Ch 2
Viewers 1k

အခန်း(2)ရိတုံမြို့က သစ်တောမြို့တစ်မြို့ဖြစ်ပြီး မြို့ရဲ့နယ်နိမိတ်တစ်လျှောက်လုံးကို  ထင်းရှူးတောများဖြင့် ဝန်းရံထားခဲ့တယ်။  လီမိသားစုနေထိုင်တဲ့ ပေရှားခရိုင်ကတော့ ထင်းရှူးတောအုပ်ရဲ့ တောင်ခြေမှာ တည်ရှိတယ်။


မစ္စလီမှာ သားလေးယောက်ရှိတယ်။ အကြီးဆုံးသား လီမူဝမ်က ဂျပန်တွေကို ပြန်လည်တိုက်ခိုက်တဲ့အချိန်မှာ စစ်တပ်ထဲသို့ ဝင်သွားခဲ့ပြီး နှစ်အတော်ကြာတဲ့အထိ သတင်းမရရှိခဲ့ဘူး။ 


သူ့ဆီမှ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် သတင်းရောက်မလာခဲ့ဘူး။ လွတ်မြောက်ရေးရပြီးသွားတဲ့အချိန်ကိုရောက်မှ စစ်ပွဲအပြီးမှာ စစ်တပ်နှင့်အတူ ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း စာပို့လာခဲ့တယ်။ သူက ဖူစီရင်စုမှာ ခေါင်းဆောင်ဖြစ်လာရုံသာမက ထိုနေရာမှာ အခြေချပြီး ဇနီးတွေ၊ သားသမီးတွေပါ ရရှိခဲ့တယ်။ 



တတိယသားဖြစ်တဲ့ လီမူစန်းကတော့ မိုင်အနည်းငယ်အကွာမှာ နေထိုင်လျှက်ရှိတယ်။ သူက လီမူဝူလိုမျိုး စပါးအရောင်းဆိုင်မှာ အလုပ်လုပ်ကိုင်နေခဲ့တယ်။ 


စတုတ္ထသားဖြစ်တဲ့ လီမူလင်းက အစောပိုင်းနှစ်များကတည်းက ပြည်နယ်မြို့တော်သို့ထွက်သွားခဲ့ကာ ပြန်မလာခဲ့တော့ဘူး။


သားလေးယောက်မှာ နှစ်ယောက်က အနားမှာမရှိပေမယ့် စစ်ပွဲကြီးအပြီးမှာ သူတို့တွေ ကိုယ်ပိုင်ဘဝမှာ အခြေကျနေကြပြီးဖြစ်ပြီးတဲ့အပေါ် မစ္စလီက စိတ်ကျေနပ်လျှက်ရှိနေတုန်းပဲ။ မိသားစုကလည်း လုံခြုံနေခဲ့မယ်ဆိုရင် သူမရဲ့သားတွေ အနားမှ မရှိရင်တောင် ကိစ္စမရှိပါဘူး။


ပေချန် ခရိုင်ရဲ့ တောင်ခြေမှ မျိုးဆက်တွေထဲမှာ လီမိသားစုက နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ပြောလို့ရတယ်။ မစ္စလီရဲ့ယောက္ခမက အသက်တစ်ရှုရှိုက်စာအတွင်း သားခုနစ်ယောက်ကို မွေးဖွားခဲ့တယ်။  မစ္စလီ လီမိသားစုမှာ အိမ်ထောင်ကျပြီးနောက်မှာလည်း သားခြောက်ဦးကို ဆက်တိုက်မွေးဖွားခဲ့တာဖြစ်ပြီး ကံမကောင်းစွာဖြင့် လေးဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ သူမဘဝမှာ သမီးတစ်ယောက်မှမရရှိခဲ့တာထက် ပိုပြီး နောင်တရစရာ ကိစ္စမရှိခဲ့ဘူး။


သားမရှိတဲ့ မိသားစုတွေကတော့ သားမွေးနိုင်ဖို့ မျှော်လင့်နေခဲ့ရတယ်။ သို့ပေမဲ့ မျိုးဆက်ပေါင်းများစွာ သမီးဆိုတာကိုမမြင်တွေ့ဖူးခဲ့တဲ့ လီမိသားစုကတော့ ပန်းရောင်သန်းပြီး နူညံ့ဖြူဖွေးတဲ့ သမီးလေးကိုသာ အိမ်ကိုရောက်လာဖို့ စောင့်မျှော်နေခဲ့ကြရတယ်။  


