Ch 40
Viewers 1k

အခန်း ၄၀ (က)


“Host ကျေးဇူးပြုပြီး မတူညီတဲ့ ပန်းအမျိုးသုံးဆယ်ကို ၄၃နာရီအတွင်း စိုက်ပျိုးပါ “


ပန်းအမျိုးအစား သုံးဆယ်လား။


သူမသည် နှစ်ပေါင်းတစ်သောင်း နေခဲ့ပင်လျှင် ရှန်းထင်ရွှမ်းက ယခုအချိန်၌ မတည်ငြိမ်နိုင်တော့ပေ။


“မရဘူး၊ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စိုက်ခိုင်းတာ ငါ နားလည်တယ်၊ ပြောရရင် အဲ့ဒါတွေက စားလို့ရတယ်၊ ပန်းတွေက ဘာလုပ်ဖို့လဲ “ ကြည့်ကောင်းတာအပြင် ဘာများလုပ်နိုင်သေးလို့လဲ။


စနစ်က တည်ငြိမ်စွာ ဖြေလိုက်၏။


“မင်း ရနံ့သင်းတဲ့ လက်ဖက်ရည်လုပ်လို့ရတယ် “


ကျန်သည့်စနစ်များ၏ Host များသည် ရနံ့သင်းသော အဖန်ရည်များ ပြုလုပ်ရန်အတွက် ပန်းပွင့်များကို အသုံးပြု၏။


ရှန်းထင်ရွှမ်း။ “... “


ရှန်းထင်ရွှမ်းက အိပ်ယာထပြီး ယနေ့ စူပါမော၏ နေ့စဉ် ပို့ဆောင်သည့်တာဝန်ကို ပြီးစီး‌အောင် လုပ်လိုက်သည်။ မနေ့တုန်းက ပို့ခဲ့သည့် သစ်သီးခြောက်မျိုးအတွက်မူ ရှန်းထင်ရွှမ်းက နောက်ရက်အနည်းငယ်မှ ထပ်ပို့ပေးမည်ဟု ပြောခဲ့၏။


လုမင်ဟွေ့က အနည်းငယ် စိတ်ပျက်သွားသော်ငြား များများစားစား မပြောခဲ့ပေ။ သူထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းသည် သစ်သီးအချို့ ခူးပြီးနောက် တောင်ခြေ၌ တင်ထားလိုက်ပြီး မြို့တော် B သို့ သွားလိုက်သည်။ သူမသည် ယနေ့ လူနာကို သွားတွေ့ရန် မနေ့တုန်းက ရဲနှင့် သဘောတူညီချက် ယူခဲ့သည်။ ထို့အပြင် သူမ ပန်းမျိုးစေ့များ ဝယ်ရဦးမည်။


သူမသည် ရဲစခန်းသို့ ဦးစွာ သွားလိုက်၏။ လူနာကို မြင်တွေ့ချင်ကြောင်း ရှန်းထင်ရွှမ်းပြောသည့်အချိန်၌ အသက်ပိုကြီးသည့်ရဲ ကျို့ကျန်းက အလုပ်များနေသေးပြီး အချိန်မပေးနိုင် ဖြစ်နေ၏။ ထို့ကြောင့် သူသည် နောက်ထပ်ရဲမေတစ်ယောက်နှင့် မနေ့တုန်းက ရဲနှင့်အတူ လိုက်ပါပို့ဆောင်ခိုင်းလိုက်သည်။


မနေ့ညက ဤကျို့ကျန်းသည် သစ်သီးကို အိမ်ပြန်သယ်လာပြီး သူ၏ သမီးက ညဘက်စာလေ့လာရာမှ ပြန်ရောက်လာသည့်အချိန်၌ စားပွဲပေါ်ရှိ မက်မွန်သီးများကို တွေ့လိုက်ရ၏။


ထိုကာလအတွင်း သူတို့၏အတန်းထဲရှိ အတန်းဖော်တစ်ဦးက နေ့စဉ်နေ့တိုင်း အရသာရှိသည့် သစ်သီးများကို ဝယ်လာခဲ့၏။ သစ်သီးများဝယ်ရန် မလွယ်ကူဟုလည်း ပြောခဲ့သည်။ သူ၏မိခင်က နေ့စဉ်နေ့တိုင်း တန်းစီစောင့်ရသည်ဟု ဆိုသည်။ ရံဖန်ရံခါ၌ ထိုကျောင်းသားသည် ကျန်သည့်ကျောင်းသားများကို သူဝယ်လာသည့် သစ်သီးများ မျှဝေပေး၏။ တစ်ကြိမ်တွင် သူက မက်မွန်သီးများ ဝယ်လာသည်။


ကျို့ကျန်း၏ သမီးသည် မက်မွန်သီးစားရသည်ကို အလွန်နှစ်ခြိုက်၏။ ယခုအချိန်၌ သူက လက်မအရွယ်အစားခန့်ရှိ အကိုက်သေးသေးလေးကို မြည်းစမ်းလိုက်၏။ စားကြည့်ပြီးနောက် အံ့ဩသွားတော့၏။ သူမက အတန်းဖော်ကို ထပ်တောင်းရမှာ အလွန်ရှက်နေ၏။ ထို့အပြင် အတန်းဖော်က မက်မွန်သီးတစ်လုံးသာ ရှိသည်။


သူမသည် သူမမိသားစုကို တောင်းဆိုခဲ့သည်။ သို့သော်ငြား ရက်အနည်းငယ်ကြာပြီးနောက် သူမမိဘများကို မက်မွန်သီးစားချင်ကြောင်း မပြောဘဲမနေနိုင်တော့ချေ။


ထိုညက သူမမိခင်သည် မက်မွန်သီးဝယ်လာပေး၏။ သို့သော်ငြား အရသာက သူမ၏ အတန်းဖော်ယူလာသည်နှင့် လုံးဝကွဲပြားခြား‌နားနေ၏။


သူမအတန်းဖော်သယ်လာပေးသည့် မက်မွန်သီးကို စားပြီးနောက် သူမမိခင်ဝယ်လာသည့် သာမန်မက်မွန်သီးကို စားရခြင်းက ကျို့ကျန်း၏သမီးအဖို့ ဖယောင်းကို စားနေရသည့်ပမာ ခံစားနေရတော့၏။


ထိုစဉ်က ကျို့ကျန်းသည် တစ်စုံတစ်ခုကို သတိပြုမိပြီး ဘာမှားသလဲဟု သူ့သမီးကို မေးခဲ့၏။ သူမသည် ထိုအကြောင်း သူမ၏ ဖခင်ကို ပြောပြခဲ့သည်။ မနက်ဖြန်ကျ အရသာရှိသည့် မက်မွန်သီးများ သွားရှာမည်ဟု သူမမိခင်က ပြောခဲ့သော်ငြား ထိုအရသာနှင့် တူသည့် မက်မွန်သီးကို ရှာမတွေ့ခဲ့ပေ။


ပြီးသွားပြီဟု ထင်ခဲ့သော်ငြား ယနေ့ည အိမ်ပြန်ရောက်လာချိန်၌ စားပွဲပေါ်တွင် မက်မွန်သီးကို တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ ယင်းက သူမအတန်းဖော်သယ်လာသည့် သစ်သီးနှင့် တစ်ထပ်တည်း တူနေ၏။


တစ်ကိုက်ကိုက်ကြည့်ပြီးနောက် အရသာက တူညီကြောင်း တွေ့လိုက်ရသည်။ သူမသည် ချက်ချင်းပင် မက်မွန်သီးကို သုံးစိပ်စိပ်ပြီး တစ်စိပ်ကို သူမစားကာ ကျန်နှစ်စိပ်ကို သူမမိဘများကို မျှပေးလိုက်၏။ ကျို့ကျန်းနှင့် သူ့ဇနီးက စားရန် ငြင်းပယ်ကြသည်။ ယင်းက မက်မွန်သီးတစ်လုံးသာ ဖြစ်၏။ ကလေးက နှစ်သက်လျှင် သူတို့က ကလေးအတွက် ထားပေလိမ့်မည်။


