Chapter 5
Viewers 244

အပိုင်း ၅ - ကောင်တီမင်းသား

 

 

 

ကျန်းကျင့်အန်းကို အဖော်ပြုပေးနေသော ဝေးလံကြမ်းတမ်းသည့်ဒေသမှလာသည့် လက်အောက်ခံများက အတွေ့အကြုံသိပ်မရှိဘဲ ကမ္ဘာကြီးကို သိပ်မမြင်ဖူးချေ။ သူတို့က ကြမ်းတမ်းကြကာ မိန်းမစိုးလေးက မာနကြီး၍ သူတို့၏ မြင့်မြတ်သောမင်းသားကို အထင်သေးလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လာသည်။ "ဘယ်လိုတောင် လုပ်ရဲတာလဲ၊ မင်းက အစေခံသာသာပဲ ရှိတာ!" 

 

 

 

အခန်းအတွင်း၌ တင်းမာမှုများဖြင့် ပြည့်နှက်သွားသည်။

 

 

 

ခေါင်မိုး‌ပေါ်သို့ ယခုမှ ရောက်သော ကျန်းယန်ချီက ဒူးကွေးလျက် ထိုင်ချကာ အမိုးပေါ်ရှိ အုတ်ချပ်တစ်ချပ်ကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။ အပေါ်စီးက မြင်ရသည့်မြင်ကွင်းအရ ချူရှဲ့၏ ဘေးပတ်ဝန်းကျင်တွင် ဓားထုတ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော လူတစ်စုက ဝန်းရံထားသည်။

 

 

 

သို့သော် ချူရှဲ့က အေးဆေးနေကာ အဖက်မလုပ်ဘဲ သူ့အား စကားပြောခဲ့သည့် အမှုထမ်းထံသို့ အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "သူ့ကို အပြင်ဆွဲထုတ်ပြီး သေအောင်ရိုက်လိုက်၊ သူ့ခန္ဓာကိုယ်ကိုတော့ တောထဲ အရိုင်းခွေးတွေ စားဖို့ ပစ်ထားပေးလိုက်" 

 

 

 

ကျန်းကျင့်အန်း၏ မျက်နှာ အနည်းငယ် ဖြူဖျော့လာသည်ကို မြင်သောအခါ ထိုလူများက ဓားကိုင်ထားသောလက်များ တင်းကျပ်သွားပြီး ခုတ်ပစ်ရန် အသင့်ဖြစ်နေကြသည်။ သို့သော်လည်း သူတို့လက်လှုပ်ရှားတော့မည့်အချိန်၌ ဓားမြှောင်အသေးလေးက သူတို့ လက်ချောင်းတစ်ချောင်းကို ပိုင်းဖြတ်သွားကာ 'ကလန်' ဟူသောအသံဖြင့် ဓားရော လက်ဖျားပါ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

 

 

 

ချူရှဲ့က အမှန်ပင် သူ၏ လျှို့ဝှက်အစောင့်များ ခေါ်ဆောင်လာခဲ့သည်။

 

 

 

အမှူထမ်းများက နောက်ထပ် မည်သည့်လှုပ်ရှားမှုမှ မလုပ်ရဲတော့ချေ။ ချူရှဲ့၏ အိမ်တော်အစောင့်များက စော်ကားကာ မဆင်မခြင်ပြုမူသည့် လက်အောက်ငယ်သားအား အပြင်သို့ ဆွဲထုတ်သွားသည်ကို ကြည့်နေရသည်။

 

 

 

ယခင်က သူတို့မျက်လုံးထဲ၌ ချူရှဲ့က အားနည်းလွယ်ကာ အားနည်းခဲ့သော်လည်း သူ့လုပ်ရပ်များက သူတို့ ကျောရိုးထဲအထိပင် တုန်ယင်သွားစေသည်။

 

 

 

မျက်မှာပြောင်တိုက်သည့်မိန်းမစိုး၏ အရှေ့တွင် စိတ်တည်ငြိမ်အောင် ကြိုးစားလျက် ကျန်းကျင့်အန်း၏ မျက်နှာက ပို၍ဖြူဖျော့သွားသည့် အရိပ်အယောင် ပေါ်လာသည်။

