အခန်း(5)
လီမူဝူက ကျန်းချွမ်ဟွားရဲ့မျက်နှာပေါ်မှ အပြောင်းအလဲကို သတိမပြုမိဘဲ လှမ်းပြောလာတယ်။
“ညီလေးနဲ့ခယ်မလေးတို့ .. ကလေးတွေကို ဒီကိုခေါ်ခဲ့လေ.. လှည်းပေါ်မှာ ထိုင်ခိုင်းလိုက် ငါတို့မိသားစုအိမ်က ဝေးလွန်းတယ်.. လမ်းလျှောက်နိုင်မှာမဟုတ်ဘူး”
ကျန်းချွမ်ဟွားက နွားလှည်းပေါ်မှာရှိနေတဲ့ ဖုန်မှုန့်တွေကို ရွံရှာစွာ စိုက်ကြည့်ကာ ဖြစ်ညှစ်ပြီးပြုံးလိုက်တယ်။
“ မလိုပါဘူး ကျွန်မတို့လမ်းလျှောက်မယ်”
လေးနှစ်အရွယ်သာရှိသေးတဲ့ လီမင်ရှင်းက ထိုစုတ်ပြတ်နေတဲ့ နွားလှည်းကို စူးစိုက်ကြည့်လိုက်ပြီး ကျန်းချွမ်ဟွားကို ဆွဲလိုက်ကာ တီးတိုးပြောလာတယ်။
“အမေ သား လှည်းစီးချင်တယ်”
ကျန်းချွမ်ဟွားက သူမရဲ့သားလက်ကိုညှစ်လိုက်ပြီး ခေါင်းကို မော့ကာ လီမူလင်းဆီ အလျှင်အမြန်လှမ်းကြည့်လိုက်တယ်။ ပြီးမှ သူမရဲ့သားကိုပြန်ငုံ့ကြည့်ကာ တီးတိုးပြောလာတယ်။
“အမေတို့ နွေးနွေးထွေးထွေးရှိအောင် လမ်းလျှောက်ကြမယ်လေ”
လီမူဝူက အနည်းငယ် မသဲမကွဲသာကြားလိုက်ရတာကြောင့် ထိုသားအမိဘက်ကို လှည့်ကြည့်လိုက်တော့ လီမူလင်းက ကြားထဲကနေ ဝင်ရောက်ပြီး ပြောပေးလိုက်တယ်။
“အချိန်တော်တော်ကြာအောင် ရထားစီးလိုက်ရတော့ ခြေထောက်တွေ ညောင်းနေပြီလေ.. လမ်းလျှောက်ရတာ ပိုကောင်းပါတယ်”
“ရတာပေါ့”
လီမူဝူက ပြုံးလိုက်ပြီး ပြတ်သားစွာပြောလိုက်တယ်။
“ ငါ့ညီနဲ့ ညီမက အဝေးကြီးခရီးထွက်လာခဲ့ရတယ်ဆိုတာကိုသိရင် လောင်လင်းကို နွားလှည်းငှားဖို့ မပြောခဲ့ပါဘူး.. ခုတော့ လောင်လင်းကို ငါတို့မပါပဲ ပြန်ပြေးခိုင်းရတော့မယ်”
နွားလှည်းမောင်းနေတဲ့ လောင်လင်းက သူ့ရဲ့ခေါင်းကိုလှည့်ပြီး ရိုးသားစွာပြုံးရင်းပြောလာတယ်။
“ရပါတယ်.. ငါက အပြင်လူမှမဟုတ်တာ.. မင်းက ယဉ်ကျေးလွန်းနေတာပဲ! ဒါ့အပြင်ငါက ဘာမှမပါပဲပြန်ရမှာမဟုတ်ဘူးလေ.. မင်းရဲ့ ခရီးဆောင်အိတ်တွေကျန်နေသေးတာပဲမလား!”
