Ch 10
Viewers 1k

အခန်း(10)


ကျန်းကျန်းရဲ့မျက်လုံးဝိုင်းကြီးတွေက အရှေ့မှလူကိုကြည့်ဖို့အတွက် တဖြတ်ဖြတ်ခတ်လာခဲ့တယ်။ သူမအနေနဲ့ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်သေးပေမယ့် ဒီနောက်ပိုင်းရက်တွေမှာတော့ သူမရဲ့ မိသားစုနဲ့ နီးစပ်တဲ့ လူအနည်းငယ်လောက်ကို အခြေခံအားဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီ။


မဒမ်လီက ကျန်းကျန်းကိုမ,ချီရင်းလီမူလင်းကိုဆွဲခေါ်ကာ ကျန်းကျန်းကို ချော့မော့လိုက်တယ်။ 


“ပေါင်ပေ့ ဒါက မင်းရဲ့စတုတ္ထဦးလေးလေ မင်းသူ့ကိုမြင်ရင် ပြုံးပြလိုက်ပါဦး”


ကျန်းကျန်းက သူမရဲ့ပါးစပ်လေးကို ပူးပေါင်းမှုအပြည့်နဲ့ဖွင့်ပြီးပူပေါင်းနှစ်ခါလောက်မှုတ်ကာ ချိုသာတဲ့ အပြုံးကို ထုတ်ဖော်လာခဲ့တယ်။


မဒမ်လီက ချက်ချင်းပဲပျော်ရွှင်သွားခဲ့လေရဲ့။


“အိုး.. ငါ့ရဲ့ပေါင်ပေ့က ဥာဏ်ကောင်းလိုက်တာ.. မင်းရဲ့ အစ်ကိုကြီးလိုမျိုး ကြီးပြင်းလာခဲ့နော်.. မင်းလည်းပဲ တက္ကသိုလ်ကိုသွားရမယ်”


ကျန်းချွမ်ဟွားက အရင်တုန်းက လီမူလင်းရဲ့ မွေးရပ်မြေအကြောင်းကို တစ်ဖက်လူပြောလာတာကို နားမထောင်ချင်ခဲ့ဘူး။  လီမူလင်းက လီမိသားစုအကြောင်းကို ပြောပြတဲ့အချိန်တွေမှာ သူမက တဖက်လူရဲ့ စကားတွေပြောင်းသွားစေရန် အနှောင့်အယှက်ပြုတာမျိုး ဒါမှမဟုတ် တစ်ခြားသော အရာတစ်ခုခုကို လုပ်နေတတ်လေ့ရှိတယ်။ သူမက လီမိသားစုကို စိတ်မဝင်စားခဲ့တာကြောင့် လီမီသားစုအကြောင်းကိုလည်း မသိခဲ့ဘူး။


အခု မဒမ်လီက သူတို့မိသားစုထဲမှာ ကောလိပ်တက်နေတဲ့သူရှိတဲ့အကြောင်းပြောလာတာကိုကြားတော့ ကျန်းချွမ်ဟွားရဲ့မျက်လုံးတွေက ချက်ချင်းတောက်ပလာခဲ့ကာ လီမူလင်းဆီကို အားတက်တရောလေသံနဲ့မေးလိုက်တယ်။


“မူလင်း ကျွန်မတို့မိသားစုထဲမှာ တက္ကသိုလ်ဝင်ခွင့်ရခဲ့တာ ဘယ်သူလဲ”


လီမူလင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး အတွင်းခန်းဘက်ကို ညွှန်ပြလိုက်တယ်။


“ဒုတိယအစ်ကိုရဲ့ မိသားစုက မင်တုန်က  လာမယ့်နွေရာသီမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရတော့မှာ”


ကျန်းချွမ်ဟွားက ချက်ချင်းပဲ စိတ်ဓာတ်ကျသွားပြီး နှုတ်ခမ်းစူကာ ပြောလာတယ်။


“ကျွန်မက  သူ စာမေးပွဲအောင်သွားလို့ ပြောနေတယ်ထင်တာ”