 

 

 

ပွင့်ဖူးနေသည့်သစ်ခွပန်းကဲ့သို့ ကျက်သရေရှိသည့် အပြုအမူနှင့် ချူရှဲ့ကဲ့သို့လူက ရှားပါးသော ပန်းတစ်ပွင့်သည် မမျှော်လင့်ဘဲ သေခြင်း၏ညတစ်ညတွင် ပွင့်ဖူးလာသကဲ့သို့ ထင်ရပေ၏။ လူအများကို တောင့်မခံနိုင်ဘဲ ချဉ်းကပ်လာအောင် ပြုလုပ်နေသော်လည်း ထိုပန်းလေးက ကိုက်သတ်ပစ်ရန် အသင့်ဖြစ်နေသော အဆိပ်ရှိမြွေတစ်ကောင်ကို ဖုံးကွယ်ထားခဲ့သည်။ 

 

 

 

"ခင်ဗျားဘာပြောချင်တာလဲ" ထိန်းချုပ်၍ မရတော့သည်အထိ တုန်ရီနေသော အသံဖြင့် ကျန်းကျင့်အန်းက မေးလိုက်သည်။

 

 

 

ချူရှဲ့ ညင်သာစွာ ပြုံးလိုက်သည်။ သူ့အမူအရာက သိမ်မွေ့ကာ ညင်သာသည့်လေညှင်းလေးအတိုင်း ကျန်းကျင့်အန်းထံ ချဉ်းကပ်သွားပြီး သူ့နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။

 

 

 

"ကျွန်တော်မျိုးက အစေခံပါဘဲ၊ အရှင်မင်းသားက ကျွန်တော်မျိုးရဲ့ သခင်ဖြစ်‌ဖို့ သတ္တိရှိလို့လား" 

 

 

 

ယခုအခြေအနေကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

 

 

 

ကျန်းကျင့်အန်းက တုန်ရီကာ သူ့အား တုန်ယင်နေသည့်လက်ညှိုးဖြင့် ထိုးလာသည်။ "မင်း....မင်း" 

 

 

 

ချူရှဲ့က သူ၏ ကောင်းမွန်စွာလေ့ကျင့်ထားသည့် ဖော်ရွေသောအပြုံးကို ပြသထားကာ အကြည့်များက ကျန်းကျင့်အန်းအပေါ် ချိတ်ဆွဲထားသည်။

 

 

 

ကျန်းကျင့်အန်းအား အဖော်ပြုပေးနေသော မြို့စားအိမ်တော်မှ ဘဏ္ဍာထိန်းက ချူရှဲ့ထံ စိုက်ကြည့်၍ တိတ်ဆိတ်နေဆဲဖြစ်ကာ ယခုအခြေအနေအား အတတ်နိုင်ဆုံး သတိထား၍ ထိန်းသိမ်းရန် ကြိုးစားနေသည်။

 

 

 

ကျန်းကျင့်အန်းက ဆက်လက်၍ မတ်တပ်ရပ်နေနိုင်ရန် စီမံနိုင်ခဲ့သည်။ အခြေအနေကိုကြည့်ပြီးနောက် ဘဏ္ဍာထိန်းသည် နောက်ဆုံး၌ ကိစ္စများကို ကြားဝင်ဖျန်ဖြေပေးရတော့သည်။ သူက ဒူးထောက်ချကာ တောင်းပန်သည့်အနေဖြင့် ဦးညွတ်လိုက်သည်။ "ကျွန်တော်တို့ရဲ့ စောစောက လက်အောက်ခံရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး တောင်းပန်ပါတယ်၊ သူက အရှင်ရဲ့ ဂုဏ်ကျက်သရေကို စော်ကားပြဿနာရှာခဲ့မိတယ်၊ အရှင်က ကျွန်တော်တို့ မြို့စားအိမ်တော်နဲ့ နျင်းယွမ်ဝမ်ကို မျက်နှာသာပေးမယ်လို့ မျှော်လင့်ပါတယ်...." 