လီမူလင်းက လျှင်မြန်စွာ ရယ်မောလိုက်တယ်။
“ အစ်ကိုလောင်လင်းကို ဒုက္ခပေးမိပြီ”
သူက လက်ထဲမှ စီးကရက်ဗူးကို ထုတ်ပြီး လောင်လင်းကို ပေးလိုက်တယ်။
လောင်လင်းက စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့လက်အိတ်တွေကို အမြန်ချွတ်ကာ သူ့ရဲ့ လက်နှစ်ဖက်မှ ချွေးတွေကို အဝတ်တွေပေါ်မှာ အကြိမ်ရေအနည်းငယ်သုတ်လိုက်ပြီးမှ လက်ကို မြှောက်ပြီး လှမ်းယူလာတယ်။
ပြီးနောက် စီးကရက်ကို သူ့ရဲ့နှာဖျားအောက်ကိုထည့်ကာ အနံ့ခံကြည့်လိုက်ပြီး ဦးထုတ်ကိုချွတ်ကာ ထိုစီးကရက်ကို နားရွက်ကြားထဲမှာညှပ်လိုက်တယ်။
ထို့နောက် ရှက်ရွံ့စွာပြုံးပြီး ပြောလာခဲ့တယ်။
“ငါ ဒီလောက်ကောင်းတဲ့ စီးကရက်ကို တစ်ခါမှ မသောက်ဖူးဘူး”
လီမူလင်းက ပြုံးလိုက်ပြီး ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တယ်။ သူ အိမ်နဲ့ဆယ်နှစ်လောက်ဝေးကွာပြီးမှ သူ့ရဲ့မွေးရပ်မြေကို ပြန်လာနိုင်ခဲ့တာလေ။
ဒီမြို့ကို ကြည့်ချိန်မှာ ရင်းနှီးမှုကိုခံစားရသလို တချိန်တည်းမှ အနည်းအကျဉ်းလောက်လည်း မရင်းနီးသလို ခံစားနေရတယ်။ လီမူလင်း သူ အိမ်ကိုပြန်ရောက်ရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို မတွေးကြည့်ပဲ မနေနိုင်တော့ဘူး။
လီမူလင်းက သူ့ရဲ့ အစ်ကိုအကြီးဆုံးအပေါ်မှာတော့ ဘယ်လိုထင်မြင်ချက်မျိုးမှရှိမနေခဲ့ဘူး။ သူ သိတတ်တဲ့အရွယ်ကတည်းက သူ့ရဲ့အစ်ကိုအကြီးဆုံးက ဂျပန်နတ်ဆိုးတွေကို တိုက်ခိုက်ဖို့အတွက် စစ်တပ်နှင့်အတူ လိုက်ပါသွားတယ်ဆိုတာကိုပဲ သိခဲ့ရတယ်။
ဒုတိယအစ်ကိုလီမူဝူကတော့ အနည်းငယ်ရိုးသားပေမဲ့လည်း အကိုကြီးတစ်ယောက်နဲ့ပိုမိုတူညီပြီး သူ့ရဲ့ ညီငယ်တွေကို အလွန်ကာကွယ်ပေးတတ်တယ်။
နှစ်သစ်ကူးအချိန်တွေမှာ မိသားစုအတွင်း အစားအစာကောင်းတွေရှိလာတဲ့အချိန်တိုင်း လီမူဝူက အနည်းငယ်သာ မြည်းစမ်းစားခဲ့ပြီး ကျန်တာကို ညီငယ်နှစ်ယောက်အတွက်ချန်ထားပေးတတ်တယ်။
လီမူစန်းနဲ့လီမူလင်းတို့ကတော့ အသက်နှစ်နှစ်သာ ကွာတယ်။
သူတို့နှစ်ယောက်က ငယ်ငယ်တုန်းက ခုတင်တစ်လုံးတည်းမှာပဲ အတူ အိပ်ခဲ့ကြပြီး အမွှာတွေနဲ့ ခြားနားခြင်းမရှိဘူး။ နှစ်ယောက်သား ထင်းတွေအတူသွားကောက်ဖို့ တောင်ပေါ်တက်ခဲ့ကြဖူးပြီး မြစ်ထဲကိုလည်း ငါးဖမ်းဖို့ အတူသွားခဲ့ကြဖူးတယ်။ ပြောရရင် တစ်နေ့လုံး ခွဲလို့မရဘူးလို့တောင်ဆိုနိုင်တယ်။