သို့ပေမယ့် နေရာအနှံ့အပြားမှာ ရောက်နေခဲ့ကြတဲ့ သားလေးယောက်လုံးက သားတွေကိုသာ ထပ်ပြီး ရရှိလာခဲ့တာက စိတ်ဆင်းရဲစရာပဲ။ မစ္စလီက သူမမှာ နောက်ထပ်မြေးတစ်ယောက်ရလာတယ်ဆိုတဲ့ သတင်းကို မြင်တိုင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ဘူး။


နောက်ဆုံးတော့ ဒီတစ်ကြိမ်မှာသူမရဲ့ ဒုတိယချွေးမ ဝမ်စုဖန်းက ဖြူဖွေးနူးညံ့တဲ့ သမီးမိန်းကလေးကို မွေးဖွားပေးနိုင်ခဲ့ပြီ။ ဒါကြောင့် မစ္စ စိတ်မပူပန်ပဲမနေနိုင်ခဲ့ဘူး။ ဝမ်စုဖန်းက အသက်လေးဆယ်နီးပါးရှိပြီလေ။ အစောပိုင်းနှစ်တွေတုန်းက သူမလည်း ဒုက္ခဆင်းရဲတွေ များစွာခံစားခဲ့ရတယ်။ သူမ မရရှိနိုင်ခဲ့တဲ့အချိန်တွေကို ထည့်မတွက်ရင်တောင် ဒီသားလေးယောက်ကို မွေးဖွားခဲ့ချိန်မှာ အခက်အခဲတွေ အဆက်မပြတ်ရင်ဆိုင်ခဲ့ရတယ်။


တတိယမြောက်သားဖြစ်တဲ့  လီမင်နန်ကိုမွေးတဲ့အချိန်မှာ ဝမ်စုဖန်းရဲ့နို့က မလုံလောက်ခဲ့တော့ဘူး။  လေးယောက်မြောက်သား လီမင်ပေကို မွေးဖွားစဉ်မှာဆိုရင်သူ့ကို အခြေခံအစားအစာအဖြစ် နို့အများကြီးမတိုက်နိုင်ခဲ့တော့ဘူး။ ထို့ကြောင့် လီမင်ပေက ဆိတ်နို့ဖြင့် ကြီးပြင်းလာခဲ့ရတယ်။ 


ကြမ်းကြမ်းတမ်းတမ်းယောက်ျားလေးတွေက ဘာပဲစားရစားရ အရေးမကြီးဘူး။  သူတို့ကို အစာကျွေးထားနိုင်သရွေ့အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် ဒီလိုနူးညံ့တဲ့သမီးကလေးကတော့ ဆိတ်နို့ကို အစာချေဖျက်နိုင်ပါ့မလား မသိနိုင်ဘူးလေ။ ဒီဘက်ခေတ်ကာလမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတစ်ခုတည်းနဲ့တောင်  ကလေးတစ်ဦးကို အလွယ်တကူသေဆုံးသွားစေနိုင်တာမျိုး ဖြစ်စေတဲ့အတွက် မစ္စလီအနေနဲ့ အတော်စိတ်ပူနေခဲ့ရတယ်။ သူမတို့  ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမြေးမလေးကို မထောက်ပံ့ပေးနိုင်မှာကိုလည်း  စိတ်ပူနေခဲ့ရတယ်။


အရှေ့ဘက်ခန်းမှ ကလေးရဲ့ ငိုသံကိုကြားတော့ မစ္စလီက သူမရဲ့လက်မှတူတွေကို ပြချလိုက်ပြီး :


“ကောင်မလေး နိုးလာပြီ.. ငါ အခန်းထဲကို သွားကြည့်လိုက်ဦးမယ်”


လျို့ရှို့လန်က ဗိုက်တစ်ဝက်လောက်ပြည့်ပြီးကတည်းက သူမရဲ့ တူတွေကို ရပ်ထားတာဖြစ်ပြီး မစ္စလီ ထရပ်လိုက်တာကိုမြင်တော့ သူမလည်း ထရပ်လိုက်လေတယ်။ 


“ကျွန်မလည်း လိုက်စစ်ကြည့်လိုက်ဦးမယ် သေးပေါက်ချလိုက်တာလားမသိဘူး”


ပြီးနောက် မစ္စလီနှင့်အတူ အရှေ့ဘက်ခန်းသို့ လိုက်လာခဲ့တယ်။


အရှေ့ဘက်ခန်းမှာတော့ ဝမ်စုဖန်းက မျက်လုံးမှိတ်လျှက်သား အော်ငိုနေတဲ့ သူမရဲ့သမီးလေးကို ပွေ့ချီကာ ကလေးက ဗိုက်ဆာနေမှန်းသိတာကြောင့် အလျင်အမြန်ပုတ်ပေးလိုက်တယ်။ 


