Ch 41
Viewers 1k

အခန်း (၄၁)


သူတို့သည် ထို Weibo နောက်ရှိ ပိုင်ရှင်ကို စတင်စစ်ဆေးလိုက်ရာ မကြာမီ၌ ဆွပေးသည့်သူ ဝမ်ကို ဖမ်းမိသွားတော့သည်။


ဝမ်က ဝမ်ချန့်ပဲ ဖြစ်၏။ အစက သူမ ပြုလုပ်ခဲ့ကြောင်း ဝန်မခံခဲ့ပေ။ နောက်ပိုင်း၌ ဝေ့ရုံရုံနှင့် ကျန်သည့်သူများက အသံသွင်းထားသည်ကို ထုတ်ပြလိုက်ပြီး သူတို့က CCTV ဗီဒီယိုကိုလည်း ထုတ်ပြလိုက်လေ၏။


သူမနှင့် ရှဲ့တို့ စကားပြောနေသည့် ဗီဒီယိုကို ကြည့်ပြီးမှသာ ဝမ်ချန့်က ၎င်းကို ဝန်ခံတော့သည်။ သူမထိုသို့ပြုလုပ်ရသည့် အကြောင်းရင်းကိုလည်း ဖြေကြားခဲ့၏။


ဝမ်ချန့်၏အဖြေက ယန်ကျန်ချင်းနှင့် ဝေ့ရုံရုံကို အလွန်ဒေါသထွက်စေခဲ့သည်။ သူမက ပြော၏။


“ငါ ရှန်းထင်ရွှမ်းကို မကြိုက်လို့ “


သင်မကြိုက်လျှင်တောင် တစ်ပါးသူကို ထိုကဲ့သို့ စွပ်စွဲပြောဆိုတာမျိုး မပြုသင့်ပေ။ ရှန်းထင်ရွှမ်းသည် သစ်သီးများ ရောင်းချခြင်းပေါ်တွင် မှီခိုနေထိုင်ရကြောင်း သိထားရပေမည်။ အစားအသောက် ဘေးကင်းရေး ပြဿနာသည် ကိစ္စကြီးတစ်ရပ်ဖြစ်၏။ ထိုအရေးကိစ္စ မရှင်းမလင်း ဖြစ်သွားသည်နှင့် ရှန်းထင်ရွှမ်း၏ စီးပွားရေးက အပြည့်အဝဖျက်ဆီးခံလိုက်ရမည်။


ယခင် Weibo ကို တစ်ချက်ကြည့်ပြီး ထိုကြိမ်းမောင်းနေသည့် မှတ်ချက်များ အရုပ်ဆိုးပုံကို မြင်နိုင်ပေ၏။


အင်တာနက် အသုံးပြုသူများသည် ဤအရေးကိစ္စ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မထင်ထားပေ။ လူတိုင်းက ‌ရှောင်ဖုန်းနှင့် ချင်ယွဲ့ကျီကို မယုံကောင်း မယုံနိုင်သော်ငြား ရဲများကိုမူ သူတို့မပြောရဲချေ။


[ဖာ့ခ် ပြောင်းပြန်ဖြစ်သွားတာက မြန်လိုက်တာကွာ။]


[ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။]


[ပုံဝါးတာကို တည်းဖြတ်တဲ့သူက ကောင်းတယ်လို့ ပြောချင်တယ်။]


[အစ်မလေးက အပြစ်ရှိသလို ခံစားရတာကြောင့် စင်ပေါ်သစ်သီးတွေ မတင်တာလို့ ငါတွေးမိခဲ့တာ။ ငါ ထပ်မှားပြန်ပြီနဲ့တူတယ်။]


[ငါ အဲဒီလူကို သိတယ်။ သူ့နာမည်က ဝမ်ချန့်။]


[သူက xx ကုမ္ပဏီမှာ အလုပ်လုပ်တာ။]


[နောက်ထပ် သတင်းတစ်ခုရှိသေးတယ်နော်။ အရင်တုန်းက ဝမ်ချန့်က အားရွှမ်းကို သူ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ကြိမ်းမောင်းဖို့ဆိုပြီး ရေတပ်ငှားခဲ့တာလေ။ ဒီမှာ သက်သေအနေနဲ့ ဓာတ်ပုံတွေ ရှိတယ်။]