လီမူလင်း အိမ်မှ ထွက်သွားတဲ့အချိန်မှာ အသက်နှစ်ဆယ်ကျော်နေပြီဖြစ်တဲ့ လီမူစန်းက ငိုခဲ့ဖူးတယ်။
သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ သူနဲ့အချိန်အကြာကြီးဝေးကွာနေခဲ့တဲ့ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကို,ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အိမ်မှာ ရှိနေတဲ့ ဆံပင်တွေဖြူဖွေးနေလောက်တော့မဲ့ အမေအိုအကြောင်း တွေးရင်း လီမူလင်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ ဝမ်းနည်းသွားရတယ်။ ဒီလောက်နှစ်တွေအကြာကြီးအတွင်း သူ ဘာလို့ အိမ်ပြန်ဖို့ အချိန်မယူခဲ့ရတာလဲ။
သူတို့အုပ်စု မိနစ် 20 လောက် လမ်းလျှောက်ခဲ့ပြီးနောက်မှာတော့ လီမင်ရှင်းက လမ်းမလျှောက်နိုင်တော့ဘူး။ သူက ကျန်းချွမ်ဟွားဆီကို မကျေမနပ်ကြည့်ပြီး မျက်ရည်တွေစီးကျရင်း နှုတ်ခမ်းကိုဆူထော်ပြီး ပြောလာတယ်။
“အမေ..ကျွန်တော် မသွားချင်တော့ဘူး.. ပင်ပန်းနေပြီ”
ကျန်းချွမ်ဟွားက သူမရဲ့သားငယ်ကို ငုံ့ကြည့်လိုက်တော့ ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာလေးကိုမြင်လိုက်ရတာကြောင့် ဝမ်းနည်းသွားရတယ်။ ထိုအချိန်မှာပဲ သူ့ရဲ့အရှေ့မှသွားနေတဲ့ နွားလှည်းကို စိတ်အားထက်သန်စွာ ကြည့်နေတဲ့ သားကြီး လီမင်ရှုကို တွေ့လိုက်ရပြန်တယ်။
ကျန်းချွမ်ဟွား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး လီမူလင်းဆီကို မကျေမနပ် ကြည့်လိုက်ပေမဲ့ လီမူလင်းက ခေါင်းငုံ့ပြီး အရှေ့ဘက်မှ လျှောက်နေကာ သူတို့ သုံးယောက်ကို နောက်ပြန်မလှည့်ကြည့်ခဲ့ဘူး။
“ခဏစောင့်ဦး”
သူမသားငယ်ရဲ့ အသက်မဲ့ပြီး ဖြူဖျော့နေတဲ့ မျက်နှာကို မြင်လိုက်ရတာကြောင့် ကျန်းချွမ်ဟွားက တခြားအတွေးတွေကို ဂရုစိုက်မနေနိုင်တော့ဘူး။ ဒါကြောင့်
ကျည်ဆံကို ကိုက်ပြီး အော်ဟစ်ရုံသာတတ်နိုင်တော့တယ်။
