Ch 3
Viewers 1k

အခန်း(3)မစ္စလီရဲ့ ထိတ်လန့်လောက်စရာ အော်သံနဲ့အတူ လီမိသားစုက ချက်ချင်းပဲ အသက်ဝင်လှုပ်ရှားလာခဲ့တယ်။ မီးနေခန်းထဲမှာ ပိတ်မိနေတဲ့ ဝမ်စုဖန်းကလွဲရင် ကျန်တဲ့လူတွေအားလုံး အပြင်ကို ထွက်လာခဲ့ကြတယ်။ လီမင်ရှီက ရစ်ငှက်နှစ်ကောင်ကို သယ်ဆောင်လာပြီး လီမင်နန်နှင့် လီမင်ပေတို့က ငါးသုံးလေးကောင်နှင့်အတူ တံခါးဝတွင် ရပ်နေခဲ့ကြတယ်။


မစ္စလီက ပါးစပ်ထဲမှာ သုံးလက်မလောက်ရှည်တဲ့ကြာရွက်ဆေးလိပ်ကို ကိုက်ထားကာ အရှေ့ဘက်အိမ်ထဲမှ ထွက်လာခဲ့ပြီး ကွေ့ဟွားကတော့ မီးဖိုချောင်မှ ထွက်လာပြီး ထို ရရှိလာတဲ့ အသားငါးတွေကို လှမ်းယူလာတယ်။ လီမင်နန်က သူ့ရဲ့လက်ကို မြှောက်က ခဏလောက် ဝှက်ထားလိုက်ပြီး ပြောလာတယ်။


“မရီး မယူနဲ့ဦး.. ကျွန်တော်တို့ အဖွားကို အရင်ကြည့်ခိုင်းရဦးမယ်.. ကျွန်တော်တို့ ငါးတွေ အများကြီး ဖမ်းမိလာတယ်လေ.. အဖွား ဘာလို့ ကျွန်တော်တို့ကို ဖက်ထုပ်မလုပ်ကျွေးရမှာလဲ”


လီမိသားစုက လူဦးရေများပြားတာကြောင့် တစ်လမှာ လူတစ်ဦးကို အသားလေးတုံးရရှိလိမ့်မယ်လို့ စည်းမျဥ်းချထားခဲ့တယ်။ 


အရင်တုန်းကတော့ သူတို့တွေ နှစ်လသုံးလလောက်ကြာရင် တစ်ကြိမ်လောက် ဖက်ထုပ်လုပ်စားကြလေ့ရှိတယ်။ သို့သော်လည်း မနှစ်တုန်း ရာသီဥတုဆိုးရွားမှုကြောင့် သူတို့အနေနဲ့ အစားအသောက်ကို လုံလောက်အောင် မဝယ်နိုင်သလို အစားအသောက်တံဆိပ်ခေါင်းတွေလည်း လုံလောက်အောင် မရခဲ့ကြဘူး။ အခုချိန်မှာ သူတို့ရဲ့အစာအိမ်ကို ဂေါ်ဖီထုပ်၊ အာလူးနဲ့ ပြောင်းဖူးတို့တွေနဲ့ ဖြည့်ပေးနိုင်တာကိုပဲ တော်တော်လေးကောင်းသေးတယ်လို့ ပြောနိုင်တယ်။


မစ္စလီက ကန့်လန့်ကာကိုဖွင့်ပြီး ထွက်လာခဲ့ချိန်မှာ လီမင်ရှီရဲ့ လက်ထဲမှ ရစ်ငှက်တွေနဲ့ ငါးတွေကိုမြင်တော့ မျက်လုံးကို မပေါ်တော့တဲ့အထိ ရယ်မောလာကာ သူမရဲ့ မြေးတွေကို ချီးကျူးစကားဆိုဖို့လုပ်နေခဲ့တယ်။ ထိုအချိန်မှာပဲ လီမင်ပေက တံတွေးကို အသာမြိုချပြီး အနားကိုတိုးပြီးပြောလာတယ်။


“အဖွား! ဖက်ထုပ်စားရအောင်!”


မစ္စလီက သူမရဲ့အပြုံးကို ချက်ချင်း ရပ်တန့်လိုက်ပြီး ရစ်ငှက်နှင့် ငါးတွေကို ဆွဲယူကာ ကွေ့ဟွားရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။ သူ့တို့ရဲ့ လက်ထဲမှာ ဗလာဖြစ်သွားတာကိုမြင်တော့ တော့ သူမရဲ့မြေးတွေက အံ့သြသွားပုံရပြီး မစ္စလီက သူတို့ကို မျက်လုံးလှန်ကြည့်လာတယ်။


“အသားမရဘူး!”


လီမင်နမ်နဲ့ လီမင်ပေတို့က ထိုစကားကိုကြားတော့ ရင်ဘတ်ကို လက်နဲ့ထုတာတွေ ခြေထောက်ဆောင့်တွေလုပ်လာကြတယ်။


“မင်းတို့တွေ ငတုံးသမင်တစ်ကောင်ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကို သိပြီးမှ ပြန်လာသင့်တယ်”


မစ္စလီက ချောင်းအသာဆိုးပြီး ဆက်ပြောလိုက်တယ်။


“မင်းနဲ့ သမင်တွေက ဘယ်သူက ပိုတုံးလဲဆိုတဲ့အပေါ်မှာ မူတည်လိမ့်မယ်”


လီမင်ပေက သူ့ရဲ့ ခေါင်းနောက်ကို အသာကုတ်ခြစ်လိုက်မိပြီး အစကနေအဆုံးထိ တိတ်ဆိတ်နေခဲ့တဲ့ လီမင်ရှီဆီကိုလှည့်မေးလာတယ်။


“ဒုတိယအစ်ကို အဖွားက ကျွန်တော့်ကို သမင်ထက် ပိုတုံးတယ်လို့ ဆိုလိုတာလား”


လီမင်ရှီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မစ္စလီရဲ့လက်မောင်းကို သူ့ရဲ့လက်တွေနဲ့ရစ်ပတ်လိုက်ကာ အပြုံးတစ်ခုနဲ့ပြောလာတယ်။


