Ch 7
Viewers 1k

အခန်း(7)


အရှေ့ဘက်အခန်းထဲမှာ ဝမ်စုဖန်းခေါင်းဆောင်တဲ့ ကလေးတစ်သိုက်တို့က နွေးထွေးတဲ့လေထုအတွင်းမှာ အပြည့်အဝရှိနေခဲ့တယ်။ သို့သော်လည်း အနောက်ဘက်ခန်းရှိ လေထုကတော့ အနည်းငယ် အဆင်မပြေဖြစ်နေခဲ့လေရဲ့။ 


ကျန်းချွမ်ဟွားက သူမကိုယ်သူမ မြို့သူမြို့သားတစ်ဦးအဖြစ် မှတ်ယူထားပြီး ပေရှားလိုနေရာမျိုးက သူမရဲ့မျက်လုံးထဲမှာတော့ ကျေးလက်ဒေသတစ်ခုပဲ။ သူမ လီမူလင်းနဲ့လက်ထပ်ခဲ့တာက လီမူလင်းရဲ့အိမ်ကအဝေးကြီးမှာဖြစ်ပြီး သူ့ဆီမှာ ညီအစ်ကိုတွေ အများကြီးရှိတာကြောင့် သူမအတွက် တစ်ဖက်လူရဲ့မိဘတွေကိုပြုစုလုပ်ကျွေးနေစရာတာဝန်ယူစရာမလိုအပ်ဘူးလို့ တွေးမြင်ခဲ့လို့ပဲ။


ကျမ်းချွမ်ဟွားရဲ့မိခင်ဖြစ်သူက သူမကိုမွေးဖွားတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်း ဝေဒနာတွေရရှိခဲ့တယ်။ နောက်ပိုင်းမှာလည်း စစ်ပွဲကြောင့် တိဗက်နယ်ဖက်မှာ ပုန်းအောင်းခဲ့ရတာကြောင့် ထိုဒေသဘက်မှာ မီးဖွားဖို့ရာအတွက် မလုပ်ဆောင်နိုင်ခဲ့ဘူးလေ။ ဒီလိုနဲ့ အဆုံးမှာ သူမက နောက်ထပ် ကိုယ်ဝန်မဆောင်နိုင်ခဲ့တော့ဘူး။ 


ကျန်းချွမ်ဟွားက ကျန်းမိသားစုရဲ့ တစ်ဦးတည်းသော ကလေးဖြစ်ကာ မိန်းကလေးဖြစ်နေခဲ့တာကြောင့် ကျန်းဇနီးမောင်နှံက အနာဂတ်မှာ သူတို့ကို ထောက်ပံ့ပေးနိုင်မဲ့ သားမက်တစ်ဦးကို သူတို့ရဲ့မိသားစုအတွင်းသို့ခေါ်ယူရန် စိတ်ကူးခဲ့ကြတယ်။


ယနေ့ခေတ်ကာလမှာ လူပေါင်းများစွာက ဝဝလင်လင်မစားသောက်နိုင်ခဲ့ကြဘူး။ ကျန်းမိသားစုက မချမ်းသာဘူးဆိုပေမယ့် သူတို့ကမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းရှိတယ်လေ။ နောက်ပြီး အဖေကျန်းက မိသားစုသုံးယောက်ကို ထောက်ပံ့ပေးနိုင်တာထက်ပိုပြီး ရရှိနိုင်တဲ့ လျှပ်စစ်ဓာတ်အားဗျူရိုမှာ အလုပ်လုပ်နေခဲ့တယ်။


ကျန်းချွမ်ဟွားက အလုပ်မရှိပေမယ့်လည်း သူမက ဇီဇာကြောင်လွန်းတယ်။ သူမက ကျေးလက်ဒေသတွေလို ဖုန်မှုန့်အလူးလူးနဲ့လူတွေကိုမကြိုက်သလို သူမရဲ့မိဘတွေရွေးချယ်ပေးတဲ့ မြို့ပေါ်မှ ဆွဲဆောင်မှုမရှိတဲ့လူတချို့ကိုလည်း သဘောမကျခဲ့ဘူး။


