အပိုင်း ၁၅၃
Viewers 37k

Chapter 153
ကုသခြင်း


လင်းရုဖေးက ရှန်ဝူချွေ့အခန်းသို့ သွားလိုက်သည်နှင့် အဝေးကပင် လင်းဝေရွေ့ထံက တစ်ခါတစ်ရံ ရယ်သံလွင်လွင်လေးထွက်လာပြီး စိတ်ကောင်းဝင်နေပုံရသည့် ရှန်ဝူချွေ့နှင့် စကားပြောနေသည်အား ကြားလိုက်ရသည်။ 

လင်းဝေရွေ့က လင်းရုဖေးလာသည်အား မြင်သော် ထလိုက်ပြီး ပြုံးပြကာ:"ဒါဆို နင်အရင်နားလိုက်ဦး..ငါ့မောင်လေးနဲ့ စကားပြောစရာလေးရှိလို့" 

“ကောင်းပြီ" ရှန်ဝူချွေ့က အပြုံးလေးနှင့် တုံ့ပြန်လာသည်။ 

လင်းရုဖေးက လင်းဝေရွေ့ကနေ အခန်းအပြင်သို့ ဆွဲထုတ်ခံရသည့်အချိန်တွင် သူက ရောက်လာကာစပင်ရှိသေးသည်။သူက မည်သည့်အတွက်ကြောင့် လင်းဝေရွေ့အလျင်လိုနေသည်အား အံ့သြနေမိသည်တွင် လင်းဝေရွေ့က ရှန်ဝူချွေ့အခန်းထဲမှထွက်ပြီးတစ်ခဏ ပူဆွေးသောကများနှင့် အော်ငိုကာ လင်းရုဖေးလက်မောင်းထဲသို့ တိုးဝင်လာလေ၏။သူမက ရှန်ဝူချွေ့ကြားမည်စိုး၍ ကျယ်ကျယ်မငိုရဲသဖြင့် ယင်းကလင်းရုဖေးနှလုံးအိမ်အား ပိုမိုနာကျင်စေပြီး သူမ၏မျက်ရည်များအား တိတ်တိတ်လေး သုတ်ပေးလိုက်သည်။  

“မငိုပါနဲ့..လိမ္မာလိုက်တဲ့ကောင်မလေး..မငိုနဲ့တော့နော်..."

လင်းရုဖေးက သူကလေးဘဝက သူ့ဆေးသောက်ရန် သူမက ချော့ပြောသည့်အချိန်ကကဲ့သို့ သူမခေါင်းလေးအားပုတ်ပေးလိုက်ရင်း:"မငိုပါနဲ့တော့ အဆင်ပြေသွားမာပါ" 

“ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်မှာလဲ"

လင်းဝေရွေ့က စိတ်အားငယ်မှုများနှင့် အဆက်မပြတ်အော်မြည်ရင်း:"နင် အဲ့ဒါကိုတွေ့လိုက်လား..သူ့အသက်ပေါ်မှာချိတ်ဆွဲဖို့ စိတ်ဝိဥာဥ်ကျောက်တုံးကိုတောင် စသုံးနေပြီလေ ..ငါစောစောလာသင့်တယ်..ငါဘယ်လိုများ အကြာကြီး အချိန်ဆွဲဖို့ ဆုံးဖြတ်ခဲ့မိတာပါလိမ့်" 

တစ်ယောက်ယောက်၏အသက်ပေါ်သို့ ချိတ်ဆွဲထားရန် စိတ်ဝိဥာဥ်ကျောက်တုံးများ သုံးစွဲခြင်းက ထိုလူမှာ သေနေပြီဟု ဆိုလေ၏။ရှန်ဝူချွေ့၏စိတ်ဝိဥာဥ်သွင်ပြင်မှာ နေဝင်ချိန်နောက်ဆုံးသောအလင်းရောင်လေး ဖြစ်နိုင်ပေသည်။လင်းဝေရွေ့ထံမှ အမြဲအရူးလုပ်ခံလိုက်ရသည့် ကလေးတစ်ယောက်မဟုတ်တော့ပေ။

