အခန်း(10)
ကျင်းယန် အံ့အားသင့်သွားခဲ့သည်။
သူ့အနေဖြင့် မှော်သတ္တဝါတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားရလေ၏။
ကျင်းယန် ၎င်း၏နားရွက်ရှည်များကို ယုန်ကိုကောက်ကိုင်လိုက်ပြီး သူ့ပေါင်ပေါ်မတင်ခင် အသေးစိတ်စစ်ဆေးလိုက်ကာ ၎င်း၏ခန္ဓာကိုယ်ပေါ်မှ စိုစွတ်မှုကို သုတ်ရန် ပုဝါတစ်ထည်ကို အသုံးပြုလိုက်သည်။
အံ့အားသင့်သွားခြင်းနှင့် သိချင်စိတ်ပြင်းပြခြင်းမှ လွဲ၍ ကျင်းယန် ဤအကြောင်း အများအပြား မတွေးခဲ့ချေ။ သူမေ့မြောသည့်အချိန်က ယုန်က သူ့ကိုစောင့်ရှောက်ပြီး သူ့ဘေးတွင် နေခဲ့ကတည်းက ဆိုလိုသည်မှာ သူ့ဆီဦးတည်၍ အန္တရာယ်ပေးခြင်း မရှိဟု ဆိုလိုလေ၏ ထိုသို့မဟုတ်လျှင် သူကိုမာဝင်နေသော အချိန်က သူ၏လည်ပင်းကို ဖြဲဖွင့်နိုင်လေသည်။
မည်သို့ပင်ဖြစ်စေ တိုက်ခိုက်နိုင်စွမ်း၊ နေရာလွတ်နှင့် အံ့အားသင့်ဖွယ် ဉာဏ်ရည်ဖြင့် သတ္တဝါလေးတစ်ကောင် သူ့ဘေးတွင်ရှိနေခြင်းသည် သင်ထိုသည်ကို မည်မျှပင်ကြည့်ပါစေ သူကသာ ကောင်းကျိုးအများဆုံး ရရှိသော ‘အသားယူသည့် လူ’ ဖြစ်၏။ ဤလက်ရှိ အခြေအနေတွင် အမွှေးနံသာကို စားသုံးပြီး အစပ်ကို သောက်သုံးရန် အခြားသူများအပေါ် မှီခိုနေသူဖြစ်သည်။
၎င်းက ဤသို့ဖြစ်ကတည်းက ၎င်းက လူသားစား သားရဲတစ်ကောင် ဖြစ်လျှင်ပင် ဘာဖြစ်သနည်း?
ယုန်တစ်ကောင်၏ ပေးကမ်းစွန့်ကြဲမှုပေါ်တွင် မှီခိုရမည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု ကျင်းယန် လုံးဝ မထင်ထားခဲ့ပေ။ ထိန်းသိမ်းခံရခြင်း၏ နေရာပေါ်တွင် သူအလွန်စဥ်းစားတတ်စွာ အခြေချလိုက်သည်။ ယုန်၏နားရွက်များနှင့် နောက်ကျောကို နှိပ်ပေးလိုက်ကာ ယုန်လေးကို အလွန်ကောင်းမွန်စွာ အစေခံတာကြောင့် ၎င်းက အားရကျေနပ်သည့် အသံတစ်သံ ထုတ်လိုက်လေသည်။
ယင်ရိလျို မိန်းမောမှုမှ ပြန်ထွက်လာချိန်တွင် သူမအပြင်ဘက်သို့ ခေါ်ဆောင်ခံရတာကို ရှာတွေ့သွားခဲ့သည်။ သူတို့သည် ကျင်းယန်၏ သီးသန့်ဂိုဒေါင်ထဲတွင် ရောက်ရှိနေခဲ့သည်။
သူက စိတ်ကြိုက်ပြင်ဆင်ထားသော sport ကားများကို လက်ညှိုးထိုးပြပြီး ယုန်အတွက် သိုလှောင်ရန် ဟန်ပြလိုက်လျှင် ယင်ရိလျိုကို တစ်ပိုင်းသေသည်အထိ ခြောက်လန့်လိုက်လေသည်။ သူမ၏ ပွင့်ချပ်သုံးချပ် ပါးစပ်လေးကို ဖုံးအုပ်ပြီး ခေါင်းကို ယမ်းလိုက်လေသည်။
ဒါတွေကို ထည့်နိုင်မှာ မဟုတ်ဘူး သူမရဲ့ပါးတွေ ပြဲထွက်သွားလိမ့်မယ်!