သမီးက လိမ်ညာလိုက်၏။ “ဒီမက်မွန်သီးက သမီး အကြိုက် သိပ်မဟုတ်ဘူး “


ကျို့ကျန်းသည် မက်မွန်သီး၏ ရနံ့ကို ရပြီးဖြစ်ကာ ထိုသစ်သီးက မကောင်းတာမဖြစ်သင့်ဟု ခံစားမိသည်။ မြည်းစမ်းကြည့်ပြီးနောက် သူ့သမီးက တမင်တကာ ပြောကာ သူတို့ကို စားစေချင်မှန်း သူသဘောပေါက်သွား၏။


သူ့ဇနီးနှင့် သမီးနှစ်ယောက်လုံးက သူမက်မွန်သီး ဝယ်လာသည့်နေရာကို မေး၏။


ကျို့ကျန်းကလည်း ယ‌နေ့တွင် မက်မွန်သီးများ ပိုဝယ်ရန် စီစဉ်ထား၏။ သို့သော် အလုပ်ကိစ္စ များလွန်းသောကြောင့် သွားရန် အလုပ်များနေ၏။ ရှန်းထင်ရွှမ်းရောက်လာလိမ့်မည်ဟု မထင်ထားပေ။


ထိုမိန်းကလေးက သူ၏ သမီးထက် အသက်သိပ်မကြီးကြောင်း မြင်လိုက်ရသောအခါ ရှန်းထင်ရွှမ်းကို ဆေးရုံသို့ ခေါ်သွားရန် ရဲနှစ်ယောက်ကို စီမံပေးလိုက်သည်။


ရဲသားလေး၏အမည်က ယန်ကျန်းချင်ဖြစ်သည်။ သူသည် မနေ့တုန်းက ပြန်ရောက်ချိန်၌ အချိန်ပိုလုပ်ခဲ့ရသည်။ သူသည် ရှန်းထင်ရွှမ်းထံမှ ဝယ်လာသည့် ဖရဲသီးကို စခန်း၌ စိပ်ပေးလိုက်သည်။ သူက ဖရဲနှစ်ခြမ်းခွဲပြီး တစ်ခြမ်းကို ဇွန်းတစ်ချောင်းဖြင့် စားတော့သည်။


ကျန်သည့် လုပ်ဖော်ကိုင်ဖက်များကလည်း စားချင်၏။ ထို့ကြောင့် ယန်ကျန်းချင်သည် သူတို့လိုချင်သလောက် ယူရန် ပြောလိုက်၏။


ရလဒ်ကတော့ဖြင့် မက်မွန်သီး၏ ပထမတစ်ခြမ်းကိုသာ သူစားခဲ့ရပြီး ကျန်တစ်ပိုင်းကမူ ကျန်သည့် လုပ်ဖော်ကိုင်ဖက်များက မျှစားလိုက်‌တော့၏။ မက်မွန်သီး၏ ရနံ့က ဆွဲ‌ဆောင်နိုင်စွမ်းရှိလွန်းသည်။


ထိုအကြောင်းကို တွေးမိပြီး ယန်းကျန်းချင်က မတရားသလို ခံစားလိုက်ရသည်။ “နင်တို့ မသိဘူးနော်၊ မနေ့တုန်းက ငါဝယ်လာတဲ့ မက်မွန်သီးကို နာရီဝက်မပြည့်ခင်မှာ စားကုန်သွားတာ “


မက်မွန်သီးက ဆယ်ကတ်တီခန့်ရှိ၏။ ယန်းကျန်းချင်သည် နောက်ပိုင်း ပိုစားချင်သည့် အချိန်၌ သူ၏ လုပ်ဖော်ကိုင်ဖက်များက သူ့အတွက် အခွံတောင် မချန်ပေးထားကြောင်း သိလိုက်ရ၏။


ဝေ့ရုံရုံဟု ခေါ်သည့် ရဲမေက ပြောသည်။


“ဒီမနက် ကျွန်မရဲ့ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေက ရှင်စိုက်တဲ့သစ်သီးက အရသာရှိတယ်ဆိုပြီး ပြောနေကြတာ “ သူမသည် ဖရဲသီးမမြည်းလိုက်ရသော်ငြား လုပ်ဖော်ကိုင်ဖက်များအားလုံးက အရသာရှိသည်ဟု ပြောနေကြသောကြောင့် မဆိုးရွားမှာ သေချာ၏။


“ကျေးဇူးပါ “


သုံးယောက်သားက စကားပြောပြောဆိုဆိုဖြင့် မကြာမီ၌ ဆေးရုံသို့ ရောက်သွားသည်။


“အဲဒီလူက ဆယ်လွှာမှာ “


ယန်ကျန်းချင်သည် သူတို့ကို ဆေးရုံသို့ ခေါ်သွား၏။ လူနာက အသက်လေးဆယ်အရွယ်ခန့်ရှိသည့် လူရွယ်တစ်ဦးဖြစ်သည်။ သူက ဖြူဖျော့သောမျက်နှာဖြင့် ဆေးရုံခုတင်ပေါ်တွင် လှဲနေလျက် အားနည်းနေလေ၏။ တစ်ချက်ကြည့်ရုံဖြင့် သူဝေဒနာခံစားနေရကြောင်း သိနိုင်၏။


ဆရာဝန်အပြောအရ သူသည် အစာအိမ်စုပ်ထုတ်ထားရသည်ဟု ဆိုသည်။


ယေဘူယျအားဖြင့် အစာအိမ်ကို ဆေးကြောရခြင်းက အလွန်နာကျင်၏။ ပြင်းထန်သည့်အမှုများ၌ ဆရာဝန်များသည် အချိန်တိုအတွင်း လူနာ၏ အစာအိမ်ကို နှစ်ကြိမ် မရှင်းနိုင်ကြပေ။


ရှန်းထင်ရွှမ်းက ထိုလူကို မြင်သောအခါ နှုတ်ဆက်စကား ပြောလိုက်၏။ “မင်္ဂလာပါ “


ခုတင်ပေါ်တွင် လှဲနေသည့်လူက ရှန်းထင်ရွှမ်းကို မြင်ပြီးနောက် သူ၏မျက်လုံး၌ အံ့ဩမှုများ ပြည့်သွားကာ ရွံ့ရှာစက်ဆုပ်မှုများ ပြည့်လာလေ၏။ သူက ဘေးရှိရဲကို တစ်ချက်ကြည့်လိုက်ရာ ရှန်းထင်ရွှမ်း၏ အထောက်အထားက မက်မွန်သီးများ ရောင်းသူဖြစ်ကြောင်း ခန့်မှန်းမိသွား၏။ သူက အနည်းငယ်ကြည့်ပြီး ပြောလိုက်၏။


“မင်းပဲ၊ မင်းရဲ့အိမ်က မက်မွန်သီးတွေကို ဝယ်ခဲ့တာ အခုဒီအတိုင်း ဖြစ်သွားပြီ၊ အဲဒီအကြောင်း ပြောကြရအောင် မင်းဆေးဖိုးဝါးခ ပေးရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး “


ထိုလူ၏အသံက အတော်လေးကျယ်၏။ လူနာဆောင်တစ်ခုလုံးက သူ့ဆီအာရုံရောက်လာကြသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့နားရှိ ဆေးရုံနားတစ်ဝိုက်ရှိလူနာများက သူ အစာအဆိပ်သင့်ကြောင်း တွေ့လိုက်ရသည်။


ရှန်းထင်ရွှမ်းက ထိုလူ၏ စကားများကို ထပ်ပြောလိုက်၏။ “မက်မွန်သီးဝယ်တာလား “


ထိုလူက အကြောင်းအရာကို ချက်ချင်း ပြောင်းပြောလိုက်၏။


“ငါ့သားက မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ အနိုင်ရလာတဲ့ မက်မွန်သီးလေ၊ သူက အဲ့ဒါကို မစားချင်လို့ ငါ့ကို ပေးလိုက်တာ၊ တကယ် ကောင်းတဲ့ဟာ မဟုတ်ဘူးပဲ “


ယန်ကျန်းချင်က ငြင်းချင်သော်ငြား သူက ရဲဖြစ်နေကြောင်း တွေးမိပြီး ထိန်းချုပ်ထားလိုက်၏။ ထိုလူက အဓိပ္ပာယ်မရှိတာ ပြောနေတာပဲ ဖြစ်၏။