 

 

 

ကိစ္စရပ်များက သူ့ထိန်းချုပ်မှုအောက် ရောက်တော့မည်ကို မြင်သောအခါ ချူရှဲ့ သူ့နှုတ်ခမ်းထောင့်မှ အပြုံးကို ဖျောက်ဖျက်လိုက်သည်။

 

 

 

နှုတ်ခမ်းပါးပေါ်တွင် အပြုံးမရှိတော့ဘဲ မျက်လုံးအတွင်း၌ အေးစက်မှုကသာ စတင်ကိန်းအောင်းလာသည်။

 

 

 

"ကျွန်တော်မျိုးရဲ့ သခင်ဖြစ်ချင်ခဲ့တဲ့ နောက်ဆုံးလူက ကျောင်းအကျဉ်းထောင်ထဲမှာ အကျဉ်းကျသွားပြီ" ချူရှဲ့က လက်နောက်ပစ်ကာ ကျန်းကျင့်အန်း၏ နားအနားသို့ ကိုယ်ကိုကိုင်း၍ ပြောသည်။ သူ့အသက်ရှူသံက ထိုလူ၏နားအား ညင်သာသည့် သင်းရနံ့တစ်ခုအလား ဖြတ်သန်းသွားသည်။ "နောက်တစ်ဆင့်ပြီး—တစ်ဆင့်—သေသွားခဲ့ပြီ" 

 

 

 

ဘာ...

 

 

 

ယခုတစ်ကြိမ်တွင်မူ မြို့စားအိမ်တော်မှ ဘဏ္ဍာစိုးက ကြက်သေသေသွား၏။

 

 

 

အိမ်ရှေ့စံမင်းသား…

 

 

 

သေပြီ…

 

 

 

ချူရှဲ့၏ မျက်လုံးများက နက်ရှိုင်းလှကာ ပဟေဋ္ဌိဆန်ပြီး အေးစက်သော သူ့အသံအား နှိမ့်ချထားသည်။

 

 သူ ထွက်သွားသည်နှင့် ဖိနှပ်ခံထားရသည့်လေထုက အခန်းအတွင်းမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

 

 

ကျန်းကျင့်အန်း၏ နောက်ကျောတစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေကာ စိတ် ပြန်လည်တည်ငြိမ်​ရန်အတွက် အချိန်ခဏကြာသွားခဲ့ပြီးနောက် သူမေးလိုက်သည်။ "ဒါက ကျန်းရင်းပုဂ္ဂိုလ်လား" 

 

 

 

မြို့စားအိမ်တော်မှ ဘဏ္ဍာထိန်းက သိလိုက်ရသော အကြောင်းအရာကြောင့် ဝေခွဲမရ‌ဖြစ်နေသေးကာ ဖြေးညင်းစွာ ခေါင်းညိတ်လိုက်သည်။

 

 

 

ထို့နောက် သူက နဖူးပေါ်မှ ချွေးများအား သုတ်လိုက်ပြီး ဆက်ပြောသည်။ "ဒါဆို၊ အခုနှစ်တွေထဲ မြို့စားရုန်ကော်အိမ်တော်ထဲက ဘဝက လွယ်ကူတော့မယ် မထင်ဘူး.... " 

 

 

 

ထိုကဲ့သို့ မလွယ်ကူသည့်လူစားမျိုးနှင့် မြို့တော်အတွင်း၌ တွေ့ရလိမ့်မည်ဟု ကျန်းကျင့်အန်း မထင်ထားမိပေ။

 

 

 

"အဲ့တာက အရေးမကြီးပါဘူး၊ သူက ကျွန်တော်တို့ကို အထင်သေးကြောင်းပြပြီး ကောင်တီမင်းသားရဲ့ အရှိန်အဟုန်ကို ဖိနှိပ်ဖို့လာတာ။ ကောင်တီမင်းသားသာ အိမ်ရှေ့စံဖြစ်လာရင် အကုန်အဆင်ပြေသွားလိမ့်မယ်.. ဘာဖြစ်လို့လဲ" ကျန်းကျင့်အန်း ဘေးပတ်ဝန်းကျင်ကို ရှာဖွေနေသည်အား မြင်သောကြောင့် ဘဏ္ဍာစိုးက မေးလိုက်သည်။ "တစ်ခုခုများ ပျောက်သွားလို့လား" 

