Ch 32
Viewers 2k

Chapter 32


[ငါမင်းကို ချစ်နေတာ မဟုတ်ဘူး]


ဟူနွီအာသည် အပြစ်ပေးခံထားရဆဲဖြစ်ကာ သူ၏ မျက်လုံးများသည် ကျွင်းချီယွီအား ဆက်တိုက်စိုက်ကြည့်နေလေသည်။


“သခင် ကျွန်တော် သခင်နောက်ကို လိုက်တဲ့အချိန်ကစပြီး ကျွန်တော် အမြဲတမ်း သခင်ကို နှလုံးသားတစ်ခုလုံးနဲ့ ခစားခဲ့တာပါ၊ ကျွန်တော်က ကျင်းနိုင်ငံမှာ တစ်ယောက်တည်းပါ၊ သခင်တစ်ဦးတည်းကပဲ ကျွန်တော်ရဲ့ မိသားစုဝင်ပါ သခင်ကျွန်တော်ကို ဝက်လို ခွေးလို ဆက်ဆံရင်တောင်မှ ကျွန်တော်က သခင်နဲ့ သက်ဆိုင်နေပါသေးတယ်၊ ဒါပေမဲ့ သခင်ဘာဖြစ်လို့ သူတို့ကျွန်တော်ကို ဒီလိုဆက်ဆံတာကို ခွင့်ပြုပေးထားရတာလဲ” 


“ဆူလွန်းတယ်”


မိန်းမစိုးသည် ဒေါသတကြီး အော်ဟစ်လိုက်ကာ မိန်းမစိုးများအား ပို၍ ပြင်းပြင်းထန်ထန် ရိုက်နှက်ရန် အမိန့်ပေးလိုက်သည်။


“အာ့”


ဟူနွီအာသည် ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး သွေးများ ထွေးထုတ်လေသည်။


“တကယ်လို့ ဟူနွီအာ သေတဲ့အထိ အရိုက်ခံရရင်တောင်မှ ရှင်းပြချက် မရရင် ကျွန်တော် မကျေနပ်နိုင်ပါဘူး၊ ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး”


မိန်းမစိုးသည် ကြမ်းတမ်းစွာ ပြောလိုက်သည်။


“မင်းက မင်းရဲ့ ယုတ်ညံ့တဲ့ အကြံအစည်တွေနဲ့ သခင်လေးကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တာလေ၊ ဧကရာဇ်က မင်းရဲ့အသက်ကို ချမ်းသာပေးတာနဲ့တင် အတော်လေး ကြင်နာပေးထားတာဖြစ်နေပြီ၊ ဒီအပြစ်ပေးတာက မင်းကို စည်းဘောင်အတွင်းမှာ နေဖို့နဲ့ မင်းရဲ့သခင်ကို စနစ်တကျ ခစားတတ်စေဖို့ပဲ၊ မဟုတ်ရင် နောက်တစ်ကြိမ်ကျရင် အိမ်ရှေ့စံတောင်မှ မင်းကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး”


“အို အဲဒါဆို အိမ်ရှေ့စံရဲ့မိဖုရားက ငါက သူ့ရဲ့ မျက်နှာသာရမှုကို ခိုးယူတယ်လို့ ခံစားနေရတာပေါ့၊ အိမ်ရှေ့စံမိဖုရား တကယ်လို့ မိဖုရားရဲ့ မျက်နှာသာရမှုတွေကို ကျွန်တော်က ခိုးယူနေတယ်လို့ ခံစားရတယ်ဆိုရင် မိဖုရား တစ်ယောက်ယောက်ကို အမိန့်ပေးပြီး ကျွန်တော်ကို သေသည်အထိ ရိုက်နှက်ဖို့ အမိန့်ပေးလိုက်လို့ရပါတယ်၊ ကျွန်တော်က နိမ့်ကျတဲ့ ကျွန်တစ်ယောက်ပါ၊ ကျွန်တော်ရဲ့ ဘဲနဲ့ သေခြင်းက မိဖုရားရဲ့ လက်ထဲမှာပါ၊ ဘာဖြစ်လို့ ဧကရာဇ်မင်းကြီးကို တိုင်ကြားရတာလဲ”


စုန့်လီချင်းသည် ကျွင်းချီယွီ၏ နှင်းခဲကဲ့သို့ မျက်နှာထားကို မြင်လိုက်ကာ ဟူနွီအာ ပါးစပ်အပြည့်သွေးများအား မြင်နေရသော်ညား ကျွင်းချီယွီမှာ တိတ်ဆိတ်နေဆဲဖြစ်သည်။


