Ch 4
Viewers 1k

အခန်း(4)


ညီအစ်ကို သုံးယောက်က လိပ်ကို ခြင်းထဲသို့ထည့်ကာ စိတ်ပျက်လက်ပျက် အိမ်ပြန်ခဲ့ကြတယ်။ 


သူတို့ပြန်ရောက်ချန်မှာ မဒမ်လီက မီးဖိုချောင်ထဲမှာ ဆေးလိပ်အိတ်ကို တစ်ဖက်ကကိုင်ရင်း ဆေးလိပ်ထိုင်သောက်နေခဲ့ကြတယ်။ သူမရဲ့မြေးလေးတွေ အထဲကို ခိုးကြောင်ခိုးဝှက်နဲ့ အထဲကိုချောင်းကြည့်နေကြတာကိုမြင်တော့ သူမရဲ့သွားတွေပေါ်တဲ့အထိ ပြုံးရယ်လိုက်မိတယ်။


“ငါး ဖမ်းမမိခဲ့ဘူးလား”


လီမင်နန်နဲ့ လီမင်ပေတို့က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းညိတ်ပြပြီး မီးဖိုချောင်ထဲသို့ ခြင်းကို သယ်လာခဲ့ကြတယ်။


“လိပ်တစ်ကောင်ပဲ ဖမ်းမိခဲ့တယ်.. သေနေပြီလား အသက်ရှိနေသေးလားဆိုတာတော့မသိဘူး”


မစ္စလီက ချက်ခြင်းပဲထရပ်ပြီး ခြင်းထဲကို ကို စိုက်ကြည့်လာကာ အထဲမှ အရာကိုမြင်တော့ အလွန်ပျော်ရွှင်သွားခဲ့တယ်။


“ကောင်းပြီ.. မနက်ဖြန် မင်းတို့အတွက် ဖက်ထုပ်လုပ်ပေးမယ်.. နှစ်သစ်ကိုကောင်းကောင်းဖြတ်သန်းကြတာပေါ့”


လီမင်နန်နဲ့ လီမင်ရှီတို့ရဲ့ စိတ်ပျက်လက်ပျက်အမူအယာတွေက ချက်ခြင်း ပျောက်ကွယ်သွားခဲ့တော့တယ်။ သူတို့တွေက သူတို့ဝတ်ထားတဲ့အင်္ကျီအထူကြီးတွေကို ဘီဒိုထဲသို့ပစ်ထည့်လိုက်ကာ မိခင်ဖြစ်တဲ့ ဝမ်စုဖန်းဆီသို့ သတင်းကောင်းပေးဖိို့အတွက် အရှေ့အိမ်ဆီသို့ ပြေးသွားကြတော့တယ်။ 


လီမင်ရှီက အသက်ဘယ်လောက်တောင်ရှိနေပြီလဲ? 


သူ တစ်စုံတစ်ခုအကြောင်းကို ပိုပြီးတွေးတောလေလေ တစ်ခုခုမှားနေပြီလို့ ပိုပြီးခံစားရလေလေပဲ။ ဒါကြောင့် အိမ်ကိုပြန်ရောက်ပြီးနောက်မှာ သူက စာကျက်နေဆဲဖြစ်တဲ့ လီမင်တုန်အနီးကို ချည်းကပ်ပြီး လှမ်းမေးလိုက်တယ်။


“အစ်ကို အဖွားက ဒီနေ့ ဒီလောက်တောင် သဘောကောင်းနေတာလဲ”


လီမင်တုန်က လက်ထဲမှ စာအုပ်ကို အောက်ဘက်သို့ပြန်ချလိုက်ပြီး ညီဖြစ်သီဆီကိုစိုက်ကြည့်လိုက်တယ်။


“ငါတို့အိမ်မှာ အသားများများမချက်ဖြစ်တာ သုံးလကျော်နေပြီ.. နောက်ပြီး မနက်ဖြန်ကျရင် နှစ်သစ်ကူးအချိန်ကိုရောက်ပြီလေ..မင်းတို့ကလည်း ဒီနေ့ ခြင်းထဲမှာတစ်ခုခုရလာသေးတယ်မလား..တကယ်လို့ မင်းတို့တွေ ရေပဲပြန်သယ်လာရင်တောင် အဖွားက မနက်ဖန် ဖက်ထုပ်တွေလုပ်ဦးမှာပဲ”


လီမင်ရှီတစ်ယောက် သူ့အစ်ကိုပြောတာကိုနားထောင်ရင်း နောင်တရသွားရတယ်။


“ကျွန်တော် အဖွားအရူးလုပ်တာကို ခံလိုက်ရတာပဲ..ညနေပိုင်းတုန်းက ရေခဲပြင်ထက်မှာ ကျွန်တော်အေးခဲလုနီးပါး ဖြစ်နေတာကို အစ်ကိုသိမှာမဟုတ်ဘူး”