သူမဆီမှာ နို့မထွက်နိုင်ဘူးဆိုတာကို သိထားပေမဲ့ သူမရဲ့ သမီးဖြစ်သူ အော်ငိုနေတာကိုမြင်တော့ သည်းမခံနိုင်ခဲ့ပြန်ဘူး။  ဝမ်စုဖန်း သက်ပြင်းချလိုက်ပြီး သူမရဲ့ အင်္ကျီကို ကြယ်သီး ဖြုတ်လိုက်ချိန်မှာ သူမရဲ့ရင်ဘတ်က အနည်းငယ် ရောင်ရမ်းနေတာကို မြင်လိုက်ရတယ်။


သူမရဲ့သမီးလေးကို ရင်ဘတ်အနားသို့ တိုးကပ်ပေးလိုက်ချိန်မှာတော့ ထိုလူသားပေါက်စလေးက မျက်လုံးတွေကိုမှိတ်ပြီး အလိုလိုသိစွာရဲ့ နို့စို့လာခဲ့တယ်။ ပထမတုန်းကတော့ စုပ်ရတာ ခက်ခဲနေပုံရပြီး နဖူးပေါ်မှာတောင် ပင်ပန်းနွမ်းနယ်နေတဲ့ ချွေးတွေအနည်းငယ် ထွက်လာခဲ့တယ်။ သို့ပေမယ့် ခဏအကြာမှာတော့ ဝမ်စုဖန်းတစ်ယောက် ကလေးငယ်လေးရဲ့ မျိုချနေတဲ့အသံကို ကြားလိုက်ရလေတယ်။


မစ္စလီနဲ့ လျို့ရှို့လန်တို့ ကန့်လန့်ကာကို မ,ပြီး ဝင်လာခဲ့ကြတယ်။ ဝမ်စုဖန်းက သူတို့ဝင်လာတဲ့အသံကိုကြားတော့ ခေါင်းကို လျှင်မြန်စွာမော့ကြည့်ပြီး ပြုံးလာခဲ့တယ်။


“အမေ.. ဒီငါးစွပ်ပြုတ်က တော်တော်ကောင်းတာပဲ ကလေးက နို့စို့လို့ရနေပြီ”


“တကယ်လား?” 


မစ္စလီက လျို့ရှို့လန်ရဲ့လက်ကို လွှတ်လိုက်ပြီး အရှေ့သို့ခြေလှမ်းအနည်းငယ်ဖြင့် အမြန်လှမ်းလာကာ ခန်နားကိုရောက်လာခဲ့တယ်။ သူမ ခေါင်းငုံ့ပြီး ဝမ်စုဖန်းရဲ့ပုခုံးအနားမှ အနီးကပ်ကြည့်လိုက်တယ်။ သေချာတာပေါ့။ ကလေးငယ်လေးက နို့တွေကို မြိုချနေခဲ့ပြီ။ သူမ  ချွေးမဖြစ်သူရဲ့ ရင်ဘတ်ကို ကြည့်လိုက်တော့လည်း ဖောင်းကားနေပြီး ကလေးကို အဝအလင်တိုက်ကျွေးနိုင်ကြောင်း တွေ့မြင်လိုက်ရတယ်။ 


မစ္စလီက ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့ကာ ကလေးငယ်ရဲ့  ထူထဲတဲ့ဆံပင်တို့ကို ပွတ်ပေးရင်း နောင်တ တချို့နဲ့ပြောလာတယ်။ 


“ဒီလိုမှန်းသိရင် ငါးဟင်းကိုမချက်လိုက်ပါဘူး .. အကုန်လုံးကို မင်းအတွက် စွပ်ပြုတ်ချက်ပေးခဲ့မှာ..  နေ့ခင်းဘက်ကို ရောက်တဲ့အထိစောင့်ဦး ..  မင်နန်နဲ့ မင်ပေတို့ကို သွားဖမ်းခိုင်းလိုက်မယ်” 


ဒီအကြောင်းကို တွေးရင် ဒီနှစ်က မိုးအများကြီးမရွာတာကြောင့် မြစ်ရေတွေကလည်း သိပ်ပြီး မကျန်ရစ်ခဲ့ဘူး။ ဒါကြောင့်နွေရာသီမှာတောင် ငါးတွေ ပုစွန်တွေ များများမမြင်တွေ့ခဲ့ရဘူးလေ။ ဒါကြောင့် မစ္စလီ ထပ်ပေါင်းပြီး ပြောလိုက်တယ်။