“အဖွား ကျွန်တော် အဲဒီရစ်ငှက်တွေကို ရိုက်ခဲ့တာ.. ကျွန်တော်က တောင်ပေါ်ကို လမ်းလျှောက်ရုံလောက်ပဲလို့ ပြောခဲ့တယ်လေ.. မီတာ ဒါဇင်နည်းနည်းလောက်လျှောက်ပြီးသွားတော့ ဘယ်ကထွက်လာမှန်းမသိတဲ့ ရစ်ငှက်နှစ်ကောင်ကို တွေ့ခဲ့တယ်.. သူတို့ရဲ့ အတောင်တွေက အေးခဲလွန်းလို့ ပျံသန်းရင်းနဲ့ ပြုတ်ကျလာခဲ့တဲ့ပုံပဲ .. ကျွန်တော် ဒီငှက်နှစ်ကောင်ကို အားမစိုက်ထုတ်ပဲ ဖမ်းမိခဲ့တာ”


မစ္စလီက သူ့ဒုတိယမြေးကိုအပြုံးတစ်ခုနဲ့ ကြည့်လာတယ်။


“မင်းက ထက်မြတ်ပြီး တောင်ပေါ်မှာ ဘယ်လိုလိုက်ရှာရမှန်းကိုလည်း သိတယ်.. ဒီလို နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ပေါ်မှာ ရစ်ငှက်တစ်ကောင်ကို ဖမ်းမိဖို့မလွယ်ဘူး”


ရစ်ငှက်ပေါ်မှ အသားကို ထိကြည့်ရင်းနဲ့ မစ္စစ်လီက ပိုလို့တောင် ပြုံးလာခဲ့တယ်။


“ငှက်က ဆောင်းဦးထက်တောင် ပိုဝတာပဲ.. ဆောင်းရာသီဆိုတော့ ကြောင်တွေဆီကနေ ပုန်းနေစရာမလိုတော့လို့ ပိုဝနေတာဖြစ်မယ်”


လီမင်ရှီက ခေါင်းကို ထပ်ခါတလဲလဲညိတ်လိုက်တယ်။


“အဖွားက အမျော်အမြင်ရှိတာပဲ.. ဒါကိုကြည့်ရုံနဲ့ အကုန်လုံးကို ခန့်မှန်းလိုက်နိုင်တယ်.. အဖွား ကြည့်လိုက်လေ.. ကျွန်တော် ဒီရစာငှက်တွေကို ဖမ်းမိလာတော့ ကျွန်တော့်တို့အမေကို စွပ်ပြုတ်လုပ်ကျွေးဖို့အတွက် အိမ်က ကြက်မကြီးကိုသတ်စရာမလိုပဲ သူ့ရဲ့အသက်ကို ကယ်တင်လိုက်နိုင်တယ်.. ဒီတော့ ဖက်ထုပ်လုပ်တဲ့အချိန်ကျရင် ကျွန်တော့်ကိုနှစ်ခုလောက်ပိုပေးလို့ရမလား”


“ဒီတစ်ယောက်ရော ဟိုနှစ်ယောက်ရော အကုန် လောဘကြီးတဲ့ တစ္ဆေလေးတွေချည်းပဲ!”


မစ္စလီက ငှက်နှစ်ကောင်ကိုကြည့်ပြီး မြစ်ငါးခုနစ်ကောင်ကိုပါ လှမ်းကြည့်လိုက်ကာ ခြေဆောင့်လိုက်တယ်။


“မင်းတို့ ဒီည ဖက်ထုပ်ကို စောင့်စရာမလိုဘူး.. အရသာရှိတာတစ်ခုခုလုပ်စားကြမယ်”


သူမက ထူထဲတဲ့အပေါ်ထပ်အကျီနှင့် ဦးထုပ်ကို ကာ အပြင်သို့ ထွက်တော့တယ်။


လီမင်ပေက စိတ်ရှုပ်ထွေးစွာနဲ့ သူ့ရဲ့အစ်ကိုနှစ်ယောက်ကိုကြည့်လိုက်ပြီး ကွေ့ဟွားကိုလှမ်းမေးလိုက်တယ်။


“မရီး အဖွားက ဘာအတွက်ထွက်သွားတာလဲ”


“အသားသွားယူတာလေ!” 


ကွေ့ဟွားက သူမရဲ့နှုတ်ခမ်းကိုကွေးညွှတ်ပြီးပြုံးလာတယ်။


“ကျွန်တော်တို့အိမ်မှာ အသားရှိသေးတာလား” 


ကောင်လေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။



“ကောင်းလိုက်တာ၊ အသားစားရတော့မယ်!”


မစ္စလီက ခြံဝန်းထဲကို လျှောက်သွားခဲ့ပြီး မကြာခင်မှာပဲ အေးခဲနေတဲ့ဝက်သားတစ်ပိုင်းဖြင့် ပြန်လာခဲ့တယ်။


“ငါက ဒီဝက်သားတစ်ပေါင်ကို တရုတ်နှစ်သစ်ကူးမှာ ဖက်ထုပ်လုပ်ဖို့အတွက် ဝှက်ထားခဲ့တာ”


ဝက်သားကို ကွေ့ဟွားဆီကို ပေးလိုက်ပြီးနောက် မစ္စစ်လီက ညွှန်ကြားလိုက်တယ်။


“ဒီတော့ ဝက်သားကို ဂေါ်ဖီထုပ်နဲ့ စတူးချက်ကြမယ်.. အာလူးများများထည့်လိုက်ဦး.. ညစာအတွက် ရတနာရှစ်သွယ်ဆန်ပြုတ်ချက်မှာဆိုတော့ ပန်ကိတ်ကို မလုပ်နဲ့တော့”


ဝက်သားစားရတော့မယ်ဆိုတဲ့အကြောင်းကို ကြားလိုက်ရတာနဲ့ လီမင်နန်နဲ့ လီမင်ပေတို့က သူတို့ကို မစ္စလီက ငတုံးလို့ပြောခဲ့တာကို ချက်ချင်း မေ့သွားခဲ့ကြပြီ။ သူတို့တွေက မစ္စလီ ဝှက်ထားတဲ့ နောက်ထပ်ဝက်သားကို သွားရှာနေခဲ့ကြတယ်။


မစ္စလီ လှောင်ရယ်လိုက်တယ်။


“ငါ့က တစ်သက်လုံး ပစ္စည်းတွေဝှက်လာခဲ့တာ.. မင်းတို့ရဲ့အဘိုးတောင် ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဖူးဘူး.. မင်းတို့ကောင်လေးနှစ်ယောက်က ငါဝှက်ထားတဲ့ ဝက်သားကို လိုက်ရှာချင်နေကြတယ်.. အိပ်မက်မက်နေလိုက်!” 