[ဒါဆိုရင် စိတ်ရောဂါဖြစ်နေတဲ့ ရေတပ်ကို သူခေါ်လာတာပေ့ါ။]


[လုပ်စမ်းပါကွာ။ ငါ ဝမ်ချန့်ရဲ့ အချက်အလက်တွေကို စုပြီး ပုံထဲမှာ တင်ထားမယ်။ တစ်လောကလုံးက မကောင်းတဲ့သူတွေ အကုန်လုံး ဝမ်ချန့်လို လူနဲ့ မိတ်ဆွေဖြစ်ပါစေလို့ ဆုတောင်းတယ်။ ပုံ]


ဝမ်ချန့်၏ အချက်အလက်က တူးဆွခံလိုက်ရပြီး လူအချို့က သူမonf ရှန်းထင်ရွှမ်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ရှိခဲ့ကြောင်း ထုတ်ပြလာ၏။


လူအချို့က သူတို့ကြားရှိ ဆက်ဆံရေးက အစတည်းက ဘယ်တုန်းကမှ မကောင်းခဲ့တာဟုတောင် တွက်ချက်ခဲ့ကြသည်။ ရှန်းထင်ရွှမ်းသည် ရှန်းမိသားစုမှ ထုတ်ပယ်ခံရပြီးနောက် ဝမ်ချန့်က ရှန်းထင်ရွှမ်းကို စတင်ပစ်မှတ်ထားလာ၏။


ထိုအကြောင်းကို ပြောတော့မှ ရှန်းမိသားစုသည် အင်တာနက်အသုံးပြုသူများ၏ ဆွဲထုတ်ပြီး ထပ်ခါတလဲလဲ ကြိမ်းမောင်းပြောဆိုခြင်း ခံရပြန်၏။ မကြာမီ၌ လူတိုင်းက နောက်ထပ်အကြောင်းအရာ ‘ကျေးဇူးပါ ချင်ယွဲ့ကျီ’ ဟူသည်ကို ရောက်သွားတော့သည်။


ရှင်းယွမ်ရှန်အတွက် အမှန်တရားက ပေါ်လာပြီး ရှင်းယွမ်ရှန်အတွက် ပြောပေးခဲ့သည့် ချင်ယွဲ့ကျီက နာမည်ကောင်းရလာတော့သည်။ ရှောင်ဖုန်းကလည်း ဖော်လိုဝါများစွာ ရလာပြီး ယခင်က တစ်သန်းအဆင့်ကိုတောင် ပြန်ရောက်သွားလေ၏။


ရှင်းယွမ်ရှန်နှင့် သက်ဆိုင်သည့်အကြောင်းအရာများက လူပြောအများဆုံး ဖြစ်နေစဉ် ဖေးလုပ်ငန်းစုကလည်း ပို့စ်တစ်ခုတင်လာ၏။


[ဖေးလုပ်ငန်းစု။ ရှင်းယွမ်ရှန်ရဲ့ အရသာရှိတဲ့ သစ်သီးတွေက အားလုံးစူပါမောမှာ ရှိပါတယ်။ @လယ်စိုက်တဲ့ အားရွှမ်း။ ပုံ။ ဒီမှာ ပုံဆယ်ပုံလုံးရှိပါတယ်။ ပုံတစ်ခုချင်းစီက ရှန်းထင်ရွှမ်းရဲ့ သစ်သီးတွေပါ။]


[သစ်သီးကို လွှဲပေးလိုက်။ ငါ မင်းကို မသတ်တော့ဘူး။]


[အကန့်အသတ်ဝယ်ယူမှုက တကယ်စိတ်ပျက်စရာကောင်းတာပဲ။ ငါ အားလုံးကို ဝယ်လို့မရဘူးလေ။]


[ဒီသစ်သီးတွေက အရသာရှိတယ်လို့ တွေးနေမိတာ။ ဒါပေမယ့် လူတစ်စုပဲ သိတာနော်။ အခု သရုပ်ဆောင်က ကြော်ငြာပေးနေပြီ ဆိုတော့ မနက်ဖြန်ကျ အပြီးသတ်လောက်မယ်ထင်တယ်။]


ထိုအကြောင်းအရာကြောင့် ရှန်းထင်ရွှမ်း၏ Weibo ဖော်လိုဝါများက တစ်သန်းအထိ တက်သွားတော့၏။