“ဖမ်းမမိရင်လည်း အဆင်ပြေပါတယ်.. အဆိုးဆုံးက ကြက်တစ်ကောင်သတ်ပြီး မင်းအတွက် တစ်ပိုင်းလောက် စွတ်ပြုတ်ချက်လိုက်ရုံပဲပေါ့..  မင်း ဒါကို ရှစ်ရက် ဆယ်ရက်လောက် စားလို့ရတာပဲ”


အမျိုးသမီးကြီးက စိတ်မြန်လက်မြန်ရှိပြီးထက်မြက်တဲ့သူဖြစ်ကာ မင်ရှီအပါအဝင် ညီအစ်ကိုသုံးယောက် ထမင်းစားပြီးသည်နှင့် သူမက သူတို့ကို ငါးဖမ်းဖမ်းဖို့ စေလွှတ်လိုက်လေတယ်။ လီမင်တုန်ကတော့ အပြင်ကို ထွက်စရာမလိုဘူး။ သူက လာမယ့်နွေရာသီမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတော့မှာဖြစ်လို့ ဘာမှလုပ်စရာမလိုဘဲ အိမ်မှ စားပွဲရှေ့မှာထိုင်ပြီး စာဖတ်နေရုံပဲ။


မင်ရှီက အလယ်တန်း တတိယနှစ်ကိုရောက်နေပြီဖြစ်ကာ သူ့ရဲ့ အပြောအဆိုနှင့် အပြုအမူတွေက လီမင်တုန်နဲ့ အလွန်ဆင်တူတယ်။ သူက အားလပ်ရက်တွေမှာ မုသားစုနဲ့အတူ တောင်တန်းတွေပေါ် ၊ မြစ်ချောင်တွေဆီကို လိုက်လေ့ရှိပေမဲ့ သူ့ရဲ့ ညီငယ်နှစ်ယောက်လောက် အလျင်စလိုမလုပ်တတ်ဘူး။ သူက နောက်ကျနေရင်တောင် အရာရာကို ကောင်းကောင်းလုပ်လေ့ရှိတယ်။


လီမင်နန်နဲ့ လီမင်ရှိတို့က ဆယ်နှစ်နှင့် ခုနစ်နှစ် အရွယ်များဖြစ်ပြီး ခွေးတွေကြောင်တွေနဲ့ ခုန်ပေါက်ဆော့ကစားတဲ့အရွယ်ပဲ။ မစ္စလီက သူတို့နှစ်ဦးကို သိပ်ပြီးဂရုမစိုက်လေဘူး။ ဘာပဲဖြစ်ဖြစ် သူတို့တွေ တောင်ပေါ်တက်တိုင်း ထင်းအဖြစ်သုံးဖို့ တုတ်ချောင်းတွေ ပြန်သယ်လာတတ်တယ်။ မှိုနှင့် ဟင်းသီးဟင်းရွက်အချို့ကိုလည်း အခါအားလျော်စွာ ကောက်ယူနိုင်ပြီး ရံဖန်ရံခါမှာ မိသားစုစားနပ်ရိက္ခာတိုးတက်စေနိုင်မဲ့ ယုန်တစ်ကောင် နှစ်ကောင်ကိုလည်း  ဖမ်းနိုင်တတ်တယ်လေ။


“နာမည် ဘယ်လိုပေးကြမလဲ”


လီမင်တုန်က ခဏလောက်စဉ်းစားပြီး ရေရွက်လာတယ်။


“မက်မွန်တွေက ငယ်ရွယ်ပြီး အရွက်တွေက ကျန်းကျန်း (လေတွေနဲ့အတူဖူးသစ်ဝေလာတယ်).. သားဖြစ်သူက အိမ်မှာရှိနေစဥ်မှာ သူက မိသားစုနဲ့အတူ ရှိနေနိုင်မယ်.. ကျွန်တော့်ရဲ့ညီမကို လီမင်ကျန်းလို့ ခေါ်မယ်”


လီမူဝူက သူ့ကိုဗလာဖြစ်စွာကြည့်လိုက်တယ်။


“လူ့စကားကို ပြောစမ်း!”


