အခန်း(11)
ကွေ့ဟွားက စဥ့်တီတုံးပေါ်မှ ကျန်ရှိနေတဲ့အသားတွေအားလုံးကို ဇလုံတစ်ခုထဲသို့ထည့်လိုက်ပြီး မီးခိုခန်းထဲမှ ကြောင်အိမ်ထဲမှာထည့်ပိတ်လိုက်တယ်။
“ဒီနေ့ အိမ်မှာဟင်းကောင်းတွေ အများကြီးရှိနေပြီပဲလေ.. အသားတွေအများကြီးထည့်ပြီး ဘာလုပ်ရမှာလဲ.. နောက်ပြီး ဆီကလည်း အရမ်းရှားပါးတယ်.. ကျွန်မသာ အများကြီးထည့်လိုက်ရင် ကျွန်မရဲ့အန်တီ စိတ်ဆင်းရဲနေရမှာကို စိတ်ပူမိတယ်”
လျို့ရှို့လန်တစ်ယောက် ဘေးကနေကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ဘူး။ ထိုအချိန်မှာပဲ ကွေ့ဟွားက မီးဖိုချောင်ထောင့်မှ တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ အာလူးအခွံတွေကို တံမြက်စည်းနဲ့လှည်းလိုက်တယ်။ ထိုသို့ လှည်းကျင်းနေရင်းနဲ့ပဲ ကျန်းချွမ်ဟွားကိုပါ အပြင်သို့ တွန်းထုတ်လိုက်လေတယ်။
“စတုတ္ထအဒေါ် .. အပြင်ဘက်မှာ ရပ်ပြီးစောင့်နေပါလား! စတုတ္ထအဒေါ်က ဒီမှာ အာလူးအခွံတွေကိုတက်နင်းထားတာပဲ!”
ကျန်းချွမ်ဟွားတစ်ယောက် အနောက်သို့ တလှမ်းပြီးတစ်လှမ်းဆုတ်သွားခဲ့ရပြီး မီးဖိုချောင်အပြင်ဘက်အထိ ရောက်သွားချိန်မှသာလျှင် အဖြစ်အပျက်တွေအပေါ်မှာ တုံ့ပြန်နိုင်သွားခဲ့လေတယ်။
ကွေ့ဟွားက မီးဖိုချောင်တံခါးနားမှ အမှိုက်တောင်းထဲသို့ အာလူးအခွံတွေကို ပစ်ထည့်လိုက်ပြီး မီးဖိုတံခါးရဲ့ကန့်လန့်ကာကို ပြန်ချလိုက်ပြီး မမေ့မလျော့နဲ့ ပြောခဲ့သေးတယ်။
“ အဝေးကရောက်လာတဲ့ ဧည့်သည်ပဲလေ .. အန်တီ ဘာလို့ အိမ်ထဲကိုသွားပြီး အနားမယူရတာလဲ.. မီးဖိုထဲမှာက သိပ်ပြီးအလုပ်မရှုပ်ပါဘူး”
လျို့ရှို့လန်သည်ကတော့ ဆက်လက်မထိန်းနိုင်တော်ပါပဲ ဗိုက်ကို ဖိနှိပ်ရင်းနဲ့ အော်ရယ်နေမိကာ သူမရဲ့ခါးကိုတောင် ဖြောင့်အောင်မရပ်နိုင်တော့ဘူး။
ကျန်းချွမ်ဟွားတစ်ယောက် အံ့အားသင့်ကြောင်အမ်းနေခဲ့ကာ ကွေ့ဟွားမှ ကန့်လန့်ကာကိုပြန်ချလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတာကို ကြည့်ရင်း သူမရဲ့ မျက်နှာ ရုတ်တရက် ဖြူရောင်ပြီးပြာနှမ်းသွားလေတေု့တယ်။