ထိုအချိန်မှာ လီမူလင်းက ပင်းချန်သို့ ရောက်ရှိကာစဖြစ်ပြီး လျှပ်စစ်ဓာတ်အားဗျူရိုရဲ့ အလုပ်သမားသစ်ခေါ်ဆိုမှုမှာ ပါဝင်လိုက်နိုင်ခဲ့တယ်။ လီမူလင်းက စာအုပ်တွေကို နှစ်အတော်ကြာအောင် ဖတ်ခဲ့ပြီး သူက ငယ်ရွယ်ကာ သန်မာသွက်လက်တဲ့လက်တွေခြေတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ 


ဒီလိုနဲ့ သူက လျှပ်စစ်ဓာတ်အားဗျူရိုမှာ အလုပ်သင်အဖြစ် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အဖေကျန်းရဲ့လက်အောက်မှာ တပည့်အဖြစ် လုပ်ကိုင်ခဲ့ရတယ်။


လီမူလင်းက ကွေးလွယ်ဆန့်လွယ်တဲ့ စိတ်သဘောထားရှိခဲ့တယ်။ သူက လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရတဲ့အချိန်တွေမှာ ပရော်ဖက်ရှင်နယ်ပညာရပ်တွေကို သင်ယူနိုင်ခြင်းမရှိတာကြောင့် အားလပ်ချိန်တွေမှာ ကျန်းမိသားစုအိမ်ကိုသွားပြီး အဖေကျန်းရဲ့အလုပ်တွေကို ကူညီပေးခဲ့တယ်။ 


ဒီလိုနည်းနဲ့ သူကသူ့ရဲ့ဆရာကို ပညာရပ်တွေ သင်ပေးဖို့တောင်းဆိုခဲ့တယ်။ အရှေ့အနောက် အကြိမ်ကြိမ်အခါခါသွားပြီးချိန်မှာတော့ ကျန်းချွမ်ဟွားက လီမူလင်းနဲ့ ချစ်ကြိုက်သွားခဲ့တော့တယ်။ 


အဖေကျန်းက ထိုအကြောင်းသိရှိပြီးသွားနောက် လီမူလင်းရဲ့သဘောထားကို သွယ်ဝိုက်စွာ စမ်းသပ်ခဲ့ပေမဲ့လည်းလည်း လီမူလင်က သူတို့ရဲ့မိသားစုအတွင်းသို့ သားမက်အဖြစ်ဝင်ရောက်*ဖို့ကို သဘောမတူခဲ့ဘူး။


ဖခင်ကျန်းက မူလတုန်းက ဒီကိစ္စကိုအဆုံးသတ်လိုက်ပြီ(သဘောမတူတော့ဘူး) လို့ တွေးတောခဲ့ပေမဲ့လည်း ကျန်းချွမ်ဟွားက လီမူလင်းကိုသာ ချစ်ကြိုက်ပြီးလက်ထပ်ချင်ခဲ့တယ်။ နောက်ဆုံးတော့ အဖေလင်းက လီမိသားစုက သူတို့နေတဲ့နေရာနဲ့ အလွန်ဝေးကွာတဲ့အကြောင်းကိုစဥ်းစားပြီး တွေးတောကြံစည်ခဲ့တယ်။ 


လီမူလင်းက ပင်းချန်မှာတစ်ယောက်တည်း အလုပ်လာလုပ်နေတာလေ။ ဒီတော့ ဒါက သူရဲ့မိသားစုထဲသို့ သားမက်အဖြစ်ဝင်ရောက်တာနဲ့ ဆင်တူနေတာပဲမလား။ သူက ထိုအတွေးနဲ့အတူ အံကိုတင်းတင်းကြိတ်ပြီး သဘောတူခဲ့တယ်။


မူလတုန်းက လီမူလင်းက အိမ်သို့ပြန်သွားပြီးနောက် သူ့ရဲ့ လက်ထပ်ပွဲအကြောင်းကို သူ့မိဘများတွေနဲ့ စကားပြောဖို့တွေးတောခဲ့တယ်။ ဒီလိုဆိုရင် သူ့ရဲ့မိဘတွေက လက်ထပ်ပွဲအတွက် ဒီကိုလိုက်လာကြလိမ့်မယ်။ 