လီမူလင်းက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး ဘယ်သူကမှ သတိမထားမိတာကိုမြင်တော့ သူမကို အားနဲ့ဖြစ်ညှစ်လိုက်ကာ တီးတိုးပြောလိုက်တယ်။


“ဒီမှာ အဲလိုစကားမျိုး အများကြီးလာပြောမနေနဲ့.. တုန်ဇီက စာတော်ပြီးတော့ အရမ်းလည်းကြိုးစားတဲ့သူပဲ.. သူ တက္ကသိုလ်တက်ရမယ်ဆိုတာ သေချာတယ်.. မင်းရဲ့ မိုက်မဲတဲ့စကားတွေကို အမေကြားရင် မင်းကို သူမရဲ့ ဆေးတံနဲ့ လှမ်းခေါက်လာလိမ့်မယ် သတိထားနေ”


ကျန်းချွမ်ဟွားက ချက်ချင်းပဲ ပါးစပ်ကိုပြန်ပိတ်လိုက်ပြီး မဒမ်လီရှိနေတဲ့ဦးတည်ရာဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ကြောက်ရွံ့မှုနှင့်အတူ ခဏတာလောက် ရှုပ်ထွေးသွားရတယ်။


သက်ဝင်လှုပ်ရှားနေတဲ့ တစ်နေ့ခင်းဖြစ်ခဲ့ပြီးနောက် အပြင်က မှောင်စပျိုးလာခဲ့တယ်။ ကွေ့ဟွားက အထဲကိုဝင်လာပြီး မဒမ်လီကို မေးခဲ့တယ်။


“အဖွား ကျွန်မတို့ ညာအတွက် ဘာစားကြမလဲ” 


သူမရဲ့ အချိန်ကြာမြင့်စွာမတွေ့ခဲ့ရတဲ့သားဖြစ်သူနဲ့ သူ့ရဲ့မိသားစုလေးယောက် ပြန်ရောက်လာခဲ့တယ်လေ။ ဒီတော့ ဒီနေ့က နှစ်သစ်ကူးနေ့မဟုတ်သေးပေမဲ့လည်းလည်း မဒမ်လီက ဝက်သားတစ်ပိုင်းနဲ့ ငါးတစ်ပိုင်းကို ရက်ရက်ရောရောထုတ်ယူခဲ့ကာ အပြင်ဘက်မှာ အေးခဲထားတဲ့ တို့ဟူးတစ်ပိုင်းကိုပါ ထုတ်ယူလာခဲ့တယ်။


“ငါးနဲ့  တို့ဟူးကို စတူးချက်မယ်..  ဂေါ်ဖီထုပ်နဲ့ ဝက်သားကို ကြာဇံနဲ့ ကြော်လိုက်.. ပြီးရင် ပဲဟင်းကို ပြန်အပူပေးပြီး ကျန်တာကို မင်းချက်ချင်တာ ချက်လို့ရတယ်”


ကျန်းချွမ်ဟွားက မဒမ်လီစီစဥ်နေတဲ့အရာကိုကြားတော့ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး။  သူမက သူမက မဒမ်လီကို ပြုံးပြပြီးပြောလိုက်တယ်။


“ကျွန်မလည်း မီးဖိုချောင်မှာ ကူညီဖို့သွားလိုက်ဦးမယ်” 


မဒမ်လီက ခေါင်းညိတ်လိုက်တော့ လျို့ရှို့လန်ကလည်း ထရပ်လာတယ်။


“ဒါဆို ကွန်မ ယောက်မကို လိုက်ပို့ပေးလိုက်မယ်”


ဘီဒိုရဲ့ ထိပ်ဆုံးထဲမှာ ခေါက်ဆွဲအိတ်တွေအပြည့်ရှိနေခဲ့တယ်။ ကျန်းချွမ်ဟွားက ထိုခေါက်ဆွဲအိတ်တွေကို တစ်အိတ်ပြီးတစ်အိတ်ယူကြည့်ကာ ချဥ်တူးစွာနဲ့ မပြောပဲမနေနိုင်ဘူး။


“ကျွန်မတို့မိသားစုမှာ စားစရာတွေ အများကြီးရှိနေတာပဲ.. ပင်းချန်မှာရှိတဲ့ အိမ်မှာ ရှိနေတဲ့ စားစရာထက်တောင်ပိုများတယ်”