“မင်းက ငါ့ကို စကားပြောရအောင်လုပ်နေတာပဲ.. ငါပြောမယ်.. မင်း ဘာလို့ ဒီလောက်တောင် ကလေးဆန်နေရတာလဲ.. ကျန်နေတဲ့အသားတွေကို ဗီဒိုထဲကိုမထည့်နဲ့လေ.. မြန်မြန်ထုတ်ပြီး ချက်လိုက်.. အိမ်ထဲမှာ အပူချိန်ကမြင့်နေတာကို ပုတ်သွားရင် ဘယ်လိုလုပ်မလဲ”
မီးဖိုချောင်ထဲမှာ ရှိနေတဲ့ လျို့ရှို့လန်ကတော့ အပြင်ဘက်မှ ကျန်းချွမ်ဟွားရဲ့စကားတွေကိုကြားတော့ ကျယ်လောင်စွာအော်ရယ်လိုက်မိပြန်တယ်။ ကွေ့ဟွားက သူမရဲ့ နှုတ်ခမ်းကိုဖိထားမိကာ မီးဖိုထဲကို ထင်းတွေထပ်ပြီး ထိုးနေလိုက်တယ်။
တစ်ဖက်မှ ကျန်းကျန်းကတော့ အနောက်ဘက်အိမ်ထဲမှာ အချိန်အတော်ကြာအောင် ကစားပြီးတဲ့နောက် ပြန်လည်အိပ်ငိုက်လာခဲ့တယ်။ ဒါကိုမြင်တော့ မဒမ်လီက အလျှင်အမြန်ပြောလိုက်တယ်။
“သူမ ပြန်မအိပ်ခင် မြန်မြန်လေး အိမ်ကိုပြန်ပြီး နို့တိုက်ပေးလိုက်ဦး.. မဟုတ်ရင် အိပ်ပျော်နေရင်နဲ့ ဗိုက်ဆာနေလိမ့်မယ်”
ဝမ်စုဖန်းက သဘောတူလိုက်ပြီး ကလေးကို ပွေ့ချီကာ အခန်းထဲမှ ထွက်ဖို့လုပ်ခဲ့ပေမဲ့ ကလေးကိုလက်တစ်ဖက်က ပွေ့ထားရတာကြောင့် တံခါးကိုဆွဲဖွင့်ဖို့အဆင်မပြေဖြစ်နေခဲ့တယ်။ မဒမ်လီက သူမ တံခါးကိုမဖွင့်နိုင်တာကိုမြင်တော့ သူမက လက်ကိုင်တုတ်ကိုဆွဲယူပြီး အနားကိုလျှောက်လာကာ ဆွဲဖွင့်ပေးလိုက်တယ်။
ထိုအခိုက်အတန့်မှာ ကျန်းချွမ်ဟွားက အနောက်ဘက်အိမ်ကိုပြန်လာရင်းနဲ့ လမ်းလျှောက်နေရင်း မီးဖိုချောင်ထဲမှကိစ္စတွေကို မကျေမနပ်ရေရွက်နေခဲ့တယ်။
သူမက တံခါးကိုဖွင့်ဖို့ လက်ကို ဆန့်တန်းလိုက်တဲ့အချိန်မှာပဲ မဒမ်လီရဲ့ ရှုံ့တွန့်နေတဲ့ မျက်နှာက သူမရဲ့ရှေ့မှာ ချက်ချင်းပေါ်လာတာကြောင့် ကျန်းချွမ်ဟွားရဲ့ ခြေထောက်တွေက ချက်ချင်းပဲ ပျော့ခွေသွားရပြီး လဲပြိုကျတော့မလိုဖြစ်သွားရတာကြောင့် တံခါးကို ဖက်တွယ်လိုက်မိတယ်။
မဒမ်လီက ထိတ်လန့်တုန်လှုပ်စွာနဲ့ တခါးကို ဆုတ်ကိုင်ထားတဲ့ ကျန်းချွမ်ဟွားကိုကြည့်ကာ မျက်မှောင်မကြုတ်ပဲမနေနိုင်ဘူး။
“ငါ့အိမ်ရဲ့တံခါးက ခိုင်တယ်ဆိုပေမယ့် မင်းအဲလောက်ထိဆုတ်ကိုင်ထားရင်တော့ ကျိုးပဲ့မသွားဘူးလို့ မပြောနိုင်ဘူးနော်”
ဝမ်စုဖန်း လှမ်းမေးလိုက်တယ်။
“စတုတ္ထလေးရဲ့ဇနီး.. မင်းဘာဖြစ်နေတာလဲ?”
