Chapter 155
လင်းရုဖေးမှာ ရှန်ဝူချွေ့၏လုပ်ဆောင်ချက်ကြောင့် အံ့အားသင့်သွားကာ ဘာများဖြစ်လို့လဲဟု မေးလိုက်ရသည်။
“လင်းကုန်းဇီ.."
ရှန်ဝူချွေ့က အမေးစကားဆိုလာချေပြီ။
"ငါ မေးချင်တယ်..အဲ့ဒီအဆိပ် မင်းဘယ်လိုမျိုး တိတိကျကျ ပထုတ်လိုက်တာလဲ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"ဒါက တည်ဆောက်ပုံနဲ့....."
သို့သော်လည်း သူကအဆုံးထိတောင်မပြောရသေးခင် ရှန်ဝူချွေ့ထံမှ စကားစဖြတ်ခံလိုက်ရသည်။
အမြဲတစေ ရိုးသားဖြောင့်မတ်သော ရှန်မိသားစု၏သားမှာ တမင်ရည်ရွယ်ထားသည့် သူ့စကားလုံးများအား တည်တည်ငြိမ်ငြိမ်ဖြင့်ဖြတ်ပြောလာသည်။
"ငါ တည်ဆောက်ပုံအကြောင်းသိတယ်..ဒါပေမယ့် ငါတို့အားလုံးသိတာက အလောင်းကောင်အဆိပ်အတွက် ဖြေဆေးမရှိဘူးလို့လေ..ဖြေရှင်းစရာနည်းလမ်းသာရှိနေရင် အသေအကျေအများကြီးရှိစရာမလိုတော့ဘူးပေါ့...လင်းကုန်းဇီရဲ့တည်ဆောက်ပုံက အထူးစွမ်းအင်လို ဖြစ်နိုင်နေပေမယ့် လောကမှာ အခမဲ့နေ့လည်စာဆိုတာ ဘယ်ရှိပါ့မလဲ"
သူ့အသံအနေအသံထားက အနည်းငယ် ကြမ်းတမ်းလာရင်း:"ငါက...အခုဝေရွေ့ကိုယ်ပေါ်မှာ ငါ့လိုပဲ....တူညီတဲ့အနံ့ရနေတယ်"
လင်းရုဖေးက အံ့အားသင့်သွားရချေသည်။
“သူမငါ့ကိုကယ်ဖို့ ဘာများ ပြန်ပေးခဲ့ရတာလဲဆိုတာ သိချင်ရုံလေးပါ"ရှန်ဝူချွေ့က သက်ပြင်းချလိုက်လေ၏။
ရှန်ဝူချွေ့အား ဤကိစ္စအကြောင်း ပြောရမည်လား မပြောရမည်လား စောင့်ကြည့်နေကြရင်း လင်းရုဖေးနှင့် လင်းဝေရွေ့တို့မှာ တစ်စိတ်တည်း တစ်ကြံတည်း မဟုတ်တော့ချေ။လင်းဝေရွေ့က သူ့အားပြောမပြချင်မိ။သူမပြောစကားများအရ ရှန်ဝူချွေ့သာသိသွားပါက သူ့ကိုယ်သူ အရှက်ရမိပြီး သူက သူမအားလက်ထပ်ခြင်းသည်လည်း ဆန္ဒအား ပြန်ပေးဆပ်သည့်သဘောသက်ရောက်သွားပေလိမ့်မည်။သို့စေကာမူ လင်းရုဖေးက ရှန်ဝူချွေ့သည်လည်း လင်းဝေရွေ့အား စိတ်ဝင်စားနေကြောင်းသိ၍ ထိုသို့အရေးကြီးကိစ္စမျိုးကို ရှန်ဝူချွေ့အား ဖုန်းကွယ်မထားတာက ပိုကောင်းလိမ့်မည်ဟု တွေးမိလေသည်။
လင်းရုဖေး ခက်ခဲနေပုံအား မြင်ပြီးနောက် ရှန်ဝူချွေ့က သက်ပြင်းနက်နက်ချလိုက်ရင်း ဆိုလာ၏။
