ကားထဲဝင်ဖို့ ပြင်လိုက်ရင်း ယွင်လီ တစ်ယောက် ကားရှေ့ခန်းမှာ ထိုင်ရမလား၊ ကားနောက်ခန်းမှာ ထိုင်ရမလား ခဏတာ ဝေခွဲမရ ဖြစ်သွားသည်။
မစ္စဟယ် ကလည်း ရှင်းရှင်းလင်းလင်းမပြောဘဲ ဝန်ထမ်းတစ်ယောက်က လာကြိုလိမ့်မည်ဟုသာ ပြောခဲ့ခြင်းဖြစ်သည်။
ကားနောက်ခန်းမှာ ထိုင်တာက သူ့ကို ယာဉ်မောင်းတစ်ယောက်လို သဘောထားသလို မယဉ်ကျေးတဲ့ပုံ ပေါက်နိုင်တယ်။
ထို့ကြောင့် စိတ်မပါသော်လည်း ကားရှေ့ခန်းမှာသာ ရွေးချယ်ထိုင်လိုက်ရတော့သည်။
မိုးစက်မိုးပေါက်တွေနဲ့ မီးရောင်တွေက ရောနှောနေပြီးကားမှန်ပေါ်မှာ ကြယ်ပွင့်လေးတွေလို တဖျတ်ဖျတ် တောက်ပနေသည်။
ယွင်လီ ထိုင်ခုံခါးပတ် ပတ်လိုက်ပြီး သူမကိုယ်ပေါ်က မိုးရေစက်တွေကို တစ်ရှူးနဲ့ အသာအယာ သုတ်လိုက်သည်။
ကားအတွင်းခန်းတစ်ခုလုံး တိတ်ဆိတ်လို့နေသည်။
ပုံမှန်ဆိုလျှင် သူမ taxiစီးတဲ့အခါ နောက်ခန်းမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး ကားခပေးခါနီးမှသာ စကားပြောလေ့ရှိသည်။ သို့သော် အခုလို သူစိမ်းတစ်ယောက်နဲ့ ရှေ့ခန်းမှာ အတူထိုင်ရခြင်းက သူမအတွက် အနေရခက်ပြီး စိတ်ထဲ ကသိကအောက်ဖြစ်စေသည်။ ဒီတိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ လိုအပ်တယ်လို့ သူမခံစားမိသည်။
"ကျွန်မကို လာကြိုပေးဖို့ အနှောင့်အယှက်ပေးမိလို့တောင်းပန်ပါတယ်ရး၊ဒုက္ခပေးမိပြီ"
စက္ကန့်အနည်းငယ်အကြာမှာတော့ ထိုလူက "အင်း" ဟုသာ တိုတိုတုတ်တုတ် ပြန်ဖြေသည်။
တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
နောက်ထပ် ဘာပြောရမှန်း မသိတော့တာကြောင့် ယွင်လီ တစ်ယောက် ဖုန်းနဲ့ အလုပ်ရှုပ်ဟန်ဆောင်ပြီး မကြာခဏအသုံးပြုတဲ့appအနည်းငယ်ကိုထပ်ခါထပ်ခါscrollလုပ်နေမိတော့သည်။
ခဏလောက် မောင်းလာပြီးနောက် ထိုလူက ရုတ်တရက် မေးလိုက်သည်။
"ဘယ်နားမှာ ချပေးရမလဲ?"
"အာ... ယန်ကျင်း ဟိုတယ်ပါ" ဟု သူမ အမြန်ပြန်ဖြေလိုက်သည်။
ထိုလူက ဘာမှထပ်မပြောတော့ဘူး။သူက စကားပြောချင်စိတ် မရှိပုံရပြီး လိုအပ်မှသာဟစကားပြောလေ့ရှိသည်။
သူက ကားမောင်းသူပီပီ လမ်းကိုသာ အာရုံစိုက်နေတော့သည်။
ယနေ့ည သူမဆုံခဲ့ရသူ နှစ်ယောက်ရဲ့ စရိုက်က ဆန့်ကျင်ဘက်တွေပဲ။
တစ်ယောက်က အလွန်အမင်း ဖော်ရွေပြီး တစ်ယောက်ကတော့ အလွန်အမင်း အေးစက်လွန်းလှသည်။ သို့သော် နှစ်ယောက်စလုံးကတော့ ကြည့်ကောင်းလွန်းသူများ ဖြစ်သည်။
ဒါကိုတွေးရင်း ယွင်လီ သူ့ကို ခိုးကြည့်မိသည်။ဒီရှုထောင့်ကနေကြည့်ရင် အရိပ်တစ်၀က်ကျနေတဲ့ သူ့ရဲ့မျက်နှာကို သူမမြင်နေရသည်။
ဦးထုပ်ချွတ်ထားသောကြောင့် သူ့၏ ထင်ရှားသော မေးရိုးနှင့် မျက်ခုံးပေါ်ဝဲကျနေသော စိုစွတ်စွတ် ဆံပင်တွေကို မြင်နေရသည်။
စိုစွတ်နေတဲ့ဆံပင်တွေက သူ့ရဲ့နှဖူးနဲ့ မျက်လုံးတွေကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားသည်။သူ့နှုတ်ခမ်းတွေက ဖြူဖျော့နေဆဲ။
ဒီရာသီဥတုမှာ အပေါ်၀တ်အင်္ကျီကို ဝတ်ထားတယ်။ထို့ပြင် သူကအေးစက်စက် ဟန်ဆောင်နေဆဲပင်။
ယွမ်လီက ရှုခင်းတွေကို ငေးကြည့်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲလိုက်ပေမယ့် နောက်ထပ် နှစ်ချက်လောက်တော့ ခိုးကြည့်လိုက်တယ်။
