အခန်း(15)
မြေပြင်တစ်ခုလုံးတွေနဲ့ ဂေါ်ဖီထုပ်တွေနဲ့ ပြည့်နှက်သွားတာကို မြင်လိုက်ရတော့ နဂိုတုန်းက တည်ငြိမ်နေခဲ့တဲ့ မဒမ်လီတောင်မှ လန့်ဖျပ်နေခဲ့ပြီဖြစ်ကာ သူမရဲ့ မျက်လုံးများက မြေပြင်တစ်လျှောက်ကိုသာ စိုက်ကြည့်နေခဲ့ပြီး စိတ်တွေကလည်း လူနဲ့မကပ်တော့တဲ့ပုံရတယ်။
ဂေါ်ဖီထုပ်တွေရဲ့ စိတ်ကျေနပ်မှုကို ခံစားလို့ပြီးစီးသွားတဲ့နောက်မှာတော့ ကျန်းကျန်းက ပျော်ရွှင်စွာပြုံးလိုက်ပြီးသူမရဲ့အတွေးတွေက ဂေါ်ဖီထုပ်ခင်းရဲ့အကျော်မှာရှိနေတဲ့ ပြောင်းခင်း၊ ဂျုံစပါးခင်းတွေ ဖက်ကို ဖြတ်ကျော်ရောက်ရှိသွားခဲ့ပြန်တယ်...။
ဝမ်စုဖန်းတစ်ယောက် ရှုံ့တွန့်ပြီးပိန်လှီခြောက်သွေ့ချင်နေတဲ့ ပြောင်းပင်များက ရုတ်တရက် ကြီးထွားမြင့်တက်လာပြီး အပင်တစ်ခုချင်းစီမှာ ကြီးမားပြီးလေးလံပုံရတဲ့ပြောင်းနှံတွေ ချိတ်ဆွဲပြီး အလွန်အမင်းဖြစ်ထွန်းလာတာကို အံ့သြသင့်ကြောင်အမ်းစွာကြည့်နေခဲ့တယ်။ ထို့နောက်မှာ ဂျုံခင်း၊ ပဲပိစပ်ခင်းတွိ၊ ကန်စွန်းဥပင်တွေနဲ့၊ အာလူးပင်တွေ... ။
တစ်နာရီရဲ့လေးပုံတစ်ပုံခန့်ကြာမြင့်ပြီးနောက် တောင်ပေါ်မှ ပြန့်ပြူးတဲ့ မြေနေရာက အလွန်အမင်းဖြစ်ထွန်းအောင်မြင်နေတဲ့ရိတ်သိမ်းခါနီးလယ်ယာမြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ကောက်ပဲသီးနှံတွေ ရင့်ကျက်လာပြီးနောက် ကျန်းကျန်းက သူတို့တွေရဲ့ပျော်ရွှင်တဲ့စိတ်ခံစားချက်တွေကို မျှဝေခံစားနိုင်ခဲ့ပြီး သူမရဲ့မျက်နှာပေါ်မှ အပြုံးလေးက ပိုမိုနက်ရှိုင်းလာခဲ့တယ်။ နေလုံးကြီး ပျောက်ကွယ်သွားချိန်ကျမှ ကျန်းကျန်း သူမရဲ့ အတွေးတွေကို ပြန်လည်ခေါ်ဆောင်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေတယ်။
ကျန်းကျန်းက သူမအခုလေးတင် အိပ်မက်မက်နေခဲ့တယ်လို့ ထင်ထားခဲ့တာ။ သို့ပေမယ့် သူမရဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့အရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်ကြောင်အ,သွားရတော့တယ်။
သူမ မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီး ကောင်းကင်ဆီကိုမော့ကြည့်လိုက်မိပြန်တယ်။ ဒါကလည်း အိပ်မက်တစ်ခုဖြစ်နေသေးပြီး သူမ မနိုးသေးတာများလား။
ကျန်းကျန်းက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်ဖြင့် သူမရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာအားလုံးကို စူးစမ်းစပ်စုလိုစွာကြည့်နေတာကိုမြင်လိုက်ရမှ ဝမ်စုဖန်းတစ်ယောက် နောက်ဆုံးမှာ သတိပြန်ဝင်လာခဲ့ရတယ်။ သူမက မြေပြင်မှာရှိနေတဲ့ ဂေါ်ဖီထုပ်တွေကို တွန်းတိုက်မိရင်း ကျန်းကျန်းဆီကိုပြေးသွားခဲ့ပြီး မြေကြီးပေါ်မှာထိုင်နေတဲ့ ကျန်းကျန်းကို ပွေ့ချီလိုက်တယ်။
သမီးဖြစ်သူကို အချိန်အတော်ကြာအောင် အပေါ်အောက် စစ်ဆေးပြီးမှသာ အဆင်ပြေနေကြောင်း သိရှိသွားခဲ့တာကြောင့် စိတ်သက်သ်ရာရစွာ သက်ပြင်းချလိုက်မိတယ်။
ဝမ်စုဖန်းရဲ့ရင်ခွင်ထဲမှာရှိနေတဲ့ ကျန်းကျန်းကတော့ သူမရဲ့အနောက်ဘက်ကို ပြန်လှည့်ကာ ရင့်မှည့်နေပြီဖြစ်တဲ့ ကောက်ပဲသီးနှံတွေကို ပြန်ကြည့်နေခဲ့မိတယ်။
သူမရဲ့ အံ့သြထိတ်လန့်မှုက မဒမ်လီနှင့် ဝမ်စုဖန်းတို့ထက် မနည်းလှဘူး။ သို့ပေမယ့် သူမက ငေးငိုင်နေတုန်းပဲရှိသေးတယ်။ အိပ်မက်တစ်ခုမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဆောင်းဦးရာသီကို ရောက်နေသလိုဖြစ်နေရတာလဲ?