သူသည် မက်မွန်သီးတစ်ခြမ်းကို စား၏။ နောက်တစ်ခြမ်းကို စစ်ဆေးပြီးနောက် တကယ် အဆိပ်ရှိနေသည်။ သို့သော် မနေ့တုန်းက ရဲစခန်းသို့ ပြန်သယ်လာသည့် မက်မွန်သီးများက အရသာရှိပြီး အဆိပ်မရှိကြောင်း တွေ့လိုက်ရသည်။


သူတို့ ပြန်သယ်လာသည့် မက်မွန်သီးများသည် သူတို့မျက်စိရှေ့၌ အပင်ပေါ်မှ ခူးတာဖြစ်သည်။ မက်မွန်သီးတစ်သောင်းထဲ၌ လူတိုင်းအဆင်ပြေခဲ့၏။ ထိုလူတစ်ယောက်ကျမှ အဘယ်ကြောင့် ပြဿနာဖြစ်ရသနည်း။


သူတို့က ရဲတစ်ယောက်အနေဖြင့် မပြောနိုင်ရုံသာရှိသည်။


ရှန်းထင်ရွှမ်းက စကားမပြောပေ။ ထိုလူက ဆက်ပြောလိုက်၏။


“မင်း ဝန်မခံလို့ရတယ်၊ ဒီအကြောင်းရင်းကြောင့် ငါ နာမကျန်းဖြစ်ခဲ့တာ၊ သူတို့တွေက လျော်ကြေးပေးဖို့ပဲ ဘယ်လိုလုပ်ပြောရဲတာလဲ “


ဝေ့ရုံရုံသည် ထိုလူကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီးနောက် ရှန်းထင်ရွှမ်းရှေ့ တစ်လှမ်းတိုးကာ ပြောလိုက်၏။


“ရှင် အစာအဆိပ်သင့်ရခြင်း အကြောင်းအရင်းကို ရှာမတွေ့သေးဘူး “


လုရယ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။


“ဘယ်လိုလုပ် ရှာမတွေ့ရတာလဲ၊ သူ့မက်မွန်သီးကို စားပြီးတော့ နေမကောင်းဖြစ်တာလေ၊ ဆေးရုံရဲ့ ရောဂါစစ်ဆေးချက်က ရှင်းနေတာပဲ၊ အစာအဆိပ်သင့်တာလို့ ရေးထားတာ “


ဘေးရှိလူနာကလည်း ပြောလိုက်၏။ “ဟုတ်တယ် ဒီရက်တွေမှာ တကယ် သနားဖို့ကောင်းတာ “


ဝေ့ရုံရုံက ရှန်းထင်ရွှမ်းကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်၏။ တစ်ဖက်လူက နေရာမှာတင် ရပ်နေတာကို တွေ့လိုက်ရ၏။


ယန်ကျန်းချင်ကလည်း ပြော၏။


“ခင်များအစာအဆိပ်သင့်တယ်ဆိုတာ ကျုပ်တို့မငြင်းဘူး၊ ဒါပေမဲ့ အစာအဆိပ်သင့်ရခြင်း အကြောင်းအရင်းကို ရှာမတွေ့သေးဘူး၊ ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်မလောပါနဲ့ “


သူ့ဘေးရှိ လူနာက ပြော၏။ “ရှစ်နဲ့ကိုးက တစ်ဆယ်နဲ့ မဝေးဘူး “


“အဲဒီမက်မွန်သီးပဲ ဖြစ်ရမယ် “


ကျန်သည့်လူနာများက လူရွယ်အတွက် စကားပြောနေကြစဉ် စိတ်လှုပ်ရှားနေသောလူက အိပ်ယာပေါ်၌ ထိုင်ပြီး ရုတ်တရက် ပြောလိုက်သည်ကို သူတို့မြင်လိုက်ရ၏။ “ဟုတ်တယ် ငါ ဒီမိန်းမကို အကောက်ကြံတာ၊ အကွက်ချလိုက်တာ “


ယန်ကျန်းချင်နှင့် ဝေ့ရုံရုံက အံ့ဩအားသင့်သွားလေ၏။ “ဘာကို ဆိုလိုတာလဲ “


သူ့ကို ကူပြောပေးသည့် သူကလည်း ကြောင်အသွား၏။


လုရယ်က ပြောလိုက်၏။


“မနေ့ညတုန်းက ညဘက်လမ်းလျှောက်ထွက်တဲ့အချိန် မိန်းမငယ်လေးတစ်ယောက်နဲ့ တွေ့တာ သူက ဒီမက်မွန်သီးကို စားလိုက်ရင် ငါ့ကို ယွမ်တစ်သိန်းပေးမယ်တဲ့၊ ဒီမက်မွန်သီးကို စိုက်ပျိုးတဲ့သူရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် နောက်ထပ် ယွမ်တစ်သိန်းပေးမယ်လို့ ပြောတယ် “


ယန်ကျန်းချင်သည် ဝန်ထမ်းအသစ်ဖြစ်သောကြောင့် ချက်ချင်း မတုန့်ပြန်နိုင် ဖြစ်နေ၏။


တစ်ဖက်ရှိ ဝေ့ရုံရုံကမူ မေးပြီးနေပြီ ဖြစ်သည်။ “အဲဒီအမျိုးသမီးရဲ့နာမည်က ဘာလဲ “


လုရယ်က ပြောလိုက်သည်။ “သူ့နာမည်တော့မပြောဘူး၊ ဒါပေမဲ့ ဆက်သွယ်ဖို့ အချက်လက်ပေးခဲ့တယ်“


ဝေ့ရုံရုံက ဆက်သွယ်ရန် အချက်အလက်ကို ချရေးလိုက်၏။


သူတို့ ခရီးထွက်လာစဉ် အသံသွင်းကိရိယာများကိုလည်း အဆင်သင့်သယ်လာပြီးဖြစ်၏။ ထို့ကြောင့် ထိုလူပြောတာကို မှတ်တမ်းတင်လိုက်ပြီး အသံသွင်းလိုက်ပြီ ဖြစ်၏။


“မင်း ရှင်းပြချင်တာ ရှိသေးလား “ ထိုလူက သိပ်ကို မုန်းတီးစရာကောင်းလွန်းသည်ဟု ယန်ကျန်းချင် ခံစားမိသည်။ သူက တစ်ပါးသူကို အကွက်ချပြီး မောက်မာထောင်လွှားလွန်း၏။


လုရယ်က ကြောက်လန့်တကြား ပြောလိုက်သည်။


“သရဲ သရဲတွေ “ အချို့သော အကြောင်းအရင်းကြောင့် သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အမှန်တရားတစ်ခုပြီးတစ်ခု ပြောလိုက်မိ၏။


ဤအရှိန်အဟုန်ကို မဆုံးရှုံးချင်သောကြောင့် ဝေ့ရုံရုံက ပြောလိုက်၏။ “ရှင်က မှားယွင်းစွပ်စွဲပြီး သူတစ်ပါးကို ချောက်ချတယ်၊ ဒီလိုပြစ်မှုမျိုးနဲ့ ရှင် အခု ဆေးရုံမှာ ရှိနေတာကို ထောက်ပြီး ရှင်ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးမှ ဆက်ဖြေရှင်းမယ် “


လုရယ်က ပြန်ပက်လိုက်၏။ “မဟုတ်ဘူး မဟုတ်ဘူး ငါ ခုနက ပြောတာတွေက အမှန်မဟုတ်ဘူး “


ဥပဒေအရ ခိုင်လုံခြင်းကိရိယာသည် ၎င်းကို မှတ်တမ်းတင်ထားပြီ ဖြစ်သည်။


ဝေ့ရုံရုံသည် လူငယ်ကပေးသည့် ဆက်သွယ်ရန် အချက်အလက်ကို ဗျူရိုဆီသို့ ပို့လိုက်၏။ လူရွယ်ငြင်းနေသေးတာကို မြင်သောအခါ ယန်ကျန်းချင်က အလွန်ဒေါသထွက်သွားသည်။


“ပိုက်ဆံအတွက် ခင်များ ဘာကြောင့် ဒီလောက်အရှက်မဲ့ရတာလဲ “


သူ့ဘေးရှိလူနာများက ရှန်းထင်ရွှမ်းကို တောင်းပန်လိုက်တော့သည်။ “ကိစ္စက ဒီလိုဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး၊ မိန်းကလေးကို တကယ်တောင်းပန်ပါတယ် “