မဒမ်လီ အခန်းထဲကို ဝင်လာချိန်မှာ သူပြောနေတာကိုကြားတော့ လက်ထဲမှာပါလာတဲ့ ချိုင်းတုတ်နဲ့ ရိုက်ဖို့လုပ်တော့တယ်။


“ဘယ်သူက မင်းကို အရူးလုပ်လို့လဲ.. မင်း မမြင်နိုင်သေးရင် ငါပြပေးရမှာပေါ့”


လီမင်ရှီက သူမဆီကနေ အရိုက်မခံရအောင်ကာရင်း နှစ်မီတာလောက်အဝေးကိုခုန်ဆုတ်သွားကာ ပြုံးရယ်ပြီးပြောလိုက်တယ်။


“ကျွန်တော် ဂရုမစိုက်တော့ဘူး.. ကျွန်တော့်ညီမလေးကိုပဲ သွားတွေ့တော့မယ်”


မဒမ်လီက လီမင်ရှီထွက်သွားတာကိုကြည့်ပြီး နှစ်ခါလောက်ရယ်မောလိုက်တယ်။ ပြီးနောက် လီမင်တုန်ရဲ့ ဘေးနားမှာဝင်ထိုင်လိုက်တယ်။


“မင်တုန်.. ပြီးခဲ့တဲ့လတုန်းက မင်းရဲ့လေးယောက်မြောက်ဦးလေးပို့ထားတဲ့စာထဲမှာ သူ ဘယ်နေ့လာမယ်လို့ပြောထားတာလဲ.. နှစ်သစ်ကူးရက်ထဲမှာမလား”


လီမင်တုန်က အံဆွဲကိုဆွဲဖွင့်ပြီး အတွင်းမှစာတစ်စောင်ကိုထုတ်ကာ ဖွင့်ကြည့်လိုက်တယ်။


“နှစ်ကုန်ခါနီးမှာ ကျွန်တော်တို့ထွက်လာခဲ့မယ်.. လူနာပြက္ကဒိန်ရဲ့ ၂၈ရက်နေ့မတိုင်ခင်အထိ ရောက်မှာမဟုတ်ဘူး”


“သူက အိမ်ထောင်ကျပြီးတဲ့ အချိန်ကတည်းက သူ့ရဲ့ဇနီးသည်ကိုခေါ်မလာခဲ့ဖူးဘူး.. နောက်ပြီး ကလေးရလာတဲ့အချိန်ကျတော့လည်း ငါ့ဆီကိုလာမပြခဲ့ဘူး.. ဒီလောက် နှစ်ပေါင်းများစွာ ကြာတော့မှာ ရောက်လာမဲ့ဟာကိုလည်း နှောင့်နှေးနေပြန်ပြီ”


မစ္စလီက အနည်းငယ် စိတ်ဆိုးနေခဲ့တယ်။


“ငါသိပြီ.. သူ့ရဲ့မျက်လုံးထဲမှာ ဒီအဘွားကြီးကို မမြင်နိုင်တော့ဘူးပဲ”


လီမင်တုန်က မစ္စလီရဲ့ မျက်နှာပေါ်မှ ဝမ်းနည်းနေတဲ့ အကြည့်တွေကို မြင်လိုက်ရတော့ အလျှင်အမြန်ဖြောင်းဖျလာတယာ။


“ဒါကလည်း သိပ်မကြာဘူးမလား? နောက်ပြီး စတုတ္ထဦးလေးကလည်း ဟိုမှာ အလုပ်ရှုပ်နေလို့နေမှာပါ. နှစ်သစ်နဲ့နီးတဲ့အချိန်တွေက ရထားလက်မှတ်ဝယ်ရတာ မလွယ်ဘူးမလား”


မစ္စလီက မြေးဖြစ်သူရဲ့စကားတွေကြောင့် စိတ်ပြန်လည်ကြည်လင်သွားခဲ့တယ်။


“ အနောက်ဘက်အခန်းက ခန်တွေကို မီးထည့်ထားရအောင်.. သူတို့တွေက ဒီလိုမျိုးအေးစက်တာကို ကြုံတွေ့ခဲ့ဖူးမှာမဟုတ်ဘူး”


“စိတ်မပူပါနဲ့ ..မနက်ဖြန် မနက်စောစောထပြီး မီးဖိုထားပေးလိုက်မယ်” 


လီမင်တုန်က သဘောတူလိုက်တယ်။


သူမရဲ့မြေးအကြီးဆုံးက အလွန်အားကိုးရကြောင်း သိထားတာကြောင့် မစ္စလီ စိတ်သက်သာရာရသွားကာ သူမရဲ့ ချိုင်းထောက်ကို ကိုင်ရင်း နောက်ထပ် စကားနှစ်ခွန်းလောက် ပြောဆိုတိုက်တွန်းခဲ့ပြီးနောက်မှာ အပြင်ကိုပြန်ထွက်သွားခဲ့တယ်။


နောက်နေ့ မနက်ပိုင်းမှာတော့ မဒမ်လီတစ်ယောက် အိပ်ယာမှ အိပ်ရာမထသေးခင်မှာ တစ်ညလုံး ဖက်ထုပ်အကြောင်းကိုတွေးတောရင်း ကောင်းကောင်းမအိပ်နိုင်ဖြစ်နေတဲ့ လီမင်ပေက ခန်ပေါ်မှ ပထမဆုံးခုန်ထွက်လာခဲ့တယ်။


“အဖွား ကောင်းကင်ကို ကြည့်ဦး! မိုးလင်းနေပြီ!”