ကျန်းချွမ်ဟွားက သူမရဲ့ အနာဂတ်(တူ)ချွေးမဖြစ်သူထံမှ မီးဖိုချောင်ထဲမှာ ဆူပူကြိမ်းမောင်းခံခဲ့ရတဲ့အကြောင်းကို တွေးလိုက်မိတော့ သူမရဲ့မျက်နှာက ရုတ်တရက် နီမြန်းပြီး ဖြူလျော်သွားရတယ်။ သူမ မကျေမနပ်ဖြစ်စွာနဲ့ ညည်းညူတိုင်တမ်းချင်သော်လည်း သတ္တိမရှိပြန်ဘူး။ ဒီတော့ ထိုခဏအတွင်းမှာ ကျန်းချွမ်ဟွားတစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေရတယ်။
မဒမ်လီက ဒီနတ်ဆိုးလိုချွေးမကို ကြိုက်နှက်သက်ခြင်းမရှိခဲ့ဘူး။ သူမက ချိုင်းထောက်ကို အမှီပြုကာရပ်နေရင်း ပါးလွှာတဲ့ပါးစပ်တွေနဲ့ပြောလိုက်တယ်။
“မီးဖိုချောင်မှာ ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် အိမ်ထဲကိုပြန်သွားပြီး ကလေးတွေပိုကြည့်နေလိုက်.. တခြားဘာမှ ဆက်ပြောမနေနဲ့ တကယ်လို့ ငါ့ရဲ့အိမ်တံခါးသာ ကျိုးသွားရင် မင်း ပြန်လျော်ရမယ်”
ကျန်းချွမ်ဟွားက ချက်ချင်းပဲ မတ်မတ်ပြန်ရပ်လိုက်ပြီး လမ်းဖယ်ပေးဖို့အတွက် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။
“ကျွန်မ ခုနတုန်းက အာလူးထိုင်ပြီးခွာနေခဲ့လို့ ခြေထောက်တွေ ကျဥ်နေလို့ပါ”
“ကောင်းပြီ ငါနားလည်တယ်”
မဒမ်လီက သူမရဲ့လက်ကိုရှေ့ယမ်းပြီး ပြောလိုက်တယ်။
“မင်း အခန်းထဲကိုသွားပြီးအနားယူလိုက်.. ညစာစားပြီးသွားရင် အနောက်ဘက်က မင်းတို့အတွက်ပြင်ဆင်ထားတဲ့အခန်းထဲမှာ စောစောအိပ်လိုက်တော့.. ခန်က မင်းတို့အတွက် နွေးအောင်လုပ်ပေးထားပြီးပြီ”
ကျန်းချွမ်ဟွားက ပြန်ဖြေလိုက်ပြီး ဝမ်စုဖန်းနဲ့ မဒမ်လီတို့တွေ အရှေ့ဘက်ခန်းဆီကိုသွားတာကိုကြည့်ရင်း တုန်ယင်နေတဲ့ခြေထောက်တွေနဲ့ အခန်းထဲကိုဝင်လာခဲ့တယ်။
လီမူဝူနဲ့ လင်မူစန်းတို့က ထင်းခုတ်ဖို့အတွက် တောင်ပေါ်ကို ထွက်သွားခဲ့ကြပြီး လီမူစန်းက ခန်ပေါ်မှာထိုင်ပြီး အမေဖြစ်သူအတွက် ဆေးရွက်ကြီးတွေကို လိပ်ပေးနေခဲ့တယ်။ တံခါးဖွင့်သံကြောင့် သူ လှမ်းကြည့်လိုက်ချိန်မှာ ကျန်းချွမ်ဟွားတစ်ယောက် ကြောင်တက်တက်နဲ့ ဝင်လာတာကို တွေ့လိုက်ရတာကြောင့် အမြန်မေးလိုက်တယ်။
“မင်း ဘာဖြစ်လာတာလဲ”
ကျန်းချွမ်ဟွားက ခန်ပေါ်မှာထိုင်ပြီး လီမူလင်းကို တွန်းပြီး ပြောလိုက်မိတယ်။
“ရှင်ပြောတော့ ရှင်တို့မိသားစုက အဆင်မပြေဘူးဆို.. အခုကျတော့ ရှင်တို့မိသားစုက အင်အားကြီးလွန်းနေတယ်.. ရှင့်အမေကတော့ ထားပါတော့.. သူမက နယ်ချဲ့နတ်ဆိုးတွေကိုတောင် သတ်နိုင်ခဲ့တာ.. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ သူ(မ)နဲ့ ရန်ဖြစ်နိုင်မှာမဟုတ်ဘူး.. ဒါပေမယ့် အဲဒီ ကလေးမလေး ကွေ့ဟွားကရော.. စကားနည်းနည်းလောက်ပြောလိုက်တာနဲ့ ကျွန်မကိုဆို့နင်သွားအောင်လုပ်ရဲသေးတယ်.. ကျွန်မက သူမကို ဆီတွေအများကြီးသုံးနေတာမြင်လို့ ပိုက်ဆံတွအများကြီးမဖြုန်းတီးဖို့လေးပဲပြောလိုက်တာကို သူမက ကျွန်မကို ဘယ်လိုများမကျေမနပ်ဖြစ်သွားရတာလဲ?”
