Chapter 145
ကျောင်း ပင်လယ်ထဲသို့ဝင်ရောက်ခြင်း
───────
လင်းရုဖေး ဆက်ပြီး နားမထောင်ရဲတော့ပေ။ ထျန်းရွှေက တားဆီးလိုက်သော်လည်း သူသည် နောက်မြစ်ကမ်းပါးဆီသို့ လျှောက်သွားကာ သူတို့နှစ်ဦးကို အကွာအဝေးတစ်ခုမှ လှမ်းကြည့်နေသော်လည်း နီးနီးကပ်ကပ်တော့မနေရဲတော့ပေ။ ဤအကွာအဝေးမှ သူတို့ စကားပြောနေသည်ကို သူ မကြားနိုင်သော်လည်း သူတို့နှစ်ဦးကို မြင်နေရဆဲဖြစ်သည်။ ရှဲကျင်းရှန့်နှင့် ထျန်းရွှေတို့သည် ခဏကြာ စကားပြောပြီးသောအခါ ရုတ်တရက် အငြင်းပွားမှုတစ်ခု ပေါ်ပေါက်လာပုံရသည်။ ထျန်းရွှေ၏အမူအရာသည် သိသိသာသာ မကျေမနပ်ဖြစ်နေပုံရပြီး လှည့်ထွက်သွားရန်ပြင်လိုက်သော်လည်း ရှဲကျင်းရှန့်သည် သူ့လက်ကိုဆန့်ထုတ်ကာ ထျန်းရွှေ၏ပုခုံးပေါ်ဖိလိုက်ပြီး တစ်စုံတစ်ခုကို စိတ်လှုပ်ရှားစွာပြောလိုက်သည်။
လင်းရုဖေးက မေးလိုက်၏။
"သူတို့ကြားမှာ ဘာတွေဖြစ်နေတာလဲ"
ကုရွှမ်းတုသည် သူ့မေးစေ့ကို ပွတ်သပ်ရင်း သူတို့၏လှုပ်ရှားမှုများကို အာရုံခံကာ “သံသယဖြစ်စရာ တစ်ခုခုတော့ ရှိရမယ်"
လင်းရုဖေးက သူ့ခေါင်းကိုလှည့်ကာ ကုရွှမ်းတုကို ကြည့်လိုက်ပြီး "ထျန်းရွှေနဲ့ ရှဲကျင်းရှန့်ကြားမှာ တကယ်ပဲ ကိစ္စတစ်ခုခုရှိတာ ဖြစ်နိုင်လား"
ကုရွှမ်းတုက ထိုစကားများကိုကြားသောအခါ နှစ်စက္ကန့်ခန့် နှုတ်ဆိတ်သွားပြီးနောက် အလွန်အမင်းပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
"ကိုယ့်မိသားစုရဲ့ရှောင်ကျို့က တကယ်ကို အရွယ်ရောက်လာပြီပဲ... ..."
လင်းရုဖေး : “... ...”
ဒီလေသံက ဘာလေသံကြီးလဲ။
အခြားတစ်ဖက်တွင် ရှဲကျင်းရှန့်နှင့် ထျန်းရွှေတို့၏အငြင်းပွားမှုသည် ပြင်းထန်သောအဆင့်သို့ ရောက်ရှိသွားသည်။ ရှဲကျင်းရှန့်က ရုတ်တရက်လက်ကိုလှမ်းဆွဲပြီး ထျန်းရွှေကို ပွေ့ဖက်ကာ နှုတ်ခမ်းပေါ်သို့ ပြင်းပြင်းထန်ထန် နမ်းရှုံ့လိုက်တော့သည်။ လင်းရုဖေးသည် ဘေးမှ အံအားသင့်စွာ ကြည့်နေမိပြီး သူ့မျက်လုံးများက မျက်တွင်းပေါက်မှ ထွက်ကျလုမတတ် ဖြစ်သွားရသည်။
ကုရွှမ်းတုကလင်းရုဖေး၏ မျက်လုံးများကို သူ့လက်ဖြင့် ဖုံးအုပ်လိုက်ပြီးနောက် အသာရယ်မောကာ "မကြည့်နဲ့ မကြည့်နဲ့"
လင်းရုဖေးက ယောင်ဝါးဝါးဖြင့် မေးလိုက်သည်။
"သူတို့ တကယ်ပဲ... ...အဲဒီလိုဆက်ဆံရေးမျိုး ရှိတာလား"
ကုရွှမ်းတုက ပြန်ဖြေလိုက်သည်။
"အဲဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား"
လင်းရုဖေးက အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ သူသည် အစတုန်းကတည်းက စိတ်ထဲ၌စဥ်းစားမိဖူးသော်လည်း သူတို့နှစ်ယောက်သား ရောထွေးပူးကပ်နေသည်ကို အမှန်တကယ်တွေ့လိုက်ရသောအခါ အရမ်းတုန်လှုပ်သွားမိပါသေးသည်။ တကယ်တော့ ရှဲကျင်းရှန့်သည် လူသားစစ်စစ်ဖြစ်ပြီး နတ်ဆိုးများအပေါ် သူ့မိသားစု၏သဘောထားသည်လည်း မကောင်းမွန်လှပေ။ သို့သော် သူက ကျောင်းအပေါ် အမှန်တကယ် ခံစားချက်ရှိနေသည်... ...။
နှစ်ယောက်သား မြစ်ကမ်းပါးတွင် အချိန်အတော်ကြာ နမ်းနေခဲ့ကြသည်။ လင်းရုဖေးက သူ ဒီနေရာ၌ ရပ်နေရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှသည်ဟု ခံစားမိသောကြောင့် လှည့်ထွက်သွားလိုက်သည်။
ရှဲကျင်းရှန့်က အနားက ဘယ်အချိန်က သူ ထွက်သွားလဲဆိုတာကိုလည်း သူ မသိတော့ပေ။ ယင်းအစား ရှဲယိကျစ်က သူ့အစ်ကို ပြန်လာပြီဟု ပြောသည့်အချိန်သည် ညနေခင်းမဟုတ်တော့ပေ။
"လင်းကုန်းဇီ မနေ့က မင်း ငါ့အစ်ကိုနဲ့ ဘယ်ကို သွားခဲ့တာလဲ"
ရှဲယီကျစ်က မေးခွန်းထုတ်လာသည်။
“သူပြန်လာတဲ့အချိန်တုန်းက ဘယ်လိုဖြစ်လို့ သူ့ဒဏ်ရာတွေအားလုံး သက်သာသွားလဲမသိဘူး နောက်ပြီး သူက ခုန်တောင် ခုန်ပေါက်နေသေးတယ်"
လင်းရုဖေးက ခေါင်းယမ်းကာ သူ့အတွက် ရှင်းပြရန် မလွယ်ကူကြောင်း ဖော်ပြလိုက်သည်။
“ဒါက ထူးဆန်းတယ်”
ရှဲယိကျစ်သည် အလွန်မယုံသင်္ကာဖြစ်နေပုံရပြီး သူ့ပါးစပ်က ထိုစကားကို တစ်ခေါက်ပြီးတစ်ခေါက် ထပ်ခါတလဲလဲ အော်ဟစ်နေလေသည်။
အခန်းထဲတွင် လဲလျောင်းနေသော ချီယွီသည် ရှဲကျင်းရှန့် ဘယ်နေရာသို့သွားသည်ကို ရှင်းရှင်းလင်းလင်းသိပြီး ရှဲယိကျစ်ကို လှောင်ပြောင်လိုသောကြောင့် သူ၏စကားကို ပြက်ရယ်ပြုလိုက်သည်။
ရှဲယိကျစ်သည် မယုံနိုင်လောက်အောင် စူးစူးဝါးဝါးစိုက်ကြည့်ကာ "မင်းက ငါ့ကို ဘာကိစ္စရယ်နေတာလဲ"
ချီယွီက ပြန်ဖြေလိုက်၏။
“ငါရယ်ချင်ရင် ရယ်မယ် မင်းက ဘာလုပ်ချင်လို့လဲ"
ရှဲယိကျစ်သည် ဒေါသတကြီးဖြင့် ရေရွတ်ကာ "မင်းက——"
သူသည် "ကြောင်ကြီးတစ်ကောင်ပဲ" ဟု ဆက်ပြောချင်သော်လည်း သူ့မျက်နှာပေါ်ရှိ အမာရွတ်များက တစ်ချို့တစ်ချို့သောအရာများကို ပေါ့ပေါ့တန်တန် မပြောနိုင်အောင် သူ့ကို သတိပေးနေသဖြင့် နောက်ဆုံးတွင် သူပြောချင်သည့်စကားလုံးများကို မြိုချကာ ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