သူမက ဤမြင်ကွင်းအားမြင်ပြီးသော် သူမက ဖြစ်ပျက်နေသည်အား မည်သို့များ နားမလည်ဘဲနေမည်နည်း။သူမက ပူဆွေးနေသော်ငြား ယင်းအား ရှန်ဝူချွေ့အရှေ့တွင် မပြရဲချေ။သူမက သန်မာကာ ရှန်ဝူချွေ့အား စိတ်ဝင်စားဖွယ်ကောင်းသည့် ပုံပြင်အချို့အား ပြောပြရန်သာ တတ်နိုင်၏။လင်းရုဖေးရောက်လာမှသာ သူမက ဆက်ထိန်းမထားနိုင်ဖြစ်လာရသည်။သူမက အမြန်ပင် သူ့အား အခန်းပြင်သို့ ဆွဲခေါ်လာကာ သူတို့ထွက်သွားသည်နှင့် သူမတမင်သက်သက် ထိန်းထားခဲ့သည့် မျက်ရည်များမှာပေါက်ကွဲထွက်လာကာ ရပ်တန့်မနိုင်တော့ပေ။ 

လင်းရုဖေးက သူမ၏နာကျင်နေသည့်ပုံပန်းသွင်ပြင်အား ကြည့်ကာ သူ့ရင်ကွဲမတတ်ပင်ခံစားလိုက်ရသည်။  

လင်းဝေရွေ့က ဆိုလာ၏။

"မဟုတ်ဘူး....ငါတို့ထပ်မစောင့်နိုင်တော့ဘူး...ငါတို့ အဲဒီဓါးသမားကို ဖမ်းရမယ်..သူက အဆိပ်ပေးခဲ့တဲ့သူဆိုတော့ သူပဲ ဝူချွေ့ဆီက အဆိပ်ကို ကုပေးနိုင်မှာ"

သူမက အလွန်အမင်းဝမ်းနည်းနေသည်အား ရပ်လိုက်ကာ စိတ်ငြိမ်ရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်ပြီးနောက် တစ်ခုတည်းသော မျှော်လင့်ချက်လေးအား ဆုပ်ကိုင်ထားကာ:"သူ့ကို ရှာတွေ့ရမယ်" 

လင်းရုဖေးက ဆိုသည်။

"မမ..ကျွန်တော်ပြောတာ အရင် နားထောင်ပါဦး...." 

“ငါ နင်ဘာပြောတော့မယ်ဆိုတာ သိတယ်..အလောင်းကောင်အဆိပ်ကို ကုစရာမရှိဘူးဆိုရင်တောင်မှ ငါဘယ်လိုလုပ်ပြီး ဝူချွေ့က ဒီလိုနာနာကျင်ကျင်သေသွားမှာကို စောင့်ကြည့်နေရုံပဲ တတ်နိုင်မှာလဲ"

လင်းဝေရွေ့က အံကြိတ်လိုက်သည်။

သူမ၏မျက်လုံးများက မုန်းတီးမှုနှင့် နာကျင်မှုကြောင့် ကြက်သွေးရောင်ပြောင်းလာကာ:"မဟုတ်ဘူး..ငါ လင်းဝေရွေ့က ဘယ်တော့မှ ဒီကံကြမ္မာကို လက်လျော့လိုက်မှာမဟုတ်ဘူး" 

လင်းရုဖေးက တိုးတိုးလေးဆိုလိုက်သည်။

"တကယ်တော့ ...အစ်ကိုရှန်ရဲ့အသက်ကို ကယ်ဖို့ တခြားနည်းလမ်းရှိပါတယ်" 

လင်းဝေရွေ့က မေးလာ၏။ "ဘာနည်းလမ်းလဲ" 