ဒါပေမယ့် ကျန်းမိသားစုက လီမူလင်းကို သူ့ရဲ့မျိုးရိုးနာမည်ကို ကျန်းအဖြစ်ပြောင်းဖို့ လျှို့ဝှက်ပြီးအလိုရှိနေတာကြောင့် ဒီအချိန်မျိုးမှာ သူ့ကို ဘယ်လိုလုပ်ပြီး အိမ်ပြန်ခွင့်ပေးနိုင်မှာတဲ့လဲ။


လီမူလင်းက အိမ်ကိုပြန်ဖို့အတွက် ခွင့်ရက်ယူဖို့ ခေါင်းမာနေတာကိုမြင်တော့ အဖေကျန်းက လီမူလင်းကိုလိမ်ညာလှည့်စားဖို့ကြံစည်ခဲ့တယ်။ သူက လီမူလင်းကို အခုချိန်မှာ အလုပ်ကခွင့်ယူမယ်ဆိုရင် အနာဂတ်မှာ ဒီအလုပ်ကိုပြန်ဝင်ခွင့်ရဖို့ ခက်ခဲလိမ့်မှာဖြစ်ပြီး ရခဲ့ရင်တောင်တရားဝင်အလုပ်သမားဖြစ်နိုင်တော့မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။


အလုပ်သင်အလုပ်သမားနှင့် တရားဝင်အလုပ်သမားကြားမှ လစာကွာခြားချက်က သုံးဆကျော်တောင်ရှိတယ်။ ဒီတော့ လီမူလင်းက အကြိမ်ကြိမ်အခါခါတုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ တရားဝင်အလုပ်သမားဖြစ်ပြီးနောက် ရရှိမဲ့လစာကို လက်လွှတ်မခံနိုင်တာကြောင့် အိမ်ပြန်ဖို့စိတ်ကူးကို လက်လျှော့လိုက်ပြီး အိမ်ကိုပြန်ပို့ရန် စာတစ်စောင်ကိုသာရေးလိုက်ကာ ရှုပ်ထွေးတဲ့နည်းလမ်းနဲ့ လက်ထပ်လိုက်လေတယ်။လီမူလင်းက လက်မထပ်ခင်တုန်းက လူပျိုဆောင်မှာနေခဲ့ပြီး လက်ထပ်ပြီးနောက်မှာတော့ လက်တလောအတွင်း နေစရာအိမ် လျှောက်ထားမှု ချက်ချင်းကျမလာခဲ့ဘူး။ 


ကျန်းမိသားစုက ထိုအချိန်ကာလကို အခွင့်ကောင်းယူပြီး ငယ်ရွယ်သော လင်မယားနှစ်ယောက်ကို သူတို့ရဲ့အိမ်သို့ပြောင်းလာပြီး နေထိုင်ခိုင်းခဲ့တယ်။ ဒီလိုနည်းနဲ့ သူတို့ရဲ့သားမက်က သူတို့ရဲ့မိသားစုအတွင်း ဖြည်းဖြည်းချင်းစီဝင်ရောက်လာနိုင်လိမ့်မယ်။


လက်ထပ်ပြီးတဲ့နောက် တစ်နှစ်အတွင်းမှာ လီမူလင်းက တရားဝင်အလုပ်သမားအဖြစ် အောင်မြင်စွာ အဆင့်တိုးသွားနိုင်ခဲ့တယ်။ ဒါကြောင့် လီမူလင်းက ထိုနှစ်ရဲ့နှစ်သစ်ကူးကာလမှာ သူ့ရဲ့မိဘတွေဆီကို ချွေးမဖြစ်သူကို ခေါ်သွားပြီး တွေ့ခိုင်းဖို့ တွေးတောခဲ့တယ်။


သို့ပေမဲ့ ထိုအချိန်မှာ ကျန်းချွမ်ဟွားက ကိုယ်ဝန်ရှိလာပြီး မနက်ခင်းပျို့အန်မှုတွေစတင်လာခဲ့တယ်။ ဒီတော့ သဘာဝကျစွာနဲ့ပဲ လီမူလင်းက သူ့ရဲ့ဇနီးသည်ကို အိမ်သို့ခေါ်ဆောင်မသွားနိုင်ခဲ့ဘူး။ 