"မင်း ယဲ့မော့ကြီး မင်းက တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်"
လင်းရုဖေးက သူ့ကိုယ်သူ တွေးနေမိသည်။
“ယဲ့မော့ကြီး” ဆိုတဲ့ စကားလုံးတွေက လုံးဝ သူဆိုလိုချင်တာ မဟုတ်ဘူး။
ချီယွီက လှောင်ပြုံးပြုံးကာ “အဲဒီလိုလား”
ထို့နောက် သူ့လက်သည်းဖြူဖြူများကို ဖော်ထုတ်ပြလိုက်သည်။
ရှဲယိကျစ်သည် သူ့လည်ပင်းကို ချက်ချင်း ကျုံ့၀င်လိုက်မိသည်။ အဆုံးတွင် သူက စိတ်ထိခိုက်စွာ ရေရွတ်လိုက်သည်။
“သူက တကယ်ကို ရက်စက်လွန်းတယ်"
လင်းရုဖေးက ရယ်လိုက်ပြီး “နတ်ဆိုးတွေအားလုံးက မရက်စက်လို့လား"
ရှဲယိကျစ်က ပြန်ဖြေလိုက်သည်။
"ဟေး အဲဒီလိုအသေချာကြီးတော့ မဟုတ်ပါဘူး"
လင်းရုဖေးက ပြန်မေးလိုက်သည်။
“အဲဒီလို မဟုတ်ဘူးလား"
ရှဲယိကျစ် “တကယ်တော့ ငါတို့မိသားစုက မူလက နတ်ဆိုးတွေကိုဖမ်းတဲ့မုဆိုးတွေ မဟုတ်ဘူးလို့ အမေက ပြောခဲ့ဖူးတယ်"
ထို့နောက် လင်းရုဖေးက စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုမှသာ ရှဲယိကျစ်သည် သူ့မိသားစု၏ သမိုင်းကြောင်းကို ဖြည်းညှင်းစွာ ပြောပြလာခဲ့သည်။ အစပိုင်းတွင် ရှဲယိကျစ်၏မိသားစုသည် အစီအရင်ဖွဲ့စည်းရာတွင် အလွန်မကျွမ်းကျင်ခဲ့ပေ။ သူတို့အားလုံးသည် ဓားသိုင်းကစားရာတွင် အလွန်ကောင်းမွန်ကြောင်း သိရှိခဲ့ရသည်။ သို့သော် သူတို့ရှဲမိသားစု၏ခန္ဓါကိုယ်ဖွဲ့စည်းပုံသည် ထူးခြားပြီး ထူးဆန်းသောနတ်ဆိုးများကို အမြဲတမ်း ဆွဲဆောင်နိုင်ခဲ့ကြသည်။ ဤနတ်ဆိုးအများစုသည် ရှဲမိသားစု၏ခန္ဓါကိုယ်များအတွက် ရောက်လာခဲ့ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှဲမိသားစု၏အသားများကို အငမ်းမရစားသောက်ပြီး သူတို့၏ကျင့်ကြံမှုကို တိုးမြှင့်လိုကြသောကြောင့်ဖြစ်သည်။ သို့သော် ဒုက္ခအရောက်ဆုံးအရာမှာ ဤနတ်ဆိုးများ ပေါ်လာသောအခါ သူတို့သည် များသောအားဖြင့် သူတို့၏သရုပ်မှန်ကို ဖုံးကွယ်ထားပြီး အစကတည်းကပင် သူတို့၏ အလွန်ကြောက်စရာကောင်းသော မျက်နှာများကို ထုတ်ဖော်မပြကြခြင်း ဖြစ်သည်။ ရှဲမိသားစုသည် ထပ်ခါတလဲလဲ လှည့်စားခံခဲ့ရပြီး နောက်ဆုံးတွင် သူတို့ သင်ခန်းစာကို သင်ယူနိုင်ခဲ့ကြသည်။ အထူးသဖြင့် နတ်ဆိုးများအတွက် အစီအရင်ဖွဲ့စည်းပုံများကို စတင်လေ့လာခဲ့ပြီး နတ်ဆိုးများ မဝင်ရောက်နိုင်ရန် မိသားစုခြံဝင်းကို