ကြည့်ရသည်မှာ ဧကရာဇ်သည် ကျွင်းချီယွီ မငြင်းဆိုရဲသည့် ရာဇသံပေးလိုက်ခြင်း ဖြစ်နိုင်သည်။


“ဆက်ရိုက်ကြ သူ့ကို မမှန်မကန်တွေ မစွပ်စွဲစေနဲ့”


မိန်းမစိုးသည် တင်းမာစွာ အမိန့်ပေးလိုက်သည်။


ရိုက်နှက်နေသည့် အသံများမှာ ဆက်ထွက်နေပြီး ဟူနွီအာ၏ ပါးစပ်မှာ ယောင်ယမ်းနေပြီး သွေးများထွက်နေလေသည်။


“အား!! သခင် သခင်ဘာလို့ ဘာမှမပြောရတာလဲ၊ သခင်ဘာလို့ ကျွန်တော့်ကို မကာကွယ်ပေးရတာလဲ၊ သခင် ဟူနွီအာကို ဂရုမစိုက်တော့ဘူးလား”


ကျွင်းချီယွီသည် နောက်ဆုံးတွင်တော့ စကားပြောလာပြီး သူ၏ အသံမှာ အေးစက်နေလေသည်။


“တကယ်လို့ ငါသာ ခမည်းတော်ကို အာမခံခဲ့ဘူးဆိုရင် မင်းဒီလောက်လေး အရိုက်ခံရရုံနဲ့ ပြီးသွားမယ်ထင်လို့လား”


ထိုအရာအား ကြားပြီးနောက် ဟူနွီအာ၏ ရုန်းကန်လိုစိတ်များ အားလုံး ပျောက်ဆုံးသွားခဲ့သည်။


စုန့်လီချင်းသည် ရုတ်တရက် အပြင်းအထန်ဝမ်းနည်းခြင်း ခံစားချက်အား ခံစားလိုက်ရလေသည်။ ဆူညံသံများကြားတွင် သူသည် မူးဝေလာသကဲ့သို့ ခံစားလိုက်ရကာ ထိုင်ခုံလက်ကိုင်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ လက်ဆစ်များ ဖြူဖျော့လာခဲ့သည်။


“စုန့်လီချင်း”


ကျွင်းချီယွီသည် သူ့ နနာမည်ကို ခေါ်လိုက်ပြီး အသံမှာ အေးစက်နေကာ စုန့်လီချင်းအား တုန်လှုပ်သွားစေသည်။


“မင်းအပေါ်မှာ မျှော်လင့်ထားမိတာကိုက ငါ့အမှားပဲ”


စုန့်လီချင်းသည် အသက်ရှုကြပ်လာခဲ့သည်။ သူသည် သူ၏ ခေါင်းအား ခက်ခက်ခဲခဲ လှည့်လိုက်ပြီး လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။ 


“ဒါကို သတင်းပို့လိုက်တာ ကျွန်တော်လို့ အရှင့်သား တကယ်ထင်နေတာလား” 


“ခမည်းတော်ကို ငါမင်းကို အထိမ်းအမှတ်ပွဲကို စီစဥ်ခိုင်းလိုက်တာကို မင်းကလွဲပြီး ချီလင်အိမ်တော်က ဘယ်သူပြောမှာလဲ၊ ဟူနွီအာ ကို မင်းမုန်းနေခဲ့တာ ကြာပြီမလား၊ ဒါကဘာလဲ သူ့ကိုသတ်ဖို့အတွက် တခြားသူတစ်ယောက်ကို အသုံးချလိုက်တာလား” 


ကျွင်းချီယွီသည် သူ့အား ကြည့်နေလေသည်။


“ချီယွီ” 


စုန့်လီချင်း၏ အသံမှာ အက်ရှနေကာ


 “တကယ်လို့ အရှင့်သားသာ ကျွန်တော့်ကို နည်းနည်းလောက် နားလည်မယ်ဆိုရင် ကျွန်တော် ဒီလိုကိစ္စမျိုးကို မလုပ်ဘူးဆိုတာ အရှင့်သား သိမှာပါ”


“တကယ်လို့ မင်းရဲ့နှလုံးသားက မင်းရဲ့အသွင်အပြင်နဲ့ ထပ်တူညီနေမယ်ဆိုရင် အဲဒါက တစ်ခုခုဖြစ်လိမ့်မယ်”