 

 

 

"ကျွန်တော့်ရဲ့ ဝင်ခွင့်....ပြီးတော့ တရားဝင် စာရွက်စာတမ်းတွေရော... အကုန်ပျောက်သွားပြီ" 

 

 

 

ကျန်းကျင့်အန်းကား သူ့ကိုယ်သူပုတ်ပြီး စိတ်ငြိမ်အောင်လုပ်နေသော်လည်း သူ့မျက်နှာကမူ ပို၍ဖြူဖျော့လာသည်။

 

 

 

"အဲ့တာ ချူရှဲ့ပဲ"

 

 

 

ကောင်တီမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မရပ်မနား မြို့တော်ဆီသို့ အပြေးခရီးနှင်လာတော့သည်။ သို့သော်လည်း မြို့ဂိတ်တံခါးဝတွင် သူဟန့်တားခြင်း ခံလိုက်ရသည်။

 

 

 

"အရှင့်သားရဲ့ စာရွက်စာတမ်းတွေကို ကြည့်လို့ရမလားဗျ" အစောင့်တစ်ဦးက မေးလိုက်သည်။

 

 

 

"ငါ...ငါ… ပျောက်သွားတယ်" 

 

 

 

"စစ်ဆေးမှုကို ရှောင်လွှဲလို့ရတဲ့ ဝင်ခွင့်ကရောဗျ" 

 

 

 

"အဲ့တာတွေလည်း အတူတူပဲ ပျောက်သွားပြီ... ငါ့ကိုသာ အခုအထဲပေးဝင်စမ်းပါ… ပြီးသွားတာနဲ့ ငါ့အဖေကို အမြန်ပို့ခိုင်းလိုက်မယ်။ ငါ လ,တစ်ဝက်အတွင်း ပြီးအောင် လုပ်ခိုင်းပေးမယ်"

 

 

အစောင့်က လက်ထောက်နှင့် ဆွေးနွေးရန် ထွက်သွားပြီး ပြန်လာကာ ပြောသည်။ “ အရှင့်သား ဒါက စည်းကမ်းတွေနဲ့ ဆန့်ကျင်နေတယ်။ အဲ့ပစ္စည်း၂မျိုးမရှိရင် မြို့တော်ထဲ ဝင်လို့မရပါဘူး။ အရှင့်သားရဲ့ စိုးစံရာမြေကို ပြန်သွားပြီး ပျောက်သွားတဲ့ပစ္စည်းတွေကို ပြန်ယူပြီးမှ မြို့တော်ထဲဝင်ဖို့ ပြန်လာတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”

 

 

ကျန်းကျင့်အန်း ဒေါသပြင်းပြင်းထွက်လာကာ ခြေဆောင့်ပြီး အော်ဟစ်တော့သည်။ “ငါ့ပစ္စည်းတွေအကုန် အဲ့ဒီ ချူရှဲ့ဆီမှာလေ။ သူ့ကို အပြင်ခေါ်ထုတ်လာပေး၊ ဒါမှ ငါသူနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဘာလို့ခိုးသွားလဲ ဖြေရှင်းလို့ရမှာ”

 

 

အစောင့်က မျက်နှာပေါ်တွင် တောင်းပန်သည့်အမူအရာဖြင့် အကြံပေးသည်။ “အရှင့်သား၊ အရှင်အခု ပြန်လှည့်သွားလိုက်တာက အကောင်းဆုံးဖြစ်မှာပါ…” 

 

 

“ချူရှဲ့၊ ချူရှဲ့” 

 

 

ကောင်တီမင်းသားက ထိုလူ၏နာမည်ကို အာခေါင်ခြစ်အော်ဟစ်လိုက်‌သည်။

 

 

မမျှော်လင့်ထားစွာနှင့် ချူရှဲ့က သူ တစ်ချိန်လုံး နန်းတော်ဂိတ်တံခါးတွင်သာ စောင့်နေခဲ့ပြီး မည်သည့်နေရာမှ မသွားသကဲ့သို့ ပြုမူခဲ့သည်။

 

 