ချိပ်ပိတ်ထားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ရှဲမိသားစု၏အစီအရင်ဖွဲ့စည်းပုံများသည် ပို၍ပို၍အားကောင်းလာသော်လည်း သူတို့၏ဓားစွမ်းရည်မှာ မကြာခင်မှာပင် ယုတ်လျော့လာခဲ့သည်။ သို့သော် ရှဲမိသားစုသည် ဘယ်သောအခါမှ နတ်ဆိုးများ၏လှည့်စားခြင်းကို မခံရတော့ဘဲ အားလုံးသည် နတ်ဆိုးများကိုဖမ်းသောမုဆိုးများဖြစ်လာသည့်အတွက် ၎င်းက ကောင်းမွန်သည့်အချက်တစ်ခုဟု ယူဆ၍ရပေသည်။
ရှဲယိကျစ်၏ဓားသိုင်းပညာသည် အကြီးအကျယ်ဆိုးဝါးလှသော်လည်း သူ၏အစီအရင်ဖွဲ့စည်းပုံမှာ အကောင်းဆုံးထဲမှတစ်ခုဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းရုဖေသာ သူ့ကို မတားခဲ့ပါလျှင် ထျန်းရွှေသည် အစီအရင်ထဲတွင် ပိတ်မိနေမည်မှာသေချာသလောက်ရှိပေသည်။
လင်းရုဖေးက ရှဲယိကျစ်၏စကားများကို နားထောင်ပြီး “ဒါဆို မင်းမိသားစုက အရင်တုန်းက နတ်ဆိုးတွေရဲ့ လှည့်စားမှုကို ခံခဲ့ရဖူးတယ်ပေါ့"
“အဲဒီအကြောင်းတွေကို မိသားစုသစ်ပင်မှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်လေ”
ရှဲယိကျစ်က စိတ်ညစ်စွာ ပြန်ဖြေလိုက်သည်။
“ဒါကြောင့် ငါ ငယ်ငယ်လေးကတည်းက ဒီနတ်ဆိုးတွေနဲ့ ဝေးဝေးနေဖို့ အမေက ပြောခဲ့တယ်——"
ချီယွီက အေးစက်စွာပြောလိုက်သည်။
“မင်းစကားပြောချင်ရင် ဆက်ပြော ငါ့အမြီးကို လာမကိုင်နဲ့"
ရှဲယီကျစ်က စူးစူးဝါးဝါးစိုက်ကြည့်ကာ “နောက်ဆုံးအကြိမ်က တကယ်ကို ငါ ဆွဲလိုက်တာမဟုတ်ဘူး"
ချီယွီ : "မင်းမဆွဲရင် လင်းရုဖေး လုပ်ခဲ့တာလို့ ငါ့ကို ပြောချင်တာလား"
လင်းရုဖေး : “... ...တကယ်တော့ အဲဒီတုန်းက ငါ ဆွဲခဲ့တာမဟုတ်ဘူး"
ချီယွီ : "မင်းမဟုတ်ရင် တစ္ဆေသရဲက လာဆွဲတာလား"
လင်းရုဖေး : "... ..."
ရှဲယိကျစ် : "... ..."
"ဟမ့် မင်းတို့လူသားတွေက လိမ်ညာရတာကို အကြိုက်ဆုံးပဲ"
ချီယွီက မုန်းတီးစွာ ပြောလာသည်။
“သူတို့ လိုချင်တာရဖို့ ဘာမဆို လုပ်လိမ့်မယ် နောက်ဆုံးမှာ နတ်ဆိုးတွေအပေါ်ကိုတောင် အပြစ်ပုံချကြသေးတယ်"
ရှဲယိကျစ် "မင်း ဘယ်လိုတောင်ပြောလိုက်တာလဲ ငါ့ဦးလေးတစ်ယောက် သူမင်္ဂလာဆောင်တဲ့နေ့မှာပဲ သူ့မိန်းမရဲ့ မျိုချခံရလုမတတ်ဖြစ်သွားတာကို ငါ့မျက်စိနဲ့ မြင်ခဲ့ဖူးတယ်"
"တစ်ကိုက်တည်း မျိုချလိုက်တာလား"