လင်းရုဖေးက ကုရွှမ်းတုပြောသည့် နည်းလမ်းအား လင်းဝေရွေ့အား မပြောပြမီ နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။လင်းဝေရွေ့က စကားလုံးတစ်လုံးကိုပင် လွဲသွားမည်စိုး၍ အလွန် တည်ငြိမ်နေဟန်ဖြင့်နားထောင်နေကာ သူမက ရှန်ဝူချွေ့အား အသက်မျှပေးနိုင်သည်အား ကြားသော် လင်းရုဖေးက သူ့အစ်မ၏မျက်လုံးများ လင်းလက်သွားသည်အား တွေ့လိုက်ရသည်။ 

လင်းဝေရွေ့က ကြောက်မနေရုံသာမက လက်များအား စိတ်လှုပ်တရှား ပွတ်သတ်နေကာ:"ဒီကမ္ဘာမှာ ဒီလိုကောင်းတဲ့အရာမျိုး တကယ်ကြီး ရှိတယ်လား" 

လင်းရုဖေးက အကူအညီမဲ့စွာ ရေရွတ်လိုက်မိသည်။

"မမ မမက ဒါကို ကောင်းတဲ့အရာလို့ခေါ်တယ်လား" 

“တကယ်ပေါ့..အဲ့ဒါကို...."

လင်းဝေရွေ့က ပြုံတုံ့တုံ့လုပ်နေရင်း"အမျိုးသမီးတစ်ယောက်က လပ်ထပ်သွားရင် သူတို့အကြောက်ဆုံးက သူတို့ယောကျ်ားတွေ သစ္စာမရှိမှာကို မှတ်လား..ဒီလိုနည်းလမ်းနဲ့သာဆို သူက ဆက်ပြီးသစ္စာမရှိ ဆက်လုပ်ရဲနေပြီး အပြင်ထွက် တခြားသူတွေနဲ့ ဆက်နွယ်ရဲနေဦးမှာတဲ့လား" 

လင်းရုဖေးက သူ၏အစ်မ စဥ်းစားပုံစဥ်းစားနည်းအား လေးစားရုံသာ တတ်နိုင်ပြီး ကူကယရာမဲ့စွာ ဆိုလိုက်၏။

"မမက ရှန်ကုန်းဇီအပြင်ထွက်ပြီး တခြားမိန်းကလေးတွေနဲ့ ဆက်နွယ်လာမယ်လို့ထင်လား"  

“မထင်ပါဘူး"

လင်းဝေရွေ့က ရှန်ဝူချွေ့နှင့်ပတ်သတ်ပြီး ယုံကြည်ချက်ရှိဆဲဖြစ်ကာ ရိုးရိုးသားသား ပြန်ဖြေလာသည်။

"ဒါပေမယ့် သူက အရမ်းလှလွန်းတယ်...သူ့ကိုလာကပ်ချင်တဲ့ တခြားမိန်းကလေးတွေ အမြဲတမ်းရှိနေဦးမှာပဲ..." 

လင်းရုဖေး : "........." 

လင်းဝေရွေ့က ဆက်ပြောလာသည်။

"ဒါကိုလည်း ခွင့်ပြုထားတာမှမဟုတ်တာ..ဟမ့်...မိန်းကလေးတွေအသာထား သူ့ကို ကြောင်အမဆိုတောင် မွေးခိုင်းမှာမဟုတ်ဘူး" 

လင်းရုဖေးက ချက်ချင်းပင် ရှန်ဝူချွေ့အား ကရုဏာသက်မိသွားရသည်။သူ့ရင်ထဲ၌ သူ၏အစ်မကဲ့သို့သော မိန်းကလေးထံမှ အကြိုက်ခံရခြင်းသည် အတော်လေးဒုက္ခရောက်ရသည့် အရာဖြစ်ကြောင်း တွေးမိလိုက်လေ၏။  

“ငါ့ရဲ့ အူကြောင်ကြောင် မောင်လေး.."