မဒမ်လီတစ်ယောက် ငိုက်မျဥ်းနေဆဲရှိနေရာမှ သူ့ရဲ့အသံကြောင့် အလွန်ထိတ်လန့်သွားရပြီး နှလုံးဖောက်လုနီးပါး ဖြစ်သွားရတယ်။ သူမက ရင်ဘတ်ကို လက်တစ်ဖက်နှင့် ဖိကိုင်ပြီး မြေပြင်ပေါ်မှ ချိုင်းထောက်ကို လှမ်းယူကာ လီမင်ပေကို ရိုက်တော့တယ်။


“မနက်အစောကြီး ဘာလို့ အော်နေတာလဲ..အပြင်ထွက်ပြီး မီးသွားဖိုလိုက်!”


လီမင်ပေက ရယ်မောရင်းနဲ့ အပြင်ဘက်မှ ပေါ်ထွက်လာပြီဖြစ်တဲ့ အလင်းရောင်ရဲ့အကူအညီနဲ့ အင်္ကျီအထူနှင့် ဘောင်းဘီရှည်တို့ကို ၀တ်ကာ မီးဖိုချောင်သို့ ပြေးသွားလေတယ်။


ပြီးနောက် ထင်းတွေကို ပြန်သယ်လာကာ ခန်တစ်ခုချင်းစီအောက်ကို ထင်းတွေလိုက်ထည့်ပေးခဲ့ပြီး မီးဖိုခန်းထဲသို့သွားပြီး မီးဖိုပြန်တယ်။


ပေရှားမှာ တစ်နှစ်ကို ဆောင်းရာသီငါးလရှိတာကြောင့် ရာသီဥတုအလွန်အေးတဲ့အချိန်တွေမှာ မီးဖိုထဲမှာ တစ်ရက်ကို နှစ်ဆယ့်လေးနာရီလုံးလုံး မီးဖိုထားရလေ့ရှိတယ်။


မီးဖိုတွေမှာ ဟင်းအိုးကြီးတွေနဲ့ ချက်ပြုတ်လေ့ရှိပြီး ထိုမီးဖိုတွေက အိမ်ထဲမှာရှိနေတဲ့ ခန်တွေနဲ့လည်း ချိတ်ဆက်ထားတယ်။ လီမင်ပေက အလုပ်ကြိုးစားခဲ့ပြီး မကြာခင်မှာပဲ တစ်မိသားစုလုံးက လှုပ်ရှားသက်ဝင်လာခဲ့တော့တယ်။


ကျန်းကျန်းသည်လည်း လီမင်ပေဝင်လာတဲ့အသံကြောင့် နိုးလာရပြီး ဆီးကိုပါမထိန်းနိုင်ဘဲ သွားလိုက်မိခဲ့ကာ ရှက်ရွံ့လွန်းတာကြောင့် ခန်ကိုထုရိုက်ပစ်ချင်နေခဲ့ရတယ်။


ဆီးမထိန်းနိုင်တာက ရှက်စရာကောင်းလွန်းတယ်!


သူမ စိတ်ထဲကနေ သနားစရာကောင်းလောက်အောင် ငိုကြွေးနေတုန်းမှာ တင်ပါးအောက်ဘက်မှ စိုစွတ်နေတဲ့ အစိုဓာတ်ကို မခံနိုင်တော့တာကြောင့် နှစ်ကြိမ်လောက်ညည်းညူလိုက်မိတယ်။


ထိုအသံတိုးတိုးလေးကြောင့် ဝမ်စုဖန်းက သူမရဲ့သမီးလေး နိုးလာပြီဆိုတာကို သိသွားပြီး ချက်ချင်း ထကာ ကျန်းကျန်းရဲ့ အနှီးကို သန့်ရှင်းတဲ့အထည်နဲ့ ပြန်လည်လှဲလှယ်ပေးခဲ့လဆတယ်။


ကျန်းကျန်းတစ်ယောက် လက်ရှိအခြေအနေအတွက် အလွန်ကူကယ်ရာမဲ့နေရပေမဲ့ သူမအနေနဲ့လည်း ဘာကိုမှမတတ်နိုင်တာကြောင့် သက်ပြင်းကိုသာ ချရင်း စိတ်ထဲကနေရေရွက်မိတယ်:


ဘဝက အရမ်းခက်ခဲလွန်းတယ်။


ဝမ်စုဖန်းကတော့ သမီးဖြစ်သူရဲ့ သက်ပြင်းချသံကိုကြားတော့ မရယ်ပဲမနေနိုင်တော့ဘူး။ သူမက ဆုဆုရဲ့မျက်နှာလေးကို လက်နဲ့ တို့ထိရင်း ပြောလိုက်တယ်။


“မွေးကာစ ကလေးလေးက ဘယ်လိုသက်ပြင်းချရမလဲဆိုတာကို သိနေပြီပေါ့လေ.. တစ်မိသားစုလုံးမှာ မင်းကအပျော်ဆုံးဖြစ်နေရမှာမလား.. မျက်လုံးဖွင့်လာရင် စားလိုက် ပြီးရင် မျက်လုံးမှိတ်ပြီး ပြန်အိပ်လိုက်နဲ့”


သူမက သူမရဲ့အင်္ကျီကိုမြှောက်ပြီး ကျန်းကျန်းကို နို့တိုက်လိုက်တယ်။


အခုချိန်မှာတော့ ကျန်းကျန်းက နို့သောက်ရတာကို ကျင့်သားရလာပြီ။ သူမက ဗိုက်မပြည့်ခင်အထိ ဂလုဂလုနဲ့ အသံမြည်အောင်သောက်ခဲ့တယ်။ ထို့နောက် မျက်လုံးတွေစဥ်းပြီး အိပ်မပျော်သွားခင်မှာ သူမ တွေးလိုက်မိသေးတယ်__


- အမေပြောတာ မှန်တယ်.. ဒီရက်တွေက စားချင်အိပ်ချင်တာပဲရှိပြီး သူမ ပျော်နေသင့်တယ်.. အခုဆို သူမ နည်းနည်းလောက် ပိုကြာကြာအိပ်နိုင်တော့မယ်ထင်တယ်နော်...


ခဏလောက်ကြာတော့ ကျန်းကျန်း ပြန်လည်အိပ်ပျော်သွားခဲ့တယ်။ ဝမ်စုဖန်းက သူမကို အိပ်ယာအထူပေါ်သို့ ပြန်တင်ကာ အဝတ်အစားလဲပြီးနောက် နှစ်သစ်ကူးအတွက် ပစ္စည်းတွေပြင်ဆင်ဖို့ အပြင်ကို ထွက်လာခဲ့တော့တယ်။


မစ္စလီက ဝမ်စုဖန်းထွက်လာပြီး လက်ဆေးနေတာကိုမြင်တော့ သူမရဲ့ ဆန့်တန်းလာတဲ့လက်တွေကိုပြန်ဆွဲပြီး ပြောလိုက်တယ်။ 


“မင်းက အခန်းထဲမှာမနေဘဲ အပြင်ကို လှည့်ပတ်ပြီး ဘာလာလုပ်နေတာလဲ.. ခဏနေရင် ရှို့လန်လည်း ဒီကိုရောက်လာတော့မှာ.. သူမက ကွေ့ဟွားကိုကူပြီးအတူလုပ်ပေးလိမ့်မယ် .. မင်းအပြင်က ကိစ္စတွေကို စိတ်ပူမနေစမ်းနဲ့ .. အခန်းထဲမှာပဲ သွားအနားယူနေစမ်းပါ”


ဝမ်စုဖန်းက အလျှင်အမြန်ပြောလာတယ်။


“ခန်ပေါ်မှာထိုင်ပြီး အစာခြောက်တွေလုပ်ရတာက မပင်ပန်းပါဘူး.. အခန်းထဲက ခန်ပေါ်မှာလှဲနေရတာက ကျွန်မအတွက် အလုပ်လုပ်နေရတာထက် ပိုပင်ပန်းတယ်”


“ကောင်းကျိုးခံစားနေရတာကို မပျော်နေဘူးပေါ့လေ”


မစ္စလီက မနှစ်မြို့သလိုမျိုး ခေါင်းခါလိုက်ပြီး :


“မင်း ပင်ပန်းနေရင် ကျန်းကျန်းကို ပွေ့ချီပြီး အိမ်ထဲ လျှောက်သွားနေလိုက်.. ဒါဆိုမင်း ပင်ပန်းတော့မှာမဟုတ်ဘူး.. မင်း ပင်ပန်းနေလို့ နို့မထွက်တော့ဘူးဆိုရင် ငါ့မြေးမလေး ဆာလောင်ပြီး ပိန်သွားလိမ့်မယ်.. ဒီလိုသာဆို ငါဘယ်လိုလုပ်ရတော့မလဲ?”