ချီယွီက မျက်လုံးများကို မှေးကျဥ်းထားကာ “စွမ်းအားကြီးတဲ့နတ်ဆိုးတွေက အတူတကွနေထိုင်ပေါင်းဖက်တဲ့ကိစ္စတွေမှာ သစ္စာအရှိဆုံးပဲ သူတို့က မင်းဦးလေးကို ဘယ်လိုလုပ် တစ်ချက်တည်းမျိုချနိုင်မှာလဲ"
ရှဲယိကျစ် ပြန်ပြော၏။
"မင်း လိမ်နေတာ တကယ်ကို တစ်ကိုက်တည်းနဲ့ သူ မျိုချခံရလုနီးပါး ဖြစ်သွားခဲ့တယ်"
ချီယွိက ပြန်တုံ့ပြန်သည်။
“မဟုတ်သေးပါဘူး မင်းဦးလေးက ဘယ်လိုနတ်ဆိုးမျိုးနဲ့ လက်ထပ်ခဲ့တာလဲ"
ရှဲယိကျစ် “လှပတဲ့ ရှိခိုးကောင် မိန်းကလေးနဲ့"
ချီယွီသည် ခဏမျှ နှုတ်ဆိတ်နေပြီးမှ သက်ပြင်းရှည်ကြီးကို ချကာ ‘'မင်းတို့ရှဲ မိသားစုက သေရမှာကို မကြောက်ကြဘူးပဲ မင်းတို့ကောင်တွေက ရှိခိုးကောင် မိန်းကလေးနဲ့တောင် လက်ထပ်ရဲကြသေးတယ်ပေါ့ မင်းတို့ အခုအချိန်အထိ အသက်ရှင်နေသေးတာကိုက တကယ့်ကို အံ့ဖွယ်ဖြစ်နေပြီ''
[ t/n- မသိသေးသူများအတွက် ရှိခိုးကောင်အမသည် မိတ်လိုက်စဉ် သို့မဟုတ် မိတ်လိုက်ပြီးနောက် အာဟာရအတွက် သူတို့၏ အဖော်များကို စားသုံးကြသည်။ သေစမ်း!🤣 ]
ထို့နောက် ရှဲယိကျစ်သည် အလွန်ပွင့်လင်းစွာ ပြောဆိုလာသည်။
"ငါ့ဘိုးဘေးတွေဆို ပိုးဟပ်ဝိညာဥ်တွေနဲ့တောင် လက်ထပ်သေးတာပဲ ဝတ်ပြုနေတဲ့ ရှိခိုးကောင်တစ်ကောင်ကို သူတို့က ဘယ်လိုလုပ်ကြောက်ကြမှာလဲ''
ရှဲမိသားစုဝင်များသည် အမှန်တကယ် အစွမ်းထက်ကာ ထိုသို့သောလုပ်ရပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု တွေးထင်မိသောကြောင့် လင်းရုဖေးနှင့် ချီယွီတို့သည် ရှဲယိကျစ်အား ရိုသေလေးစားမှုကို ပြသလုနီးပါးပင်။
“ဒါပေမယ့် အခုတော့ မဟုတ်တော့ဘူး ကောင်းကင်ဘုံအုပ်ချုပ်သူက ကြီးကျယ်ခမ်းနားတဲ့အစီအရင်ကို တည်ထောင်ခဲ့ပြီးကတည်းက အနီးအနားမှာ နတ်ဆိုးတွေ နည်းသထက်နည်းလာတယ်”
ရှဲယီကျစ်သည် ယနေ့ စီးပွားရေးကျဆင်းနေသကဲ့သို့ ညည်းတွားလာကာ “သူတို့က ပုံသဏ္ဍန်မဖော်နိုင်တဲ့ နတ်ဆိုးလေးတွေပဲလေ ပြီးတော့ နောက်ဆုံးမှာ လေ့ကျင့်ဖို့ မကောင်းဆိုးဝါးကျောင်းကို ရှာတွေ့ခဲ့တယ် ဒါပေမဲ့ ငါ့အစ်ကိုကြီးရဲ့ ကြိမ်းမောင်းခြင်းကို ခံခဲ့ရတာပဲအဖတ်တင်တယ်"
ချီယွီက ထူးဆန်းစွာပြောလိုက်သည်။
"လေ့ကျင့်ချင်တာလား လေ့ကျင့်ချင်ရင် မင်း ဘာလို့ ပုအယ်ကို မသွားတာလဲ အဲဒီအစား မင်းက ဒီနေရာမှာ နတ်ဆိုးလေးတွေကို အနိုင်ကျင့်နေတယ်"
ရှဲယိကျစ်က ရိုးသားစွာပြန်ဖြေသည်။
"သူတို့ကို အနိုင်မယူနိုင်ဘူး ပြီးတော့ ငါလည်းသေမှာကြောက်တယ်"
ချီယွီ : "... ..."