ငါးနှင့်ရစ်ငှက်တွေကိုတော့ တံကျင်လျှိုလိုက်ပြီး ကြွက်တွေမဆွဲစေဖို့အတွက် တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားရမယ်။


လီမိသားစုမှာ ဒယ်စောက်အိုးကြီးနှစ်အိုးရှိပြီး အရှေ့နှင့် အနောက်မီးဖိုနှစ်ဖိုက အိမ်ထဲမှာရှိတဲ့ ခန်နဲ့ ဆက်သွယ်ထားတယ်။ အရှေ့ဘက်မီးဖိုက ဒယ်စောက်အိုးမှာ ရတနာရှစ်ပါး ဂျုံယာဂုကို နှစ်နာရီကျော်ကြာအောင် ချက်ပြုတ်ထားပြီး နူးညံ့နေခဲ့ပြီ။ အနောက်ဘက်မှာရှိတဲ့ ဒယ်စောက်ထဲမှာတော့ ကွေ့ဟွားက အသားကို ကြော်လျှော်နေတာကြောင့် မကြာခင်မှာပဲ အဆီနဲ့အသားနံ့တွေက လေထဲမှာ ပျံ့လွင့်လာခဲ့ပြီး မကြာခင်မှာပဲ အနံ့ကို အားရပါးရရှူရှိုက်နေတဲ့အသံတွေထွက်ပေါ်လာတယ်။


ကွေ့ဟွား မတတ်နိုင်စွာနဲ့ အနောက်ဘက်ကို လှည့်ကြည့်လိုက်တော့ လီမင်ဝူနဲ့အတူ တံခါးနားမှာ စကားပြောနေတဲ့ လီမင်တုန်ကလွဲပြီး ကျန်တဲ့ယောက်ျားလေးသုံးယောက်က မီးဖိုချောင်ထဲတွင် တန်းစီထိုင်နေခဲ့ကြပြီး သူတို့ရဲ့မျက်လုံးတွေကလည်း တောက်ပနေခဲ့ကာ အိုးထဲမှ အသားတွေကို စိုက်ကြည့်နေခဲ့ကြတယ်။


ကွေ့ဟွား ပြုံးလိုက်ပြီး ဂေါ်ဖီတွေကို အိုးထဲသို့ထည့်လိုက်တယ်။ ထို့နောက် တစ်ဖက်ကို လှည့်သွားပြီး ရတနာရှစ်ပါးဆန်ပြုတ်ကို အိုးထဲမှ လှယ်လိုက်ပြီး အိုးကို ရေဆေးလိုက်ကာ နေ့လည်တုန်းက ကျန်နေသေးတဲ့ငါးဟင်းချိုကို ဝမ်စုဖန်းအတွက် ပြန်ပြီး နွှေးလိုက်တယ်။


ကောင်လေးတွေကတော့ ဂေါ်ဖီထုပ်နှင့် အာလူးတွေအောက်မှာ အဆီပါတဲ့အသားတွေက ဘယ်နားကိုရောက်နေလောက်မလဲဆိုတာကို ကွေ့ဟွား ဟင်းပန်းကန်ထဲသို့ထည့်နေချိန်မှာ သေသေချာချာ စိုက်ကြည့်ပြီးမှတ်သားနေခဲ့ကြတယ်။ ဒီလိုဆိုရင် သူတို့တွေ ထမင်းစားတဲ့အချိန်မှာ ဝက်သားကို ပိုမိုလျင်မြန်စွာ နှိပ်ယူနိုင်မှာဖြစ်ပြီး တိတိကျကျ ခပ်ယူနိုင်လိမ့်မယ်။


ထမင်းစားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်လို့ ကွေ့ဟွားက ငါးဟင်းချိုနှင့် ခေါက်ဆွဲကို ဝမ်းစုဖန်းဆီသို့ ဦးစွာပေးပို့လိုက်တယ်။ ပြီးနောက် တစ်မိသားစုလုံးစားဖို့အတွက် ဟင်းလျာများနှင့် ရတနာရှစ်ပါးဆန်ပြုတ်ကို စားပွဲပေါ်သို့ ယူဆောင်လာခဲ့တယ်။ မစ္စလီ ပထမဦးဆုံး အသားတစ်ပိုင်းကိုယူကာ လီမူဝူဆီကို ထည့်ပေးလိုက်ပြီး ချောင်းအနည်းငယ်ဆိုးလိုက်တယ်။


“စားတော့!”


တစ်ချိန်တည်းမှာပဲ တူသုံးစုံက တစ်ပြိုင်တည်း ဆန့်ထုတ်လာခဲ့ကာ ခွက်မျက်နှာပြင်ပေါ်မှ အသားများကို လျင်မြန်စွာ ကောက်ယူလိုက်ကြပြီး တူတွေက အပေါ်နှင့် အောက်သို့ ပျံတက်သွားလာနေခဲ့တယ်။ လီမင်ပေက သူ့ရဲ့ လည်ပင်းကို ဆန့်ထုတ်ပြီး သူ့အကိုနှစ်ယောက်ရဲ့ ပန်းကန်တွေဆီကို ကြည့်လိုက်ပြီး ပြောလာတယ်။


“ဒုတိယအစ်ကိုက အများဆုံးပဲ.. အသားသုံးဖတ်တောင်မှ!”