လင်းဝေရွေ့က လင်းရုဖေးထက် အတော်လေးပုနေသော်လည်း သူမက ကလေးဘဝကပြုမူကဲ့သို့ လင်းရုဖေးလည်ပင်းအား ဖက်ထားရသည်ကို သဘောကျနေဆဲပင်။

သူမက လင်းရုဖေးနားဆီသို့ ကြွလိုက်ရင်း ဆိုလာ၏။

"ဒီလို နည်းလမ်းကောင်းရှိနေမှတော့ နင်ဘာလို့ စောစောမပြောခဲ့ရတာလဲ...နင်က ငါ့ကို မြင်းသေးစီးကြောင်းကြောင့် မျက်နှာပျက်ရအောင်[1]တောင် လုပ်ခဲ့သေးတယ်...ဖွီ..ဖွီ..ဖွီ... ရှက်စရာကောင်းချက်ပဲ" 
1]ကွမ်တုံလူမျိုးတွေရဲ့ ဟာသပါ : အော်တယ်..ငိုတယ်..မျက်ရည်ပေါက်ကြီးငယ်ကျတယ်လို့ ဆိုပါတယ်


လင်းရုဖေးက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ:"ကျွန်တော်က..စိုးရိမ်နေရုံလေး..." 

“ငါက နင်ဘာကိုစိုးရိမ်နေတာလဲဆိုတာ သိတယ်.."

လင်းဝေရွေ့က စကားစဖြတ်လိုက်ပြီး:"ဒါပေမယ့် ဒါက ပုံမှန်လူတွေ စိတ်ပူရမယ့် တစ်စုံတစ်ရာပါပဲ..ငါ လင်းဝေရွေ့ကတော့ ဘာမှမကြောက်ဘူး"

သူမက ရင်ဘတ်အားပုတ်ပြလိုက်ရင်း တည်တည်ငြိမ်ငြိမ်အသွင်ဖြင့် ဆိုလာသည်။

"ငါ့ ဘဝတစ်လျှောက်လုံး ငါ့စိတ်က လူတစ်ယောက်တည်းဆီမှာပဲ ရှိတယ် ..တခြားသူတွေအတွက် သူ့ဘဝနဲ့ဆက်နွယ်မိဖို့ ဝန်လေးနိုင်ကြပေမယ့် ငါ့အတွက်ကတော့....."

သူမက ရှက်ကိုးရှက်ကန်း ပြုံးကာ:"ဆုလာဘ်တစ်မျိုးပါဟာ.." 

လင်းရုဖေးက အတော်လေး အကူအညီမဲ့နေပုံပေါ်သည်။သူက လင်းဝေရွေ့မှာ နောက်ပြောင်နေသည်အား မြင်သော်လည်း သူမ၏မျက်နှာအနေအထားက အတုအယောင်နှင့်မတူသဖြင့် သူသည်လည်း တတိယအစ်မ၏ရည်ရွယ်ချက်အား သိလိုက်ရပေသည်။  

လင်းဝေရွေ့က လင်းရုဖေးနှင့် စကားစမြည်ပြောပြီးနောက် သူမကလှည့်ထွက်သွားလေ၏။သူမကထွက်သွားနေရင်း လင်းရုဖေးထံ လက်ယမ်းပြကာ အနားယူရန် အရင်ပြန်လိုက်ရန် ပြောလာလေသည်။သူမက ရှန်မိသားစုသားအား လက်ထပ်ချင်၍ လက်ထပ်ခွင့်တောင်းရန်အတွက် ရှန်မိသားစုခေါင်းဆောင်ထံ သွားရောက်မည်ဖြစ်ကြောင်း ပြောလာ၏။ဤကိစ္စက တကယ်တမ်းတွင်ဖြင့် ဘဝနှင့်ဆိုင်သည့်အရာဖြစ်၍ ပေါ့ပေါ့တန်တန်လုပ်၍မရနိုင်။ 