ယုန်၏နေရာလွတ်သည် ကားတစ်စင်းကို သိုလှောင်ရန်အတွက် လုံလုံလောက်လောက် မကြီးသည်ကို ကျင်းယန် သတိထားမိသွားသည်။ သို့သော် သူစိတ်ပျက်မသွားချေ။ ဂိုဒေါင်၏ အတွင်းကျဆုံး အပိုင်းဆီသို ယုန်လေးကို ခေါ်ဆောင်သွားခဲ့သည်။ လက်နက်များ ယင်ရိလျို၏မျက်စိရှေ့သို့ ေပါ်ပေါက်လာခဲ့သည်။
သူမတံတွေးမြိုချပြီး တောက်ပစွာ ပြုံးနေသော ကျင်းယန်ကို ကြည့်လိုက်သည်။ မျက်လုံးများကို မှိတ်ပြီး သူမ၏ကံကြမ္မာ မလွှဲရှောင်သာလက်ခံလိုက်ရ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် ယူဆောင်နိုင်သော လက်နက်များအားလုံးသည် ယင်ရိလျို၏ပါးအတွင်း ရွေ့ပြောင်းသွားခဲ့သည်။ ယခုအခါ သူမ၏ပါးပြင်များက ဖောင်းနေသည့်နှယ် ခံစားရရုံသာမက သူမ၏ပါးစပ်သည် မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သော အန္တရာယ်အတွင်း ကျရောက်နေသကဲ့သို့ ခံစားရ၏။
သူတို့နှစ်ယောက်လုံး ကျေနပ်နေသကဲ့သို့ ကျင်းယန်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ယင်ရိလျို ထိတ်လန့်တကြား နားရွက်များကိုထောင်လိုက်ကာ သူမသည်လည်း အပြင်ဘက်မှ လှုပ်ရှားမှုများကို ကြားရလေသည်။
အသံက အတော်ကွာဝေးနေဆဲ ဖြစ်သော်ငြား သူတို့၏အာရုံများသည် သာမန်လူတစ်ယောက်၏ အာရုံကို ကျော်လွန်သည်မှာ ကြာပြီဖြစ်၏။ မဖိတ်ခေါ်ထားသော ဧည့်သည်အချို့ ရှိနေသည့်ပုံပင်။
ကျင်းမိသားစု၏ ရှေ့ဘက်ဝင်ပေါက် အပြင်တွင် လူဝံလက်မောင်းဖြင့် လူငယ်သည် အံကြိတ်နေ၏။ သူ၏နားထင်မှ သွေးကြောများ ဖောင်းထွက်လာသကဲ့သို့ ကျင်းမိသားစု၏ ရှေ့ဘက်ဝင်ပေါက်မှ သတ္တုတန်းများကို သူ၏နက်မှောင်နေသော လူဝံလက်များဖြင့် ဆန့်ကျင်ဘက် ဆွဲနေလေသည်။ သတ္တုတန်းသည် သူ၏လက်ထဲတွင် တွန့်လိမ်သွားကာ လူနှစ်ယောက် ဖြတ်လျှောက်ရန် လုံလုံလောက်လောက် ကြီးသော နေရာလွတ်တစ်ခု ဖြစ်သွားစေခဲ့၏။
သူ့လက်များကို လွတ်လိုက်ပြီး လက်မောင်းများက ဖြည်းညှင်းစွာဖြင့် သာမန် ပြန်ပြောင်းသွားသော်ငြား ၎င်းပေါ်ရှိ အသားအရေသည် နီရဲနေ၏။ သူနာကျင်မှုကြောင့် မျက်နှာမဲ့ပြီး လက်ကို လှုပ်ယမ်းလိုက်သည်။
“ဖာ့ခ်! ကျင်းအိမ်ရဲ့တံခါးက ငရဲလို သန်တယ်ဟ!”
သူ့နောက်ရှိ ယောကျ်ားလေးနှင့် မိန်းကလေးက လျှောက်ဝင်လာပြီး အလွန်ကြီးမားသော ဗီလာကြီးကို လှည့်ပတ်ကြည့်လိုက်လေသည်။ လူကြီးသည် လူကောင်သေးသေးနှင့် ပိန်ပါးပြီး ဂရုဏာမဲ့သည့် အသွင်အပြင်ရှိလေသည်။
သူ ဟွန့် ခနဲလုပ်လိုက်သည်။
“ဒီလိုဗီလာကြီးက ချမ်းသာတဲ့မိသားစု တစ်စုက ပိုင်တာဖြစ်ရမယ်..အတွင်းဘက်က လူတွေက သူတို့ရဲအိမ်မွေး ခွေးနဲ့ ကြောင်တွေ ကိုက်သတ်တာခံရ ပြီးသားဖြစ်လောက်တယ်..ငါတို့ ဒီအကြိမ် ရိပ်သိမ်းမှုကြီး ရမှာသေချာပေါက်ပဲ!”