လီမင်တုန်က ကွေ့ဟွားဘက်ကို ငုံ့ကြည့်လိုက်ကာ သူ့ရဲ့တူတွေကို ဟင်းပန်းကန်ဆီကို လှမ်းလိုက်ပြီး ပန်ကန်ရဲ့အောက်ဘက်မှရှိနေတဲ့ အသားပိုင်းလေးပိုင်းကို ချက်ချင်းဆယ်ယူလိုက်တာကြောင့် သူ့ရဲ့ညီ သုံးယောက်လုံးကထိတ်လန့်သွားခဲ့ကြတယ်။


“မရီး.. မင်းက အကြီးဆုံးအစ်ကိုအတွက် အသားကို တိတ်တိတ်လေးဝှက်ထားတာလား!”


လီမင်ပေက အော်ဟစ်လာတယ်။


လီမင်တုန်က မစ္စလီနှင့် ကွေ့ဟွားတို့ကို အသားတစ်ပိုင်းစီ ထည့်ပေးလိုက်ကာ လီမင်ပေကို မနှစ်မြို့စွာ ကြည့်ပြီး အေးစက်စက်ပြောလိုက်တယ်။


“သမင်ငတုံး!”


အသားရဲ့အဆီလွှာက သူ့ရဲ့ပါးစပ်ထဲကိုရောက်သွားပြီးနောက် လီမင်တုန် ကျေနပ်စွာ ပြုံးလိုက်တယ်။ သမင်ငတုံးအဖြစ် အပြောခံလိုက်ရတဲ့ ကောင်လေးကတော့ သူ့ရဲ့ခေါင်းကို ပြန်မငုံ့ပဲ သူ့ကို စိုက်ကြည့်နေဦးမယ်ဆိုရင် သူ့ရဲ့ ပန်းကန်လုံးထဲက ဝက်သားနှစ်ပိုင်းက အခိုးခံလိုက်ရတော့မယ်။


ဘေးခန်းဆီမှ ရယ်မောသံတွေနဲ့ ငိုကြွေးမြည်တမ်းသံတွေက ရောထွေးနေခဲ့တယ်။ ကျန်းကျန်း ထိုအသံတွေကို သူမရဲ့ နှလုံးသားထဲမှ ပျော်ရွှင်မှုတွေနဲ့ နားထောင်နေမိတယ်။ လွန်ခဲ့တဲ့ဘဝတုန်းက အနှစ် 20 ကျော်ကြာအောင်အသက်ရှင်ခဲ့ပေမဲ့ မိသားစုဆိုတာက အေးစက်ပြီး ဗလာကျင်းထားတဲ့ အိမ်ကလွဲရင် အဆုံးမရှိတဲ့ စကားများခြင်းတွေပဲ ရှိနေခဲ့တယ်။ ယခုတော့ ကျန်းကျန်းအနေနဲ့ ဒဏ္ဍာရီလာအိမ်ရဲ့နွေးထွေးမှုဆိုတာကို ခံစားနေရပြီ။




အရှေ့ဘက်ခန်းအတွင်းရှိ ခန်ပေါ်မှာထိုင်နေရင်း မစ္စလီက ဝမ်စုဖန်းဆီကို မကျေမနပ်နဲ့ ညည်းညူနေခဲ့တယ်။


“လွန်ခဲ့တဲ့နှစ်နှစ်အတွင်း  ဘာဖြစ်နေခဲ့တာလဲ.. အသားကူပွန်တွေထုတ်ပေးပြီးတော့  အသားကိုမဝယ်ယူနိုင်ခဲ့ဘူး..  အစားအစာကူပွန်တွေထုတ်ပေးတော့လည်း စပါးဆိုင်တွေမှာ ရောင်းချနေတာမရှိဘူး..  ဒီနှစ်ကလည်း ကောင်းလာမလားဆိုတာကြည့်ရဦးမယ်”


ဝမ်စုဖန်း သက်ပြင်း မချဘဲမနေနိုင်တော့ဘူး။


“မနေ့ညက မူဝူကလည်း အစားအသောက်တွေ ဘယ်မှာရနိုင်မလဲဆိုတာ မသိဘူးလို့ပြောတယ်.. လွန်ခဲ့တဲ့ နှစ်တွေကလိုမျိုး  တင်ပို့လာလာနိုင်လောက်မယ်လို့တော့ ထင်တယ်တဲ့”


“ငါလည်း  ဒီလိုပဲ ခန့်မှန်းမိတယ်”


မစ္စလီက ထိုအကြောင်းကိုကြားတော့  ချက်ချင်းပဲ ပိုမို တက်ကြွလာခဲ့တယ်။


“ဘာပဲဖြစ်ဖြစ် လူတွေကို တစ်နှစ်တာ ဖြတ်သန်းနိုင်လောက်အောင် ရရင်ကောင်းမယ်”


ကျန်းကျန်းရဲ့လက်လေးကို ဆုတ်ကိုင်ရင်းနဲ့ မစ္စလီက ဆက်ပြောလာတယ်။


“ကံကောင်းတာက ကျန်းကျန်းကို မွေးပြီးတဲ့အချိန်မှာ နေ့တိုင်း နွားနို့နှစ်ပုလင်းလောက် ဝယ်လို့ရနေတာပဲ.. မင်းရဲ့အဒေါ်ဝမ် ရဲ့ အိမ်နီးနားချင်းက မြေးဖြစ်သူကို ဒီနှစ်အစမှာ ရရှိခဲ့တာလေ.. သူမ ပြောတဲ့အတိုင်းဆိုရင် နွားနို့ခြံက လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းကလတ်ဆတ်တဲ့နို့တွေ ပြတ်လတ်သွားခဲ့ပြီး ပုံမှန်မထောက်ပံ့နိုင်တော့တာတဲ့..  ငါတို့ရဲ့ကျန်းကျန်း မွေးလာတဲ့အချိန်ကျမှ ပိုကောင်းလာခဲ့တာ”