“ဒါ.. ဒါ...”
ဝန်စုဖန်းက သတိပြန်ကပ်လာပေမဲ့လည်း အလွန် ထိတ်လန့်နေဆဲဖြစ်တာကြောင့် သူမရဲ့ပါးစပ်က အနည်းငယ် အဆင်မပြေဖြစ်နေတုန်းပဲ။
“ဒါ... ဘာဖြစ်နေတာလဲ... ဘာတွေဖြစ်သွားတာလဲ?”
မဒမ်လီ သတိလက်လွတ်နဲ့ သူမရဲ့ခါးတစ်ဝိုက်မှာတွဲထားခဲ့တဲ့ ဆေးလိပ်အိတ်ကြီးကို ထိချင်နေခဲ့ပြီး အဝတ်နဲ့ချုပ်ထားတဲ့အိတ်ထဲမှ ဆေးရွက်ကြီးတွေကိုထုတ်ယူလိုက်ပြီး ဆေးရွက်တွေကိုလိပ်ကာ မီးညှိ့လိုက်တယ်။ ဆေးလိပ်နှစ်ဖွာလောက် ပြင်းပြင်းရှိုက်ပြီးသွားချိန်မှာတော့ သူမ စိတ်ငြိမ်သွားခဲ့ပြီ။
ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးနောက် မဒမ်လီက ကျန်းကျန်းကို စိုက်ကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလာတယ်။
“ဒီကလေးက သာမန်လူတစ်ယောက် မဟုတ်တော့မှာကို ငါကြောက်တယ်”
ဝမ်စုဖန်းက ထိုစကားကိုကြားတော့ ငိုကြွေးလုနီးပါးဖြစ်နေတဲ့ မျက်နှာနဲ့ ပြန်ပြောလာတယ်။
“သူမက ဘာလို့ သာမန်လူမဟုတ်ရမှာလဲ.. သူမကို ကျွန်မ အောက်တိုဘာလမှာ မွေးဖွားခဲ့ပြီး သူမက ကျွန်မရဲ့ဗိုက်ထဲကနေ မထွက်နိုင်သေးခင်မှာ သေလုမြောပါးတောင်ဖြစ်ခဲ့သေးတာလေ.. သူမက မင်နမ်နဲ့ မင်ပေတို့နဲ့ ဘာတစ်ခုမှ ကွဲပြားမနေခဲ့ဘူး”
“ငါဆိုလိုတာက ဒီကလေးက နတ်ဘုရားတွေက လူပြန်ဝင်စားတာမျိုး ဖြစ်နိုင်တယ်လို့ ပြောချင်တာ.. ငါတို့တွေ အရင်တုန်းက နတ်ဘုရားတွေနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို ကြားဖူးခဲ့တာပဲ မဟုတ်ဘူးလား!”