ကလေးမွေးပြီးတဲ့အချိန်မှာလည်း ကျန်းချွမ်ဟွားက သူတို့ရဲ့ကလေးက အလွန်ငယ်ရွယ်လွန်းတာကြောင့် ခရီးပန်းပြီး ဖျားနာမှာကို စိတ်ပူတဲ့အတွက် ကလေးအသက်ကြီးလာတဲ့အထိ စောင့်ဖို့ ပြောခဲ့ပြန်တယ်။ 


လီမင်ရှု လေးနှစ်သားအရွယ်ကိုရောက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့ အရိုးတွေ က သန်မာလာချိန်မှာတော့ လီမူလင်းက ဒီတစ်ကြိမ်မှာတော့ သူ အိမ်ကိုပြန်သင့်တယ်လို့ တွေးခဲ့ပေမယ့် ကျန်းချွမ်ဟွားက နောက်တစ်ကြိမ် ကိုယ်ဝန်ရှိလာခဲ့ပြန်တယ်...


တကယ်လို့ သူတစ်ယောက်တည်းပြန်သွားတဲ့အချိန် အိမ်နီးနားချင်းတွေက အတင်းအဖျင်းတွေပြောလာကြပြီး သူ့ရဲ့ဆွေမျိုးတွေက သူ့ကို ရယ်မောလာကြမှာကိုသာ သူ မစိုးရိမ်ခဲ့ဘူးဆိုရင် ထိုနှစ်သစ်ကူးချိန်အတွင်းမှာ သူတစ်ယောက်တည်း ပြန်သွားခဲ့မှာပဲ။ 


ဒီလိုအကြိမ်ကြိမ်အခါခါအချိန်ဆွဲရင်းနဲ့ ယခုနှစ်မှာတော့ လီမင်ရှင်းက ခရီးသွားနိုင်တဲ့အထိအရွယ်ရောက်လာပြီဖြစ်ကာ ကျန်းချွမ်ဟွားကလည်း ကိုယ်ဝန်မရှိတဲ့အတွက်ကြောင့် တရုတ်နှစ်သစ်ကူးအတွင်းမှာ သူ့ရဲ့မွေးရပ်မြေသို့ အောင်အောင်မြင်မြင်ပြန်လာနိုင်ခဲ့တယ်။


ကျန်းချွမ်ဟွားက သူနှင့်အတူ ပြန်လိုက်လာခဲ့ရပေမဲ့ သူမရဲ့မျက်နှာကတော့ အလွန်မလိုလားတဲ့ပုံဖြစ်နေခဲ့တယ်။ နောက်ပြီး ရထားပေါ်ကိုတက်လိုက်တဲ့အချိန်ကတည်းက သူမရဲ့မျက်နှာက မည်းမှောင်ပြီး မုန်ကုတ်နေခဲ့တာ။ သူမက သေချာပေါက် သူ့ရဲ့အိမ်ကို လိုက်မလာချင်ခဲ့ဘူး။


ကျန်းချွမ်ဟွားက သူမရဲ့သားတွေကိုလည်း ဆယ်ရက်ကျော်လောက် တိတ်တဆိတ်သင်ကြားပေးခဲ့ပေမဲ့လည်း မမျှော်လင့်စွာနဲ့ လီမိသားစုမှ ပူပူနွေးနွေးကြက်သားဆန်ပြုတ်နဲ့ မွေးကင်းစ သမီးလေးကိုမြင်တွေ့ခဲ့ရချိန်မှာတော့ သားနှစ်ယောက်က သူမသင်ကြားပေးခဲ့တဲ့စကားလုံးတွေကို မေ့သွားလေတော့တယ်။


လီမူလင်းတစ်ယောက် မဒမ်လီထံမှ ခွေးသွေးပက်ဖြန်းခံရလောက်တဲ့အထိ ဆူပူကြိမ်းမောင်းခံရပြီး သူမရဲ့တောင်ဝှေးကလည်း လီမူလင်းရဲ့ နောက်ကျောဆီသို့ ကြိမ်ဖန်များစွာ ရိုက်နှက်နေတာကိုမြင်လိုက်ရတော့ ကျန်းချွမ်ဟွားတစ်ယောက်  ရုတ်တရက် အပြစ်ရှိသလို ခံစားမိလာရတယ်။ ဒါကြောင့် အထောက်အပံ့အဖြစ် သူမရဲ့သားတွေကို သတိလက်လွတ်နဲ့ လိုက်ရှာလိုက်မိပေမဲ့ စားသောက်ပြီးသွားပြီဖြစ်တဲ့ သူမရဲ့သားတွေကို ရှာမတွေ့ခဲ့လေဘူး။


“ဟာဟားဟား...” 