ဝမ်စုဖန်းက ထိုစကားကိုကြားတော့ သူမရဲ့နှာခေါင်းကို ထိလိုက်မိပြီး ပြုံးရင်းနဲ့ပြောလာတယ်။


“ကျန်းကျန်းက အဲဒီ နို့တွေကို မသောက်ရတာ သနားစရာပဲ.. လူတိုင်းက ကျွန်မကိုပဲ သောက်ဖို့ပြောနေကြတာ.. အဲဒါက ဖြုန်းတီးလိုက်သလို ခံစားနေရတယ်”


“ဒါတွေက မင်းရဲ့နို့အဖြစ်ပြောင်းသွားမှာပဲလေ”


မစ္စလီက ထိုနို့နှစ်ပုလင်းအတွက် နည်းနည်းလောက်တောင် နှမျောမနေဘူး။


“ မိခင်ရဲ့နို့ထက် ဘယ်ဟာက ပိုကောင်းနိုင်မှာလဲ.. မင်း ဒါတွေကိုအားရပါးရသောက်ပြီးတော့ ကျန်းကျန်းကို ပြန်တိုက်တာက ကလေးကို ပိုပြီးဖြူဖွေးဝတုတ်လာစေလိမ့်မယ်”


မစ္စလီက ကျန်းကျန်းကိုပွေ့ချီပြီး ညင်သာစွာ လှုပ်ရမ်းလိုက်တယ်။ 


“ ဒါက ငါ့ရဲ့အကြီးဆုံးမြေးမလေးပဲ!”


ကျန်းကျန်း : ဟစ်...


“ဟေး နားထောင်ကြည့် သူမလေးက ကြို့ထိုးနေတာ”


မစ္စစ်လီက ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလိုမျိုး တုန်ယင်တဲ့အထိ ရယ်မောလာတယ်။


“လာခဲ့ .. ထပ်ပြီးကြို့ထိုးလိုက်ဦး”


ကျန်းကျန်းကတော့ ပါးစပ်ကို တင်းတင်းစေ့ထားပြီး ခေါင်းကို လေးနက်စွာခါရမ်းလိုက်လေတယ်...


မစ္စလီက ထပ်မံရယ်မောလာခဲ့ပြီး ကျန်းကျန်းရဲ့ မျက်နှာကတော့ ရှက်ရွံ့စွာနီမြန်းလာခဲ့တယ်။ သူမက သူမရဲ့ငိုသံတွေက မစ္စလီကို ထူးဆန်းတဲ့ရယ်ချင်လိုစိတ်ကိုဖြစ်စေတာလားလို့ တွေးတောမိနေပြီ။ 


ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အော်သံကို ကြားလိုက်ရတယ်။


“အဖွား မြန်မြန်လာ! ရိက္ခာအထောက်အပံ့တွေ လမ်းမှာ လာနေပြီ!“


အရောင်းဆိုင်တွေမှာ ပန်းထိုးထားတဲ့ လက်ကိုင်ပုဝါတစ်ထည်ကိုတောင် ပိုက်ဆံတွေအများကြီးပေးရလိမ့်မယ်။


မစ္စလီကတော့ ဝယ်ယူဖို့အတွက် လိုက်မသွားခဲ့ဘူး။ လီမင်တုန်တို့ ညီအစ်ကိုလေးယောက်နဲ့ ကွေ့ဟွားကသာ စျေးဝယ်ထွက်ဖို့ အဓိကလူတွေဖြစ်ခဲ့တယ်။ 


လီမင်တုန်က ပိုက်ဆံတွေကိုယူသွားပြီး ကောက်နှံအရောင်းဆိုင်ဆီသို့ ကောက်နှံစာအုပ်နဲ့ လက်မှတ်တို့ကိုယူပြီးသွားခဲ့တယ်။ လီမင်ရှီကတော့ အသားလက်မှတ်တွေကိုင်ဆောင်ထားပြီး အသားဆိုင်ဆီသို့ တန်းတန်းမတ်မတ်သွားကာ အသားတွေကိုသွားဝယ်ခဲ့တယ်။  


လီမင်နန်နဲ့ လီမင်ပေတို့ညီအစ်ကိုတွေကတော့ တခြားသော အရံစားသောက်ကုန်လက်မှတ်တွေကိုယူပြီး ခြင်းတောင်းတွေနှင့် အမြန်ထွက်လာခဲ့ကြတယ်။


မစ္စလီက အိမ်မှာကျန်ရစ်ပြီး စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေခဲ့တယ်။ သူမက  အပြင်ကိုကြည့်ဖို့အတွက် တံခါးကို သွားဖွင့်လိုက် ဝန်စုဖန်းရဲ့အခန်းထဲကို ခဏလောက်ဝင်ထိုင်လိုက် လုပ်နေခဲ့တယ်။ သို့ပေမယ့် သူမက လုံးဝကိုစောင့်မျှော်နေကြောင်းကိုသိနိုင်ပြီး စိတ်အာရုံကလည်း လက်ရှိနေရာမှာမရှိတာကိုတော့ သိသိသာသာမြင်နိုင်တယ်။ 


သူမနဲ့အတူ အိမ်မှာ အနှစ် 20 ကျော်ကြာနေထိုင်ခဲ့တဲ့ ဝန်စုဖန်းက မစ္စလီ ဘာတွေတွေးနေလဲဆိုတာတွေကို သဘာဝကျစွာ သိရှိနေခဲ့တယ်။ ဒီတော့ သူမက အသာ ဖြောင်းဖြလိုက်တယ်။


“ကောက်နှံဆိုင်မှာ မူဝူ ရှိတယ်ဆိုတော့ ကောက်နှံတွေကို အလုံအလောက်လောက်မှာပါ.. နောက်ပြီး မင်ရှီက အပြေးမြန်တယ်ဆိုတော့ သူ အသားအရောင်းဆိုင်ဆီကိုမြန်မြန်ရောက်နိုင်လောက်တယ်.. အသားတွေက ဝယ်ယူဖို့စာရင်းရဲ့ ထိပ်ဆုံးမှာရေးထားတာလေ”