ဒီလူ ဒီ့ထက်ပိုပြီး အရှက်မရှိနိုင်တော့ဘူးလား...။
မှိန်းမောကာ ကုတင်ပေါ်တွင် အိပ်ပျော်နေသော ကြောင်ပေါက်လေးက အသံပေးကာ ညည်းညူလာသည်နှင့် လင်းရုဖေးသည် ၎င်းကို ကျင့်သားရခဲ့သည်မှာ ကြာပေပြီ။ သူက ချီယွီထက် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ခြေလှမ်းအနည်းငယ်နှင့်ပင် ကုတင်ဘေးသို့ ရောက်ရှိသွားသည်။ သူက ကြောင်ပေါက်လေးကို ကောက်ချီပြီး စတင်ချော့မြူလိုက်သည်။
ချီယွီက အေးစက်စွာပြောလာ၏။
''မင်း ဒီလောက်ထိဝင်ပါဖို့ မလိုဘူး ဒါက ငါ့သား အရမ်းအကာအကွယ်မဲ့နေသေးပေမယ့် နောက်ပိုင်းမှာ သေချာပေါက် ထက်မြက်လာလိမ့်မယ်''
ရှဲယိကျစ်က စပ်စုစွာ မေးလာသည်။
"သူ့အမေက ဘယ်မှာလဲ"
"သူ့မှာ အမေမရှိဘူး"
လင်းရုဖေး ပြန်ဖြေလိုက်သည်။
"အမေမရှိရင် သူ့ကို ဘယ်လိုမွေးတာလဲ"
ရှဲယိကျစ်က အေးခဲသွားရသည်။
လင်းရုဖေးက ချီယွီကို ညွှန်ပြလိုက်သည်။
“သူ့ကို သူကိုယ်တိုင် မွေးထားတာ"
ရှဲယိကျစ် သက်ပြင်းချလိုက်သည်။
“ဒါဆို အနာဂတ်မှာ သူ ဉာဏ်ကောင်းလာတော့မှာ မဟုတ်ဘူး"
ဤစကားကြောင့် ရှဲယိကျစ်၏မျက်နှာတွင် နောက်ထပ်သွေးစီးကြောင်း ခုနစ်ခု သို့မဟုတ် ရှစ်ခုထပ်ရှိလာပြီး လင်းရုဖေးသာ သူ့ကိုမတားပါလျှင် သူ့မျက်နှာတစ်ခုလုံး ယနေ့တွင် လုံးဝစုတ်ပြတ်သတ်သွားပေလိမ့်မည်။ ညနေစာစားချိန်တွင် ရှဲယိကျစ်နှင့် ရှဲကျင်းရှန့် နှစ်ဦးစလုံးရောက်ရှိလာသော်လည်း ညီအစ်ကိုနှစ်ယောက်စလုံး၏မျက်နှာများသည် စိတ်ဓာတ်ကျမှုများနှင့် ပြည့်နှက်နေပေသည်။
မေမေရှဲ့ကမေးလာ၏။
"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားတာလား မင်းမျက်နှာမှာ သွေးစွန်းရာတွေ အများကြီးရှိနေတယ် ဘယ်လိုဖြစ်တာလဲ''
သို့သော် နှစ်ယောက်စလုံးသည် ကြောင်ကုတ်ခံရသည်ဟုသာ တစ်ချိန်တည်းနီးပါး တစ်ပြိုင်နက် ပြောဆိုလိုက်ကြသည်။
ရှဲယိကျစ်၏မျက်နှာမှာ အကြောင်းပြချက်နှင့်ကိုက်ညီသည်ဟု လင်းရုဖေး သူ့စိတ်ထဲတွင် တွေးလိုက်ချိန်တွင် ပြဿနာသည် ရှဲကျင်းရှန့်မှာလည်း ဆိုးဆိုးရွားရွား ကုတ်ခြစ်ခံထားရခြင်းပင်ဖြစ်သည်။