လင်းရုဖေးမှာ ကူကယ်ရာမဲ့သွားရလေသည်။သူက သူ၏အစ်မအား အလွန်ချစ်မြတ်နိုးပေ၏။

ယခုအချိန်တွင်တောင်မှ သူမက နောက်ပြောင်လိုစိတ်ရှိသေးပေသည်။ 

ယင်းက သူ့အစ်မအား ဘိုးဘွားခန်းမတွင်ဒူးသွားထောက်စေချင်သည်အထိဖြစ်ရ၏။

လင်းဝေရွေ့က သူမသည် လက်ထပ်ခွင့်တောင်းတော့မည်ဖြစ်ပြီး သေချာပေါက် ဤကိစ္စအား ဆွေးနွေးရန် ရှန်မိသားစုခေါင်းဆောင်ထံ သွားရောက်မည်ဖြစ်ကြောင်း ဆိုလာ၏။အမှန်တွင်ဖြင့် ရှန်ဝူချွေ့မှာ သူအချစ်ဆုံးသားဖြစ်ကာ ထိုနည်းလမ်းအား မလုပ်ဆောင်မီထိ သူတို့က သူ၏မိသားစုခွင့်ပြုချက်အား ရထားပြီးလေ၏။ရှန်ဝူချွေ့အတွက်မူ လင်းဝေရွေ့က သူ့ခံယူချက်အား အစမှအဆုံးထိ နားထောင်ရန်ရည်ရွယ်ချက်မရှိချေ။နောက်ဆုံးတွင် လင်းဝေရွေ့က သူမ၏ကလေးဘဝသူငယ်ချင်းအား နှစ်ပေါင်းများစွာ ကောင်းကောင်းသိခဲ့သဖြင့် သူက ဤနည်းလမ်းအား သဘောတူလိမ့်မည်မဟုတ်ချေ။သို့သော်လည်း လင်းဝေရွေ့ ဂရုမစိုက်ပါချေ။သူမက သူ၏ခွင့်ပြုချက်အား မလိုအပ်ကာ သူနှင့်အတူ ရှိနေချင်ရုံလေးပင်။ 

လင်းရုဖေးက သို့သော်ငြား အိမ်သို့အမြန်ပြေးမသွားဘဲ ကမ်းခြေတစ်ဝိုက် လမ်းပတ်လျှောက်နေကာ ပင်လယ်လေလေးတဖြူးဖြူးက သူ့ရင်ထဲရှိ ခြောက်ကပ်မှုများအား လွင့်စင်သွားလေ၏။လင်းရုဖေးက ကုန်းလိုက်ရင်း ပင်လယ်ထဲကူးခတ်သွားလာနေသည့် ငါးပေါက်စလေးများနှင့် ပင်လယ်ရေမှော်များကြား အကြောင်းမဲ့သက်သက် ဟိုသွားလိုက် ဒီသွားလိုက်လုပ်နေမိ၏။   

ဤသည်အား မြင်ပြီးနောက် ကုရွှမ်းတုက သူမပျော်မရွှင်ဖြစ်နေရသည့်အကြောင်းအရင်းအား မေးလိုက်သည့်အခါ လင်းရုဖေးက တတွတ်တွတ်ပြောလာတော့သည်။

"ကျွန်တော်က ရှန်ကုန်းဇီ သက်သာလာတဲ့အခါ ဒါအတွက်နဲ့ ကျွန်တော့်ကို အပြစ်မတင်ဖို့ မျှော်လင့်ရုံလေးပါပဲ" 

ကုရွှမ်းတုက ဤသည်အား မှတ်ချက်မပေးလာဘဲ ပျင်းပျင်းရိရိတုန့်ပြန်လာသည်။

"ဘာအတွက်နဲ့ မင်းကို အပြစ်တင်စရာ ရှိလို့လဲ...မင်းချစ်တဲ့သူနဲ့ အတူတူရှင်သန်ပြီးသေဆုံးသွားဖို့က ပျော်စရာကောင်းတဲ့အရာလို့ သတ်မှတ်လို့ရတာပဲလေ..." 