"ဝေရွေ့က အမြဲတမ်း ဆုံးဖြတ်ချက်အကြီးကြီးတွေ လုပ်နေတော့တာပဲ ဒါကြောင့် ငါသူမကို မေးလိုက်ရင် သူမက သေချာပေါက် ဘာမှပြောလာမှာမဟုတ်ဘူး"
သူက ခဏရပ်လိုက်ကာ:"တကယ်လို့များ လင်းကုန်းဇီသာ ပြောရမှာ ခက်နေရင်လည်း အဲ့ဒီအကြောင်းမေ့လိုက်ပါတော့"
သူက အလွန်နားလည်ပေးနေဆဲပင်။အခြားလူများအတွက် တစ်ခုခုပြုလုပ်ပေးခြင်းက လူကြီးလူကောင်းများ၏လမ်းစဥ်ပင်။ဤသည်က သူ့အတွက် လင်းဝေရွေ့အား ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်ပေ၏။
လင်းရုဖေးက ဤအကြောင်းအား စဥ်းစားနေရင်း:"ရှန်းကုန်းဇီ..ကျွန်တော့အတွက် ခင်ဗျားကို ပြောပြဖို့က ပြဿနာမရှိပါဘူး..ဒါပေမယ့် အဲ့ဒါမတိုင်ခင်လေး ကျွန်တော် ခင်ဗျားကို မေးချင်တာလေးရှိတယ်"
ရှန်ဝူချွေ့က ဆိုလာ၏။
"ကျေးဇူးပြုပြီး ပြောပါ"
လင်းရုဖေးက မေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်အစ်မကို ကြိုက်လား"
ဤစကားအားပြောပြီးသည်တွင် သူက အဖြေချက်ချင်းရလေ၏ ဆိုရသော် "ကြိုက်တယ်"ဆိုသည့် စကားလုံးအား ပြောပြီးနောက် ရှန်ဝူချွေ့၏မျက်နှာဖျော့ဖျော့လေးမှာ ရဲရဲတောက်သွားလေ၏။
သူ၏မျက်လုံးများက မလွယ်မကူဖြစ်လာကာ စိတ်လုပ်ရှားစွာပြောလာသည်။
"ကြိုက်....ကြိုက်တယ်"
သူက နောက်ဆုံး"သူမကို"ဆိုသည့် စကားလုံးအား ထုတ်ပြောမလာခင်ထိ"ကြိုက်တယ်"ဆိုသည်အား နေ့တစ်ဝက်စာပြောနေလေ၏။
ဤရှက်နေသည့် ပုံစံက လင်းဝေရွေ့က သူ့အား အရှက်မဲ့စွာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် တုန်းကကဲ့သို့ပင်။လင်းရုဖေးမှာ မည်သည့်အိုးအမျိုးအစားဖြစ်စေ မည်သည့်အဖုံးအမျိုးအစားနှင့်မဆို လိုက်သည်မှာ မှန်ကြောင်း တွေးမိလေ၏။
ရှန်ဝူချွေ့ကဲ့သို့လူမျိုးနှင့် မျက်နာချင်းဆိုင်ရပါက တစ်ယောက်ယောက်က တည့်တိုးပြောရပေလိမ့်မည်။သူတို့နှစ်ယောက်စလုံးက တည့်တိုးသမားလုပ်မှအလုပ်ဖြစ်မည့်ပုံပေါ်ကာ သရဲတစ်ကောင်သာ သူတို့အတွေးများအား မျှဝေလာမည့်အချိန်အား သိပေလိမ့်မည်။
“ဒါဆို..ခင်ဗျားလည်း ကျွန်တော့အစ်မကို ကြိုက်တယ်ပေါ့.."