“မင်းပြောတာမှန်တယ်”


မစ္စလီက ခေါင်းညိတ်ပြပြီး ထရပ်လိုက်ပြန်တယ်။


“ငါ  တစ်ချက်လောက်သွားကြည့်ကြည့်လိုက်ဦးမယ်” 


မစ္စစ်လီက တံခါးဝတမှာ ရပ်ပြီး နှစ်နာရီကျော်ကြာအောင် စောင့်ဆိုင်းနေခဲ့တယ်။ ကျန်းကျန်းတ်ယောက် သူမရဲ့ငိုက်မျဉ်းမှုတွေကို ထိန်းဖို့ အစွမ်းကုန်ကြိုးစားပြီး သူမရဲ့အဖွားဖြစ်သူ တံခါးဖွင့်တဲ့ အကြိမ်အရေအတွက်ကို တိတ်တဆိတ်ရေတွက်နေခဲ့တယ်။ 


နောက်ဆုံးမှာတော့  မစ္စလီက ငါးဆယ့်ရှစ်ကြိမ်မြောက် တံခါးကို ဆွဲဖွင့်လိုက်ပြီးချိန်မှာတော့ လီမင်တုန်တို့ ညီအကိုလေးယောက်က ဆန်အိတ်တွေကိုသယ်ရင်း၊ လက်တွန်းလှည်းကိုလည်းတွန်းရင်း ရယ်ရယ်မောမောနဲ့ စကားပြောရင်း ရောက်လာခဲ့ကြတယ်။


“မင်းတို့ ဘာတွေဝယ်လာခဲ့ကြလဲ”


မစ္စစ်လီက လှည်းပေါ်မှာရှိနေတဲ့ပေါ်ရှိနေတဲ့ ဝက်သားတုံးကြီးကို ကြည့်ကာ အလွန်ပျော်ရွှင်သွားခဲ့တယ်။


လီမင်တုန်က ဆန်အိတ်ကို အိမ်ရဲ့ထောင့်စွန်းမှာ ချထားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှ မြေကြီးတွေကို အသာဖယ်ထုတ်ကာ  ရယ်မောလိုက်တယ်။ 


“ မိသားစုတစ်ခုချင်းဆီအတွက် အစားအသောက် နှစ်လစာရောင်းပေးတယ်..  အသားတွေလည်း နှစ်လစာရခဲ့တယ်.. ကျွန်တော်တို့ နှမ်းဆီတစ်ပိဿာနဲ့ သကြား ပေါင်တစ်ဝက် ၊ ဆားတစ်ပေါင် ဝယ်ခဲ့တယ်.. နောက်ပြီး မြေပဲ ကယ်တီတစ်ဝက်နဲ့ ဖရဲစေ့ နှစ်ပြည်လည်း ရခဲ့တယ်..  နှမ်းစေ့နှစ်ပြည်နဲ့  လက်ဖက်ရွက်တစ်ပြည်လည်းရခဲ့သေးတယ်”


မစ္စတာလီက ခေါင်းကိုအထပ်ထပ်အခါခါ ညိတ်ပြီး ပြုံးရွှင်စွာပြောလာတယ်။


“ကောင်းပြီ မြန်မြန်လေး မီးဖိုခန်းဆီကို ရွှေ့လိုက်.. ငါ ဗီရိုထဲမှာ သော့ခတ်ထားလိုက်မယ်” 


သူတို့ယူလာတဲ့အထဲမှ ငရုတ်ကောင်း၊ စမုန်စပါး၊ ခေါက်ဆွဲခြောက်တို့လို ပစ္စည်းတွေလည်းပါဝင်ပြီး လှည်းထဲမှာ ဆယ်ကီလိုကျော်ရှိတဲ့ တရုတ်ဂေါ်ဖီထုပ်တွေလည်း ပါသေးတယ်။ လီမိသားစုဆီမှာလည်း ဒါတွေကို စိုက်ပျိုးထားသေးတာကြောင့် သူတို့တွေက ဒါကိုနည်းပါးတယ်လို့ မထင်ခဲ့ကြဘူး။


လီမင်ပေက ပစ္စည်းတွေကိုရွှေ့ပြောင်းရင်းပြောလာတယ်။


“အမေ.. ကျွန်တော် အရံစားသောက်ကုန်ဆိုင်မှာ ကိတ်မုန့်နဲ့ ဘီစကွတ်တွေပါရှိတာကိုတွေ့ခဲ့တယ်.. ကျွန်တော့်ကို မုန့်လက်မှတ်နဲ့ ပိုက်ဆံနည်းနည်းလောက်ပေးပါလား.. ကျွန်တော် ဘီစကစ်ဂျင်တစ်ဝက်လောက်ဝယ်ချင်လို့”


မစ္စစ်လီက အိမ်မှာကျန်နေသေးတဲ့ ပိုက်ဆံကိုတွက်ချက်ကြည့်ရင်း ခေါင်းကိုခါရမ်းလိုက်တယ်။


“မင်းညီမလေးက ငယ်သေးတယ်.. ဘီစကစ်နဲ့ မုန့်တွေကို မစားနိုင်သေးဘူး.. မင်းက အဲဒါကို ဘာအတွက် ဝယ်မှာလဲ”


“ကျွန်တော် စားလို့ရတယ်လေ!” 


လီမင်ပေ ဝမ်းနည်းပူဆွေးမှုတွေ ဒေါသတွေနဲ့ ပြောလာတယ်။


“ကျွန်တော်က အခုမှရှစ်နှစ်ပဲရှိသေးတာလေ.. ချစ်စရာကောင်းတဲ့ ကလေးအရွယ်ပဲရှိသေးတာလို့! ကျွန်တော်က ဘာလို့ တစ်နေ့ကို ကွတ်ကီးနှစ်ခုပဲ ဘာလို့စားရမှာလဲ”


မစ္စတာလီက လီမင်ပေရဲ့နောက်ကျောကိုတစ်ချက်ရိုက်လိုက်တယ်။ 


“လှလှပပကြီး တွေးနေတာပဲ! မင်းက ဒီလောက်ကြီးနေတာကို ဘီစကွတ်စားချင်သေးတာလား! မင်းရဲ့ ကန်စွန်းဥကိုပဲ သွားစားစမ်းပါ!”


