆိုလျှင် ထိုသို့ငြင်းခုန်နေမှုကလည်း ရှင်းရှင်းလင်းလင်းပင် မရှိချ။ 

ကောင်းကင်ဘုံအုပ်ချုပ်သူ၏ ကျင့်ကြံခြင်းမှာ အတော်လေးအဆင့်မြင့်လေသည်။ထိုနှစ်တွေတုန်းက သူသည် ပြိုင်ဘက်ကင်းဖြစ်သောကြောင့် သူ့အားထိခိုက်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာခန္ဓာအား ဆုံးရှုံးစေကာ စိတ်ဝိဥာဥ်တစ်ခုသာ ချန်ထားခဲ့သည့်သူက မည်သူများဖြစ်မည်နည်း။ 

လင်းရုဖေးမှာ နားမလည်နိုင်တော့ပေ။ 

“ကိုယ်သာ အတည်တကျပြန်ဖွဲ့စည်းနိုင်လို့ရှိရင် ရှောင်ကျို့သိချင်တာကို ပြောပြမယ်"

ကုရွှမ်းတုက လက်ဆန့်လိုက်ပြး လင်းရုဖေးဆံနွယ်လေးများအား ညင်ညင်သာသာပွတ်သပ်ပေးကာ သူ၏မျက်နှာသွင်ပြင်သည်လည်း နူးညံ့နေရာမှ မာကျောလာ၏။ 

လင်းရုဖေးက မေးလိုက်သည်။

"အကြီးအကဲက အတည်တကျဖွဲ့စည်း မနိုင်ခင် ဘယ်လောက်လောက်ကြာမလဲ"  

“နဲနဲပါးပါးပါ"

ကုရွှမ်းတုက ဖြေသည်။

"ကိုယ့်နှလုံးကို ရှာတွေ့ရင်တော့..."

ကုရွှမ်းတုက ဆက်၍ဆိုသည်။

"ကိုယ့် ခန္ဓာပြန်ဖွဲ့စည်းလို့ရပြီ..နောက်ဆို ရှောင်ကျို့ဘေးမှာ တစ်ချိန်လုံးနေနိုင်တော့မှာ"  

လင်းရုဖေးက မေးလိုက်သည်။

"နှလုံး..အကြီးအကဲက နှလုံးဘယ်မှာဆိုတာ သိလို့လား" 

ကုရွှမ်းတုက ဖြေသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက ကိုယ့်နှလုံးကို လူတစ်ယောက်ဆီပေးခဲ့တယ် အဲ့ဒီလူသာ အသက်ရှင်နေသေးရင် သူသေချာပေါက် ထိန်းသိမ်းထားပေးမှာပဲ" 

လင်းရုဖေး : "ဘယ်သူများလဲ"

ကုရွှမ်းတုက ပြန်ဖြေလာ၏။ "ဝူမင်" 

လင်းရုဖေးက ဝူမင်ဆိုသည့်စကားလုံးအား ကြားသော် အနည်းငယ် တောင့်ခဲသွားလေ၏။သူသည် ယခင်က တစ်နေရာရာတွင် ကြားဖူးနေဟန် ဤနာမည်နှင့်ပတ်သတ်ပြီး ထင်မြင်ချက်အချို့ရှိနေသည်။

သေချာစဥ်းစားပြီးသည့်နောက် သူက လေအေးတစ်ချက်ရှူသွင်းလိုက်ကာ:"ဒါပေမယ့် အကြီးအကဲ ဝူမင်က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာတုန်းက စုန်းမျိုးနွယ်ပုန်ကန်မှုမှာ သေသွားခဲ့တာမဟုတ်ဘူးလား"

သူက ဝူမင်ဆိုသည့် နာမည်အား များစွာသော သမိုင်းကြောင်းစာအုပ်များတွင် မြင်ဖူးမှန်း သတိရသွားလေ၏။ဝူမင်ကား ကောင်းကင်တခွင် ဖြတ်သန်းသွားလာနိုင်စွမ်းရှိသည့် စုန်းမျိုးနွယ်စု၏ စုန်းအကြီးအကဲဖြစ်သည်။လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က သူသည် စုန်းမျိုးနွယ်ပုန်ကန်မှုအတွင်း မတော်တဆသေသွားခဲ့ရသည်။နောင်ပိုင်း စုန်းမျိုးနွယ်ပုန်ကန်မှု တိမ်မြုပ်သွားပြီးသည့်နောက် ဝူမင်ဆိုသည့် နာမည်သည်လည်း အချိန်အတော်ကြာ ပျောက်ကွယ်သွားလေ၏။ 