“အဲဒါက မင်းရဲ့ဆီတွေမဟုတ်ဘူးလေ.. မင်းက ဘာလို့ ဝင်ပြီးပြောနေရတာလဲ? တည်တည်ငြိမ်ငြိမ်နေစမ်းပါ.. ဒါက နှစ်သစ်ကူးအချိန်ပဲ.. အမေ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်နဲ့”
လီမူလင်းက သူမကိုစိုက်ကြည့်ပြီးပြောလိုက်တယ်။
ကျန်းချွမ်ဟွားက အနားကိုထပ်တိုးလိုက်ကာ လီမူလင်းရဲ့ ခြေချောင်းတွေကို တက်နင်းလိုက်ပြန်တယ်။ ပြီးနောက် အသံတိုးတိုးနဲ့ပြောလိုက်တယ်။
“အခုတော့ ရှင့်ရဲ့ဘဝက ကျွန်မတို့ထက် မဆိုးဘူးဆိုတာ မြင်နေရတယ်”
လီမူလင်းက သူမကို ထူးဆန်းတဲ့အကြည့်နဲ့ ပြန်ကြည့်ပြီး ပြောလိုက်တယ်။
“ငါ့မိသားစုက အဆင်မပြေဘူးလို့ ငါဘယ်တုန်းက မင်းကိုပြောခဲ့ဖူးလို့လဲ? ပေရှားက သေးငယ်တယ်ဆိုပေမယ့် ဘေးပတ်ပတ်လည်မှာ တောင်တွေရော။ မြစ်တွေရောရှိတယ်.. မင်းသာ အလုပ်ကြိုးစားနေသရွေ့ ဘယ်တော့မှ ဆာလောင်ပြီးငတ်မွတ်နေရမှာမဟုတ်ဘူး.. အစာမစားရလို့သေတဲ့လူဆိုတာ ဘယ်တော့မှမရှိဘူး”
ကျန်းချွမ်ဟွားက လည်ပင်းကို ဆန့်ထုတ်ပြီးပြီး အပြင်သို့ လှမ်းကြည့်လိုက်ကာ မဒမ်လီ ပြန်ရောက်မလာသေးဘူးဆိုတာကို တွေ့လိုက်ရတော့ သူမက လီမူလင်းရဲ့အန်းသို့ ထပ်တိုးပြီး ပြောလိုက်တယ်။
“ဒီအိမ်က မီးဖိုချောင်ထဲမှာ စားစရာတွေ အများကြီးရှိတယ်.. ဂေါ်ဖီထုပ်နဲ့ အာလူးကလည်း အလေးချိန်ကီလိုဂရမ်တွေ ရာနဲ့ချီပြီး ရှိတယ်.. နောက်ပြီး တတိယယောက်မကပြောခဲ့တာ မိသားစုက တောင်ပေါ်မှာမြေယာတွေ အများကြီးဖွင့်ပြီး စိုက်ပျိုးထားတယ်တဲ့”
လီမူလင်းက အံ့သြသွားခြင်းမရှိဘူး။ ထိုအကြောင်းတွေကို သူတို့မိသားစုဆီမှပို့လာတဲ့စာထဲမှာ ထည့်ပြောထားပြီးသားပဲလေ။ သူက ဆေးရွက်တွေကို ဆက်လိပ်နေရင်းနဲ့ ပြောလိုက်တယ်။
“ငါသိတယ်လေ.. သူတို့ ငါ့ဆီကိုပို့တဲ့စာထဲမှာ အဲဒီအကြောင်းတွေကို ထည့်ပြောထားတယ်.. အဲဒါဘာဖြစ်လို့လဲ?”