ညရှစ်နာရီခွဲ၌ ငှက်ကလေးတစ်ကောင်က တောင်ခြေ၌ သစ်သီးများ ရောင်းမထွက်ကြောင်း ရှန်းထင်ရွှမ်းကို လာပြောခဲ့သည်။ ရှန်းထင်ရွှမ်းသည် တောင်ခြေသို့ ထွက်ပြေးသွားရာ သစ်သီးများစွာ ကျန်နေလေ၏။ မနေ့တုန်းက အဖြစ်အပျက်ကြောင့် ရွာသူရွာသားအနည်းငယ်သာလျှင် ယနေ့ သစ်သီးလာဝယ်လေ၏။


ရှန်းထင်ရွှမ်းက ကျန်ရှိနေသည့် သစ်သီးများကို ခြံဝန်းထဲသို့ ပြန်သယ်သွား၏။ သူမကိုယ်တိုင် စားလိုက်တာအပြင် ပိုင်ရယ်ကွာသစ်သီးများကို ငှက်ကလေးများနှင့် တောင်ပေါ်ရှိ ကျန်သည့်တိရစ္ဆာန်လေးများကိုလည်း ကျွေးလိုက်၏။


ကြက်မောက်သီးက အထားခံ၏။ ၎င်းပျက်စီးသွားမှာ သူမ မကြောက်ပေ။ ထို့ကြောင့် ချက်ချင်း ဖြေရှင်းရန် မလိုအပ်ချေ။


ကျန်ရှိသည့် သစ်သီး ရှစ်မျိုးကို ဆေးကြောပြီးနောက် အားလုံးကို လေသလပ်ခံကာ ခွဲထားလိုက်တော့၏။ သူတို့ထဲ၌ တတိုင်းမွှေးဘယ်ရီကို အခြောက်ခံပြီး သဘာဝအတိုင်း သိမ်းဆည်းနိုင်၏။


ရှန်းထင်ရွှမ်းက ဖရဲသီးအခွံကို ခွဲပြီး အထဲရှိအသီးကို ဖယ်လိုက်ပြီး အဖြူလွှာသာ ချန်ခဲ့လိုက်၏။ ထိုအပိုင်းအစကို အမျှင်ရှည်လေးများဖြတ်ကာ သကြားလောင်းပြီး ဘေးသို့ ဖယ်ထားလိုက်၏။


ရှန်းထင်ရွှမ်းသည် ဖရဲသီးအပေါ်ယံအလွှာကို ခဏတာနှပ်ထားပြီးနောက် ကီဝီသီးကို အခွံနွှာလိုက်၏။ ပြီး‌နောက် အတွင်းသားကို ယူကာ အတုံးလေးများတုံးလိုက်ပြီး သကြားထည့်ကာ ဘေးဖယ်ထားလိုက်၏။


တရုတ်ဘယ်ရီကိုလည်း ကီဝီအတိုင်း ပြုလုပ်ပြီးနောက် ဘေးသို့ ဖယ်ထားလိုက်သည်။


သကြားနှင့် နှပ်ထားပြီးနောက် ဖရဲသီးအပေါ်ခွံက ရေများထွက်လာတော့သည်။ ရှန်းထင်ရွှမ်းက ဖရဲသီးအပေါ်ခွံနှင့်အရည်ကို အိုးတစ်လုံးထဲထည့်ပြီး ၎င်းတို့ကို ချက်လိုက်၏။ အရည်က ပျစ်လာသည့်အချိန်တွင် အပူချိန်လျော့လိုက်ပြီးနောက် ရေများအငွေ့ပျံသွားသည်အထိ ဖြည်းဖြည်းချင်း မွှေနေလိုက်ကာ စေးကပ်လာမည်ကို ရှောင်ရှားရန်အတွက် ရံဖန်ရံခါတွင် မွှေနေတော့သည်။


ထိုကောင်းမွန်သည့် ဖရဲယိုက အတော်ကြာ ကြာရှည်ခံလိမ့်မည်။


ရှန်းထင်ရွှမ်းသည် အိုးတစ်လုံးထဲတွင် နှပ်ထားသည့် ကီဝီကိုထည့်ပြီး သူတို့ကို ဆူအောင် တည်လိုက်၏။ ဆူလာပြီးနောက် အပူရှိန်လျော့လိုက်သည်။ ထိုအိုးက မကပ်သည့်အိုးဖြစ်သော်ငြား ရှန်းထင်ရွှမ်းသည် မုန့်လုပ်နေစဉ်အတောအတွင်း ဆက်မွှေနေပြီး အရည်များပျစ်လာသည်အထိ စောင့်နေလိုက်၏။ ကီဝီရည်က အသင့်ဖြစ်နေပြီ ဖြစ်သည်။


