Ch 19
Viewers 759

Chapter 19


ကျန်းဖိန်သည် တာအို‌ဆရာကြီးကို ခေါ်လာသည်ဟု ပြောသော်လည်း ချိန်းချိန်ဟာ “ဘုရားရှင်၏ တုတ်ကောက်”ဟုသာ ခေါ်ရင် ပိုလိုက်လိမ့်မည်ဟု ထင်နေသည်။


နင်ဟွာရွာသို့ ရောက်သော်၊ ချင်းချိန်ဟာ ပရောဂဆရာများသာ ဝတ်တတ်သည့် ၀တ်စုံဖြင့် အမျိုးသားတစ်ဦးကို တွေ့လိုက်သည်။ ရုပ်ရှင်တွင် မြင်ရဖူးသည့်အတိုင်း စားပွဲခုံပေါ်၌ ပစ္စည်းများခင်းကျင်းထားပြီး၊ ထိပ်၌ အမွေးနံ့သာနှင့် စက္ကူရွက်များကို မီးရှို့ထားသည်။ 


“တာအို‌ဆရာကြီး”သည်လည်း မက်မွန်ပင်မှ ရသည့် သစ်သားဖြင့် ပြုလုပ်ထားသည့် ဓားကို ကိုင်ကာ၊ မန္တန်များရွတ်နေသည်။ 


“ဟုတ်လှချည်လား၊ တော်တော် ယုံချင်စရာကောင်းတယ်”


သို့သော်လည်း၊ သရုပ်ဆောင်ချက်က တကယ်ကို ပီပြင်လွန်းသည်။ ရွာမှ လူများ တင်မကဘဲ ဘေးရွာမှ လူများပါ၊ တာအိုအခမ်းအနား သို့ အပျော်တမ်း လာရောက် ကြည့်ရှုနေကြသည်။ 


“ဟဲ့၊ ဘာတွေ ဖြစ်နေတာလဲ။ တာအိုဘုန်းတော်ကြီးက ဘာကိစ္စနဲ့ ဒီရောက်နေတာတုန်းဟ”


“ဟိုရှေ့နားက ရှေးဟောင်းသင်္ချိုင်းမှာ သရဲရှိတယ် ထင်ပါရဲ့။ အဲ့ဟာနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသန ပညာ‌ရှင်တွေလဲ အများကြီး သေပြီးပြီတဲ့။ ရဲတွေလဲ ဘာမှ ရှာမရတာနဲ့ တာအိုဆရာကြီး‌ကို ခေါ်လာတာ”


“သရဲ”


“သူတို့ ဗိမာန်ပိုင်ရှင်ကို သွားဆွလို့ နေမှာပေါ့။ အဲ့တာကြောင့် ပြောပါတယ် ရှေးဟောင်းဂူသင်္ချိုင်းတွေဆို မထိပါနဲ့လို့။ အကိုင်ခံရမှာ အနှေးနဲ့ အမြန်ပဲ။ ထူးဆန်းပါဘူး”


“ဟုတ်တယ်၊ အရင်က နင်ဟွာရွာက အပင်စိုက်ဖို့ လယ်တွေ ရှိသေးတယ်လေ။ လမ်းမကောင်းတောင် မြေကောင်းတော့ အဆင်ပြေသေးတယ်။


အဲ့ ရှေးဟောင်း သုတေသနတွေပညာရှင်ကြီးတွေ ရောက်လာကတည်းက ရွာသားတွေ မွေးကတည်းက နေလာနဲ့ နေရာကနေ ထွက်သွားရတယ်။ ဟိုးကတည်းက နှစ်နဲ့ချီနေလာတဲ့ ဘိုးဘွားတွေဆို ပိုဆိုး။


မြေတွေရော လယ်တွေရော အကုန် ပလုံပြီ။ သူတို့ပေးတဲ့ နစ်နာကြေးက ခဏအတွက်တော့ သုံးလို့ ရလိုက်တာပေါ့၊ ဒါပေမဲ့ လာမဲ့ကလေးတွေ ကျတော့ရော ဘယ်က ပိုက်ဆံနဲ့ ရှာစားရမှာလဲ။”


ရွာအကြောင်း ပြောနေသည့် သူများ၏ စကားသံများ ကြားကနေ ချင်းချိန် မျက်နှာမဲ့သွားသည်။ ထို့နောက် ကျန်းဖိန်အနားသို့ တိုးသွားကာ “မင်းဘာတွေ လျှောက်လုပ်နေတာလဲ”ဟု မေးလိုက်သည်။ 