လင်းရုဖေးက ရယ်မောလိုက်ရင်း:"ဒါဆို ခင်ဗျား ဘာလို့ ကျွန်တော့အစ်မကို စောစော လက်ထပ်ခွင့်မတောင်းဘဲ အခုထိ ကြန့်ကြာနေရတာလဲ..ကျွန်တော့်အစ်မက ခင်ဗျားစိတ်ဖွင့်လာအောင်လို့ ဒီနှစ်တွေမှာ စောင့်နေခဲ့ရတာ"
ရှန်ဝူချွေ့က ဤသည်အားကြားသော် နှုတ်ခမ်းကိုက်လိုက်ပြီး:"ငါ..တကယ်တော့ အမြဲတမ်း သွားချင်ခဲ့တာ ဒါပေမယ့် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဝေရွေ့လောက်မမြင့်တော့ နည်းနည်းရှက်နေတာနဲ့"
လင်းရုဖေးမှာ အေးခဲသွားရသည်။
“ငါ ဝေရွေ့ကို အသက်ဆယ်နှစ်မှာ စတွေ့ခဲ့တုန်းက သူမကို သဘောကျသွားခဲ့တယ်"
ရှန်ဝူချွေ့က သူ့အကြည့်အား ရုတ်သိမ်းလိုက်ကာ ပါးဖြူဖြူလေးက အရက်သောက်ထားသည့်နှယ် နီရဲသွားလေ၏။
"အဲ့ဒီအချိန်တုန်းက ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဝေရွေ့လောက်နီးနီးပဲရှိသေးတာ ငါ့အမေက ငါ့ကို ကလေးဘဝကတည်းက ယောကျ်ားဆိုတာ သူ့ဇနီးကို ကာကွယ်ပေးရမယ်လို့ သင်ပေးခဲ့တယ် ဒါကြောင့် ငါက တိတ်တိတ်လေး စည်းချထားခဲ့တယ် ..ငါဝေရွေ့ထက် ကျင့်ကြံခြင်းပိုမြင့်လာရင် လက်ထပ်ခွင့်တောင်းဖို့ ခွန်းလွန်ဆီသွားမယ်လို့...."
လင်းရုဖေး : "...."
သူက အဆုံးသတ်အား စဥ်းစားနေပြီးသည့်ပုံရှိ၏။
“ဝေရွေ့က လူကောင်းလေးဆိုတာ ဘယ်သူကထင်ခဲ့မှာလဲ"
ရှန်ဝူချွေ့က ခါးသက်သက်ရယ်မောလိုက်ပြီး:"ငါက ရှေးဆန်တဲ့ပုံစံနဲ့ စိတ်ဝင်စားစရာလည်းမရှိဘူးလေ..သူမဘာလို့ ငါ့ကိုကြိုက်မှန်း ငါတကယ်ကို နားမလည်နိုင်ခဲ့ဘူး..သူမသာ ငါ့ကိုစနေရင် ဆိုပြီး အမြဲတမ်း စိုးရိမ်နေခဲ့တာ ..ကျင့်ကြံခြင်းအဆင့်ခြောက်လောက်ရှိတော့ ငါက ခန်းဝင်လက်ဆောင်တွေကိုပါ ပြင်ပြီးနေပြီ..ဒါပေမယ့် ဘယ်သူသိခဲ့မှာလဲ..မင်းအစ်မက..မင်းအစ်မက..."