တရုတ်ပြည်ဘယ်ရီကိုလည်း ထိုနည်းအတိုင်း ပြုလုပ်လိုက်တော့သည်။


ယခင်က ရှန်းထင်ရွှမ်း ဝယ်ထားသည့် ဝိုင်နီက ရောက်လာပြီဖြစ်၏။ သို့သော် အရသာက ပျမ်းမျှပဲဖြစ်သည်။ ထို့ကြောင့် စပျစ်သီးခြောက်အချို့ကို ဖန်ခွက်ထဲထည့်လိုက်ပြီး ကျန်ရှိသည့် ဝိုင်နီများကို ဖန်ခွက်ထဲ လောင်းထည့်လိုက်လေ၏။


ကျန်သည့် တရုတ်ဆီးသီးနှင့် မက်မွန်သီးများအတွက် ရှန်းထင်ရွှမ်းက ဆီသွပ်ဘူးလုပ်လိုက်တော့သည်။


ရှောင်ကျန်းနှင့်ကျန်သည့်သူများက အချိန်ပိုလုပ်ပြီး ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားကြောင်း သိလိုက်ရ၏။ ရှောင်ကျန်းသည် ရှန်းထင်ရွှမ်း၏ ရတနာဆိုင်ကို အမြန်ဖွင့်လိုက်၏။


“စင်ပေါ်မှာ ဘာမှမရှိတာလား၊ ဒါမှမဟုတ် ရောင်းထွက်သွားတာလား “


လုပ်ဖော်ကိုင်ဖက်က ခေါင်းခါလိုက်သည်။ “ရှင်းယွမ်ရှန်က ရှာဖွေမှုအများဆုံး ထပ်ဖြစ်ပြန်ပြီ “


ရှောင်ကျန်းက ဝင်ကြည့်လိုက်ရာ သူတို့အချိန်ပိုဆင်းနေသည့်အတောအတွင်း အင်တာနက်ပေါ်၌ ကိစ္စရပ်များစွာ ဖြစ်သွားကြောင်း ရှာတွေ့လိုက်ရ၏။ “ငါ တကယ် မဖော်ထုတ်နိုင်ခဲ့ဘူး၊ အားရွှမ်းက သစ်သီးရောင်းရုံပဲလေ၊ ဘာကြောင့်များ လူတွေအများကြီးက သူ့ကို ဖျက်ဆီးချင်နေရတာလဲ “


“ဟုတ်ပါ့ ဒါ့ကြောင့် ငါတို့ ဒီနေ့ သစ်သီးမဝယ်ရတာလေ “


ရှန်းထင်ရွှမ်း၏ စျေးဆိုင်သည် စင်ပေါ်၌ ရှိကြောင်း ရှောင်ကျန်း ရှာတွေ့ပြီးနောက် သူက လုပ်ဖော်ကိုင်ဖက်များနှင့် ၎င်းကို ချက်ချင်း ဝယ်ယူခဲ့၏။


နောက်တစ်နေ့တွင် သစ်သီးများရောက်လာသည်။


သုံးယောက်လုံးက သစ်သီးများကို ဆေးကြောကာ သုံးပုံပုံလိုက်၏။ ရှောင်ကျန်းက မက်မွန်သီးစားပြီးပြီဖြစ်သည်။ ထို့ကြောင့် သူက ဖရဲသီးကို မြည်းစမ်းလိုက်သည်။


ရိုးရိုးသားသား ပြောရလျှင် လှီးဖြတ်ပြီးနောက် ဖရဲသီးက ရောက်လာသောကြောင့် ရှောင်ကျန်းသည် အရသာမရှိမှာကို စိုးရိမ်ခဲ့၏။


ရလာဒ်အနေဖြင့် တစ်ကိုက်ကိုက်ရုံဖြင့် အလွန်အရသာရှိသော အေးမြသည့် အချိုဓာတ်ကို ခံစားမိလိမ့်မည်ဟု သူ မထင်ထားပေ။