“မင်းက အခု သရဲ၊ တစ္ဆေတွေ ယုံနေပြီပေါ့ ရွာသားတွေ ရှေ့မှာ လူခေါ်ပြီး၊ အခမ်းအနား တောင် လုပ်ပြလိုက်သေးတယ်။ 


မင်းကို မကောင်းတဲ့အတတ် လေ့ကျင့်တယ်ဆိုပြီး တစ်ယောက်ယောက်က တရားစွဲမှာ မကြောက်ဘူးလား။”


ချင်းချိန်၏ အသံမှ သူ့ကို အထင်သေးနေသည် ဆိုတာကို အသက်ငယ်သော်လည်း အမှုစစ်ဌာနတွင် စုံထောက်လုပ်နေသူ အဖို့၊ ကျန်းဖိန် သတိမထားမိဘဲ နေမလား။ 


တာအို‌ဆရာကြီးကို ပင့်ခဲ့လျှင် သူ့အပေါ် တုံပြန်မှုက မကောင်းနိုင်မှန်း သိပြီးသားပင်။ 

 

“ကျွန်တော်က အမှုစစ်ဌာနက စုံထောက်ဆိုပေမဲ့ ဒီနေ့က ကျွန်တော့်ရဲ့ နားရက်။ အဲ့တာကြောင့် အခုက ပြည်သူ့အင်္ကျီကို ၀တ်ပြီး နင်ဟွာရွာကို “လာကြည့်တဲ့ ခရီးသွား ဧည့်သည် တွေထဲက တစ်ယောက်ဘဲ။ ပြီးတော့ ဆရာကြီးကို ကျွန်တောင် ပင့်လာတာလဲ မဟုတ်ဘူး၊ ကျွန်တော့်သူငယ်ချင်းနဲ့ ကိုယ့်ဘာသာလာတာ”ဆိုကာ ဆရာကြီးဘေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ညွှန်ပြလိုက်သည်။”


သေချာတာတော့ ချင်းချိန်ဟာ ကျန်းဖိန်ပြောသည့် “သူငယ်ချင်း”ဆိုသူဟာ၊ ခေါင်းရှောင်ရန် သက်သက် အကွက်ဆင်ထား သူမှန်း သိနေသည်။ 


ဆရာကြီးက အသံနေအသံထားမျိုးစုံဖြင့် ရွတ်ဖတ်နေသည်။ တစ်ခါတရံ တိုးညင်းစွာ လေသံလေးဖြင့် ရွတ်ဆိုနေသော်လည်း တစ်ခဏအကြာတွင် အသံပြင်းပြင်းဖြင့်  ကျယ်လောင်စွာ ရွတ်ဖတ်နေပြန်သည်။ 


ဂါထာ မန္တာန်ရွတ်ဆိုသံများကို ချင်းချိန်ဟာ နားမလည်နိုင်သော်လည်း၊ ဆရာကြီးက တစ်ယောက်ယောက်ကို ဖိတ်ခေါ်နေတာမျိုးတော့ ဆဲဆဲလေးကြားနေရသည်။ 


ရွတ်ဖတ်မှုများ ပြုလုပ်ပြီးနောက် ဆရာကြီးသည် စကားစတင် ပြောလာဩ။ “ဒီလောက်ဆို မကောင်းတဲ့အရာတွေကို ဖယ်ရှားလိုက်နိုင်ပြီ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့သာ နေကြတော့။ မင်းတို့မို့လို့သာ လုပ်ပေးတာနော်၊ အခမ်းအနားပြီးတာနဲ့ တောင်ပေါ်ပြန်တက်လို့ရပြီ။”


ထိုအချိန်မှာဘဲ ဆရာကြီး၏ လက်အနောက်ဘက်ရှိ ဒဏ်ရာများကို လှမ်းမြင်လိုက်သည်။ ကြည့်ရတာ အပူလောင် ခံထားရသည့် ပုံစံများ ဖြစ်သည်။ ဒါတင်မကသေးဘဲ သူ၏ လက်ချောင်းများဟာလည်း ကောက်ကာ လိမ်နေသည်။ 