သူ ထျန်းရွှေကို ဒေါသထွက်အောင် တစ်ခုခုလုပ်ခဲ့လို့လား။
သို့သော် မေမေရှဲ ရှိနေသည့်ယခုအချိန်တွင် သူ မမေးဝံ့ပေ။
ညစာစားပြီးနောက် လင်းရုဖေးသည် ရှဲကျင်းရှန့်အား သွားရှာပြီး သူနှင့် ထျန်းရွှေအကြား ဖြစ်ပျက်နေသည်များကို မေးမြန်းစူးစမ်းကြည့်လိုက်သည်။
ရှဲကျင်းရှန့်သည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး သူ ထွက်သွားတာကြောင့် ငါ နည်းနည်းလေး စိတ်မကောင်းဖြစ်မိရုံပါ"
လင်းရုဖေး : "ဟမ်"
ရှဲကျင်းရှန့်က ဆက်ပြောလာသည်။
“သူ ပင်လယ်ထဲကို သွားတော့မယ်”
ထို့နောက် ပြုံးကာ “လင်းကုန်းဇီ ပင်လယ်ထဲ ရောက်သွားတဲ့ကျောင်းကို မြင်ဖူးသလား"
လင်းရုဖေးက ပြန်ဖြေလိုက်၏။
“မမြင်ဖူးဘူး"
ရှဲကျင်းရှန့် "ကျောင်းအတွက် ပင်လယ်ထဲသွားရတာ အရမ်းခက်ခဲတယ် မကောင်းမှုတွေ များများလုပ်လေလေ ပိုပြီးကံဆိုးလေပဲ သူက ကြင်နာတတ်တဲ့နတ်ဆိုးမဟုတ်လို့ ဆိပ်ကမ်းအစွန်းကို ရောက်သွားတဲ့အခါ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီလေ ကမ်းခြေမှာ သူ့ကိုတွေ့တော့ ငါ ကောက်ယူလိုက်မိတယ်"
ရှဲကျင်းရှန့် ထျန်းရွှေကို ပထမဆုံးသည့်အချိန်တုန်းက ထျန်းရွှေက တူအရွယ်အစားလောက်သာရှိသည့် ကျောင်းသေးသေးလေးလေးအဖြစ် ကိုယ်ကိုကျုံ့ထားခဲ့သည်။ တစ်ကိုယ်လုံးတွင် ဒဏ်ရာများရှိနေပြီး သေလုဆဲဆဲဖြစ်နေသည်။ သူ့အသွင်အပြင်ကိုသာ ကြည့်လိုက်လျှင် ကျောင်းတစ်ဦးဖြစ်သည်ဟူသော မည်သည့်အရိပ်အယောင်ကိုမျှ အမှန်တကယ် မြင်တွေ့ရမည်မဟုတ်ပေ။
"မင်းတို့မိသားစုက နတ်ဆိုးတွေကို မကြိုက်ဘူးမလား မင်း သူ့ကို အိမ်ပြန်သယ်လာတယ်လား"
ယင်းက နည်းနည်းထူးဆန်းသည်ဟု လင်းရုဖေး ထင်မိသည်။
ရှဲကျင်းရှန့်က ပြန်ဖြေသည်။
"အဲဒါက သနားစရာကောင်းတဲ့အခြေအနေကြောင့် ဖြစ်နိုင်တယ် အဲဒါကို ကျောင်းလို့မမြင်ဘဲ ငါးဝိညာဥ်တစ်ခုလို့ပဲ ငါ ထင်ခဲ့တာ... ... ... ..."
လင်းရုဖေး : "... ..."