“ပြောမနေပါနဲ့.. ဒီမှာလည်း အိမ်တွေမှာ ရိက္ခာပြတ်လပ်နေပြီး မနှစ်ကတည်းက ကောက်နှံနဲ့ ဟင်းသီးဟင်းရွက်တွေ အလုံအလောက် ဝယ်လိုမရခဲ့ဘူး..  အခု အစားအစာတွေရှိနေတဲ့အကြောင်းက အမေက ငါတို့ကို တောင်ပေါ်မှာမြေယာတွေဖွင့်ဖို့ဦးဆောင်ခဲ့လို့လေ.. ငါတို့တွေ အဲဒီစိုက်ခင်းတွေမှာ ပြောင်း၊ ကန်စွန်းဥ၊ ဂေါ်ဖီထုပ်၊ အာလူး စတာတွေ အများကြီးစိုက်ခဲ့တာကြောင့် အခုချိန်မှာ အဆာခံနေစရာမလိုခဲ့ဘူး”


လျို့ရှို့လန်က ဂေါ်ဖီထုပ်ကို လှီးဖြတ်ရင်း ကျန်းချွမ်ဟွားဆီကို စပ်စုစွာမေးလိုက်တယ်။


“ငါတို့ဆီကိုအစားအေသာက်တွေထောက်ပံ့ဖို့ရောက်လာတာက တောင်တွေရဲ့တစ်ဖက်က အဲဒီမြို့ကြီးတွေဆီက ပေးတယ်လို့ ကြားခဲ့တာ .. မင်းပြောတဲ့အတိုင်းဆို ပင်းချန်ကလည်းအစားအသောက်မလုံလောက်ဘူးလား””


ကျန်းချွမ်ဟွားက ထိုစကားကြားတော့ မနာလိုဖြစ်ဖို့တောင် စိတ်မပါတော့ဘဲ ကွေ့ဟွား မြေအောက်ခန်းထဲမှ ယူဆောင်လာခဲ့တဲ့ အာလူးဆယ်လုံးကို အိုးထဲသို့ လောင်းထည့်ကာ သက်ပြင်းချပြီးပြောလိုက်တယ်။


“ တံဆိပ်ခေါင်းရှိရင် ဘယ်နေရာမှာမဆိုစားစရာဝယ်လို့ရတယ်.. အထောက်အပံက ရတာကတော့ တစ်လစာပေးတာက လတစ်ဝက်လောက်တောင် သုံးလို့မရဘူး..  ငါးနဲ့ အသားတွေကိုလည်း အချင်းချင်းတွေ့ဆုံမပေးနိုင်ဘူး*..  ဒီနှစ်မှာ ကျွန်မတို့မိသားစုက မင်းရှုနဲ့ မင်ရှင်းက အသားတောင်အကြိမ်ရေများများမမြင်ဖူးခဲ့ဘူး.”


(T/N_တစ်နေ့တည်းနှစ်မျိုးမချက်နိုင်ဘူး)


လျို့ရှို့လန်က သူမကို တစ်ချက်ပြန်ကြည့်ကာ မေးလိုက်မိပြန်တယ်။


“ဒါဆို မင်း ကလေးတွေအတွက် မူလင်းကို ငါးဖမ်းခိုင်းတာ ဒါမှမဟုတ် တခြားတစ်ခုခုမလုပ်ခိုင်းခဲ့ဘူးလား..  မင်းတို့ရဲ့ပင်းချန်မှာလည်း မြစ်ကြီးတစ်စင်းရှိတယ်ဆိုတာ ငါကြားဖူးတယ်”


ကျန်းချွမ်ဟွားက ပိုပြီးပြောလေလေအတွေးတွေ ပိုနည်းလာလေလေပဲ။


“နေရာက ဝေးတယ်လေ.. နောက်ပြီး ကျွန်မတို့အိမ်မှာ ငါးဖမ်းပိုက်ကွန်တွေ မရှိဘူး.. ပြောရရင် ကျွန်မတို့မိသားစုက အတော်လေးကောင်းသေးတယ်..  လူဦးရေနည်းတော့ ဝန်ထုပ်ဝန်ပိုးလည်း ပိုပြီးပေါ့ပါးသေးတာပဲ.. 