ခေါက်ဆွဲဖြူနဲ့ ဝက်သားတွေရလာတာကြောင့် ဒီနှစ်က ပိုပြီးကောင်းလာခဲ့ပြီ။  မစ္စစ်လီက ပျော်ရွှင်စွာနဲ့ ဆန်ဖြူနှင့် ခေါက်ဆွဲဖြူတွေကို စာကြည့်ခန်းထဲမှ ဘီဒိုထဲမှာ သော့ခတ်လိုက်ပြီး ပြောင်းဖူးမှုန့်၊  ကန်စွန်းဥခြောက်နှင့် ဆန်ခေါက်ဆွဲတို့ကိုသာ အပြင်ဘက်မှာ ထုတ်ထားခဲ့တယ်။


“ငါးနှစ်ကောင်လောက်သွားဖမ်းပြီးမှ ပြန်လာခဲ့”


“ကျွန်တော်တို့ မရလောက်တော့ဘူးထင်တယ်”


လီမင်ပေက ဒီတစ်ကြိမ်မှာ အလွန်ဥာဏ်ကောင်းနေခဲ့တယ်။


“ကျွန်တော်နဲ့ တတိယအစ်ကိုတို နောက်ဆုံးတစ်ခေါက်တုန်းက ငါးခုနစ်ကောင်ကို ဖမ်းမိပြီးသွားကတည်းက လူတွေအများကြီးက နေ့တိုင်းပဲ ငါးသိာဖမ်းဖို့ မြစ်ထဲကိုသွားခဲ့ကြပေမဲ့ ဖမ်းမမိခဲ့ကြဘူး.. အခုချိန်မှာ ငါးမဖမ်းရနိုင်တော့ဘူးလို့ ထင်တယ် အရင်နှစ်ကြိမ်တုန်းက ကျွန်တော်တို့တွေရခဲ့တာက တိုက်ဆိုင်တာဖြစ်မယ်”


“ မင်းတို့ ဖမ်းမိလာရင် ဝက်သားနဲ့ ဂေါ်ဖီထုပ်အစာသွပ်ပြီး ဖက်ထုပ်လုပ်ပေးမယ်”


မစ္စလီက နှစ်သိမ့်ပေးလိုက်တယ်။


လီမင်ပေက ဂေါ်ဖီထုပ်နှင့် ဝက်သားပါတဲ့ဖက်ထုပ်အကြောင်းကို ကြားတော့ ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့တယ်-


“ဒုတိယအစ်ကို၊ တတိယအစ်ကို.. အဖွားက ငါးဖမ်းမိရင် မနက်ဖြန် ဝက်သားနဲ့ ဂေါ်ဖီထုပ်ပါတဲ့ ဖက်ထုပ်လုပ်ပေးမယ်လို့ ပြောတယ်!”


လီမင်ရှီက အလုပ်စာအုပ်ကို ရှေ့သို့တွန်းထုတ်လိုက်ပြီး အကျီကြီးကို ဆွဲကိုင်ကာ အပြေးထွက်လာတယ်။


“ဒါဆို မင်းဘာလို့ အမြန်မလုပ်သေးတာလဲ”


လီမင်ပေက အိုးထဲမှ ပန်ကိတ်ကြီးသုံးခုကို စက္ကူအိတ်နဲ့ရစ်ပတ်ကာ ထုတ်ပိုးလိုက်ပြီး ထွက်မသွားခင်မှာ လှမ်းအော်လာခဲ့သေးတယ်။ 


“လိမ်လို့မရဘူးနော်!!”


သူက မနက်ဖြန် ဖက်ထုပ်စားဖို့ အသင့်ဖြစ်နေပြီ။


ပေရှား ခရိုင်ကိုဖြတ်သန်းစီးနေတဲ့ ယန်ဆွေ့မြစ်က အေးခဲနေပြီဖြစ်ပြီး မြစ်ပြင်အပေါ်ယံလွှာမှ ရေခဲထုက မီတာဝက်လောက်ထူထဲနေပြီ။ ထိုရေခဲပြင်ထက်မှာတော့ လျှောစီးနေတာတွေ၊ ရေခဲရိုက်တာတွေ၊ နောက်ပြီး စွတ်ဖားစီးပြီး ကစားနေခဲ့ကြတဲ့ ကလေးတွေရှိတယ်။ သူတို့တွေက အေးစက်မှုတွေအလည်မှာ ပျော်ရွှင်နေကြဆဲဖြစ်ပြီး ဆင်းရဲဒုက္ခဆိုတာတွေကိုလည်း မသိခဲ့ကြသေးဘူး။


လီမင်ပေက ပုံမှန်ဆိုရင်  သူ့ရဲ့သူငယ်ချင်းတွေနဲ့ ဆော့ကစားရန် အလျင်စလိုပြေးသွားလောက်ပေမဲ့ ဒီနေ့မှာ သူ့ရဲ့ အတွေးတွေက ဖက်ထုပ်တွေနဲ့ပြည့်နေခဲ့တာကြောင့် သူ့သူငယ်ချင်းတွေရဲ့ခေါ်သံကိုတောင် မကြားလေတော့ဘူး။


ဆောင်းရာသီမှာ ငါးဖမ်းမယ်ဆိုရင် ရေခဲပြင်မှာ အပေါက်အရင်ဖောက်ဖို့ လိုအပ်လိမ့်မယ်။ နောက်ပြီး လူတွေ ပြုတ်ကျမှာကို ကာကွယ်ဖို့ရန်အတွက် ဒေသခံတွေက အပေါက်ဖောက်ဖို့အတွက်နေရာကို  သတ်မှတ်ထားတဲ့ နေရာမှာပဲ တူးတတ်ကြတဲ့ အလေ့အထရှိတယ်။ ဒီမြစ်ထဲကို နေ့စဥ်နေ့တိုင်း ငါးဖမ်းလာသူ အများအပြားရှိတာကြောင့် ထိုရေခဲအပေါက်တွေက ဘယ်တော့မှ အထူကြီးအေးခဲမသွားနိုင်တော့ဘူး။ ဒါကြောင့် လီမင်ရှီက တုတ်ရှည်တစ်ချောင်းကိုရှာပြီး နှစ်ကြိမ်လောက်ထိုးလိုက်ချိန်မှာပဲ ရေခဲလွှာက ပြန်ပွင့်သွားခဲ့တယ်။