“ဟုတ်တယ် တောင်းပန်ပါတယ်၊ သူ သနားစရာကောင်းလွန်းနေတော့ အမှန်လို့ ထင်လိုက်တာ၊ ဒီလို ကိုယ့်ကိုယ်ကို အကွက်ချထားတာလို့ မထင်ခဲ့မိဘူး “


ရှန်းထင်ရွှမ်းက ခေါင်းခါပြီးနောက် ယန်ကျန်းချင်၊ ဝေရုံရုံတို့နှင့်အတူ ထွက်သွားတော့၏။ လူရွယ်၏ မျက်လုံးထဲရှိ ကြောက်လန့်မှုက မပျောက်သွားပေ။


ဆေးရုံထဲတွင် အပြစ်ရှိသည်ဟု ခံစားနေရသူများကလည်း ရှိသည်။ ဆေးရုံထဲ၌ အညှိုးကြီး ဝိညာဉ်များစွာ ရှိ၏။ ရှန်းထင်ရွှမ်းက တစ်စိတ်တစ်ပိုင်းကိုသာ သုံးပြီး လူရွယ်နား၌ သူတို့ကို ပို့လိုက်သောကြောင့် အမှန်အတိုင်း ပြောလာတာ ဖြစ်သည်။


ဆေးရုံထဲမှ ထွက်လာပြီးနောက် ဝေ့ရုံရုံသည် ရှန်းထင်ရွှမ်းစကားမပြောသည်ကို မြင်ပြီး သူမသည် တစ်ပါးသူအကောက်ကြံတာ ခံရသောကြောင့် စိတ်ညစ်နေတာဟု တွေးမိလိုက်သည်။ “သွားကြမယ် ရှင့်ကို ပြန်ပို့ပေးမယ် “


ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်၏။ “ဒီဖြစ်ရပ်နောက်ကွယ်က ဘယ်သူလဲဆိုတာ ရှာတွေ့ရင် ပြောပြနိုင်မလား “


ဝေ့ရုံရုံက ပြော၏။ “စိတ်မပူပါနဲ့၊ အမြန်ဆုံး သိခွင့်ပေးမှာပါ “


“ကျေးဇူးပါ “ ရှန်းထင်ရွှမ်းသည် သူတို့၏ ပြန်ပို့ပေးမည့် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏။


ရှန်းထင်ရွှမ်း၏ နောက်ကျောကို ကြည့်ပြီး ယန်ကျန်းချင်က ပြောလိုက်သည်။ “ဒီအမှု မြန်မြန်ပြီးသွားဖို့ မျှော်လင့်တယ်၊ ပြီးတော့ အဲ့ဒီအချိန် ဒီအစ်မဆီကို သွားပြီး သစ်သီးသွားဝယ်မှာ “


ဝေ့ရုံရုံက ပြုံးပြီး ဘာမှမပြောတော့ပေ။


ဆေးရုံထဲမှ ထွက်လာပြီးနောက် ရှန်းထင်ရွှမ်းသည် နီးစပ်ရာ ပန်းဆိုင်သို့ ကားငှားသွားလိုက်၏။ နှင်းဆီ၊ ဂန္ဓမာ၊ ပျိုနီနှင့် လီလီတို့အပါအဝင် ပန်းမျိုးစုံရောင်းချသည်။


နှင်းဆီကတင် အမျိုးအစား စုံလင်နေ၏။ ရှန်းထင်ရွှမ်းသည် ပန်းအိုးအချို့ကိုလည်း ရွေးခဲ့၏။ သို့မှသာ သူမဘာသာ သယ်သွားနိုင်မှာ ဖြစ်သည်။


ထိုအရာများဖြင့် ရှန်းထင်ရွှမ်းက ပန်းမျိုးစေ့ ငါးမျိုးကိုလည်း ဝယ်လာခဲ့၏။ ဇီးပန်းပွင့်၊ မနက်ခင်းကျက်သရေ၊ ဂီဆန်ပွင့် စသည်တို့ ဖြစ်သည်။ ရှန်းထင်ရွှမ်းသည် ဆိုင်ထဲရှိ ပန်းများအားလုံးနီးပါးကို ဝယ်ခဲ့၏။


ပန်းအမျိုးအစားသုံးဆယ်က အတော်လေးများသည်။ ရှန်းထင်ရွှမ်းက တစ်နာရီနီးပါး ရွေးပြီးနောက် ဆိုင်ပိုင်ရှင်သည် သူမ နောက်နေသလားဟု တွေးမိသွားသည်။


ပြီးနောက် ရှန်းထင်ရွှမ်း ငွေပေးချေသည့်အချိန်၌ ရှန်းထင်ရွှမ်း ထိုအရာများကို အမှန်တကယ် ဝယ်ခြင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင် သိသွား၏။


ရှန်းထင်ရွှမ်းက ပစ္စည်းများစွာ ဝယ်ယူသောကြောင့် ဆိုင်ရှင်က ရှင်းယွမ်ရှန်သို့ တိုက်ရိုက်ပို့ပေးလိုက်၏။ ဆိုင်ရှင်က မြင်သောအခါ သက်ပြင်းချပြီး ပြောလိုက်၏။ “ဒီနေရာက သိပ်ကောင်းတာပဲ “


‌တောင်၏ တစ်စိတ်တစ်ပိုင်းက ရှင်းလင်းနေသော်ငြား တစ်ဖက်က သီးပင်များက အလွန်လှပပြီး ရောင်စုံကြွယ်ဝကာ အနီ၊ အဝါ၊ အစိမ်း၊ ခရမ်း စသည်ဖြင့် ရှိနေလေ၏။


“ကျေးဇူးတင်ပါတယ် “ ရှန်းထင်ရွှမ်းက ဘော့စ်၏ကားကို ခြံဝန်းရှေ့သို့ မောင်းစေပြီးနောက် သူတို့နှစ်ယောက်က ပန်းများကို အထဲထည့်လိုက်သည်။


ရှန်းထင်ရွှမ်းသည် သစ်သီးတစ်အိတ်ထည့်ပြီးနောက် သူမကို ပြန်ပို့ပေးသည့်အတွက် ကျေးဇူးတင်လက်ဆောင်ပေးလိုက်၏။ သူဌေးက ၎င်းကို ပျော်ရွှင်စွာ ယူပြီး ထွက်သွားတော့သည်။


ရှန်းထင်ရွှမ်းသည် ပန်းများကို အိုးထဲစိုက်ပျိုးလိုက်၏။ နှင်းဆီကဲ့သို့ ပန်းများကို အိုးထဲ စစိုက်ပျိုးလိုက်၏။ ပြီးနောက် တောင်ပေါ်၌ ရွှေ့ပြောင်းစိုက်သည်။


ရွှေ့ပြောင်းသည့်နေရာအတွက်မူ သူက သီးပင်များနှင့် အဝေးဆုံးနေရာကို ရွေးချယ်ထားသည်။


ပင်ကျအိုးများကို ရွှေ့ပြောင်းပြီးနောက် ရှန်းထင်ရွှမ်းသည် မျိုးစေ့များ စကြဲတော့သည်။


ဆီးစေ့များကို ခြံဝန်း၏ နောက်၌ ကြဲထားလိုက်သည်။ နောက်ဆုံး ဂီဆန်ပန်းပွင့်ကိုမူ ရှန်းထင်ရွှမ်းသည် လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ကြဲလိုက်၏။ တောင်အောက်၌ မျိုးစေ့များ ကြဲထားချိန်၌ ရှန်းထင်ရွှမ်းသည် ဝိညာဉ်စွမ်းအင်ဖြင့် ရေမလောင်းရဲပေ။ လူအများ သံသယဝင်မှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းသည် တောင်အောက်မှ မမြင်ရသည့်နေရာ၌သာ မျိုးစေ့များကို ရေလောင်းလိုက်၏။


ဂီဆန်ပန်းပွင့်များက ဝိညာဉ်စွမ်းအင်များစွာ မလိုအပ်ချေ။ အနည်းအကျဉ်းမျှဖြင့် ကိုင်းခက်များစွာ ပေါ်ထွန်းနိုင်၏။