သူ့ဘေးရှိ ကုရွှမ်းတုသည် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
"အဲဒါက သာမာန်ငါးဝိညာဥ်တွေထဲက တစ်ကောင်လိုပဲ"
ရှဲကျင်းရှန့်သည် သက်ပြင်းချလိုက်ပြီး “အဲဒီဝိညာဥ်က ရေအနည်းငယ်ကြီးအောင် ဖန်တီးပြီး ကလေးအချို့ကို ရေနစ်အောင် လှည့်စားလိုက်တာကြောင့် သူ အသွင်မပြောင်းနိုင်ဘူးလို့ ငါ ထင်လိုက်တယ် ဒီငါးဝိညာဥ်တွေရဲ့ အရသာက ပိုကောင်းလာနိုင်မှာမဟုတ်ဘူး ပြီးတော့ သူတို့ကို နှပ်ပြီးချက်လိုက်ရင်တော့ အရသာက အကောင်းဆုံးပဲ”
ထို့နောက် လွမ်းဆွတ်စွာ သူ့နှုတ်ခမ်းကို သပ်လိုက်သည်။
နတ်ဆိုးများသည် လူများကို စားနိုင်သလို လူများသည်လည်း နတ်ဆိုးများကို စားသောက်နိုင်ပြီး ဘာမျှမမှားယွင်းဟု ထင်ရသည်။ ရှဲကျင်းရှန့်နှင့် ထျန်းရွှေနမ်းနေသည့် မြင်ကွင်းကို လင်းရုဖေး ပြန်သတိရသွားသောအခါ သူတို့နှစ်ဦးသည် ရင်ခုန်ကြည်နူးဖွယ်ကောင်းစွာ ဆုံတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အလိုအလျောက် တွေးမိသည်။ သို့သော် သူတို့၏တွေ့ဆုံမှုသည် စိတ်ကူးယဉ်ဆန်ရုံသာမက ပင်လယ်စာနှင့်ငါးနံ့များပါ ရောထွေးနေလိမ့်မည်ဟု မည်သူထင်မည်နည်း။
လင်းရုဖေးက ငိုရခက် ရယ်ရခက်ဖြင့် "ဒါဆို မင်း သူ့ကို ချက်စားလိုက်လား"
ရှဲကျင်းရှန့်သည် သူ့နှာခေါင်းကို ထိလိုက်ပြီး "ကျောင်းက စွမ်းအားကြီးတယ် ချက်စားလို့မရဘူး"
လင်းရုဖေး: "... ..."
ရှဲကျင်းရှန့်၏အသွင်အပြင်တစ်ခုတည်းကိုသာ သုံးသပ်ရလျှင် သူက အလွန်တည်ငြိမ်အေးဆေးသော လူစားမျိုးဖြစ်သင့်သည်။ သို့သော် သူ့ကို အနည်းငယ် ပိုသိလာပြီးနောက် မကြာမီတွင် ရှဲကျင်းရှန့်၏တည်ငြိမ်သော အပြင်ပန်းအသွင်အပြင်သည် မငြိမ်သက်သော သဘာဝကို ကာဗာယူထားမှန်း လင်းရုဖေး သိလိုက်ရသည်။
ရှဲကျင်းရှန်းသည် ထျန်းရွှေကို ချက်မစားနိုင်ရုံသာမက ၎င်းနောက် သူသည် ထျန်းရွှေကို နှိုးမိကာ နှစ်ယောက်သား ချက်ချင်း ရန်ဖြစ်ခဲ့ကြသည်။ ထျန်းရွှေက ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် ရှဲကျင်းရှန့်နှင့် ယှဉ်မတိုက်နိုင်ပေ။ ထို့ကြောင့် ရှဲကျင်းရှန့်သည် သေလုမြောပါးဖြစ်နေသော ထိုကျောင်းလေးကို ဖမ်းပြီး အခန်းထဲတွင် သော့ခတ်ထားလိုက်သည်။ ပင်လယ်သို့သွားနေသောကျောင်းသည် ရော့မြစ်ကမ်းဘေးတွင်နေထိုင်သောလူများအတွက် အမှန်တကယ် ကောင်းမွန်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် ရှဲကျင်းရှန့်သည် ထျန်းရွှေကို သွားခွင့်မပေးခဲ့ပေ။ အချိန်အတော်ကြာ အပြင်းအထန် နှိပ်စက်ခံရပြီးနောက်တွင် သူတို့နှစ်ဦးသည် မဖြစ်သင့်သော ခံစားချက်များ ထိုနေရာမှာပင် ကြီးထွားပေါ်ပေါက်လာခဲ့ကြသည်။
လင်းရုဖေးက ဘေးမှ နားထောင်နေခဲ့သည်။ မူလက သူသည် ဤဇာတ်လမ်းကို အနည်းငယ်စိတ်မကောင်းဖြစ်မိခဲ့သော်လည်း ရှဲကျင်းရှန့်သည် ထျန်းရွှေကို ငါးတစ်ကောင်ဟု အထင်မှားပြီး နှပ်ကာချက်ပြုတ်လိုသည်ဟု ပြောသည်ကို ကြားပြီးကတည်းက သူ့မျက်နှာအသွင်အပြင်မှာ ခံစားချက်မဲ့လာသည်။
နားထောင်ပြီးနောက် လင်းရုဖေးက မေးလိုက်၏။
“မင်း ဘာလို့ ထျန်းရွှေကို သဘောကျရတာလဲ"
_____
Translated By IQ-Team.