လျို့ရှို့လန်က တံခါးဝကနေဝင်လာတဲ့အချိန်မှာ ထိုစကားတွေကိုကြားလိုက်ရတာကြောင့် မရယ်ပဲမနေနိုင်တော့ဘူး။


“ငါတို့ရဲ့အမေ မိန်းကလေးတွေကို ဘယ်လောက်ထိသဘောကျလဲဆိုတာကို ကောင်းကောင်းမြင်နိုင်တာပဲ.. တခြားကောင်လေးတွေကိုမွေးတဲ့အချိန်တုန်းက အမေအဲလောက်ထိ စိတ်လှုပ်ရှားနေတာကို မမြင်ခဲ့ပါဘူး.. တော်တော်လေးတည်တည်ငြိမ်ငြိမ်ရှိခဲ့တာလေ”


မစ္စလီကလည်း ရယ်မောလိုက်ပြီး ဆေးလိပ်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။


“မင်းတို့တွေ မကြိုက်ရင်တောင် ဘာမှမတတ်နိုင်ဘူး.. ငါက မြေးမလေးကိုပဲ ကြိုက်ရုံပဲလေ.. မင်းတို့ကို မိန်းကလေးမွေးဖို့ ဘယ်သူက ခွင့်မပြုပဲနေခဲ့လို့လဲ”








အခန်း(4.2)


ကွေ့ဟွားက အပြင်ဘက်မှ လှုပ်ရှားမှုတွေကို ကြားလိုက်ရတာကြောင့် မတ်တပ်ထရပ်ပြီး သူမရဲ့ လက်တွေကို ခါးစည်းမှာသုတ်လိုက်ကာ မီးဖိုခန်းထဲမှ ထွက်လာခဲ့ပြီး နှုတ်ဆက်လိုက်တယ်။


“တတိယအန်တီ ရောက်လာပြီလား.. မနက်စာရော စားပြီးပြီလား.. ကျွန်မ တတိယအန်တီအတွက် စားစရာယူလာပေးမယ်လေ”


“အလုပ်ရှုပ်မခံနဲ့တော့ ငါ စားပြီးခဲ့ပြီ”


လျို့ရှို့လန်က သူမရဲ့လက်ထဲမှ ကြက်ဥနဲ့ အသားတစ်ပိုင်းထည့်ထားတဲ့ခြင်းကို ကွေ့ဟွားဆီကိုလှမ်းပေးလိုက်တယ်။ 


“ကြက်ဥတွေက ငါ့ရဲ့ဒုတိယယောက်မအတွက်.. အမဲသားကတော့ အမေ့အတွက်နော်” 


ကွေ့ဟွားက ခြင်းကိုလှမ်းယူပြီး အဖွားလီကိုပြကာ အဝေးကို ယူသွားလိုက်တယ်။


လျို့ရှို့လန်က ကွေ့ဟွားရဲ့ သွက်လက်တဲ့ လက်တွေခြေတွေကိုကြည့်ရင်း မနေနိုင်ပဲ မနာလိုဖြစ်စွာပြောမိတယ်။


“ကျွန်မတို့မိသားစုက ကွေ့ဟွားကတော့ တကယ့်ကို လုံ့လဝီရိယရှိရှိနဲ့အလုပ်လုပ်တာပဲ .. အမေ အမေ့ရဲ့ အမြင်အာရုံက တော်တော်ကောင်းလွန်းတယ်.. တုန်ဇီအတွက် ဒီလိုမျိုးချွေးမကောင်းလေးကို ရှာတွေ့လာနိုင်တယ်”


ထိုစကားတွေကိုကြားတော့ အဖွားလီက သူမရဲ့မျက်ဝန်းတွေကို မှေးကျဥ်းရင်းပြောလာတယ်။


“မင်တုန် တက္ကသိုလ်ဝင်ခွင့်ရတဲ့အချိန်ကျရင် သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ ငါတွေးနေတာ”


“ဒါက ကောင်းမွန်တဲ့ ကိစ္စပဲလေ”


လျို့ရှို့လန်က ဘေးနားမှာ ရှက်ရွံ့နေတဲ့ ကွေးဟွားကိုကြည့်ကာ ရယ်မောပြီး စနောက်လိုက်တယ်။


“ကွေ့ဟွားက လက်ထပ်ပြီးရင် မင်တုန်အတွက် ဝကစ်ပြီးဆူဖြိုးတဲ့မိန်းကလေးတစ်ယောက် မွေးပေးလိုက်ပေါ့.. ဒါဆို မင်းရဲ့အဖွားက မင်းကိုလည်း ဗုဒ္ဓတစ်ဆူလိုဆက်ဆံပေးလိမ့်မယ်”


ကွေ့ဟွားက သူမရဲ့နှုတ်ခမ်းကို ဖိကိုက်လိုက်မိပြီး ရှက်ရွံ့စွာပြုံးလိုက်တယ်။ ထို့နောက် သူမရဲ့ ရှည်လျားတဲ့ ကျစ်ဆံမြီးရှည်ကို လည်ပင်းရှေ့ကိုအသာချလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်သွားခဲ့လေတယ်။


 အထဲကိုရောက်တော့ မီးဖိုထဲကို ထင်းတွေထည့်ရင်းနဲ့ သူမရဲ့ နားရွက်လေးတွေကိုထောင်ကာ အပြင်ဘက်မှ လူနှစ်ယောက်ရဲ့ စကားသံတွေကို နားထောင်နေခဲ့တယ်။