မျိုးစေ့များစွာ ရှိသော်ငြား ရှန်းထင်ရွှမ်းက လမ်း၏ ဘယ်ညာကြဲထားသည့် နေရာသည် တစ်မီတာခန့်သာ ကျယ်၏။ ထို့ကြောင့် ရေတိုအနေဖြင့် အသုံးပြုနိုင်သည်။


“ငါ တာဝန်ဘယ်လောက်များ ပြီးမြောက်သွားပြီလဲ “ ရှန်းထင်ရွှမ်းက စနစ်ကို မေးလိုက်၏။ သူမသည် မျိုးစေ့များစွာကို စိုက်ပျိုးခဲ့ပြီး ပန်းများ ရွှေ့ပြောင်း စိုက်ပျိုးခဲ့ရာ တာဝန်က ပြီး‌မြောက်သင့်ပြီ ဖြစ်သည်။ သို့သော် စက်ရုပ်သံက တာဝန်ပြီးမြောက်ကြောင်း သူမကို သတိမပေးသေးပေ။


“သင်က အမျိုးသုံးဆယ်ထဲက ငါးခုပြီးမြောက်ပါပြီ။ ကျေးဇူးပြုပြီး အလုပ်ဆက်ကြိုးစားပါ “


“နင် ချစ်စရာကောင်းတာတွေ ရောင်းနေတာလား “ ရှန်းထင်ရွှမ်းသည် မနေ့တုန်းက Weibo ပေါ်ရှိ စကားစုကို မြင်ခဲ့၏။ အင်တာနက်အသုံးပြုသူများသည် သူမကို ချစ်စရာကောင်းသည်ဟု ပြောခဲ့သည်။ သူမက အဓိပ္ပာယ်ကို စစ်ဆေးကြည့်ခဲ့၏။ စနစ်က ချစ်စရာကောင်းတာကို ရောင်းသည်ဖြစ်စေ၊ မရောင်းသည်ဖြစ်စေ ကိစ္စမရှိပေ။ အရေးကြီးသည်က “ငါ့အတွက် ဘာ့ကြောင့်ငါးမျိုးပဲ ရေတွက်တာလဲ “အမျိုးအစားသုံးဆယ် စိုက်ပျိုးထားတာ သိသာပေ၏။


စနစ်။ “နှင်းဆီတွေက အစကတည်းက အပွင့်ပါပြီးသားလေ၊ ဒါကြောင့် သင်က ရွှေ့ပြောင်းစိုက်ရုံပဲ၊ စိုက်ပျိုးထားတာ မဟုတ်ဘူး “


ရှန်းထင်ရွှမ်း။ “?” ခွေးစနစ်။


စနစ်။ “ကျုပ်က ခွေးစနစ်မဟုတ်ဘူး “


ဟုတ်ပြီ။ မပြောတော့ဘူးလေ။


ရှန်းထင်ရွှမ်းက အချိန်ကြည့်လိုက်ရာ ညခုနစ်နာရီထိုးနေပြီ ဖြစ်သည်။ သူမသည် မျိုးစေ့များကို ထပ်ဝယ်ရန် မြို့သို့ မသွားတော့ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်၏။ အင်တာနက် အသုံးပြုသူများက မနေ့တုန်းက ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ဆိုင်းနေခဲ့၏။ သို့သော် သူမက တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့ပေ။ ယနေ့ တိုက်ရိုက်ထုတ်လွှင့်သည်ကို မြင်သောအခါ စောင့်ဆိုင်းနေသည့် အင်တာနက်အသုံးပြုသူများက ဝင်လာ၏။


[မနေ့တုန်းက ဒီက ဝယ်သွားတဲ့ စပျစ်သီးက အရသာရှိတယ်။ ဒါပေမဲ့ အစ်မလေး ဘယ်ချိန်ကျမှ ပစ္စည်း ပြန်ဖြည့်မှာလဲ။]


[တူတူပဲဟေ့။ အိုင်ဒီနဲ့ ဝယ်ယူမှုကန့်သတ်ထားတော့ ငါ့မိဘတွေရဲ့ အိုင်ဒီကို သုံးမယ်တွေးထားတာ။ သစ်သီးတွေက ကုန်ကုန်ရောလေ။ ပြန်တောင် မဖြည့်ရသေးဘူး။]



အခန်း (၄၀) (ခ)


ယခင်က စင်မြင့်ပေါ်၌ သစ်သီးတစ်သောင်းခန့်ရှိပြီး ယ‌နေ့တွင်မူ အားလုံးရောင်းထွက်သွား၏။ သို့သော်ငြား ရှန်းထင်ရွှမ်းသည် ကုန်ပစ္စည်းများ ပြန်ဖြည့်ရန် အစီအစဉ် မရှိပေ။


“နောက်ရက် အနည်းငယ်ကြာမှ “


[ဒါက စိတ်အခြေအနေပေါ်မူတည်ပြီး ရောင်းတာလား။]


[အစ်မလေးက ခေါင်းမာလိုက်တာ။]


[ငါ ရှင်းယွမ်ရှန်ကို သွားခဲ့တယ်။ အဲမှာ ဝယ်လို့ရတယ်။]


[ငါသာ မြို့တော် B မှာဆိုရင် သေချာပေါက် သွားမှာပဲ။ ဒါပေမဲ့ ငါက တောင်ဘက်အစွန်ဆုံးပိုင်းမှာ။]


ရှန်းထင်ရွှမ်းသည် စင်ပေါ်ရှိသစ်သီးများအကြောင်း ဘာမှ မပြောခဲ့ပေ။


“ဒီနေ့ အပင်တစ်ချို့ ရွှေ့ပြောင်း စိုက်ခဲ့တာ၊ အပင်ကြီးထွားလာရင် ကြည့်ကောင်းမှာပဲ “ ရှန်းထင်ရွှမ်းသည် ယနေ့စိုက်ပျိုးထားသည့် ပန်းပင်များရှိရာဘက်သို့ ကင်မရာကို လှည့်ပြလိုက်ရာ ချီးကျူးမှုများစွာ ရလိုက်၏။


[ကြည့်ကောင်းလိုက်တာ။]


[ငါ အဲဒီမှာ နေချင်တယ်လေ။]


[ရှန်တူက အဲနေရာနဲ့ လုံးဝမတူဘူး။]


“ဒီနေ့ ရှင်တို့အားလုံးကို သခွားမွှေးသီးတွေ ပြမယ် “ နောက်ဆုံးတိုက်ရိုက် ထုတ်လွှင့်မှု၌ သူမသည် အားလုံးကို


[သခွားမွှေးသီးက ကြီးလိုက်တာ။]


[အဲဒါကို ဝယ်နိုင်တဲ့ သူငယ်ချင်းတွေကို အားကျတယ်ဟေ့။]


[လုံကန်က လိုင်ချီးသီးလောက် ကြီးတယ်နော်။]


[ငါ တကယ်စားချင်တယ်လေ။]


အချိန်နောက်ကျနေသောကြောင့် ရှန်းထင်ရွှမ်းသည် မဲနှိုက်ပေးပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ရန် ပြင်ဆင်နေစဉ် တစ်စုံတစ်ယောက်သည်‌ အောက်တွင် မှတ်ချက်ရေးသည်ကို တွေ့လိုက်ရ၏။


[သူ အရူးလုပ်တာ မခံနဲ့။ တစ်စုံတစ်ယောက်က သူ့ရဲ့သစ်သီးကို စားပြီး အစာအဆိပ်သင့်သွားတာ။ ဆေးရုံပေါ်မှာ လှဲနေတုန်းပဲ။ ငါ့ကို မယုံရင် ရှင်းယွမ်ရှန်ရဲ့ သူဌေးရဲ့ ရက်စက်တာကို ကြည့်ဖို့ Weibo ကို သွားကြည့်လိုက်။]


ထိုသတင်းအချက်အလက်သည် တစ်ဆက်တည်း အကြိမ်များစွာ ပေါ်လာ၏။


ရှန်းထင်ရွှမ်းက မြင်လိုက်ရသည်။


“ဒီအင်တာနက် အသုံးပြုသူက သူပြောတာအတွက် တာဝန်ယူရမယ်၊ ရဲတွေက ဒီကိစ္စကို စစ်ဆေးနေတာ၊ ပြီးတော့ ရလဒ်မကြာခင် ထွက်လာလိမ့်မယ်လို့ ယုံကြည်တယ် “