ချူရှဲ့ သူ့ဝတ်ရုံကို ထိန်းညှိကာ ကိုက်အနည်းငယ်အကွာမှ မင်းသား ကျန်းကျင့်အန်းထံသို့ စိုက်ကြည့်လိုက်သည်။

 

 

ကောင်တီမင်းသားက သူအော်ခေါ်နေသော လူကို မြင်လိုက်သောအခါ ချက်ချင်းပင် သူ၏အရှိန်အဟုန်က ၃ဆင့်မျှ လျော့ကျသွားသည်။

 

 

“ချူ…သခင်ချူ၊ ကျွန်တော်တို့ စောစောကတင် စောင့်ဆိုင်းဧရိယာမှာ တွေ့ခဲ့ကြတယ်မလား။ ခင်ဗျား ကျွန်တော့်ရဲ့ ဖြတ်သန်းခွင့်နဲ့ စာရွက်စာတမ်းတွေကို ယူသွားသေးလားဗျ” ယခင်က အော်ဟစ်နေသော ကျန်းကျင့်အန်းက ယခုအခါ တောင်းပန် တိုးလျှိုးနေသည်။ “ကျွန်တော့်မှာ မြို့တော်အတွင်း ဝင်ရမဲ့ အရေးကြီးကိစ္စရှိနေတာမလို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြန်ပေးဖို့ တောင်းပန်ပါတယ်” 

 

 

ချူရှဲ့က ဇဝေဇဝါဖြစ်သွားပုံရကာ သူက ထိုလူ(ကျန်းကျင့်အန်း)၏ မျက်နှာအား သေချာစမ်းစစ်နေသည့်အတိုင်း ခေါင်းအသာစောင်းလိုက်သည်။

 

 

တွေဝေနေ‌သည့် အချိန်ခဏတာ ကုန်ဆုံးပြီးနောက် သူက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ “ကျွန်တော်နဲ့ ခင်ဗျား သိကြလို့လား” 

 

 

ကျန်းကျင့်အန်းနှင့် ရုန်ကော်မြို့စားအိမ်တော်မှ ဘဏ္ဍာစိုးတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့မျက်နှာများ ဖြူရော်သွားကြသည်။

 

 

“ အရှင့်သား လာရာလမ်းမှာ မတော်တဆ ပျောက်သွားတာ ဖြစ်နိုင်တယ်။ ဖြတ်သန်းခွင့်မပါဘဲ ကျွန်တော်တို့ တကယ် အရှင့်ကို အထဲပေးဝင်လို့မရတာမလို့ အရှင့်ရဲ့ နေထိုင်ရာဒေသကို ဘာလို့ တစ်ခေါက်လောက် ပြန်မသွားရတာလဲ” အစောင့်တစ်ယောက်က လေးစားစွာ အကြံပြုသည်။ “ခရီးစဉ်က ကြာမြင့်ပြီး တစ်လလောက်အချိန်ယူမှာ၊ အရှင်တို့ စောစောပြန်လိုက်ရင် စောစောပြန်လာနိုင်မှာပါဗျ”

 

 

 

ကျန်းကျင့်အန်းက ခြေဆောင့်လိုက်ပြီး အဝေးမှ ပိုပို၍ သေးငယ်သွားသော ချူရှဲ့၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။

 

 

 

 

မြို့စားရုန်ကော်အိမ်တော်ဝယ်

 

 

လက်ဖက်ခွက်တစ်ခွက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ကွဲကြေကျသွားသည်။

 

 

“ဘာ! ကောင်တီမင်းသားက မြို့တော်အဝင်ဝမှာ တားဆီးခံလိုက်ရတယ် ဟုတ်လား” 

 

 

ဘဏ္ဍာစိုးက ဖြစ်ကြောင်းကုန်စင် အသေးစိတ်ရှင်းပြရာ မြို့စားကတော်က တရှုံရှုံငိုကြွေးလျက် လက်ကိုင်ပုဝါဖြင့် သူမ၏ မျက်ရည်များကို သုတ်နေသည်။ “အိုက်၊ ကျွန်မရဲ့တူက တစ်လမ်းတွေးသမား(အကြံဉာဏ်မများသူ)၊ သူက ဘယ်လိုလုပ်ပြီး အဲ့ကောက်ကျစ်တဲ့ မိန်းမစိုးကို ယှဉ်နိုင်မှာလဲ။ ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတူက မြို့တော်ထဲတောင် မဝင်နိုင်တာ၊ ဧကရာဇ် မသေခင် သူ့အရှေ့အရောက်ပို့ဖို့ဆိုတာ…. ဒီနေ့ ကျွန်မကြားခဲ့သေးတယ်၊ ကျွန်မကြားတာတော့ ကျောင်းအကျဉ်းထောင်ထဲက တစ်ယောက်က —” 