လီမင်ရှုနဲ့ လီမင်ရှင်းတို့ရင် ပျော်ရွှင်စွာရယ်မောသံတွေက အရှေ့ဘက်အိမ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး ကျန်းချွမ်ဟွားတစ်ယောက် စိတ်ပျက်လက်ပျက်နှင့် ညည်းညူလိုက်မိတယ်။


“အသည်းနှလုံးမရှိတဲ့ မျိုးမစစ်လေးတွေ.. မင်းတို့ရဲ့အမေက ဘယ်လိုတွေ သင်ပေးထားခဲ့လဲဆိုတာကိုမေ့သွားကြတာလား” ? !


မဒမ်လီကပျော်ရွှင်စွာပြုံးလိုက်ပြီး သူမရဲ့ခါးမှ ဆေးလိပ်အိတ်ကိုထုတ်ယူလိုက်တယ်။ ပြီးနောက် ဆေးရွက်တစ်ချို့ကိုလိပ်ပြီး မီးရှို့ကာ ခပ်ပြင်းပြင်းရှူရှိုက်ပြီး   မီးခိုးငွေ့တွေကို ရှူထုတ်လိုက်လေတယ်။


မဒမ်လီက အလွန်လိမ္မာပါးနပ်ပြီး ထက်မြတ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ပဲ။  သူမရဲ့သားဖြစ်သူ နှစ်တွေကြာမြင့်တဲ့အထိ အိမ်ကိုပြန်မလာနိုင်တာက ထိုချွေးမဖြစ်သူရဲ့ နောက်ကွယ်မှလှုပ်ရှားမှုတွေကြောင့်ဖြစ်လိမ့်မယ်ဆိုတာကို သေချာပေါက်သိနေခဲ့တယ်။ 


သို့ပေမယ့် သူမစိတ်ထဲမှာတော့ သူမရဲ့ချွေးမက တခြားသူတစ်ယောက်ရဲ့သမီးလည်းဖြစ်နေတာကြောင့် သူမအနေနဲ့ ကိုယ်တိုင် သင်ကြားပေးလို့မရနိုင်ဘူးလို့ တွေးထားခဲ့တယ်။ ဒီတော့ သူမရဲ့သားကိုပဲ ဂရုစိုက်ပေးနိုင်လိမ့်မယ်။


မဒမ်လီက ဆေးလိပ်ကို အကြိမ်ရေအနည်းငယ်ကို သောက်ပြီးနောက်မှာ စိတ်ထဲမှ ဒေါသအများစု ပြေပျောက်သွားခဲ့ပြီ။ ထိုအခိုက်မှာ အရှေ့ဘက်အိမ်မှ ကလေးရဲ့ ပျော်ရွှင်စွာနဲ့ အော်ဟစ်ရယ်မောတဲ့အသံကိုကြားတော့ လီမူလင်းကိုလှမ်ပြောလိုက်တယ်။


“ဆယ့်နှစ်လပိုင်း  ရှစ်ရက်မြောက်နေ့တုန်းက မင်းရဲ့ ဒုတိယအစ်ကိုက သူ့ရဲ့မိသားစုကို သမီးတစ်ယောက် ထပ်ထည့်လိုက်နိုင်ခဲ့တယ်.. နာမည်က ကျန်းကျန်းတဲ့”


လီမူလင်းက ချက်ချင်းရယ်မောလိုက်ပြီး :


“ဒုတိယအစ်ကိုက တကယ်ကံကောင်းတာပဲ..  အမေ ကျွန်တော်တို့မိသားစုထဲက အဲဒီဆွေမျိုးတွေကို ပြောပြီးသွားပြီလား?”