“ကျွန်တော့် သူငယ်ချင်းပြောတာတော့ ဆရာကြီးက သူ့လျှို့ဝှက်ချက်ကို ကမ္ဘာကြီးကို ပြောပြလိုက်လို့ ကောင်းကင်ဘုံက ပြစ်ဒဏ်ပေးတာဆိုဘဲ။”ဟု ချင်းချိန်၏ အ‌တွေးများကို ဖတ်နိုင်သကဲ့သို့ ကျန်းဖိန်က လှမ်းပြောပြလိုက်သည်။ 


ချင်းချိန် : “အဲ့ကိစ္စထက် မင်းတို့ သူ့ကို ဘာကိစ္စနဲ့ ဒီလာ‌ခွင့်ပေးရတာလဲ ဆိုတာကိုပဲ ပိုပြီး စိတ်၀င်စားတယ်။ ငါ ရဲစခန်းရောက်တုန်းက ကျတော့ ဘာပြောပြော တစ်ခုမှ မယုံကြဘဲနဲ့”


“မယုံတာနဲ့ဘဲ တကယ်မရှိဘူးလို့ ပြောလို့မှ မရတာ။ ၁၃ နှစ်လောက် စုံထောက် ဖြစ်လာတာဆိုတော့ ဒါတွေကို နားလည်တယ်”ချင်းချိန်ကို ဆေးလိပ်လှမ်းပေးရင်း ပြောလိုက်သည်။ 


တစ်ချိန်က ကျန်းဖိန်၊ သူ၏ လမ်းမှာ မေ့‌လဲနေသည့် လက်ထောက်မ‌လေးကို အိမ်လိုက်ပို့ဖူးသည့် အချိန်ကို သတိရသွားသည်။ 


နောက်ပိုင်းကျလျှင် လက်ထောက်မလေးဟာ သက်သာလာမည်ဟု ထင်ခဲ့သော်လည်းရာ၀န်များ ကိုယ်တိုင်ကတောင် သူ(မ)အခြေအနေ၏ အရင်းအမြစ်ကို ရှာမဖွေ နိုင်ခဲ့ချေ။ 


ထိုအချိန်တုန်းကလည်း အခုသူငယ်ချင်းကြီးမှတဆင့် တာအို‌ဆရာကြီးကြီးနှင့် မိတ်ဆက်ပေးခံခဲ့ရသည်။  ဆရာကြီးက ရေစင်တော် တိုက်လိုက်ပြီးမှသာ လက်ထောက်မလေး သတိပြန်လာခဲ့သည်။ 


ထိုကောင်မလေး၏ အခြေအနေသည် အတော်ဆိုးနေခြင်းကြောင့် ကယ်ရန် ခက်ခဲကြောင်း ခေါင်းတခါခါဖြင့် ပြောဆိုနေ ဆရာကြီးနှင့်ပင် စကားများခဲ့သေးသည်။ ယွမ် ၃ထောင် ပေးလိုက်မှသာ ပါးစပ်ပိတ်သွားပြီး ကူညီခဲ့ခြင်းဖြစ်သည်။ 


ချင်းချိန်၏ စကားအချို့ကို ယုံရခြင်းအကြောင်းအရင်းကလည်း ထိုကိစ္စကို တွေးမိသောကြောင့် ဖြစ်သည်။ မယုံသလိုလို ရှိပေမဲ့သော်လည်း ဆရာကြီးကို ရအောင် ပင့်ခဲ့ခြင်း ဖြစ်သည်။ 

 

ထိုလူကြီးသည် ဟိုနည်းနည်း ဒီနည်းနည်းလုပ်ရင်း နာမည်ရလာတာသာဖြစ်ပြီး တကယ့် ဆရာအစစ် မဟုတ်မှန်း ကျန်းဖိန်သိသည်။ သို့သော်လည်း သူသိခဲ့သမျှ ဆရာတွေထဲမှ ဤကဲ့သို့သော ကိစ္စကို ကိုင်နိုင်သူဟာ ဒီလူကြီးဘဲ ရှိသည်။ 


“ငါခေါ်ခဲ့တာ၊ ဒါမဲ့ သူ့ကို လာဖို့အရေး သုံးသောင်း ပေးလိုက်ရတယ်လေ”


ချင်းချိန် သရော်စွာ မေးလိုက်သည်။ “မင်းပိုက်ဆံ”


“မဟုတ်ပါဘူး၊ ကျွန်တော့် သူငယ်ချင်းဟာ။”