သူက စကားဆုံးသည်နှင့် အသံနိမ့်နိမ့်လေးနှင့် ထပ်ပြောလာ၏။

"ဒီကမ္ဘာမှာ တစ်ယောက်တည်းကျန်နေရတာထက် ပိုကောင်းတာပေါ့..အဆတစ်ရာပိုကောင်းတယ်"

အကြောင်းပြချက်အချို့ကြောင့် လင်းရုဖေးမှာ ကုရွှမ်းတုစကားများထဲမှ ရင်နာနေမှုကြီးကြီးမားမားကိုခံစားလိုက်ရသည်။သူက တစ်ခုခုပြောလိုက်ချင်ပါသော်လည်း မည်သည်အား ပြောရမည်မသိ၍ နောက်ဆုံးတွင် ဘာမျှမပြောရန်ဆုံးဖြတ်လိုက်သည်။သုက လက်ဆန့်လိုက်ရင်း ကုရွှမ်းတုလက်အား သူယခင်ကပြူမူသကဲ့သို့ ဆုပ်ကိုင်ပေးလိုက်သည်။

ကုရွှမ်းတုက လင်းရုဖေးပြုမူလိုက်သည်အား သတိထားမိသွားသော် စစချင်း၌ မေ့လဲမတတ်ဖြစ်သွားသော်လည်း တစ်ခဏတွင်းမှာပင် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ:"မင်း ကိုယ့်အပေါ်ဘယ်လိုလုပ်ပြီး အခွင့်ကောင်းယူနိုင်ရတာလဲ..,ရှောင်ကျို့"  

လင်းရုဖေးက မျက်တောင်ခတ်လိုက်ရင်း တည်တည်ငြိမ်ငြိမ်ပြောလာ၏။

"အကြီးအကဲက ကျွန်တော့်ကို အရင် အခွင့်ကောင်းယူလိုက်တာကြောင့် ဖြစ်မယ်"

ဤသည်အား ပြောပြီးနောက် နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြကာ ရယ်မောလိုက်ရင်း တင်းမာနေသော လေထုမှာ ချက်ချင်းပင် အများကြီးပြေလျော့သွား၏။  

ထိုနေရာသို့ လင်းဝေရွေ့က မြန်မြန်သွားလိုက်ကာ မြန်မြန်ပြန်လာသည်။သို့သော်လည်း သူမက ရှန်မိသားစုခေါင်းဆောင်နှင့်အတူ ပြန်လာခြင်းပင်။

ရှန်မိသားစုခေါင်းဆောင်က လင်းရုဖေးအား ကြည့်သည့်အကြည့်က အတော်လေး ရှုပ်ထွေးနေကာ အလောတကြီးဆိုလာ၏။

"အများကြီး ကျေးဇူးတင်ပါတယ် ...လင်းကုန်းဇီ"

သူက လင်းရုဖေးအား ထိုသို့သောနည်းလမ်းမျိုးအား လင်းဝေရွေ့ကို ပြောပြလိုက်၍ ကျေးဇူးတင်နေပုံပေါ်သည်။အမှန်တွင်လည်း လင်းရုဖေးသာ ထိုသို့မပြောလိုက်ရပါက လင်းဝေရွေ့သည်လည်း စွန့်စားလိမ့်မည်မဟုတ်ချေ။ 

လင်းရုဖေးက ရှန်မိသားစုခေါင်းဆောင်အား ယဥ်ကျေးနေရန် မလိုအပ်ကြောင်း ပြောသည့်အနေနှင့် လက်ယမ်းပြလိုက်၏။ 

တစ်ဖက်တွင်ဖြင့် လင်းဝေရွေ့က ထပ်ပြီးမစောင့်နိုင်တော့ပဲ လင်းရုဖေးအား တစ်ခုချင်းစီအား အသေးစိတ်ကျကျ ပြန်မေးလာ၏။ဤသို့ လူနှစ်ဦးကြား ဘဝချင်းအလှဲအလှယ်လုပ်သည့် နည်းလမ်းက ရှုပ်ထွေးသည့် တည်ဆောက်ပုံအား လိုအပ်ပေသည်။အောက်ခံအနေနှင့် အဆင့်မြင့်စိတ်ဝိဥာဥ်ကျောက်တုံး များစွာလိုပြီး အနီရောင်မျဥ်းများနှင့် ပုံစံကွက်ရှုပ်ရှုပ်ထွေးထွေးများအား ဆွဲပြီးနောက် တည်ဆောက်ပုံအားစရန် အသက်ရှင်နေသည့် တိရစ္ဆာန်များကိုလည်း သုံးရလေ၏။  