ကြည့်ရှုသူများက ထိုအရာကို ကြားသည်နှင့် ရှန်းထင်ရွှမ်းအတွက် ပြောပေးရန် အချို့က စကူညီလာကြ၏။


[အစ်မလေးရဲ့သစ်သီးကို ငါလည်း စားတာပဲ။ ဘာပြဿနာမှ မရှိဘူး။]


[ဟုတ်တယ်။ အခုကောလာဟလတွေကို ဖြန့်ရလောက်အောင် အားယားနေတာလား။]


[ထိုလူက အလျှော့မပေးဘဲ ဆက်လက်မှတ်ချက်ပေးနေ၏။]


[သူပြောတာ မယုံနဲ့။ ဒါကြောင့် စင်ပေါ် သစ်သီးမတင်ရဲတာပေါ့။]


[ဒါကို လက်မခံနိုင်ရင် Weibo ကို သွားစစ်ဆေးကြည့်လိုက်။ ဆေးရုံရဲ့ ဆေးစစ်ချက်တွေ အဲ့ဒီမှာ ရှိတယ်။]


တစ်စုံတစ်ယောက်က ကူညီပြောပေးသော်ငြား ထိုမှတ်ချက်ကြောင့် အားလုံးက တိုက်စားခံလိုက်ရသည်။


ရှန်းထင်ရွှမ်းက ထပ်ကြည့်ရမည်ကို ပျင်းရိနေလေ၏။ သူမက မဲနှိုက်ပြီးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လျက် ကိုယ်လက်ဆေးကြောကာ အိပ်ယာဝင်လိုက်တော့သည်။ သူမမနက်ဖြန်ကျ ပန်းပင်များဆက်လက်စိုက်ပျိုးရဦးမည်။


ထိုစဉ် Weibo ကမူ ပေါက်ကွဲသွားလေ၏။


[ရက်စက်တယ်။ ရှင်းယွမ်ရှန် သူဌေး။ ငါ့ရဲ့သူငယ်ချင်းက တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတဲ့ အားရွှမ်ရဲ့ မက်မွန်သီးတစ်လုံးကို ရခဲ့တာ။ ပို့ဆောင်ခကို အနိုင်ရသူက ပေးချေရပေမဲ့ အစကတော့ ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စပေါ့။ စားပြီးတဲ့နောက် အန်ပြီး ဝမ်းပျက်ဝမ်းလျော ဖြစ်လိမ့်မယ်လို့ သူ မထင်ထားဘူး။ ငါတို့ ရဲခေါ်ထားတယ်။ ကျေးဇူးပြုပြီး ထပ်မဝယ်ပါနဲ့။ ဒီမှာ ရဲတွေနဲ့ ဆေးစာတွေပါ။ ဓာတ်ပုံ။]


ဤဘလော့ကာ တင်လိုက်သည့်ပုံက ဆေးရုံမှ အစာအဆိပ်သင့်ကြောင်း သက်သေပြထားသည့် ဆေးစစ်ချက်ဖြစ်သည်။ ရဲများ၏ သတင်းပို့ချက်ကလည်း အမှန်ပဲ ဖြစ်၏။ လူတိုင်းက ထိုအချိန်၌ စကားအတော်ပြောလာကြတော့၏။


[ငါ ဆိုင်ဖွင့်တဲ့အချိန်မှာပဲ တူနဲ့ အထုခံလိုက်ရတယ်။ သနားစရာကောင်းလွန်းတယ်။]


[ငါ မက်မွန်သီးတွေ ဝယ်လာတာ။ ဒါက စားလို့ရမလားမသိဘူး။]


[ငါလည်း ဝယ်ခဲ့တာ။]


[အစတုန်းက အနိုင်ရတဲ့သူတွေကို အားကျနေတာ။ ဒါပေမဲ့ အခု သူတို့ကို ထပ်အားမကျတော့ဘူး။]


[အရင် မိတ်ဆွေတွေကရော ဘယ်လိုလဲ။]


အင်တာနက်အသုံးပြုသူများက မှတ်ချက်များပြုလာစဉ် ဘလော့ကာက နောက်ထပ် Weibo ပို့စ်တစ်ခုကို တင်လိုက်၏။


[ရက်စက်တဲ့ ရှင်းယွမ်ရှန်သူဌေး။ အင်တာနက် အသုံးပြုသူအားလုံး အာရုံစိုက်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ မိတ်ဆွေကတော့ နှစ်ခါလောက် အစာအိမ်ကို စုပ်ထုတ်လိုက်ရပြီး အခု ကောင်းသွားပါပြီ။ ဒါပေမဲ့ သူက မျက်တွင်းတွေ အလွန်ချောင်ကျနေပါတယ်။ ဓာတ်ပုံ]


ထိုပုံက အနည်းငယ် ဝေဝါးနေသော်ငြား အကြမ်းဖျင်း မြင်နိုင်သေး၏။ အင်တာနက်အသုံးပြုသူများက ကြည့်လိုက်သောအခါ ထိုမိတ်ဆွေသည် အသက်ဆုံးရှုံးနေသည့်ပမာ မျက်တွင်းများ ချောင်ကျပြီး အားနည်းပုံပေါ်နေ၏။


[လွန်လွန်းတာပဲ။]


[ရဲခေါ်ပြီး ကြီးကြပ်ရေးတို့ကိုလည်း သတင်းပို့ရမယ်လေ။]


[နှစ်ကြိမ်တောင် အစာအိမ်စုပ်ထုတ်ရတာလား။ အဲဒီလူခံနိုင်ပါ့မလား။]


ခဏအကြာတွင် ရက်စက်သည့် ရှင်းယွမ်ရှန်သူဌေးက ရှာဖွေခံရမှုအများဆုံး ဖြစ်လာပြီး ဖြတ်သန်းသွားလာသူများက ဝင်ကြည့်ရာက လူများစွာသည် စတင်ကျိန်ဆဲရန်အတွက် ရှန်းထင်ရွှမ်း၏ Weibo ဆီသို့ ပြေးသွားကြ၏။


[ပိုက်ဆံကို ဒီလိုရှာနေတာ ရင်မနာဘူးလား။]


[နေ့တိုင်းနေ့တိုင်း အစာအိမ်စုပ်ထုတ်ခံရပါစေလို့ ကျိန်တယ်။]


[ငါ့ကို သဘောကျရင် ဒီမှတ်ချက်ကို နှိပ်လိုက်။ ဒီဘလော့ကာက တစ်ရက်ပဲ နေရတော့မဲ့ပုံပဲ။]


မသင့်တော်သည့် မှတ်ချက်မျိုးစုံက ပေါ်လာနေ၏။ ရှောင်ဖုန်းက ပစ္စည်းပို့ဆောင်ရေး အလုပ်ပြီးသွားပြီးနောက် Weibo ပေါ်ရှိ သတင်းများကို တွေ့လိုက်၏။ သူသည်လည်း Weibo ပေါ်ပေါ်၌ သတင်းတင်လိုက်၏။


[ဖုန့်ကောဓာတ်ပုံဆိုင်။ လယ်စိုက်တဲ့ အားရွှမ်းရဲ့ သစ်သီးတွေက ဘာပြဿနာမှ မရှိတာ သေချာပါတယ်။ ငါတို့မိသားစုက ရှင်းယွမ်ရှန်မှာ နေ့တိုင်း သစ်သီးတွေ ဝယ်နေတာ။ ဘာပြဿနာမှ မရှိဘူး။]


နောက်ဆုံးအခေါက်က ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းအတွက် ပြောခဲ့ပြီး ရှန်းရွှမ်၏ ပရိသတ်များကို ရန်စခဲ့၏။ သူ၏ ဖော်လိုဝါများကလည်း တစ်သန်းမှ ကိုးသိန်းအထိ လျော့ကျသွားခဲ့သည်။ ယနေ့တင်ပြီးနောက် ဖော်လိုဝါများ ဆက်လက်ကျဆင်းနေ၏။