အပြစ်ပေးမှုမှာ နောက်ဆုံးတွင်တော့ ပြီးဆုံးသွားခဲ့သည်။ ဟူနွီအာ မြေပြင်ပေါ်တွင် လှဲနေကာ တိတ်တဆိတ်ငိုကြွေးနေပြီး သူ၏ ယောင်ယမ်းနေသည့် ဒါဏ်ရာများကြောင့် အသံကျယ်ကျယ်ပင် မထွက်နိုင်ပေ။


မိန်းမစိုးမှာ သူ၏ တာဝန်ပြီးမြောက်သွားပြီ ဖြစ်၍ လူအုပ်စုအား ထွက်သွားဖို့ရာ ဦးဆောင်သွားခဲ့သည်။ 


“အရှင့်သား၊ ဧကရာဇ်ရဲ့ အမိန့်ကို လွန်ဆန်လို့မရလို့ပါ၊ အရှင့်သားရဲ့ ဒေါသတွေကို ဒီအစေခံအိုကြီးဆီ မပုံချလိုက်ပါနဲ့၊ ကျွန်တော်မျိုး ဧကရာဇ်ကိုတင်ပြဖို့အတွက် နန်းတော်ကို ပြန်ရပါဦးမယ်”


“ထွက်သွားစမ်း”


ကျွင်းချီယွီသည် ထိုတစ်ခွန်းတည်း ပြောလိုက်သည်။


မိန်းမစိုးကြီးမှာ စိတ်မထင့်ပဲ တရိုတသေဖြင့် ထွက်ခွာသွားခဲ့သည်။


ကျွင်းချီယွီ မတ်တပ်ရပ်လိုက်ပြီး လမ်းလျှောက်သွားကာ ဟူနွီအာအား ကောက်ပွေ့လိုက်သည်။


“စုန့်လီချင်း သေချာနားထောင်၊ ဒီနေ့ကနေစပြီးတော့ ငါ အဓိကခြံဝန်းထဲကို ထပ်ပြီး ခြေချတော့မှ မဟုတ်ဘူး၊ မင်း အိမ်ရှေ့စံမိဖုရား ဖြစ်တာ ကြိုက်တယ်မလား၊ ကောင်းပြီလေ ဒီနေရာက မင်းအတွက်ပဲ၊ မင်းက တစ်ယောက်တည်းနေတဲ့ အိမ်ရှေ့စံမိဖုရား လုပ်လို့ရတယ်လေ၊ မင်းကျေနပ်ပြီလား”


“ချီယွီ”


စုန့်လီချင်းသည် သူ့အား ခေါ်လိုက်သော်ညား ကျွင်းချီယွီမှာ နောက်ပြန်လှည့်မကြည့်ပေ။


“ချီ..ယွီ”


ခြံဝန်းထဲ၌ စုန့်လီချင်း တစ်ဦးတည်းသာ ထိုင်ကျန်နေကာ အထီးကျန်ပြီး တိတ်ဆိတ်နေခဲ့သည်။ နေဝင်နေသည့် အချိန် နေရောင်ခြည်မှာ သူ၏ အရိပ်အား ရှည်မျောမျော ဖြစ်နေပြီး ကျီးကန်းများသည် မပျံသန်းခင်တွင် နှစ်ကြိမ်မျှ အော်သွားကြလေသည်။


“သခင်လေး အထဲဝင်ကြရအောင်ပါ”


ရှောင်တိသည် သူ၏ အနောက်ဘက်တွင် ရပ်နေကာ မည်ကဲ့သို့ နှစ်သိမ့်ပေးရမည် မသိဖြစ်နေလေသည်။


“ကောင်းပြီ”


စုန့်လီချင်းပြန်ဖြေလိုက်ပြီး သူ၏ လေသံမှာ ပုံမှန်မဟုတ်စွာပင် တည်ငြိမ်နေလေသည်။ သူသည် သူ၏ အားနည်းနေသည့် ခြေထာက်များနှင့် ထလိုက်ကာ တံခါးဘောင်အား ဆွဲလိုက်ပြီး အခန်းထဲသို့ ဝင်လိုက်ကာ မှန်ဖျော့ဖျော့မီးရောင်ထဲသို့ ပျောက်ကွယ်သွားကာ ပြဿနာမရှိသည့် ပုံပေါက်လေသည်။ 


သူပို၍ တည်ငြိမ်နေလေလေ ရှောင်တိမှာ ပို၍ စိုးရိမ်လာလေလေ ဖြစ်သည်။


“သခင်လေး”