လင်းရုဖေးက အတိတ်ကဖြစ်ပျက်ခဲ့သည်များအား အမှတ်ရသွားလေ၏။
ထိုနှစ်တုန်းက လင်းဝေရွေ့မှာ တစ်ဆယ့်ခြောက်နှစ်ပြည့်ကာစ။တစ်နေ့ သူမက သူ၏အိမ်ဝန်းထဲသို့ ငိုလျက်ရောက်လာကာ ရှန်ဝူချွေ့က နှလုံးသားမရှိသူဟူ၍ပြောလာ၏။သူက ခန်းဝင်လက်ဆောင်များအား တိတ်တိတ်လေးပြင်ထားကာ သူလက်ထပ်ချင်သည့် မိန်းကလေးအား မည်သူမှမသိကြပေ။သူမ ဤသတင်းအား မည်သည့်နေရာမှရလာကြောင်း သူမသိသော်ငြား လင်းဝေရွေ့က လင်းရုဖေးလက်မောင်းထဲသို့ ခုန်ဝင်ကာ အကြိမ်အနည်းငယ်ခန့် အော်ငိုနေခဲ့သည်။ထို့နောက် မျက်ရည်အားသုတ်လိုက်ရင်း ထန်းပင်အား ဆုပ်ကိုင်လိုက်ရင်း ရှန်ဝူချွေ့မှာ သူမ လင်းဝေရွေ့အပိုင်သာဖြစ်ကြောင်း ပြောကာ တစ်ယောက်ယောက်ကသာ သူ့အပေါ် ကြိုးစားလာရဲပါက သူတို့ကိုယ်သူတို့ဂရုမစိုက်နိုင်အောင်ပင် ရိုက်ပစ်မည်ဟုကြုံး၀ါးလာပေသည်။
ထိုအချိန်က လင်းရုဖေးမှာ လင်းဝေရွေ့က နောက်နေသည်ဟုသာ ထင်ထား၍ သူမစကားလုံးများအား အတည်မယူသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် လင်းဝေရွေ့က ရှန်မိသားစုထံသွားကာ ရှန်ဝူချွေ့အခန်းထဲသို့ ညတွင်ခိုးဝင်သွားသည့် သတင်းကခွန်းလွန်သို့ရောက်လာလိမ့်မည်ဟု မည်သူကထင်မည်နည်း။သူမ ဘာလုပ်ခဲ့သည်အား သူမသိသော်လည်း နောက်တစ်နေ့မနက်စောစောတွင် ရှန်ဝူချွေ့က ခန်းဝင်ပစ္စည်းအားလုံးအား ပြန်သိမ်းလိုက်တော့သည်။
ဤကိစ္စက ဆန်းကြယ်နေဆဲဖြစ်သော်ငြား ရှန်ဝူချွေ့၏ သိမ်ငယ်နေသည့်ပုံလေးအား ကြည့်ကာ သူ့အစ်မလင်းဝေရွေ့က အမှန်တကယ်ပင် ဆိုးဆိုးဝါးဝါးတစ်ခုခုလုပ်လိုက်မိသည့် ပုံရှိသည်။
လင်းရုဖေးက ယင်းနှင့်ပတ်သတ်ပြီးမေးခွန်းတစ်ခုထပ်မေးချင်သေးသော်ငြား ရှန်ဝူချွေ့က ထပ်ကာထပ်ကာ ခေါင်းခါပြရင်း တစ်ခုခုပြောရန် ငြင်းဆန်နေ၏။လင်းရုဖေးက သူက ငိုထားသကဲ့သို့ သူ့မျက်လုံးများနီနေသည်အား မြင်သော် သူ့အစ်မအား လေးစားကြောင်း အမှန်ပင် ပြောပြချင်လာသည်။
လင်းဝေရွေ့မှာ အမှန်ပင် သူမကိုယ်တိုင်အတွက် ကျင်းနက်နက်တူးခဲ့ပေ၏။
လင်းရုဖေးက စိတ်ဓာတ်ကျစွာနှင့် တွေးတောနေမိသည်။
“အဲ့ဒီကိစ္စကြောင့် ငါ မင်းအစ်မကို အကြာကြီးစိတ်တိုနေခဲ့တာ"