လင်းဝေရွေ့က ဤနည်းလမ်းအား လင်းရုဖေး ဘယ်ဆီကသင်ခဲ့မှန်း သိချင်နေစဥ်တွင် လင်းရုဖေး၏ဆင်ခြေက သူသည် ဤသို့မလာရောက်မီ တည်ဆောက်ပုံအား ကျွမ်းကျွမ်းကျင်ကျင် တော်သည့်လူနှင့် ဆုံခဲ့ရသည်ဟူ၍ပင်။ကံကောင်း၍ လင်းဝေရွေ့၏စိတ်က ယင်းအပေါ်တွင် မရှိချေ။သူမက နားထောင်ပြီးနောက် ခေါင်းညိမ့်ပြလာကာ အသေးစိတ် မေးမလာတော့ချေ။ 

တည်ဆောက်ပုံအား ချမည့်နေရာက လင်းရုဖေးရွေးထားသည့် ရွှံ့ကွင်းပြင်ကျယ်ကြီးပင်။သူက စိတ်ဝိဥာဥ်ကျောက်တုံးအား သေသေချာချာ တပ်ဆင်လိုက်ပြီး တည်ဆောက်ပုံအား အချက်ကျကျဆွဲရန် မြေတွင်မထိုင်ချလိုက်မီ ကုရွှမ်းတုက နောက်မှသူ့လက်အား ကိုင်ထားပေးလေ၏။ရာသီဥတုက ပူပြင်းနေကာ အများစုအား ဆွဲပြီးသွားသည်နှင့် ချွေးများထွက်လာရသည်။သူ၏ပါးစုန့်လေးများက ဖောင်းလိုက်ပိန်လိုက်ဖြစ်နေကာ အမောတကောဖြစ်နေသည်။ 

လင်းဝေရွေ့က အလွန်ပင် အသည်းနာကြင်မတတ်ဖြစ်နေပုံရှိသော်ငြား လင်းရုဖေးအတွက်လည်း ကူမဆွဲပေးနိုင်ချေ။သူမက သူ့အား နေကာရန် ထီးကလေးကိုင်ပေးထားရုံသာ တတ်နိုင်၏။သူ့အား ယပ်ခတ်ပေးနေရင်း ရှောင်ကျို့လေးက အလုပ်ကြိုးစားကြောင်း အဆက်မပြတ်ပြောပေးနေသေးသည် 

လင်းရုဖေးက ပြုံးလိုက်ကာ အဆင်ပြေကြောင်း ပြောက ခေါင်းခါပြလာ၏။သူက ထိုလောက်အထိ ကျိုးပဲ့မလွယ်ကာ စက္ကူနှင့်လုပ်ထားသည်လည်း မဟုတ်ပေ။

လင်းဝေရွေ့က မျက်နှာမဲ့မဲ့လေးနှင့် ဆက်ပြောလာသည်။

"ငါ့ရှောင်ကျို့လေးက စက္ကူစလေးဆိုရင်တောင် အဲ့တာကရွှေစက္ကူလေးဖြစ်နေဦးမှာပဲ" 

လင်းရုဖေးက သူမကြောင့် ရယ်ချင်လာရသည်။သူက နှာဖူးထက်ရှိချွေးများအား လက်ကိုင်ပဝါနှင့် သုတ်လိုက်ပြီး ငုံ့ကာအလုပ်ဆက်လုပ်လေ၏။ဤသည်က တည်ဆောက်ပုံအား တပ်ဆင်ရသည့် လင်းရုဖေး၏ပထမဆုံးအကြိမ်ဖြစ်ကာ ကုရွှမ်းတုအကူအညီမပါသော်ငြား ဆွဲထားသည့် တည်ဆောက်ပုံမှာ အသင့်အတင့်ရှိလှသည်။ဒုက္ခပေးလှသည့် မနက်ခင်းပြီးနောက် တည်ဆောက်ပုံက နောက်ဆုံးရုပ်ပေါ်လာသော်ငြား လင်းရုဖေးမှာ နစ်မြုပ်သွားကာ သူ့မျက်နှာလည်း သိပ်ကောင်းမနေချေ။ 