 

 

“အရေမရ အဖက်မရတွေ” မြို့စားရုန်ကော်ကား စိတ်ဆိုးစွာ အော်ဟစ်သည်။ “အဓိပ္ပာယ်မရှိ‌တာတွေ ပြောမနေနဲ့၊ မင်းက ကိစ္စတွေကို ပိုရှုပ်ထွေးစေချင်နေတာလား” 

 

 

သူမကို ဆူပူပြီးသည်နှင့် သူ့ကို သတင်းလာပေးပို့သော ဘဏ္ဍာစိုးကို ကန်လိုက်ရာ ထိုလူအား နာကျင်မှုဖြင့် ကွေးညွတ်သွားစေခဲ့သည်။ “အသုံးမကျတဲ့အမှိုက်၊ ငါမင်းကို ချူရှဲ့နဲ့ မြို့စားယွဲ့အိမ်က လူတွေအနားမှာ သတိကပ်ထားဖို့ ပြောတယ်မလား။ မင်းဘယ်လိုတောင် ကောင်တီမင်းသားကို ကျောသွားတာမျိုး လုပ်ခွင့်ပေးလိုက်ရတာလဲ”

 

 

ကောင်တီမင်းသားသာ သူ့နေရပ်သို့ ပျောက်ဆုံးသွားသည့်ပစ္စည်းများ သွားယူရန် ပြန်သွားလျှင် အနည်းဆုံးတွင် ထိုခရီးစဉ်က တစ်လလောက် ကြာမြင့်ပေလိမ့်မည်။ သူတို့သာ ဖြတ်သန်းခွင့်ကို အလျင်အမြန်ပို့ဆောင်ပေးလိုက်လျှင်ပင်  သူတို့ အမြန်ဆုံးလုပ်နိုင်သည်က ရက်၂၀ပင်။

 

 

ရက်၂၀အတွင်း အမြောက်အများ ဖြစ်ပျက်သွားနိုင်ကာ ချူရှဲ့ ထိုအချိန်‌အတောအတွင်း၌ မည်သည့်အကွက်ရွေ့လာမည်ကို သူတို့ မသိနိုင်ချေ။

 

 

“မြန်မြန်၊ နျင်းယွမ်ဝမ်ကို နောက်ထပ် ဖြတ်သန်းခွင့်ကျောက်စိမ်းနဲ့ စာရွက်စာတမ်းတွေ လုပ်ခိုင်းလိုက်၊ ဒါပြီးရင် ငါတို့ မြို့တော်ထဲ တစ်ချိန်ကို ခြေတစ်လှမ်းအကျောယူထားရမယ်” 

 

 

မြို့စားက လေးလံစွာ သက်ပြင်းချလိုက်ပြီး ဝေ့က ထိုမိန်းမစိုး၏လက်အောက်၌ ပျက်စီးလုဆဲဆဲ အစွန်းကိုရောက်နေပြီဟု တွေးလိုက်မိသည်။

 

 

အိုက်..

 

 

 

 

“Host အရမ်းမိုက်တာပဲ” 

 

 

စနစ်က host ၏ စိတ်အတွင်း၌ အော်ဟစ်နေခဲ့ကာ မီးရှူးမီးပန်းများ၏ အသံက ထပ်ကာထပ်ကာ မြည်ဟည်းနေခဲ့သည်။ “မင်း အနည်းဆုံး ရက်၂၀လောက် နောက်ရွေ့သွားအောင် လုပ်နိုင်ခဲ့တယ်။ ငါတို့ ဒီအချိန်ကို အသုံးချပြီး ဇာတ်လိုက်ကို အိမ်ရှေ့စံအရာ ဘယ်လိုတွန်းပို့ရမလဲ ဖြေရှင်းလို့ရပြီ။ ခဏနေဦး..ဇာတ်ကြောင်းက ရှေ့ဆက်သွားပြီ….ငါ့ကို အရင်မြှင့်တင်ချိန်ပေး….” 