သူက ရေခဲပြင်မှာ အပေါက် သုံးပေါက်ကို  ဆက်တိုက် ဖွင့်လှစ်ခဲ့တယ်။ ပြီးနောက်မှာတော့ညီအစ်ကိုသုံးယောက်က ငါးထည့်ဖို့အတွက်ခြင်းတောင်းတစ်ခုနှင့် ငါးမျှားတံကို ကိုင်ပြီး အပေါက်တစ်ခုချင်းစီရဲ့အနားမှာ ငုတ်တုတ်လေးထိုင်ပြီး ငါးဖမ်းဖို့ ပြင်ဆင်ကြတယ်။ လီမင်ရှီကတော့မြစ်ထဲက ငါးကိုဖမ်းဖို့ ငါးဖမ်းပိုက်အသေးတစ်ခုကိုလည်း ပြုလုပ်ခဲ့သေးတယ်။


သူတို့သုံးယောက်က  လီမင်ပေယူလာတဲ့ ပန်ကိတ်တွေကို အရင်စားလိုက်ကြပြီး  ရေခဲပြင်ပေါ်မှာ ငုတ်တုတ်ထိုင်လိုက်ကြကာ ငါဖမ်းဖို့ အသဲအသန်လုပ်ကြတော့တယ်။ အချိန်တွေကြာမြင့်လာသည်နှင့်အမျှ နေဝင်တော့မှာဖြစ်ပေမဲ့လည်း သုံးယောက်လုံးဆီမှာ ငါးတစ်ကောင်လေးတောင် မမြင်တွေ့နိုင်သေးဘူး။ လီမင်ပေက ငါးမျှားတံကို စိတ်ပျက်လက်ပျက်ဖြင့် ပုတ်လိုက်ပြီး ပြောလာတယ်။


“ဒါမှမဟုတ် ကျွန်တော်တို့တွေ မနက်ဖြန်မနက် လေးနာရီလောက်ကို အိပ်ယာကထပြီး လာဖမ်းမယ်ဆိုရင်ရော..  ကျွန်တော်တို့ ငါးတစ်ကောင်မှ မဖမ်းနိုင်ဘူးလို့ မယုံဘူး”


လီမင်နန် သက်ပြင်းချလိုက်ပြီး လက်ကိုဆန့်ကာ သူ့ရဲ့ငါးမျှားခြင်းကိုဆွဲတင်လိုက်ချိန်မှာ သူ့ရဲ့လက်တွေက ရုတ်တရက်လေးလံသွားသလိုမျိုး ခံစားလိုက်ရပြီး ပျော်ရွင်စွာထရယ်လိုက်တယ်။


“မြန်မြန်လေး ငါ့ကိုလာကူကြဦး ငါ့ရဲ့ ငါ့ခြင်းထဲမှာ ငါးတစ်ကောင်မိနေပြီ.. တော်တော်ကြီးလေးတယ်.. ဒီငါးက အဆီကြီးများတဲ့ ငါးအကြီးကြီးတစ်ကောင်ဖြစ်လောက်မယ်ထင်တယ်”


လီမင်ပေက သူ့ရဲ့ ငါးမျှားတံကို ပစ်ချလိုက်ပြီး လီမင်နန်ရဲ့ ငါးမျှားခြင်းကို အပေါ်သို့ ဆွဲတင်ဖို့ လုပ်ခဲ့တယ်။ ပြီးနောက်မှာတော့ ငါးမျှားခြင်းထဲမှာ လေးပေါင်၊ငါးပေါင်မျှလေးလောက်တဲ့ လိပ်ကြီးတစ်ကောင်ရှိနေတာကို တွေ့လိုက်ရလေတယ်။ သေပြီလား ရှင်နေသေးလားဆိုတာတောင် သူတို့ မသိနိုင်ဘူး။


လီမင်နန်က တုံ့ဆိုင်းစွာ မေးလိုက်တယ်။ 


“လိပ်ဖမ်းမိတယ်ဆိုရင်ရော မနက်ဖြန်မှာ ဖက်ထုပ်စားလို့ ရနိုင်သေးလောက်လား”


လီမင်ပေက ယုံကြည်ချက်မရှိစွာ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလာတယ်။


“စားရလောက်ပါတယ်..  ဒီလိပ်ရဲ့စွပ်ပြုတ်ကလည်း တော်တော်လေးအာဟာရဖြစ်သင့်တယ်”


ဆောင်းခိုနေတဲ့လိပ်-...


စာရေးသူမှာ ပြောစရာရှိပါတယ်:


ပြဇာတ်အေသးလေး-


လိပ်- ငါဘယ်သူလဲ? ငါဘယ်မှာလဲ? မင်းက ငါတို့လိပ်တွေကို အရံအနေနဲ့အစားထိုးနိုင်တယ်ပေါ့?


Kaka : ဒါက တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူးလား!


လိပ်- ငါ့အဘိုးရဲ့အဘိုးရဲ့အဘိုးရဲ့အဘိုးရဲ့အဘိုးက နန်ချာရွာမှာ မင်းတို့ဆီကနေဖြတ်တောက်ခံခဲ့ရတယ်။ မုန်းတီးမှုတွေက အဟောင်းနဲ့အသစ်ထပ်ပေါင်းသွားပြီ! မင်းဘာပြောချင်သေးလဲ!


မင်း ဘယ်ကရောက်လာတာလဲ? မင်းက မကောင်းတဲ့ကောင်လား?


လိပ်:..... ငါ့ကိုချက်လိုက်ပါတော့!