ရှန်ဝူချွေ့က အသံနိမ့်နိမ့်နှင့် ဆိုလာရင်း:"ဒါဖြင့် အမှားလေး[3]ကြောင့် အခုမတိုင်ခင်အထိ ဘယ်နည်းနည်းနဲ့ပဲဖြစ်ဖြစ် တရွတ်တိုက်နေဦးမှာပဲ ..ငါက အခုချိန်မှာ ထိခိုက်ထားပြီး ငါ့ဘဝကလည်း အပ်ချည်မျှင်လေးပေါ် လျှောက်နေရသလိုဆိုတော့ အများကြီးပုံဖော်ကြည့်မိတယ်..ဒီကမ္ဘာမြေက အသက်အိုးအိမ်ဆိုတာ ပြည့်ဝနေရင်တော့ ပျော်ရွှင်ရပေမယ့် စိုးရိမ်စရာတွေများလွန်းရင်တော့ ...ဝန်လေးလာကြတယ်"
ထိုအရာအား ပြောပြီးနောက် လင်းရုဖေးက ဤကိစ္စအား ရှန်ဝူချွေ့ထံမှ ဆက်ပြီးဖုန်းကွယ်ထားနိုင်ချေမရှိတော့ပေ။သူက မျက်လုံးများအား နိမ့်လိုက်ကာ တည်ဆောက်ပုံနှင့် ဘဝအလှဲအလှယ်အကြောင်း ပြောပြလိုက်၏။
ရှန်ဝူချွေ့က ပိုပိုနားထောင်လာလေလေ သူ့မျက်နှာက ပိုပိုဖျော့လာကာ နောက်ဆုံးတွင် သူ့ကိုယ်က တုန်ယင်လာရင်း:"ဒီကိစ္စက ဘယ်လို.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..ဝေရွေ့ ဝေရွေ့က ငါ့အတွက် ဘဝအသက်တစ်ဝက်ကို မျှပေးခဲ့တာလား"
သူက ချက်ချင်းပင် ဒေါသထွက်လာရကာ:"မင်း ဘယ်လိုလုပ်ပြီး သူမကို ဒီလိုရယ်စရာကောင်းတဲ့အရာမျိုး လုပ်ခွင့်ပြုနိုင်ရတာလဲ"
လင်းရုဖေးက အေးအေးဆေးဆေးပင်:"ရှန်းကုန်းဇီ..ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ"
ရှန်ဝူချွေ့က ဒေါသတကြီးဆိုလာ၏။
"လင်းကုန်းဇီ..ဝူရွေ့က မင်းအစ်မနော်..မင်းအဲ့တာကို ဘယ်လိုများ တာဝန်ခံပေးနိုင်ရတာလဲ"
လင်းရုဖေးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
"ဒါက သူမက ကျွန်တော့အစ်မဖြစ်ပြီး သူမရဲ့ ခံယူချက်ကို လေးစားလို့ပဲ..ရှန်ကုန်းဇီကို တစ်ခုပဲမေးပါ့မယ် တူညီတဲ့အခြေအနေပဲ ဆိုပါတော့ ..ရှန်ကုန်းဇီက ကျွန်တော့အစ်မရဲ့ဘဝ အသစ်စဖို့ တည်ဆောက်ပုံထဲကို ဝင်ချင်စိတ်ရှိရဲ့လား"
“ဒါပေါ့.."
ရှန်ဝူချွေ့က လင်းရုဖေး၏အမေးအား စဥ်းစားမနေဘဲ အဖြေပေးလာ၏။
"ငါ ဘယ်လိုလုပ်ပြီး ဝူရွေ့သေတာကို ဘေးကထိုင်ပြီးကြည့်နေနိုင်မှာလဲ"
လင်းရုဖေးက လက်နှစ်ဖက်အားဖြန့်၍ပုခုံးတွန့်ပြကာ:"အဲ့ဒါကို သာကြည့်ပေတော့..ကျွန်တော့အစ်မက ခင်ဗျားသူမကို ကြိုက်တာထက် မလျော့တဲ့ အချစ်နဲ့ ချစ်တာပါ..ခင်ဗျားက သူမကို ခင်ဗျားသေသွားတာကို ထိုင်ကြည့်နေစေချင်လို့လား"
ရှန်ဝူချွေ့က ပြောစရာမရှိဖြစ်သွားရကာ:"ဒါဖြင့် ..မင်းတခြားတစ်ယောက်ကို ရှာလို့ရတာပဲလေ"