ကျန်းဖိန်နှင့် စကားဆက် မပြောချင်တာနှင့် လက်မှာ ပေကျံနေသည့် သွေးခြောက်များကို သုတ်လိုက်သည်။ 


အခမ်းအနားပြီးသော်၊ နောက်တစ်ဆင့်သည် ဂူတွင်းသို့ ၀င်ကာ ရှာဖွေရေးဆင်းရမှာ ဖြစ်တာကြောင့်၊ လမ်းပြရန် ချင်းချိန်ကို ကျန်းဖိန် လှမ်းခေါ်လိုက်သည်။ 


ကျန်းဖိန်၊ သူ၏သူငယ်ချင်း၊ ဆရာကြီးနှင့် ချင်းချိန် အပါ၊ လေးယောက်သား အတူတကွ ၀င်သွားကြသည်။ ရှေ့မှနေ၍ လမ်းပြနေသော ချင်းချိန်သည်လည်း တမင်ခြေလှမ်းများကို နှေးအောင်လုပ်ကာ အီလေးဆွဲပြီး လျှောက်နေသည်။ 


တကယ်ဆို ဆရာကြီးသာ ကိစ္စကို ဖျက်နိုင်ရင် သူ၏အလုပ်အတွက် ပို၍တောင် အဆင်ပြေမှာ ဖြစ်သေးသည်။ သို့သော်လည်း ချင်းချိန် အနည်းငယ် တွန့်ဆုတ် နေမိသည်။ ထို မကောင်းသောဝိညာဉ်များကို မနှိမ်နင်းချင်တာ မဟုတ်ပေမဲ့၊ ဒီအတိုင်း အချိန်မကျသေးဘူးဟု ခံစားမိလို့ ဖြစ်သည်။ 


ထို့ကြောင့် ဆရာကြီးကို ဂူအလယ်အထိ လမ်းပြပေးခဲ့သော်လည်း ရှေ့သို့ ဆက်သွားရန် ငြင်းဆန်လိုက်သည်။ ကျန်းဖိန် မည်သို့ပင် စည်းရုံးပါစေ၊ ချင်းချိန်ဟာ တုတ်တုတ်ကို မလှုပ်ပေ။ 


“ဒီမှာပဲ လူသတ်မှုက ဖြစ်သွားတာ၊ ထွက်ပေါက်နဲ့ နီးတယ်။ ဟိုးအရှေ့က ၀င်ပေါက်ကြီး၊ သူ့နားမှာက ဂူဗိမာန်ကြီး။ ငါတို့တောင် သေချာမကြည့်ရသေးတာ၊ အပြင်လူတွေ ၀င်လာလို့ မသင့်ဘူး။ လူသေထားတော့ ပိုဆိုးတယ်။”


သူတို့ကို ရှေ့ဆက်မတိုးရန် တားလိုက်သည့် ချင်းချိန်ကို ကြည့်ကာ ကျန်းဖိန်မေးလိုက်သည်။ “သိချင်တာလေးရှိလို့။ တာအို‌ဆရာကြီး ပင့်လာပြီလို့ ပြောခဲ့တုန်းက ဘာလို့ အဲ့လိုကြီး တုံ့ပြန်ခဲ့တာလဲ”


ချင်းချိန်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်သည်သာမက၊ ယဉ်ကျေးသိမ်‌မွေ့သည့် လူရည်မွန်လည်း ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်ဟာ ဘာကြောင့် ဒီလောက်ထိ စက်စက်ထိမခံ ဖြစ်နေရတာလဲ ဆိုတာကို ကျန်းဖိန် စိတ်၀င်စားလာခဲ့သည်။ 


ဘယ်အရာကိုမဆို ထိုးဖောက်မြင်နိုင်သည့် အကြည့်မျိုးရှိသည့် ကျန်းဖိန်၏မျက်လုံးများကို ကြည့်ရင်း ချင်းချိန်တစ်ယောက် ရယ်လိုက်သည်။ “ဟားဟားးး၊ ကျွန်‌တော်လဲ သိချင်တာရှိတယ်။ လူသတ်မှုက ဒီမှာဘဲ ဖြစ်သွားတာ သိသာနေတာကို၊ ဘာလို့ ရှေ့ကို ဆက်သွားဖို့ လုပ်နေတာလဲ။”