ယောက်ျားနှစ်ယောက်နှင့် မိန်းမနှစ်ယောက်ပါသော ဤအသင်းတွင် ပိန်ပြီးပုသောတစ်ယောက်က ခေါင်းဆောင်ဖြစ်သော ပုံပင်။ မိန်းကလေးသည် သာမန်ပုံပန်းသွင်ရှိပြီး လူပိန်၏ လက်ထဲတွင် တင်းကြပ်စွာ ဖက်ခံထားရသည်။ သူတို့နောက်မှ လိုက်နေသော လူငယ်တွင် သူတို့သုံးယောက်ကြား အကြီးမားဆုံး ထင်ပေါ်မှုရှိလေသည်။
ပိန်ပြီးပုသော လူသည် မာဖေးကျန့်ဟုခေါ်ပြီး သူ၏လက်မောင်းထဲတွင် ဖက်ထားသောသူသည် သူ၏ရည်းစား ရှောင်းရွှယ်ဖြစ်သည်။
ပျက်ကပ်နေ ရောက်ရှိသည့် ပထမဆုံးနေ့တွင် နှစ်သစ်ကူးဆင်နွှဲရန် သူ၏ရည်စားကို အိမ်ပြန်ခေါ်သွားခြင်းဖြစ်သော်ငြား လမ်းတွင် သူ၏ဦးခေါင်းခွံသည် သန္ဓေပြောင်းပိုးဖလံတစ်ကောင်၏ ချွန်ထက်သောသွားများဖြင့် ကိုက်ဖောက်ခြင်းခံခဲ့ရသည်။ မူလက သေချာပေါက်ပင် သေပြီဟု ထင်ခဲ့သော်ငြား သူ၏မျက်လုံးများကို တစ်ဖန် ပြန်ဖွင့်လိုကချိန်တွင် သူကအဆင်ပြေနေရုံသာမက သူ၏ခန္ဓာကိုယ်ကို လူသားနှင့် ပိုးဖလံကြား ပြောင်းလဲနိုင်သည်ကိုပင် ရှာတွေ့သွားခဲ့သည်။
သူက ဘေးအန္တရာယ်မှ အကျိုးရခဲ့သည်ကို သိခဲ့ပြီး ပိုးဖလံများ၏ စွမ်းရည်ကို ရရှိခဲ့လေသည်။
သူ့နောက်မှ လိုက်လာသောသူသည် သူ၏သွေးရင်းညီငယ် မာဖေးထန်ဖြစ်၏။ သူက တိရစ္ဆာန်များကြောင့် ဒဏ်ရာမရခဲ့သော်လည်း သူ၏လက်မောင်းများသည် လူဝံကဲ့သို့ လက်မောင်းများအဖြစ် ပြောင်းလဲနိုင်ကာ ကျောက်တုံးကို အစိတ်စိတ်အမွှာအမွှာကွဲကြေခြင်းနှင့် ကားများကို ထုချေခြင်းများကို ပြဿနာမရှိ ပြုလုပ်နိုင်လေသည်။
ဤသို့ဖြင့် သုံးယောက်သား သူတို့၏လမ်းတွင် လုယက်ခဲ့ကြာကာ တောင်ထိပ်ဗီလာ ဧရိယာဆီသို့ ရောက်ရှိလာပြီး ဤမိသားစု၏ ဗီလာအိမ်ကို ချက်ချင်းတွေ့လိုက်ရ၏။
ဤကဲ့သို့ကုန်းေမြအပိုင်းအစကြီးတွင် အတွင်းထဲမှာ သိုလှောင်ထားသော အစားအစာ ပမာဏ အများကြီးရှိလိမ့်မည် ဖြစ်၏။
အခြားသူများ၏ ပစ္စည်းများကို ခိုးယူရန် သူတို့ပထမဆုံး ဖောက်ဝင်သောအချိန်က အရှက်ရမှုအနည်းငယ် ခံစားရဆဲဖြစ်၏။ သို့သော် လူအားလုံးတွင် အထူးစွမ်းရည်များမရှိ၊ ရှောင်ရွှယ်ကဲ့သို့ လူအများစုတွင် ကြက်တစ်ကောင်ကို ချည်နှောင်ရန်ပင် ခွန်အားမရှိဖြစ်နေကြပြီး သူတို့ကို သယ်ဆောင်ရန် သူတို့ပေါ်တွင်သာ မှီခိုနိုင်သည်ကို ရှာတွေ့သောအခါ သူတို့၏နှလုံးသားထဲမှ အပြစ်ရှိမှုက တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင် သာလွန်သော အာရုံခံစားမှုဖြင့် အစားထိုးခံလိုက်ရသည်။