လင်းရုဖေးက သက်ပြင်းချလိုက်ပြီး:"ကျွန်တော့အစ်မရဲ့ ပိုင်ဆိုင်လိုစိတ်ပြင်းတဲ့ အကျင့်နဲ့ သူမက ခင်ဗျားနဲ့တခြားသူရဲ့ဘဝတွေ ချိတ်ဆက်သွားတာ မြင်ဖို့ ဆန္ဒရှိနေတယ်လို့များ ထင်လား"
ရှန်ဝူချွေ့က တုံ့ပြန်လာခြင်းမရှိချေ။
“ကျွန်တော် ခင်ဗျားဘာတွေးနေတယ်ဆိုတာ သိပါတယ်..ရှန်ကုန်းဇီ စိတ်မသန့်ဖြစ်နေနိုင်ပါတယ်"
လင်းရုဖေး "တကယ်တော့ ခင်ဗျားအဲ့ဒီလို ဖြစ်စရာမလိုပါဘူး..ကျွန်တော့အစ်မက ခင်ဗျားဆီကနေ အရာရာလိုချင်ပေမယ့် စိတ်မသန့်ဖြစ်နေတာမျိုးတော့မပါဘူး သူမ ခင်ဗျားကို ပြောမပြချင်တာက ခင်ဗျားတို့နှစ်ယောက်ကြား ခံစားချက်ကို တခြားအရာတွေနဲ့ ရောထွေးလာမှာစိုးလို့ပါ"
သူက ဤသည်အား ပြောနေရင်း သူ့ဘောင်းဘီအိတ်ထဲမှ ရှန်ဝူချွေ့ယခင်က ပေးခဲ့သည့် ဘဲတစ်ကောင်..အို့ မဟုတ်ဘူး မန်ဒရင်းဘဲအိတ်လေးလား ထုတ်လာကာ:"ရှန်ကုန်းဇီက သက်သာလာပြီမို့ ခင်ဗျား ဒါကို ကျွန်တော့အစ်မကို ကိုယ်တိုင်ပေးလိုက်နိုင်ပါတယ်"
ရှန်ဝူချွေ့က နှုတ်ခမ်းတင်းတင်းစေ့ကာ လက်ခံရန် လက်လှမ်းလာ၏။
လင်းရုဖေးက ဤကိစ္စအား လက်ခံရန်အချိန်တစ်ချို့ယူရလိမ့်မည့် သူ့အကျင့်ကို သိသော်ငြား သူသည် အလျင်မလိုခဲ့ချေ။အမှန်တကယ်ပင် ယင်းက သိပ်မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဖြစ်လာပေလိမ့်မည်။
လင်းရုဖေးက ပြုံးပြလိုက်ပြီး ရှန်ကုန်းဇီမှာ ဤမင်္ဂလာအရက်ခွက်အတွက် သူ့အား အကြာကြီး စောင့်မနေစေသင့်ကြောင်း ပြောလိုက်သည်။ထို့နောက် သူက လှည့်ထွက်လာလိုက်ပြီး လက်ထဲရှိ အိတ်ကလေးအား တင်းတင်းကိုင်ကာ ထိုနေရာတွင်ပင် ရပ်နေသည့် ရှန်ဝူချွေ့အား ချန်ထားခဲ့တော့၏။
အိမ်ထဲသို့ ပြန်ဝင်လိုက်သည်နှင့် လင်းရုဖေးက ပြတင်းပေါက်ဘေးတွင် ထိုင်နေသော လင်းဝေရွေ့အား တွေ့လိုက်ရသည်။
"မမ အခုလေးတင် ရှန်ကုန်းဇီကို အပြင်မှာ အနိုင်ကျင့်နေခဲ့တာ မဟုတ်လား..အခုကျ ဘာလို့ အရမ်း ပင်ပန်းနေသလိုဖြစ်နေရတာလဲ"
လင်းဝေရွေ့က ပြန်ဖြေလာ၏။
"ငါ စဥ်းစားနေရုံလေးပါ"
လင်းရုဖေး "ဘာအကြောင်း စဥ်းစားနေတာလဲ"
လင်းဝေရွေ့က ဆိုလာ၏။
"ငါ ဝူချွေ့ကို ထိခိုက်အောင်လုပ်တဲ့သူအကြောင်း စဥ်းစားနေတာ .သူက ဘယ်မှာလဲ..ဘာလို့ သူက ရုတ်တရက်ကြီး ဝူချွေ့ကိုဓားနဲ့ ထိုးခဲ့ရတာလဲ"