သို့သော်လည်း အရှေ့မှာလူကြီးလေးယောက်က အချင်ချင်း စကားပြောနေကြပြီး ကျန်းချွမ်ဟွား လှမ်းခေါ်နေတဲ့အသံကို ဘယ်သူမှမကြားခဲ့ကြဘူး။ သူတို့က ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့ကိုဆက်လျှောက်ရင်း စကားပြောဆို ရယ်မောနေခဲ့ကြတယ်။ သူမကို ဘယ်သူမှဂရုမစိုက်တာကိုမြင်တော့ ကျန်းချွမ်ဟွားရဲ့ မာနတွေက သုံးမှတ်လောက် လျော့ကျသွားရပြီး အသံကိုထပ်မြှင့်လိုက်ရုံသာ တတ်နိုင်တော့တယ်။
“မူလင်း မင်ရှင်းက လမ်းထပ် မလျှောက်နိုင်တော့ဘူး”
လီမူလင်းက ရပ်တန့်သွားပြီး အနောက်ကိုလှည့်ကြည့်လာတယ်။ ထိုအချိန်မှာတော့ သူ့ရဲ့ သားနှစ်ယောက် ပင်ပန်းလွန်းတာကြောင့် မတ်တပ်မရပ်နိုင်တော့ပဲ မြေပြင်ပေါ်မှာငုတ်တုတ်ထိုင်နေတာကို မြင်လိုက်ရတယ်။ သူ လီမင်ရှင်းဆီကိုအမြန်သွားကာ ပွေ့ချီလိုက်ပြီး ကျန်းချွမ်ဟွားထံသို့ စိုက်ကြည့်ကာ မကျေမနပ်ပြောလိုက်တယ်။
“မင်းက သားတွေကို နွားလှည်းမစီးစေချင်ဘူးမလား.. တကယ်လို့ သူတို့တွေ ပင်ပန်းပြီး ဖျားသွားရင် မင်းဘယ်လိုလုပ်မလဲ.. ဒီမှာက ဆရာဝန်နဲ့ သွားပြဖို့ဆိုတာ ပင်းချန်လို လွယ်တာမဟုတ်ဘူး”
ကျန်းချွမ်ဟွားက ထိုစကားကိုကြားလိုက်ရချိန်မှာတော့ ထိတ်လန့်သွားတော့တယ်။
“ထိုင်မယ် ထိုင်မယ်.. ကျွန်မ သားတွေကိုခေါ်ပြီး လှည်းပေါ်ကိုသွားလိုက်မယ်.. ကျွန်မတို့ ခြေထောက်နဲ့မသွားတော့ဘူး”
လီမူလင်းက ဘာမှပြန်မပြောဘဲ သူ့ရဲ့သားနှစ်ယောက်ကို နွားလှည်းပေါ်သို့ တိတ်တဆိတ်ခေါ်သွားပေးလိုက်ပြီးနောက် ကျန်းချွမ်ဟွား တက်လို့ရအောင် ကူညီပေးလိုက်တယ်။
နွားလှည်းပေါ်မှာ သစ်သားခုံတန်းလေး သုံးခုရှိနေပြီး ကျန်းချွမ်ဟွားက သူမရဲ့သားငယ်ကို ပွေ့ဖက်လိုက်ကာ အိတ်ထဲမှ စုတ်ပြဲနေတဲ့ ချည်သားအင်္ကျီအထူတစ်ထည်ကို ထုတ်ယူလိုက်ပြီး လေတိုက်တာကနေကာကွယ်ဖို့ အိတ်တွေကိုတော့ ခြေထောက်တွေနောက်ကိုရွှေ့ထားလိုက်တယ်။
နွားလှည်းက အရှေ့သို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့တယ်။ ကျန်းချွမ်ဟွားက လှည်းပေါ်မှာထိုင်ရင်း သူမရဲ့ခြေသလုံးကြွက်သားတွေကို ပွတ်သပ်လိုက်ရင်း နောင်တရနေခဲ့တယ်။ တကယ်လို့ သူမသာ ဒီအကြောင်းကို ကြိုသိခဲ့ရင် အစကတည်းက လှည်းပေါ်မှာထိုင်ခဲ့မှာပေါ့။ အခုတော့ ပင်လည်းပင်ပန်းရတဲ့အပြင် ကြောင်သူတော်လိုလည်းဖြစ်သွားရသေးတယ်။
“အမေ ကျွန်တော်တို့ပြန်လာပြီ!”