“သေပြီ..တကယ် သေသွားပြီလား" ကုရွှမ်းတုက အနည်းငယ် မယုံမကြည်ဖြစ်နေ၏။  

“တကယ်...ကျွန်တော် အဲ့ဒါကို စာအုပ်တွေထဲမှာ အကြိမ်ပေါင်းများစွာ ဖတ်ဖူးတယ် ..ပြောထားတာက သူက သူ့ညီအရင်းလက်ထဲမှာ သေသွားတဲ့ပုံပဲ..တိကျတဲ့အခြေအနေတွေကိုတော့..ကျွန်တော် ကောင်းကောင်းမမှတ်မိတော့ဘူး" 

ကုရွှမ်းတုက မျက်မှောင်ကြုတ်လိုက်ပြီး:"သူက ဘယ်လိုများ အမှုမဲ့အမှတ်မဲ့ နေနိုင်ရတာလဲ" 

လင်းရုဖေးသည်လည်း မည်သို့ပြောရမည်မှန်း မသိတော့ပေ။သူက အချိန်အတော်ကြာ ချင့်ချိန်စဥ်းစားနေပြီးမှ ရှန်မိသားစုမှာ စုန်းမျိုးနွယ်စုနှင့် မဝေးလှ၍ ဘာကြောင့်များ သူတို့က ထိုဆီသို့ ဦးတည်သွားကာကုရွှမ်းတုအား သူ့နှလုံးအား ကူရှာမပေးရမည်နည်း။ယင်းက အရေးကြီးသည့်ကိစ္စဖြစ်၍ ဝူမင်သေသွားသည်ဆိုလျှင်ပင် လုံလုံခြုံခြုံသိမ်းထားရန်အတွက် သူ့မျိုးဆက်များဆီ သေချာပေါက် လက်ကမ်းပေးလောက်ပေသည်။ 

ကုရွှမ်းတုက သက်ပြင်းချလိုက်ရင်း ထိုသို့သာ လုပ်ရန်တတ်နိုင်ကြောင်း ပြောလာ၏။ 

လင်းရုဖေးက အိပ်ချင်စိတ်ကြီးထွားမလာခင်အထိ ကုရွှမ်းတုနှင့် စကားစမြည်ပြောနေခဲ့သည်။ သူက သမ်းဝေလိုက်ပြီးနောက် အိပ်ရာထက်တွားသွားကာ မကြာခင်အိပ်ပျော်သွားတော့သည်။ 

နောက်တစ်နေ့တွင် ဖူဟွားက ရောက်လာပြီး ရထားလုံးအား မပြင်ဆင်မီ ရှုပ်ပွနေသော အခန်းအားရှင်းပေးနေရင်းမှ လင်းရုဖေးအား ယနေ့ထွက်ကြရင်ကောဟု မေးလာ၏။ 

လင်းရုဖေးက ခေါင်းညိမ့်ကာ ဆိုသည်။

"ထပ်ပြီး ကြန့်ကြာမနေတော့ဘူး..ငါ့အစ်မကိုနှုတ်ဆက်ပြီးတာနဲ့ ထွက်ကြတာပေါ့" 

ဖူဟွားက ခေါင်းညိမ့်ပြလာ၏။ 

လင်းဝေရွေ့၏ဒဏ်ရာကလည်း ကုသပြီးလုနီးနီးပင်။မနက်စာစားချိန်၌တောင် သူမက ရှန်ဝူချွေ့နှင့် အကျိုးထူးနေသည်အား ပြရန်မမေ့ချေ။သူတို့ချစ်ပြသည်မှာလည်း အတော်လေး ထူးဆန်းပေ၏။အချိန်အများစုမှာ ရှန်ဝူချွေ့အား နတ်ဆိုးဆန်ဆန်အပြုံးနှင့် အစာခွံကျွေးနေပြီး ရှန်ဝူချွေ့ကလည်း ခါးသက်သက်အကြည့်ဖြင့်သာပြန်ကြည့်နေသည်။

သို့စေကာမူ သူက မသဲမကွဲနှင့် ရှင်းပြနေရင်းမှ ပါးစပ်ဖွင့်ထားဆဲဖြစ်ကာ:"ဝေရွေ့....နည်းနည်းပဲကျွေး...ငါ...ထပ် မစားနိုင်တော့ဘူး.." 