သူမက မေးထောက်လိုက်ပြီး:"ဝူချွေ့ပြောတာကြားတာတော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတောင်မသိဘူးတဲ့ သူဓါးထိုးမခံရခင်လေး မြင်ဖူးခဲ့တာပဲရှိတာ ..အဲ့ဒီလူကိုလည်းရှာမတွေ့သေးဘူး..သူသာ ထပ်ပေါ်လာရင်... ငါမသိတော့ဘူးဟာ"
သူမက ပြန်ပေါ်လာမည့်အကြောင်း ပြောနေချိန်တွင် သူမလက်က ခါးထက်ရှိ ဓါးအား ပြင်းပြင်းဆုပ်ကိုင်လိုက်ကာ သွားဖြူဖြူလေးပေါ်လာသည်အထိ ပြုံးပြလာသည်။
လင်းရုဖေးက ချက်ချင်းပင် မော့ချန်းရှန်၏အေးစက်စက်မျက်နှာအား သတိရသွားကာ သု့ရင်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားရသည်။ထိုလူက မော့ချန်းရှန်အား ထိုသို့မဆက်ဆံသင့်ပေ။အားကောင်းပြီးဖြောင့်မတ်သော ဓါးသမားဖြစ်သည့် မော့ချန်းရှန်က ပိုပြီးဂုဏ်သိက္ခာရှိရှိသေသွားသင့်လေ၏။
“နင် ရှန်ဝူချွေ့နဲ့ အပြင်မှာ ဘာအကြောင်းပြောနေကြတာလဲ"
လင်းရုဖေးက မည်သည်မျှမစဥ်းစားနိုင်သေးမီ လင်းဝေရွေ့က အကြောင်းအရာအား ပြောင်းလိုက်ကာ အပြုံးလေးနှင့်မေးလာ၏။
“မမက ရှန်ကုန်းဇီကို မျက်ရည်ကျအောင်ကို အနိုင်ကျင့်နေတော့တာပဲ"
လင်းရုဖေးက သက်ပြင်းချလိုက်ကာ:"ကျွန်တော် ဘာများပြောနိုင်မှာတဲ့လဲ...မမ လူတွေရဲ့ မျက်နှာကိုကိုက်တတ်တဲ့အကျင့်က ဘယ်ကနေ တတ်လာတာတုန်း..မမက ဘယ်လိုမျက်နှာနဲ့များ သူ့ကိုအပြင်ထွက်ပြီး လူတွေနဲ့တွေ့စေချင်နေတာလဲ"
“ဘာပဲဖြစ်ဖြစ်ပေါ့..."
လင်းဝေရွေ့က မထူးခြားစွာပြန်ဖြေလာသည်။
"လူတွေအတွက် သူက ပိုင်ရှင်ရှိပြီးသားဆိုတာ မြင်နိုင်ရင်အကောင်းဆုံးပဲ"
သူမက လင်းရုဖေးပုခုံးအား ပုတ်လိုက်ကာ ဆက်ပြောလာသည်။
"မောင်လေး...သူ့ကိုဘယ်လိုရှာရမှာနဲ့ ငါ့ရဲ့တိုက်ပွဲဘယ်လောက်ပြင်းထန်မှန်းနင်မသိပါဘူး"
သူမက ခေါင်းစောင်းလိုက်ကာ သက်ပြင်းရှည်ကြီးချလိုက်ပြီး တစ်နေရာရာသို့သွားမည့်နှယ် လက်ဟန်ခြေဟန်ပြလာ၏။
လင်းရုဖေးက ဒေါသထွက်လာရင်း ရယ်ချင်လာကာ:"ကျွန်တော် ပြောပြသင့်လား ရှန်ဝူချွေ့က သူအသက်တစ်ဆယ့်လေးနှစ်တုန်းက ခွန်းလွန်ဆီလာပြီး လက်ထပ်ခွင့်တောင်းချင်ခဲ့တယ်ဆိုတာ..ခန်းဝင်ပစ္စည်းတွေက အဆင်သင့်ဖြစ်နေပြီးပေမယ့် တစ်ယောက်ယောက်က ခန်းဝင်ပစ္စည်းတွေကို တစ်ခုခုလုပ်ခဲ့တာကိုလေ ..."