အချစ်ကဗျာထဲမှာ နှစ်မြုပ်နေတဲ့ လီမင်တုန်ကတော့ ရေအေးတစ်ဇလုံဖြင့် လက်တွေ့ဘ၀ကို ပြန်လည်လောင်းချခံလိုက်ရရှာတယ်။ သူက လီမူဝူကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်ကာ ပြတ်သားရှင်းလင်းစွာ ရှင်းပြလိုက်တယ်။


“အဓိပ္ပာယ်က သစ်ပင်ခြုံနွယ်တွေက သန်မာစွာပေါက်ရောက်လာလိမ့်မယ်”


လီမူဝူက ဒီတစ်ကြိမ်မှာတော့ နားလည်သွားပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။


“ဒီသစ်ပင်၊ မြက်ပင်တွေ၊ ခြုံနွယ်တွေက ဘယ်တော့မှ အမြစ်မပျောက်ဘူး.. ဒီနာမည်က ထောက်ပံ့ရလွယ်ကူတယ်.. ဒါကြောင့် ဒီနာမည်ကိုပဲ ခေါ်မယ်..  ငါ အခုပဲ သူ့အတွက် အိမ်ထောင်စုစာရင်းမှာ သွားထည့်လိုက်တော့မယ်”


သူ ပြောတဲ့အတိုင်းပဲ လီမူဝူက အပေါ်ထပ်င်္ကျီကြီးနှင့် သားရေဦးထုပ်ကို ၀တ်ဆင်ကာ ခြံပြင်ကို ထွက်သွားဖို့လုပ်ပေမဲ့ ရပ်တန့်သွားခဲ့ပြန်တယ်။ 


“မင်တုန် မင်းညီမရဲ့နာမည်က ဘယ်လိုခေါ်တာလဲ..  လီမင်ရှုလား လီမင်ချောင်လား?”


သူက အသံကျယ်ကျယ်နဲ့ လှမ်းမေးတယ်။


အရှေ့ဘက်ခန်းမှာ ငိုက်မျဉ်းနေတဲ့ ကလေးငယ်ကတော့ သူ့အဖေ သူမကိုပေးတဲ့ နာမည်ကို ကြားလိုက်ရတာကြောင့်ဖြစ်နိုင်တယ်။  ချက်ချင်းပဲ အော်ငိုလာလေတော့တယ်။ 


စားပွဲမှာထိုင်ရင်း ရုရှားစာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ လီမင်တုန်သည်လည်း သူကောင်းမွန်စွာရွေးပေးထားတဲ့နာမည်က မျက်စိတစ်မှိတ်အတွင်းမှာ သူ့အဖေကြောင့် ပြောင်းသွားတာကို ကြားတော့ ငိုမိလုနီးပါးဖြစ်သွားရတယ်။


“ မြက်ရော သစ်ပင်ရော မဟုတ်ဘူး လီမင်ကျန်းလို့! မေ့လိုက်တော့ ကျွန်တော် စာရွက်နဲ့ရေးပေးလိုက်မယ် မဟုတ်ရင် အဖေ နောက်တစ်ခါ ထပ်မှားနေလိမ့်မယ်”


လီမူဝူက သားဖြစ်သူထံမှ ပေးလှတဲ့ မှတ်စုစာရွက်ကိုယူပြီး သေချာစိုက်ကြည့်ကာ တစ်လုံးချင်းဖတ်ကြည့်လာတယ်။


“လီ... မင်.. ကျန်းက  ဒီလို ကျန်းကျန်း(榛榛 )လား..  အိုး ဒီစကားလုံးက ရေးရခက်လွန်းတယ်.. မင်းရဲ့ ညီမလေး ကျောင်းနေတဲ့အရွယ်ရောက်လို့ ကျောင်းမှာ နာမည်ရေးရမဲ့အချိန် အော်ငိုနေရင် မင်းဘယ်လိုလုပ်မှာလဲ”


“ဒါဆို လီမင်ချောင်လို့ ခေါ်စေချင်လို့လား”


လီမင်တုန်က မကျေမနပ်နဲ့ သူ့ရဲ့လည်ပင်းကို ပွတ်ကာပြောလာတယ်။


“အဖေ ဘာလို့ ကိုယ့်ဘာသာကိုယ်ပဲ အဲလိုမခေါ်ရတာလဲ”


လီမူဝူက မျက်မှောင်ကြုတ်လိုက်ပြီး အကြာကြီးစဉ်းစားနေပြီးမှ မှတ်စုကို အိတ်ကပ်ထဲမှာ တိတ်တဆိတ်ထည့်ကာ ဦးထုပ်ကိုဆောင်းကာ လှည့်ထွက်သွားတယ်။


“ဒီနာမည်က အရမ်းကောင်းတယ်.. ဒါကိုပဲ ခေါ်ရအောင်”