“ငါ သူတို့ကို စာပို့ပေးပြီးသွားပြီ” 


ကျန်းကျန်းရဲ့ အကြောင်းကိုပြောရင်း မဒမ်လီက သူမရဲ့မျက်နှာပေါ်က အရေးအကြောင်းတွေပေါ်အောင် စတင်ပြုံးလာခဲ့တယ် :


“မင်းအန်တီနဲ့ သူတို့တွေအားလုံး မနာလိုဖြစ်နေကြတာ..  မင်းရဲ့တတိယအဒေါ်က နွေဦးပေါက်ပြီးရင် သူ့ချွေးမလေးကို ခေါ်လာမယ်လို့ ပြောခဲ့တယ်လေ.. သူမရဲ့ချွေးမကို ကျန်းကျန်းလေးကို ပွေ့ချီခိုင်းပြီး ကြည့်ကြတာပေါ့.. သူမလည်း ပျော်ရွှင်ပြီး သမီးလေးတစ်ယောက်ရလာနိုင်တာပဲ”


သားနှစ်ယောက်ကို မွေးဖွားထားနိုင်ခဲ့တာကြောင့် သူမကို အလွန် အလေးအနက်ထားသင့်တယ်လို့ ထင်နေတဲ့ ကျန်းချွမ်ဟွားက ထိုစကားကြောင့် အလွန်စိတ်မသက်မသာဖြစ်သွားရတယ်။


“မိန်းကလေးမွေးနိုင်တာက  ဘာများကောင်းနေလို့လဲ.. အနာဂတ်ကျရင် သူမကို တခြားလူတွေရဲ့အိမ်ဆီကို လက်ထပ်ဖို့ပေးလိုက်ရမှာ”


မဒမ်လီက သူမကို တစ်ချက်လှမ်းကြည့်လိုက်တယ်။


အိုး။ ငါက မင်းကို လျစ်လျူရှုပေးထားတာနဲ့ မင်းက ကောင်းကင်ဘုံကို ချက်ချင်းပဲသွားချင်နေတော့တာပဲ။ 


မဒမ်လီ ချက်ချင်းပဲ တောက်ခေါက်လိုက်တယ်။


“မိန်းကလေးတွေက ချစ်စရာကောင်းပြီးဂရုစိုက်တတ်တယ်..  ဒါပေမယ့် ကောင်လေးကတော့ ပိုပြီးသန်မာလာကြတယ်”


သူမက နောက်တစ်ကြိမ်တောက်ခေါက်လိုက်ပြီး:


“သားတစ်ယောက်မွေးရတာက  ဘာတွေများကောင်းနေလို့လဲ.. အသက်ကြီးလာရင် အိမ်မှာ မနေချင်တော့ဘူး.. ဆယ်နှစ်နေတာတောင် အိမ်ကိုတစ်ကြိမ်လောက် ဘယ်လိုပြန်လာရမလဲဆိုတာကို မသိနိုင်ကြတော့ဘူးလေ.. ဒီလိုဆိုမှတော့ ဘာလို့သမီးလေး မမွေးရမှာလဲ”


လီမူလင်းက ခန်ရဲ့ဘေးနားမှာ ရိုးရိုးသားသား မတ်တပ်ရပ်နေပြီး သူ့ရဲ့အမေကို ခဏတာလောက်ပျော်ရွှင်စေဖို့အတွက် ချော့မော့ပြီးပြီးတဲ့နောက်မှာ ဘာတစ်ခုမှမလုပ်မိပါပဲ ငိုကြွေးလုနီးပါးဖြစ်တဲ့အထိ  ထပ်မံအရိုက်ခံရပြန်တယ်။  


ကျန်းချွမ်ဟွားတစ်ယောက် လီမူလင်းရဲ့တင်ပါးတွေက အလွန်နာကျင်နေရပြီး ထိုင်တောင်မထိုင်နိုင်ဖြစ်နေရတာကိုမြင်တော့ မျက်ရည်တွေဝဲတက်လာကာ ထငိုချင်စိတ်ပေါက်လာရတယ်။ ဒီလိုမျိုး ရိုက်နှက်တတ်ပြီး မမေ့နိုင်လောက်အောင်ဖိအားပေးတတ်တဲ့  ယောက္ခမတစ်ယောက်ရှိတာက တကယ်ကိုကြောက်စရာကောင်းတယ်။