သူတို့ကျင်းမိသားစု၏ အရှေ့ဝင်ပေါက်ကို ဖြတ်သန်းဝင်ရောက်ပြီးနောက် သူတို့သုံးယောက် ဗီလာ၏တံခါးဆီ တန်းတန်းမတ်မတ် ဦးတည်ကြပြီး အတွင်းဘက်သို့ လျှောက်ဝင်လိုက်သည်။ မသာယာသော အနံ့တစ်ခုက သူတို့နှာခေါင်းဆီ ကျူးကျော်လာခဲ့သည်။
မာဖေးကျန့် ပိုးဖလံတစ်ကောင် သန္ဓေပြောင်းခြင်းခံရ ပြီးကတည်းက သူ၏အနံ့ခံအာရုံသည် အလွန်အမင်းစူးရှလာခဲ့သည်။ သူအပြင်ဘက်ကို အသက်ရှူနားရန် ဦးတည်စဥ်အတွင်း အတွင်းဘက်ကို ပတ်ကြည့်ရန် သူ့တွင် မာဖေးထန်ရှိလေသည်။
မာဖေးထန် ဗီလာတစ်ခုလံုးကို လိုက်ကြည့်ပြီးနောက် ဧည့်ခန်းထဲမှ ကော်ဖီစားပွဲကို ဒေါသတကြီး ကန်ထုတ်လိုက်ပြီး အပြင်ဘက် ခြံဝင်းဆီ လျှောက်ထွက်လာလေသည်။
“ဖာ့ခ်! ဒီလောက်ကြီးတဲ့ အိမ်ကြီးဖြစ်ပေမယ့် ဆန်စေ့တစ်စေ့တောင်မှ မရှိရဘူးလို့!”
သိုလှောင်ခန်းထဲတွင် သူရှာတွေ့သော တစ်ခုတည်းသောအရာမှာ ထိပ်တန်းအရည်အသွေးဖြင့် စီးကရက်အချို့ဖြစ်၏။ သူသတ္တာကို ဖြဲဖွင့်ပြီး တစ်လိပ်မီးညှိလိုက်သည်။ သူ့ပါးစပ်တွင် တပ်ပြီးရှူသွင်းလိုက်သည်။
“ကော ဒါကမမှန်သေးဘူး..အိမ်ထဲမှလူတစ်ယောက်မှ မတွေ့ဘူး လူသေတစ်ယောက် မှတောင်မတွေ့ဘူး..သူတို့ကြိုတင်ပြီး ထွက်ပြေးသွားကြတာလား?”
မာဖေးကျန့်လည်း စီးကရက်တစ်လိပ်ယူပြီး မီးညှိလိုက်၏။ သူ့ပါးစပ်တွင် တပ်ကာ သူ၏မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အမူအရာတစ်ခုဖြင့် မီးခိုးတိမ်တိုက်တစ်ခု မှုတ်ထုတ်လိုက်သည်။ ဗီလာ၏ ဘေးတိုက်ပုံရိပ်ကိုကြည့်ပြီး မေးစေ့ကိုပွတ်ကာ ပြောလိုက်၏။
“ဟိုကို ကြည့်လိုက်”
သူတို့သုံးယောက် သွားလိုက်ပြီး လူအများကြီးကို တင်နိုင်သည့် စိတ်ကြိုက်ပြင်ဆင်ထားသော လမ်းကြမ်းမောင်း ယာဥ်တစ်စင်းကို တွေ့လိုက်ရသည်။ ပြတင်းပေါက်မှန်သည် စူပါမားကတ်မှ မှန်များနှင့် ကွာခြားကာ ၎င်းကပို၍ လုံခြုံသည်ကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်၏။
“ဒီဟာက ကားကောင်းပဲ!”
မာဖေးထန် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ကားခေါင်မိုးကို ဆွဲကိုင်လိုက်ပြီး ရုတ်တရက် အထက်ခုန်တက်လိုက်သည်။ ပြတင်းပေါက်ကို ဖြတ်၍ အတွင်းဘက်ကို ချောင်းကြည့်လိုက်သည်။
“အတွင်းထဲမှာ စားစရာတွေရှိတယ်!”