ရှောင်တိ အထဲသို့ လိုက်ဝင်သွားပြီး စုန့်လီချင်းသည် ထောင့်လေးတွင် ထိုင်နေကာ သူ့ဒူးပေါ် မေးတင်ထားပြီး သူ၏ မျက်လုံးများမှာ ဗလာသက်သက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။


သူသည် သူ့ကိုယ်သူ ဖုံးကွယ်ထားလေသည်။


လမ်းပေါ်၌ စွန့်ပစ်ခံထားရသည့် ကြောင်လေးများ၊ ခွေးလေးများ ကဲ့သို့ပင်ဖြစ်သည်။ 


စုန့်လီချင်းသည် ပုံမှန်အားဖြင့် ခါးမတ်၍ လမ်းလျှောက်လေ့ မတ်တပ်ရပ်လေ့ ရှိသောကြောင့် ရှောင်တိသည် သူအား ဘယ်သောအခါမှ ပျော့ညံ့သည်ဟု မထင်ခဲ့ပေ။ သို့ပေမဲ့ ယခုတွင်တော့ သူသည် ခွေခေါက်နေကာ သူ၏ခေါင်းလေးအား ငုံ့ထားကာ ရှောင်တိသည် သူမည်မျှ ထိတ်လန့်စရာကောင်းလောက်အောင်ပင် ပိန်ပါးသွားမှန်း ပထမဆုံးအကြိမ် သတိထားမိသွားကာ အစုအဝေးသေးသေးလေးကဲ့သို့ပင် ဖြစ်သည်။


စုန့်လီချင်း တော်ဝင်စာမေးပွဲအား အောင်မြင်ခဲ့ချိန်တွင် ရှောင်တခင် ထို ကျက်သရေရှိကာ ချောမောသည့် သခင်လေးအကြောင်း နေရာတိုင်းတွင် ကြားခဲ့သော်ညား အဘယ်ကြောင့် ယခုအချိန်တွင် သူ့ရှေ့ရှိ စိတ်ဓါတ်ကျကာ အားလျော့နေသည့် စုန့်လီချင်း ဖြစ်သွားရသနည်း။


အချိန်တိုလေး အတွင်းမှာပင် သူ၏ ထက်မြက်မှုမှာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ တောက်ပသည့် မျက်လုံးများမှာလည်း မှိန်ဖျော့လာကာ ရံဖန်ရံခါတွင် ဝမ်းနည်းမှု ရှက်ရွံ့မှုနှင့် သိမ်ငယ်မှုတို့နှင့်ပင် ရောင်ပြန်ဟပ်နေခဲ့သည်။


“သခင်လေး” 


ရှောင်တိသည် မည်သို့ စကားပြောပေးရမည်ကို မသိကာ သူ၏ဘေးတွင်သာ ထိုင်နိုင်လေသည်။


“ကျွန်မ ဒီမှာရှိပါတယ်”


“ငါ.. ငါ အိမ်ပြန်ချင်တယ်”


သူ၏ အသံမှာ အက်ရှနေပြီး အားနည်းနေလေသည်။


စုန့်လီချင်းသည် သူ၏ခေါင်းအား အနည်းငယ်လှည့်လိုက်ကာ ရှောင်တိသည် မျက်စည်တစ်စက် စီးဆင်းကျလာသည်ကို မြင်လိုက်လေသည်။ စုန့်လီချင်းသည် မေးမော့လိုက်ကာ လက်ဖဝါးအား မြှောက်လိုက်ပြီး မျက်ရည်အား သုတ်ပစ်လိုက်သည်။


 “သခင်လေး သခင်လေး ဘာတွေပြောနေတာလဲ”


ရှောင်တုသည် “ဒါက သခင်လေး အိမ်ပဲလေ” ဟုသာ ပြောနိုင်လေသည်။


“မဟုတ်ဘူး ဒါက အိမ်မဟုတ်ဘူး” 


စုန့်လီချင်း၏ အသံမှာ သူ့ကိုယ်သူပြောနေသကဲ့သို့ တိုးနေလေသည်။ 


“ငါအိမ် ပြန်မရောက်တာ ကြာလှပြီ၊ အဖေက ငါ့ကို ပြန်လာပြီး လည်ဖို့ စာတွေပို့တယ်၊ ငါမနှောင့်နှေးနေသင့်ဘူး မဟုတ်ဘူး ငါ့အဖေက ငါ့ကို သားသမီးဝတ္တရား မကျေပွန်လို့ ဆူလိမ့်မယ်၊ ငါအိမ်ပြန်ဖို့ အခွင့်အရေး မရှိတော့မှာ ငါကြောက်မိတယ်”