အရှေ့ဘက်ခန်းထဲမှာထိုင်ပြီး အပြင်ဘက်မှ လှုပ်ရှားမှုတွေကို နားထောင်နေတဲ့ ဝမ်စုဖန်းက ပြုံးလိုက်တယ်။


“တုန်ဇီရဲ့ အဖေက ပါးစပ်ကြမ်းတယ် “


မစ္စလီက ရယ်ချင်သွားခဲ့ပေမဲ့လည်း  သူမရဲ့သားအတွက် ကောင်းတဲ့ အချက်တွေကို ပြောလာခဲ့တယ်။


“တကယ်တော့ ဒုတိယကလေးက မတုံးပါဘူး..  သူက ကျောင်းမတက်ခဲ့ရလို့ အခုလိုမျိုး ဆုံးရှုံးခဲ့ရတာပဲ.. ဒီနှစ်တွေမှာ သူက တုန်ဇီနဲ့အတူ လိုက်ကြည့်ပြီး စကားလုံး နည်းနည်းတော့ သိလာပြီ.. အခုဆို သူ့ရဲ့နာမည်ကိုတောင် ရေးနိုင်နေပြီတဲ့ ဒါက မဆိုးဘူးလို့ပြောရမယ်”


ယောက္ခမနှင့်ချွေးမတို့နှစ်ယောက် အချင်းချင်း တီးတိုးပြောဆိုနေကြချိန်မှာ တစ်ချိန်လုံး စိတ်ရှုပ်ထွေးနေတဲ့ ကျန်းကျန်းတစ်ယောက်ကတော့ ပရမ်းပတာအခြေအနေမှ ဖြည်းညှင်းစွာ နိုးလာခဲ့ပြီ။

သူမက ခြေထောက်တွေကို ကန်ထုတ်ရင်း စောင်တွေကိုပါ ကန်ထုတ်နိုင်တော့မယ်။


မစ္စလီက သူ့မြေးလေးကို ဝမ်းသာအားရနောက်တစ်ကြိမ် ပြန်လည် ထုပ်ပိုးပြီး  ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောလာတယ်။


“ငါတို့  မိသားစုက ဒီမိန်းကလေးရဲ့ သန်မာတဲ့ လက်တွေ ၊ ခြေထောက်တွေကို ကြည့်လိုက်ဦး..  သူမ အရွယ်ရောက်လာရင်တော့ ဝက်တစ်ကောင်ကို ခြေတစ်ဖက်နဲ့နဲ့ကန်ထုတ်နိုင်လိမ့်မယ်!”


ကျန်းကျန်းကတော့ မစ္စလီ သရုပ်ဖော်လိုက်ပုံကို အလွန်အံသြထိတ်လန့်သွားရပြီး  သူမရဲ့ လက်နှစ်ဖက်နှင့် ခြေထောက်တွေကို နာနာခံခံနဲ့ထုပ်ပို့ခံလိုက်လေတယ်။ 

မစ္စလီရဲ့ သူမအပေါ်ထင်မြင်ချက်ကို ပြောင်းလဲနိုင်စေဖို့အတွက်ပေါ့။


ကလေးကို ခဏလောက်ပုတ်ပေးရင်း မစ္စလီက ဆက်ပြောလာတယ်။


  “ငါတို့မိသားစုထဲက ကလေးက ပျော်ရွှင်စရာ မွေးနေ့လေး ရှိနေတာပဲ..  အတိတ်တုန်းက ဗုဒ္ဓက လူနာပြက္ကဒိန်ရဲ့ဆယ်နှစ်လမြောက် ရှစ်ရက်နေ့မှာ  ဉာဏ်အလင်း ရခဲ့တယ်လို့ ပြောကြတယ်”


ဝမ်စုဖန်းကလည်း ပြောလာတယ်။


“ကျွန်မငယ်ငယ်တုန်းကလည်း အဖွားဆီက ကြားဖူးတယ်..အစောပိုင်းနေ့တွေတုန်းက လူနာပြက္ကဒိန်ရဲ့ဆယ့်နှစ်လမြောက် ရှစ်ရက်နေ့မှာ နတ်ဘုရားတွေနဲ့ဘိုးဘေးတွေကိုပူဇော်ရမယ်တဲ့.. နောက်ပိုင်းကျတော့ စစ်တပ်ကလည်း ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့ပြီး လူတွေက ဝဝလင်လင်မစားသောက်နိုင်ကြတော့တဲ့အတွက်  ဒါတွေကို မလုပ်နိုင်ကြတော့တာလို့ပြောတယ်”