သို့သော်လည်း ကောင်းသည်က တည်ဆောက်ပုံမှာ နောက်ဆုံးအပြီးသတ်သွားလေသည်။နောက်တစ်ခုသည်ဖြင့် သူတို့က ကြက်ပေါက်အရှင်လေးအား တည်ဆောက်ပုံထဲသို့ ယူလာရန်လိုအပ်ပေ၏။ကြက်ပေါက်အရှင်လေးအား သတ်ပြီးသည်တွင် သူတို့က တည်ဆောက်ပုံဂါထာအား စရွတ်နိုင်ချေပြီ။ 

မှန်ပေသည် ဤအရာအားလုံးက လင်းရုဖေးပြောသည့်အတိုင်း ဖြစ်ရပေမည်။သို့သော်လည်း ယင်းမတိုင်မီ သူတို့က ကာယကံရှင်အား တည်ဆောက်ပုံအလယ်တည့်တည့်သို့ ထားရန်လို၏။  

လင်းရုဖေးက တည်ဆောက်ပုံအား ဆွဲပြီးသည်နှင့် သူ့တစ်ကိုယ်လုံးက အားယုတ်လာ၏။သူက ထလိုက်သော် ပြန်လဲကျလုနီးနီးပင် ဖြစ်သွားရသည်။ကံကောင်း၍ သူ့အခြေအနေအား သတိထားမိသွားသည့် လင်းဝေရွေ့က ထိန်းထားနိုင်သဖြင့် မြေပေါ်သို့ကျမသွားခြင်းပင်။ 

“နင့် မျက်နှာပုံစံက ဘာလို့ တအား ဆိုးနေပုံပေါ်တာလဲ"

လင်းဝေရွေ့က နည်းနည်း စိုးရိမ်လာကာ:"ရှောင်ကျို့.." 

လင်းရုဖေးက ပြန်ဖြေလိုက်သည်။

"ပြင်းထန်တာ မရှိပါဘူး..တည်ဆောက်ပုံကို အုတ်မြစ်ချဖို့ စွမ်းအင်အချို့ သုံးလိုက်ရရုံတင်ပါ"

သူက အကြိမ်အနည်းငယ်ခန့်ချောင်းဆိုးကာ ပုခုံးညက်ညက်ကလေးက ထိန်းမရစွာ လှုပ်ခါနေ၏။ 

“ရှောင်ကျို့က ပြန်လိုက်ပြီး အရင်အနားယူလိုက်မလား"

လင်းဝေရွေ့က ထပ်ပြောလာသည်။

"ရာသီဥတုကြည့်ရတာ အရမ်းပူမယ့်ပုံပဲ...အစေခံမလေးတွေကို အပူသက်သာဖို့ နင့်အတွက် ရေခဲပြင်ခိုင်းလိုက်ရင်ရော..." 

“မလိုပါဘူး"

လင်းရုဖေးက ဆိုလိုက်၏။

"ကျွန်တော် ဘေးမှာပဲထိုင်လိုက်မယ်..ကျန်တာကိုတော့ တည်ဆောက်ပုံပြီးရင် ဆက်ပြောကြတာပေါ့" 

လင်းဝေရွေ့က လင်းရုဖေး၏ခိုင်မာနေမှုအား တွေ့သော် အကူအညီမဲ့စွာ သဘောတူလိုက်ရသည်။သူမက သူ့အား ဂရုတစိုက်နှင့် အနီးရှိသစ်ပင်ရိပ်ဆီခေါ်သွားကာ သူမ၏နောက်ထပ်တာဝန်တစ်ခုအား ဆက်ရန် လှည့်ထွက်မသွားမီ သူ့အားထိုင်ရန် ကူပေးလိုက်လေ၏။ 

_____

Translated By IQ-Team.