လှည်းက တစ်နာရီလောက် ဖြည်းညှင်းစွာ သွားနေပြီးနောက် အဆုံးမှာတော့ လင်းမိသားစုရဲ့ အိမ်တံခါးဝသို့ ရောက်လာခဲ့ပြီ။ လီမူဝူက လှည်းပေါ်မှ အိတ်တွေကို ဆွဲယူရင်း အပေါက်ဝကနေ လှမ်းအော်လိုက်တယ်။
“ပြန်လာပြီလား?”
သစ်သားတံခါးကို တွန်းဖွင့်ခံလိုက်ရပြီး လေးလံတဲ့ လိုက်ကာသည်လည်း ဆွဲလှစ်ခံရကာ အဖွားလီရဲ့တုန်ယင်နေတဲ့လက်က တောင်မွှေးကိုအမှီပြုပြီး ထွက်ပေါ်လာခဲ့တယ်။
လီမူလင်းက သူ့ရဲ့သားတွေကိုလှည်းပေါ်ကနေ ချပေးလိုက်ပြီးနောက် လှည့်ကြည့်လိုက်တော့ ခါးကိုင်းရင်း လက်ကိုင်တုတ်ပေါ်မှာ အားပြုနေရတဲ့ အဖွားအိုကြီးကိုတွေ့မြင်လိုက်ရတယ်။ သူ့ရဲ့ မျက်ရည်တွေက ချက်ချင်းပဲ ကျဆင်းလာရပြီး သားဖြစ်သူကို ဘေးသို့ဖယ်လိုက်ကာ အိမ်ထဲသို့ ပြေးဝင်သွားတော့တယ်။
“အမေ!”
“မင်းက အိမ်ကိုဘယ်လိုပြန်လာရမလဲသိသေးတာလား”
မဒမ်လီက နီရဲနေတဲ့မျက်လုံးတွေနဲ့ သူမရဲ့လက်ထဲမှ ချိုင်းထောက်ကို မြှောက်ကာ လီမူလင်းကို ကြိမ်ဖန်များစွာ ရိုက်တော့တယ်။
“ မင်း အကုန်လုံးကိုမေ့လိုက်ပြီမလား? မင်း နှလုံးသားထဲမှာ ဒီအဘွားကြီးဆိုတာ ရှိနေသေးရဲ့လား “
“ရှိပါတယ်! ရှိတာပေါ့! ရှိတာပေါ့!”
လီမူလင်းက အမေဖြစ်သူရဲ့ ရိုက်ချက်အနည်းငယ်ကိုလက်ခံရရှိပြီးနောက် ရုတ်တရက် အလွန်သက်တောင့်သက်သာရှိသွားသလို ခံစားလိုက်ရတယ်။
“ကျွန်တော့်အမေက ကျွန်တော့်ကိုအကြိမ်ရာနဲ့ချီပြီး ကြိမ်တုတ်နဲ့ရိုက်တာကိုတောင် အိပ်မက်မက်နေခဲ့တာ”
“တော်တော်ဆိုးရွားတဲ့အိပ်မက်ပဲ”
မဒမ်လီရဲ့နှုတ်ခမ်းတွေကတော့ နားရွက်နားကို ထိကပ်လုမတတ်ပြုံးနေခဲ့တယ်။
လီမူလင်းက သူ့ရဲ့ပခုံးတွေကို ပွတ်သပ်ရင်း အနောက်ကိုလှည့်ပြီး သူ့သားတွေကို လှမ်းခေါ်လိုက်တယ်။
“မင်ရှု မင်ရှင်း ဒီကိုလာ .. မင်းတို့ရဲ့အဖွားကိုနှုတ်ဆက်လိုက်ကြ”
မလှမ်းမကမ်းတွင် ရပ်နေကြတဲ့ မင်ရှုနဲ့ မင်ရှင်းတို့က မဒမ်လီရဲ့ ချိုင်းထောက်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး အရိုက်ခံရပြီးချိန်မှာတောင် ပြုံးရယ်နေတဲ့ ဖခင်ဖြစ်သူရဲ့ တောက်ပတဲ့မျက်နှာကို ကြည့်လိုက်ကြပြန်တယ်။
ကောင်လေးနှစ်ယောက်က အတန်ကြာ ငြိမ်သက်သွားပြီးနောက် အကြီးနဲ့အငယ်နှစ်ယောက်ရဲ့ဖြူဖွေးနူးညံ့တဲ့မျက်နှာပေါ်မှာ ချစ်စရာကောင်းတဲ့အပြုံးတွေ လျှင်မြန်စွာဖြစ်ပေါ်လာကြတယ်။
“မင်္ဂလာပါ အဖွား!”