[တစ်ဖက်လူအစာအဆိပ်သင့်တာက မှားတယ်လို့ ဆိုလိုတာလား။]


[အစ်ကိုဖုန်း ငါ နင့်ကို တကယ် စိတ်ပျက်မိတယ်။ လက်တလောမှာ ဓာတ်ပုံတွေ မရိုက်တော့ဘဲ အဲဒီလူကို ပြောပေးနေသေးတာ။ နင့်အလုပ် နင်မေ့သွားပြီလား။]


[မင်းက တကယ် ကပ်ဖားတတ်တဲ့ ခွေးတစ်ကောင်ဖြစ်နေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။ ငါ မင်းကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူး။]


[အစာအဆိပ်သင့်တာလေ။ ဒီကိစ္စကို ရှင်းလင်းလိုက်လို့ မရဘူး။ နင်က ခွေးတစ်ကောင်ပဲ။ နှုတ်ဆက်ပါတယ်။]


[နင် ရိုက်ထားတဲ့ ဓာတ်ပုံတွေအရ အားရွှမ်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဆီ ဦးတည်လာတာ။ ဒါက စီစဉ်ထားတာပဲ။ နင်က သူ့ရဲ့ ကြံရာပါပဲ ဖြစ်ရမယ်။]


ရှောင်ဖုန်းသည် ထိုမှတ်ချက်များကို တွေ့ပြီး အလွန် ဒေါသထွက်သွား၏။ သို့‌သော် ရှန်းထင်ရွှမ်း၏ Weibo ပေါ်ရှိ မှတ်ချက်များက ထိုထက်ပိုရက်စက်သည်။ သူသည် ရက်စက်သည့်ရှင်းယွမ်ရှန်သူဌေး၏ ဘလော့ဂါက မည်သူဖြစ်ကြောင်း ရှာဖွေရန် သူ၏ ကွန်ပျူတာပါရမီရှင် မိတ်ဆွေကို ဆက်သွယ်ခဲ့၏။


H တွင် ချင်ယွဲ့ကျီက ညဘက်ရိုက်ကွင်းပြီးကာစ ဖြစ်ကာ ကုလားထိုင်တွင် ထိုင်ပြီး ရိုက်ကွင်းပြီးမှာကို စောင့်နေလေ၏။


သူ့ဘေးရှိ ရှောင်ယွဲ့က Weibo ကို စစ်ဆေးပြီး ရှာဖွေမှုအများဆုံးအကြောင်းအရာကို တွေ့မြင်ကာ ပြောလိုက်တော့၏။


“ရှင်းယွမ်ရှန်က ရှာဖွေမှုအများဆုံး ထပ်ဖြစ်နေပြန်ပြီ “ ချင်ယွဲ့ကျီ၌ Weibo ရှိသည်။ သို့သော် အိုက်မင်က များသောအားဖြင့် စီမံပေး၏။ ချင်ယွဲ့ကျီသည် ‌ရှောင်ယွဲ့ပြောသည်ကို ကြားသောအခါ သူ၏ Weibo ကို ဖွင့်လိုက်တော့သည်။


ချင်ယွဲ့ကျီ၏ လုပ်ရပ်က သူ့နောက်လိုက်နေသည့် ပရိသတ်များစွာကို စိတ်မအေးနိုင်ဖြစ်သွားစေ၏။


[ငါ့ရဲ့အစ်ကိုက လိုင်းတက်နေတာကို တွေ့လိုက်ရတယ်။ အားလုံးအသင့်ပြင်။]


[အစ်ကိုက Weibo မှာ စာတင်တော့မယ်။]


တစ်မိနစ်ခန့်ကြာပြီးနောက် ချင်ယွဲ့ကျီသည် Weibo ၌ စာမတင်သေးပေ။


[သီးသန့်ပို့တဲ့စာတွေများလွန်းလို့ လိုင်းထစ်နေတာပဲ ဖြစ်ရမယ်။]


ငါးမိနစ်ကြာပြီးနောက် ဘာမှမတက်သေးပေ။


[လတ်တလော သီးသန့်စာတွေ မှတ်ချက်တွေ များလွန်းလို့ သူပြန်မရသေးဘူးနဲ့တူတယ်။]


ဆယ်မိနစ်ကြာပြီးနောက် ဘာမှတက်မလာသေးပေ။


[ငါ့လက်မကို ထပ်သုံးလို့မရ‌တော့ဘူး။ အခု ကွန်ပျူတာကို ပြောင်းထားရတယ်။ ငါ့ရဲ့ F5 ခလုတ်က ကျိုးတော့မယ်လို့ ခံစားနေရတယ်။]


ပရိသတ်များသည် ဆယ့်ငါးမိနစ်ကြာပြီးသည့်တိုင် ပြန်ဆွဲချနေသေးဆဲဖြစ်၏။ လူတိုင်းသည် နောက်ဆုံးတော့ ချင်ယွဲ့ကျီ၏ Weibo ကို တွေ့သွား၏။


[ချင်ယွဲ့ကျီ။ သစ်သီးက အရသာရှိတယ်။ ပြဿနာမရှိတာပဲ ဖြစ်ရမယ်။ ပုံ]


ထိုပုံသည် သူနေထိုင်သည့် ဟိုတယ်ထဲရှိ ရေခဲသေတ္တာပဲ ဖြစ်သည်။ ရှောင်ယွဲ့သည် ထိုစဉ်က သစ်သီးအားလုံးကို ရေခဲသေတ္တာထဲ ထည့်ခဲ့စဉ် သစ်သီးတစ်သေတ္တာ ရှိနေသောကြောင့် သူ ပျော်ရွှင်သလို ခံစားခဲ့ရသည်။ ထို့ကြောင့် သူ ဓာတ်ပုံရိုက်ခဲ့၏။


Weibo ပေါ် စာတင်ပြီးနောက် ချင်ယွဲ့ကျီသည် ဓာတ်ပုံအတွက် ရှောင်ယွဲ့ကို မေးလိုက်၏။

ချင်ယွဲ့ကျီ၏ ပရိသတ်များသည် အစက ဇဝေဇဝါ ဖြစ်သွား၏။ ပြီးနောက် တုန့်ပြန်တော့သည်။


[အား။ အစ်ကို ပြောပြီဆိုတော့ ညီမတို့လည်း ထောက်ပံ့ပေးမယ်။]


[ငါတို့အစ်ကို ပြောတာဆိုအမှန်ပဲ။ သေချာပေါက် အဆင်ပြေမှာပဲ။]


[ဟုတ်ပြီ။ အစ်ကိုက ဘယ်သူ့အတွက် ပြောပေးနေတာလဲ။]


[ငါတို့အစ်ကိုရဲ့မွေးနေ့ပွဲက သစ်သီးတွေက အရင်တုန်းက အဲ့ဒီက ဝယ်လာတာလေ။ ဒါကို ပြောတော့မှ ငါတို့လည်း ရှင်းယွမ်ရှန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့တာပဲ။]


မကြာခင်၌ မုန်းတီးသည့် စာအချို့သည် ချင်ယွဲ့ကျီ၏ ပရိသတ်များ၏ မှတ်ချက်များကြောင့် ဖိနှိပ်ခံလိုက်ရသည်။


ချင်ယွဲ့ကျီ၏ ပရိသတ်များနှင့် မိတ်ဆွေများက ရှန်းထင်ရွှမ်းကို ကြိမ်းမောင်းသည့် သူများအားလုံးကို ဖိနှိပ်ထား၏။ ရှန်းထင်ရွှမ်းသည် ထိုစဉ်က ချင်ယွဲ့ကျီကို ကယ်တင်ခဲ့ပြီး ချင်ယွဲ့ကျီ ယခုပြုလုပ်ပေးသည်က သူမကို ပြန်ပေးဆပ်တာဟု လူများစွာက ပြောကြသည်။


သို့သော်ငြား ချင်ယွဲ့ကျီက ဆူညံလွန်းပြီး သူ၏ ပရိသတ်များကို ဆိုးဆိုးဝါးဝါး လမ်းညွှန်နေကာ အိုင်ဒေါဖြစ်ရန် မထိုက်တန်ဟု ပြောသည့် လူများစွာလည်း ရှိသည်။