“ဒီနေ့က စုံထောက်အနေနဲ့မဟုတ်ဘဲ အပျော်သက်သက်လာတာပါလို့ ပြောပြီးပြီလေ”


“အဲ့တာဆိုလဲ ဒီက မြန်မြန်လေး ထွက်ပေးပါ။”ချင်းချိန် ခက်ထန်သည့် အသံမျိုးဖြင့် ပြောလိုက်သည်။ “ဒါက ကစားဖို့ နေရာ မဟုတ်ဘူး၊ စစ်ဆေးစရာ ရှိတာတွေ စစ်ဆေးရမဲ့နေရာ။ ဒါ့ကြောင့် ကျွန်တော့်အလုပ်ကို လေးစားသောအားဖြင့် ထွက်သွားပေးပါ။”


ချင်းချိန်၏ စကားကို လက်ခံဟန်ဖြင့် ကျန်းဖိန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အိတ်ထဲမှနေ၍ ရဲလက်မှတ်ကို ထုတ်ပြလိုက်သည်။ “ကယ်၊ အဲ့တာဆိုလည်း ကျွန်တော့်အလုပ်ကိုလဲ လေးစားပေးပါ။ လူသတ်မှု နှစ်ခု ဆက်တိုက်ဖြစ်တာက ဟာသမဟုတ်ဘူး”


နှစ်ယောက်လုံးဟာ လူသတ်မှုများ ဖြစ်ခဲ့သည့် ဂူရှေ့၌ ရပ်နေကြသော်လည်း တစ်ယောက်မှ တစ်လှမ်းတောင် မရွေ့ကြပေ။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အလျော့မပေးဘဲ ရှိနေချိန်တွင် တာအို‌ဆရာကြီး၏ လက်များက ပို၍ လျင်မြန်စွာ လှုပ်ရှာလာသည်။ 


“ဒါ-ဒါ။ ဒီနားမှာ တစ်ခုခုရှိသလိုဘဲ။”ဆရာကြီး၏ အသံဟာ တုန်ရီနေ၏။ တစ်ခုခုကို တွေးမိပြီး ကြောက်ရွံ့နေသည် အသံမျိုး ဖြစ်သည်။ 


သံလိုက်အိမ်မြှောင်ကို ကိုင်ထားသည့် ဆရာကြီး၏ လက်ဟာ၊ အတော်လေး တုန်ယင်လာပြီး၊ သူ၏ မျက်လုံးများဟာလည်း ဟိုကြည့် ဒီကြည့်ဖြင့် တစ်စုံတစ်ခုပေါ်လာမည်ကို စိုးရွံ့နေဟန်နှင့် တူသည်။ 


ချင်းချိန်လည်း မထိန်းနိုင်ဘဲ ဘေးဘီဘောက်ကို လျှောက်ကြည့် လိုက်မိသည်။ ထူးဆန်းသည့် အရိပ်အခြေ ဘာမှ မတွေ့ရသေးပေ။ 


“ဘာဖြစ်လို့လဲ။”ကျန်းဖိန်သည် ဆရာကြီး၏ အနားသို့ လျှောက်သွားလိုက်သည်။ “ဘာဖြစ်လို့လဲ”


“သံလိုက်အိမ်မြှောင်က ပိုပြီး မြန်မြန်လှည့်လေ၊ နားကျဉ်းချက် ပိုများလေဘဲ။ အဲ့တာဆို သောကရောက်နေတဲ့ သရဲတွေပိုများမယ် ဆိုတဲ့အဓိပ္ပာယ်ဘဲ။ ငါ-ငါ လက်တံ ဒီလောက်မြန်မြန် လှည့်တာမျိုး တစ်ခါမှ မကြုံဖူးဘူး။”


နာကျဉ်းတာ ဂူဖောက်သူခိုးတွေ အကြောင်း ပြောနေတာလား။ 


“ဒီနေရာက ကြောက်စရာ ကောင်းတယ်။”


ဆရာကြီး၏ စကားသံကို ကြားပြီးနောက်၊ ချင်းချိန် စကားဆက် ပြောလိုက်သည်။ “အဲ့တော့၊ ဒီမှာဆက်နေရမှာလား ပြန်မှာလား”


ဆရာကြီး မဖြေခင်မှာဘဲ ကျန်းဖိန်ဟာ ၀င်ပြောလိုက်သည်။ “ပြန်မယ်။ ဘာကိစ္စနဲ့ လုပ်ရမှာလဲ။ အစကတည်းက သရဲနှင်ဖို့ဘဲ လာတာလေ။ ပြန်ရင် ပေးထားတဲ့ ယွမ် သုံးသောင်း ပြန်ပေး”