“အိုး ငါ့ရဲ့မြေးလေးတွေ.. မြန်မြန်လေး ဝင်လာခဲ့ကြ!”
ကြောက်လန့်နေကြတဲ့မြေးတွေကိုကြည့်ရင်း မစ္စလီက တုတ်ကို ဆက်လက်မကိုင်တော့ဘဲ ဘေးသို့ပစ်ချလိုက်တယ်။ ထို့နောက် ကလေးတွေရဲ့လက်တစ်ဖက်ဆီကိုကိုင်ဆွဲရင်း နူးညံ့စွာပြောလာခဲ့တယ်။
“မင်းတို့တွေ လမ်းမှာ ပင်ပန်းလာကြလား.. ဗိုက်တွေရောဆာနေကြပြီလား .. ဟမ်? ဗိုက်ဆာနေတာလား”
မင်ရှင်းက ခေါင်းငုံ့ရင်း သူ့ရဲ့ ခြောက်သွေ့ပိန်လှီနေတဲ့ လက်ကို ဆုတ်ကိုင်ထားကာ ငိုတာထက်ဆိုးတဲ့အပြုံးနဲ့ပြောလာလေတယ်။
“ဗိုက်ဆာတယ်!”
“ကွေ့ဟွား .. မြန်မြန်လေး ခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကို ချက်လိုက်ဦး.. ကြက်ဥနှစ်လုံးဖောက်ထည့်ပြီး နှမ်းဆီနည်းနည်းလောက်ထည့်လိုက်နော်.. ပြီးရင် မင်ရှုနဲ့ မင်ရှင်းကိုကျွေးလိုက်”
အဖွားလီက ကွေ့ဟွားကို ညွှန်ကြားချက်ပေးပြီးနောက် သူမရဲ့သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတော့ ချွေးမဖြစ်သူကို ပထမဆုံးမြင်လိုက်ရတယ်။
“မင်းတို့ လည်း မစားရသေးဘူးမလား.. အထဲမှာ ပန်ကိတ်နဲ့ပြောင်းယာဂုချက်ထားတာရှိတယ်.. အရင်ဆုံးစားပြီးမှ စကားဆက်ပြောကြတာပေါ့”
သူရဲ့စိတ်ထဲမှာ ယောက္ခမဖြစ်သူနဲ့ ရင်ဆိုင်ရမဲ့မြင်ကွင်းမျိုးကို အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပုံဖော်ထားပြီးနေပြီဖြစ်ပေမဲ့ သူမရဲ့ယောက္ခမဖြစ်သူက သူမကိုပြောင်းယာဂု တစ်ပန်းကန်လုံးအရင်ပို့လာလိမ့်မယ်လို့ ကျန်းချွမ်ဟွား မမျှော်လင့်ခဲ့မိဘူး။
အရာအားလုံးက ချက်ပြုတ်ပြင်ဆင်ပြီးသားဖြစ်ကာ ပြောင်းယာဂုကလည်း နွှေးထားပြီးသားဖြစ်နေခဲ့တယ်။ ကွေ့ဟွားက ပြောင်းဖူးပန်ကိတ်တစ်ခြင်းကို စားပွဲပေါ်သို့တင်ကာ ယာဂုပန်းကန်တွေကိုပါချပေးလာခဲ့တယ်။