 

 

ယခုဖြစ်လာမည့်စိုးရိမ်မှုများကို မစဉ်းစားနိုင်သေးဘဲ နောင်အနာဂတ်တွင် ဖြစ်လာမည့် ပြဿနာများကို ကြိုတင် စီစဉ်ထားသင့်လေပြီ။

 

 

ချူရှဲ့ မတတ်နိုင်ဘဲ နောက်၄နှစ်ကြာလျှင် အဆုံးသတ်၌ သူ ဈေးထဲတွင် ရက်စက်စွာ ၁၀၈စိတ်တိတိ ပိုင်းဖြတ်ခံရမည်ကို တွေးနေမိသည်။

 

 

အဲ့တာက အရမ်းကိုကြမ်းတမ်းလွန်းတယ်… မယုံနိုင်လောက်အောင် ရက်စက်ကြမ်းတမ်းလွန်းတယ်…

 

 

ချူရှဲ့ တွေးနေမိသည်။ ဘယ်လို မုန်းတီးမှု ဒါမှမဟုတ် ဘယ်လို အငြှိုးကြောင့်များ သူ့ကို ၁၀၈ပိုင်းဖြတ်ဖို့ အမိန့်ပေးနိုင်ရတာလဲ…

 

 

“ဒင်~ အဓိက တာဝန်ကို အသက်သွင်းလိုက်ပါပြီ : ဇာတ်လိုက်၏ မွေးမိခင်၊ တွမ့်စစ်အား သေအောင် တွန်းအားပေးပါ”

 

 

“….?”

 

 

ငါတစ်ခုခု ထူးဆန်းတာ ကြားလိုက်ရသလိုပဲ…

 

 

ချူရှဲ့ ရုတ်တရက် သူ့နှလုံးသားအတွင်းမှ စူးရှသွားသည်ကို ခံစားလိုက်ရသည်။

 

 

“…နေ၊ နေပါဦး… မင်းဘာပြောလိုက်တာလဲ….” 

 

 

စနစ် : “…တွန်းအားပေးရမယ်၊ သေအောင် တွန်းအားပေးရမှာပါ….” 

 

 

ဒီတော့၊ ဇာတ်လိုက်က အကန့်အသတ်မရှိ မှော်ပညာတွေပါတဲ့ ဇာတ်ကြောင်းကို ကိုင်ထားပေမဲ့ အဲ့အစား သူ့မွေးမိခင်ကို သူရလာမဲ့အရာတွေအတွက်နဲ့ စတေးရမယ်ပေါ့…

 

 

“ဒါကြီးက မယုံကြည်နိုင်စရာကြီး” ချူရှဲ့ ရုတ်ချည်းထခုန်မိသည်။

 

 

ဒါကြောင့်ကို… အဲ့ ၁၀၈စိတ်က ဒါကြောင့် ဖြစ်လာတာကိုး..

 

 

အိမ်ရှေ့စံမင်းသားက ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ သူချထားသည့်နေရာ၌သာ နေသည်ကို သေချာစေရန် ကြိုးစားနေသည့် ချူရှဲ့က နောက်ဆုံးတွင် သူ့အမေကို သတ်ဖြတ်ခဲ့သည်။

 

 

အတူနေချိန်အတွင်း၌ ချူရှဲ့က အရှင့်သားနှင့်ပတ်သတ်ပြီး မည်သည့်အရာမှ ထူးထူးခြားခြား မတွေ့သော်လည်း သူက သူ့မိခင်အပေါ် အ‌တော်လေး ခင်တွယ်ကြောင်း မြင်နိုင်သည်။ ဆယ်စုနှစ်တစ်ခုစာလောက် အအေးနန်းတော်ထဲ အကျဉ်းကျနေပြီးနောက် သူတို့ နောက်ဆုံးမှာ လွတ်လပ်မှုကို ပြန်ရခဲ့ရတာက သူ့အမေ နောက်ဆုံးမှာ သေသွားဖို့ သက်သက်ပဲလား….