လင်းဝေရွေ့က ဆိုလိုက်သည်။

"နင့်ကိုကြည့်စမ်း..ပိန်လိုက်တာမှ...ဒဏ်ရာကိုလည်း ခုတင်ကုထားရတာ...များများသာ မစားရင် နင်ဘယ်လိုလုပ်ပြီး မြန်မြန် သက်သာလာနိုင်မလဲ" 

လင်းရုဖေးက လက်နောက်ပြန်ထားရင်း သူ၏တတိယအစ်မအကျင့်အား သိနေ၍သာမဟုတ်ပါက သူမက ရှန်ဝူချွေ့အား စိုးရိမ်နေသည်ဟုသာ တွေးမိပေလိမ့်မည်။ 

“မမ..ကျွန်တော် သွားတော့မယ်"

လင်းရုဖေးက နှစ်ဦးသားအာရုံက သူ့ဆီလာရန် တံခါးခေါက်လိုက်လေ၏။ 

“နင် အခုသွားတော့မလို့လား"

လင်းဝေရွေ့က အမြန်ပင် လက်ထဲရှိပစ္စည်းများအား ချလိုက်ပြီး:"နင် ဒီနေ့နေ့လည်မှ ထွက်မယ်လို့ ပြောခဲ့သလားလို့" 

လင်းရုဖေးက ဖြေလိုက်၏။

"မနက်ပိုင်းထွက်တာက ပိုကောင်းတယ်..ပိုအေးတယ်လေ" 

လင်းဝေရွေ့ကအလေးအနက်ထားဆိုလာသည်။

"ဒါဆို ငါနင့်ဆီ အခွင့်ရရင် လာတွေ့မှာနော်" 

“ငါလည်း လိုက်လာမှာပါ"

ရှန်ဝူချွေ့က ပါးစပ်ထဲရှိအစာအား ခက်ခက်ခဲခဲ မြိုချလိုက်ကာ လင်းဝေရွေ့ရဲ့အနောက်မှ ထရပ်လာ၏။  

လင်းရုဖေးက ပြုံးပြပြီးခေါင်းညိမ့်ပြကာ တခြားအရာများ ထပ်မဆိုတော့ပေ။သုံးဦးသား ရထားလုံးဆီသို့ လျှောက်လာရင်း လင်းဝေရွေ့မှာ လင်းရုဖေးဝင်သွားသည်အား ကြည့်နေ၏။ဖူဟွားက လက်ထဲရှိကြာပွတ်အား မြောက်လိုက်ကာ ရထားလုံးက အရှိန်တင်လိုက်ပြီး သူတို့နှစ်ဦးမြင်ကွင်းမှ ပျောက်ကွယ်မသွားမီ ဖုန်များအုံကြွထွက်လာသည်။ 

“ရှောင်ကျို့က တော်တော်လေးရင့်ကျက်လာပြီပဲ"

လင်းဝေရွေ့က မျက်လွှာချလိုက်ရန် တုံ့ဆိုင်းနေမိ၏။

သူမက လင်းရုဖေးပျောက်ကွယ်သွားသည့်နေရာအား အားလျော့သွားသည့်ပုံနှင့် ကြည့်လိုက်ပြီး:"ကောင်းတဲ့အရာလား ဆိုးတဲ့အရာလား ငါမသိတော့ဘူး"  

ရှန်ဝူချွေ့က အပြုံးလေးနှင့်ပြန်ဖြေသည်။

"သေချာပေါက် ကောင်းတဲ့အရာပေါ့" 

လင်းဝေရွေ့က ခါးသက်သက်ပြုံးလိုက်ကာ:"နင် မှန်တယ်"

သူမက နားသယ်စပ်မှ ဆံနွယ်လေးအား ပင့်တင်လိုက်ကာ တိုးတိုးလေးပြောလာ၏။

"သူ့ကြီးပြင်းလာတာကို ကြည့်ရုံပဲကြည့်နေရတာက အကြောင်းတစ်ချို့ကြောင့် ငါ့ကိုအတော်လေး ဝမ်းနည်းစေတယ်" 

ရှန်ဝူချွေ့က ဆိုသည်။

"ပြန်ကြရအောင်"

အနည်းငယ်တောင့်နေသော်လည်း သူက လင်းဝေရွေ့လက်အား ကိုင်ရန် အားထုတ်နေဆဲပင်။ 

“ကောင်းပြီလေ"

လင်းဝေရွေ့ရဲ့ မျက်လုံးထောင့်များ ကွေးညွတ်သွားကာ:"ပြန်ကြတာပေါ့" 


**** 


စာရေးသူမှာ ပြောစရာရှိတယ်~


ကုရွှမ်းတု : ဒီကောင်က ကိုယ့်မိတ်ဆွေမဟုတ်ဘူး...

လင်းရုဖေး : သူက.... 

ကုရွှမ်းတု : သူက ကိုယ့်ရဲ့အချစ်ပြိုင်ဘက်လေ...

လင်းရုဖေး : အာ...

_____

Translated By IQ-Team.