ဒါ့အပြင် အချဥ်တည်ထားတဲ့အရွက်ပန်းကန်နဲ့ ဂေါ်ဖီထုပ်နဲ့ချက်ထားတဲ့ ကြာဇံအိုးတစ်လုံးတို့ကိုလည်း တည်ခင်းပေးလာခဲ့တယ်။
မီးဖိုဘေးမှာ ရက်အနည်းငယ်ကြာအောင်နေခဲ့ရပြီးချိန်မှာ လီမူဝူတို့ မိသားစုက ဘီစကွတ်ခြောက်တွေကိုလည်း ပြုလုပ်ထားခဲ့ပြီဖြစ်တာကြောင့် ရေနွေးပူတွေနဲ့ သောက်သုံးနေခဲ့ကြတယ်။
ဒီလိုနဲ့ အခုချိန်မှာ စားပွဲဝိုင်းဆီကိုရောက်လာတဲ့ ကျန်းချွမ်ဟွားတစ်ယောက် အစားအသောက်ရနံ့တွေကြောင့် စိတ်ထဲမှအတွေးတွေကို ခဏလောက်မေ့ပျောက်သွားခဲ့လေတယ်။
ကွေ့ဟွားက ဝမ်စုဖန်းအတွက် ချက်ထားလက်စရှိနေတဲ့ ရစ်ငှက်စွပ်ပြုတ်ထဲမှဟင်းချိုအရည်တစ်ဇွန်းနှင့် ရစ်ငှက်အပိုင်းအစ အနည်းငယ်ကိုထည့်ကာ ခေါက်ဆွဲကို အမြန်ပြုတ်လိုက်တယ်။ လီမူရှုနဲ့ လီမူရှင်းတို့က မီးဖိုချောင်ပေါက်ဝမှာရပ်ကာ ကွေ့ဟွားချက်နေတဲ့အိုးကို စိုက်ကြည့်ရင်း တံတွေးကိုမြိုချမိနေခဲ့ကြတယ်။
“ဒါက ရစ်ငှက်နဲ့ချက်ထားတာလေ.. ဒါပေမယ့် အသားကိုတော့ ယူစားလို့မရဘူး.. ဒါတွေက မင်းတို့ရဲ့ ဒုတိယ အန်တီရဲ့ ခန္ဓာကိုယ်အတွက် ပြင်ဆင်ထားတာ.. နောက်နေ့ကျရင် မင်းတို့ရဲ့အစ်ကိုတွေကို မင်းတို့ကို တောင်တွေဆီ ခေါ်သွားဖို့ပြောလိုက်.. တကယ်လို့ မင်းတို့သာ တုံးအတဲ့သမင်တစ်ကောင်လောက်တွေ့ပြီး ပြန်ဆွဲလာနိုင်မယ်ဆိုရင် အရသာရှိတဲ့ဟင်းပွဲချက်ပေးလို့ရပြီ”
မင်ရှင်းက တံတွေးကို မျိုချလိုက်မိပြီး ထမင်းစားနေတဲ့ ကျန်းချွမ်ဟွားဆီကိုပြန်လှည့်ကြည့်ကာ ပြောလာတယ်။
“အမေ အမေပြောတော့ အဖွားရဲ့မိသားစုက ဆင်းရဲတယ်ဆို.. အခုကျတော့ အဖွားတို့ မိသားစုက သားတို့မိသားစုထက်တောင် အများကြီးစားနိုင်နေတာကိုတွေ့တယ်နော်”
ကျန်းချွမ်ဟွားတစ်ယောက် သားဖြစ်သူဆီမှ ဆွဲချခံလိုက်ရပြီး စားလက်စ အစာက လည်ချောင်းထဲမှာနင်သွားခဲ့ကာ ရုတ်တရက်သီးသွားရတော့တယ်။
**