မဒမ်လီက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ငေးငိုက်နေဆဲဖြစ်နေတဲ့ ဝမ်စုဖမ်းကို ပြန်ကြည့်လိုက်တယ်။ ပြီးနောက် သူမနားမလည်နိုင်မှန်းကို ရိပ်မိတာကြောင့် ထပ်ပြီး မတတ်နိုင်ဘဲရှင်းပြလိုက်ရပြန်တယ်။
“မင်းစဉ်းစားကြည့်လိုက်လေ.. မင်ပေကိုမွေးတဲ့အချိန်တုန်းက မင်းဆီမှာ နို့မထွက်နိုင်တော့ဘူး.. မင်းရဲ့ခန္ဓာကိုယ်နဲ့ အရိုးတွေကလည်း မကောင်းခဲ့ဘူး.. ဒါပေမယ့် ကျန်းကျန်းကို မွေးပြီးတဲ့အချိန်မှာ မင်းခန္ဓာကိုယ်က ပိုပြီးသန်မာလာခဲ့တယ်..
နောက်ပြီးမင်းရဲ့နို့တွေက တုန်ဇီကိုမွေးခဲ့တဲ့တုန်းကထက် ပိုပြီးကောင်းကောင်းထွက်နေခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ ထည့်ပြောနေစရာတောင်မလိုဘူး..
လီမင်ပေနဲ့ လီမင်နန်တို့ကလည်း ဒီလအနည်းငယ်အတွင်း ဖမ်းမိတဲ့ငါးတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဖမ်းမိခဲ့တဲ့ ငါးတွေထက်တောင် ပိုများတယ်လို့မထင်ဘူးလား.. ငါထင်တာတော့ ကျန်းကျန်းဆီကို နတ်ဘုရားတွေက ပေးထားတာလို့ထင်တာပဲ”
ကျန်းကျန်းက မဒမ်လီရဲ့ စကားတွေကို နားထောင်ပြီးနောက် မတိုင်ခင်က ဖြစ်သွားခဲ့တဲ့အရာအားလုံးက အစစ်အမှန်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့တယ်။
သူမ မျက်လုံးတွေကို ပြန်လည်မှိတ်ကြည့်လိုက်တယ်။ သေချာတာပေါ့။ သူမရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာအားလုံးက သူမရဲ့ စိတ်ထဲမှာ နောက်တစ်ကြိမ် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပြန်တယ်။
သစ်ပင်နောက်ကွယ်မှာ ပုန်းနေတဲ့ ယုန်လေး၊ အကိုင်းအခက်ပေါ်မှာထိုင်နေတဲ့ ငှက်လေးတွေ၊ သစ်ပင်ရဲ့ ပင်စည်တွေဆီမှာ တွယ်တက်နေကြတဲ့ အင်းစက်ပိုးမွှားများနှင့် မြေပြင်ပေါ်မှာ နစ်မြပ်လျှက်ရှိနေတဲ့ ဂျင်ဆင်းတို့ကိုပါ သူမရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်နေခဲ့တယ်။
သူမ ယုန်လေးကို စိတ်ထဲကနေ တီးတိုးလေးခေါ်ဖို့ကြိုးစားကြည့်လိုက်တော့ ယုန်လေးက ဘေးပတ်ဝန်းကျင်ဆီကို စိတ်ရှုပ်ထွေးစွာ လိုက်ကြည့်ရင်းနဲ့ ပြေးလာခဲ့လေတယ်။
ကျန်းကျန်း သူမရဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ အမှန်ကိုပဲ အဆီများတဲ့ မီးခိုးရောင်ယုန်ကြီးတစ်ကောင်က သူမရဲ့မျက်လုံးရှေ့ကို ရောက်လာတာကို မြင်လိုက်ရပြန်တယ်။ ဒါပေမယ့် ဒီယုန်ကအတော်လေး ဥာဏ်ကောင်းတယ်လို့ ပြောရမယ်။
သူက ဆယ်မီတာလောက်အဝေးမှာ ရပ်တန့်သွားပြီး ထိုအနားမှာရှိနေတဲ့ မြက်တွေကို ငုံ့စားကာ စမတ်ကျစွာနဲ့ လှမ်းကြည့်နေခဲ့တယ်။ တကယ်လို့ ပုံမှန်မဟုတ်ပဲ ဒုက္ခပေးနိုင်မဲ့အရာတစ်ခုခုရှိနေခဲ့ရင် သူက ချက်ချင်း ထွက်ပြေးသွားတော့မဲ့ပုံပဲ။
ကျန်းကျန်းက သူမရဲ့မိသားစုဆီမှာ အစားအသောက်လုံလုံလောက်လောက် မစားရတာ အချိန်အတော်ကြာနေပြီလို့ တွေးလိုက်မိတယ်။ တကယ်လို့ သူမသာ ဒီယုန်ကို ဖမ်းနိုင်ခဲ့မယ်ဆိုရင် သူမရဲ့မိသားစုက ဟင်းကောင်းတစ်ခွက် စားရလိမ့်မယ်။
သူမတွေးတောနေတဲ့အချိန်အတွင်းမှာ ရှည်လျားတဲ့ နွယ်ပင်တွေက ယုန်ကို လျှပ်တပြတ်ဖမ်းလိုက်ပြီး တင်းကြပ်စွာ ချည်နှောင်လိုက်တယ်။
ကျန်းကျန်း အံ့သြတကြီးဖြစ်သွားရပြီး တံတွေးကို မျိုချလိုက်မိတယ်။ သို့ပေမယ့် ယုန်က အပြင်းအထန် ရုန်းကန်နေတာကို မြင်တော့ ထိုယုန်ထွက်ပြေးသွားမှာကိုကြောက်တာကြောင့် ကျန်းကျန်းက ထိုနေရာသို့ အလျှင်အမြန်လက်ညိုးထိုးပြီး အော်ပြောလိုက်တယ်။
“အာ.. အားး.. အားး...”