မစ္စလီ ပြန်တွေးကြည့်လိုက်တယ်။


“မဟုတ်သေးဘူး.. ငါတို့ ငယ်ငယ်က ငါ့ရဲ့မိသားစုက အရမ်းဆင်းရဲပေမယ့် အဲဒီအချိန်ကိုရောက်ရင် ငါတို့မိသားစု တစ်နှစ်ပတ်လုံး စုဆောင်းထားတဲ့ ပဲတွေကို ထုတ်ယူပြီး ဆန်ပြုတ်အိုးထဲမှာရောထည့်ပြီး ချက်ပြုတ်ခဲ့ကြတယ်.. အဲဒါက ပန်းကန်လုံးအသေး တစ်ဝက်စာလောက်ပဲ ရှိတယ်ဆိုပေမဲ့ ဝေမျှပြီး စားခဲ့ကြတော့  ရှားရှားပါးပါး စားလို့ကောင်းခဲ့ကြတယ်”


သူမက များများပြောလာလေ ပိုပြီး မထိုင်နိုင်တော့လေဖြစ်ပြီး ခန်ပေါ်ကဆင်းပြီး ဖိနပ်ကိုစီးရင်းပြောလာတယ်။


“ငါတို့က အခုချမ်းသာနေတာမဟုတ်ပေမယ့် အရင်နှစ်တွေတုန်းက စုဆောင်းထားခဲ့တဲ့ ပဲတချို့ရှိတယ်.. ဆောင်းတွင်းတုန်းက ရိပ်သိမ်းထားတဲ့ သစ်အယ်သီးနဲ့ အခွံမာလည်းရှိတယ်..  အများကြီး ကျန်နေတုန်းပဲဆိုတော့ စားချင်စိတ်ရှိတုန်းလေးစားရအောင် ကွေ့ဟွားကို  အိုးတစ်လုံးစာလောက် ချက်ခိုင်းလိုက်ကြမယ်.. လူနာပြက္ကဒိန်ရဲ့ ဆယ့်နှစ်လမြောက်မှာ စားကောင်းတာတချို့လောက် ချက်စားသင့်တယ်”


မစ္စလီက စကားပြောနေရင်းမှ ထွက်သွားခဲ့ပြီး ဝမ်စုဖန်းကတော့ ကျန်းကျန်းကို လက်နဲ့ပုတ်ပြိး သိပ်နေရင်းကနေ အိပ်ငိုက်လာပြီး မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တယ်။


သူမရဲ့ဘေးနားက သက်တောင့်သက်သာနဲ့   ရှည်လျားလာတဲ့ အသက်ရှုသံကိုကြားတော့ ကျန်းကျန်းက မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အတိတ်ကို ပြန်သတိရဖို့ အတတ်နိုင်ဆုံး စဥ်းစားနေခဲ့တယ်...


ကျန်းကျန်း။  သူမရဲ့ ယခင်ဘဝကနာမည်က လီကျန်းကျန်း ဖြစ်ပြီး  သူမရဲ့ မိဘတွေ ကွာရှင်းပြီးတဲ့နောက်မှာ သူမက မူလနေအိမ်မှာ ကျန်နေရစ်ခဲ့တယ်။ တစ်နှစ်စာနေထိုင်စရိတ် လာပေးတဲ့အချိန်ကလွဲရင် သူမရဲ့မိဘတွေကို တွေ့မြင်ဖို့ ခက်ခဲလွန်းတယ်။   ကံကောင်းစွာနဲ့ ကျန်းကျန်းက  စိတ်သဘောထား ပွင့်လင်းသူဖြစ်ပြီး အိမ်ထောင်ကွဲ မိသားစုကြောင့် စိတ်ဓာတ်မကျခဲ့ဘဲ ယခင်ကထက်ပိုပြီး စိတ်အေးလက်အေးဖြစ်နေသလို ခံစားခဲ့ရတယ်။


ကောလိပ်မှ ဘွဲ့ရပြီးနောက်မှာ ကျန်းကျန်းက သူမ  အချိန်ပိုင်းအလုပ်မှ စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ ပန်းဆိုင်ဖွင့်ဖို့ ကြိုးပမ်းခဲ့သည်။ ကျန်းကျန်း မျက်လုံးများကို မှိတ်လိုက်ပြီး သေသေချာချာ ပြန်တွေးလိုက်ပြန်တယ်။  ကြည့်ရတာ သူမကို ကောင်းကင်ပေါ်မှ ပြုတ်ကျလာတဲ့ ရွှေပုတီးစေ့တစ်ခုနဲ့ တိုက်မိသွားခဲ့သလိုပဲ?