 

 

ထိုအရာက သူ ထို၁၀၈ကြိမ် လှီးဖြတ်မှုအား ရှောင်လွှဲ၍မရသည်က ကျိန်းသေသွားချေပြီ။

 

 

ဒီဇာတ်ကြောင်းကြီးက အဓိပ္ပာယ်မရှိလိုက်တာ…

 

 

ချူရှဲ့ ရုတ်တရက် ကောင်းမွန်သည့်အကြံတစ်ခု ရသွားသည်။

 

 

“ငါ့ရဲ့ သိုလှောင်ခန်းထဲမှာ အထူးကုသဆေး ရှိသေးတယ်မလား” ချူရှဲ့ မေးလိုက်သည်။

 

 

“အဲ့ဒါက အဆိပ်တွေကိုပဲ ကုသနိုင်ပြီး ရှိရင်းစွဲ အားနည်းချက်တွေတော့ မကုပေးနိုင်ဘူး။ Host အသုံးပြုချင်လို့လား။ အဲ့တာက မင်းရဲ့ အားနည်းချည့်နဲ့မှုကို ကုသမပေးဘူးနော်” 

 

 

“ငါသိတယ်” 

 

 

စနစ် : “Host ဘာလုပ်ချင်နေတာလဲ” 

 

 

သူ မျက်လုံးလှိမ့်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း ဇာတ်ကြောင်းအတိုင်း လုပ်ကြတာပေါ့၊ ငါလည်း တွေးပြီးပြီ။ တွမ့်စစ်က မြို့တော်ထဲမှာ နေတာမသင့်တော်ဘူးဆိုမှတော့ သူမရဲ့ သေဆုံးမှုကို အတုလုပ်ပြီး ငြိမ်းချမ်းအောင် သူမကို ဒီနေရာကနေ ခေါ်ထုတ်သွားလိုက်တော့။ အရူးတစ်ယောက်ထဲ ကိုင်တွယ်ရတာက နှစ်ယောက်ကို ကိုင်တွယ်နေရတာထက် ပိုကောင်းတယ်…”

 

 

“ဒါပေမဲ့ အထူးကုသဆေးက မင်းဒီကိုလာတုန်းက ရခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်ပဲ။ မင်း တွမ့်စစ်လို အမြှောက်စာအပေါ်မှာ သုံးချင်တာ သေချာရဲ့လား၊ သူမက ဖြတ်လျှောက်သာသာ ဇာတ်ကောင်ပဲဟာကို”

 

 

ချူရှဲ့သည် တွမ့်စစ်ငိုနေချိန်တွင် သူမ၏ နီရဲနေသော မျက်လုံးများမှ ကျဆင်းလာသောမျက်ရည်များနှင့် သူမ ကလေးပျောက်သွားစဥ်က သာမန်အမေတစ်ယောက်အတိုင်း ပြုမူပုံများကို ပြန်တွေးတောမိပြီး အဘိုးကြီးတစ်ယောက်ကဲ့သို့ ခေါင်းခါကာ ပြောသည်။ “ငါ သူမကို ကယ်ပေးမယ်လို့ ပြောထားဖူးတယ်”

 

 

“ဇာတ်လိုက်က အခုကစပြီး နောက်၄နှစ်ကြာလို့ အာဏာရလာရင် ငါ့ကို ဈေးထဲမှာ ၁၀၈စိတ် ပိုင်းဖြတ်ချင်တာနဲ့ သူ့အမေ အသက်ရှင်နေသေးတယ်ဆိုတာ သိသွားလိမ့်မယ်..” 

 

 

ချူရှဲ့ သူ့ကိုယ်သူ တွေးလိုက်သည်။

 

 

“သူ အဲ့အချိန်ကျ ခေါင်းဖြတ်သတ်ဖို့ပဲ အတွေးပြောင်းသွားလောက်တယ်မလား”

 

 

“…”

 

 

“..ဒါမှမဟုတ် အဲ့တာ မဖြစ်နိုင်ရင်၊ ချိတ်ဆွဲထားတာများ…”