လျိုမျိုးရိုးဖြင့် နောက်ထပ်အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးက တရုတ်ဆီးသီးကို ဦးစွာ စားခဲ့သည်။ ယခင်က ၎င်းရနံ့ကို ရပြီးနောက် အရသာရှိလိမ့်မည်ဟု သူမ ခံစားခဲ့ရသည်။ တစ်ကိုက်ကိုက်ပြီးနောက် အမှန်တကယ် အရသာရှိကြောင်း ခံစားလိုက်ရတော့သည်။


လေ့မျိုးနွယ် အမျိုးသားလုပ်ဖော်ကိုင်ဖက်ကလည်း ရှိနေ၏။ သူက စပျစ်သီးတစ်လုံးစားပြီးနောက် နောက်ထပ် စပျစ်သီးအခွံကိုတောင် မနွှာနိုင်တော့ဟု ဆိုခဲ့သည်။


တိုတိုပြောရလျှင် သူတို့သုံးယောက်လုံးက သစ်သီးအားလုံးကို အတူတူ စားလိုက်ကြပြီး နောက်ကျ သူတို့သုံးယောက် သစ်သီးများဝယ်သည့်အချိန်၌ မတူညီသည့် အမျိုးအစားများ ဝယ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ သို့မှသာ သူတို့က သစ်သီးများစုပြီး သစ်သီးတစ်မျိုးစီကို ညီတူမျှတူ မျှဝေနိုင်မှာပဲ ဖြစ်၏။ ထိုစျေးဆိုင်ကို ဝယ်ယူမှုကန့်သတ်ရန် မည်သူကများ ပြုလုပ်ခိုင်းထားသနည်း။ ထို့ကြောင့် သူတို့က ဤအတိုင်းသာ စားနိုင်၏။ သို့သော်ငြား ယခုအချိန်ထိ သစ်သီးများ ပြန်မဖြည့်သေးပေ။


ရှောင်လျိုက သက်ပြင်းချလိုက်၏။ “ဒီလူတွေက လွန်လွန်အားကြီးလိုက်တာ “


ရှောင်လေ့က ပြောသည်။ “ဒါမှမဟုတ် မနက်ဖြန်ကျ သစ်သီးဝယ်ဖို့ ရှင်းယွမ်ရှန်ကို သွားကြမလား၊ အင်တာနက်အသုံးပြုသူတွေ ပြောတာတော့ ရှင်းယွမ်ရှန်မှာ တိုက်ရိုက် ဝယ်လို့ရတယ်တဲ့ “


ရှောင်ကျန်းနှင့် ‌ရှောင်လျို၏ မျက်လုံးက လက်သွား၏။ “အကြံကောင်းပဲ “


နောက်တစ်နေ့ သူအိပ်ရာထချိန်၌ လုမင်ဟွေ့သည် ရှန်းထင်ရွှမ်းက ယနေ့ သစ်သီးအမျိုးအစား အသစ်ခြောက်မျိုးကို ပေးရန် အစီအစဉ် မရှိကြောင်း တွေ့လိုက်ရသည်။


လတ်တလော၌ ရှင်းယွမ်ရှန်ပေါ် ရေဆိုးရေညစ်များ တစ်စုံတစ်‌ယောက်က လောင်းချနေကြောင်း လုမင်ဟွေ့ သိသည်။ ထို့ကြောင့် သူသည် ရှန်းထင်ရွှမ်းကို နှစ်သိမ့်လိုက်လေ၏။ “စိတ်မပူနဲ့ ဒီကိစ္စက ဖြေရှင်းပြီးသွားပါပြီ “


ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။ သူက သစ်သီးအသစ်များ မပို့ပေးရသည့် အကြောင်းရင်းမှာ စနစ်ကြောင့် ဖြစ်ပြီး ဝမ်ချန့်၏ လှည့်ကွက်ကြောင့် မဟုတ်ပေ။ လုမင်ဟွေ့သည် သစ်သီးများ သယ်ပြီး ထွက်သွားတော့၏။ သို့သော် ရွာဝင်ပေါက်သို့ ရောက်သည့်အချိန်၌ ရပ်တန့်သွား၏။


ထိုလူသည် ရွာမှဖြစ်ပြီး အသက်ငါးဆယ်အရွယ်ရှိသူဖြစ်၏။ ထို့နောက် သူက လုမင်ဟွေ့နားကပ်ကာ တီးတိုးပြောလိုက်တော့၏။ “မင်း ရှင်းယွမ်ရှန်နဲ့ အလုပ်လုပ်နေသေးတုန်းလား “