ဆရာကြီးက အသေးစား သရဲတစ္တေတွေကို နှင်ဖူးသော်လည်း ဤကဲ့သို့သော ကိစ္စအကြီးစားမျိုးကို တစ်ခါမှ မကိုင်တွယ်ဖူးပေ။ 


သို့သော်၊ သူ၏ ဆရာများက သံလိုက်အိမ်မြှောင်၏ လက်တံ ပို၍မြန်လေ၊ နာကျဉ်းချက်ပိုများလေ ဖြစ်တာကြောင့် ပြေးသာပြေးရန် ဆုံးမခဲ့ဖူးသည်။ 


 ထိုအကြောင်းကလည်း ဟိုးရှေးအခါတုန်းကတည်းက ကြားဖူးထားသည့် အရာမျိုးဖြစ်သည်။ တာအို‌ဆရာကြီး စဖြစ်ကတည်းက ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသေးပေ။ အကယ်၍ မလုပ်တော့လျှင်လဲ ယွမ် သုံးသောင်းက ဆုံးဦးမည်။ ဆရာကြီးသည် ငွေကြေးနှင့် ပတ်သက်လျှင် အလွန်လောဘ ကြီးသူဖြစ်သည်။ “အ-အစကတည်းက ပြဿနာက ဒီလောက်ကြီးမယ်လို့မှ မပြောပြထားတာ”


“၂သောင်းပေါင်းလိုက်၊ ၅သောင်းပေးရင် ငါ အပနှင်ပေးမယ်”


သူ၏ တကယ့်ရုပ်မှန် ပေါ်သွားမှာ ကြောက်၍ လောဘ သိပ်မကြီးရဲကာ စကားဆုံးသည်နှင့် ချောင်းအနည်းငယ် ဆိုးပြလိုက်သည်။ 


“အဟွတ်၊ ဒီလိုရှိတယ်။ အဲ့သရဲတွေက နည်းနည်းအားကြီးတယ်။ သူတို့ကို နှိမ်ဖို့ဆို ငါ့ခန္ဓာကိုယ်က ဒါဏ်ရာ ရနိုင်တယ်။ အဲ့အတွက်၊ နစ်နာကြေးအနေနဲ့ တောင်းတာ”


 ကျန်းဖိန်၏ သူငယ်ချင်းဟောင်းဟာ  ရှေးဟောင်း ဘာသာရေးအလေ့အကျင့် များနှင့် ပတ်သက်လျှင် အလွန့်ကို အယုံလွယ်သူ ဖြစ်သည်။ “ဟုတ်တာပေါ့၊ မှန်တယ် ဆရာကြီး။ ဆရာသာ ကူညီပေးမယ်ဆိုရင် ပိုက်ဆံက စကားပြောစရာကို မလိုတာ”


“ဟုတ်ပြီ၊ ဒီမကောင်းဆိုးဝါးတွေကို စနှိမ်လိုက်ကြရအောင်။ အရင်ဆုံး၊ အခန်းကျယ်တစ်ခု ငါ့ကို စီစဉ်ပေး”


တာအို‌ဆရာကြီးကြီးဟာ သူ၏လွယ်အိတ်ကို ဖွင့်ကာ လိုသည်တို့ကို စတင်ထုတ်လိုက်သည်။ အထဲမှနေ၍ သွေးပေနေသည့် ဆန်တစ်ချို့၊ အ၀တ်များနှင့် တစ်ခြားသော ထူးဆန်းသည့် ပစ္စည်းများ ထုတ်လိုက်သည်။ ထို့နောက် မိုးမခပင်၏ အကိုင်းများလည်း ပါ၀င်သေးသည်။ 


“မင်း “ကျန်း”ကိုတောင် မမြင်ရဘဲ၊ သူ့သရဲကို နှင်ချင်‌နေတာလား။”


ထိုစကားကို ချင်းချိန်ကြားလိုက်မိပြီး နောက်ကျောဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ တစ်ချိန်ထဲ၌ သူ၏နှုတ်ခမ်းများက အေးစက်စက်အရာတစ်ခုကို မထင်မှတ်ဘဲ ထိသွားမိသည်။