မူလင်းနဲ့ အလုပ်အတူလုပ်နေတဲ့ ကျွန်မတို့ရဲ့အိမ်နီးချင်းတွေကဆို တော်တော်လေးဆိုးတယ်.. သူတို့ရဲ့မိသားစုမှာ ကလေးခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိပြီး အားလုံးက ဆာလောင်မွတ်သိပ်နေကြတာ..  မျက်နှာတွေလည်းဝါပြီး ပိန်လှီလို့ သူ့ရဲ့မိဘတွေကို စိတ်ပူစေလုနီးပါးပါပဲ”


ကျန်းချွမ်ဟွားက မြေကြီးပေါ်မှ အာလူးအစုအဝေးကို ကြည့်လိုက်ပြီး အကူအညီမဲ့စွာပြောလိုက်တယ်။


“ကျွန်မတို့အိမ်မှာလည်း အာလူးတွေ အများကြီးရှိမယ်ဆိုရင် ကလေးနှစ်ယောက်က အသားမစားနိုင်ဘူးဆိုရင်တောင် အဲလောက်ထိဆာလောင်နေရမှာမဟုတ်ဘူး”


လျို့ရှို့လန်ကဥာဏ်ရည်ထက်မြတ်သူဖြစ်တာကြောင့် ကျန်းချွမ်ဟွားရဲ့စကားကိုကြားချိန်မှာ ဘာမှမပြောတော့ဘဲ သူမ လှီးဖြတ်ထားတဲ့ ဂေါ်ဖီတွေကိုသာ အိုးထဲသို့ထည့်လိုက်ကာ နောက်ထပ် ဂေါ်ဖီတစ်စိတ်ယူပြီး ထပ်မံ လှီးဖြတ်နေခဲ့တယ်။ 


ကျန်းချွမ်ဟွား အာလူးတွေကို အခွံခွာနေစဥ်မှာပဲ ကွေ့ဟွားက ငါးတွေကိုသန့်စင်ပြီးနောက် အိုးထည့်ကိုထည့်လိုက်တယ်။ အိုးထဲ ဆီသံတွေကြားတော့ ကျန်းချွမ်ဟွားက မတ်တပ်ထရပ်လိုက်ပြီး အိုးကြီးထဲကို လှမ်းကြည့်လိုက်တယ်။


“ဒီထဲကို  ဆီတွေဘယ်လောက်တောင်ထည့်လိုက်တာလဲ”


“သိပ်မများပါဘူး”


ကွေ့ဟွားက သူမရဲ့ ကျစ်ဆံမြီးကို အနောက်သို့ပို့လိုက်ပြီး ကျန်းချွမ်ဟွားကိုပြုံးပြလိုက်တယ်။


ကျန်းချွမ်ဟွားက အိုးထဲကို ငုံ့ကြည့်ကာ သူမရဲ့အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ပြောလိုက်တယ်။


“ဒါက သိပ်မများဘူးလား.. ငါ ဆီတွေ ပေါက်ထွက်နေတာကိုတောင် မြင်နေရပြီ..   မင်း ဘာလို့ ဒီလိုကလေးမျိုးဖြစ်နေရတာလဲ.. မင်းရဲ့ ပစ္စည်းမဟုတ်ဘူးဆိုပြီးတော့ အားမနာတမ်းသုံးနေတာလား’


ကွေ့ဟွားက မျက်လွှာချထားပြီး ဘာတစ်ခုမှ ပြန်မပြောခဲ့ပဲ အိုးထဲသို့ ရေနွေးတစ်ဇွန်း လောင်းထည့်လိုက်တယ်။ ပြီးနောက် အေးခဲထားတဲ့ တို့ဟူးကို ထည့်ပေါင်းထည့်လိုက်ပြန်တယ်။


ကျန်းချွမ်ဟွားက စကားထပ်ပြောချင်နေတာကိုမြင်တော့ လျို့ရှို့လန်က အမြန်ဝင်ပြီး ရှင်းပြလိုက်တယ်။