မာဖေးထန် ခုန်ဆင်းလာသောအခါ မာဖေးကျန့်ပြောလိုက်၏။
“ဒီအိမ်ထဲမှာ သေချာပေါက်ကို လူတွေရှိတယ်”
ယောကျ်ားလေးနှစ်ယောက်ကို ရှောင်းရွှယ် မနှောင့်ယှက်ရဲတာကြော်င့ မာဖေးကျန့်နောက်မှ နီးနီးကပ်ကပ်သာ လိုက်လာခဲ့သည်။ သူတို့ စကားပြောရပ်ပြီး အတွေးနက်နက်ထဲ နစ်မြှုပ်သွားသည့်အချိန် ထိသာဖြစ်ပြီး သူမအသံသေးသေးဖြင့် ပြောလိုက်သည်။
“ဒါဆို ငါတို့ထွက်သွားသင့်လား?”
မာဖေးကျန့် ရယ်လိုက်၏။ သူတက်ကြွစွာဖြင့် ရှောင်းရွှယ်၏တင်ပါးကို လှမ်းကိုင်ပြီး ညှစ်လိုက်သည်။
“ငရဲလိုပဲ ငါတို့က ထွက်သွားမှာ..အတွင်းဘက်က လူတွေကိုရှာပြီး ကားသော့ကို လက်လွှဲပေးအောင် လုပ်မှာပေါ့ ငါတို့က ဒီကားကိုယူသွားမယ်”
လူကြီးသည် သူ့လက်ကို သိက္ခာမဲ့စွာ ညစ်နေရင်း ပြုံးလိုက်၏။ ရှောင်းရွှယ် မခုခံရဲသော်ငြာ်း သူမ၏အပြုံးက တောင့်တင်းသွားခဲ့ပြီး မျက်နှာကဖြူဖျော့ နေလေသည်။
ယခင်ရက် အနည်းငယ်က သူမသည် မာဖေးကျန့်၏ လက်ဖဝါးထဲတွင် တန်ဖိုးထားစွာဖြင့် ကိုင်ထားသော ဘုရင်မဖြစ်နေသေးခဲ့သည်။ ဤပုပြီး ပိန်သောလူသည် အပြုအမူ အားလုံးဖြင့် သူမကိုကျေနပ်စေရန် ကြိုးစားမည်ဖြစ်ကာ သူမ သူ့ကိုနှစ်ကြိမ် ပါးရိုက်ချင်လျှင်ပင် သူကအလိုရှိလိမ့်မည် ဖြစ်သည်။
လောကကြီးသည် တိုတောင်းသော နေ့ရက်အတွင်း ပြောင်းလဲသွားလိမ့်မည်ဟု မည်သူသိခဲ့မည်နည်း။ မာဖေးကျန့်၏ ဦးခေါင်းခွံသည် ပိုးဖလံ ထိုးဖောက်ခြင်းခံခဲ့ရသော်ငြား သူမသေရုံသာမက သူသည် အရင်ကထက်ပို၍ ကောင်းမွန်လာပြီး ဤလောကကြီးထဲတွင် ရှင်သန်နိုင်ရန် အလိုငှာ သူမ အထင်သေးခဲ့သာ လူကို မျက်နှာသာရရန်သာ လုပ်နိုင်လေသည်။
ယောကျ်ားလေးနှစ်ယောက် စိတ်ကြိုက်ပြင်ဆင်ထားသော ကားကို ဝန်းရံပြီး အဆတ်မပြတ်ကြည့်နေသကဲ့သို့ လူတစ်ယောက် ဗီလာထဲမှာ ထွက်လာသည်ကို ရှောင်းရွှယ်မြင်လိုက်ရ၏။ သူမမာဖေးကျန့်၏ တံတောင်ဆစ်ကို ထိပြီး သူ၏နောက်ကို ကြည့်ရန် အရိပ်အယောင် ပြလိုက်သည်။
ဝှီးချဲပေါ်တွင် ထိုင်နေသော တောင်တက်ဝတ်စုံဖြင့် လူငယ်လေးတစ်ယောက်ကို မြင်ခဲ့ပြီး သူ၏လက်မောင်းထဲတွင် ယုန်တစ်ကောင်ရှိနေ၏။ လူငယ်လေးသည် ဗီလာထဲမှ ဖြေးညှင်းစွာ ထွက်လာခဲ့သည်။
======================