“ဘာကိစ္စရှိလို့လဲ “ သူတို့သည် သစ်သီးများကို အမြဲတမ်း ပြန်ပို့ရမည်။ စူပါမားကတ်သို့ သွားသည့်လမ်း၌ ဤနေရာသို့ လာနေစဉ် စူပါမားကတ်က ဝယ်သူများသည် တန်းစီစောင့်နေပြီဖြစ်ကြောင်း ဖုန်းဆက်လာ၏။


ထိုလူက ပြောသည်။ “မင်းမသိဘူးနော် ရှင်းယွမ်ရှန်ထဲက မြေခွေးမက သူစိုက်ထားတဲ့ အသီးတွေမှာ ပြဿနာရှိနေတယ်၊ ရဲက သူ့ဖမ်းသွားတာ၊ သူဘယ်လို မိစ္ဆာနည်းသုံးလိုက်လဲတော့ မသိဘူး၊ ရဲတွေက သူ့ကို ပြန်ပို့လိုက်တယ် “


လုမင်ဟွေ့။ “... “ ဒီဖေ။ #%#%&&&


လုမင်ဟွေ့သည် စိတ်ထဲရှိသည်ကို မပြောလိုက်ဘဲ ဒေါသကို ထိန်းထား၏။


“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ မစ္စရှန်းက ဘယ်လိုလုပ် မြေခွေးမဖြစ်မှာလဲ၊ ဒါ့အပြင် သူ့သစ်သီးတွေက အဆင်ပြေတယ်၊ အရင်အဖြစ်အပျက်က တခြားသူတွေ စွပ်စွဲတာလို့ ရဲတွေက ပြောပြီးသား “


ထိုလူက လုမင်ဟွေ့ကို မြင်ပြီး ခေါင်းခါလိုက်၏။


“ဒီနေ့ခေတ်မှာ လူတွေက နားမထောင်ကြဘူးဘဲ၊ ထားလိုက်တော့ ငါ ဘာမှထပ်မပြောတော့ဘူး “ လုမင်ဟွေ့က ဤနေရာမှ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရန် ယာဉ်မောင်းကို ပြောလိုက်၏။


ထိုဝန်ထမ်းများက လုမင်ဟွေ့နောက် လိုက်လာပြီး ကုန်ပစ္စည်းများကို သယ်ပေးကြတာ ဖြစ်၏။ ယနေ့ ဖြစ်ရပ်ကို မြင်လိုက်ရသည်။ “မစ္စရှန်းရဲ့ဘဝက တကယ်မလွယ်ကူးပဲ “


သူမသည် ရှန်းမိသားစု စွန့်ပစ်သည်ကို ခံခဲ့ရ၏။ ယခုတောင်ပေါ်တွင် တစ်ယောက်တည်းနေကာ အသက်ရှင်နေထိုင်ရေးအတွက် သစ်သီးများရောင်းချနေ၏။ ယင်းက အလွန်ခက်ခဲနေပြီးသားဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရေဆိုးရေညစ်များ လောင်းချသည့်သူများ ရှိ၏။


လုမင်ဟွေ့က သက်ပြင်းချလိုက်သည်။ ရှန်းထင်ရွှမ်း ပိုမိုကောင်းမွန်လာဖို့သာ သူဆန္ဒရှိတော့သည်။


ရှန်းထင်ရွှမ်းက မနေ့တုန်းက ခုံပေါ်ရှိ သစ်သီးများစွာ ရောင်းမထွက်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သစ်သီးတစ်မျိုးစီကို ငါးဆယ်ကတ်တီသာ ထားခဲ့ပြီး သူမက B မြို့သို့ ကုန်တင်ကားလေးကို မောင်းသွားတေ့ာ၏။


ယင်းက မနေ့တုန်းက ပန်းဆိုင်ပဲ ဖြစ်သည်။ သူဌေးက ရှန်းထင်ရွှမ်းရောက်လာသည်ကို မြင်သောအခါ အလွန်စိတ်အားထက်သန်သွားလေ၏။ “အစ်မ ပန်းတွေ ဝယ်ဖို့ ဒီရောက်လာတာလား “