လျို့ရှို့လန်က မီးဖိုချောင်ဘက်ကို လှမ်းကြည့်ပြီး အသံကိုလျှော့ချကာ ဆက်ပြောလိုက်တယ်။


“အမေ.. အမေ တုန်ဇီ့ကို လက်ထပ်ပွဲကိစ္စ ပြောပြီးသွားပြီလား”


“မပြောရသေးဘူး” 


အဖွားလီက သူမရဲ့ဆေးလိပ်အိတ်ကိုဖွင့်ပြီး ဆေးလိပ်သောက်လိုက်ပြန်တယ်။


“နောက်ဆောင်းရာသီကို ရောက်ရင်တော့ ငါပြောရတော့မယ်ထင်တယ်”


လျို့ရှို့လန်ရဲ့ အသံက ပိုပြီးတိုးသွာစခဲ့တယ်။


“အမေ တုန်ဇီကို ကြိုပြောထားတာ ပိုကောင်းမယ်ထင်တယ်နော်.. သူက ကျွန်မတို့တွေ စီစဥ်နေတာကိုသိရင် ပျော်နေလိမ့်မယ်.. တုန်ဇီက စာအုပ်တွေ အများကြီးဖတ်တာဆိုတော့ တခြားအတွေးတွေမရှိလောက်ဘူး”


“ငါသိပါတယ်.. မင်း ဒီကိစ္စကို စိတ်ပူနေစရာမလိုဘူး.. နောက်နှစ်ကျရင် တုန်ဇီအတွက် ဗီရိုကြီးတစ်ခုနဲ့ သစ်သားသေတ္တာနှစ်လုံးလုပ်ခိုင်းဖို့ ငါ့အတွက် လက်သမားကောင်းတစ်ယောက် ကူရှာပေးဖို့ကိုသာ မမေ့နဲ့” 


အဖွားလီက မျက်မှောင် အနည်းငယ် ကြုတ်ကာ လက်ထဲမှဆေးလိပ်ကို နှစ်ခါလောက်ခါလိုက်တယ်။ 


“နောက်နှစ်ကျရင် ပိုကောင်းလာမယ်လို့မျှော်လင့်ရမှာပဲ.. တုန်ဇီက ငါတို့မိသားစုရဲ့ အကြီးဆုံးမြေးဆိုတော့ လက်ထပ်ပွဲကို ပေါ့ပေါ့တန်တန်လုပ်လို့မရဘူး”


“အမေပြောတာ မှန်ပါတယ်”


လျို့ရှို့လန်က ခေါင်းညိတ်ပြီးသဘောတူလိုက်တယ်။


“ကံကောင်းတာက တောင်တန်းတွေနဲ့ အောက်ဘက်တောစပ်တွေမှာပါ ထင်းရှူးနီပင်တွေရှိနေတာပဲ.. ဒီတော့ ပရိဘောဂလုပ်ရတာ လွယ်လိမ့်မယ်.. ကျွန်မရဲ့မိသားစုဆီကနေ ကြားခဲ့တာတော့ ပေဂျင်းမှာရှိတဲ့  ပရိဘောဂဆိုင်တွေမှာ ဗီရိုပုံစံအမျိုးမျိုးလုပ်နိုင်တယ်တဲ့ ဒါပေမဲ့ လက်မှတ်တွေပါမှ ဝယ်နိုင်မှာ.. သူတို့က တော်တော်တင်းကြပ်တယ်လို့ပြောကြတယ်”


“အခြားသူတွေရဲ့ ပုံစံတွေက ရှားပါးတာ ဟုတ်ရင်ဟုတ်မှပေါ့.. ဒါပေမယ့် ကြည့်ကောင်းတာကလွဲပြီး ဘာရှိသေးလို့လဲ.. အထဲကို ထည့်နိုင်သရွေ့ရပြီပဲလေ”


အဖွားလီက နှာမှုတ်ကာ စကားအနည်းငယ်ပြောလိုက်တယ်။

ပြီးနောက် အလေ့အကျင့်ဖြစ်စွာနဲ့ သူမရဲ့ဖိနပ်ထဲမှ ခြေထောက်ကိုမြှောက်ရင်း လက်ထဲမှဆေးလိပ်ကို ဆေးလိပ်ပြာခွက်မှာခေါက်လိုက်တယ်။


ကွေ့ဟွားက မီးဖိုခန်းထဲမှာ အချိန်အတော်ကြာအောင်နားထောင်နေခဲ့တယ်။ သူမက တတိယအန်တီရဲ့စကားတွေကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေမဲ့ အဖွားလီပြောလာတဲ့ သူတို့လက်ထပ်ပွဲအတွက် ပရိဘောဂတွေစီစဥ်နေတယ်ဆိုတဲ့ စကားတွေအားလုံးကိုတော့ ကြားလိုက်ရတယ်။