လင်းဝေရွေ့က လင်းရုဖေးစကားများအား ကြားသော် သူမ၏မျက်နှာသွင်ပြင်က တစ်ခဏမျှတောင့်ခဲသွားရသည်။
"ဘာ...နင်ဘာပြောလိုက်တယ်"
လင်းရုဖေးက ထပ်ပြောလိုက်၏။
"ကျွန်တော်ပြောမယ် အဲ့ဒီနှစ်က မမ တစ်ယောက်ယောက်ရဲ့အိမ်ထဲကိုဝင်သွားပြီး ဘာတွေလုပ်ခဲ့တာလဲ..မမက မမအတွက် လှပတဲ့အစီအစဥ်လေးကို ဖျက်ဆီးခဲ့တာလေ"
လင်းဝေရွေ့၏မျက်လုံးများက မျက်ဝန်းအိမ်ထဲမှ ခုန်ထွက်မတတ်ပြူးကျယ်လာပြီး:"သူ လက်ထပ်ခွင့်တောင်းချင်နေတဲ့သူက ငါဖြစ်နေခဲ့တာလား...."
လင်းရုဖေး : "မဟုတ်ရင်ရော"
“သူစိတ်ဆိုးသွားတာ အံ့သြစရာမရှိပါဘူး...."
လင်းဝေရွေ့က ဝိဥာဥ်ပျောက်သွားသည့်နှယ် : "ငါက တကယ့်အရူးမကြီးပဲ"
“ဒါဖြင့် မမက ဘာများလုပ်ခဲ့လို့လဲ"
လင်းရုဖေးက ဤသည်အား အသိချင်ဆုံးပင်။
လင်းဝေရွေ့က ပြန်ဖြေလာသည်။
"ပြောလို့မရဘူး..ပြောလို့မရဘူး"
သူမက လက်ယမ်းပြကာ လေသံနိမ့်နိမ့်လေးနှင့် ဆိုလာသည်။
"ငါ နင့်ကိုပြောလိုက်ရင် သူ့စိတ်နဲ့သာဆို ရှက်လွန်းလို့ ပင်လယ်ထဲခုန်ချပြီး သူ့ကိုယ်သူသတ်သေလိုက်မှာ စိုးတယ်ရယ်"
လင်းရုဖေး : "...."
သူက ယခု ပို၍ပင်သိချင်လာ၏။
သူ၏အစ်မက စိတ်ကောင်းရှိသည့် ရှန်ကုန်းဇီအား ထိုသို့ဒေါသထွက်သွားစေသည်အထိ ဘာတွေများ လုပ်လိုက်တာတုန်း။
[ t/n:ဝေရွေ့နဲ့ ဝူချွေ့က ခပ်လျှိုလျှိုနဲ့ ငါ့ကို ကုရှန်းနဲ့ ချောင်ဝေ့နင်တို့လိုမျိုး ခံစားချက်ပေးတယ်..@@တခြားသူတွေကရော.. ]
****
စာရေးသူမှာ ပြောစရာရှိတယ်~
ကုရွှမ်းတု : ရှောင်ကျို့က လက်ဦးပြီး ငါ့လက်ကိုကိုင်လိုက်တာ ပထမဆုံးအကြိမ်ပဲ..ကျော်တွေးလိုက်ရင် ငါတို့ လက်ထပ်ပြီးတာနဲ့ အတူတူပဲမို့လား...
လင်းရုဖေး : ခင်ဗျားက အများကြီး အများကြီးကိုကျော်လိုက်ပြီးပြီလေ...
─────────────────────────────────────────────────
[2]ထိန်းမနိုင်သိမ်းမရဖြစ်တာပါ
[3]အတိုကောက်ပြောထားလိုက်တာပါ..အဓိပ္ပါယ်အပြည့်အစုံက :"ထူးဆန်းတဲ့ အကျိုးဆက်တွေပေါင်းစည်းမှုကြောင့်ဖြစ်တဲ့ အမှားအယွင်းပါတဲ့"
_____
Translated By IQ-Team.