“ဒုတိယအစ်ကိုရဲ့မိသားစုက ဒီနှစ်မှာ ပဲပိစပ်တွေ အများကြီးစိုက်ထားခဲ့တယ်လေ.. နောက်ပြီး ပဲတွေကို ဆီပြန်ညှစ်ဖို့အတွက် ဆီဆိုင်ကတစ်ယောက်ဆီမှာ သွားအပ်ခဲ့တာ..   နောက်ပြီး ဒီနေရာက သူ့ရဲ့မိသားစု မဟုတ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ..  တုန်ဇီနဲ့ ကွေ့ဟွားလက်ထပ်ပြီးသွားရင် ကွေ့ဟွားက ငါတို့မိသားစုရဲ့ အကြီးဆုံးမြေးချွေးမဖြစ်လာမဲ့သူပဲ”


ကျန်းချွမ်ဟွားက ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် ပြန်ထိုင်လိုက်တယ်။


“ကျွန်မက ဒီလိုအများကြီးသုံးတာကို  မကြည့်နိုင်ဘူးဖြစ်နေလို့ပါ.. တတိယယောက်မသိမှာမဟုတ်ဘူး.. ပင်းချန်မှာဆိုရင်  ဟင်းချက်ဖို့အတွက် ပဲပိစပ်ဆီနည်းနည်းလေးလောက်ပဲ ထည့်သုံးရဲတာ.. အဲဒါတောင် မလုံလောက်နိုင်ဘူး”


ကွေ့ဟွားက အနောက်ဘက်သို့ ပြန်လှည့်ကြည့်ပြီး ပြောလိုက်တယ်။


“ကျွန်မတို့ အိမ်မှာကတော့ အမြဲတမ်း ဒီလိုမျိုးပဲ ချက်ပြုတ်လေ့ရှိတယ်.. ဘာလို့လဲဆိုတော့ ဦးလေးနဲ့ အန်တီတို့က ဆီကိုများများထည့်ခိုင်းထားလို့လေ”


ကွေ့ဟွားရဲ့မျက်နှာက သိပ်ပြီးကြည့်မကောင်းတော့တာကိုမြင်တော့မှ ကျန်းချွမ်ဟွားက သူမ တစ်စုံတစ်ယောက်ရဲ့အိမ်မှာရောက်နေတာကို သဘောပေါက်သွားပြီး အလျှင်အမြန်ပြောလိုက်တယ်။


“ မင်းရဲ့အဒေါ်က ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောတာပါ” 


“ကောင်းပါပြီ.. ကျွန်မလို ဂျူနီယာတစ်ယောက်က အဒေါ့်ကို ဘယ်လိုလုပ် ဒေါသထွက်နိုင်မှာလဲ”


ကွေ့ဟွားက ပြောလိုက်ရင်းနဲ့ ဝက်သားနဲ့ ဂေါ်ဖီထုတ်တွေကို ပြုတ်ထားတဲ့ကြာဇံတွေနဲ့အတူ အနောက်ဘက်မှ ဒယ်စောက်အိုးတစ်လုံးထဲသို့ ထည့်လိုက်တယ်။ ထို့နောက် ရိုးရိုးရှင်းရှင်း ရေဆေးပြီး ရေတွေကိုသွန်လိုက်ကာ ရေစစ်ထာပြီးနောက် အိုးထဲသို့ ဆီအနည်းငယ်သာထည့်လိုက်ပြီး ဂေါ်ဖီတွေကို အရင်ထည့်လိုက်တယ်။


ကျန်းချွမ်ဟွားက သူမရဲ့ ဘေးနားမှာရှိနေတဲ့ စဥ့်တီတုံးပေါ်မှာ အဆီများတဲ့အသားတွေကျန်ရှိနေသေးတာကိုမြင်တော့ သတိမပေးပဲ မနေနိုင်ပြန်ဘူး။


“ ကွေ့ဟွား အဲဒီ ဂေါ်ဖီထုပ်တွေက ဆီအများကြီးထည့်လိုက်ရင် စားလို့ပိုကောင်းလိမ့်မယ် နောက်ပြီး မင်း အဲဒီနားက အသားတွေကို ထည့်ဖို့ မေ့သွားတာလား”