 နောက်ထပ်တစ်နှစ်နေရင် အစ်ကိုတုန်ဇီနဲ့ လက်ထပ်ရတော့မယ်ဆိုတဲ့အတွေးတွေက သူမကို ပျော်ရွှင်မှုနဲ့ ချိုမြိန်မှုတွေကြားမှာ နှစ်မြုပ်သွားစေခဲ့တယ်။



လျို့ရှို့လန်က မစ္စလီနှင့်အတူ ခဏလောက် အဖော်ပြုကာ စကားပြောနေခဲ့ပြီးမှ မီးဖိုခန်းဆီသို့ဝင်သွားကာ လက်ကိုဆေးကြောပြီး ခေါက်ဆွဲတွေ ကူညီပြုလုပ်ပေးခဲ့တယ်။ 


နှစ်သစ်အတွက် လုပ်စရာအလုပာတွေက လျို့ရှို့လန်ရဲ့ အကူအညီဖြင့် အလုပ်တွေကို ပိုပြီးမြန်ဆန်စွာပြီးလာခဲ့တယ်။ မကြာမီမှာပဲ အခန်းတွင်းမှာ ပဲပိစပ်တွေဖြင့် ပြည့်လာပြီး အပြင်ဘက်ကို သွားဖြန့်ပြီး အအေးခံထားလိုက်ကြတယ်။ 


 ပြီးနောက် ကန်စွန်းဥခေါက်ဆွဲတွေကို အိုးထဲမှာထည့်ပြည့်ပြီး အပြင်ကိုပြန်ထုတ်ကာ အအေးခံကြပြန်တယ်။


ဒီလိုနဲ့ လူနာပြက္ကဒိန်ရဲ့ ၂၈ ရက်နေ့မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီ။


ဒီနေ့က လီမူလင်း အိမ်ကိုပြန်လာမဲ့နေ့ပဲ။ လီမူဝူနှင့် လီမူစန်းတို့တွေ မနက်အစောကြီးကတည်းက အိပ်ယာမှထကာ ရထားဘူတာသို့ သွားပြီးစောင့်ဆိုင်းခဲ့ကြတယ်။ သို့ပေမယ့်လည်း မွန်းလွဲပိုင်းကိုရောက်တဲ့အချိန်မှသာ သူတို့ စောင့်မျှော်နေတဲ့ရထားက ဆိုက်ရောက်လာခဲ့တယ်။


ညီအစ်ကိုတွေ ကွဲကွာနေခဲ့တာက ဆယ်နှစ်လောက်ရှိနေပြီ။ ဒါကြောင့် သူတို့တွေ ပြန်လည်ဆုံတွေ့တဲ့အချိန်မှာ အနည်းငယ်လောက်တော့ အိုးတိုးအမ်းတမ်းဖြစ်နေခဲ့ကြတယ်။ 


လီမူလင်းက သန်းရှင်းစင်ကြယ်စွာ လျှော်ဖွပ်ထားတဲ့ အဖြူရောင် အတွင်းဝတ်အင်္ကျီကို ၀တ်ဆင်ထားပြီးအပြင်ဘက်မှ ကုတ်အင်္ကျီရှည်ကို ဝတ်ထားခဲ့တယ်။ ဒါ့အပြင် ဆီစိမ်ဖိနပ်ကိုလည်း ခြေထောက်မှာ စီးထားခဲ့တယ်။ သူ့ရဲ့လက်ထဲမှာတော့ အထုတ်ကြီးနှစ်ထုပ်ကို သယ်လာခဲ့တယ်။ 


သူ ကားပေါ်က ဆင်းလာချိန်မှာ အိမ်နေရင်းအဝတ်အစားတွေကို ၀တ်ထားတဲ့ အကို နှစ်ယောက်ကို တွေ့လိုက်တာကြောင့် အဝေးကနေ လှမ်းအော်ပြီးနှုတ်ဆက်လိုက်လေတယ်။


ထိုအချိန်ကျမှသာ လီမူဝူက တုံ့ပြန်လာခဲ့ပြီး ဘယ်လိုမျိုး ပြန်ပြောရမှန်းမသိဖြစ်နေတာကြောင့် ရယ်မောရုံသာရယ်မောလိုက်ကာကာ လီမူစန်းနှင့်အတူ ပစ္စည်းတွေကို လှမ်းယူသယ်ဆောင်ပေးလိုက်တယ်။ 


လီမူလင်းအနေနဲ့  သူ့ရဲ့အစ်ကိုနှစ်ယောက်က ပညာမသင်ကြားခဲ့ဖူးသလို ယဉ်ကျေးမှုကို လည်း ကောင်းစွာသင်ကြားခံရခြင်းမရှိခဲ့ဘူးဆိုတာကို သိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ဇနီးသည်နဲ့ သားတွေကို အရင်လှမ်းခေါ်လိုက်တယ်။