ကျန်းကျန်း အနည်းငယ် ကြောင်အမ်းသွားရတယ်။ ဘယ်လိုပုတီးစေ့တွေက ဒီလောက်တောင် အစွမ်းထက်ရတာလဲ။ နောက်ပြီး အဲဒီပတီးစေ့က ဘယ်လိုလုပ်ပြီး ကျိုးပဲ့သွားရတာလဲ။ နောက်ပြီး သူမနဲ့ တိုက်မိတဲ့အချိန် အဆင်မပြေဖြစ်လောက်မယ်လို့ထင်ရပေမဲ့ သွေးက ရေထက်ပိုပြီးပြစ်သလိုမျိုး ရင်းနှီးကျွမ်းဝင်တဲ့ ခံစားချက်တစ်ခုသာ ရှိနေခဲ့တယ်..။


ကျန်းကျန်း သတိလက်လွတ်နဲ့ သူမရဲ့ လက်လေးကို ဆန့်ထုတ်ပြီး နဖူးကို ညင်သာစွာ ထိလိုက်မိတယ်။ သို့ပေမဲ့သူမရဲ့ နူးညံ့တဲ့ အသားအရေကလွဲပြီး ဘာကိုမှ မထိသလိုပဲ။ ခဏလောက် တွေးကြည့်ပြီးနောက်မှာ ကျန်းကျန်းက ဘာဖြစ်နေတာလဲဆိုတာကိုနားမလည်သေးပေမဲ့ သူမရဲ့ မျက်ခွံတွေက ပိုပိုပြီးလေးလာကာ မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တယ်။


“အဖွား! ကျွန်တော်တို့ပြန်လာပြီ!” 


တံခါးဝမှ ကျယ်လောင်တဲ့ စကားသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အချိန်အတော်ကြာအောင် အိပ်ပျော်နေခဲ့တဲ့ ကျန်းကျန်းတစ်ယောက် ထိုရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် လန့်နိုးလာပြီး မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိတယ်။ ထို့နောက် အခန်းထဲမှာ အမှောင်ထုတစ်ခုထဲကိုသာ  ခံစားလိုက်မိတာကြောင့် အံ့သြသွားခဲ့ရတယ်။ မှောင်တောင် မှောင်သွားပြီလား။


မကြာခင်မှာပဲ တိတ်တိတ်နေဖို့ ပြန်လည်အော်ပြောလာတဲ့ အသံကို ကြားလိုက်ရချိန်မှာတော့ ကျန်းကျန်းက  သူမရဲ့မျက်နှာမှာ အနက်ရောင်မျဉ်းကြောင်းတွေပေါ်လာလောက်ပြီလို့ တွေးလိုက်မိတယ်။


အဖွား.. အဖွားရဲ့အသံက ကျွန်မအစ်ကိုထက်တောင် အသံပိုကျယ်နေတယ်နော်။


စာရေးသူပြောစရာရှိပါတယ်__


ဒီဇာတ်လမ်းရဲ့နောက်ခံကျောရိုးက ငါတို့မိသားစုရဲ့ လွန်လေပြီးတဲ့ဘဝတွေကို ပြန်ပြီးပုံဖော်ထားတာပါ


ငါ့ရဲ့ဦးလေးက ၆၀ခုနှစ်တွေမှာ  ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ငါ့ရဲ့ အဒေါ်ကို ငယ်ငယ်လေးကတည်းက ပဲပုပ်စေ့တွေနဲ့ ပြန်ဝယ်လာခဲ့တာတဲ့လေ


အဲဒီအကြောင်းတွေကို နားထောင်ခဲ့ရတုန်းက ငါအရင်တုန်းကဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေထက် အများကြီး ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်လို့ထင်ခဲ့တယ်


T/n _ဆိုတော့ စာရေးသူက သူ့ဦးလေးတို့ဇနီးမောင်နှံရဲ့ ငယ်ငယ်တုန်းကအကြောင်းကို သဘောကျသွားပြီး ဒီဇာတ်လမ်းကိုဖန်တီးခဲ့တာဖြစ်ပုံပါပဲ


ဒါနဲ့ ဒီအထဲက ကျန်းကျန်းတို့အစ်ကိုလေးယောက်ရဲ့ နာမည်တွေထဲက 


တုန်၊ ရှီ၊ နန်၊ ပေ ဆိုတာက


အရှေ့၊ အနောက်၊ တောင်၊  မြောက် ဆိုပြိးထည့်ထားတာပါ