အိုက်မင်သည် ချင်ယွဲ့ကျီ၏ Weibo ကို မြင်ပြီး ထခုန်မိလုနီးပါး ဖြစ်သွား၏။ သူက ချင်ယွဲ့ကျီကို ချက်ချင်း ခေါ်လိုက်တော့သည်။ “ယွဲ့ကျီ မင်းဘာလုပ်တာလဲ “


ချင်ယွဲ့ကျီသည် ကိစ္စရပ်များကို အမြဲတမ်း သင့်တော်စွာ ဆောင်ရွက်ခဲ့သောကြောင့် အိုက်မင်သည်လည်း အလွန်စိတ်သက်သာရာရခဲ့သည်။ သို့သော် ချင်ယွဲ့ကျီ လတ်လလော ပြုလုပ်သည့်အရာများက ရှင်းယွမ်ရှန်နှင့် တစ်စုံတစ်ခု ပတ်သတ်နေသရွေ့ အိုက်မင်က သူ့ကို နားမလည်နိုင်သလို ခံစားရသည်။


ချင်ယွဲ့ကျီ။ “ငါ့မှာတိုင်းတာတတ်တဲ့ အာရုံခံချက်တစ်ခုရှိတယ် “


အိုက်မင်က သက်ပြင်းချလိုက်ပြီး အဆုံးတွင် ဘာမှမပြောတော့ပေ။ “ဒါဆို ကောင်းကောင်း ရိုက်ကူးဦး “


ဖုန်းချပြီးနောက် ဝန်ထမ်းတစ်ယောက်က ရောက်လာလေ၏။ “မစ္စတာချင် နောက်ထပ်ရိုက်ကွက်က အသင့်ဖြစ်ပါပြီ “


ချင်ယွဲ့ကျီက ထရပ်လိုက်၏။ သူ၏ မျက်နှာထက်တွင် မည်သည့်အမူBအရာမှ ရှိပုံမရပေ။ “သွားမယ် “


ချင်ယွဲ့ကျီ၏ ပေါ်ပေါက်လာမှုကြောင့် ရှန်းထင်ရွှမ်းသည် ရှာဖွေမှုအမြင့်ဆုံးထိ ရောက်အောင် တွန်းပို့ခံလိုက်ရ၏။


ရှင်းယွမ်ရှန်သည် ရှာဖွေမှုအမြင့်ဆုံး ထိပ်တန်းဆယ်ခုတွင် တိုက်ရိုက်တက်သွားတော့၏။ လူတိုင်းက ဆွေးနွေးနေကြစဉ် အင်တာနက်အသုံးပြုသူများရှေ့၌ ပို့စ်တစ်ခုပေါ်လာတော့သည်။


[ဘေးကင်းရေးမြို့တော် V။ ရှင်းယွမ်ရှန်၏ ရှင်းပြချက်။ မနေ့တုန်းက ကျွန်တော်တို့ ဗျူရိုက မြို့သားရှဲ့ အစာအဆိပ်သင့်တဲ့အကြောင်း သတင်းပို့ချက် ရခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးတော့ ရှဲ့စားသုံးခဲ့တဲ့ မက်မွန်သီးက တကယ်ပဲ အဆိပ်ရှိနေပါတယ်။ ကျွန်တော်တို့ ဗျူရိုက နမူနာယူဖို့ ရှင်းယွမ်ရှန်ကို သွားခဲ့တယ်။ စစ်ဆေးပြီးတော့ သူတို့တွေက အဆိပ်မရှိပါဘူး။ ဒီနေ့ကျွန်တော်တို့ ဗျူရိုနဲ့ ရှင်းယွမ်ရှန်ပိုင်ရှင်က နစ်နာသူဆီသွားလည်ပတ်ခဲ့ပါတယ်။ နစ်နာသူက သူအဆိပ်ရှိတဲ့မက်မွန်သီးကို စားဖို့ အမိန့်ပေးခံခဲ့ရကြောင်းနဲ့ ရှင်းယွမ်ရှန်ကို ချောက်ချခြင်းအတွက် ယွမ်နှစ်သိန်း ရခဲ့ကြောင်း ထွက်ဆိုလာပါတယ်။


နေ့လယ်ခင်းမှာတော့ ရှဲ့ကို ခိုင်းစေတဲ့သူက မြို့တော် B က အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ရှိတဲ့ ဝမ်လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ကြောင်း တွေ့လိုက်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဗျူရိုက ဝမ်ကို ဖမ်းဆီးပြီး တရားခွင်ကို ခေါ်သွားမှာပါ။]


စကားလုံးနှစ်ရာအောက်သာ ရှိသည့် ရှင်းလင်းချက်က အချက်အလက်များစွာ ပါဝင်နေ၏။


ဝမ်နှင့် ရှဲ့တို့၏ အဆက်သွယ်ပြုလုပ်ထားသည့် ဓာတ်ပုံများက Weibo ပေါ်တွင် ပေါ်လာပြီး ထိုစာကို တင်လိုက်သူက ယန်ကျန်ချင်းပဲဖြစ်၏။


ယူနစ်ခေါင်းဆောင်က သူ့ကို ပုံဝါးရန်ပြော၏။ မူလက မျက်နှာများကို သူဝါးထားခဲ့သည်။ ထိုအကြောင်းကို တွေးပြီးနောက် သူ ဇဝေဇဝါ ဖြစ်သလို ခံစားလိုက်ရ၏။ သူသည် လူဆိုးအတွက် အဘယ်ကြောင့် ပုံ ဝါးပေးရမည်နည်း။ ထို့ကြောင့် စကားလုံးသုံးလုံးကိုသာ ဝါးပြီး ဝမ်ချန့်၏မျက်နှာကို သူတို့က တင်လိုက်၏။ တစ်ခါမှ မဖြစ်ဖူးခဲ့သည့် ပုံံဝါးခြင်းဖြစ်သော်ငြား သူက မည်သည့်နည်းနှင့်မဆို တင်လိုက်တော့၏။ ယန်ကျန်ချင်းကို အပြစ်မတင်လေနှင့် အစတွင် သူတို့က သတိပေးချက်ရချိန်၌ ရှဲ့သည် အစာအဆိပ်သင့်ကြောင်း လူတိုင်းက အမှန်တကယ် တွေးထင်ခဲ့၏။ နောက်ပိုင်း၌ ရှင်းယွမ်ရှန်သို့ သူတို့ရောက်သည့်အချိန်ကျမှ မက်မွန်သီးပင်ကြီးကို မြင်လိုက်ပြီး ရှန်းထင်ရွှမ်း အကောက်ကြံခံလိုက်ရမှန်း ခန့်မှန်းမိ၏။


ပြီးနောက် ရှဲ့ကိုယ်တိုင်က သူ့ကို တစ်စုံတစ်ယောက်က အမိန့်ပေးခဲ့ကြောင်းနှင့် ထိုလူ၏ ဖုန်းနံပါတ်ကိုလည်း ပေးလာခဲ့သည်။ ရလဒ်အနေဖြင့် သူတို့က ဗျူရိုသို့ ပြန်သွားပြီး နံပါတ်ကို ရှာလိုက်ရာ ရှာမတွေ့ခဲ့ပေ။ ထပ်ခါတလဲလဲ စစ်ဆေးပြီးနောက် ရှဲ့ကို ညွှန်ကြားခဲ့သော် နံပါတ်သည် တရားမဝင်ဝယ်ယူထားသော နံပါတ်ဖြစ်ပြီး အမည်အမှတ်မရှိကြောင်း ပြောထားလေ၏။


သဲလွန်စက ထိုနေရာမှာတင် အဆုံးသတ်သွားလေ၏။ သို့သော်ငြား ယန်ကျန်ချင်းနှင့် ဝေ့ရုံရုံတို့က အလျှော့မပေးခဲ့ပေ။ သူတို့က ရှဲ့သည် သူ့ကို ဆက်သွယ်လာသည့် သူနှင့် တွေ့သည့် ဗီဒီယိုကို ဆက်လက်ရှာဖွေခဲ့၏။


လူအချို့က ဖန်သားပြင်အပြင်ဘက် ရောက်နေ၏။ သို့သော်ငြား ရက်စက်သောသူဌေး ရှင်းယွမ်ရှန် ဘလော့ဂါက ပေါ်လာလေ၏။