မဒမ်လီက ကျန်းကျန်းရဲ့လက်ချောင်းနောက်ကို လိုက်ကြည့်လိုက်တယ်။ ကောင်းချက်ပဲ။ ခုနှစ်ပေါင် ၊ ရှစ်ပေါင်လောက်လောက်ရှိတဲ့ အဆီများပုံရတဲ့ယုန်တစ်ကောင်က ကောက်ရိုးပုံထဲမှာ ပြုတ်ကျပြီးငြိနေတာကိုမြင်လို့ရတယ်။
မဒမ်လီ သူမရဲ့ခြေထောက်ကို မြန်သထက်မြန်အောင် မျက်စိတစ်မှိတ်အတွင်းပြေးသွားခဲ့ပြီး ယုန်လေးကို နားရွက်ကနေ ဆွဲကိုင်ပြီးဖမ်းလိုက်တယ်။
“ ငါပြောတာ ဟုတ်မဟုတ်ကြည့်လိုက်လေ.. ငါတို့မိသားစုရဲ့ကျန်းကျန်းက တကယ်ကိုတစ်ခုခုပဲဖြစ်လိမ့်မယ်လို့ ထင်နေပြီ”
မဒမ်လီက စပျစ်နွယ်ပင်ကိုယူလိုက်ကာ ယုန်ကို တင်းတင်းကျပ်ကျပ်ချည်နှောင်ကာ နောက်ကျောဘက်မှာလွယ်ထားတဲ့ ခြင်းထဲကိုပစ်ထည့်လိုက်တယ်။ ထို့နောက် ဝမ်စုဖန်းဆီကို လှမ်းမေးလိုက်ပြန်တယ်။
“မင်း ကျန်းကျန်းကို ကိုယ်ဝန်ဆောင်နေရတုန်းက မင်းဆီမှာ ထူးဆန်းတဲ့ အိပ်မက်တွေဘာတွေ ရှိခဲ့ဖူးသလား..မင်း မသေမျိုးတွေအကြောင်း ဒါမှမဟုတ် အဲလိုတစ်ခုခုအကြောင်းကို အိပ်မက်မက်ခဲဖူးလား”
ထိုစကားကိုကြားတော့ ဝမ်စုဖန်းရဲ့ မျက်နှာက အနည်းငယ်ထူးဆန်းသွားခဲ့ပြီး ပြန်ပြောလာခဲ့တယ်။
“ ကျွန်မ တစ်ခုတုန်းက သာ့တိ(အမိကမ္ဘာကြီး)လို့ခေါ်တဲ့ ရှေးဟောင်းနတ်ဘုရားဆိုတာကို အိပ်မက်မက်ခဲ့ဖူးတယ်.. ဒါပေမဲ့ သူမ ဘယ်လိုလုပ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့လဲမသိဘူး.. သူမရဲ့ရွှေရောင်သွေးတစ်စက်နှင့်အတူ စိတ်ဝိဥာဥ်အဆီအနှစ်ကို ဒီကမ္ဘာကြီးပေါ်မှာ ချန်ထားခဲ့ရတယ်တဲ့...
အဲဒီအိပ်မက်ထဲမှာ သူမက ဒီကမ္ဘာကြီးထဲကို ပြုတ်ကျကျန်ခဲ့တဲ့ စိတ်ဝိဥာဥ်သွေးအဆီအနှစ်တစ်စက်ကို ရှာတွေ့နိုင်မယ်ဆိုရင် တာ့တိကို နိုးထနိုင်စေဖို့ အခွင့်အရေး ရရှိလာလိမ့်မယ်လို့ပြောခဲ့တယ်..