ရုပ်ရည်အရဆိုလျှင် ဤလူသည် ယွင်လီ သဘောကျသည့် အမျိုးအစားပင်။ အေးစက်ပြီး အထီးကျန်ဆန်ကာ အားနည်းချက်တွေကင်းစင်မဲ့ပုံ ပေါက်သော်လည်း တစ်ဖက်တွင် ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အယောင် ပေါ်လွင်နေသည်။
လမ်းဘေးကနေ ကောက်ယူလာတဲ့ ဒဏ်ရာရ ၀ံပုလွေတစ်ကောင်လို ဒဏ်ရာရနေသော်လည်း အချိန်မရွေး ပြန်ကိုက်ရန် အသင့်ဖြစ်နေသည်။
သူတို့ ဟိုတယ်ကို ရောက်တဲ့အထိ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်က ဆက်လက်တည်ရှိနေခဲ့တယ်။
ဟိုတယ်ရောက်သောအခါ အဲဒီလူက ကားကိုရပ်ပြီး "ငါတို့ရောက်ပြီ" လို့ တိုးတိုးလေးပြောပြီး ကားပေါ်ကဆင်းသွားတယ်။ ယွင်လီက "အိုကေ" လို့ မြန်မြန်ဆန်ဆန် ပြန်ဖြေပြီး သူမရဲ့ပစ္စည်းတွေကို ယူပြီး သူ့နောက်ကို ကပ်လိုက်သွားတယ်။
ထိုလူက သူမ၏ ခရီးဆောင်အိတ်ကို အပေါက်ဝအထိ မပေးပြီး "ဝင်တော့" ဟုသာ မေးထိုးပြသည်။ ယွင်လီက ကျေးဇူးတင်စကား ပြောလိုက်သော်လည်း သူကတော့ ခေါင်းတစ်ချက်ငြိမ့်ပြပြီး ကားဆီ ပြန်လှည့်သွားသည်။
မိုးက စဲမည့်ပုံမပေါ်။ ယွင်လီက ထွက်ခွာဖို့ပြင်နေတဲ့ အမျိုးသားရဲ့ မျက်နှာကို စိုက်ကြည့်ပြီး သူ့ရဲ့ နေမကောင်းဖြစ်နေတဲ့ ဖြူဖျော့ဖျော့ အခြေအနေကို ပြန်အမှတ်ရလိုက်တယ်။သူ့၏ ဖျော့တော့သော မျက်နှာကို သတိရသွားသောကြောင့် ယွင်လီ စိတ်လိုက်မာန်ပါ လှမ်းခေါ်လိုက်သည်။
"ဟို... ခဏလောက်!"
သူ လှည့်ကြည့်လာသောအခါ ယွင်လီ ရင်တွေ တုန်လာသည်။ "မိုးက စဲဦးမှာ မဟုတ်ဘူး၊ ဒါလေး ယူသွားပါ" ဆိုပြီး သူမ၏ ထီးကို ကမ်းပေးလိုက်သည်။
သူက ငြိမ်နေသဖြင့် သူမကပဲ ဆက်ပြောလိုက်သည်။ "ကျွန်မ မနက်ဖြန် EAW ကို လာမှာပါ" ယွင်လီက မျက်လုံးချင်းဆုံလိုက်ပြီး ရှင်းမပြတတ်အောင် စိတ်လှုပ်ရှားနေပြီး အသံက အနည်းငယ်တုန်ရီနေသည်
"ထီးကို အဲဒီက ဧည့်ကြိုကောင်တာမှာ ထားခဲ့ပေးလို့ ရပါတယ်၊ကျွန်မသွားယူလိုက်ပါ့မယ်"
အစောပိုင်းက ထီးငြင်းပယ်ခံရတာမျိုး ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် ယွင်လီ ခဏလောက် တွန့်ဆုတ်နေခဲ့တယ်။
ထို့ကြောင့် သူမထီးကို ကားခေါင်းပေါ် တင်ပေးလိုက်ပြီး “ဒီနေ့ ကျွန်မကို ဒီကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်” ဟု လျင်မြန်စွာ ပြောရန် ဆုံးဖြတ်လိုက်သည်။
ထိုလူ ပြန်မဖြေခင်မှာပဲ သူမရဲ့ခရီးဆောင်အိတ်ကိုဆွဲပြီး အထဲသို့ အမြန်ပြေးဝင်ခဲ့တော့သည်။
မီတာအနည်းငယ်လျှောက်ပြီးနောက် ဟိုတယ်ဝင်ပေါက်နားရောက်တော့မှ ယွင်လီ နောက်ပြန်လှည့်ကြည့်ရဲသည်။
သူမထီးထားခဲ့တဲ့နေရာက ဗလာဖြစ်နေသည်။
ကားကရွေ့သွားပြီး မိုးစက်များရဲ့စည်းချက်ညီညီကျနေတာကို နှောင့်ယှက်လိုက်တယ်။
ထို့နောက် ထီးရော ကားရော မရှိတော့ပေ။
ထိုအခါမှသာ ယွင်လီ စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။
ယွင်လီ သူမငှားထားသည့်အခန်းထဲသို့သွားကာ ရေချိုးပြီး တန်းအိပ်ယာ၀င်ခဲ့သည်။သို့သော် မရင်းနှီးတဲ့ပတ်၀န်းကျင်မှာ သူမရဲ့အိပ်စက်မှုက မကောင်းခဲ့ပေ။