ရှန်းထင်ရွှမ်းက ပြော၏။ “ဟုတ်တယ်၊ ဒီနေ့ မျိုးစေ့တချို့ ဝယ်မလို့ “


ပန်းဆိုင်ရှင်။ “မျိုးစေ့တွေက ဒီမှာပါ “


မနေ့တုန်းက ရှန်းထင်ရွှမ်းသည် သူတို့ဆိုင်၏ မျိုးစေ့အားလုံးနီးပါးကို ဝယ်သွားခဲ့၏။ သူက ပြန်ဖြည့်ရန် အချိန်မရခဲ့ပေ။ ရှန်းထင်ရွှမ်းက ရေတွက်လိုက်ရာ ခုနစ်မျိုးသာ ရှိနေ၏။ “ထပ်ရှိသေးလား “


ပန်းဆိုင်ပိုင်ဆိုင်က ရှန်းထင်ရွှမ်း၌ တောင်ကြီးတစ်တောင် ရှိကြောင်း သိပေ၏။ “ကျွန်တော် ကုန်ပစ္စည်းတွေ ဝယ်တဲ့ စျေးထဲကို ခေါ်သွားရင်ရော ဘယ်လိုလဲ “


“ကောင်းသားပဲ “


သူတို့နှစ်ယောက်သည် ပန်းနှင့်ငှက်စျေးသို့ သွားလိုက်၏။


လမ်းတွင် ပန်းဆိုင်ပိုင်ရှင်က မေးလိုက်၏။


“အစ်မ သစ်သီးဆိုင်ရှိတာလား “ မနေ့တုန်းက ရှန်းထင်ရွှမ်း ပေးခဲ့သည့်သစ်သီးကို စားခဲ့ရသည်။ အိမ်ပြန်ရောက်သည့်အချိန်တွင် စားလိုက်ရာ အလွန်အရသာရှိနေကြောင်း သိလိုက်ရ၏။ ကံဆိုးသည်မှာ ဝယ်ချင်လျှင်တောင် မည်သည့်နေရာတွင် ဝယ်ရမည်မှန်း မသိပေ။


“ဆိုင်မရှိဘူး၊ ဒါပေမယ့် စူပါမောမှာ ရောင်းတယ် “ ရှန်းထင်ရွှမ်းသည် ဖြေလိုက်လေ၏။


ပန်းဆိုင်ပိုင်ရှင်က စူပါမောသည် ပထမတန်းစားစူပါမားကတ်ဖြစ်ပြီး ထိုနေရာ၌ သစ်သီးများ ရောင်းချနိုင်လျှင် ယင်းက ရှန်းထင်ရွှမ်း၏ သစ်သီးများ အရည်အသွေးက ထူးကဲကြောင်း ပြသနေမှန်း မှတ်မိသွား၏။ သူတို့နှစ်ယောက်သည် ပန်းနှင့် ငှက်ရောင်းသည့် စျေးသို့ ရောက်လာပြီး ရှန်းထင်ရွှမ်းသည် ထိုနေရာ၌ ပန်းမျိုးစုံကို ရှာတွေ့၏။ သို့သော်ငြား သူမက ၎င်းတို့ကို မလိုအပ်ချေ။ သူမက ယခုအချိန်၌ မျိုးစေ့များသာ လိုအပ်၏။ လှည့်ပတ်လျှောက်ကြည့်ပြီးနောက် ရှန်းထင်ရွှမ်းသည် ရနိုင်မည့်ပန်းမျိုးစေ့အားလုံးကို ဝယ်လိုက်သည်။


စနစ်က ထိုကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်တာဝန်ကို ထပ်မံထုတ်လာမှာကို သူမကြောက်ရွံ့တာပဲဖြစ်သည်။


ပန်းဆိုင်ပိုင်ရှင်ကလည်း လမ်းကြုံပစ္စည်းအချို့ ဝင်ဝယ်သွား၏။ ပန်းဆိုင်ပိုင်ရှင်ကို နှုတ်ဆက်စကားပြောပြီးနောက် ရှန်းထင်ရွှမ်းသည် ရှင်းယွမ်ရှန်သို့ ပြန်လာကာ အချိန်ကြည့်လိုက်သည်။ အချိန်၌ မနက် ၈နာရီ ထိုးနေပြီဖြစ်သည်။


ခုံပေါ်ရှိ သစ်သီးများကလည်း ရောင်းကုန်သွားပြီ ဖြစ်၏။ တောင်ခြေ၌ စောင့်နေသည့်သူများ ရှိနေသေးသည်။