ကျန်းချွမ်ဟွားက သံကို သံမဏိမဖြစ်စေနိုင်တဲ့အတွက် မုန်းတီးပြီး ထပ်မံရိုက်နှက်လိုက်တယ်။
“ကျွန်မတို့ ပင်းချန်မှာဆိုရင် နေ့တိုင်း အစားအသောက်ကို တစ်ဝက်လောက်ပဲ ဗိုက်ဝအောင်စားနိုင်တယ်လေ.. ရှင့်ရဲ့အမေကို ကျွန်မတို့ကို ကူညီပေးဖို့ ရှင်ပြောပေးနိုင်မလား”
“မင်း ဘာပြောလိုက်တာလဲ?”
လီမူလင်း သူမကို မယုံကြည်နိုင်စွာ ကြည့်လိုကာမိတယ်။
“ကျန်းချွမ်ဟွား မင်း ဒီလောက်ထိ အရှက်မရှိ မျက်နှာပြောင်တတ်တာကို ငါဘာလို့ အခုမှ ပထမဆုံးအကြိမ် သတိပြုမိလိုက်ရတာလဲ! ငါလက်ထပ်ပြီးတဲ့အချိန်ကတည်းက ပင်းချန်မှာပဲနေခဲ့တာ.. ငါရဲ့မိသားစုနဲ့ လုံးဝကွဲနေတယ်လို့တောင်ပြောလို့ရတယ်.. အဲဒီ့အချိန်ကတည်းက ငါ့ရဲ့အမေကို ပြုစုလုပ်ကျွေးရမဲ့ တာဝန်တွေလစ်ဟင်းနေခဲ့ရတာ.. ငါ ဒီမိသားစုဆီကနေ ဘာတစ်ခုမှ မယူနိုင်ဘူး.. ငါမင်းကိုပြောလိုက်မယ်.. မင်းရဲ့ ဒီအကြံအစည်ကို အမြန်ဆုံး လက်လျှော့လိုက်သင့်တယ်”
“ဒါပေမယ့် ဒီမိသားစုက အစားအစာတွေပြတ်လတ်နေတာမဟုတ်ဘူးလေ ကျွန်မတို့ကို နည်းနည်းလောက်ခွဲပေးလိုက်လို့ရတာပဲမလား”
ကျန်းချွမ်ဟွားက လက်လျှော့လိုက်ဖို့ကို အနည်းငယ် မလိုလားသေးဘူး။
“အိမ်မှာရှိနေတဲ့အစားအသောက်တွေက ငါတို့ရဲ့ ဗိုက်ကိုပြည့်အောင်ဖြည့်ဖို့ လုံလောက်တယ်.. နောက်ပြီး ငါတို့တွေ နှစ်သစ်ကူးအတွက် အိမ်ကိုပြန်လာတဲ့အချိန်မှာလည်း သူတို့က မင်းစားချင်သလောက်စားဖို့ ခွင့်ပြုပေးထားသေးတယ်.. လောဘမကြီးစမ်းနဲ့!”
ကျန်းချွမ်ဟွားတစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ ဒီမိသားစုရဲ့ အသက်ကြီးဆုံးလူမှစပြီး အငယ်ဆုံးအထိ အလွန်ပဲဖြောင့်တန်းပြီး ကြံ့ခိုင်လွန်းတဲ့အကြောင်းကို သတိပြုမိသွားရတယ်။ သူမ မနေနိုင်ဘဲ ခန်ကိုကန်လိုက်မိပြီး ခြေထောက်က နာကျင်သွာရကာ မျက်ရည်တွေပါကျချင်လာရတယ်။
“ရှင် ကျွန်မအတွက် လေးစားမှုနည်းနည်းလောက်ချန်ထားပေးလို့ရမလား! ကျွန်မက ဒီကိုပထမဆုံးအကြိမ်ရောက်ဖူးတာလေ!”