“အဲဒါဆိုရင် သခင်လေး စစ်သူကြီးရဲ့အိမ်တော်ကို ခဏလောက်ပြန်သွားသင့်တယ်၊ သခင်လေး အဆင်ပြေလာတဲ့အချိန်ကျမှ ပြန်လာပေါ့”


“ဒါပေမဲ့ ငါမပြန်သွားရဲဘူး” 


စုန့်လီချင်းသည် ကျုံ့ကျုံ့လေးလုပ်ကာ ပြောလိုက်သည်။ 


“ငါသူတို့ကို ငါဒီလိုဖြစ်နေတာကို မမြင်စေချင်ဘူး”


စုန့်လီချင်းသည် ပဟေဠိဖြစ်နေကာ ကြောက်ရွံ့လာခဲ့သည်။ သူသည် ဖခင်ဖြစ်သူအား သူ၏အဖြစ်ဆိုးများ အကြောင်း သို့မဟုတ် သူ့ အခြေအနေအကြောင်း မပြောပြရဲပေ။


သူသည် အိမ်ပြန်သွားချင်သော်ညား မပြန်သွားနိုင်ပေ။


“ရှောင်တိ ငါဘာလုပ်ရမလဲ၊ ငါ.. ငါလုပ်သင့်တာအကုန် လုပ်ခဲ့ပြီးပြီ ဒါပေမဲ့ သူ ငါ့ကို မချစ်လာသေးဘူး၊ ငါသူယုံကြည်ဖို့အတွက် နှလုံးသားထဲကနေ မျက်ရည်ထွက်ပေးရမှာလား” 


စုန့်လီချင်းသည် ထိန်းမထားနိုင်တော့ပေ။ သူသည် သူ၏ခေါင်းအား သူ့ ဒူးပေါ်သို့ ငုံ့ချလိုက်ကာ မျက်ရည်များ ကျလာခဲ့သည်။ 


ငိုနေသည်ဟု နာမည်တတ်သော်ညား သူသည် ခံစားနေရသည်မှာ ကြာမြင့်လာပြီဖြစ်ပြီး သူ၏ မျက်ရည်များကိုပင် ပြန်ထိန်းထားကာ တုန်ယင်နေပြီး ရှိုက်သံများသာ ထွက်နိုင်လေသည်။


ရှောင်တိသည်လည်း အတူငိုနေလေသည်။ သူမသည် စုန့်လီချင်းအား ကိုင်ထားကာ စုန့်လီချင်း၏ လက်ကောက်ဝတ်မှာ သူမလောက်ပင် သေးသွယ်နေသည်ကို သတိထားမိသွားပြီ အနည်းငယ်ပါးလျနေကာ များသောအားဖြင့် အရိုးများပင် ရှိလေသည်။


“ဒါက ငါတစ်သက်လုံး ဒီလိုမျိုး ခံစားနေရမှာလား”


စုန့်လီချင်းသည် ဆက်တိုက်ငိုကြွေးနေကာ


“ငါဆယ်နှစ်လုံးလုံး ကြိုးစားပြီး စာလေ့လာခဲ့လို့ ငါ့ရဲ့ အမြင်အာရုံတောင် ပျက်စီးသွားခဲ့ပြီးတော့ တခြားသူတွေဆီက လေးစားမှုနည်းနည်းလေး ရနိုင်အောင်လို့ပဲ၊ ဒါပေမဲ့ အခု ငါကဘာမှတန်ဖိုးမရှိတော့ဘူး၊ ငါ့အဖေက အဆင့်အမြင့်ဆုံး စစ်သူကြီးဖြစ်ပြီးတော့ ငါကတစ်ခါက ထိပ်တန်းကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးတယ်”


ကျွင်းချီယွီ သူအရိုးထဲထိ နင့်အောင်ချစ်ရသည့် သူမှာလည်း သူ့အား အလူးအလဲခံစားရစေလေသည်။


စုန်လီချင်းသည် သူ့ခေါင်းအား မော့လိုက်ကာ နှုတ်ခမ်းအား သွေးထွက်လာသည် အထိပင် မထိန်းနိုင်စွာ ကိုက်မိနေပြီး သူ၏ ခြောက်သွေ့သည့် နှုတ်ခမ်းများအား အနီရောင် စွန်းထင်သွားစေခဲ့သည်။


“ချီယွီ ငါကလည်း မင်းမရှိဘဲ မနေနိုင်တဲ့သူ မဟုတ်ဘူး” 


*



_____________________________________________________________________________