ထိုလူများသည် မနေ့တုန်းက ရှာဖွေမှုကနေ ရောက်လာတာပဲဖြစ်သည်။ ချင်ယွဲ့ကျီ၏ မိတ်ဆွေများလည်း ပါဝင်ကာ ရှန်းထင်ရွှမ်း၏ သစ်သီးကို စားချင်၏။ သို့သော်ငြား သူတို့က စူပါမော၌ သစ်သီးများ မဝယ်နိုင်ပေ။ ရှန်းထင်ရွှမ်းက ပြန်သွားပြီးနောက် သစ်သီးကတ်တီရာချီ ဖြည့်သွင်းပေးလိုက်၏။ တောင်ပေါ်သို့ ပြန်လာပြီးနောက် ရှန်းထင်ရွှမ်းသည် ပန်းများ စတင်စိုက်ပျိုးတော့၏။


ဝိညာဉ်စွမ်းအား မလုံလောက်မည်ကို သူမ စိုးရိမ်သည်။ ထို့ကြောင့် မျိုးစေ့ကြဲချိန်တိုင်း၌ ရှန်းထင်ရွှမ်းသည် မြေတစ်ကွက်စာသာ ရေလောင်းခဲ့၏။ မွန်းတည့်ချိန်ထိ ရှန်းထင်ရွှမ်းသည် ပန်းပင်ခြောက်မျိုး စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ သူမ နှေးနေသည် မဟုတ်ပေ။ တောင်ခြေ၌ သစ်သီးဝယ်ယူသူ များပြားလွန်းသောကြောင့် ရှန်းထင်ရွှမ်းက တက်လိုက်ဆင်းလိုက်ဖြင့် သစ်သီးများ ဖြည့်ပေးနေရသည်။


သူမသည် စတုတ္တကြိမ်မြောက် သစ်သီးများ ဖြည့်ပေးချိန်၌ သစ်သီးတစ်မျိုးစီကို ငါးရာကတ်တီခန့် ခူးပြီး တောင်ခြေ၌ ထားပေးလိုက်၏။


ညနေစောင်းထိ အလုပ်များနေပြီး ရှန်းထင်ရွှမ်းသည် နောက်ဆုံးတော့ နောက်ဆုံးမြေကွက်ကို ရေလောင်းပြီးသွားပြီ ဖြစ်သည်။


လီလီများဖူးပွင့်လာသည်နှင့် စနစ်အသိပေးသံက ထွက်ပေါ်လာတော့၏။ “ဂုဏ်ပြုပါတယ်။ ၂၂ ခုမြောက်တာဝန်ကို ပြီးစီးသွားပြီ။ ဝိညာဉ်သွေးကြော ၂၂ % ပြန်လည်ဖြည့်တင်းမှု ဆုရရှိပါတယ်။ “


ဝိညာဉ်စွမ်းအားများ ပြန်ရလာသည်နှင့် ချက်ချင်းပင် ရှန်းထင်ရွှမ်းက ခြေဆန့်လိုက်တော့၏။


“ကျိကျိ အောက်က သစ်သီးတွေ ရောင်းကုန်သွားပြီလား “ ကျိကျိသည် ရှန်းထင်ရွှမ်းဆီ သတင်းလာလာပို့သည့် ငှက်လေးပဲ ဖြစ်သည်။


ငှက်လေး။ “ရောင်းကုန်သွားပြီ “


ပြီးနောက် ရှန်းထင်ရွှမ်းသည် တောင်အောက်ဆင်းရန် မလိုအပ်တော့ချေ။ သူမက ခြံထဲသို့ သွားပြီး ညစာစားကာ သူမ ယခင်က ဝယ်လာသည့် အပူပေးခြေဆေးဇလုံကို ထုတ်လိုက်လေ၏။


ယနေ့က အလုပ်များသည့်နေ့ဖြစ်ပြီး နွေရာသီဖြစ်သောကြောင့် ရှန်းထင်ရွှမ်းသည် သူမ၏ ကြွက်သားများနှင့် အရိုးများကို ဖြေလျော့ရန် ရည်ရွယ်လိုက်၏။


ရှန်းထင်ရွှမ်းက ခြေထောက်စိမ်ထားပြီးနောက် ရေချိုးကာ အိပ်ရာဝင်လိုက်တော့သည်။