ဒါပေမယ့် ကံဆိုးစွာနဲ့ အဲဒီအချိန်မှာပဲ ကျွန်မ နိုးလာခဲ့ရပြီး စိတ်ဝိဥာဥ်သွေးအဆီအနှစ်ကို ရှာတွေ့ခဲ့ရင် မိခင်ကမ္ဘာကြီးဆီမှာ ဘာတွေဖြစ်လာမလဲဆိုတာကို မသိခဲ့ရဘူး”
မဒမ်လီက စိတ်အားထက်သန်စွာ နားထောင်နေခဲ့ပြီး သူ့ချွေးမရဲ့စကားဆုံးသွားချိန်မှာ စုတ်သပ်ရင်း ပြောလာခဲ့တယ်။
“ကြားရတာ ကောင်းသားပဲ..ဒါပေမယ့် နည်းနည်းလောက် တုံးအအလည်းနိုင်တယ်”
သူမက ဝမ်စုဖန်းဆီကို မျက်လုံးလှန်ကြည့်လိုက်တယ်။
“အဲဒီရှေးခေတ်တွေတုန်းက အကြောင်းကို မသိနိုင်တော့ဘူးလေ.. အမ်.. မင်းရဲ့အိပ်မက်ထဲကအတိုင်းဆို လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက တည်ရှိခဲ့တဲ့နတ်ဘုရားတွေကို အိပ်မက်မက်ခဲ့တယ်လို့ ထင်လား”
ဝမ်စုဖန်းက အချိန်အတော်ကြာအောင် တွေးတောကြည့်ခဲ့ပေမဲ့ သူမ ဘာကိုမှ မမှတ်မိတာတာကြောင့် ကူကယ်ရာမဲ့စွာနဲ့ ခေါင်းကို ခါရမ်းလိုက်တယ်။
မဒမ်လီက သူမရဲ့ ချွေးမဖြစ်သူ ဘာမှ မပြောနိုင်တော့တာကို မြင်လိုက်ရတော့ ထိုအကြောင်းတွေကိုပြောဖို့အတွက် စိတ်အနှောင်အယှက်အဖြစ်မခံတော့ဘူး။
အခုအချိန်မှာ သူမက မြေပြင်အနှံ့ မှာ ရှိနေတဲ့ ရိတ်သိမ်းရတော့မဲ့အခြေအနေမှာရှိနေတဲ့ ကောက်နှံတွေကို ကြည့်ပြီး စိုးရိမ်တကြီးနှင့် ပြောလိုက်တယ်။
“ဒါက အရမ်းကို လျို့ဝှက်ဆန်းကြယ်နိုင်လွန်းတယ်.. ဒါပေမယ့် ငါတို့တွေ ဒီအကြောင်းကို အပြင်လူတွေကို သိသွားအောင် လုပ်လို့မရဘူး.. ဒီတော့ ငါတို့ အိမ်ကိုပြန်ပြီး ကျန်းကျန်းရဲ့အဖေကို တိတ်တိတ်လေးပြောပြရမယ်.. ပြီးရင် ငါတို့ သုံးယောက် ဒီမှာရှိနေတဲ့ကောက်ပဲသီးနှံတွေကို တခြားလူတွေမသိအောင်တိတ်တိတ်ဆိတ်ဆိတ် စုဆောင်းပြီး အိမ်ကိုပြန်သယ်ဖို့ နည်းလမ်းရှာရမယ်”
အဆီအနှစ် ဟုတ်လား? အဲဒီလိုဆိုရင် ထိုအချိန်တုန်းက သူမနဲ့တိုက်မိခဲ့တဲ့အရာက ကံဆိုးမှုတစ်ခု မဟုတ်ခဲ့ဘူးပေါ့။
ဒီစကားက အတော်လေး မိမိုက်နေပုံတောင်ရတယ်နော်!
စာရေးသူမှာပြောစရာရှိပါတယ်:
ဒီဝတ္ထုက စိတ်ကူးယဉ်ဆန်ပါတယ်.. ဟားဟား
မင်းတို့တွေ ဒီလောက်ထိထူထဲလွန်းတဲ့ ရွှေလက်မောင်းကြီးကိုမြင်လိုက်ရတော့ ကြောက်လန့်သွားကြသေးလား?
အဓိကဇာတ်လိုက်ရဲ့ ပထမဆုံး မှော်ဆန်ဆန်အရည်အချင်းတစ်ခုက ထွက်ပေါ်လာပါပြီ!
**