“ဒါက ကျွန်တော့ရဲ့ဇနီး ကျန်းချွမ်ဟွားတဲ့.. သူတို့က ကျွန်တော့်ရဲ့သားတွေလေ.. မင်ရှုကအကြီး .. အငယ်ကတော့ မင်ရှင်းလို့ခေါ်တယ်”


“ငါသိတယ် ငါသိတယ်.. မင်းအရင်ကပို့တဲ့စာကို တုန်ဇီနဲ့ မင်ရှီက ငါတို့ကိုဖတ်ပြခဲ့တယ်လေ..နောက်ပြီး ငါတို့အမေကလည်း ကလေးနှစ်ယောက်အကြောင်းကိုခဏခဏပြောနေတာ .. မင်းတို့တွေ မပြန်ခင် ရက်နည်းနည်းလောက် အိမ်မှာနေလိုက်ကြဦး”


ကျန်းချွမ်အန်းက ထိုစကားကိုကြားတော့ သူမရဲ့လက်ကို အသာဆန့်ကာ လီမူလင်းရဲ့အနောက်ဘက်မှ အဝတ်အစားကို လှမ်းဆွဲလိုက်တယ်။ သို့ပေမယ့် လီမူလင်းက ပြုံးလိုက်ပြီး ကျန်းချွမ်ဟွားရဲ့လက်ကို ပြန်ဖယ်လိုက်ကာ ကလေးနှစ်ယောက်ကိုခေါ်ထုတ်လိုက်တယ်။


“ဒါ မင်းတို့ရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးလေ.. မြန်မြန်လေးခေါ်ပြီးနှုတ်ဆက်လိုက်” 


လီမင်ရှုနဲ့ လီမင်ရှင်းတို့ကလည်း အဖာအထေးတွေရှိနေတဲ့ အဝတ်အစားတွေကိုဝတ်ထားကြပေမဲ့ သူတို့ရဲ့အရှေ့မှလူတွေကိုကြည့်လာတဲ့ သူတို့ရဲ့မျက်နှာတွေကတော့ အလွန်ရိုးသားနေသေးတယ်။


ကလေးတွေက သူ့အစ်ကိုတွေကိုနှုတ်ဆက်မလာတာကိုမြင်တော့ လီမူလင်းက အနည်းငယ် စိတ်မသက်မသာဖြစ်သွားရပေမဲ့ လီမူဝူနဲ့လီမူစန်းတို့က 

အလျှင်အမြန်ပဲ စကားပြောပေးလိုက်ကြတယ်။


“ကလေးတွေက မမြင်ဖူးတဲ့လူတွေကိုကြောက်မှာပဲလေ.. အဆင်ပြေပါတယ်.. ငါတို့တွေ အိမ်ကို မြန်မြန်ပြန်ရအောင် .. ငါတို့နဲ့ ရင်းနှီးလာတဲ့အချိန်ကျရင် သူတို့လည်း ပြောဆိုလာပါလိမ့်မယ်”


လီမူလင်းက သူ့ရဲ့ဇနီးနဲ့သားတွေကိုကြည့်ဖို့  တိတ်တဆိတ် ခေါင်းကိုလှည့်လိုက်တယ်။ ပြီးနောက် အစ်ကိုနှစ်ယောက်က တခြားအတွေးတွေ တွေးသွားမှာကိုကြောက်တာကြောင့် ခေါင်းစဥ်ကိုပြောင်းလဲလိုက်ပြီး အမေဖြစ်သူရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအကြောင်းနဲ့ အိမ်မှ လက်ရှိအခြေအနေတွေကို အမြန်မေးခဲ့တယ်။


သူတို့တွေ မိသားစုထဲမှ အခြေအနေအကြောင်းကို အချင်းချင်းမျှဝေ စကားပြောရင်းနဲ့ ရထားဘူတာမှ ထွက်လာခဲ့ကြတယ်။ 


ကျန်းချွမ်ဟွားက အငှားယာဥ်ခေါ်တဲ့ ဆိုင်းဘုတ်ကို ရှာကြည့်ပေမဲ့ ဘယ်နဲ့ညာအကုန်လှည့်ပတ်ကြည့်ချိန်မှာတောင် အငှားကားကို မတွေ့ခဲ့ဘူး။


ဒီတော့ သူမ ခင်ပွန်းသည်ကို မေးမြန်းဖို့အတွက် လှည့်ကြည့်လိုက်တော့ လီမူဝူက သူတို့နဲ့အတူခေါ်ဆောင်လာခဲ့တဲ့ ညစ်ထေး စုတ်ပြတ်နေတဲ့ နွားလှည်းတစ်ခုပေါ်သို့ သူမတို့ယူဆောင်လာတဲ့အထုတ်တွေကိုတင်လိုက်တာကို မြင်တွေ့လိုက်ရလေတယ်။


ထိုမြင်ကွင်းက ကျန်းချွမ်ဟွားရဲ့ မျက်နှာကို ချက်ချင်းပဲ စိမ်းဖန့်သွားစေခဲ့တယ်။




**